အခန်း (၂၂၀-၂၂၂)
Vol. 15 Ch. 220-222
အခန်း (၂၂၀) အင်မော်တယ်ဘုရင်၏ စည်းတံဆိပ်
ထိုစကားလုံးများဖြင့် မြွေခေါင်းငါးကောင်ရှိသည့် မွန်းစတားတစ်ကောင်သည် ဝတန ခိယိုရှိရို၏နောက်ကွယ်ရှိ ဓားရှည်ထံမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသည့် အဆုံးမဲ့ ဖိအားတစ်ခုသည် ရောက်ရှိနေသူအားလုံးကို ခြိမ်းခြောက်စေခဲ့သည်။
အခြားတစ်ဖက်သို့ ရိုသေလေးစားစွာ ဒူးထောက်လိုက်သော ဝတန ခိယိုရှိရိုက စိတ်လှုပ်ရှားစွာ အသံပြုလိုက်သည်။
"ဒီကမ္ဘာကြီးကို ဆင်းသက်ခြင်းအတွက် ကြိုဆိုပါတယ် အရှင်"
အိုရိုချိသည် ရွှယ်အန်းဆီသို့ ကြည့်လိုက်ချိန်၌ သူ၏ကြမ်းကြုတ်ဖွယ် မြွေမျက်လုံး ဆယ်လုံးတွင် ငတ်မွတ်ခေါင်းပါးမှုများဖြင့် ပြည့်နှက်နေသည်။
"တယ်လည်း ခမ်းနားတဲ့ ခန္ဓာကိုယ်ပါလား၊ ကျုပ်သာ ပိုင်ဆိုင်ထားရင် ဒီကမ္ဘာပေါ်မှာ ကျုပ်ကို ယှဉ်ပြိုင်နိုင်တဲ့လူ ရှိတော့မှာ မဟုတ်ဘူး"
ဤမြင်ကွင်းသည် ဆုန်မုဖေးဟွာကို ကြောက်ရွံ့ထိတ်လန့်မှုများစွာဖြင့် ပြည့်နှက်သွားစေသည်။ အိုရိုချိသည်၊ ဂျပန်နိုင်ငံ၏ဒဏ္ဍာရီများမှ နတ်ဆိုး နတ်ဘုရားတစ်ပါးဖြစ်သည်။
'အဲ့ဒါက တကယ်တည်ရှိတဲ့ ဖြစ်တည်မှုမျိုးလား'
ထို့အပြင် ၎င်းသည် ရွှယ်အန်းအပေါ်သို့ မကောင်းသည့် ဒ ရည်ရွယ်ချက်မျိုး ရှိပုံပေါ်သည်။ တကဲအုချီ ခီရိုခိုနှင့် အခြားလူများသည် ယခုအချိန်တွင် လေးနက်သော အမူအရာများကို ဆင်မြန်းထားကြသည်။
ရွှယ်အန်းသာလျှင် တည်ငြိမ်သော အမူအရာဖြင့် ပြောလိုက်သည်။
"ဒီလောက် အကြာကြီး ရှာပြီးတဲ့နောက် ခင်ဗျားက နောက်ဆုံးတော့ ပေါ်လာဖို့ စိတ်ကူးလိုက်ပြီပေါ့လေ"
အိုရိုချိသည် ခေတ္တမျှ အံ့အားသင့်သွားလေသည်။
"သေမျိုး၊ မင်း ငါ့ဆီက ဘာလိုချင်လို့လဲ"
ရွှယ်အန်းသည် သူ၏ပုလဲဖြူကဲ့သို့သော သွားများကို ပြသ၍ ဆိုးဝါးစွာ ပြုံးရယ်လိုက်သည်။
"လိုချင်တာက... ခင်ဗျားရဲ့အသက်ပေါ့"
ရွှယ်အန်းသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီးနောက် အိုရိုချိ၏ အရှေ့တွင် ချက်ချင်း ပေါ်ပေါက်လာခဲ့ရာ၊ သူ၏လက်သည် မြွေခေါင်းများအနက် တစ်ခေါင်းကို ဆုပ်ကိုင်၍ ပြင်းထန်စွာ စောင့်ဆွဲလိုက်လေသည်။
ဘန်း
ဗလုံးဗထွေး အသံတစ်ခု ထွက်ပေါ်လာသည်။ ရွှယ်အန်းသည် မြွေ၏ဦးခေါင်းကို အမှန်တကယ် အင်အားသုံး၍ ဆုတ်ဖြဲခဲ့သည်။ နေရာအနှံ့တွင် နတ်ဆိုး၏ သွေးများ ပြန့်ကျဲနေ၍ အိုရိုချိက နာကျင်စွာ အော်ဟစ်လိုက်သည်။
"သေမျိုး၊ ငါ မင်းကို အမှုန့်ကြိတ်ပစ်မယ်"
အိုအိုချိက ကြိမ်းဝါးလိုက်သည်နှင့် ၎င်း၏မြွေခန္ဓာကိုယ်ကို ရုတ်တရက် ခွဲထုတ်ကာ အလွန် စူးရှသော အဖိုးတန်ဓားတစ်လက်ကို ထုတ်ဖော်ပြသလိုက်လေသည်။
"ကောင်းကင်ဓား" ဆုန်မုဖေးဟွာက ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။
ဒဏ္ဍာရီများ အဆိုများအရ အိုရိုချိ၏ခန္ဓာကိုယ်ထဲတွင် စိုက်ဝင်နေသည့် ကောင်းကင်ဓားဖြစ်သည်။ ဤအခိုက်အတန့်တွင် အိုရိုချိသည် လူသားအသွင် သဏ္ဌာန်သို့ တဖြည်းဖြည်း အသွင်ပြောင်းကာ ကောင်းကင်ဓားကို ကိုင်ဆောင်၍ မနှစ်မြို့ဖွယ် ရယ်မောလိုက်သည်။
"နတ်ဆိုးသခင်က တိုက်ပွဲတိုင်းမှာ ပြိုင်ဘက်ကင်းတယ်ဆို့အကြောင်း ဒီနေ့ မင်းသိအောင် ပြလိုက်မယ်"
၎င်းသည် ဤသို့ဖြင့်ဓားကို ဝှေ့ယမ်းလိုက်သည်။ ကောင်းကင်ဓား၏ ထက်မြက်မှုသည် လေဟာနယ်ကို ခုတ်ပိုင်းသွားသကဲ့သို့ လေထဲတွင် ဓားအမှတ်အသားတစ်ခုပင် ကျန်ရစ်ခဲ့လေသည်။ ဤပြင်းထန်သော တိုက်ခိုက်မှုသည် ရွှယ်အန်းကို အဝေးသို့ လွင့်ပျံသွားစေသည်။
ပြီးနောက် သူသည် ညကောင်းကင်မှ ပြုတ်ကျသွားသောကြောင့် သူ၏ကံကြမ္မာကို မည်သူမျှ မသိနိုင်တော့ပေ။ ပင်ချောင်၏ နှလုံးသားထဲတွင် ထိတ်လန့်သွား၍ မထိန်းချုပ်နိုင်ဘဲ အော်ဟစ်လိုက်လေသည်။ ခန်းမ၏ အပြင်ဘက်သို့ ပြေးထွက်လာသော အန်းယန်သည်လည်း ထိတ်လန့်မှုများဖြင့် ဖြူဖျော့သွားခဲ့သည်။
"ယောက်ျား"
သူမ၏အော်သံသည် အောင်နိုင်သူ အိုရိုချိ နတ်ဆိုး နတ်ဘုရား၏ နားထဲသို့ ရောက်ရှိသွား၍ ၎င်း၏ ငုံ့ကြည့်လိုက်သည်နှင့် အံ့အားသင့်သွားလေသည်။
“မင်း…မင်း…မင်း…” ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုကို မြင်လိုက်ရသကဲ့သို့ အိုရိုချိ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်နေသည်။
ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့က ၎င်းတို့၏ လက်သီလေးများကို ဒေါသတကြီး ဝှေ့ယမ်းလိုက်ကြသည်။
"ရေဘဝဲကြီး၊ နင်ကများ ငါ့အဖေကို ရိုက်ရဲရတယ်လို့"
အိုရိုချိသည် ကလေးမလေးနှစ်ဦး၏ မျက်လုံးထဲတွင် ရေဘဝဲကြီးတစ်ကောင်နှင့် ဆင်တူနေသည်။ သို့သော် အန်းယန်က စကားမနိုင်မီမှာပင် အိုရိုချိက ၎င်း၏အမြီးကို လှည့်၍ ထွက်ပြေးလေသည်။ ဤအဖြစ်အပျက်များက ဆုန်မုဖေးဟွာနှင့် အခြားလူများကို ထိတ်လန့်သွားစေသည်။
