ရန်နိုင်ငံ၏ နံပါတ်တစ် သားရဲဘုရင်
Vol. 12 Ch. 168
“ဘုန်း! ဘုန်း! ဘုန်း!”
တိမ်တိုက် ဒေသကုန်းပြင်ပေါ်တွင် ဧရာမသားရဲကြီးနှစ်ကောင်သည် ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။
သူတို့နှစ်ကောင်စလုံး၏ တိုက်ခိုက်မှုများတွင် အလွန်လျင်မြန်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ဒါဇင်နှင့်ချီ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြသည်။
လုချန်းသည် နားခြောက်မျောက်နှင့် တိုက်ခိုက်သောအခါ အနည်းငယ် အံ့သြသွားခဲ့သည်။ မျောက်များ၏ အားသာချက်ဖြစ်နိုင်ပြီး နားခြောက်ဖက်မျောက်သည် သိုင်းပညာကျွမ်းကျင်သူတစ်ဦးကဲ့သို့ သူ့၏လက်သီးများဖြင့် ကျွမ်းကျင်စွာတိုက်ခိုက်နေသည်။
သို့သော်လည်း လုချန်း၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အလွန်ပြင်းထန်ပြီး၊ သူ၏တိုက်ခိုက်မှုများက လုချန်း အပေါ် သက်ရောက်မှုမရှိသည်ကို မြင်လိုက်ရပြီး နားခြောက်ဖက်မျောက်က နတ်သံတုတ်ကို တိုက်ရိုက် လှည့်ပတ်လိုက်သည်။
တုတ်ရှည်ကြီးကို သူ့လက်ထဲတွင် ပြင်းပြင်းထန်ထန် လှည့်ပတ်လိုက်ပြီး တုတ်ထိပ်ဖျား ဖြတ်သွားသည့် နေရာတိုင်းတွင် ကျောက်တုံးများ ကွဲအက်သွားသည်။
ယင်းကိုမြင်ပြီး လုချန်း,က ကြေးဝါအိုးကို တိုက်ရိုက် ထုတ်ယူလိုက်သည်။
ကြေးဝါအိုးသည် လေထဲတွင် ကြီးမားလာပြီး နတ်သံတုတ်ကဲ့သို့ ချက်ချင်းပင် ကြီး ကြီးမားလာသည်။
“ဘုန်း!” “ဘုန်း!”
လုချန်း၏ ထိန်းချုပ်မှုအောက်တွင် ကြေးဝါအိုး နှင့် နတ်သံတုတ်တို့က ပြင်းထန်စွာ တိုက်မိသွားကြသည်။
တခဏတာအတွင်း သတ္တုရိုက်ခတ်သံသည် အရပ်ရပ်သို့ ပဲ့တင်ထပ်သွားကာ တိုက်ပွဲကို အဝေးမှကြည့်ရှုနေသူများ တုန်လှုပ်ခြောက်ခြားသွားပြီး သွေးများ တဟုန်ထိုးစောက်တက်လာသည်ကို ခံစားလိုက်ရသည်။
“အဲဒါ ရှေးဟောင်းကြေးဝါအိုး!”
