← Chapters

အခန်း (၂၂၃-၂၂၅)

Vol. 15 Ch. 223-225

အခန်း (၂၂၃-၂၂၅)

Vol. 15 Ch. 223-225

အခန်း (၂၂၃) အန်းယန်၏ ဒယ်ပြား

"အို၊ မပူးပေါင်းရင် ခင်ဗျားက ဘာလုပ်မှာလဲ" ရွှယ်အန်းက ဘာသိဘာသာ ပြောလိုက်သည်။

"ဒါဆို ကျုပ်ဘက်က မယဉ်ကျေးရင်လည်း အပြစ်မတင်နဲ့ပေါ့" အာအိုယမ ဟိုရှိနိုက အေးစက်စွာ ရယ်မောလိုက်သည်။ ထိုအချိန်တွင် အန်းယန်သည် ရုတ်တရက် ထရပ်၍ မီးဖိုခန်းဆီသို့ လျှောက်သွားလိုက်သည်။

အာအိုယမ ဟိုရှိနိုက အန်းယန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူမကို အလေးအနက်မထားဘဲ ဆက်ပြောရန် အနောက်ပြန်လှည့်လိုက်သည်။

“ခင်ဗျားက အင်အားကြီးပေမယ့် ဒါက ဂျပန်နိုင်ငံဖြစ်တဲ့အပြင် ကျုပ်ကလည်း အသက်မဲ့ နင်ဂျာချောင်းရဲ့ ဂျိုနင်းတစ်ယောက်ပဲ။ အခုစုံစမ်းစစ်ဆေးမယ့် ကိစ္စအတွက် လိုက်လာဖို့ ကျုပ် အမိန့်ပေးလိုက်မယ်၊ မဟုတ်ရင်တော့…” အာအိုယမ ဟိုရှိနို၏ ရက်စက်သော အပြုံးများက ကျယ်ပြန့်လာသည်။

(ဂျိုနင်း - နင်ဂျာဂိုဏ်းတစ်ခုတွင် ခက်ခဲသော တာဝန်များချပေးခံရသည့် အဆင့်မြင့် လက်ရွေးစင်နင်ဂျာ)

သို့သော် သူ၏မျက်နှာပေါ်ရှိ အပြုံးများ မှေးမှိန်မသွားမီမှာပင် အန်းယန်က သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ အမွှေးအမျှင်များ ထောင်မတ်စွာဖြင့် မီးဖိုချောင်ထဲမှ အပြေးအလွှားထွက်လာ၍ ဒယ်ပြားကို ကိုင်ဆောင်ကာ အာအိုယမ ဟိုရှိနို၏ ဦးခေါင်းအနောက်ဘက်ကို ရိုက်ချလိုက်လေသည်။

လေထုဖြင့် သယ်ဆောင်လာသော ဒယ်ပြားသည် အာအိုယမ ဟိုရှိနိုဆီသို့ အရှိန်ပြင်းစွာ တိုးဝင်လာသည်။ အာအိုယမ ဟိုရှိနို၏ မျက်နှာတွင် လှောင်ပြောင်သော အပြုံး အရိပ်အယောင်များ ပေါ်လာပြီးနောက်ဘေးသို့ အနည်းငယ် လှမ်းကာ ဒယ်ပြားကို ရှောင်တိမ်းလိုက်၍ ကျေနပ်စွာ ပြုံးလိုက်သည်။

"ကြမ်းတမ်းလှချည်လား၊ ဒါပေမယ့် ခင်ဗျားက ကျုပ်ကို အဲဒါနဲ့ ရိုက်နိုင်မယ်လို့ တကယ်ထင်နေတာလား။ ကျုပ်က ဂျိုနင်းတစ်ယောက်ပဲ…”

အာအိုယမ ဟိုရှိနို၏ စကားမပြီးခင်မှာပင် အန်းယန်က အံကြိတ်၍ အားကုန်ထုတ်သုံးပြီးနောက် သူမ၏ လက်ထဲက ဒယ်ပြားဖြင့် ပစ်ပေါက်လိုက်လေသည်။ ဤတစ်ကြိမ်မှတွင်မူ မယုံနိုင်လောက်ဖွယ်ကောင်းလောက်အောင် မြန်ဆန်လွန်း၍ အာအိုယမ ဟိုရှိနိုက အငိုက်မိသွားသောကြောင့် မတုံ့ပြန်နိုင်မီပင် သူ၏ဦးခေါင်းကို တည့်တည့် ထိမှန်သွားလေသည်။

ဒယ်ပြားသည် အာအိုယမ ဟိုရှိနို၏ ဦးခေါင်းနှင့် ထိတွေ့သွားခဲ့သည်။ ဂျိုနင်း၏ ဦးခေါင်းသည် ထိုရိုက်ခတ်မှုတွင် ဒယ်ပြားကိုပင် ပုံပျက်သွားစေသည်အထိ ကြမ်းတမ်းသည်ဟု ဆိုရမည်ဖြစ်သည့်အပြင် အာအိုယမ ဟိုရှိနို၏ ခေါင်းတွင်လည်း ဘုသီးတစ်ခု လျင်မြန်စွာ ဖောင်းတက်လာသည်။

"ကောင်းတယ်...သိပ်ကောင်းတယ်။ ခင်ဗျားက ကျုပ်ကို ဒီလိုနည်းတွေနဲ့ ရိုက်ရဲတယ်ပေါ့လေ။ ခင်ဗျားတို့အားလုံး သေဖို့ပြင်ထား။ ခင်ဗျားတို့ အားလုံးကို သတ်ပစ်မယ်" အာအိုယမ ဟိုရှိနိုဒေါသစိတ်ကြောင့် တုန်ရီနေသည်။ သို့သော်လည်း သူပေါက်ကွဲတော့မည့်အချိန်တွင် လက်တစ်ဖက်က သူ၏ပခုံးပေါ်သို့ ရောက်ရှိလာသည်။

"မလှုပ်နဲ့" ရွှယ်အန်းက တီးတိုး ပြောလိုက်သည်။ အာအိုယမ ဟိုရှိနိုက တောင့်တင်းသွားလေသည်။

သူ့ပခုံးပေါ်သို့ ရွှယ်အန်း၏ထိကိုင်မှုက ပေါ့ပါးသော်လည်း ကြွက်သားများက သူ၏ထိန်းကွပ်မှုအောက်တွင် မရှိတော့သကဲ့သို့ အာအိုယမ ဟိုရှိနိုက ခံစားလိုက်ရသည်။ ပြင်းထန်သော အကျပ်အတည်းတစ်ခုက သူ့အပေါ် လွှမ်းမိုးလာသောကြောင့် ရွှယ်အန်းကို ကြည့်နေသော သူ၏မျက်နှာတွင် ထိတ်လန့်မှုများ ပေါ်ပေါက်လာသည်။

'နူးညံ့သိမ်မွေ့လွန်းတဲ့ ဒီလူက ဘာလို့ ရုတ်တရက်ကြီး ကြီးစိုးလာရတာလဲ'

ဤအချိန်တွင် အန်းယန်က အနည်းငယ် ဒေါသထွက်နေသေးသည်။

"ငါ့အိမ်ထဲကို ရုတ်တရက်ဝင်လာပြီး ငါ့ ယောက်ျားကို ခေါ်သွားချင်တယ်ပေါ့လေ။ ဟမ်း၊ ငါ့ ဒယ်ပြား အစွမ်းကို ပြရသေးတာပေါ့"

အန်းယန်သည် ပြောင်းပြန်ကြေးခွံကို ထိခိုက်မိသော အမျက်ထွက်လုနီးပါးဖြစ်နေသည့် မိခင်နဂါးနှင့်ပင် ဆင်တူသည်။ ရွှယ်အန်းက ရယ်မောလိုက်သည်။

“ကဲပါ မိန်းမရယ်၊ စိတ်မဆိုးပါနဲ့တော့။ ဒီက ဂျိုနင်းလည်း သူမှားတာကို သိသွားလောက်ပြီ၊ ဟုတ်တယ်မလား"

ရွှယ်အန်း၏ အပြုံးကို တွေ့လိုက်ရသော အာအိုယမ ဟိုရှိနိုက သွေးထဲအထိ အေးစက်သွားသကဲ့သို့ ခံစားလိုက်ရသောကြောင့် သူ၏မျက်နှာ ဖြူဖျော့သွားလေသည်။

