← Chapters

ချည်နှောင်ခြင်းအဆင့်(၄)

Vol. 12 Ch. 169

ချည်နှောင်ခြင်းအဆင့်(၄)

Vol. 12 Ch. 169

လုချန်းသည် တိမ်တိုက်ဒေသအတွင်း တိုက်ပွဲကို ဖြေရှင်းပြီးနောက် ခွန်လွန် တောင်တန်းသို့ ပြန်သွားရန် ပြင်ဆင်ခဲ့သည်။

ကျန်းဟောင်,ထံမှတဆင့် ပန်ဒါကြီးတစ်ကောင်သည် အမှန်တကယ်ပင် ကောင်းကင်မှ ဆင်းသက်လာသည်ကိုသိလိုက်ရပြီး လုချန်းကို အံ့အားသင့်စေခဲ့သည့် တောင်ပိုင်းပင်လယ်တိုက်ပွဲ အခြေအနေကို တိုက်ရိုက်ပြောင်းလဲစေခဲ့သည်။

“ဒီလောက် အစွမ်းထက်တဲ့အကောင်က ရန်နိုင်ငံနယ်မြေထဲမှာ ပုန်းကွယ်နေမယ်လို့ မထင်ထားခဲ့ဘူး!”

ဤနိုင်ငံတော်ရတနာ ပန်ဒါကြီးသည် အဆင့်(၅)တွင်ရှိသော သားရဲဘုရင်ကိုပင် အရှုံးမရှိဘဲ တိုက်ခိုက်နိုင်ခဲ့သောကြောင့် အလွန်အစွမ်းထက်သည်ဟု ဆိုရမည်ဖြစ်သည်။

ရွှမ်ဝူသည် ကောင်းကင်နှင့်မြေကြီး၏ တာအိုဓမ္မရုပ်ထုကိုအသုံးပြုခဲ့လျှင်ပင် တောင်ပိုင်းပင်လယ်ရှိ ပြင်ပသားရဲဘုရင်နှင့်ရင်ဆိုင်ရသည့်အခါတွင် သူ့လိပ်ခွံထဲတွင်သာ ပုန်းအောင်းပြီး မိမိကိုယ်ကို ကာကွယ်နိုင်ခဲ့သည်။

ဤတစ်ကြိမ်တွင် ယိုချင်းယန်သည်ပင် သက်ပြင်းမချဘဲမနေနိုင်တော့ပေ။

“အစ်ကို၊ အစ်ကို့ဆို ပြောစရာတောင် မလိုဘူး၊ ညီမ တောင်အံ့သြသွားတယ်၊ ဒီပန်ဒါက နက်နက်နဲနဲ ဖုံးကွယ်ထားမယ်လို့ ညီမ မမျှော်လင့်ထားဘူး!”

လုချန်း နှင့် သူ့ညီမတို့သည် စီချွမ် တွင် အမြဲနေထိုင်ခဲ့ကြသည်။ တိုက်ဆိုင်စွာပင်၊ ကောင်းကင်မှဆင်းလာသော ဤပန်ဒါကြီးသည်လည်း လုချန်း နှင့် သူ့ညီမကဲ့သို့ စီချွမ် တွင် နေထိုင်ခဲ့သည်။

သို့သော် လုချန်း,သည် စီချွမ် တွင် ပြင်းထန်ပြီး ကြမ်းတမ်းသော ဤသားရဲကို တစ်ခါမျှ မကြားဖူးပေ။

သို့သော် ဤပန်ဒါသည် အလွန်ချစ်စရာကောင်းပြီး ပြင်ပသားရဲများကို နှင်ထုတ်ရာတွင် ကူညီခဲ့ပုံပေါ်သောကြောင့် လုချန်း သည် ၎င်းအတွက် စိုးရိမ်ခြင်းမရှိပေ။

ရက်စက်ကြမ်းကြုတ်သော သားရဲများကြားတွင်၊ ပင်းတီယန် နတ်ဆိုးဘုရင်ကဲ့သို့သော သားရဲများလည်း ရှိသည်။