'ဘာတွေဖြစ်နေတာလဲ'
အိုရိုချိ နတ်ဆိုး နတ်ဘုရားသည် အန်းယန်၏ ဖြစ်တည်မှုကို မြင်သည်နှင့် မည်သို့ကြောင့် ထွက်ပြေးရခြင်းဖြစ်သနည်း။ ဝတန ခိယိုရှိရိုလျှင်ပင် အံ့အားသင့်စွာ စိုက်ကြည့်နေမိသည်။
"ဘာလို့ ထွက်ပြေးနေတာလဲ အရှင်"
အိုရိုချိက အော်ဟစ်လိုက်သည်။
"ထွက်မပြေးတာက ကိုယ့်အသက်ကို ကိုယ် မကယ်တာနဲ့အတူတူပဲ၊ သွား မြန်မြန်သွားရအောင်"
သို့သော် ထိုအချိန်တွင် မြေကြီးပြိုကျလုနီးပါး အရောင်အဝါတစ်ခု ရောက်ရှိလာ၍ ခံစားချက်ကင်းမဲ့သော အသံတစ်ခု ထွက်ပေါ်လာသည်။
"ပြေးဖို့ စဉ်းစားနေတာလား။ နောက်ကျသွားပြီ"
သူစကားပြောနေစဉ်တွင်၊ ရွှယ်အန်း၏ ပုံရိပ်သည် အိုရိုချိ၏အရှေ့တွင် ရုတ်တရက် ပေါ်ပေါက်လာကာ မြွေခေါင်းပေါင်းများစွာကို တစ်ပြိုင်နက်တည်း ဆုပ်ကိုင်လိုက်သည်။
ဘန်း
ဤသို့ဖြင့် နောက်ထပ် ခေါင်းနှစ်လုံးကို ရွှယ်အန်းက ဆွဲဖြုတ်လိုက်လေသည်။ အိုရိုချိသည် အလွန် ဒေါသထွက်သောကြောင့် ဓားကို ဝှေ့ယမ်းလိုက်သည်။ ယခုမူကာ ထိုဓားချက်ကို ရွှယ်အန်းက ရှောင်တိမ်းရန်ပင် မပြုလုပ်တော့ဘဲ ဖျက်ဆီးနိုင်စွမ်း ပြင်းထန်သည့် ကောင်းကင်ဓားကို တိုက်ရိုက် ဆုပ်ကိုင်လိုက်သည်။
"သူ...သူ...သူ အဆင့်ဖြတ်ကျော်သွားတာလား" ဆုန်မုဖေးဟွာက အံ့အားသင့်စွာ ထအော်လိုက်သည်။
မှန်သည်၊ ရွှယ်အန်းက အဆုံးတွင် ထိုအရေးကြီးသော အခြေအနေကို ကျော်ဖြတ်၍ လွတ်မြောက်အင်မော်တယ်အဆင့်အဆင့်သို့ တက်လှမ်းခဲ့လေသည်။ သို့သော် လွတ်မြောက်အင်မော်တယ်အဆင့် ဖြစ်သည့် သူစွမ်းအင်သည် အခြားလူများထက် အဆတစ်ရာ ပို၍ အင်အားကြီးလှသည်။
"အထင်ကြီးလောက်စရာပဲ၊ ဒါပေမယ့် ကောင်းကင်ဘုံဓားနဲ့ တခြားနတ်အသုံးအဆောင်ပစ္စည်းတွေထက်တော့ အားနည်းလွန်းပါသေးတယ်" ရွှယ်အန်းသည် အင်အားသုံး၍ ဖမ်းဆုပ်ခြင်း မပြုလုပ်မီ ပေါ့လျော့စွာ ပြောလိုက်သည်။
ထိုဓားသည် တိမ်တိုက်များသကဲ့သို့ ပြိုကျပျက်စီးသွားလေသည်။ ဤဓားသည် အိုရိုချိ၏ ဝိညာဉ်အစစ်အမှန်မှ ပုံဖော်ထားသော အရာဖြစ်သောကြောင့် ၎င်း၏ ချက်ချင်း ပျက်စီးသွားမှုသည် အိုရိုချိ ၏ခွန်အားကို လျော့နည်းသွားစေသည်။
ပြီးနောက် ရွှယ်အန်းက ၎င်းကို မြေပြင်ပေါ်သို့ ကန်ချလိုက်သည်။ ထိုအချိန်တွင် ဝတန ခိယိုမိက ငေးငိုင်နေခဲ့ရာ၊ ရွှယ်အန်းသည်လည်း သူ့ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ မြေပြင်နှင့် ထိသွားသည်နှင့် အိုရိုချိက အန်းယန်ကိုမြင်သွားသောကြောင့် ကြောက်လန့်တကြားဖြင့် အနောက် ပြန်ဆုတ်သွားခဲ့သည်။
ရွှယ်အန်းက သူ့နောက်ကျောတွင် လက်နှစ်ဖက်ကို ပိုက်လျက် မတ်တပ်ရပ်၍ တည်ငြိမ်စွာ မေးလိုက်သည်။
"အခု ကျုပ် မိန်းမကို ဘာလို့စည်းတံဆိပ်ခတ်ခဲ့တာလဲဆိုတာကို ပြောပြတော့မလား"
အိုရိုချိ ပုံဖော်ထားသော လူသားပုံသဏ္ဌာန်သည် မြေပြင်ပေါ်တွင် ဒူးထောက်၍ တုန်လှုပ်စွာ ပြောလိုက်သည်။
"အရှင်၊ ကျွန်တော်... အရှင်မကို စည်းတံဆိပ်ခတ်ဖို့ မဝံ့ရဲပါဘူး"
ဘန်း
၎င်း၏နောက်ထပ် မြွေခေါင်းတစ်ခု ဖြတ်ထုတ်ခံလိုက်ရလေသည်။ အိုရိုချိက နာကျင်စွာ အော်ဟစ်လိုက်သည်။ ရွှယ်အန်းက ရွှယ်အန်းက ခံစားချက်ကင်းမဲ့စွာ မေးလိုက်သည်။
“စည်းတံဆိပ် မခတ်ဘူးတဲ့လား။ ဒါဆို သူ့ခန္ဓာကိုယ်ပေါ်မှာရှိနေတဲ့ နတ်ဆိုးအငွေ့အသက်က ဘာလဲ"
အိုရိုချိက ထစ်ငေါ့စွာ ပြောလိုက်သည်။
“အရှင်၊ ကျွန်တော် သူ့ကို စည်းတံဆိပ်ခတ်ဖို့ တကယ် ရည်ရွယ်ချက် မရှိပါဘူး။ အဲ့ဒီ့နေ့က ကျွန်တော် နတ်ဆိုးဓားကို ပိုင်ဆိုင်ပြီး ဝတန ခိယိုမိနဲ့အတူ ဟွာရှားကို လိုက်သွားတော့၊ သူနဲ့ အမှတ်တမဲ့ တွေ့ခဲ့တာပါ။ သူ့ကို ကြည့်ရတာ လမ်းပျောက်နေပုံပေါ်တော့၊ သူကို ဖမ်းပြီး ဂျပန်နိုင်ငံကို ခေါ်သွားဖို့ ကျွန်တော် ဝတန ခိယိုမိကို ခိုင်းလိုက်တာပါ။ ဒါပေမယ့်…”
အိုရိုချိ၏ မျက်လုံးများတွင် အလွန်အမင်း ထိတ်လန့်နေသည့် အကြည့်များ ပေါ်ပေါက်လာသည်။
“ဒါပေမယ့် သူ့ခန္ဓာကိုယ်ကနေ ပြင်းထန်တဲ့ မီးတောက်တွေ ရုတ်တရက် ထွက်လာခဲ့တယ်။ မီးတောက်တွေက ကျွန်ကို နည်းနည်းပဲ ထိမိခဲ့တယ်ဆိုပေမယ့် ကျွန်တော်ရဲ့ အချက်အချာကျတဲ့ စွမ်းအင်တွေကို ဆိုးဆိုးရွားရွား ပျက်စီးစေခဲ့တယ်။ တခြားရွေးချယ်စရာလည်း မရှိတော့တာနဲ့ သူကို ယာယီစည်းတံဆိပ်ခတ်ဖို့အတွက် ကျွန်တော့်ရဲ့ ကျင့်ကြံမှုအဆင့်တွေကို အသုံးပြုခဲ့ရပါတယ်။ ကျွန်တော် ပြောတာတွေအကုန်လုံးက အမှန်တွေချည်းပါပဲ အရှင်” အိုရိုချိက ကြောက်လန့်တကြား ပြောလိုက်သည်။
ရွှယ်အန်းကဲ့သို့သော ပုဂ္ဂိုလ်မျိုး၏အရှေ့တွင် စကားလုံးတစ်လုံးပင် လွဲမှားခဲ့မည်ဆိုလျှင် ဝိညာဉ်ရော ခန္ဓာကိုယ်ပါ၊ အဆုံးသတ်မည့်အကြောင်းကို သူ ကောင်းကောင်းသိနေသည်။ ထို့အပြင်၊ ဤလူက မည်သူဖြစ်သည်ကို အိုရိုချိက ယခု မှန်းဆနေသည်။
