← Chapters

လွတ်လပ်အင်ပါယာမှ စစ်သင်္ဘောများရောက်ရှိလာခြင်း

Vol. 12 Ch. 174

လွတ်လပ်အင်ပါယာမှ စစ်သင်္ဘောများရောက်ရှိလာခြင်း

Vol. 12 Ch. 174

ယင်းကိုကြားပြီး လုချန်း ခေါင်းညိတ်လိုက်သည်-“ဒီကောင်တွေက ပျိုးပင်တွေ မြန်မြန်ပေါက်အောင် ကူညီပေးတဲ့ နိယာမကို နားမလည်ပုံပဲ၊ အခုအချိန်တန်တော့ စျေးပေးရမယ့် အချိန်ရောက်ပြီ”

“ဂါးးး!”

ပင်လယ်-ဝါးမျိုဝေလငါးဘုရင် ရူးသွပ်သွားပြီးနောက်၊ သူ့ပတ်ဝန်းကျင်ရှိ ရက်စက်ကြမ်းကြုတ်သော သားရဲများစွာ၏ အလောင်းများကို အပိုင်းပိုင်းခွဲပစ်လိုက်သည်။

ဤအခိုက်အတန့်တွင် သူသည် အဝေးမှ လုချန်းကို သတိပြုမိပြီး ချက်ချင်းပင် ဆူးတောင်များကို ခတ်ကာ လုချန်း,ထံသို့ ဝင်ရောက်တိုက်ခိုက်လာသည်။

ကျွန်းကြီးတစ်ကျွန်းကဲ့သို့ ဧရာမသားရဲတစ်ကောင်က လုချန်း,ဆီသို့ အရှိန်ပြင်းပြင်းဖြင့် ဝင်ရောက်လာနေသည့် မြင်ကွင်းက တကယ့်ကို ထိတ်လန့်တုန်လှုပ်စရာပင်။

သို့သော်လည်း လုချန်း,က ဤအခြေအနေကို မြင်သောအခါ အလျင်လိုခြင်းမရှိပေ။ သူက နတ်ဆိုးအသွင်ပြောင်းခြင်းကို အသုံးပြုလိုက်ပြီး၊ တခဏချင်းတွင်၊ အားကောင်းသော ရောင်ဝါက ပင်လယ်-ဝါးမျိုဝေလငါးဘုရင်အား လွှမ်းခြုံသွားသည်။

လုချန်း,သည် လွန်းပျံစွမ်းရည်ကို အသုံးပြုပြီး သူ၏ကြီးမားသော ခန္ဓာကိုယ်က နေရာမှ ပျောက်ကွယ်သွားပြန်သည်။

ရှူးသွပ်နေသော ပင်လယ်-ဝါးမျိုဝေလငါးဘုရင်သည် ပစ်မှတ်ဆုံးရှုံးပြီးနောက် ပတ်ဝန်းကျင်ပင်လယ်ရေဆီသို့ သူ့၏ဒေါသကို ထုတ်ဖော်နေခဲ့သည်။

သို့သော် လုချန်း,က အလားတူလှည့်ကွက်ကို ထပ်မံအသုံးပြုပြီး ပင်လယ်-ဝါးမျိုဝေလငါးဘုရင်၏ဘေးတွင် ထပ်မံပေါ်လာသည်။

ဝံပုလွေခြေသည်းများက ပေါင်တစ်သောင်းမျှ ကြီးမားသော စွမ်းအားကို သယ်ဆောင်လာပြီး မရေမတွက်နိုင်သော ငွေလျှပ်စီးကြောင်းများက လုချန်းကို ဝန်းရံထားသည်။

ဤအခိုက်အတန့်တွင်၊ လုချန်းသည် ကောင်းကင်ထက်မှ မိုးကြိုးနတ်သားရဲကဲ့သို့ဖြစ်နေပြီး ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ပြင်းထန်သောဖိအားကို ထုတ်လွှတ်သည်။

ရှူးသွပ်နေသော ပင်လယ်-ဝါးမျိုဝေလငါးဘုရင်သည်ပင် လုချန်း၏ လျှပ်စီးကြောင်းများအောက်တွင် အနည်းငယ် ငြိမ်သက်သွားပုံရသည်။

“ဘုန်း! ဘုန်း! ဘုန်း!”

