“ဘာလဲ? ဝေလငါးဘုရင်၊ မင်း ငါ့ကို တမင်ရှောင်နေတာလား”
Vol. 12 Ch. 172
လုချန်းသည် ယခုအခါ အလွန်အစွမ်းထက်နေပြီဖြစ်ပြီး လက်တုံ့ပြန်မည်ကို လုံးဝမစိုးရိမ်ပေ။
လွတ်လပ်အင်ပါယာ သို့မဟုတ် ပင်လယ်-ဝါးမျိုဝေလငါးဘုရင်ဖြစ်စေ လုချန်း,သည် မကြာမီတွင် သူတို့ထံ သွားရောက်မည်ဖြစ်သည်။
ရေဘဝဲဘုရင်ကို ဖယ်ရှားပြီးနောက် လုချန်း နှင့် သူ့ညီမတို့သည် ပင်လယ်-ဝါးမျိုဝေလငါးဘုရင်၏ တည်နေရာဆီသို့ ပျံသန်းသွားကြသည်။
ဤအချိန်၌ သူတို့ပင်လယ်ထဲသို့ နက်ရှိုင်းစွာသွားသောအခါ၊ သူတို့သည် မရေမတွက်နိုင်သော ပင်လယ်သားရဲများနှင့် ကြုံတွေ့ခဲ့ရသည်။
ပင်လယ်သမုဒ္ဒရာသည် ကုန်းမြေထက် အဆပေါင်းများစွာ ကျယ်ပြောပြီး အရင်းအမြစ်များနှင့် ရက်စက်ကြမ်းကြုတ်သော သားရဲများ၏ အရေအတွက်သည်လည်း ကုန်းမြေနှင့် ယှဉ်၍မရနိုင်ပေ။
သို့သော်လည်း လုချန်းသည် ယခုအခါတွင် ချည်နှောင်ခြင်းအဆင့်(၄)သို့ ရောက်ရှိနေပြီဖြစ်သည်။ နတ်ဆိုးအသွင်ပြောင်းခြက်းကို အသက်သွင်းပြီးနောက်၊ သူ၏ ခွန်အားက တိုက်ရိုက် သုံးဆတိုးလာသည်။ ချည်နှောင်ခြင်းအဆင့်(၅)ရှိ ရက်စက်သော သားရဲများပင်လျှင် လုချန်း၏ ပြိုင်ဘက်မဟုတ်ပေ။
ယိုချင်းယန်၏ စိတ်များက တခါတရံ အနည်းငယ် မှိန်သွားသည်။ သူမနှင့် သူမ၏အစ်ကိုကြားတွင် ပြန်လည်မွေးဖွားလာသူမှာ မည်သူနည်း။
နောက်ဆုံးတော့ သူမသည် သူမ၏ယခင်ဘဝက တုနှိုင်းမရသော ဧကရီဖြစ်ခဲ့ပြီး၊ ကမ္ဘာကြီးကို လွှမ်းမိုးပြီး ကမ္ဘာကြီးကို အောင်နိုင်သူဖြစ်ခဲ့သည်။ သူမ ပြန်လည်မွေးဖွားလာပြီးနောက်၊ သူမသည် သူမ၏ယခင်ဘဝအတွေ့အကြုံနှင့်မှတ်ဉာဏ်များရှိခဲ့ပြီး သူမ၏စွမ်းရည်များက ပို၍သာလွန်သင့်သည်၊ သို့သော် သူမအစ်ကို၏ အမြဲတမ်းဖိနှိပ်ခြင်းကိုခံခဲ့ရသည်။
သို့သော်လည်း ပင်လယ်လေညင်းများဖြင့် လွင့်ပျံနေသော ငွေဖြူရောင်ဝံပုလွေသားမွေးများနှင့် သူမ၏အစ်ကိုကိုကြည့်ရင်း၊ ယိုချင်းယန်က ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချရုံသာတတ်နိုင်ခဲ့သည်။
ယိုချင်းယန်သည် သူမ ပြန်လည်မွေးဖွားပြီးနောက် အားနည်းလာသည်မဟုတ်ကြောင်း သိသော်လည်း သူမ၏အစ်ကိုက အမှန်တကယ် ဆိုးသွမ်းလွန်းသည်။