သူသည် ရက်စက်ကြမ်းကြုတ်သည်ဟု ဆိုနိုင်သည်အထိ မည်သို့ကြောင့် အင်အားကြီးနေရခြင်းဖြစ်သနည်း။ အန်းယန်၏ မျက်နှာအမူအရာ တဖြည်းဖြည်း ဖြူဖျော့လာ၍ ရွှယ်အန်းကို ခေါင်းခါပြလိုက်သည်။
“ယောက်ျား… အဲဒီနေ့ကကိစ္စတွေကို ကျွန်မ ဘာမှ မမှတ်မိဘူး"
ရွှယ်အန်းက စိတ်နှလုံးပူဆွေးမှုများ ရောယှက်နေသည့် အပြုံးဖြင့် ပြုံးပြလိုက်သည်။
"ဘာမှမဖြစ်ပါဘူး၊ နောက်တော့ မှတ်မိမှာပေါ့"
ထိုအတောအတွင်းတွင် အိုရိုချိက ထွက်ပြေးလွတ်မြောက်ရန် အခွင့်အရေးကို မြင်လိုက်သည်။ ရွှယ်အန်းက စည်းတံဆိပ်ကို ချိုးဖျက်ချင်လျှင် ၎င်းကို သတ်ဖြတ်ရမည်ဖြစ်ကြောင်းကို အိုရိုချိက အသေအချာ သိနေသည်။
သို့သော် ယခုအခါ ဦးခေါင်းများစွာ ဆုံးရှုံးခဲ့ရ၍ ၎င်း၏ ခွန်အားသည်လည်း အလွန် အားနည်းသွားသဖြင့် ရွှယ်အန်းကို မည်သို့မျှ ခုခံနိုင်စွမ်းရှိမည်နည်း။ ရွှယ်အန်းက အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်နှင့် ၎င်း၏အနောက်တွင် ချက်ချင်း ပေါ်ပေါက်လာ၍ လက်သီးဖြင့် ထိုးနှက်ပစ်လိုက်သည်။
"ဟင့်အင်း ငါ မသေချင်ဘူး..."
၎င်းအော်ဟစ်သံသည် ရုတ်ခြည်း ရပ်တန့်သွားလေသည်။ အိုရိုချိ၏ နတ်ဆိုးခန္ဓာကိုယ်သည် ထိုထိုးနှက်မှုအောက်တွင် အစိတ်စိတ် အမွှာမွှာ ပြိုကွဲသွားလေသည်။ တစ်ချိန်တည်းမှာပင် အန်းယန်၏ ခန္ဓာကိုယ်မှ မှိန်ဖျော့သော အလင်းရောင်တစ်ခု ပျောက်ကွယ်သွား၍ သူမ၏ခန္ဓာကိုယ်ရှိ စွမ်းအင်လမ်းကြောင်းများ ပိုမိုချောမွေ့လာခြင်းကို ခံစားလိုက်ရသည်။
သို့သော် ချက်ချင်းဆိုသကဲ့သို့ပင် သူမ၏ ခန္ဓာကိုယ်မှ ကမ္ဘာကြီးကို ချုပ်ငြိမ်းစေနိုင်သည် မီးလျှံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းစွမ်းအင်သည် အလွန် ကြောက်မက်ဖွယ်ကောင်းမှုသည် အနီးကပ်ဆုံးဖြစ်သည့် ဝတန ခိယိုမိကို ဟစ်အော်ရန်ပင် အခွင့်အရေး မရှိစေဘဲ ဗလာနတ္ထိအဖြစ်သို့ ပြောင်းလဲသွားလေသည်။ ရွှယ်အန်း၏ ပုံမှန်အချိန်တွင် အေးဆေးတည်ငြိမ်သော မျက်နှာသည် ထိတ်လန့်မှုအရိပ်အမြွက်များ ပြသလာသည်။
"ကမ္ဘာပျက်မီးလျှံ၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
သို့သော် ထိုဖြစ်စဉ်ကို အန်းယန်က လုံးလုံးလျားလျား သတိထားမိပုံ မပေါ်ဘဲ မီးလျှံ တောက်လောင်မှုက စက္ကန့်အနည်းငယ်မျှသာ ကြာမြင့်ပြီးနောက် သူမ၏နဖူးပေါ်တွင် ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေသည့် မန္တန်လက်ဖွဲ့တစ်ခု လင်းလက်လာလေသည်။ ပြီးနောက် ထိုမီးလျှံများ တဖြည်းဖြည်း ပျောက်ကွယ်သွားလေ၏။ ရွှယ်အန်းက မျက်နှာအမူအရာ တင်းမာသွား၍ သူက အံကြိတ်ထားလိုက်သည်။
"အင်မော်တယ်ဘုရင်ရဲ့ စည်းတံဆိပ်"
သတိမမူမိသေးသော အန်းယန်သည် ဖြည်းညှင်းစွာ ချဉ်းကပ်လာ၍ အနည်းငယ် ကြောက်ရွံ့စွာ မေးလိုက်သည်။
“ယောက်ျား၊ ဘာဖြစ်နေတာလဲ”
ရွှယ်အန်းက အသက်ပြင်းပြင်းရှူထုတ်ပြီးနောက် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"ဘာမှမဖြစ်ပါဘူး"
ရွှယ်အန်းသည် စကားပြောနေစဉ်အတွင်း အန်းယန်၏လက်ကို ဆွဲယူ၍ သူမ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များကို စစ်ဆေးရန်အတွက် သူ၏စိတ်အာရုံကို အသုံးပြုခဲ့သည်။ ရုတ်တရက်ဆိုသကဲ့သို့ပင် ကြီးမား ကျယ်ပြန့်သော စိတ်စွမ်းအားများ ထွက်ပေါ်လာသည်။ ပြီးနောက် ကြီးမားသော မျက်လုံးတစ်စုံသည် ရွှယ်အန်း၏ စိတ်ပိုင်းဆိုင်ရာနယ်မြေတွင် ဖြည်းညှင်းစွာ ပွင့်လာလေသည်။
အခန်း (၂၂၁) ခင်ဗျားက အင်မော်တယ်ဘုရင်မကလို့ အင်မော်တယ်ဧကရာဇ် ဖြစ်နေရင်တောင် ကျုပ် ခင်ဗျားကို သတ်ပစ်မယ်
ထိုမျက်လုံးများသည် ကောင်းကင်နှင့် ပတ်သက်၍ အများစုကို သိမ်းပိုက်ထားကာ ရွှယ်အန်းကို အထက်စီးမှ အေးစက်စွာ စိုက်ကြည့်နေသည်။
“သေမျိုး ဒီအမျိုးသမီးက တုနှိုင်းမဲ့ ကံကြမ္မာကြီးတစ်ခုကို ပိုင်ဆိုင်ထားသူတစ်ဦးပဲ သူရဲ့ ခန္ဓာကိုယ်အတွင်းမှာ ကျုပ်ရဲ့ဓမ္မစည်းတံဆိပ်ခတ်ထားတယ်။ ဒီကနေ မြန်မြန်ထွက်သွား၊ ဒါမှမဟုတ်ရင် အသင့်ရဲ့စိတ်ဝိညာဉ်ကို သုတ်သင်ရလိမ့်မယ်"
အသံက အဆုံးမဲ့ လျစ်လျူရှုမှုများဖြင့် လွန်ကဲနေ၍ အလွန် မာနထောင်လွှားနေပုံပေါ်သည်။ တစ်ချိန်တည်း၌ပင် ဧရာမ ဖိနှိပ်မှုကြီးတစ်ခု ထွက်ပေါ်လာသောကြောင့် မြင်တွေ့သူတိုင်းကို တုန်လှုပ်သွားစေသည်။ သို့သော် ရွှယ်အန်းက ခေါင်းကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီးနောက် သူ၏ နှုတ်ခမ်းပေါ်တွင် အေးစက်သော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