ဤနည်းဖြင့် လုချန်းသည် မိုးကြိုးဒိုမိန်းကို ဖြန့်ကျက်လိုက်ပြီး ခဏတာအတွင်း မူလက နက်မှောင်သောပင်လယ်ကြီးက လုချန်း၏ ငွေရောင်လျှပ်စီးများကြောင့် လင်းလက်သွားခဲ့သည်။

ပင်လယ်-ဝါးမျိုဝေလငါးဘုရင် စားသုံးလိုက်သော ဆေး၏ ဘေးထွက်ဆိုးကျိုးများ ထွက်ပေါ်လာပြီးနောက်တွင် သူ့၏ ခွန်အားက ယခင်ကနှင့် ယှဉ်လျှင် များစွာ တိုးတက်လာခဲ့သော်လည်း ရူးသွပ်နေသောကြောင့် ယခင်ကထက် ကိုင်တွယ်ရပိုလွယ်ကူလာသည်။

လုချန်းသည် ပင်လယ်-ဝါးမျိုဝေလငါးဘုရင်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းရန် လွန်းပျံစွမ်းရည်ကို အသုံးပြုပြီး၊ ထို့နောက် သူ့၏ အစွမ်းထက်သော ခန္ဓာကိုယ်နှင့် မိုးကြိုးဒိုမိန်းကို အားကိုးကာ ပင်လယ်-ဝါးမျိုဝေလငါးဘုရင်၏ ခန္ဓာကိုယ်တွင် ဒဏ်ရာများကို ချန်ထားခဲ့သည်။

များမကြာမီပင်၊ ကီလိုမီတာများစွာအကွာအဝေးအတွင်း ပင်လယ်ဧရိယာကို ပင်လယ်-ဝါးမျိုဝေလငါးဘုရင်၏သွေးများဖြင့် အနီရောင်ဆိုးထားပြီး ဧရာမသားရဲကြီးနှစ်ကောင်က သွေးအိုင်ထဲတွင် ရှိနေပုံရသည်။

ယခုအချိန်တွင် ပင်လယ်-ဝါးမျိုဝေလငါးဘုရင်က ယခင်ကကဲ့သို့ ရူးသွပ်သွားစေရန် စွမ်းအင်မရှိတော့ပေ။ လုချန်း၏ အဆက်မပြတ်ပြင်းထန်သော တိုက်ခိုက်မှုများအောက်တွင် သူသည် သူ၏ ကြံ့ခိုင်မှုအားလုံးကို ကုန်ဆုံးသွားခဲ့သည်။

ပင်လယ်-ဝါးမျိုဝေလငါးဘုရင်သည် သူ့ခွန်အားအဆုံးသို့ရောက်ရှိသောအခါ၊ သူ၏ယခင်ရူးသွပ်နေသောမျက်လုံးများက နောက်ဆုံးတွင် ယခင်ကျိုးကြောင်းဆီလျော်မှုကို ပြန်လည်ရရှိခဲ့သည်။

“နှင်းဝံပုလွေဘုရင်၊ ပင်လယ်ထဲမှာ ငါမင်းလို သားရဲတစ်ကောင်ကို ရှုံးနိမ့်ရလိမ့်မယ်လို့ မထင်ခဲ့ဘူး!”