“အဲဒါ တိုင်ရှန်တောင်ကနေ ဆင်းသက်လာတဲ့ ရှေးဟောင်းကြေးဝါအိုးဖြစ်သင့်တယ်”
လေထဲမှာ လွင့်မျောနေသော ကြေးဝါအိုးကိုကြည့်လိုက်ပြီး ဂျီယန်ရှိုး နှင့် အခြားသူများက ချက်ချင်း မှတ်မိသွားကြသည်။
ထိုအချိန်တွင် သူတို့သည် တိုင်ရှန် တောင်ထိပ်တွင်ရှိခဲ့ကြပြီး သူတို့အဖွဲ့သည် တိုင်ရှန် တောင်သို့ ခိုးဝင်ကာ ကြေးဝါအိုးကို ပြန်ယူလာရန် အမိန့်ပေးခံခဲ့သည်။
အဖွဲ့သားများ၏ ပြီးပြည့်စုံသော ပူးပေါင်းဆောင်ရွက်မှုဖြင့် သူတို့သည် ကြေးဝါအိုးကို ပြန်ယူလာနိုင်လုနီးပါးဖြစ်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် အဆုံးတွင် ဆာကူရာကျွန်းမှ နင်ဂျာများ၏ နှောက်ယှက်ခြင်းကိုခံခဲ့ရသည်။
တိုင်ရှန် တောင်ပေါ်ရှိ အစွမ်းထက်သော သားရဲများနှင့် ရင်ဆိုင်ရသောအခါ ဂျီယန်ရှိုး နှင့် အခြားသူများက ဆုတ်ခွာခဲ့ရပြီး ရှေးဟောင်းကြေးဝါအိုးသည် နှင်းဝံပုလွေဘုရင် နှင့် သူ့ညီမတို့၏လက်ထဲသို့ ကျရောက်သွားခဲ့သည်။
ဤအခိုက်အတန့်တွင် ရှေးဟောင်းကြေးအိုး ထွက်ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် ဂျီယန်ရှိုး နှင့် အခြားသူများက သက်ပြင်းချလိုက်သည်။
ကြေးဝါအိုးက နှင်းဝံပုလွေဘုရင် ၏လက်ထဲတွင်ရှိနေပြီး သူတို့ရဲ့ လက်ရှိအင်အားနှင့် ပြန်ရရန် မျှော်လင့်ချက်မရှိပေ။
သို့ပေမယ့် အခြားသားရဲဘုရင်များ ယူသွားသည်ထက် ဤသည်က ပို၍ကောင်းသည်။ အနည်းဆုံးတော့ နှင်းဝံပုလွေဘုရင်သည် လူသားများကို အလွယ်တကူ တိုက်ခိုက်လိမ့်မည်မဟုတ်ပေ။
“မင်းငါ့ကို အနိုင်ယူနိုင်မယ်လို့ တကယ်ထင်နေတာလား?”
“ငါ ဒီနေ့ ခွန်လွန် တောင်တန်းက ငါ့ညီအစ်ကိုအတွက် လက်စားချေမယ်!”
နားခြောက်ဖက်မျောက်က သူ့ရင်ဘတ်ကို ရိုက်ပြီး ဟိန်းဟောက်ကာ နတ်သံတုတ်က သူ့လက်ထဲတွင် သာလွန်သော စွမ်းအားများ ပေါက်ကွဲထွက်လာသည်။
သူ့လက်ထဲမှ နတ်သံတုတ်က ကြေးဝါအိုးနှင့် တိုက်မိတိုင်း ကြီးမားလှသော အင်အားက နားခြောက်ဖက်မျောက်၏ လက်နှစ်ဖက်ကို ထုံကျင်သွားစေသော်လည်း သူ့၏ တိုက်ပွဲဝင်စိတ်က လျော့မသွားခဲ့ပေ။
လုချန်းက သူ့၏တိုက်ခိုက်မှုများကို တွန်းလှန်ရန် ဤကြီးမားသော ကြေးဝါအိုးကိုသာ သုံးနိုင်ပုံရသည်ကို မြင်လိုက်ရသောအခါ၊ နားခြောက်ဖက်မျောက်သည် လုချန်း ပြန်လည်တိုက်ခိုက်ရန် စွမ်းအားမရှိသောကြောင့် အပြင်းအထန် ခုခံခြင်းသို့သာ ကျရောက်သွားနိုင်သည်ဟု တွေးလိုက်မိသည်။