သူမ၏ အတိတ်ဘဝမှတ်ဉာဏ်များမှ ထိုတန်ခိုးကြီးသော သားရဲဘုရင်များသည်ပင် သူ့အစ်ကိုလက်၌ တစ်ကောင်ပြီး တစ်ကောင် သေဆုံးသွားကြသည်။
ယခုဤကျယ်ပြောသောပင်လယ်ဧရိယာက လယ်သားရဲများ၏နယ်မြေဖြစ်သင့်သည်။
ယိုချင်းယန်သည် ဤပင်လယ်ပြင်ကျယ်ကြီးထဲတွင် ရှိနေလျှင် စွမ်းအားကြီးသော ပင်လယ်သားရဲများနှင့် ယှဉ်ရင် သူမတွင် အားသာချက် သိပ်မရှိပေ။
သို့သော် သူမ၏အစ်ကိုနှင့်အတူ ယိုချင်းယန်သည် မည်သို့ပင် ရက်စက်ကြမ်းကြုတ်သော သားရဲမျိုးနှင့် ကြုံတွေ့ရသည်ဖြစ်စေ သူမ,လုံးဝမကြောက်ပေ။
ဤပင်လယ်ပြင်တွင် လုချန်း နှင့် သူ့ညီမတို့က တောက်လျှောက် တိုက်ပွဲဝင်ခဲ့သည်။ လမ်းတလျှောက် ပင်လယ်သားရဲများက ကြိုပြီး ထွက်ပြေးလျှင် ကောင်းပေလိမ့်မည်၊ သို့ပေမယ့် သူတို့ကို နှိုးဆော်ချင်လျှင်တော့ လုချန်း၏ ဝံပုလွေ ခြေသည်းများအောက်တွင် သရဲတစ္ဆေများအဖြစ် တိုက်ရိုက် ပြောင်းလဲသွားပေလိမ့်မည်။
လမ်းတစ်လျှောက်တွင် လုချန်းသည် ရက်စက်ကြမ်းကြုတ်သော သားရဲများစွာကို သတ်ဖြတ်ခဲ့သည်။ သူ့၏ လက်ရှိခွန်အားဖြင့် ဤသာမန်ပင်လယ်သားရဲများက သူ့ပြိုင်ဘက် လုံးဝ မဖြစ်နိုင်ပေ။
ရေဘဝဲဘုရင်၏ ခွန်အားနှင့် သိပ်မကွာခြားသည့် ချည်နှောင်ခြင်းအဆင့်(၅) ကိုရောက်နေသော ရေနက်ဧရာမသားကြီးပင်လျှင် လုချန်း၏လက်ထဲတွင် ဆယ်ကြိမ်ထက်ပိုတောင့်မခံနိုင်ခဲ့ပေ။
လမ်းတလျှောက် ပင်လယ်သားရဲ အများအပြားကို စားသောက်လိုက်သည်နှင့် လုချန်း၏ ဆင့်ကဲအမှတ်များက ဆက်လက်စုပုံလာခဲ့သည်။
လုချန်းသည် နက်နဲသောပင်လယ်ထဲတွင် အမဲလိုက်ခြင်းက ကုန်းပေါ်တွင် ဆင့်ကဲအမှတ်များ စုဆောင်းခြင်းထက် များစွာမြန်ဆန်ကြောင်း တွေ့ရှိခဲ့သည်။
အမှန်တွင်၊ သွေးအဆီအနှစ်နှင့် စွမ်းအားများ ပိုကြွယ်ဝသော ပင်လယ်ထဲတွင် ပိုအားကောင်းသည့် သားရဲများရှိသည်။
ကုန်းမြေပေါ်ရှိ နှင်းဝံပုလွေဘုရင်အဖြစ်၊ လုချန်းသည် ယခုအခါတွက် အဆုံးမရှိသောပင်လယ်၌ သူ့၏ နာမည်က ကျော်ကြားလာခဲ့သည်။