"မင်းတို့ လူတွေကို ပြန်ပြောပါ၊ ဆန်းဆိုဂျိဘုရားကျောင်းမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေက ငါလုပ်တာ မဟုတ်ဘူး၊ တကယ် ကျူးလွန်သူကို ငါသတ်ပြီးပြီ။ ငါ့ကို ကျေးဇူးတင်နေစရာ မလိုပါဘူး၊ ဒါပေမယ့် ငါ့ကို ထပ်ပြီး မနှောင့်ယှက်နဲ့၊ ငါ့ရဲ့ စိတ်ရှည်မှုက အကန့်အသတ်ရှိတယ်” ရွှယ်အန်းက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

အာအိုယမ ဟိုရှိနိုသည် ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွားကာ ခက်ခက်ခဲခဲ ခေါင်းညိတ်ပြပြီးနောက် မြေကြီးလွတ်မြောက်ခြင်း သိုင်းပညာကို အသုံးပြု၍ ထွက်ပြေးရန် ကြိုးစားခဲ့သည်။ သို့သော် သူ မည်သို့ပြုလုပ်ပါစေ ဤတစ်ကြိမ်တွင် မြေကြီးလွတ်မြောက်ခြင်း သိုင်းပညာကို မစွမ်းဆောင်နိုင်ခဲ့ပေ။ သူ၏ပတ်ဝန်းကျင်ရှိ နေရာလွတ်များသည် လေထုတစ်ခုဖြင့် ပိတ်လှောင်ထားသကဲ့သို့ဖြစ်နေသည်။

အာအိုယမ ဟိုရှိနိုက ကြောက်လန့်စွာဖြင့် လမ်းလျှောက်ထွက်သွားလေသည်။ သူထွက်သွားပြီးနောက် အန်းယန်က စိုးရိမ်တကြီး မေးလိုက်သည်။

“ယောက်ျား၊ ဒီလူတွေ နောက်တစ်ခါ ပြန်လာလောက်လား ဟင်”

"ဒါပေါ့၊ လာမှာပေါ့" ရွှယ်အန်းက ခပ်ပါးပါး ပြုံးလိုက်သည်။

"ကျွန်မတို့ ဘာလုပ်သင့်လဲ" အန်းယန်က စိုးရိမ်တကြီး မေးလိုက်သည်။

"ဒယ်ပြားကိုသုံးပြီး သူတို့ကို အားလုံးကို ရိုက်ထုတ်ကြတာပေါ့" ရွှယ်အန်းက နောက်ပြောင်လိုက်သည်။

အန်းယန်၏ မျက်နှာသည် နီမြန်းလာပြီးနောက် သူမက ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်သည်။

"ဒီလူတွေ ရှင့်ကို ခေါ်သွားမယ်လို့ကြားတော့ ကျွန်မ စိတ်ပူသွားလို့ပါ..."

ရွှယ်အန်းက ရှေ့ကို လှမ်းလာ၍ သူမ၏ခေါင်းလေးကို ပွတ်သပ်လျက် အလိုလိုက်စွာ ပြောလိုက်သည်။

"ရပါတယ်၊ ဒီလူတွေက သွေးမမြင်မချင်းတော့ မှတ်မှာ မဟုတ်ဘူး၊ မင်း လုပ်လိုက်တာ အရမ်းတော်တယ်"

"တကယ်လား"

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

"တကယ်ပေါ့"

အန်းယန်သည် ရှက်ပြုံး ပြုံးနေခဲ့ရာ၊ ကနဦးတွင် ဒယ်ပြားကို ကိုင်ဆောင်ထားသော သူမ၏ ကြမ်းတမ်းသော ပုံသဏ္ဌာန်နှင့် သိသိသာသာ ဆန့်ကျင်ဘက်ဖြစ်နေသည်။ ဖူဂျိတာ့ မိကီသည် သူမ၏ စီနီယာအစ်ကိုဖြစ်သူ အာအိုယမ ဟိုရှိနိုကိုတွေ့သောအခါ လန့်ဖျပ်သွားခဲ့သည်။

"အစ်ကို ဘာဖြစ်လာတာလဲ။ ခေါင်းက ရုတ်တရက်ကြီး ဘာလို့ ဒီလောက်ရောင်နေတာလဲ"

ရှုံ့မဲ့နေသော အာအိုယမ ဟိုရှိနိုက သူ၏ခေါင်းပေါ်ရှိ အဖုကြီးကို ထိလိုက်ပြီးနောက် မချိပြုံး ပြုံးလိုက်သည်

။

"လူတစ်ယောက်က အစ်ကို့ကို ဒယ်ပြားနဲ့ ရိုက်လိုက်တာ၊ ဆန်းဆိုဂျိဘုရားကျောင်းက အဖြစ်အပျက်က ရွှယ်အန်းနဲ့ တကယ် ဆက်စပ်နေတာ။ ဒါပေမယ့် ဒီလူက အရမ်းသန်မာလွန်းတယ်၊ အစ်ကိုတို့တွေ ဂိုဏ်းကို အခုပဲ အကြောင်းကြားသင့်တယ် ထင်တယ်”

"ဘယ်လောက် သန်မာလို့လဲ" ဖူဂျိတာ့ မိကီက မျက်မှောင်ကြုတ်လိုက်သည်။

“အရမ်း သန်မာတယ်၊ ဒီလိုကြောက်စရာကောင်းတဲ့ အရောင်အဝါမျိုးကို ဆရာဆီကနေပဲ အစ်ကို ခံစားဖူးခဲ့တာ”

ဖူဂျိတာ့ မိကီ၏အမူအရာသည် လေးနက်သွားလေသည်။

"သတင်းပြန်ပို့မှရမယ်၊ ဒါကို ကျွန်မတို့ချည်း ကိုင်တွယ်လို့ မရတော့ဘူး"

မကြာမီတွင် ဖူဂျိတာ့ မိကီ၏အစီရင်ခံစာကို အစိုးရ၏ အဆင့်မြင့်အရာရှိများက အာရုံစိုက်လာခဲ့သည်။ ဂျပန်နိုင်ငံတော်၏ ဝန်ကြီးချုပ်သည် အိုးပူပူပေါ်တွင် ရှိနေသေယ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ စိုးရိမ်တကြီး လှည့်ပတ်နေရသည်။

ထိုကဲ့သို့ ကြီးမားသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားရာတွင် သူ ကြုံတွေ့နေရသော ဖိအားများကို မည်သူမဆို တွေးကြည့်နိုင်ပေသည်။ ပြည်သူလူထုကို ကျေနပ်စေသော အဖြေမျိုး မပေးနိုင်လျှင် သူ နုတ်ထွက်ရမည်မှာ သေချာနေပြီဖြစ်သည်။

ထို့ကြောင့် ဖူဂျိတာ့ မိကီက အစီရင်ခံစာ တင်ပြလိုက်လာသောအခါ အဆုံးတွင် တရားခံဖြစ်နိုင်ချေရှိသူကို တွေ့ရှိခဲ့ပြီဟု ဝန်ကြီးချုပ်က ဝမ်းသာအားရဖြစ်သွားလေသည်။ ဤသို့ဖြင့် သူသည် ၎င်းတို့၏အကြံပြုချက်ကို ချက်ချင်း လက်ခံကာ ဖူဂျိတာ့ မိကီနှင့် အခြားလူများကို တာဝန်အပြည့်ပေးအပ်ခဲ့သည်။

နင်ဂျာများသည် ဂျပန်နိုင်ငံတွင် ထူးထူးခြားခြား တည်ရှိမှုမျိုးအဖြစ် ရပ်တည်နေကြသည်။ ၎င်းတို့သည် သမိုင်း၏ အမှောင်ထောင့်များတွင် အမြဲတစေ ပုန်းကွယ်နေ၍ ကမ္ဘာကြီး မငြိမ်မသက်ဖြစ်နေချိန် သို့မဟုတ် စစ်ဘုရင်များ ကြီးစိုးရန် တိုက်ပွဲဝင်နေချိန်မျိုးမှသာ အလင်းထဲသို့ ပေါ်ထွက်လာကြသူများ ဖြစ်သည်။

ခေတ်သစ်လူ့အဖွဲ့အစည်းသို့ ရောက်ရှိလာသည့်အချိန်မှသာ နင်ဂျာများက အမှောင်ရိပ်မှ တဖြည်းဖြည်း ပေါ်ထွက်လာ၍ ဂျပန်နိုင်ငံတွင် မရှိမဖြစ်လိုအပ်သည့် အာဏာအပြောင်းအရွှေ့ကိစ္စမျိုးကို လွှမ်းမိုးနိုင်စွမ်းရှိသော အင်အားစုတစ်ခုဖြစ်လာခဲ့သည်။