သူ့သားမြေးကိုပင် ဝါးမျိုပြီး အကျိုးကျေးဇူးအတွက် အသုံးချခဲ့သော သွေးလင်းနို့ဘုရင်ကဲ့သို့ မကောင်းဆိုးဝါးများလည်း ရှိသည်။

ဆိတ်ကွယ်ရာအရပ်တွင် အေးချမ်းစွာနေထိုင်လိုသော ရွှမ်ဝူ ကဲ့သို့ သားရဲများလည်း ရှိသည်။ ဤအစွမ်းထက်သော ပန်ဒါသည်လည်း အလားတူဖြစ်နိုင်သည်။

“စိတ်မပူပါနဲ့ အစ်ကို၊ အစ်ကို့ရဲ့ လက်ရှိအင်အားနဲ့ဆိုရင် ဒီပန်ဒါကြီးက အစ်ကို့ရဲ့ပြိုင်ဘက်ဖြစ်မှာမဟုတ်ဘူး”

အစ်ကိုဖြစ်သူ၏ ခွန်အားနှင့် စွမ်းအားများ ကြီးမားလာသည်ကို မြင်လိုက်ရပြီး ယိုချင်းယန်၏ နှလုံးသားအောက်ခြေတွင် ပျော်ရွှင်မှုများပြည့်နှက်နေတော့သည်။

သူ့ညီမ၏ ချီးမွမ်းသံကိုကြားပြီး လုချန်းက ဂုဏ်ယူစွာဖြင့် ခေါင်းကို မော့လိုက်သည်။

ယိူချင်ယန်က ၎င်းကိုမြင်ပြီး မရယ်ဘဲမနေနိုင်‌တော့ပေ။ တန်ခိုးကြီးသော သားရဲဘုရင်ဖြစ်လာပြီးသည့်တိုင် သူမ၏အစ်ကိုက ယခင်အတိုင်းပင် မပြောင်းလဲသေးပေ။

“အစ်ကို၊ မကြာသေးခင်က ပြင်ပသားရဲဘုရင်တွေ ညီမတို့နေထိုင်နေတဲ့မြေကိုလာပြီး ဒုက္ခပေးဖို့အတွက် ရောက်လာကြတယ်”

“ဒီကောင်တွေ ကျူးကျော်လာတိုင်း အမြဲတမ်း မောက်မာကြတယ်၊ ညီမတို့က သူတို့ကို သင်ခန်းစာပေးသင့်တယ်လို့ အစ်ကိုထင်လား”

ယိုချင်းယန်သည် လုချန်း အနားသို့ ပြေးလာပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

သို့သော် လုချန်းသည် သူ့ညီမက သူမ,ပြောသည်ကို အလွန်အလေးအနက်ထားကြောင်း သိသည်။

ဤရက်စက်ကြမ်းကြုတ်သော သားရဲများ၏ ကျူးကျော်ဝင်ရောက်မှုတိုင်းသည် ရန်နိုင်ငံအတွက် ကြီးမားသော ဆုံးရှုံးမှုကို ဖြစ်စေပြီး သာမန်ပြည်သူများစွာက သားရဲများ၏လက်ထဲတွင် သေဆုံးခဲ့ရသည်။

တခြားအချိန်ဆိုလျှင် သူဒါတွေကို ဂရုမစိုက်ပေမယ့် သူ့ညီမလေးကတော့ မတူ‌ပေ။

“မင်းပြောတာက အဓိပ္ပာယ်ရှိတယ်လို့ ငါထင်တယ်”

“ဒီလို ရက်စက်တဲ့ သားရဲတွေက ရန်နိုင်ငံကို တစ်ကောင်ပြီး တစ်ကောင် ကျူးကျော်ဝင်ရောက်လာတယ်၊ ဒီအတိုင်းသာ ဆက်သွားနေရင် ကမ္ဘာပေါ်က တခြား ရက်စက်တဲ့ သားရဲတွေတောင် ငါတို့ကို ပြက်ရယ်ပြုပြီး ရန်နိုင်ငံရဲ့ သားရဲတွေက အနိုင်ကျင့်ရ လွယ်တယ်လို့ ထင်သွားကြလိမ့်မယ်”