ကုန်းမြေမှ နှင်းဝံပုလွေနှစ်ကောင်က ဤပင်လယ်ပြင်ကျယ်ကြီးဆီသို့ ရောက်ရှိလာကြောင်းကို တန်ခိုးကြီး ပင်လယ်သားရဲဘုရင်များစွာ သိရှိခဲ့ကြသည်။
အထူးသဖြင့် နှင်းဝံပုလွေဘုရင်၊ သူသည် မည်သူ့ကိုမျှ အသက်ရှင်ခွင့်မပေးဘဲ၊ ပင်လယ်သားရဲများက မည်မျှပင် အစွမ်းထက်စေကာမူ အားလုံးကို သတ်ဖြတ်ခဲ့သည်။
မူလက အေးဆေးတည်ငြိမ်သော ပင်လယ်-ဝါးမျိုဝေလငါးဘုရင်သည် နေရာတကာတွင် သားရဲများကို သတ်ဖြတ်နေခဲ့သော လုချန်း နှင့် သူ့ညီမတို့အကြောင်း သတင်းများ ဆက်တိုက်ကြားသိလာရပြီး နောက်ဆုံးတွင် ထွက်ပြေးရန် စတင်ခဲ့တော့သည်။
သို့သော် ပင်လယ်-ဝါးမျိုဝေလငါးဘုရင်က မည်မျှပင် လျင်မြန်စွာ ထွက်ပြေးနေပါစေ၊ လုချန်းကို ချန်ထားခဲ့နိုင်မည်မဟုတ်ပေ။
လုချန်း၏အင်အားက အလွန်အားကောင်းသောကြောင့်၊ ပင်လယ်သားရဲများစွာသည် ရှင်သန်ရန်အတွက် လုချန်း သတ်ဖြတ်မည်ကို မစောင့်ဘဲ ပင်လယ်-ဝါးမျိုဝေလငါးဘုရင်၏ သဲလွန်စများကိုထုတ်ပေးခဲ့ကြသည်။
လုချန်း ၏သတ်ဖြတ်မှုကြောင့်ပင်၊ ပင်လယ်သားရဲများစွာသည် လုချန်း ထံမှ အသက်ချမ်းသာခွင့်ကို ရရှိစေရန်အတွက် ပင်လယ်-ဝါးမျိုဝေလငါးဘုရင်အား ခြေရာခံရန်ပင် ကူညီပေးခဲ့ကြသည်။
လုချန်း နှင့် ယိုချင်းယန်သည်ပင် ဤကဲ့သို့အခြေအနေမျိုးကို မမျှော်လင့်ထားပေ။
မူလက ယိုချင်းယန်သည် ပင်လယ်-ဝါးမျိုဝေလငါးဘုရင် ကြိုပြီးထွက်ပြေးမည်ကို အနည်းငယ်စိုးရိမ်ခဲ့သော်လည်း ယခုအခါတွင် ပင်လယ်-ဝါးမျိုဝေလငါးဘုရင်၏ သဲလွန်စများကို သူတို့နှစ်ဦးအား ကြိုတင်ရရှိလောက်အောင်ပင် အဆင်ပြေစေခဲ့သည်။
ရန်နိုင်ငံ၏စစ်တပ်သည်ပင် ဝေဟင်မှဂြိုလ်တုများအသုံးပြု၍ ပင်လယ်-ဝါးမျိုဝေလငါးဘုရင်၏တည်နေရာကို ရှာမတွေ့သော်လည်း လုချန်းသည် သူ့၏ဂုဏ်သတင်းကိုအခြေခံ၍ ၎င်းကိုအလွယ်တကူရှာတွေ့ခဲ့သည်။
…………………
ကုန်းမြေနှင့်အလှမ်းဝေးသောပင်လယ်တစ်ခုတွင်၊ စွမ်းအားကြီးသော ပင်လယ်-ဝါးမျိုဝေလငါးဘုရင်သည် သူ၏မျက်လုံးများထဲမှ အလွန်လေးနက်သောအကြည့်များဖြင့် ရှေ့ကိုကြည့်နေသည်။
အကြောင်းမှာ၊ ထိုအချိန်တွင် သူ့ရှေ့ကို နှင်းဖြူဝံပုလွေကြီး နှစ်ကောင် ပေါ်လာပြီး လေထဲတွင် ပျံဝဲနေသောကြောင့်ဖြစ်သည်။