ထိုအချိန် ကျူရှုးရှိ အထပ်မြင့် အဆောက်အအုံတစ်ခု၌ ဟာရုခို ရိုဆုခဲက ဆိုဖာပေါ်တွင် လဲလျောင်းလျက် နေ့တစ်နေ့၏ အကောင်းဆုံးအချိန်ကို ခံစားနေခဲ့သည်။ ရုတ်တရက်ဆိုသလိုပင် ဖြူဆွတ်သော အလင်းတန်း တစ်ခု ဖြည်းဖြည်း ပေါ်ပေါက်လာသည်။ ဟာရုခို ရိုဆုခဲက အနည်းငယ် မျက်မှောင်ကြုတ်၍ အဖြူရောင်အလင်းတန်းကို လက်ညိုးဖြင့် ဖိလိုက်ချိန်တွင် ၎င်းက စာတစ်စောင်ဖြစ်နေကြောင်း ရှင်းလင်းစွာ မြင်တွေလိုက်ရသည်။

၎င်းသည် အရေးကြီးသော အချက်အလက်များကို ပေးပို့ရာတွင် နင်ဂျာအသုံးပြုလေ့ရှိသည့် လျှို့ဝှက်နည်းပညာတစ်ခုဖြစ်သည်။ ၎င်းကိုဖတ်ပြီးနောက် ဟာရုခို ရိုဆုခဲသည် တစ်စုံတစ်ခုကို တွေးတောနေပုံဖြင့် မျက်လုံးများကို မှိတ်ထား၍ ခဏအကြာတွင် လေးနက်သော အမူအရာဖြင့် မျက်လုံးများကို ပြန်ဖွင့်လိုက်သည်။

"တစ်ယောက်ယောက်လာခဲ့"

ပုံရိပ်ပေါင်းများစွာ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။

"သခင်ကြီး"

"အမိန့်ထုတ်လိုက်၊ အထွတ်အမြတ် နင်ဂျာ မုရှူ ကို တိုကျိုမြို့ကို စေလွှတ်လိုက်"

“ဟုတ်ကဲ့"

ဟာရုခို ရိုဆုခဲသည် မျက်ခုံးပင့်၍ လေးနက်သော အမူအရာဖြင့် မတ်တပ်ထရပ်ပြီးနောက် အခန်းထဲတွင် အရှေ့အနောက် လျှောက်သွား လျှောက်လာလုပ်သည်။ ရွှယ်အန်းဟူသော ဤနာမည်သည် သူ၏နှလုံးသားထဲတွင် လှိုင်းထန်စေခဲ့သည်။

မကြာသေးမီ ရက်များအတွင်း၊ ဂျပန်နိုင်ငံ၏ သိုင်းပညာလောကသည် ပြင်းအားကိုးဆင့်ရှိသော မြေငလျင် တိုက်ခိုက်သွားသကဲ့သို့ မငြိမ်မသက်ဖြစ်နေခဲ့သည်။ မည်သို့ဆိုသော် ဟိုခုရှင်း အိတိုယူနှင့် ဓားဆွဲခြင်း သိုင်းပညာအပါအဝင် အဓိကဓားတာအို ကျောင်းများစွာရှိ ဓားသူတော်စင်များ အားလုံး သေဆုံးခဲ့ရ၍ ကျိုဝနတ်ကွန်းမှ ဆရာတော်များစွာ သေဆုံးခဲ့ရသောကြောင့် ဖြစ်သည်။

ဆန်းဆိုဂျိဘုရားကျောင်းတွင် ဖြစ်ပျက်ခဲ့သော အရာများသည် ဂျပန်နိုင်ငံ၏ သိုင်းပညာလောကရှိ ပုဂ္ဂိုလ်များအားလုံးက သိချင်နေသော အရာတစ်ခု ဖြစ်လာသည်။ သို့သော် ၎င်းဖြစ်စဉ်တွင် ဤရွှယ်အန်းက ဧကန်မုချ ပါဝင်ပတ်သက်နေပုံရသည်။ ဤသို့တွေးနေသော ဟာရုခို ရိုဆုခဲ၏ မျက်နှာထက်တွင် သတ်ဖြတ်လိုစိတ်ရောင်ဝါများထင်ဟပ်လာသည်။

"တခြားနင်ဂျာကျောင်းတွေကိုလည်း အကြောင်းကြားထား၊ ဒီတစ်ခါတော့ ကျုပ်တို့ ဂျပန်အင်ပါယာကြီးရဲ့ ဆာမူရိုင်းတွေအပေါ် ရန်ဆွရဲတဲ့လူကို တန်ရာတန်ကြေး ပေးဆပ်ခိုင်းရမယ်

“ဟုတ်ကဲ့"

သိပ်မကြာမီတွင် နင်ဂျာကျောင်းပေါင်းများစွာရှိ အကြီးအကဲများသည် လျှို့ဝှက်စာများနှင့် ဝန်ကြီးချုပ်ထံမှ ဖိတ်ကြားချက်များကို လက်ခံရရှိခဲ့ကြသည်။ အမှောင်ထဲတွင် ပုန်းအောင်းလေ့ရှိသော ဤလုပ်ကြံသတ်ဖြတ်သူများစွာက ၎င်းတို့၏ ချွန်ထက်သော အစွယ်တွေကို ထုတ်ပြ၍ ပေါ်ထွက်လာလေ၏။

အခန်း (၂၂၄) အခိဟဘရတိုက်ပွဲ

တိုကျိုမြို့၊ အခိဟဘရသည် အနန္တနယ်မြေ၏ ဒုတိယပိုင်းအတွက် အလွန်အရေးပါသော အထွတ်အမြတ်ကုန်းမြေဖြစ်ရာ၊ ဤနေရာတွင် နေ့စဉ်နေ့တိုင်း သွားလာသူများသည် ကမ္ဘာတစ်ဝှမ်းရှိ အနီမဲနှင့်ပတ်သက်၍ ဝါသနာပါသူများ ဖြစ်ကြသည်။ လမ်းပေါ်တွင် ထူးခြားဆန်းပြားသော ဝတ်စုံများ ၀တ်ဆင်ထားသော လူမျိုးစုံကို တွေ့ရလေ့ရှိသည်။

"ဖေဖေ၊ ဖေဖေ၊ ဟိုမှာ ကြည့်ပါဦး...အာထရာမန်း"

ရွှယ်ရှန်းက လမ်းပေါ်ရှိ တစ်စုံတစ်ယောက်ကို စိတ်လှုပ်ရှားစွာ ညွှန်ပြနေသည်။

မိန်းကလေးငယ်လေး တစ်ဦးအနေဖြင့် ကြည့်ရှုရာတွင် သူ အကြိုက်ဆုံးအရာက အာထရာမန်းသာဖြစ်သည်။ ထိုအချိန်တွင် ဆာကူရာအဖြစ် ဝတ်ဆင်ထားသော မိန်းကလေးတစ်ဦးကို ကြည့်နေသော ရွှယ်နျန်၏ မျက်လုံးများ တောက်ပလာသည်။ ရွှယ်အန်းသည် စိတ်လှုပ်ရှားနေသော သူ၏သမီးငယ်လေး နှစ်ယောက်ကို ကြည့်၍ ပြုံးလိုက်သည်။

"ဒါဆို သမီးတို့နှစ်ယောက်ကရော ဘာဝတ်ချင်လဲ"

"သမီးက Peppa Pig (ဝက်ကာတွန်းကား) ဖြစ်ချင်တယ်" ရွှယ်နျန်က ဦးစွာ ပြောလိုက်သည်။

“အယ်…” ရွှယ်အန်းက မျက်ခုံးများကို ပင့်တင်လိုက်သည်။

"ဒါဆို ငါက George ဖြစ်ရမှာပေါ့၊ ဒါပေမယ့် ရပါတယ်" ရွှယ်ရှန်းသည်လည်း သဘောတူကြောင်း ခေါင်းညိတ်ပြသည်။

"အဲ့လိုဆိုရင်ရလား ဝက်တို့ ဖေဖေ" ရွှယ်နျန်သည် ရွှယ်အန်း၏လက်ကို ခါယမ်း၍ တောင်းဆိုနေသော အသံများဖြင့် ပြောလိုက်သည်။

မရေတွက်နိုင်သော မုန်တိုင်းများကို ကြံ့ကြံ့ခံ ရင်ဆိုင်၍ အနန္တဘုံ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သော နတ်ဘုရားရွှယ်အန်းသည် မိမ၏ဆုံးဖြတ်ချက်က ကျောက်တုံးကဲ့သို့ ခိုင်မာသည့်အပြင် မည်သည့်အရာကမှ ဖျက်ဆီး၍မရဟု ယူဆခဲ့သူဖြစ်သည်။