"အရိပ်ကိုယ်ပွားတစ်ခုလောက်နဲ့ ကျုပ်ကို ခြိမ်းခြောက်ချင်တယ်ပေါ့လေ။ ပြီးတော့ ခင်ဗျားက အင်မော်တယ် ဘုရင်တစ်ပါးသာသာ ပဲရှိတာပါ။ ဒီကမ္ဘာကြီးမှာ ခင်ဗျားကို အနိုင်ယူနိုင်တဲ့လူ မရှိဘူးလို့ တကယ်ထင်နေတာလား"
ရွှယ်အန်းတစ်ယောက် နတ်ဘုရားအဆင့်ဖြစ်စဉ်အခါကမူ သူ၏လက်ကို ဝှေ့ယမ်းလိုက်ရုံမျှဖြင့လိုက်ရုံမျှဖြင့် အင်မော်တယ် ဘုရင်များကို ချေမှုန်းနိုင်ခဲ့သူဖြစ်သည်။ သူ၏ ကျင့်ကြံမှုအဆင့်များ အပြည့်အဝ ပြန်လည်ကောင်းမွန်ခြင်းမရှိသော်လည်း သူ၏ပြိုင်ဘက်သည် အရိပ်ကိုယ်ပွားမျှသာ ဖြစ်သောကြောင့် ရွှယ်အန်းသည် လုံးလုံးလျားလျား မကြောက်ရွံ့ပေ။
“သေမျိုး၊ မင်း ငါ့ကို ဒေါသထွက်အောင် လုပ်နေတာ ဆိုရင်တော့ အောင်မြင်သွားပြီ။ သေ" ဧရာမ မျက်လုံးများထဲတွင် ဒေါသအရိပ်အမြွက်များ ထွက်ပေါ်လာပြီးနောက် စူးရှသော ရွှေရောင်အလင်းတန်းတစ်ခု လိုက်ပါလာ၍ ရွှယ်အန်းကို ပစ်ခတ်လိုက်လေသည်။
၎င်းသည် ဤစိတ်ဝိညာဉ်နယ်ပယ်တွင် စိတ်အာရုံနှင့်ပင် နှိုင်းယှဉ်၍ ရနိုင်ခဲ့ရာ၊ ဤနေရာတွင် ရှုံးနိမ့်သည်နှင့် တစ်ပြိုင်နက် လူတစ်ဦးတစ်ယောက်၏ စိတ်ဝိညာဉ်ကို ပျက်ဆီးစေသောကြောင့် အလွန်အန္တရာယ်များသည်ဟု ဆိုနိုင်သည်။ သို့သော် ရွှယ်အန်းက လေထဲသို့ ထိုးဖောက်ဝင်ရောက်လာသော ရွှေရောင်အလင်းတန်းကို လျစ်လျူရှုသော အမူအရာဖြင့် သူ့ရှေ့ရောက်သည့်တိုင်အောင် စောင့်ဆိုင်းနေပြီးနောက် ရုတ်တရက် လက်သီးကို မြှောက်ကာ ထုရိုက်လိုက်လေသည်။
"သိုင်းပညာတွေ ထောင်ပေါင်းများစွာ ရှိနေရင်တောင် ဘယ်လိုပဲ ဖြစ်ဖြစ် လက်သီးတစ်ချက်တည်းနဲ့ ချိုးဖျက်လိုက်မယ်"
ဘန်း
ဤလက်သီးချက်၏ စွမ်းအင်သည် ရွှေရောင် အလင်းတန်းများကို တိုက်ရိုက် လွင့်စင်သွားစေသည်။ ဧရာမ မျက်လုံးတစ်စုံတွင် စိတ်ပျက်နေသော အရိပ်အယောင်များ ပေါ်လာပြီးနောက် ထပ်မံတိုက်ခိုက်ရန် ကြိုးပမ်းခဲ့သည်။
ရွှယ်အန်းသည် ခံစားချက် ကင်းမဲ့စွာ ပြောလျက် ၎င်း၏အရှေ့သို့ အပြေးနှင်နေပြီဖြစ်သည်။
"မင်းဟာ အင်မော်တယ်ဘုရင် မကလို့ အင်မော်တယ် အင်ပါယာကြီးဖြစ်နေရင်တောင် ခင်ဗျားကို သတ်ပစ်မယ်"
ထိုသို့ပြောပြီးနောက် ကြာပန်းတစ်ပွင့် ပွင့်လန်းလာကာ ကောင်းကင် တောက်လောင်နေသော ကောင်းကင်ကံကြမ္မာမီးတောက်ထဲသို့ ရုတ်တရက် ပေါက်ကွဲသွား၍ ဧရာမမျက်လုံးတစ်စုံကို တိုက်ရိုက် ဝါးမျိုလိုက်လေသည်။
"နေဦး... မင်းဘယ်သူလဲဆိုတာ ငါ သိပြီ။ မလုပ်နဲ့….” ဧရာမမျက်လုံးကြီးသည် အလွန်အမင်း ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီးနောက် ဗလာနတ္ထိအဖြစ်သို့ ပျောက်ကွယ်သွားလေသည်။
အလင်းနှစ်ပေါင်းများစွာ ဝေးလံလှသည့် ခမ်းနားထည်ဝါသော နန်းတော်တစ်ခုတွင်၊ အချိန်အတိုင်းအတာတစ်ခုအထိ တရားထိုင်နေသည့် အမျိုးသမီးတစ်ဦးသည် သူမ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်သည်။ ဤအမျိုးသမီး၏အကြည့်အောက်တွင် ဟင်းလင်းပြင်တစ်ခုလုံး အနည်းငယ် တုန်ယင်နေပုံရသည်။
“လူတစ်ယောက်က ငါ့နဲ့ ကိုယ်ပွားတွေထဲက တစ်ခုကို ဖျက်ဆီးလိုက်တာပဲ။ အဲ့ဒီ့နေရာက မြင့်မားသော ကျင့်ကြံသူမျိုး ကင်းမဲ့တဲ့ နေရာ မဟုတ်ဘူးလား"
ထိုနေရာကို ပြောမိချိန်၌ အမျိုးသမီး၏ မျက်လုံးများအနက်များ လောဘနှင့် စိုးရိမ်ပူပန်မှုများ ရောထွေးနေသည့် အရိပ်အမြွက်များ ပေါ်ပေါက်လာသည်။ ထိုအခိုက်အတန့်တွင် ရွှယ်အန်းက သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သောအခါ၊ သူ ဦးစွာမြင်လိုက်ရသည်မှာ အန်းယန်၏ စိုးရိမ်ပူပန်နေသော မျက်နှာဖြစ်သည်။
"ယောက်ျား၊ ဘာဖြစ်တာလဲ"
ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"ဘာမှမဖြစ်ပါဘူး၊ မင်း ခန္ဓာကိုယ်ထဲက စည်းတံဆိပ်က နည်းနည်းတော့ ရှုပ်ထွေးနေလို့ပါ၊ ဒါပေမယ့် အခု အစိတ်အပိုင်းတစ်ခုကို ဖျက်သိမ်းလိုက်ပြီဆိုတော့ ကောင်းကင်လူသားအဆင့်ထိတော့ ကျင့်ကြံလို့ ရသွားပြီ"
အန်ယန်က လေးလံသော ဝန်ထုပ်ဝန်ပိုးများ ပြေလျော့များသကဲ့သို့ သက်ပြင်းတစ်ချက်ချလိုက်သည်။
"ဘာမှ မဖြစ်ဘူးဆိုရင် ရပါပြီ၊ ချိပ်ပိတ်ထားတဲ့ ကိစ္စကို အလျင်စလိုလုပ်စရာမလိုပါဘူး။ အေးဆေးလုပ်ကြတာပေါ့"
ထိုအချိန်တွင် ပင်ချောင်က ယိမ်းယိုင်စွာ မတ်တပ်ရပ်လိုက်သည်။
"မစ္စတာ... မစ္စတာ"
ရွှယ်အန်းက ဤနာမည်ကျော် ရုပ်ရှင်မင်းသမီးကို လှည့်ကြည့်၍ ခပ်ပါးပါး ပြုံးပြလိုက်သည်။
"ကျုပ်နာမည်က ရွှယ်အန်းပါ"