ထိုအချိန်တွင် သူ့၏ ပါးစပ်ထောင့်မှ လှောင်ပြုံးတစ်ခု ထွက်ပေါ်လာပြီး နတ်သံတုတ်နှင့် ပို၍ပင် ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်သည်။
သို့သော် နားခြောက်ဖက်မျောက် ပြောသည်ကို ကြားလိုက်သောအခါ လုချန်း၏ ရေခဲပြာမျက်လုံးများတွင် အေးစက်သောအလင်းတစ်ချက် လင်းလက်သွားသည်။
“ဒီနတ်သံတုတ်ရဲ့ စွမ်းအားကို ငါစမ်းသပ်နေတာ၊ မင်းတကယ်ပဲ ကိုယ့်ကိုယ်ကို အထင်ကြီးနေတာလား”
“မင်းက မျောက်တစ်ကောင်သာသာပဲ၊ ကိုယ့်ကိုယ်ကို စွန်းဝူခုန်းလို့ မင်းထင်နေသလား”
လုချန်းသည် နားခြောက်ဖက်မျောက်နှင့် အချိန်ဖြုန်းရန် အလွန်ပျင်းရိလှပြီး ဧကရာဇ် ဒိုမိန်းကို တိုက်ရိုက်အသက်သွင်းလိုက်သည်။
တခဏချင်းတွင်၊ ထိုအားကောင်းသော အရှိန်အဝါ၏ ဖိအားအောက်တွင်၊ နားခြောက်ဖက်မျောက်၏ စွမ်းအားက အလွန် ဖိနှိပ်ခံလိုက်ရသည်။
နတ်သံတုတ်ကိုကိုင်ဆောင်ကာ အပြင်းအထန်တိုက်ခိုက်နေသော နားခြောက်ဖက်မျောက်သည် ဤဖိအားအောက်တွင် အပြင်းအထန် တုန်လှုပ်သွားပြီး သူ၏လှုပ်ရှားမှုများက ယခင်ကထက် အနည်းငယ်နှေးကွေးသွားသည်မှာ သိသိသာသာပင်။ ထိုအချိန်တွင် ကောင်းကင်တွင် တိမ်မည်းများ ဖုံးလွှမ်းနေပြီး ငွေရောင်လျှပ်စီးများက လင်းလက်နေသည်။
လုချန်းသည် သူ့၏ မိုးကြိုးဒိုမိန်းကို တစ်ဖန် ထုတ်ဖော်ခဲ့ပြီး ကီလိုမီတာပေါင်းများစွာ အချင်းဝက်အတွင်း ဧရိယာက လျှပ်စီးကြောင်းများဖြင့် ပြည့်နှက်သွားခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကြောင်းများက ကောင်းကင်နဲ့ မြေကြီးကြားမှာ စုရုံးနေပြီး ဤအခိုက်အတန့်တွင် လုချန်းက မိုးကြိုးနတ်ဘုရားကဲ့သို့ပင်။
ဤကဲ့သို့ ထိတ်လန့်စရာကောင်းသော မြင်ကွင်းကိုမြင်လိုက်ရပြီး တိုက်ပွဲကို အဝေးကနေ စောင့်ကြည့်နေသော ဂျီယန်ရှိုး၏ စိတ်တည်ငြိမ်မှုများ လုံးလုံး ပျောက်ဆုံးသွားသည်။
မောက်မာသော ခြင်္သေ့ဘုရင်သည် နှင်းဒေသသို့ ကျူးကျော်ဝင်ရောက်လာသောအခါ နှင်းဝံပုလွေဘုရင်၏ ကြောက်မက်ဖွယ် လျှပ်စီးများကြောင့် သေဆုံးခဲ့ရသည်။ ထိုမြင်ကွင်းများက သူမစိတ်ထဲတွင် ကွက်ကွက်ကွင်းကွင်း ရှိနေဆဲပင်။
“ဒီနှင်းဝံပုလွေက ပိုသန်မာလာတယ်!”
