တောင်ပိုင်းပင်လယ်မှ လူတိုင်းစိတ်ပျက်အားငယ်နေချိန်တွင် ရုတ်တရက်ပေါ်လာသော အသွင်တစ်ခု
Vol. 12 Ch. 166
“ကောင်းလိုက်တာ!”
“ဟားဟားဟား၊ နှင်းဝံပုလွေဘုရင်က ငါတို့ကို တကယ်စိတ်မပျက်စေခဲ့ဘူး!”
ဂျီကျဲန်ရှန်းသည် ရှေ့တန်းမှ သတင်းကောင်းကို ကြားသောအခါ ဝမ်းသာသွားသည်။ ပါးစပ်ထောင့်များက နားရွက်အထိ တက်ချိတ်လုနီးပါးဖြစ်နေကာ မျက်လုံးထောင့်များတွင် မျက်ရည်စများပင် ကျလာခဲ့သည်။
ခြင်္သေ့ဘုရင်၏ ခွန်အားက ထူးထူးခြားခြားပင်ဖြစ်သည်၊ ဂျီကျဲန်ရှန်း,သည် ဤတစ်ကြိမ်တွင် ခြင်္သေ့ဘုရင်ကို ခုခံပြီး ဤသားရဲကြောင့် ထိခိုက်မှုများစွာ မခံစားရစေရန် မျှော်လင့်ခြင်းဖြင့် ထိုနေရာကို သွားခဲ့သည်။
ဂျီကျဲန်ရှန်းသည် ခြင်္သေ့ဘုရင်ကို အနိုင်ယူနိုင်မည်ဟု စိတ်ထဲတွင် လုံးဝအယုံအကြည်မရှိဟုပင် ဆိုနိုင်သည်။
နှင်းဝံပုလွေဘုရင်သည် နှင်းဒေသထဲတွင် ပေါ်လာကြောင်း ဂျီကျဲန်ရှန်း သိလိုက်ရသောအခါတွင် သူသည် မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွားပြီး အောင်ပွဲခံရန်ပင် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
သို့သော် နှင်းဝံပုလွေဘုရင်၏ စွမ်းအားကို သူလျှော့တွက်မိနေဆဲဟု မမျှော်လင့်ခဲ့ပေ။
ထိုအချိန်တွင်၊ ဂျီကျဲန်ရှန်းသည် နှင်းဒေသသို့ ရောက်နေပြီဖြစ်သော်လည်း နှင်းဝံပုလွေဘုရင်က နှင်းဒေသ၏ အကျပ်အတည်းကို ဖြေရှင်းပြီးဖြစ်သည်။
“ဟုတ်ပါတယ်၊ မဟာမိတ်ခေါင်းဆောင်၊ ဒီနှင်းဝံပုလွေဘုရင်က တကယ်ကို အစွမ်းထက်ပြီး ယုံကြည်စိတ်ချရပါတယ်!”
“အဲဒီခြင်္သေ့ဘုရင်က အရမ်းတန်ခိုးကြီးတယ်၊ ဒါပေမယ့် သူက နှင်းဝံပုလွေဘုရင်ကို ကြောက်လန့်ပြီး နိုင်ငံအပြင်ဘက်ကို ထွက်ပြေးဖို့ မမျှော်လင့်ထားဘူး၊ ဒါပေမယ့်လဲ နောက်ဆုံးတော့ မလွတ်မြောက်နိုင်ဘဲ နိုင်ငံအပြင်ဘက်မှာ နှင်းဝံပုလွေဘုရင်ရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတယ်”
ဤအဆင့်ရှိ သားရဲဘုရင်၏ ဖိအားက အလွန်ပြင်းထန်သည်။ နှင်းဒေသထဲကို ရောက်သွားလျှင် သူတို့၏လေယာဉ်က ဘယ်တော့မှ ပြန်မလာနိုင်တော့သည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။