သို့သော်လည်း ကလေးမလေး၏ ချော့မြှူသော စကားသည် ခက်ခဲသောအရာမျိုး မဟုတ်သည့်အပြင် သေးငယ်သော အမှုကိစ္စသာဖြစ်သည်။ ထို့ကြောင့် ရွှယ်အန်းက တစ်စက္ကန့်မျှသာ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။

"ရေး ဖေဖေက အကောင်းဆုံးပဲ" ကလေးမလေးနှစ်ဦးစလုံးက ဝမ်းသာအားရ ခုန်ပေါက်နေကြသည်။ အန်းယန်သည် ဤမြင်ကွင်းကို ကြည်နူးစွာ ရပ်ကြည့်နေသည်။

"မေမေနဲ့ ဖေဖေတို့က ဝက်မိဘတွေဖြစ်သွားပြီ" ရွှယ်ရှန်းက လေးနက်စွာ မှတ်ချက်ချလိုက်သည်။

အန်းယန်၏ မျက်နှာပေါ်ရှိ အပြုံးများ အေးခဲတောင့်တင်းသွားသည်။ တခိဟဘရသည် ဂျပန်ကာတွန်းများအတွက် အထွတ်အမြတ် ကုန်းမြေဖြစ်သောကြောင့် လမ်းဘေးဆိုင်များတွင်ပင် ကာတွန်းဇာတ်ဆောင်များကဲ့သို့ ဝတ်စားဆင်ယင်ခြင်းနှင့် ဆက်စပ်သည့်ပစ္စည်း အမျိုးမျိုးကို ရောင်းချနေသည်။ ဤသို့ဖြင့် မိနစ်အနည်းငယ် ကြာမြင့်သွားခဲ့ရာ၊ အခိဟဘရ လမ်းပေါ်ရှိ လူအများက Peppa Pig မှ မိသားစုကို တွေ့လိုက်ရလေသည်။ သို့သော် ဤမိသားစုက ဆွဲဆောင်မှု မြင့်မားသောကြောင့် လူအများ၏ အာရုံစိုက်မှုကို သိသိသာသာ ရရှိခံခဲ့ကြသည်။

ဤသို့ဖြစ်လေလေ ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့က ပို၍ပျော်ရွှင်လေလေ ဖြစ်လာကာ အရှေ့က ဦးဆောင်လျှောက်နေသည်။ ရွှယ်အန်းနှင့် အန်းယန်တို့သည် ခေါင်းပေါ်တွင် ဝက်နားရွက် ဦးထုပ်များ ဆောင်းထားကာ ရှက်ရွံ့နေသော အရိပ်အမြွက်များဖြင့် အနောက်မှ လိုက်လာကြသည်။

"ရှန်းရှန်းနဲ့ နျန်နျန်တို့ ပင်ပန်းနေပြီလား။ ရေခဲမုန့်စားဖို့ နေရာရှာကြရင်ရော ဘယ်လိုလဲ" ရွှယ်အန်းသည် ရေခဲမုန့် ဝှက်ဖဲကို အသုံးပြုလိုက်သည်။

သို့သော် ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့ နှစ်ဦးစလုံးက မကျေနပ်သော မျက်နှာဖြင့် ခေါင်းကို တင်းတင်း ခါလိုက်ကြသည်။

"ဝက်ဖေဖေ၊ ကျေးဇူးပြုပြီး သမီးတို့ကို Peppa နဲ့ George လို့ ခေါ်ပါ"

သုံးနာရီကြာပြီးနောက် ကလေးမလေးနှစ်ဦးက သွားလာလှုပ်ရှားရာမှ ပင်ပန်းသွားကြီပြီဖြစ်သည်။ ရွှယ်အန်းနှင့် အန်းယန်တို့က စိတ်သက်သာရာရ ရစွာဖြင့် သက်ပြင်းတစ်ချက်ချရုံမှတစ်ပါး မတတ်နိုင်ပေ။ ထိုသုံးနာရီအတွင်း ဓါတ်ပုံရိုက်ရန် လာရောက်တောင်းဆိုသူ အများအပြားရှိခဲ့ကြသည်။ ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့သည် ရှိုးပွဲလုပ်ငန်းအတွက် အလားအလာကောင်း ရှိသူများဟု ယုံကြည်မှုဖြင့် စိတ်လှုပ်ရှားစွာ ချဉ်းကပ်လာသော အရည်အချင်း ကင်းထောက်အနည်းငယ်ပင် ရှိနေသေးသည်။ သို့သော် ၎င်းတို့အားလုံးကို ရွှယ်အန်းက ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။

"ဖေဖေ ဝက်၊ သမီး ဗိုက်ဆာနေပြီ" ရွှယ်နျန်က အသံပြုလိုက်သည်။

"သွားစားရအောင်" ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

ရွှယ်နျန် မလှုပ်မယှက်ဖြစ်နေသောကြောင့် ရွှယ်အန်းက သက်ပြင်းချလိုက်သည်။

"ကဲ ချစ်လှစွာသော Peppa ရေ၊ တစ်ခုခုသွားစားကြမလား"

"အိုကေပါ၊ ဖေဖေဝက်" ထိုအချိန်မှ ရွှယ်နျန်က ပြုံးလိုက်သည်။

ည အမှောင်ကျရောက်လာသောကြောင့် အခိဟဘရတွင် မီးရောင်များ ထိန်လင်းလာသည်။ ရွှယ်အန်းသည် ညစာစားရန်အတွက် သူ၏မိသားစုကို စားသောက်ဆိုင်သို့ ခေါ်သွားခဲ့သည်။ ၎င်းတို့၏အရသာ အာရုံများကို ရွှယ်အန်းက မြှင့်တင်ခဲ့သော်လည်း တစ်နေ့တာလုပ်ဆောင်မှုများကြောင့် အမှန်တကယ် ငတ်မွတ်နေသောကြောင့် ကလေးမလေးနှစ်ဦး မြိန်ရေရှက်ရေ စားသောက်နေကြသည်။

ရွှယ်အန်းသည် ဝိုင်ကို ဖြည်းညှင်းစွာ သောက်သုံး၍ ၎င်းတို့ကို ပြုံးလျက် ကြည့်နေသည်။ ဤအခိုက်အတန့်တွင် အပြင်ဘက်တွင် မိုးများ လေများ စတင်တိုက်ခတ်လာသဖြင့် အခန်းတွင်းရှိ သက်သောင့်သက်သာရှိမှုကို ပိုမိုထူးခြားလာစေသည်။ တံခါးဝသည် ရုတ်တရက် တွန်းဖွင့်ခံလိုက်ရသောကြောင့် အေးစက်စက် လေအေးများနှင့် ရောယှက်နေသော မိုးရေများ ဝင်ရောက်လာလေသည်။ ရွှယ်အန်းက အနည်းငယ် မော့ကြည့်လိုက်ချိန်တွင် ရင်းနှီးသော မျက်နှာပိုင်ရှင်ကို တွေ့လိုက်ရသည်။

"စိတ်မရှိပါနဲ့ မစ္စတာအက်ဒ်ဝပ်၊ ရှင့်ရဲ့ဂုဏ်ကျက်သရေရှိ နောက်ခံအသိုင်းအဝိုင်းကို ကျွန်မ စိတ်မဝင်စားဘူး။ အခု သူငယ်ချင်းနဲ့ ညစာစားတော့မှာမို့လို့ ကျေးဇူးပြုပြီး အနောက်က ဆက်မလိုက်ပါနဲ့တော့" ပင်ချောင်က ဒေါသ အရိပ်အမြွက်များဖြင့် ပြောလိုက်သည်။

“မစ္စတာအက်ဒ်ဝပ်၊ ပင်ချောင့်ဘက်က ရှင်းရှင်းလင်းလင်း ပြောပြီးပြီပဲ၊ ကျေးဇူးပြုပြီး ဆက်မလိုက်ပါနဲ့တော့" ခဝဒ ခဲအိခိုသည်လည်း နံဘေးမှ အေးစက်စွာ ပြောလာသည်။

ဤအတောအတွင်း၌ ရွှေရောင်ဆံပင်နှင့် မျက်လုံးအပြာရောင်များ ရှိသော နိုင်ငံခြားအမျိုးသားတစ်ဦးက ရယ်မောလိုက်သည်။

“မိန်းကလေး ပင်ချောင်၊ မင်းရဲ့ကုမ္ပဏီကို ကျွန်တော် မေးထားပြီးပြီ၊ နောက်ရက်အနည်းငယ်အတွင်း မင်းမှာ ချိန်းဆိုထားတာ ဘာမှမရှိဘူးတဲ့။ ဒီတော့ ကျွန်တော်တို့အတူတူ ညစာစားတာက ပိုမကောင်းဘူးလား"