“မစ္စတာရွှယ်၊ ဘာတွေဖြစ်သွားတာလဲဆိုတာ မေးလို့ရမလား" ရွှယ်အန်း၏ အပြုံးကို မြင်လိုက်ရသောအခါ ပင်ချောင်၏ နဂိုက ထိတ်လန့်နေသော နှလုံးသားက တဖြည်းဖြည်း ငြိမ်သက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ဤလူသည် စိတ်ငြိမ်သက်မှုကို ဆောင်ကြဉ်းပေးသော ဖြစ်တည်မှုမျိုး ဖြစ်လေသည်။ ရွှယ်အန်းသည် ကြောက်မက်ဖွယ်ရာ အနီရောင် အလင်းတန်းများ ထုတ်လွှတ်နေသော လမင်းကို ကြည့်ပြီးနောက် သူ၏လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်သည်။ အရာအားလုံး ရုတ်တရက် တိတ်ဆိတ်သွား၍ မြို့တော်၏ အကျွမ်းတဝင်ရှိသော သက်ဝင်လှုပ်ရှားမှုများ ပြန်လည် ရောက်ရှိလာလေသည်။ သို့သော်လည်း သေဆုံးသွားသူများကိုတော့ အသက်ရှင်သန်လာအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။
ထို့ကြောင့် ဤမြင်ကွင်းသည် မရေတွက်နိုင်သော အော်သံများကို ချက်ချင်း ဖြစ်ပေါ်စေခဲ့သည်။ ရွှယ်အန်သည် ကောင်မလေးနှစ်ဦးကို ကောက်ချီလိုက်သည်။
"သွားကြရအောင်"
ဤသို့ပြော၍ ရွှယ်အန်းက လှည့်ထွက်သွားလေသည်။ ပင်ချောင်သည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီးနောက် အရှေ့သို့တိုးလာ၍ ဦးညွှတ်လျက် ကျေးဇူးတင်စကား ပြောလိုက်သည်။
“အကူအညီအတွက် ကျေးဇူးတင်ပါတယ် မစ္စတာရွှယ်။ နောင်ရော ပြန်တွေ့ဖို့ အခွင့်အရေးရှိဦးမလားဆိုတာ မေးရမလား"
ရွှယ်အန်းက ခပ်ပါးပါး ပြုံးပြလိုက်သည်။
"ကံကြမ္မာရှိရင်တော့ ပြန်ဆုံကြမှာပေါ့"
ထိုသို့ပြောပြီးနောက် ရွှယ်အန်းက သူ၏မိသားစုကို ခေါ်ဆောင်၍ ထွက်သွားခဲ့သည်။ ပင်ချောင်သည် ရွှယ်အန်း၏ နောက်ကျောကို စိုက်ကြည့်လျက် သူမ၏ နှလုံးသားထဲတွင် ဖော်မပြနိုင်သော ခံစားချက်များ ပြည့်နှက်နေသည်။ ဤအချိန်တွင် ခဝဒ ခဲအိခိုသည်လည်း အနားရောက်လာ၍ အဆုံးစွန်သော အားကျစိတ်များဖြင့် ပြောလိုက်သည်။
“ဘုရားရေ၊ နင်ဘာလို့ ဒီလူကို အရမ်း စွဲလန်းနေလဲဆိုတာ နောက်ဆုံးတော့ ငါ နားလည်သွားပြီ။ လက်စသတ်တော့ သူက အင်အားကြီးလွန်းနေတာကို။ ဘုရား၊ ဘုရား ငါတောင် စွဲလန်းမိနေပြီ"
ပင်ချောင်က ခြောက်ကပ်ကပ် ပြုံးရယ်လိုက်သည်။
"သူ့မှာ မိသားစုရှိနေတာကို မမြင်ဘူးလား"
"အဲ့တော့ ဘာဖြစ်လဲ။ ယောက်ျား တစ်ယောက်က အစွမ်းထက်လေ၊ မိန်းမတွေလည်း အများကြီး လိုအပ်လေပဲ။ ငါတို့ ပင်ချောင်က ဒီလောက်လှပြီး ထူးချွန်တာကို ဘယ်သူက နင့်ကို မကြိုက်ဘဲနေမှာလဲ"
ပင်ချောင်က ခေါင်းခါနေရာမှ သူမ၏ မျက်နှာအမူအရာ ညှိုးငယ်လာသည်။
"သူက မတူဘူး"
မကြာမီတွင် တိုကျိုမြို့တော် ရဲဌာနမှ လူအများ အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာကြ၍ ၎င်းတို့သည်လည်း မြင်ကွင်းကိုကြည့်ကာ အံ့အားသင့်နေကြသည်။ လမ်းမများပေါ်တွင် လူသေအလောင်းများ ရှိနေ၍ ဆန်းဆိုဂျိဘုရားကျောင်း၏ နေရာတိုင်းတွင် အပျက်အစီးများနှင့် နံရံများ ကျိုးပေါက်နေခြင်းအရ တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ပုံရသည်။
"ဒီမှာစစ်ပွဲ ဖြစ်သွားတာလား" ကင်းလှည့်မှူးက အံကြိတ်၍ ပြောလိုက်သည်။
"အခင်းဖြစ်ပွားတဲ့ နေရာကို အဝင်အထွက် တားမြစ်ပြီး၊ အထက်ကို ချက်ချင်း သတင်းပို့လိုက်" ရောက်ရှိလာသော ရဲမှူးချုပ်က လေးနက်သော အသွင်အပြင်ဖြင့် ပြောသည်။
ပြီးနောက် ဆန်းဆိုဂျိဘုရားကျောင်း၏ အနီးတဝိုက် ဧရိယာကို အပြင်းအထန် ပိတ်ဆို့ထားလိုက်ကြသည်။ ထိုဖြစ်စဉ်သည် ဂျပန်နိုင်ငံ၏ အစိုးရများကို တုန်လှုပ်သွားစေ၍ တိုကျိုမြို့တော်ရဲဌာန၏ ထိပ်တန်းအရာရှိများသည်လည်း ၎င်းတို့၏အနည်းငယ် ထိတ်လန့်နေသော လက်အောက်ငယ်သားများနှင့် ယင်းကိစ္စကို ဆွေးနွေးရန်အတွက် အိပ်ရာမှ ကပျာကယာ ထလာကြလေသည်။ စားပွဲပေါ်တွင် တင်ထားသော လူသေအလောင်းများ၏ ဓာတ်ပုံများသည် ဂျပန်နိုင်ငံ၏ အထက်တန်းလွှာများအားလုံးကို စိတ်မသက်မသာဖြစ်စေသည်။
“လူကြီးမင်းတို့၊ ဒီလိုကြီးမားတဲ့ အဖြစ်အပျက်တွေ ကြုံလာရတာတောင် ကျုပ်တို့ဘက်က ဘာအရိပ်အယောင်မှ မတွေ့ခဲ့ရဘူး။ ဒါကို ပေါ်တင် အကြမ်းဖက်တိုက်ခိုက်မှုလို့ပဲ ကျုပ်က ယုံကြည်တယ်။ ဒါဟာ ကျုပ်တို့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ဂျပန်အင်ပါယာကို ဆန့်ကျင်ချင်တဲ့ ရန်စမှုပဲ" ရဲမှူးချုပ်က ပြာနှမ်းနေသော မျက်နှာဖြင့် ဟိန်းဟောက်လိုက်သည်။
"မှန်တယ်၊ ဝန်ကြီးချုပ်ကလည်း ဒီကိစ္စကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးထားပြီးပြီ”
သို့သော် ထိုအချိန်တွင် အစည်းအဝေးခန်း၏ တံခါးသည် ကန်ထုတ်၍ အဖွင့်ခံလိုက်ရသောကြောင် ရဲမှူးချုပ်က ဒေါသထွက်စွာ အော်ငေါက်ရန် ဟန်ပြင်လိုက်သည်။ သားရေထည်ဘောင်းဘီတိုနှင့် ဒေါက်မြင့်ဖိနပ်များ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက အထဲသို့ ဝင်လာခဲ့သည်။
"ဒီကိစ္စက ရှင်တို့ရဲ့ မြို့တော်ရဲဌာနက တာဝန်ယူသင့်တဲ့ကိစ္စ မဟုတ်တော့ဘူး" အမျိုးသမီးက ခံစားချက် ကင်းမဲ့စွာ ပြောလိုက်သည်။