လုချန်း၏ စကားကိုကြားပြီး ယိုချင်းယန်က ခေတ္တမျှရပ်ပြီး အံ့သြသွားသည်။

“ကောင်းပြီ အစ်ကို၊ ဘယ်တော့ထွက်ခွာဖို့ စိတ်ကူးထားလဲ”

သူ့ညီမ အလွန်စိုးရိမ်နေသည်ကိုမြင်ပြီး လုချန်း,က ပြုံးကာ “စိတ်မပူပါနဲ့ အရင်းအမြစ်တွေကို စုဆောင်းပြီး ပြင်ဆင်မှုတွေလုပ်ပြီးတဲ့အထိ စောင့်ပါ”

ဤကာလအတွင်းတွင် နယ်မြေအများအပြားကို တိုက်ခိုက်ရန် ရည်ရွယ်ချက်မျှသာမဟုတ်ဘဲ ကြီးမားသည့် အမြတ်အစွန်းအတွက်ပါ နယ်မြေများစွာကို သိမ်းပိုက်ခဲ့သည်။

အစွမ်းထက်သော သားရဲဘုရင်အဖြစ် သူသည် သူ့၏ခွန်အားကို အပြည့်အဝအသုံးချရမည်ပင်။

ကမ္ဘာကြီးက ကြီးမားလွန်းသည်။ ကိုယ့်အစွမ်းအစနဲ့ကိုယ် နေရာတိုင်းကို ရှာဖွေချင်တယ်ဆိုရင်တော့ အလွန်ပင်ပန်းပေလိမ့်မည်။

ရက်စက်ကြမ်းကြုတ်သော သားရဲအများအပြားကို နှိမ်နင်းပြီး နယ်မြေတစ်ခုကို တိုက်ရိုက်တည်ထောင်ရမည်ဖြစ်ပြီး၊ ဤလက်အောက်ငယ်သားများသည် သူ့တို့အတွက် အရင်းအမြစ်များကို လုယူစေကာ အမျိုးမျိုးသော အရင်းအမြစ်များကို အတူတကွ ပေါင်းစည်းလိုက်ခြင်းဖြင့် စွမ်းဆောင်ရည်က အဆများစွာ မြင့်မားလာမည်ဖြစ်သည်။ ဤပုံစံအောက်တွင်၊ လုချန်း အတွက်၊ ယခင်က ပေါ်ထွက်ခဲ့သော ကံကောင်းခြင်းများအတွက် ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်ရန် မလိုအပ်တော့ပေ။

သင့်အနီးအနားတွင်မရှိခြင်းနှင့် အချိန်မီမသွားနိုင်ခြင်းအတွက် စိတ်ပူစရာမလိုပေ။

နယ်မြေ ပိုင်းခြားထားသရွေ့ ဤတရားစီရင်ပိုင်ခွင့်အတွင်း ပေါ်လာသော အရင်းအမြစ်များ အားလုံးက သူအပိုင်သာဖြစ်ပေလိမ့်မည်။

ထို့အပြင် လုချန်းတွင် စိတ်ဝိညာဉ်ပဋိဥာဉ်စွမ်းရည်ရှိသည်။ အခြား ရက်စက်ကြမ်းကြုတ်သော သားရဲများသာဆိုလျှင် သူတို့၏ လက်အောက်ငယ်သားများက ဆန့်ကျင်ဘက်သို့ ရောက်ရှိသွားမည်ကို စိုးရိမ်ရပေမည်၊ သို့သော် သူအတွက် ၎င်းက လုံးဝ စိုးရိမ်စရာမလိုပေ။

မကြာခင်မှာပင် လုချန်း နှင့် ယိုချင်းယန် တို့က ခွန်လွန် တောင်တန်းဆီကို ပြန်လာခဲ့ကြသည်။ ထိုနေရာတွင် ကျန်ရှိနေသည့် ချီလင် တောင်တန်းမှ သားရဲတပ်က နယ်မြေအများအပြားကို သိမ်းပိုက်ထားပြီးဖြစ်သည်။

လုချန်း ပြန်လာသည်ကိုမြင်ပြီး တမ် နှင့် မြေခွေးဖြူ ကဲ့သို့ပင် သားရဲတွေအားလုံး လုချန်း ဆီကို စိတ်လှုပ်ရှားစွာဖြင့် ရောက်လာကြသည်။

“သခင်၊ ကျွန်တော်တို့ ချမ်းသာပြီ၊ ‌ခွန်လွန် တောင်တန်းက ချီလင် တောင်တန်းထက် အရင်းအမြစ်တွေ အများကြီးရှိတယ်!”