ပင်လယ်-ဝါးမျိုဝေလငါးဘုရင်၏ လေသံက ပင်ပန်းနွမ်းနယ်မှုနှင့် မလိုလားမှုများဖြင့် ပြည့်နှက်နေသည်။

“အခု ဒီအခြေအနေခိရောက်လာမှတော့ ဝေလငါးဘုရင်ရဲ့ပေါက်ကွဲမှုက ဘာလဲဆိုတာ မင်းကို ငါပြမယ်”

သူ့မျက်လုံးများတွင် ရက်စက်သော အရိပ်အယောင်များထွက်ပေါ်လာပြီး လုချန်း,ထံသို့ သူ့၏နောက်ဆုံးခွန်အားအနည်းငယ်ဖြင့် ပြေးသွားခဲ့သည်။

လုချန်း,၏ မျက်လုံးများက ကျုံ့ဝင်သွားသည်။ ၀ိညာဉ်စွမ်းအင် ပြန်လည်ရှင်သန်လာချိန်မတိုင်ခင်တွင်၊ ဝေလငါးကြီးသေဆုံးသောအခါ အရာခပ်သိမ်းက ပြန်လည်ရှင်လာသည်ဟု ဆိုရိုးစကားရှိသည်။

ဤကြီးမားသောအဏ္ဏဝါသတ္တဝါသေဆုံးပြီးနောက် ဂေဟစနစ်တစ်ခုပင် ဖြစ်ထွန်းလာနိုင်သည်။

အသွေးအသားထဲတွင်ပါရှိသော စွမ်းအားက အလွန်အံ့ဩစရာဖြစ်သည်။ ယခုတွင်၊ ပင်လယ်-ဝါးမျိုဝေလငါးဘုရင်သည် ချည်နှောင်ခြင်းအဆင့်(၅)တွင်ရှိသော သူ့ကိုယ်ခန္ဓာကို ဖျက်ဆီးလိုက်သောကြောင့် ထွက်ပေါ်လာသော အဖျက်စွမ်းအားက ပို၍ပင် အံ့အားသင့်စရာပင်။

ပင်လယ်-ဝါးမျိုဝေလငါးဘုရင်ထံမှ ထွက်ပေါ်လာသော ဝိညာဉ်စွမ်းအား အတက်အကျများကို ခံစားလိုက်ရသဖြင့် လချန်း,တို့မောင်နှမက လုံးဝတွန့်ဆုတ်မနေပေ။

လုချန်းသည် သူ့၏ လွန်းပျံစွမ်းရည်ကို အသုံးပြုကာ ယိုချင်းယန်သည်လည်း တယ်လီပို့ခြင်းနည်းစနစ်ကို အသက်သွင်းခဲ့ပြီး သူတို့နှစ်ဦးက ထိုနေရာမှ တိုက်ရိုက်ပျောက်ကွက်သွားခဲ့သည်။

သူတို့ပျောက်ကွယ်သွားချိန်တွင် ပင်လယ်-ဝါးမျိုဝေလငါးဘုရင်က ချက်ချင်းပင် ပေါက်ကွဲသွားလေသည်။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများ ဝန်းရံလာကာ မရေမတွက်နိုင်သော ပင်လယ်ရေများက ဆယ်ကီလိုမီတာကျော်အကွာအဝေးအတွင်း အငွေ့ပျံသွားကာ ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် အပေါက်ကြီးတစ်ခုပင် ဖြစ်ပေါ်လာသည်။

ကြီးမားသော လှိုင်းလုံးကြီးများ လှုပ်ခတ်သွားပြီး ကြီးမားသော ဆူနာမီက မိုင်ရာနှင့်ချီ၍ ကျယ်ပြန့်လာကာ ပင်လယ်အတွင်းရှိ မရေမတွက်နိုင်သော ဧရာမသတ္တဝါကြီးများက ချက်ချင်းပင် သေဆုံးသွားခဲ့သည်။

ချည်နှောင်ခြင်းအဆင့်(၅)တွင်ရှိသော ပင်လယ်-ဝါးမျိုဝေလငါးဘုရင်၏ မိမိကိုယ်ကို ဖောက်ခွဲခြင်းသည် လူသားမျိုးနွယ်၏ အဆုံးစွန်သော လက်နက်များစွာကို တပြိုင်နက်တည်း ဖောက်ခွဲခြင်းထက် ပိုကြောက်စရာကောင်းသည်။