ပင်ချောင်သည် ဒေါသတကြီး ထွက်ခွာသွားလေသည်။ ဤအက်ဒ်ဝပ်သည် ပင်ချောင် အလုပ်လုပ်နေသည့် ကုမ္ပဏီ၏ဥက္ကဌနှင့် ဆွေမျိုးတော်ဆက်သူဖြစ်၍ အမေရိကားမှ တိုကျိုမြို့သို့ စီးပွားရေးလုပ်ငန်းအတွက် ရောက်လာသူဖြစ်သည်။

သို့သော် သူသည် ပင်ချောင်နှင့် မမျှော်လင့်ဘဲ ကြုံတွေ့လိုက်ရကာ ထိုအချိန်မှစ၍ တစ်စုံတစ်ဦးက ဝင်ပူးထားသည့်နှယ့် သူမ သွားလေရာတိုင်းကို အနောက်က တစ်ကောက်ကောက် လိုက်နေခဲ့သည်။ ဤဖြစ်စဉ်သည် ပင်ချောင့်ကို အလွန် စိတ်အနှောက်အယှက်ဖြစ်စေသည်။ အဆုံးတွင် ခဲအိခိုနှင့် အတူစားသောက်ရန်အတွက် အပြင်ထွက်လာချိန်တွင်ပင် ဤဇွဲကောင်းသော ကရိကထဖြစ်သူက သူမ အနောက်သို့ အရိပ်တစ်ခုသဖွယ် ထပ်မံ လိုက်လာပြန်သည်။

ခဝဒ ခဲအိခို၏မျက်နှာအမူအရာသည်လည်း မကျေမနပ်ဖြစ်နေခဲ့ရာ၊ သူမက ခေါင်း လှည့်လိုက်ချိန်တွင် အဝေးက ရွှယ်အန်းကို မြင်လိုက်ရသောအခါ သူမ၏မျက်လုံးများ တောက်ပလာ၍ ပင်ချောင်ကို လက်တို့လိုက်သည်။

"ဟိုမှာကြည့်"

ပင်ချောင်က လှည့်ကြည့်လိုက်ချိန်တွင် သူမသည်လည်း ခေတ္တ အံ့အားသင့်သွားသည်။

လိမ္မာပါးနပ်သော အပြုံးဖြင့် ခဝဒ ခဲအိခိုသည် ပင်ချောင်၏ တားမြစ်ရန် ကြိုးစားမှုကို လျစ်လျူရှုလျက် ရွှယ်အန်းဆီ တည့်တည့် လျှောက်သွားလေသည်။

“ဟယ်လို မစ္စတာရွှယ်"

ခဝဒ ခဲအိခိုက ရဲဝံ့စွာ နှုတ်ဆက်လိုက်သည်။ ရွှယ်အန်းက ထိုင်ခုံကို မှီပြီးနောက် ခပ်ပါးပါး ပြုံးလိုက်သည်။

"ဟယ်လို"

ဖြစ်ပျက်ခဲ့သမျှကို သူ မြင်လိုက်ရသောကြောင့် သူမဘက်မှ မည်သို့ ဆက်လုပ်မည်ဆိုသည်ကို သိချင်နေသော ရွှယ်အန်းက ခဝဒ ခဲအိခိုကို ကြည့်နေလိုက်သည်။ ခဝဒ ခဲအိခိုသည် ပုံမှန်အချိန်တွင် မည်သည့်အရာကိုမျှ မကြောက်တတ်သော်လည်း ရွှယ်အန်း၏ ခံစားချက်ကင်းမဲ့သည့် အကြည့်အောက်တွင် အနည်းငယ် စိတ်မသက်မသာ ဖြစ်နေမိသည်။ သူမ ပြောချင်သော စကားများသည်လည်း မှန်ကန်စွာ ထွက်လာခဲ့ပုံ မပေါ်ပေ။

အဆုံးတွင်၊ ပင်ချောင်က နှုတ်ခမ်းများကို ဖိကိုက်ကာ အရှေ့သို့ လှမ်းလာခဲ့သည်။

“ဒီမှာ ပြန်တွေ့ရတာ တိုက်ဆိုင်လိုက်တာနော် မစ္စတာရွှယ်"

ရွှယ်အန်းက ခေါင်းညိတ်ပြပြီးနောက် မျက်နှာအမူအရာ မည်းမှောင်လာသော အက်ဒ်ဝပ်ကို တစ်ချက်ကြည့်လိုက်သည်။

"တစ်စုံတစ်ယောက်ကတော့ သိပ်ပျော်ပုံမပေါ်ဘူး"

“ ဒီလူက အရမ်းစိတ်ညစ်ဖို့ ကောင်းလွန်းလို့ ကျေးဇူပြုပြီး ကူညီပေးပါ မစ္စတာရွှယ်" ပင်ချောင်က အံကြိတ်လျက် တီးတိုး ပြောလိုက်သည်။

ရွှယ်အန်းက ပြုံးလိုက်သည်၊ မည်သို့ဆိုသော် သူ လုပ်ဆောင်ရန် မလိုအပ်ဘဲ အက်ဒ်ဝပ်က အရှေ့သို့ လှမ်းလာနေပြီဖြစ်သည်။

" ဒါက... ဘယ်သူပါလိမ့်" အက်ဒ်ဝပ်က အထက်စီးဆန်စွာ မေးလိုက်သည်။

“ဒါက ကျွန်မတို့ရဲ့ မိတ်ဆွေ တရုတ်နိုင်ငံက မစ္စတာရွှယ်ပဲ။ မစ္စတာအက်ဒ်ဝပ်၊ အပြင်မှာလည်း မိုးတွေရွာနေပြီ ကျေးဇူးပြုပြီး သွားပါတော့"

သူမ၏ စိတ်ထဲတွင် အလွန် ဒေါသထွက်နေသော်လည်း အက်ဒ်ဝပ်က ကုမ္ပဏီ၏ စီနီယာအမှုဆောင်တစ်ဦးဖြစ်သောကြောင့် ပင်ချောင်က သူမ၏ ဒေါသများကို ချုပ်တည်း၍ ခံစားချက် ကင်းမဲ့စွာ ပြောလိုက်သည်။

ထိုသို့ကြားသောအခါ အက်ဒ်ဝပ်၏ မျက်လုံးထဲတွင် ရက်စက်သော အကြည့်များ လင်းလက်လာသည်။

“တရုတ်တဲ့လား။ ဟား မိန်းကလေး ပင်ချောင်မှာ တရုတ်ပြည်က သူငယ်ချင်းတွေရှိနေမယ်လို့ ကျွန်တော် မမျှော်လင့်ထားဘူး။ တကယ့်ကို အံ့သြစရာပဲ”

ပြီးနောက် အက်ဒ်ဝပ်က ရွှယ်အန်းကိုကြည့်လိုက်သည်။

"မစ္စတာရွှယ်က ဘယ်ကုမ္ပဏီရဲ့စီနီယာအမှုဆောင်လဲဆိုတာ မေးလို့ရမလား"

ရွှယ်အန်းက ခေါင်းခါလိုက်သည်။

"ကျုပ်က ဘယ်ကုမ္ပဏီရဲ့ စီနီယာ အမှုဆောင်မှ ဟုတ်ပါဘူး၊ ဂျပန်နိုင်ငံကို အပျော် လျှောက်လည်ဖို့ လာခဲ့တာ"

အက်ဒ်ဝပ်သည် လေးနက်သော အဓိပ္ပါယ်ဖြင့် ပြုံးလိုက်သည်။

"အို၊ ကျုပ်သိပြီ"

ပြီးနောက် အက်ဒ်ဝပ်က ရွှယ်အန်းကို တစ်ချက်မျှ မကြည့်ဘဲ ပင်ချောင်ဘက်သို့ လှည့်ငြည့်လိုက်သည်။

"မိန်းကလေး ပင်ချောင်၊ ဒီနေရာရဲ့ ပတ်ဝန်းကျင်က ဆိုးရွားလွန်းတယ်၊ ပြင်သစ် စားသောက်ဆိုင်ကို ကျွန်တော် ခေါ်သွားပေးမယ်လေ ဘယ်လိုလဲ"

ပင်ချောင်၏ မျက်နှာအမူအရာ အလွန်အကျည်းတန်သွားသည်။ သူမက တစ်စုံတစ်ခု ပြောခါနီးတွင် ခဝဒ ခဲအိခိုသည် သရဲတစ္ဆေမြင်ဖူးသကဲ့သို့ ပြတင်းပေါက်အပြင်ဘက်သို့ ညွှန်ပြ၍ တုန်ရီစွာ ပြောလိုက်သည်။