အချင်းဝက် ကီလိုမီတာပေါင်းများစွာ ဖုံးလွှမ်းနေသော လျှပ်စီးကြောင်းများကို ကြည့်လိုက်ပြီး မြေခွေးနတ်ဆိုး၏ မျက်နှာမှာ စိုးရိမ်မှုများ ပြည့်နှက်သွားသည်။
နောက်တစ်စက္ကန့်တွင် ကောင်းကင်မှ မိုးခြိမ်းသံနှင့်အတူ မရေမတွက်နိုင်သော ငွေလျှပ်စီးနဂါးများက ကောင်းကင်နှင့် မြေကြီးကြားတွင် ပေါက်ကွဲထွက်လာသည်။
ဖိနှိမ့်ခံရပြီး တိုက်ခိုက်ရေးစွမ်းအားအချို့ကို ဆုံးရှုံးခဲ့ရသော နားခြောက်ဖက်မျောက်သည် ကောင်းကင်၌ လျှပ်စီးကြောင်းများနှင့် ရင်ဆိုင်ရသောအခါတွင် အားနည်းသောဘက်သို့ ကျဆင်းသွားခဲ့သည်။
ငွေလျှပ်စီးနဂါးများ ဆက်တိုက်ကျဆင်းလာကာ လျှပ်စီးကြောင်း၏အမြန်နှုန်းသည် နားခြောက်ဖက်မျောက်ထက် များစွာလျင်မြန်သည်။
အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် သူ၏မူလရွှေရောင်သားမွေးများသည် လျှပ်စီးကြောင်းများ၏ရိုက်ခတ်မှုအောင်တွင် အနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုကဲ့သို့ အစွမ်းထက်သော တိုက်ခိုက်ရေးစွမ်းရည်သည် တိမ်တိုက်ဒေသရှိလူများက သူတို့ကိုယ်တိုင် မျက်မြင်တွေ့လိုက်ရကာ အလွန်ထိတ်လန့်သွားခဲ့သည်။
မျောက်ဘုရင်နှင့် သားပိုက်ကောင်ဘုရင်တို့ကြားတွင် ယခင်တိုက်ပွဲကို သူတို့အားလုံး မျက်မြင်တွေ့ခဲ့ရပြီး မျောက်ဘုရင်က မည်မျှ တန်ခိုးကြီးသည်ကို ကောင်းစွာ သိရှိခဲ့ကြသည်။
သို့ပေမယ့် နှင်းဝံပုလွေဘုရင်ကိုရင်ဆိုင်ရသောအခါ မျောက်ဘုရင်ပင်လျှင် နှိပ်စက်ခံရလိမ့်မယ်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။
“သေချာတယ်၊ ဒီအဆင့်မှာ အစ်ကို့ရဲ့ ခွန်အားက ပြိုင်ဘက်ကင်းနေတုန်းပဲ”
ယိုချင်းယန် ဤတိုက်ပွဲကိုမြင်ပြီးနောက် သက်ပြင်းချလိုက်သည်။
လောလောဆယ်တွင် ရုတ်တရက် ပေါ်လာသော ပန်ဒါကြီးပင်ဖြစ်စေ၊ ပင်လယ်ထဲက မပေါ်လာသေးသော တန်ခိုးကြီးသားရဲပင်ဖြစ်စေ၊ သူတို့က သူမ,အစ်ကို၏ ပြိုင်ဘက်မဖြစ်နိုင်ပေ။
မိုးကြိုးပစ်ခံရသော မျောက်ဘုရင်သည်တော့ သူ့ခန္ဓာကိုယ်ထဲက အနက်ရောင် မီးခိုးငွေ့များ ထွက်ပေါ်လာပြီး သူ့အသားက မီးကင်နံ့များ ထွက်နေသည်။
“ဟင့်အင်း၊ ဒီနှင်းဝံပုလွေမှာ ဘယ်လိုထူးဆန်းတဲ့လှည့်ကွက်တွေရှိနေတာလဲ၊ ငါ့ခွန်အားတွေတောင် အားနည်းသွားတယ်!”
မျောက်ဘုရင်သည် လျှပ်စီးကြောင်းများဖြစ် အဆက်မပြတ် ရိုက်ခတ်ခံရပြီးနောက် အလွန်ဒေါသထွက်သွားသည်။
ဤအခိုက်အတန့်တွင်၊ သူ့ရှေ့ရှိ နှင်းဝံပုလွေသည် ကိုင်တွယ်ရန် မလွယ်ကူကြောင်းကို သူနောက်ဆုံးတွင်နားလည်သွားခဲ့ပြီး သူက အလွန်ကြောက်စရာကောင်းသည်ဟုပင် ဆိုနိုင်သည်။
‘ဒါကို ကောင်းကောင်းမထိန်းနိုင်ရင် ဒီနေ့ ဒီမှာ ငါသေသွားနိုင်တယ်’
‘မဟုတ်ဘူး! ငါဒီမှာမသေနိုင်ဘူး!’