တမ်သည် လုချန်း၏ ရှေ့သို့ ခုန်သွားကာ အစွမ်းထက်ပြီး ပြင်းထန်သော သားရဲများစွာက နောက်မှလိုက်ပါလာကြသည်။

အဆိုပါ သားရဲများ အသီးသီးသည် ဝိညာဉ် သစ်သီးများနှင့် ဝိညာဉ်ဆေးပင် အစုအဝေးကြီးကို ကိုင်ဆောင်ထားကြပြီး ဝိညာဉ်ဆေးများ၏ ရနံ့က အလွန်လန်းဆန်းစေသည်။

“မမှားဘူး၊ ခွန်လွန် တောင်တန်းမှာ အရင်းအမြစ်တွေမရှိရင် သခင်က ဘာလို့ ဒီကိုလာတိုက်ခိုက်မှာတာလဲ”

အမြီးကိုးချောင်းမြေခွေးသည်လည်း သူမ၏သားရဲရုပ်သေးများနှင့်အတူ လုချန်း ထံသို့ ရောက်ရှိလာပြီး သူမအနောက်မှ သားရဲရုပ်သေးများက အရင်းအမြစ်များစွာကို ယူဆောင်လာခဲ့သည်။

လွန်လွန်ကဲကဲ မဖြစ်စေလိုသောကြောင့် ဝက်ဝံညို နှင့် ကျိုးအိင် တို့သည်လည်း သူတို့ သိမ်းပိုက်ထားသော အရင်းအမြစ်များကို ပေးဆောင်ရန် ရောက်လာကြသည်။

အချိန်တိုလေးအတွင်းမှာပင် ခွန်လွန် တောင်တန်းများရှိ ရှားပါးသော အရင်းအမြစ်များစွာကို လုယူခဲ့ကြသည်။

ဝိဥာဉ်စာချုပ်ကြောင့်၊ ဤသားရဲများသည် ယခုအချိန်တွင် သူတို့ဘာသာလုပ်ဆောင်နိုင်စွမ်းရှိသော်လည်း သူတို့၏စွမ်းရည်များကို မဖုံးကွယ်ဝံ့ကြသေးပေ။

ဝိညာဉ်သစ်သီးများနှင့် ဆေးပင်အများအပြားကို လုချန်း ၏ရှေ့တွင် စုပုံထားပြီး တောင်ငယ်တစ်ခုလိုဖြစ်လာသည်။ လန်းဆန်းသောရနံ့က လုချန်း,ကို အမောပြေစေသည်။

ဝိညာဉ်ဆေးများ၏ အရေအတွက်နှင့် အမျိုးအစားများက အလွန်ရှုပ်ထွေးပြီး များပြားသောကြောင့် လုချန်းသည်ပင် စနစ်၏အချက်အလက်များကို ကြည့်ရှုရန် ပျင်းလွန်းလှသည်။

ထို့နောက် သူ့ညီမကို တစ်စိတ်တစ်ပိုင်းပေး၍ ဝါးမြိုပြီး သန့်စင်လိုက်သည်။

သားရဲများစွာမှ ပေးပို့သော ဝိညာဉ်သစ်သီးများနှင့် ဆေးပင်အားလုံးကို ဝါးမြိုသန့်စင်ပြီးနောက်၊ လုချန်းသည် ဆင့်ကဲပြောင်းလဲခြင်းအမှတ် သန်းပေါင်းများစွာကို ရရှိခဲ့သည်။

မူလက အဆင့်မြှင့်တင်ရန် အလှမ်းဝေးနေသေးသော်လည်း ယခုအခါ သူယခုပင် အဆင့်မြှင့်နိုင်တော့မည်ဖြစ်သည်။

“အဆင့်မြှင့်!”