ဤနေရာမှ ကီလိုမီတာ နှစ်ရာအကွာအဝေးတွင် လုချန်း နှင့် ယိုချင်းယန် တို့သည် အဝေးမှ ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော ရုန်းရင်းဆန်ခတ်မှုကို တိတ်တဆိတ် စောင့်ကြည့်နေကြသည်။

တောင်ပိုင်းပင်လယ်ထဲတွင် ရန်နိုင်ငံကို တိုက်ခိုက်ခဲ့သော သားရဲဘုရင်နှစ်ကောင်သည် ယခုအချိန်တွင် လုချန်း,၏ သတ်ဖြတ်ခြင်းခံလိုက်ရပြီဖြစ်သည်။

လုချန်း,သည် သူ့၏နောက်ပစ်မှတ်အား စီစဉ်နေချိန်တွင်၊ သူ့တို့နှစ်ဦးဆီသို့ အရှိန်အပြည့်ဖြင့် ဦးတည်လာနေသော စစ်သင်္ဘောများစွာကို တွေ့ရှိခဲ့သည်။ များမကြာမီတွင် လုချန်း,သည် ၎င်းက လွတ်လပ်အင်ပါယာမှ စစ်သင်္ဘောများများဖြစ်ကြောင်း အလံမှတဆင့် သိလိုက်ရသည်။

“လွတ်လပ်အင်ပါယာရေတပ်က ဒီကို ဘာလာလုပ်တာလဲ၊ ဝေလငါးဘုရင်အတွက် လက်စားချေချင်တာ ဖြစ်နိုင်လား”

လုချန်း,က မနေနိုင်ဘဲ လှောင်ရယ်လိုက်သည်။

“ဒီကောင်တွေက ငါ့နောက်ကွယ်မှာပဲ ပုန်းနေကြမယ်လို့ထင်နေတာ၊ ငါသူတို့ကို လိုက်ရှာဖို့တောင် မသွားသေးပေမယ့် သူတို့ကိုယ်တိုင်က ငါ့ဆီရောက်လာတယ်”

လုချန်း နှင့် ယိုချင်းယန် တို့က ရိုးရှင်းစွာပင် ထွက်ခွာမသွားဘဲ မကြာမီ လွတ်လပ်အင်ပါယာ၏ စစ်သင်္ဘောများက သူတို့ရှေ့သို့ ရောက်လာသည်။

လွတ်လပ်အင်ပါယာမှလူများသည်တော့ ပင်လယ်-ဝါးမျိုဝေလငါးဘုရင်၏သေဆုံးမှုကို သတိမပြုမိကြသေးပေ။

လုချန်း နှင့် သူ့ညီမကို တွေ့ပြီးနောက်မှာတော့ ဆံပင်ရွှေရောင်နှင့် မျက်လုံးအပြာရောင် နိုင်ငံခြားသားများက သူတို့ကို မှင်သက်စွာ ကြည့်နေခဲ့သည်။

လွတ်လပ်အင်ပါယာ၏လူများအမြင်တွင်၊ နှင်းဝံပုလွေဘုရင်က ကမ္ဘာပေါ်တွင်လက်ရှိအာဏာအရှိဆုံးသားရဲဘုရင်ဖြစ်သည်။

နှင်းဝံပုလွေဘုရင်ကို စုဆောင်းနိုင်လျှင်၊ သူသည် လွတ်လပ်အင်ပါယာအတွက် အကြီးမားဆုံး အကူအညီ ဖြစ်လာပေလိမ့်မည်။

“အရှင် နှင်းဝံပုလွေဘုရင်၊ ငါတို့က မင်းနဲ့ ညှိနှိုင်းဖို့ ဒီကိုရောက်လာတာပါ”

နိုးထခြင်းအထွတ်အထိပ်အဆင့်ရှိ ရွှေရောင်ဆံပင်နှင့် မျက်လုံးပြာ အရာရှိတစ်ဦးက လွတ်လပ်အင်ပါယာ၏ စစ်သင်္ဘောမှ ထွက်လာခဲ့သည်။ ဤအခိုက်အတန့်တွင် သူသည် လုချန်း,အား သူ့မျက်နှာပေါ်မှ အပြုံးတစ်ခုဖြင့် ကြည့်နေသည်။