နားခြောက်ဖက်မျောက်၏မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သောအရိပ်အယောင်များထွက်ပေါ်လာသည်။ “လူကြီးလူကောင်းက ကလဲ့စားချေဖို့ ဘယ်တော့မှ နောက်မကျဘူး!”
နောက်တစက္ကန့်တွင် နားခြောက်ဖက်မျောက်သည် သူ့ကိုယ်ပိုင် လျှို့ဝှက်နည်းပညာကို အသုံးပြုလိုက်သည်။
ရုတ်တရက် သူနဲ့တူသော မျောက်တစ်ကောင်က လေထဲတွင် ပေါ်လာသည်။
ဤကိုယ်ပွား၏ စွမ်းအားက သူ့၏ မူလခန္ဓာကိုယ်နီးပါးတူညီပြီး လုချန်း,ကို တိုက်ရိုက် တားဆီးလိုက်သည်။
နားခြောက်ဖက်မျောက်သည် တိုက်ပွဲဝင်ဆန္ဒကို ဆုံးရှုံးသွားပြီး ဤအခွင့်အရေးကို ယူကာ ထိုနေရာမှ အမြန်ထွက်ပြေးသွားခဲ့သည်။
“ဒီမျောက်က အသွင်ပြောင်းနိုင်ရုံတင်မကဘဲ နှစ်ကိုယ်ခွဲနိုင်တဲ့ ဆန်းပြားတဲ့နည်းလမ်းလည်း ရှိတယ်လို့ မထင်ထားဘူး”
ဤကိုယ်ပွားသည် လုချန်း,ကို အချိန်အတော်ကြာအောင် မတားဆီးနိုင်ခဲ့ပေ။ မကြာမီ လျှပ်စီးကြောင်းများကြောင့် ပျောက်ကွယ်သွားသည်။
သို့ပေမယ့် ထိုအချိန်တွင် နားခြောက်ဖက်မျောက်က ထွက်ပြေးသွားခဲ့ပြီဖြစ်သည်။
“နှင်းဝံပုလွေဘုရင်၊ ငါသေချာပေါက် ငါ့ယောက်ျားအတွက် လက်စားချေမယ်!”
သူမသည် နှင့် မယှဉ်နိုင်ရုံသာမက လွတ်မြောက်ရန်လည်း မဖြစ်နိုင်ကြောင်း သိလိုက်ရသဖြင့် မြေခွေးနတ်ဆိုးသည် မိမိကိုယ်မိမိ သတ်သေရန် ရွေးချယ်ကာ သူ့အသက်နှင့် လဲလှယ်၍ သူမ၏ အမြီးတစ်ချောင်းကို စွန့်လွှတ်လိုက်သည်။
ဤတိုက်ပွဲသည် ရန်နိုင်ငံတဝှမ်းလုံးတွင် ပြင်းထန်သော ဆွေးနွေးမှုများကို ဖြစ်ပေါ်စေခဲ့သည်။ နှင်းဝံပုလွေဘုရင်၏ လက်ရှိမှတ်တမ်းက အလွန်အံ့သြဖွယ်ကောင်းလှသည်။
ကျူးကျော်လာသော ခြင်္သေ့ဘုရင်ကို သုတ်သင်လိုက်ရုံသာမက မျောက်ဘုရင်ကိုလည်း ချေမှုန်းပစ်ခဲ့သည်။ အထူးသဖြင့်၊ ကီလိုမီတာပေါင်းများစွာ လွှမ်းခြုံထားသော လျှပ်စီးကြောင်းများက အမှန်တကယ် ထိတ်လန့်စရာကောင်းလှသည်။
ယခုအချိန်တွင် လုချန်းသည် ရန်နိုင်ငံတွင် နံပါတ်တစ် သားရဲဘုရင်အဖြစ် သတ်မှတ်ခံရပြီးဖြစ်သည်။