ယခု သူတို့သည် ကပ်ဘေးမှ လွတ်မြောက်ပြီး တိုက်ပွဲကို ရှောင်ရှားခဲ့ကြသောကြောင့် လူတိုင်းက အလွန်ကံကောင်းသည်ဟု ခံစားခဲ့ရသည်။
“မဟာမိတ်ခေါင်းဆောင်၊ ကျွန်တော်တို့ဘာဆက်လုပ်ရမလဲ၊ တိမ်တိုက်ဒေသကို သွားကြမလား”
လုချန်း,သည် ဝိညာဉ်စွမ်းအင် ပြန်လည်ရှင်သန်လာချိန်မှစ၍ လူသားများကို မည်သည့်အခါမှ အကြောင်းမဲ့ မသတ်ဖြတ်ခဲ့သဖြင့် ရန်နိုင်ငံရှိလူများက ပို၍ သက်တောင့်သက်သာရှိစေခဲ့သည်။
ခြင်္သေ့ဘုရင် အသတ်ခံလိုက်ရပြီးနောက် လူတိုင်းက နှင်းဒေသတွင် အန္တရာယ်မရှိတော့ဟု သတ်မှတ်လိုက်ကြသည်။
နှင်းဝံပုလွေဘုရင်ရှိနေသရွေ့၊ အခြားသော ရက်စက်ကြမ်းကြုတ်သော သားရဲများ ခြိမ်းခြောက်နိုင်မည်မဟုတ်ဟု ယုံကြည်ထားကြသည်။
“နှင်းဒေသအတွက် စိုးရိမ်စရာမလိုတော့ဘူး၊ တိမ်တိုက်ဒေသကို သွားကြရအောင်”
ဂျီကျဲန်ရှန်း ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“တိမ်တိုက်ဒေသမှာရှိတဲ့ မျောက်ဘုရင်က ငါတို့နဲ့ သိပ်မရင်းနှီးဘူး၊ သူ့ကို တစ်ခါမှ မတွေ့ဖူးပေမယ့် ဒီအချိန်မှာ ရန်နိုင်ငံအတွက် သူတိုက်ပွဲဝင်နေတယ်၊ ဒါကလဲ ကောင်းတဲ့အရာပဲ”
သူ့လက်ထောက်၏ မျက်နှာ သိသိသာသာ ပြောင်းလဲသွားသောအခါ သူ့စကားများကို အဆုံးသတ်လိုက်သည်။
“မဟာမိတ်ခေါင်းဆောင်၊ တစ်ခုခုတော့ ဖြစ်သွားပြီ၊ အစွမ်းထက်တဲ့ သားရဲဘုရင် နောက်တစ်ကောင်က တောင်ပိုင်းပင်လယ်မှာ ပေါ်လာတယ်”
“ပြီးတော့ ရှေ့တန်းက လျှို့ဝှက်ဆန်းကြယ်တဲ့ ရွှမ်ဝူ လောက် အစွမ်းထက်တယ်လို့ ခန့်မှန်းရပါတယ်”
“မင်း ဘာပြောတယ်? နောက်ထပ် သားရဲဘုရင်တစ်ကောင်လား”
ဂျီကျဲန်ရှန်း,က ယင်းကိုကြားပြီး အံ့သြသွားသည်။
မူလက ရွှမ်ဝူသည် ပင်လယ်-ဝါးမျိုဝေလငါးဘုရင်နှင့် ရင်ဆိုင်ရသောအခါတွင် ထိန်းထားရန် သူ့ကိုယ်ပိုင်ကာကွယ်ရေးကိုသာ အားကိုးနိုင်ခဲ့သည်။
သို့သော် အလားတူ ခွန်အားရှိသော သားရဲဘုရင်နောက်တစ်ကောင် ရောက်လာခဲ့သည်။ တောင်ပိုင်းပင်လယ်၏ အခြေအနေက အလွန်ဆိုးရွားလာကာ ရွှမ်ဝူသည် သေခြင်း၊ ရှင်ခြင်း အကျပ်အတည်းတွင် ရှိနေနိုင်ဖွယ်ရှိသည်။
“မြန်မြန်! တောင်ပိုင်းပင်လယ်ကို ပျံသန်းပါ”
ဂျီကျဲန်ရှန်း၏ မျက်နှာက အလွန်အမင်း မည်းမှောင်နေပြီး လေယာဉ်သည် လျှင်မြန်စွာ လှည့်ကာ တောင်ပိုင်းပင်လယ်ဘက်သို့ ပျံသန်းသွားခဲ့သည်။
……………….