"ဘာလို့လဲ။ ပြီးတော့ မင်းဘယ်သူလဲ" ရဲမှူးချုပ်၏ မျက်နှာသည် နီရဲလာသည်။ အမျိုးသမီးက သူ၏အိုင်ဒီကတ်ကို လွှင့်ပစ်လာသောကြောင့် ရဲမှူးချုပ်က အောက်ကိုငုံ့ကြည့်လိုက်သောအခါ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားလေသည်။
"အထူး ထောက်လှမ်းရေးဌာန"
“ဟုတ်တယ်၊ အခုကစပြီး ဒီအမှုကို ကျွန်မတို့ အထူးထောက်လှမ်းရေးဌာနက ကိုင်တွယ်မှာ နားလည်လား" အမျိုးသမီးက ပြောလိုက်သည်။
"ဟုတ်ကဲ့၊ နားလည်ပါပြီ" ရဲမှူးချုပ်နှင့် အခြားသူများက လေးလေးနက်နက် ဦးညွှတ်၍ အခန်းထဲက ထွက်သွားကြသည်။
အမျိုးသမီးသည် စားပွဲပေါ်ရှိ သေဆုံးသူများ၏ ဓာတ်ပုံများကို ကောက်ယူလိုက်သောအခါ၊ သူမ၏ အမူအရာသည်လည်း တဖြည်းဖြည်း မှိုင်းပျလာသည်။
နတ်ဆိုးပေါင်းတစ်ရာ၏ ညပွဲတော်တစ်ခုတွင်…၊
" ဂျပန်နိုင်ငံမှာ ဒီလောက် အစွမ်းထက်တဲ့ အွန်းမြိုဂျိ ရှိတယ်တဲ့လား။ ဒါပေမယ့် နတ်ဆိုးတွေက စည်းရုံးပြီးတာနဲ့ လွယ်လွယ် အလျော့ပေးမှာ မဟုတ်ဘူး။ ဒါကို ဘာလို့ ရုတ်တရက် ပျောက်ကွယ်သွားရတာလဲ"
ထိုအချိန်တွင် လေထုထဲမှ လူတစ်ယောက် ထွက်ပေါ်လာသည်။
"ဂျူနီယာညီမလေး မိကီ၊ ဒီနေ့ ပိုတောင်လှလာသလိုပဲနော်" ထိုလူက ရမ္မက်ကြီး ပြုံးပြသည်။
ဒီလူကိုမြင်သောအခါ ဖူဂျိတာ့ မိကီက ခေါင်းကိုက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
“စီနီယာအစ်ကို အာအိုယမ ဟိုရှိနို နင်ဂျစ်စု (နင်ဂျာသိုင်းပညာ) ကို ရန်သူတွေနဲ့ ရင်ဆိုင်တဲ့အချိန်မှုပဲ အသုံးချရပြီး သာမန်အချိန်တွေမှာ အမြဲတမ်း လျှို့ဝှက်ထားရမယ်လို့ ဆရာက ပြောထားတယ်။ အခု အစ်ကိုက ခရီးသွားလာဖို့အတွက် နင်ဂျစ်ဆုကို သုံးနေတာလား"
အာအိုယမ ဟိုရှိနိုသည် သူ့နှာခေါင်းကို ရှက်ကိုးရှက်ကန်း ထိကိုင် ပွတ်သပ်လိုက်ပြီးနောက် ချဉ်းကပ်လာသည်။
“အို၊ နတ်ဆိုးပေါင်းတစ်ရာရဲ့ ညပွဲတော်တဲ့လား”
ဖူဂျိတာ့ မိကီက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
"အဲ့ဒါအပြင်၊ အကျိုးဆက်တွေကို ဂရုမစိုက်ဘဲ ပြုမူနေတဲ့ အွန်းမြိုဂျိရောပဲ။ သူ့ကို အမြန်ဆုံး ဖမ်းရမယ်"
အာအိုယမ ဟိုရှိနိုက ပခုံးတွန့်လိုက်သည်။
“မကြောက်နဲ့၊ ဂျူနီယာ ညီမလေးမိကီ မင်းရဲ့ စီနီယာအစ်ကိုကြီးကို ဒုက္ခပေးနိုင်တဲ့အရာဆိုပြီး ဘာမှမရှိဘူး၊ ဒီကိစ္စကို အစ်ကို့တာဝန်ထားလိုက်"
မောက်မာမှုများဖြင့် ပြည့်နှက်နေသော အာအိုယမ ဟိုရှိနို၏မျက်နှာကိုကြည့်လျက် ဖူဂျိတာ့ မိကီ၏ စိတ်ထဲတွင် အလွန် လေးပင်လာမိသည်။
အခန်း (၂၂၂) ဒီလူက မင်းတို့ စော်ကားသင့်တဲ့လူ မဟုတ်ဘူး
"မိန်းကလေး ပင်ချောင်၊ ကျွန်မတို့ရဲ့ စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းပေးဖို့ မျှော်လင့်ပါတယ်" ဖူဂျိတာ့ မိကီက တတ်နိုင်သမျှ စိတ်တည်ငြိမ်အောင် ကြိုးစားနေသည်။
ပင်ချောင်က ခေါင်းခါလိုက်သည်။
“ကျွန်မ တကယ် ဘာမှမသိဘူး။ မျက်စိအရှေ့မှာ မှောင်သွားပြီးတော့ ကျွန်မ ပြန်နိုးလာတော့ လမ်းမှာ လူသေတွေနဲ့ ပြည့်နေတာပါ"
ဖူဂျိတာ့ မိကီသည် ဂျပန်နိုင်ငံ၏ ကျော်ကြားသူ ရုပ်ရှင်မင်းသမီးကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။ သူမဘက်မှ အကြိမ်ကြိမ် မေးမြန်းခဲ့သော်လည်း ဤအမျိုးသမီးက မည်သည်ကိုမျှ ထုတ်မပြောခဲ့ပေ။ ဖူဂျိတာ့ မိကီရွေးချယ်စရာမရှိသဖြင့် မတ်တပ်ထရပ်၍ အခြားအခန်းသို့ လျှောက်သွားခဲ့သည်။ ထိုအချိန်တွင် အာအိုယမ ဟိုရှိနိုသည် ဆုန်မုဖေးဟွာကို မေးခွန်းထုတ်နေသည်။
"မိန်းကလေး ဆုန်မု၊ ခင်ဗျား ကျွန်တော်တို့ရဲ့နည်းလမ်းတွေကို သတိထားတဲ့ လူတစ်ယောက်ဆိုတော့၊ ခင်ဗျားရဲ့ဘေးကင်းလုံခြုံမှုအတွက် ကျေးဇူးပြုပြီး အရာအားလုံးကို ထုတ်ပြောလိုက်ပါ" အာအိုယမ ဟိုရှိနိုက ပြောသည်။
ဆုန်မုဖေးဟွာ၏ မျက်နှာသည် သေမင်းကဲ့သို့ ဖြူဖျော့နေ၍ သူမမျက်လုံးများသည် မည်သည့်အသံမျှ မကြားရသကဲ့သို့ အသက်မဲ့နေသည်။ အာအိုယမ ဟိုရှိနိုက မျက်မှောင်ကြုတ်လိုက်သည်။
"ဆုန်မုဖေးဟွာ"
"အား" ဆုန်မုဖေးဟွာက ရုတ်တရက် ထိတ်လန့်သွားသည်။
"ခင်ဗျားလည်း သိုင်းပညာလောကရဲ့ ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်ပါ၊ ဘာက ခင်ဗျားကို ဒီအတိုင်းအတာအထိ ကြောက်လန့်စေရတာလဲ" အာအိုယမ ဟိုရှိနိုသည် ဆုန်မုဖေးဟွာကို ငုံ့ကြည့်ကာ ခပ်တိုးတိုး ပြောလိုက်သည်။
ဆုန်မုဖေးဟွာ၏မျက်လုံးများတွင် ထိတ်လန့်နေသည့်အကြည့်များဖြင့် ပြည့်နှက်နေသည်။
"မမေးနဲ့တော့၊ ကျွန်မ ဘာမှ မပြောဘူး"
"အိုး၊ ကြည့်ရတာ ခင်ဗျားက ကျုပ်တို့နင်ဂျာနည်းလမ်းတွေကို လျှော့တွက်နေပုံပဲ" အာအိုယမ ဟိုရှိနိုက ရက်စက်စွာ ပြုံးရယ်လိုက်သည်။
ဆုန်မုဖေးဟွာ၏မျက်နှာသည် မည်းမှောင်သွားသော်လည်း သူမက ပြတ်ပြတ်သားသားပြောလိုက်သည်။
“ကျွန်မကိုသတ်ရင်တောင် ဘာမှ မပြောနိုင်ဘူး”