“အမလေး၊ လူတွေက မိုးရေထဲမှာ ကော့စ်ပလေး လုပ်နေကြတာလား”

သူမ တင်မကဘဲ စားသောက်ဆိုင်ထဲတွင် စားသောက်နေသူ အများစုသည်လည်း ထိုအံ့အားသင့်စရာ မြင်ကွင်းကို မြင်တွေ့လိုက်ရသည်။ မိုးရွာသော ညတစ်ည၏ အခိဟဘရလမ်းပေါ်တွင် ရှေးဆာမူရိုင်းဝတ်စုံများ သစ်သားတုံး ဖိနပ်များနှင့် ကောက်ရိုးဦးထုပ်များ ဝတ်ဆင်ထားသော အမျိုးသားတစ်စုက ဖြည်းညှင်းစွာ ချဉ်းကပ်လာခြင်းကို တွေ့လိုက်ရလေသည်။

ဤအမျိုးသားအုပ်စုသည် လမ်းလျှောက်ချိန်တွင် အသံမထွက်သည့်အပြင် မြေပြင်ပေါ်ရှိ မိုးရေများကိုပင် နင်းခဲ့ကြပုံ မပေါ်ပေ။ လူတိုင်းက တအံ့တသြ စိုက်ကြည့်နေကြစဉ်၊ ရွှယ်အန်းက သူ၏ဝိုင်တစ်ခွက်ကို ကောက်ယူ၍ ဖြည်းဖြည်းချင်း တစ်ငုံသောက်လိုက်ပြီးနောက် ဘာသိဘာသာ ပြောလိုက်သည်။

"တကယ်ပါပဲ၊ တယ်လည်း နှောင့်ယှက်ရ ဝါသနာပါတဲ့ လူတွေပါလား"

အခန်း (၂၂၅) လူ့လောကမှာ သုံးပေရှည်အောင် ပွင့်လန်းတဲ့ အလင်းရောင် ဓားတစ်လက် ရှိသင့်တယ်

“ဒါက ဘာလဲ။ ရုပ်ရှင်ရိုက်နေကြတာလား" အက်ဒ်ဝပ်က အံ့အားသင့်စွာ ဆိုလိုက်သော်လည်း သူ့ကို ဘယ်သူမျှ ဂရုမစိုက်ကြပေ။

မည်သို့ဆိုသော် ထိုတိတ်တဆိတ် ချီတက်နေသော အမျိုးသားများက ဤစားသောက်ဆိုင်ဆီသို့ ဦးတည်နေသောကြောင့်ဖြစ်သည်။ ၎င်းတို့ကို ဖန်နံရံများဖြင့် ပိုင်းခြားထားသော်လည်း၊ ပြင်းထန်သည့် အင်အားကြီး အရောင်အဝါများကို ခံစားနေရဆဲဖြစ်သည်။ အသည်းငယ်သူအများစုကပင် ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေလေသည်။

အက်ဒ်ဝပ်က ဟန်လုပ်ပြုံး၍ ပြောလိုက်သည်။

"ဟားဟား၊ ဒီလူတွေလည်း ဒီမှာစားသောက်ချင်နေပုံပဲ ဟုတ်တယ်မလား"

သို့သော် သူ၏ဟာသစကားက အချိန်လွဲမှားနေလေသည်။

"ကျေးဇူးပြုပြီး ပါးစပ်ပိတ်ထားပေးပါ" ပင်ချောင်က အေးစက်စွာ ပြောလိုက်သည်။

အက်ဒ်ဝပ်သည် သူ၏ပါးစပ်ကို ရှက်ကိုးရှက်ကန်း ပိတ်လိုက်ပြီးနောက် ရွှယ်အန်းကို လှည့်ကြည့်လိုက်သည်။ ဤထူးဆန်းသော ဟွာရှားအမျိုးသားက မည်သို့တုံ့ပြန်မည်ကို သူ ကြည့်ချင်နေမိသည်။ ထိုအချိန်တွင် ရွှယ်အန်ယ သူ၏ခွက်ထဲတွင် ဝိုင်ကို ဖြည်းညှင်းစွာ သောက်သုံးပြီးသွားကာ မတ်တပ်ထရပ်၍ အန်းယန်ကို ပြုံးပြလိုက်သည်။

"ဒီမှာ ခဏနေခဲ့ဦး"

အန်းယန် ခေါင်းညိတ်လိုက်သည်။ ကလေးမလေးနှစ်ဦးက ၎င်းတို့၏ တူချောင်းများကို စားပွဲပေါ် ချလိုက်၍ ရွှယ်အန်းကို ပြောလိုက်သည်။

“သွားပါ ဖေဖေ”

ရွှယ်အန်းက ပြုံးလိုက်သည်။

"ကောင်းပြီ"

ရွှယ်အန်းက မည်သို့ ပြုလုပ်မည်ကို မသိသော အက်ဒ်ဝပ်က စကားပြောရန် ဟန်ပြင်လိုက်ချိန်တွင် ရွှယ်အန်း၏လက်များက ပြတင်းပေါက်မှန်ကို ဖိလိုက်ခြင်းကို တွေ့လိုက်ရသည်။ မှန်ချက်သည် ကျည်ဆန် ထိမှန်သွားသကဲ့သို့ ချက်ချင်းကွဲအက်၍ ပြိုကျသွားကာ မိုးများ လေများရွာချလာသောကြောင့် ရွှယ်အန်း၏ အင်္ကျီ လက်စများက ဆူညံစွာ လှုပ်ရှားလာသည်။

ပြီးနောက် ရွှယ်အန်းသည် မိုးများ လေများ ရွာသွန်းမှုပေအာက်သို့ ဖြည်းညှင်းစွာ လျှောက်လာ၍ ဝိုင်းဖွဲ့နေသော လူတစ်စုကို ကြည့်လိုက်သည်။

"ကျုပ်ရဲ့စိတ်ရှည်မှုက အကန့်အသတ်ရှိတယ်လို့ ပြောခဲ့တယ်လေ၊ ဘာလို့ နားမလည်ရတာလဲ"

ခေါင်းဆောင် အမျိုးသားက ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ချိန် ကောက်ရိုးဦးထုပ်အောက်တွင် ခံစားချက် ကင်းမဲ့ရုံတင်မကဘဲ လူသားမဆန်သော မျက်လုံးတစ်စုံဟုပင်ဆိုနိုင်သည့် မျက်လုံးတစ်စုံကို မြင်လိုက်ရသည်။

“သတ်” သူသည် စကားတစ်ခွန်းသာ ဖွင့်ဟလိုက်သည်။ ၎င်းတို့အားလုံး ရုတ်တရက် ပျောက်ကွယ်သွားလေသည်။ ဤအခိုက်အတန့်တွင် အဝေးတစ်နေရာရှိ အထပ်မြင့် အဆောက်အအုံတစ်ခုပေါ်တွင် ဟာရုခို ရိုဆုခဲက အနည်းငယ် သက်ပြင်းချလိုက်သည်။

"ရူဆုအိ ယူးတွေရဲ့ ရေလွတ်မြောက်ရေးနည်းပညာက ကမ္ဘာပေါ်မှာ တကယ့်ကို တုနှိုင်းမဲ့ပဲ"

သူ၏နံဘေးတွင် ရပ်နေသော လူတစ်ယောက်က ဂုဏ်ယူစွာ ပြုံးလိုက်သည်။

" မုရှင်းနင်ဂျာတွေရဲ့ ပညာကလည်း မဆိုးပါဘူး၊ ဒါပေမယ့် ဒီရွှယ်အန်းက တကယ် အင်အားကြီးနေရင်တောင်မှ ကျုပ်တို့ဘက်က လူတွေ အများကြီးကို မြင်တဲ့အချိန် ဘာလို့ထွက်မပြေးတာလဲ သိချင်မိသား။ မဟုတ်မှလွဲရော ဟွာရှားမှာလည်း ရူးကြောင်ကြောင် ဆာမူရိုင်း စိတ်ဓာတ်တွေ ဘာတွေများရှိနေတာလား မသိဘူး”

ဆာမူရိုင်း၏ စိတ်ဓာတ်ဟု ဖော်ညွှန်းသောအခါ ထိုလူသည် အတော့်ကို မထီမဲ့မြင်ပြုနေခဲ့သည်။ ဟာရုခို ရိုဆုခဲက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ဒါက ဟွာရှားလူမျိုးတွေပြောတဲ့ စည်းမျဥ်းစည်းကမ်းဆိုတာ ဖြစ်သင့်တယ်၊ ဘယ်လိုပဲဖြစ်ဖြစ် သူက သူ့မိသားစုနဲ့ လာခဲ့တာကို"