တောင်ပိုင်းပင်လယ်။
အကန့်အသတ်မရှိသော ပင်လယ်သမုဒ္ဒရာ၏အထက်တွင် ကြီးမားသော သားရဲကြီးနှစ်ကောင် အဆက်မပြတ် တိုက်ခိုက်နေကြသည်။
လှုပ်ရှားမှုတိုင်းသည် ကြီးမားသောလှိုင်းလုံးများကို ဖန်တီးနိုင်ပြီး ဆူနာမီကို နှစ်ဖက်စလုံးမှ အဆက်မပြတ်ဖန်တီးနေသည်။ ရွှမ်ဝူ,သည် တာအိုဓမ္မရုပ်ထုကိုအသုံးပြုပြီးနောက် သူ၏အရွယ်အစားက သိသိသာသာတိုးလာပြီး သူ၏ခွန်အားမှာ အလွန်တိုးတက်လာသော်လည်း ပင်လယ်-ဝါးမျိုဝေလငါးဘုရင်က သူ့ထက် အနည်းငယ်သာလွန်ဆဲဖြစ်သည်။
နှစ်ဘက်အတန်ကြာတိုက်ခိုက်ပြီးနောက် ပင်လယ်-ဝါးမျိုဝေလငါးဘုရင်သည် အခြေခံအားဖြင့် အသာစီးရခဲ့ပြီး ရွှမ်ဝူ ကို တစ်ဖက်သတ်ဖိနှိမ့်ခဲ့သည်။
ကံကောင်းထောက်မစွာဖြင့်၊ ရွှမ်ဝူ,၏ သွေးမျိုးဆက်က ကာကွယ်ရေးအတွက် အဓိကအထောက်အကူပြုသည်။ သူ့ခန္ဓာကိုယ်၏ သန်မာမှုနှင့် လိပ်ခွံ၏မာကျောကာကွယ်ရေးကို အားကိုး၍ ရွှမ်ဝူသည် ပင်လယ်-ဝါးမျိုဝေလငါးဘုရင် ၏တိုက်ခိုက်မှုကို ရင်ဆိုင်ရသောအခါ မိမိကိုယ်ကို ကာကွယ်နိုင်သည်။
ယခုမူကား အလွန်ကြောက်စရာကောင်းသော ဧရာမရေဘဝဲတစ်ကောင်သည် ပင်လယ်အနက်ထဲတွင် ပေါ်လာခဲ့သည်။ သူ့၏ကြီးမားသော လက်တံအများအပြားသည် ပင်လာ်သမုဒ္ဒရာမှ တိုက်ရိုက်ပျံသန်းလာကာ ရွှမ်ဝူ၏ ခန္ဓာကိုယ်ကို တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားသည်။
ထို့အပြင်၊ အလွန်ထူထဲကြီးမားသော လက်တံများပေါ်တွင် ကြောက်စရာကောင်းသော စုပ်ခွက်များ ရှိသည်။
ပို၍ကြောက်စရာကောင်းသည်မှာ ဤစုပ်ခွက်များတွင် ကြောက်မက်ဖွယ်ရာကောင်းသော စုပ်ယူစွမ်းအားများ ရှိနေသောကြောင့် ရွှမ်ဝူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားများကို သူ့ရဲ့ ထူထဲသောလိပ်ခွံမှတဆင့် စုပ်ယူဝါးမျိုသွားနိုင်သည်။
လိပ်ခွံထဲတွင် အေးဆေးတည်ငြိမ်စွာ ပုန်းအောင်းနေသော ရွှမ်ဝူ,သည် တစ်ခုခုမှားနေပြီကို သိရှိပြီးနောက် ချက်ချင်းဆိုသလိုပင် ပြင်းပြင်းထန်ထန် ရုန်းကန်လိုက်သည်။
သို့သော် ဤစုပ်ခွက်များသည် သူ့ခန္ဓာကိုယ်တွင် တင်းတင်းကျပ်ကျပ် ကပ်တွယ်နေပြီး ရွှမ်ဝူသည် သူ့ခန္ဓာကိုယ်ကို မည်မျှပင် ပြင်းပြင်းထန်ထန် ရုန်းကန်နေစေကာမူ လွတ်မြောက်အောင် မစွမ်းဆောင်နိုင်ခဲ့ပေ။
အရေးအကြီးဆုံးအချက်မှာ ပင်လယ်-ဝါးမျိုဝေလငါးဘုရင်က သူ့ကို တပ်မက်စွာ စိုက်ကြည့်နေခြင်းပင်။ ရွှမ်ဝူသည် သူ့ခေါင်းကို ထုတ်လိုက်တိုင်း ပင်လယ်-ဝါးမျိုဝေလငါးဘုရင်၏ တိုက်ခိုက်ခြင်းကို ရင်ဆိုင်ရမည်ဖြစ်သည်။
သူ၏ အခြေခံအကျဆုံး ကာကွယ်ရေးနည်းလမ်းကိုပင် ဆုံးရှုံးလိုက်ရသည်။ ဤအတိုင်းသာ ဆက်သွားနေမည်ဆိုပါက သူ ရှုံးနိမ့်ရန်က မကြာခင်ဖြစ်လာပေလိမ့်မည်။
“မဖြစ်ဘူး၊ ရွှမ်ဝူ ထိန်းလို့မရတော့ဘူး!”