ပင်လယ်-ဝါးမျိုဝေလငါးဘုရင်သည် လုချန်း နှင့်ပတ်သက်သော လတ်တလောသတင်းများကို တွေးတောမိသောအခါတွင် သူ့ကိုယ်သူပင် သံသယဝင်သွားသည်။ လုချန်း ပြောမည့်စကားကို မစောင့်တော့ဘဲ ချက်ခြင်းနှုတ်ဆက်ရန် အစပြုလိုက်သည်။
“နှင်းဝံပုလွေဘုရင်၊ မင်းရဲ့ဂုဏ်သတင်းကို ငါကြားဖူးတာကြာပြီ၊ ဒီနေ့ မင်းကိုတွေ့တာနဲ့ မင်းက တကယ်ကိုထူးခြားတယ်ဆိုတာ ငါသိလိုက်တယ်”
မူလက အလွန်မာနကြီးသော ပင်လယ်-ဝါးမျိုဝေလငါးဘုရင်သည် ယခု လုချန်း,ကိုမြင်ပြီးနောက် အလွန်ယဉ်ကျေးသောလေသံဖြင့် ပြောကာ သူ့သဘောထားကို အလွန်နှိမ့်ချလိုက်သည်။
ထိုကြီးမားသော မီးခိုးပြာကိုယ်ထည်က စစ်သင်္ဘောထက် အဆများစွာကြီးမားပြီး သူ့၏ လက်ရှိ ယဉ်ကျေးသော သဘောထားသည် ယခင်က သမုဒ္ဒရာ၏ နက်နဲရာသို့ သွားရောက်တိုက်ပွဲဝင်ခဲ့သော ထိပ်တန်း သားရဲဘုရင်ကြီးနှင့်ပင် မတူတော့ပေ။
သို့သော်၊ လုချန်းသည် ပင်လယ်-ဝါးမျိုဝေလငါးဘုရင်၏ နှုတ်ခွန်းဆက်မှုကို တုံ့ပြန်သည့်အနေဖြင့် အေးစက်စွာ ပြောလိုက်သည်။
“ဝေလငါးဘုရင်၊ မင်းက တကယ်ကို မလွယ်ဘူးပဲ၊ ပင်လယ်ပြင်တစ်လျှောက် ဖြတ်သန်းလာခဲ့ရတဲ့ ငါနဲ့ ငါ့ညီမကို ပင်ပန်းစေတယ်”
“ဘာလဲ? ဝေလငါးဘုရင်၊ မင်း ငါ့ကို တမင်ရှောင်နေတာလား”
လုချန်းသည် သူပြောပြီးသည်နှင့် ရှေ့သို့ လျှောက်သွားကာ သူလှမ်းလိုက်သည့် ခြေလှမ်းတိုင်းတွင် သူ၏ ရောင်ဝါက ပိုပြင်းထန်လာသည်။
မူလက ငြိမ်သက်နေသော ပင်လယ်ရေမျက်နှာပြင်က ရုတ်တရက် လှိုင်းထန်လာကာ လုချန်း ၏ဖိအားကြောင့် ပင်လယ်ရေသည်ပင် ပြိုကွဲသွားပုံရသည်။
“နှင်းဝံပုလွေဘုရင်၊ မင်းအကြောင်း သတင်းတချို့ ကြားခဲ့ရပေမယ့် ငါတို့ကြားမှာ နားလည်မှုလွဲမှားတာတွေ ရှိမယ်လို့ ငါယုံကြည်တယ်”
“နှင်းဝံပုလွေဘုရင်၊ ငါ မင်းနဲ့ ဘာရန်ငြိုးမှမရှိဘူး”
ပင်လယ်-ဝါးမျိုဝေလငါးဘုရင်က လေးနက်သော အသံဖြင့် ပြောသည်။ လုချန်း ထံမှ ထွက်ပေါ်လာသော ပြင်းထန်သော အရှိန်အဝါကို ခံစားလိုက်ရပြီး သူ့နှလုံးခုန်နှုန်း မြန်လာသည်။
“ရန်နိုင်ငံကို တိုက်ခိုက်ခဲ့တာကလဲ လွတ်လပ်အင်ပါယာရဲ့ လျှို့ဝှက်သွေးထိုးလှုံ့ဆော်မှုကြောင့်ပဲ”