ယူးဆုအိ ယူးမှ ဖုရှိမိ ခဇုဟိရိုသည် အဝေးမှ ရွှယ်အန်းကို မထီမဲ့မြင်ပြုကာ ကြည့်၍ တိတ်တဆိတ် ရယ်မောလိုက်သည်။

'ကျုပ်လက်ချက်နဲ့ ခြုံခိုတိုက်ခိုက်ခံရလို့ လွတ်မြောက်ခဲ့တဲ့လူ မရှိခဲ့ဖူးဘူး၊ မင်းရောပဲ။ မကြာခင်မှာ ခင်ဗျားက ကျုပ်ဆိုတဲ့ ရူဆုအိ ယူးရဲ့လက်ချက်နဲ့ သေရတဲ့ အယောက်သုံးရာမြောက် ကျွမ်းကျင်ပညာရှင် ဖြစ်လာလိမ့်မယ်'

ဖုရှိမိ ခဇုဟိရိုသည် ဘဝင်ခိုက်သော ခံစားမှုမျိုး ခံစားနေရသည်။ မိုးများ လေများကြားတွင် ရပ်တန့်နေသော ရွှယ်အန်းက အရှေ့သို့ ဖြည်းဖြည်းချင်း တစ်လှမ်းတိုးလိုက်သည်။

သို့သော် သူ၏ခြေလှမ်းက မြေမြင်ပေါ်သို့ မကျရောက်မီတွင် လူတစ်ယောက်က သူ၏နံဘေးတွင် ရုတ်တရက် ပေါ်ပေါက်လာ၍ ဓါးဖြင့် ထိုးစိုက်လိုက်သည်။ ဤဓား၏ စွမ်းအင်နှင့် အရှိန်အဟုန်သည် ပြင်းထန်မှု အထွတ်အထိပ်သို့ ရောက်ရှိနေသည်။ သို့သော် ရွှယ်အန်းက ၎င်းကို တစ်ချက်မျှ လှည့်မကြည့်ဘဲ သူ၏ခြေဖဝါးကို ခပ်ဖွဖွ နင်းချလိုက်သည်။

တိတ်တဆိတ် တိုက်ခိုက်လာသော နင်ဂျာသည် အမြောက်တစ်ခုဖြင့် ပစ်ခတ်ခံခဲ့ရသည့်နှယ် အနောက်သို့ လွင့်ပျံသွားပြီးနောက် မရေတွက်နိုင်သော မိုးရေမျးကြားမှ တိုက်ရိုက် ဖြတ်သန်းသွားလေသည်။ ဤမြင်ကွင်းသည် စားသောက်ဆိုင်အတွင်းရှိ လူတိုင်းကို တုန်လှုပ်သွားစေသည်။

အက်ဒ်ဝပ်က အံ့ဩသွားပြီးနောက် တီးတိုး ရေရွတ်လိုက်သည်။

“ဘုရားရေ၊ ကွန်ဖူးပါလား။ ဟွာရှားလူမျိုးတွေ တကယ် ကွန်ဖူးတတ်တာပဲ”

ဤအခိုက်အတန့်တွင် လေထုအခြေအနေ ပိုမိုတင်းမာလာနေခဲ့ရာ အချောင်း နှစ်ဆယ်ထက်မနည်းသော ဓါးများက ရွှယ်အန်း၏ အထက် အောက်နှင့် ဘေးနှစ်ဖက်မှ ထိုးနှက်ခြင်းဖြင့် သူ၏ထွက်ပေါက်များကို ပိတ်ဆို့ထားလိုက်သည်။ အဝေးတစ်နေရာရှိ အထပ်မြင့် အဆောက်အအုံကြီးပေါ်မှ ကြည့်ရှုနေသူများက သက်ပြင်းတစ်ချက်ချလိုက်သည်။ အာအိုယမ ဟိုရှိနိုသည် သူမ၏ မျက်လုံးများကို ဘဝင်ခိုက်စွာ စူးစိုက်၍ ကြည့်လိုက်သည်။

ယခုအချိန် ရွှယ်အန်းက သူ၏အမြင်တွင် သေလူတစ်ယောက်သာဖြစ်သည်။ သို့သော် မုန်တိုင်းထန်သောည၏ မိုးရေထဲတွင် ရပ်နေသော ရွှယ်အန်းက ရုတ်တရက် ခေါင်းမော့လိုက်သည်။ သူ၏မျက်လုံးများက စူးရှသော အရောင်အဝါများဖြင့် ပြည့်နှက်နေသောကြောင့် ဟာရုခို ရိုဆုခဲနှင့် အခြားများအားလုံးကို အတွင်းစိတ်ထဲရှိ တုန်လှုပ်သွားစေသည်။

ပြီးနောက် ရွှယ်အန်း၏ တီးတိုး ပြောသံကို ကြားလိုက်ရသည်။

“လူ့လောကမှာ သုံးပေရှည်အောင် ပွင့်လန်းတဲ့ အလင်းရောင် ဓားတစ်လက် ရှိသင့်တယ်"

ထိုစကားများ ပြီးဆုံးသွားသည်နှင့်အမျှ နတ်ဘုံကိုးခုမှ ကျောက်လုံကဲ့သို့သော ဓားအလင်းရောင် ကောင်းကင်ယံတွင် ဝဲပျံသွား၍ ရွှယ်အန်း၏ အနီးတစ်ဝိုက်တွင် လှည့်ပတ်နေသည်။ နှစ်ဆယ်ထက် မနည်း ရောက်ရှိလာသော ဓားပေါင်းများစွာသည် ထိုဖြစ်စဉ်တွင် ကွဲကြေပျက်စီးသွား၍ ၎င်းဓားများကို ကိုင်ဆောင်သူများသည် ညည်းတွားချိန်ပင် မရလိုက်ဘဲ ၎င်းတို့၏လည်ချောင်းများကို ဓားချီဖြင့် ဖြတ်တောက်ခံလိုက်ရသည်။

ပြီးနောက် ရွှယ်အန်းက ခြံဝင်းတစ်ခုအတွင်း စိမ်ပြေနပြေ လမ်းလျှောက်နေသကဲ့သို့ ရှေ့သို့ ဆက်လျှောက်သွားလေသည်။ သူ၏ ခြေလှမ်းတိုင်းဖြင့် သူ၏ဘယ်ဘက် ညာဘက်ရှိ မရေတွက်နိုင်သော နင်ဂျာများသည် နဂါးကဲ့သို့သော ဓားအလင်းရောင်ကြောင့် သေဆုံးခဲ့ရသည်။ လွှမ်းမိုးနိုင်စွမ်းရှိသော ဓားချီ၏အောက်တွင် မည်သူမျှ သူ့ကို မဆန့်ကျင်နိုင်ပေ။

ဖုရှိမိ ခဇုဟိရိုက အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။

“ဓား အင်မော်တယ်"

ဟာရုခို ရိုဆုခဲ၏ အမူအရာ အလွန်လေးနက်သွား၍ နက်နဲသောအသံဖြင့် အမိန့်ပေးလိုက်သည်။

"ပဋိသန္ဓေနင်ဂျာတို့ ချီတက်ကြ"

ပဋိသန္ဓေနင်ဂျာများသည် ဂျပန်နိုင်ငံ၏နင်ဂျာများကြားတွင် လျှို့ဝှက်ဆန်းကြယ်၍ ကြောက်မက်ဖွယ် အကောင်းဆုံးသော ဖြစ်တည်မှုများ ဖြစ်ကြသည်။ ထိုနေ့တွင် ၎င်းတို့၏ ဖြစ်တည်မှုကို ထင်ရှားစွာ ဖော်ထုတ်လာခဲ့သည်။ အရပ်ရပ်မှ ပျံဝဲလာသော ကြောက်မက်ဖွယ် ဖြစ်တည်မှုမျိုး တစ်ဒါဇင်ကျော်ခန့်ကို မြင်တွေ့နိုင်၍ ၎င်းတို့ အားလုံးသည် ရွှယ်အန်းကို ပစ်မှတ်ထားနေကြသည်။

သို့တိုင်ပင် ရွှယ်အန်းက ဤကဲ့သို့သော ဝိုင်းရံထားမှုအောက်တွင် အမူအရာ ကင်းမဲ့၍ တည်ငြိမ်အေးဆေးစွာ ဆက်လက် ရွတ်ဆိုနေဆဲဖြစ်သည်။

"နတ်ဆိုးတွေ မွန်းစတားတွေ အကုန်လုံးကို မသုတ်သင်နိုင်သေးသရွေ့ မရပ်တန့်ဖို့ ကျုပ် သစ္စာပြုတယ်"