“ဘုန်း!”

အလွန်အစွမ်းထက်သော ရောင်ဝါတစ်ခုက လုချန်း၏ ခန္ဓာကိုယ်မှ ချက်ချင်းထွက်ပေါ်လာသည်။ ချည်နှောင်ခြင်အဆင့်(၄)၏ ပြင်းထန်သောအရှိန်အဝါကြောင့် ပတ်ဝန်းကျင်ရှိ သားရဲများအားလုံး တုန်လှုပ်သွားကြပြီး မြေပြင်ပေါ်တွင် မသိစိတ်ဖြင့် ဝပ်လိုက်ကြသည်။

လုချန်း၏ ခန္ဓာကိုယ်ပုံသဏ္ဍာန်က များစွာ ပြောင်းလဲခြင်းမရှိပေ။ သူ့ခန္ဓာကိုယ်ထဲတွင် ရှိနေသော အလင်းလုံးတစ်ခု ထပ်ပြီး ပျောက်ကွယ်သွားကာ သူ့ကြွက်သားများနှင့် အရိုးများက ပိုလို့တောင် ကြောက်စရာကောင်းလာသည်။

အဆင့်တက်မှုအပြီးတွင် လုချန်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ခွန်လွန် တောင်တန်းတွင် အစွမ်းထက်သော သားရဲဘုရင်များစွာရှိသည်မှာ အံ့သြစရာမရှိပေ၊ အခြေခံအုတ်မြစ်က အလွန်ခိုင်မာလှသည်။

ဤမျှများပြားလှသော အရင်းအမြစ်များသည် ချီလင် တောင်တန်းနှင့် နှိုင်းယှဉ်၍ မရပေ။

နံဘေးတွင် စားသောက်နေသော ယိုချင်းယန်သည် သူမအစ်ကို အောင်မြင်စွာ ဖြတ်ကျော်သွားသည်ကို တွေ့လိုက်သည့်အခါ သက်ပြင်းတစ်ချက်ချလိုက်သည်။

“နောက်ဆုံးတော့ ငါ့အစ်ကိုက ဘာကြောင့် ဒီလောက်မြန်မြန်ဆန်ဆန် အောင်မြင်မှုရခဲ့တာလဲဆိုတာ ငါနားလည်သွားပြီ၊ သူက ဝိညာဉ်သစ်သီးတွေနဲ့ ဆေးပင်တွေ အများကြီးစားတယ် ပြီးတာနဲ့ ချက်ချင်းသန့်စင်သွားတယ်၊ ဒါက မယုံနိုင်စရာပဲ!”

ယခင်ဘဝက ဧကရီအဖြစ် ယိုချင်းယန် သည် အစွမ်းထက်သောနည်းစနစ်များစွာကို လေ့ကျင့်ခဲ့ပြီး၊ သူမ ‌ဝိညာဉ်သစ်သီးများ၊ ဆေးပင်များကို သန့်စင်ရာတွင် အရှိန်အဟုန်က သာမန် အစွမ်းထက်သောသားရဲများထက် များစွာမြန်ဆန်သည်။

သို့သော်ငြားလည်း၊ သူမအား ခွဲဝေပေးထားသည့် ဝိညာဉ်အသီးအနှံများကို ချေဖျက်သန့်စင်ရန် တစ်ရက် သို့မဟုတ် နှစ်ရက်ကြာနိုင်သည်။

ထို့အပြင်၊ သူမ၏အစ်ကိုသည် ဝိညာဉ်သစ်သီးများကို ချေဖျက်သန့်စင်ရာတွင် လျင်မြန်ရုံသာမက သားရဲများ၏ အသွေးအသားကို ဝါးမျိုရာတွင်လည်း လျင်မြန်သည်။

အလွန်အစွမ်းထက်ပြီး မယုံနိုင်စရာကောင်းသော သူမ၏အစ်ကိုကိုကြည့်ရင်း၊ ယိုချင်းယန်သည် နယ်မြေအပြင်ဘက်တွင် နောက်လာမည့်လေ့လာရေးခရီးအတွက် အလွန်ယုံကြည်မှုရှိနေသည်။

All Chapters