တောင်ပိုင်းပင်လယ် ကာကွယ်ရေးစည်းတွင် ဂျီယန်ရှိုး,၏ မျက်နှာမှာ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေပြီး သူမဘေးမှ လီချန်ဖျင်,က ပို၍ပင် စိုးရိမ်နေသည်။
“ပင်လယ်ထဲမှာ အဲစွမ်းထက်တဲ့ သားရဲဘုရင်နှစ်ကောင်ရှိတယ်၊ ငါတို့ဘာလုပ်ရမလဲ”
“ဒီအခြေအနေမှာ နှင်းဝံပုလွေဘုရင်ကသာ အကြီးအကဲ ရွှမ်ဝူ,ကို ကယ်တင်နိုင်လိမ့်မယ်”
“ဒါပေမယ့် သူတို့က ရန်သူတွေဖြစ်ခဲ့ကြတယ်လေ၊ အကြီးအကဲ ရွှမ်ဝူကို နှင်းဝံပုလွေဘုရင်က ချင်းဟူ ရေကန်အထိ လိုက်ဖမ်းခဲ့တယ်၊ နှင်းဝံပုလွေဘုရင်က တကယ်ပဲ ကူညီပါ့မလား”
လီချန်ဖျင်,၏ မျက်ခုံးများက တင်းတင်းကြပ်ကြပ် ကြုတ်ထားကာ “川” ပုံသဏ္ဍာန်အဖြစ်သို့ ပြောင်းလဲနေသည်။
“နင် သိပ်စိတ်ပူစရာမလိုဘူး၊ ငါ့အဖေက နှင်းဒေသကနေ ဒီကို လာနေပြီ”
သို့သော်လည်း ဂျီယန်ရှိုး၏ နှစ်သိမ့်မှုကို တုံ့ပြန်သည့်အနေဖြင့် လီချန်ဖျင်,က ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်သည်။
“မဟာမိတ်ခေါင်းဆောင် လာရင်တောင် အသုံးမဝင်ဘူး၊ ဒါက မဟာသားရဲဘုရင်တွေကြားက တိုက်ပွဲပဲ၊ ချည်နှောင်ခြင်းအဆင့်(၂)မှာရှိတဲ့ လူသားတစ်ယောက်က ဝင်ရောက်စွက်ဖက်နိုင်တဲ့အရာ မဟုတ်ဘူး...”
တောင်ပိုင်းပင်လယ်ရှိ လူတိုင်း စိတ်ပျက်အားငယ်နေချိန်တွင် တိုက်ပွဲပြင်တွင် အနက်ရောင် အရိပ်ကြီးတစ်ခု ရုတ်တရက် ပေါ်လာပြီး ကောင်းကင်ယံ၌ရပ်တန့်၍ ဒေါသတကြီး အော်ဟစ်လိုက်သည်။
“မင်းတို့က နယ်ကျော်ဝံ့တယ်? ပင်လယ်စာလေးတွေ၊ မင်းတို့ တိုက်ခိုက်ချင်တာမဟုတ်လား၊ ဒါဆို ငါမင်းတို့ကို အဖော်ပြုပေးမယ်!”
ပင်လယ်-ဝါးမျိုဝေလငါးဘုရင်သည် အသံကိုကြားသောအခါ လှည့်ကြည့်လိုက်ရာ တစ်ခုခုမှားနေပြီကို သိလိုက်ပြီးနောက် ဘေးဘက်သို့ အလျင်အမြန် ရှောင်ထွက်သွားသည်။
၎င်းကိုမြင်ပြီး ရေဘဝဲဘုရင်လည်း ရှောင်ထွက်ချင်ပေမယ့် ရွှမ်ဝူ,၏ ခန္ဓာကိုယ်တွင် သူ့လက်တံများအားလုံးဖြင့် ရစ်ပတ်ထားသောကြောင့် ပြန်ယူထုတ်ရန် အချိန်မရှိတော့ပေ။
လိပ်နက်ကြီး၏ စွမ်းအားကို ဝါးမျိုရန် အသုံးပြုခဲ့သော ဤလက်တံများက ယခု သူ့၏ လှုပ်ရှားမှုများကို ကန့်သတ်ထားသည်။
“ဘုန်း!!”
ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာပြီး ကောင်းကင်မှ ဆင်းသက်လာသော ပုံသဏ္ဍာန်က ရေဘဝဲဘုရင်၏ ဦးခေါင်းကို ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်သည်။
တခဏအတွင်းမှာပင် ဒဏ်ရာမှ မရေမတွက်နိုင်သော အနက်ရောင် အရည်များ ထွက်လာပြီး ပင်လယ်ပြင်ကို အနက်ရောင်ပြောင်းစေခဲ့သည်။
လူတိုင်းစေ့စေ့ကြည့်လိုက်သောအခါ ကောင်းကင်မှဆင်းသက်လာသော အရိပ်သည် အမှန်တကယ်ပင် အဖြူအမည်း ပန်ဒါကြီးတစ်ကောင်ဖြစ်ကြောင်း မြင်လိုက်ရသည်။