ဘုံး

တမူထူးခြားသည့် နဂါးတစ်ကောင်ကဲ့သို့ အလင်းဓားရောင်သည် ရုတ်တရက် နှစ်ခုကွဲထွက်ကာ နှစ်ခုမှ လေးခုအထိ ထပ်မံကွဲသွားပြီးနောက် မျက်လုံးတစ်မှိတ်အတွင်း မရေတွက်နိုင်သည့် ဓားအခင်းအကျင်းများအဖြစ်သို့ ပြောင်းလဲသွား၍ ရောက်ရှိသော ပဋိသန္ဓေနင်ဂျာအားလုံးကို သေဆုံးသည်အထိ ကြိတ်ချေလိုက်လေသည်။

ဤသို့ဖြင့် ရွှယ်အန်းသည် မုန်တိုင်းကြားတွင် ခြေလှမ်းသုံးလှမ်း လျှောက်လှမ်းလိုက်သည်။ သူ့ကို ချောင်းမြောင်းတိုက်ခိုက်လာသော နင်ဂျာများအားလုံး သေဆုံးသွားခဲ့သည်။ ဟာရုခို ရိုဆုခဲနှင့် ဖုရှိမိ ခဇုဟိရိုတို့သည် နောက်လှည့်၍ ပြေးသွားကြသည်။ အာအိုယမ ဟိုရှိနိုနှင့် ဖုဂျိခို မိကီတို့ အငိုက်မိနေသေးသော်လည်း ၎င်းတို့၏ ဆရာများ ထွက်ပြေးသွားသည်ကို မြင်လိုက်ရသောအခါ ၎င်းတို့သည်လည်း လှည့်၍ ထွက်ပြေးကြလေသည်။

ရွှယ်အန်းက သူ၏ မျက်လုံးများကို စူးစိုက်၍ ကြည့်လိုက်သည်။

"ကျုပ်ရဲ့ စိတ်ရှည်မှုက အကန့်အသတ်ရှိတယ်လို့ ပြောပြီးပြီ၊ ဒါကို ခင်ဗျားတို့က ကျုပ်ကို ထပ်ပြီး လာရန်ဆွမှတော့ သေပေတော့"

သူ၏အသံ မှိန်ဖျော့လာသည်နှင့်အမျှ ဓား၏အရှိန်သည် တစ်ဟုန်ထိုး မြင့်တက်လာ၍ ရွှယ်အန်းက ၎င်းကို အရှေ့သို့ ညွှန်ပြလိုက်သည်။

“သွား"

ဘုံး

ဓားအရှိန်အဟုန်သည် သံမဏိရေစီးချောင်းကဲ့သို့ တစ်ဟုန်ထိုး ပြေးထွက်လာပြီးနောက် အထပ်မြင့် အဆောက်အအုံဆီသို့ ဦးတည်သွားလေသည်။ လူတိုင်းက အလွန်ကြောက်လန့်သွာကြရာ ၎င်းတို့၏ဝိညာဉ်များပင် ကိုယ်ခန္ဓာမှ ထွက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ၎င်းတို့အားလုံး လွတ်မြောက်ရေး နည်းပညာများ အသုံးချရန် ကြိုးစားနေကြသည်။

သို့သော် ထိုအချိန်တွင် ၎င်းတို့၏လွတ်မြောက်ရေး နည်းပညာများက အလုပ်မဖြစ်တော့ကြောင်းကို ၎င်းတို့ သဘောပေါက်သွားကြသည်။ အာအိုယမ ဟိုရှိနိုသည် ထိုနေ့၌ ရွှယ်အန်း၏ နေအိမ်တွင် ဖြစ်ပွားခဲ့သော အတွေ့အကြုံကို ပြန်တွေးမိသွားကာ အလွန်ဖြူဖျော့သွားလေသည်။

"သူ... သူ... သူပတ်ဝန်းကျင်ကို ချိပ်ပိတ်လိုက်ပြီ"

ထိုအခိုက်အတန့်တွင် မရေတွက်နိုင်သော ဓားအလင်းတန်းများက အထပ်မြင့် အဆောက်အဦး၏ အရှေ့သို့ ရောက်ရှိသွားကာ ပထမထပ်မှ စတင်၍ အရာအားလုံးကို ကျိုင်းကောင်များကဲ့သို့ ဝင်ရောက်ဖျက်ဆီးသွားခဲ့ရာ၊ မီးခိုးရောင် ဖုန်မှုန့်များမှလွဲ၍ မည်သည်အရာမျှ မကျန်စေဘဲ အလွှာတစ်ခုပြီးတစ်ခု မြင့်တက်သွားလေသည်။

များမကြာမီတွင်၊ အထပ်မြင့် အဆောက်အဦးသည် အပေါ်ယံအလွှာ လွှာထုတ်ခံရသကဲ့သို့ ကွန်ကရစ်တိုင်များသာ ကျန်ရှိတော့သည်။ ဟာရုခို ရိုဆုခဲနှင့် အခြားများသည် ထွက်လမ်းမရှိသောကြောင့် ခေါင်မိုးပေါ်သို့ တက်ခဲ့ရသည်။

ရွှယ်အန်းသည် အရှေ့သို့ တိုးလာသည်နှင့် သူ၏ခြေဖဝါးအောက်တွင် ဓားချီ လမ်းကြောင်းတစ်ခု ပေါ်ပေါက်လာပြီးနောက် သူသည် ခေါင်မိုးပေါ်သို့ စိမ်ပြေနပြေ တက်လှမ်းသွားသည်။ သူသည် ဤကြောက်လန့်တကြားဖြစ်နေသော လူများကို ကြည့်၍ ခက်ဖျော့ဖျော့ ပြုံးလိုက်သည်။

"စိတ်မရှိပါနဲ့၊ ဒါပေမယ့် ခင်ဗျားတို့ရဲ့ ဦးခေါင်းတွေကို ခဏ ငှားရလိမ့်မယ်"

“မဖြစ်ဘူး” ဖုရှိမိ ခဇုဟိရိုက အော်ဟစ်ခါနီးတွင် ဓားအလင်းတန်းများ လင်းထိန်လာ၍ ဦးခေါင်းများက ကောင်းကင်သို့ ပျံတက်သွားကာ အလောင်းများက မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ဟာရုခို ရိုဆုခဲနှင့် အခြားလူများသည် ၎င်းတို့၏ကျောရိုးထဲသို့ အေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ရွှယ်အန်း၏ အကြည့်များက ၎င်းတို့ဘက်သို့ လှည့်လာသည်။

"ကဲ၊ အခု ခင်ဗျားတို့ အလှည့်ပဲ"

အာအိုယမ ဟိုရှိနိုသည် ဦးစွာ ပထမ စိတ်ဓာတ်ပြိုပျက်သွား၍ အော်ဟစ်လိုက်သည်။

“မစ္စတာရွှယ် တောင်းပန်ပါတယ် ဒါတွေအားလုံးက ကျွန်တော့် အမှားတွေပါ။ ကျေးဇူးပြုပြီး ကျွန်တော့် ဂျူနီယာ ညီမကို မသတ်ပါနဲ့၊ ကျွန်တော်…”

ရွှယ်အန်းက လက်ညိုးထိုးပြလိုက်သည်။

"သူ့ကို လွှတ်ပေးနိုင်တယ်၊ ဒါပေမယ့် အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်းလေ၊ နားလည်လား"

အာအိုယမ ဟိုရှိနိုက အံ့အားသင့်သွားပြီးနောက် ခဏအကြာတွင် ကျယ်လောင်စွာ အော်ဟစ်သံဖြင့် ဓားမြောင်ကို ဆွဲထုတ်၍ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့သည်။ အရာအားလုံးက မြန်ဆန်လွန်းလှရာ၊ ဖူဂျိတာ့ မိကီဘက်မှ မတုံ့ပြန်နိုင်မီတွင် သူမ၏ စီနီယာအစ်ကိုဖြစ်သူက သေဆုံးသွားပြီဖြစ်သည်။

ရွှယ်အန်းက အနည်းငယ် သက်ပြင်းချလိုက်သည်။

"ကောင်းပြီ၊ ခင်ဗျား သေစရာ မလိုတော့ဘူး"

အခွင့်အရေးတစ်ခုကို မြင်လိုက်ရသော ဟာရုခို ရိုဆုခဲသည် ဖူဂျိတာ့ မိကီကို အော်ပြောလိုက်သည်။

"ငါက မင်းရဲ့ဆရာပဲ၊ အခု ဒူးထောက်ပြီး မင်းအသက်ကို ငါ့အတွက် လဲလှယ်လိုက်စမ်း"

All Chapters