ဆုန်မုဖေးဟွာသည် အထူးထောက်လှမ်းရေးဌာန၏ လုပ်ဆောင်ချက်များကို ကောင်းစွာသိသည့်အပြင် ဂျပန်နိုင်ငံတွင် နင်ဂျာများကို ဘယ်သောအခါမှ မနှိုးဆွသင့်ကြောင်း နားလည်ထားသည်။ သို့သော်လည်း ၎င်းတို့ မေးမြန်းနေသော အကြောင်းအရာက ရွှယ်အန်းဆိုလျှင်၊ ၎င်းအစား ဤနင်ဂျာများကိုသာ သူမဘက်က နှိုးဆွလိုက်မည်ဖြစ်သည်။ မည်သို့ဆိုသော် ထိုလူသည် တစ္ဆေများနှင့် နတ်ဘုရားများကိုပင် ကြောက်ရွံ့တုန်လှုပ်စေသော သတ္တဝါမျိုး ဖြစ်သောကြောင့်သာဖြစ်သည်။
အာအိုယမ ဟိုရှိနိုသည် အလွန် ဒေါသ ထွက်လာပုံဖြင့် လှုပ်ရှားရန်ပြင်ဆင်လိုက်ချိန်တွင် ဖူဂျိတာ့ မိကီက အထဲဝင်လာ၍ အေးစက်စွာ ပြောလိုက်သည်။
“ထားလိုက်ပါ! သူ စကားမပြောချင်ဘူးဆိုရင်လည်း ကိုယ့်ဘာသာပဲ စုံစမ်းကြတာပေါ့”
အာအိုယမ ဟိုရှိနိုသည် သူ၏လက်များကို ကိုးရိုးကားရား ပွတ်သပ်၍ ရယ်မောလိုက်သည်။
"တကယ်တော့ အစ်ကိုလည်း သူ့ကို နည်းနည်း အပြစ်ပေးချင်ရုံပါ"
ဖူဂျိတာ့ မိကီက ဆုန်မုဖေးဟွာကိုကြည့်လိုက်သည်။
"မိန်းကလေး ဆုန်မု၊ ရှင် ဘာတွေ ကြုံခဲ့ရလို့ ဒီလောက်ထိ ထိတ်လန့်နေတယ်ဆိုတာကို ကျွန်မ မသိဘူး၊ ဒါပေမယ့် တစ်ယောက်ယောက်က ဂျပန်နိုင်ငံမှာ ဒီလိုရက်စက်မှုမျိုးကို ကျူးလွန်ဝံ့တဲ့အတွက် ကျွန်မတို့လို နိုင်ငံတော် ကာကွယ်ရေးနင်ဂျာတွေရဲ့ အမျက်ဒေါသကိုတော့ ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်သင့်တယ်"
ဆုန်မုဖေးဟွာက ညင်သာစွာ ခါယမ်းလိုက်သည်။
"စီနီယာမိကီ၊ ရှင့်ရဲ့ နာမည်ကို ကျွန်မ သိပါတယ်၊ ဒါပေမယ့် ရှင်တို့ အားလုံးကို အကြံပြုပါရစေ၊ ဒီကိစ္စကို ဆက်မလိုက်ပါနဲ့တော့။ အဲဒီလူက ရှင်တို့ ရန်ဆွနိုင်တဲ့ လူမျိုးမဟုတ်ဘူး”
ဤသို့ကြားသောအခါ အာအိုယမ ဟိုရှိနိုက မထိန်းနိုင်ဘဲ ရယ်မောလိုက်သည်။
"ရန်ဆွနိုင်မှာ မဟုတ်ဘူးတဲ့လား။ ကျုပ်တော့ အခု ဒီကိစ္စကို ပိုပိုပြီး စိတ်ဝင်စားလာပြီ။ ကျုပ်တို့ မုဂျိန နင်ဂျာမျိုးနွယ်က ရန်မဆွနိုင်တဲ့လူမျိုး ရှိတယ်တဲ့လား"
ထိုစကားများပြောနေစဉ် အာအိုယမ ဟိုရှိနို၏မျက်နှာပေါ်တွင် ဝံ့ကြွားမှုများ ရေးထားလေသည်။ ဆုန်မုဖေးဟွာက ခေါင်းငုံ့၍ နှုတ်ဆိတ်သွားလေသည်။ ထိုအတောအတွင်း တိုကျိုရှိ ၎င်း၏နေအိမ်တွင် ရွှယ်အန်းက အန်းယန်အတွက် အထူး ဖော်စပ်ထားသော ရင်းမြစ်သန့်စင်ဆေးကို ထုတ်ပေးနေသည်။
"ယန်အာ၊ ရှန်းရှန်းနဲ့ နျန်နျန်အတွက် ရင်းမြစ်သန့်စင်ဆေးလုပ်ပေးတုန်းက ကိုယ် မင်းအတွက် အထူးပြင်ဆင်ထားတဲ့ဟာ။ အခုယူလို့ရပြီ”
အန်းယန်သည် ဆေးကိုယူကာ တစ်ချက်တည်း မျိုချလိုက်ပြီးနောက် မျက်တောင်ခတ်လိုက်သည်။
"ဘာမှလည်း မခံစားရဘူး"
သူမ၏ နှုတ်ခမ်းမှ စကားလုံးများ ထွက်သွားသည်နှင့် တပြိုင်နက် အန်းယန်သည် သူမ၏ ရင်ဘတ်မှတစ်ဆင့် ပူလောင်သော အပူဒဏ်ကို ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူမ၏ အရောင်အဝါများ လျင်မြန်စွာ မြင့်တက်လာလေသည်။
ဘုန်း၊ ကြောက်မက်ဖွယ် ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။
ကျန့်ရန် အဆင့်
အသက်ရှူရှိုက်ချိန် အနည်းငယ်အတွင်းမှာပင် အန်းယန်က နယ်ပယ်တစ်ခုကိုဖြတ်သန်း၍ ကျန့်ရန်အဆင့်သို့ တိုက်ရိုက်ရောက်ရှိသွားခဲ့သည်။ ဤသို့သော တိုးတက်မှုမျိုးသာ ပေါက်ကြားသွားမည်ဆိုလျှင် ကြားသိရသူ မည်သူကို မဆို ထိတ်လန့်စေမည်ဖြစ်သည်။
ရွှယ်အန်းသည်လည်း အံ့သြသွားသည်၊ အန်းယန်သည် ရင်းမြစ်သန့်စင်ဆေးတစ်ခုတည်းဖြင့် ဖြတ်ကျော်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူ၏ ဇနီးဖြစ်သူသည် ဘီလီယံချီသော လူပေါင်းများစွာအနက် တစ်ယောက်သာထွန်းကားသော ပါရမီရှင်တစ်ဦး ဖြစ်နေလေသလော။
"ထူးဆန်းတဲ့ ခံစားချက်မျိုးပဲ" အန်းယန်က သူမ၏လက်များကို ငုံ့ကြည့်လိုက်သည်။
"ခွန်အားတွေ အများကြီး ရှိလာသလိုပဲ"
အန်းယန်က စကားပြောနေစဉ် သူမသည် လက်တစ်ဖက်ကို ဆန့်ထုတ်၍ ရွှယ်အန်း၏ခါးကို ညင်သာစွာ လိမ်ဆွဲလိုက်သည်။ ရွှယ်အန်းသည် ကြီးမားသော တွန်းအားတစ်ခု၏ ရိုက်ခတ်မှုကို ခံစားလိုက်ရ၍ နာကျင်မှုကြောင့် ရှုံ့မဲ့သွားလေသည်။ အန်းယန်က ရွှယ်အန်းကို ဂရုတစိုက်ကြည့်ပြီးနောက် သူမ၏လက်ကို အမြန်လွှတ်ပေးလိုက်သည်။
"ဟန်နီ၊ ကျွန်မ တောင်းပန်ပါတယ်။ အရမ်း နာသွားတာလား ဟင်"
ရွှယ်အန်းက သူ၏ခါးကို ပွတ်သပ်၍ မချိပြုံး ပြုံးလိုက်သည်။
"ဘယ်လိုထင်လို့လဲ"
“ဟဲဟဲ၊ အရင်တုန်းကဆိုရင် လိမ်ဆွဲလိုက်တိုင်း အရမ်းနာကျင်ယောင်ဆောင်ရတယ်လေ။ အခုတော့ ဟန်ဆောင်နေစရာ မလိုဘူးပေါ့" အန်းယန်က ခပ်ပြုံးပြုံး ပြောလိုက်သည်။ ရွှယ်အန်းက ရယ်ရခက် ငိုရခက် ဖြစ်နေမိသည်။ အမျိုးသမီးများသည်… တစ်ခါတစ်ရံ နားမလည်ရန် ခက်ခဲလွန်းလှသည်။
"ဒါဆို အားလုံးပြီးပြီဆိုတော့၊ ကျွန်မတို့ အိမ်ပြန်ကြတော့မလား ဟန်နီ" အန်းယန်က မေးလိုက်သည်။