“တကယ်တော့ ငါပစ်မှတ်ထားတာက ဒီလိပ်နက်ကြီးပဲ၊ မင်းနဲ့ငါကြားမှာ ဘာအငြိုးအတေးမှ မရှိဘူး၊ ငါတို့ဘာလို့ မိတ်ဆွေမဖြစ်နိုင်ရမှာလဲ”
ယခင်ကဆိုလျှင် ပင်လယ်-ဝါးမျိုဝေလငါးဘုရင်သည် လုချန်း,ကို မကြောက်သော်လည်း မကြာသေးမီက သတင်းများစွာထွက်ပေါ်နေပြီး ပင်လယ်-ဝါးမျိုဝေလငါးဘုရင်နှင့်ရင်းနှီးသော နယ်ပယ်မှ တန်ခိုးကြီး သားရဲဘုရင်များပင် သမုဒ္ဒရာထဲတွင် သေဆုံးခဲ့ရပြီး ပင်လယ်-ဝါးမျိုဝေလငါးဘုရင်အတွက် စိတ်မပူဘဲနေရန်မှာ ခက်ခဲစေသည်။
“ငါ မင်းကို ရှာနေတဲ့အကြောင်း မင်းသိတဲ့အတွက် ပိုလွယ်တယ်၊ ငါ လုချန်း,က အဓိပ္ပာယ်မရှိတဲ့စကားတွေပြောရတာ မကြိုက်ဘူး”
ဤပင်လယ်-ဝါးမျိုဝေလငါးဘုရင်က အလွန်အစွမ်းထက်ပြီး ရှောင်ပိုင် ၏အဆိုအရ၊ သူသည် အနာဂတ်တွင် သမုဒ္ဒရာ၌ ကြီးမြတ်သောဘုရင်ဖြစ်လာမည်ဖြစ်သည်။
အကယ်၍ သူ့ကို ယခုအချိန်တွင် မသတ်ဖြတ်ပါက၊ သူသည် အနာဂတ်တွင် သူ့၏ပြိုင်ဘက် ဖြစ်လာနိုင်ဖွယ်ရှိသည်။ လုချန်း,က ကျားကို တောင်ပေါ်ပြန်မလွှတ်ပေးချင်ပေ။
လုချန်း,က ချည်နှောင်ခြင်းအဆင့်(၄) ရောင်ဝါကို ထုတ်လွှတ်လိုက်သောအခါ ပင်လယ်-ဝါးမျိုဝေလငါးဘုရင်သည်လည်း ကြွေးကြော်ခဲ့သည်။
“ဒါက သမုဒ္ဒရာ၊ မင်းရဲ့မြေမဟုတ်ဘူး၊ မင်းက တန်ခိုးကြီး နှင်းဝံပုလွေဘုရင်ဆိုရင်တောင် ဒါက ငါ့နယ်မြေ၊ ပင်လယ်-ဝါးမျိုဝေလငါးဘုရင်က ဘာလဲဆိုတာ မင်းကို သိစေချင်တယ်”
“ဂါးးး!”
ပင်လယ်-ဝါးမျိုဝေလငါးဘုရင်၏ ဟိန်းဟောက်သံနှင့်အတူ မရေမတွက်နိုင်သော ပင်လယ်သားရဲများက ပင်လယ်ပြင်မှ ရုတ်တရက် ထွက်ပေါ်လာကြသည်။
ပင်လယ်ကို အုပ်စိုးသူအနေဖြင့် ပင်လယ်-ဝါးမျိုဝေလငါးဘုရင်တွင်လည်း သူ့ကိုယ်ပိုင် အစွမ်းထက်သော ပင်လယ်သားရဲတပ်များ ရှိသည်။
တစ်ချိန်တည်းမှာပင် ပင်လယ်ရေမျက်နှာပြင်အောက်၌ အရွယ်အစားမျိုးစုံရှိသော ပင်လယ်သားရဲများ ပေါ်လာပြီး အချို့မှာ နိုးထခြင်းအဆင့်တွင် ရှိနေကြပြီး အချို့မှာ ချည်နှောင်ခြင်းအဆင့်သို့ ရောက်ရှိရန် လုံလောက်သော စွမ်းအားများရှိကြသည်။
သို့သော် ဤပင်လယ်သားရဲများကိုကြည့်ရင်း လုချန်း,က အေးစက်စွာပြုံးနေခဲ့သည်။