"မနက်ဖြန်၊ မနက်ဖြန် ပြန်ကြတာပေါ့"
သို့သော်လည်း တကဲအုချိ ခီရိုခိုပြန်လာရောက်ချိန်တွင် ဂျပန်နိုင်ငံက အဝင်အထွက်ပိတ်ပင်ကာ လေဆိပ် ပျံသန်းမှုများကိုလည်း တားမြစ်ချက် ထုတ်ပြန်ထားသည်ဟူသော သတင်းကို ပြန်ယူလာခဲ့သည်။ ထိုသို့ ကြားသော ရွှယ်အန်းက မျက်မှောင်ကြုတ်သွားသည်။ သူ၏မိသားစုနှင့်အတူ ဂျပန်နိုင်ငံကနေ တိုက်ရိုက် ပျံသန်းမှုမျိုး ပြုလုပ်သင့်လေသလော။
"ထားလိုက်ပါ၊ အခုလည်း ဘာမှလုပ်စရာရှိတာမှ မဟုတ်တာ။ အားလပ်ရက်လို့ သတ်မှတ်ပြီး နောက်ထပ် ရက်နည်းနည်းလောက် ဆက်နေကြတာပေါ့" အန်းယန်က အကြံပြုလိုက်သည်။
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။ ရွှယ်အန်းသည် နောက်ထပ် ရက်အနည်းငယ်အတွင်း ဇနီးနှင့် သမီးလေးများကို ခေါ်ဆောင်၍ စူးစမ်းလေ့လာကာ လည်ပတ်ရန်အတွက် ပို့ဆောင်ပေးခဲ့သည်။
သူသည် ၎င်းတို့ကို တိုကျိုတွင်ရှိသော ပျော်စရာနေရာများအားလုံးထံ ခေါ်ဆောင်သွားခဲ့သည်။ ကြီးမားသော အဖြစ်အပျက်မျိုးဖြစ်ပွားခဲ့သော်လည်း တိုကျိုသည် နိုင်ငံတကာ မြို့တစ်မြို့ဖြစ်သည့်အလျောက် သက်ဝင်လှုပ်ရှားမှုများဖြင့် စည်ကားနေခဲ့သည်။
ထိုအတောအတွင်း၊ ရွှယ်အန်းက သူ၏မိသားစုကို အလည်အပတ်ခေါ်သွား၍ အလုပ်ရှုပ်နေစဉ် ဖူဂျိတာ့ မိကီသည်လည်း အမျိုးမျိုးသော သတင်းစကားများကို ခွဲခြမ်းစိတ်ဖြာခြင်းမှ ထိုနေ့တွင် ဆန်းဆိုဂျိဘုရားကျောင်း၌ တစ်စုံတစ်ဦးကို တွေ့ရှိခဲ့ကြောင်း အဆုံးတွင် ရှာတွေ့သွားခဲ့သည်။
ရွှယ်အန်း၊ ထိုနာမည်ကို ဖူဂျိတာ့ မိကီမြင်လိုက်ရချိန်တွင် သူမ၏စိတ်နှလုံး နစ်မြုပ်သွားလေသည်။ ထောက်လှမ်းရေးဌာန၏ အဖွဲ့ဝင်တစ်ဦးဖြစ်သော သူမသည် ရွှယ်အန်း၏ အပြုအမူများအကြောင်းကို ကောင်းမွန်စွာ သိထားသူဖြစ်သည်။
'ဒါပေမယ့် ဒီကိစ္စရဲ့ နောက်ကွယ်မှာ သူရှိနေတာ ဟုတ်ပါ့မလား'
အာအိုယမ ဟိုရှိနိုက သူ၏ရင်ဘတ်ကို ပုတ်၍ အာမခံလိုက်သည်။
"ကောင်းပြီ မိကီi၊ အခု ကိုယ်တို့ သံသယရှိသူကို တွေ့ပြီဆိုတော့ ကျန်တာ ကိုယ့်တာဝန်ထားလိုက်"
ဖူဂျိတာ့ မိကီက မတုံ့ပြန်နိုက်မီတွင် အာအိုယမ ဟိုရှိနိုက အဝေးကို လှည့်ထွက်သွားလေသည်။
"ဒီမဆင်မခြင်လုပ်တတ်တဲ့ အရူးကတော့။ ပြဿနာတော့ ရှာမလာနဲ့တော့”
ဖုဂျိတာ့ မိကီက ကြမ်းပြင်သို့ ဆောင့်အောင့်၍ နင်းချလျက် ကျိန်ဆဲနေမိ၏။
ထိုအချိန်တွင် ရွှယ်အန်းက သမီးနှစ်ယောက်နှင့်အတူ အိမ်တွင် တီဗီကြည့်နေ၍ အန်းယန်က ဗီဒီယိုဂိမ်းများကို ပျော်ရွှင်စွာ ကစားနေသည်။ သူမသည် မကြာသေးမီကမှ ဂျပန်နိုင်ငံမှ ခလုတ်ဂိမ်းများကို စွဲလမ်းနေခဲ့ရာ၊ အထူးသဖြင့် ထိတ်လန့်ဖွယ်ရာ ဂိမ်းမျိုးစုံကို သူမတွေ့ခဲ့ရ၍ ၎င်းသည် ကြောက်မက်ဖွယ်ကောင်းသော်လည်း သည်းမခံနိုင်လောက်အောင် စွဲလမ်းဖွယ်ကောင်းနေသည်။
“အမလေး” အန်းယန်သည် ဂိမ်းထဲတွင် ရုတ်တရက်ပေါ်လာသော သရဲတစ်ကောင်ကြောင့် ထိတ်လန့်သွား၍ ရွှယ်အန်း၏အဝတ်အစားများကို မသိစိတ်က ဆုပ်ကိုင်လိုက်မိသည်။ ရွှယ်အန်းသည် ကြည်နူးမှု စိတ်တိုမှုတို့ဖြင့် ရောနှောစွာ ကြည့်နေခဲ့သည်။
"အရမ်းကြောက်နေရင် မကစားနဲ့တော့လေ"
အန်းယန်က ခေါင်းခါ၍ ပြတ်ပြတ်သားသား ပြောလိုက်သည်
"မရပါဘူး၊ ဒီဂိမ်းက ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာ ကြည့်ချင်သေးတယ်"
ပြီးနောက် အန်းယန်က တောင်းဆိုသော လေသံဖြင့် ပြောလိုက်သည်။
“ဟန်နီ၊ ကျွန်မ အနားမှာ လာထိုင်ပါလား"
ရွှယ်အန်းသည် အနားသို့ နီးကပ်လာရန်မှတစ်ပါး တခြား ရွေးချယ်စရာ မရှိတော့ပေ။
၎င်းတို့မိသားစုက ရှားရှားပါးပါး နွေးထွေးမှု အခိုက်အတန့်ကို ခံစားနေချိန်တွင် အလိုက်မသိသော အသံတစ်ခု ထွက်ပေါ်လာသည်။
"သိပ်ကို အားကျစရာကောင်းတဲ့ မိသားစုပါလား"
ရွှယ်အန်းက မျက်မှောင်ကြုတ်၍ အေးစက်စွာပြောလိုက်သည်။
"ထွက်လာခဲ့စမ်း"
"ဟားဟား၊ ဘာလို့ ဒီလောက်စိတ်ဆိုးနေတာလဲ။ ခင်ဗျားတို့ ဟွာရှားက ကျင့်ဝတ်စောင့်သိတဲ့နိုင်ငံဆိုပြီး ထင်ရှားတယ် မဟုတ်ဘူးလား"
စကားပြောနေစဉ်တွင် အာအိုယမ ဟိုရှိနို၏ရုပ်သွင်သည် လေထုအလယ်မှ ထွက်ပေါ်လာသည်။ သူ၏ ပေါ်ပေါက်လာမှုသည် ကလေးမလေးနှစ်ဦးကို စိတ်လှုပ်ရှားများဖြင့် အော်ဟစ်စေသည်။
"နင်ဂျာလား"
အာအိုယမ ဟိုရှိနိုသည် ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့ကို ယဉ်ကျေးစွာ ဦးညွှတ်လိုက်သည်။
“ဟုတ်ပါတယ်၊ ကျွန်တော်က ခမ်းနားတဲ့ ဂျပန်နိုင်ငံတော်ရဲ့ နင်ဂျာတစ်ဦးပါ အဆင်းလှသော အမျိုးသမီး နှစ်ယောက် ခင်ဗျ"
ပြီးနောက် သူက ရွှယ်အန်းကို လှည့်ကြည့်၍ ပြုံးလိုက်သည်။
“မစ္စတာရွှယ်၊ စုံစမ်းစစ်ဆေးစရာ ကိစ္စအချို့ရှိလို့ ကျေးဇူးပြုပြီး ကျွန်တော်နဲ့ လိုက်ခဲ့ပေးပါ"