လုချန်း,က ထိုစကားကိုကြားသောအခါ မျက်ခုံးပင့်သွားသည်။ လွတ်လပ်အင်ပါယာရေတပ်သည် ၎င်းတို့၏လုပ်ဖော်ကိုင်ဖက်ဖြစ်သော ပင်လယ်-ဝါးမျိုဝေလငါးဘုရင်အတွက် လက်စားချေလိုသည်ဟု မူလက သူထင်ခဲ့သော်လည်း သူနှင့်သဘောတူညီချက်တစ်ခုပြုလုပ်ရန် သူဆီသို့ ရောက်လာမည်ဟု သူမျှော်လင့်မထားပေ။

“ညှိနှိုင်းဖို့? ဘာကိုကမ်းလှမ်းပြီးတော့လဲ?”

လုချန်း၏မေးခွန်းက သူတို့မျှော်လင့်ထားသကဲ့သို့ပင်၊ လွပ်လပ်အင်ပါယာ၏ အထူးစွမ်းရည်ရှိသူများက လျှို့ဝှက်ဆန်းကြယ်သောဆေးရည်များပါသော အိတ်ပေါင်းများစွာကို ချက်ချင်းထုတ်ယူလိုက်သည်။

“အရှင် နှင်းဝံပုလွေဘုရင်၊ ဒါက မင်းရဲ့ ခွန်အားကို မြန်မြန်ဆန်ဆန် တိုးတက်အောင် ကူညီပေးနိုင်တဲ့ ငါတို့ရဲ့ နောက်ဆုံးပေါ် တီထွင်ထားတဲ့ ဆေးရည်ပါ”

“ပင်လယ်-ဝါးမျိုဝေလငါးဘုရင်နဲ့ တခြားသူတွေ အရင်က မြင်ဖူးမယ်လို့ထင်တယ်၊ သူတို့က နယ်ပယ်သစ်တစ်ခုကို အချိန်တိုအတွင်း ဖြတ်ကျော်နိုင်ခဲ့တယ်”

“ရန်နိုင်ငံကို အတူတူ တိုက်ခိုက်ဖို့ ငါတို့နဲ့ ပူးပေါင်းနေသ၍ ငါတို့က မင်းလိုချင်သလောက် ဒီဆေးရည်ကို ပေးမှာပါ!”

လွတ်လပ်အင်ပါယာမှ လူများ၏ မျက်နှာပေါ်တွင် အပြုံးများ ရှိကြသည်။ သူတို့၏ထင်မြင်ချက်အရ လုချန်းသည် စွမ်းအား၏သွေးဆောင်မှုကို ငြင်းပယ်ရန် အကြောင်းပြချက်မရှိပေ။

နောက်ဆုံးတွင် သူတို့ယခင်တွေ့ဖူးခဲ့သော သားရဲဘုရင်များထဲတွင် ရေသူဘုရင်မကလွဲ၍ ကျန်သည့် ရက်စက်ကြမ်းကြုတ်သော သားရဲတွေအားလုံးက သူတို့၏ ညှိနှိုင်းမှုကို သဘောတူခဲ့ကြသည်။

သို့သော်လည်း ဤဆေးရည်သည် အလွန်ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများရှိကြောင်း လုချန်း မှ သူ့ညီမထံမှ သိရှိထားပြီးဖြစ်ကြောင်း လွပ်လပ်အင်ပါယာမှ ဤလူများက မသိခဲ့ကြပေ။

မကြာသေးခင်က ပင်လယ်-ဝါးမျိုဝေလငါးဘုရင်၏ ရှူးသွပ်ခြင်းကို သူ့မျက်လုံးနှင့် တပ်အပ်မြင်လိုက်ရသည်။

လုချန်း၏ ရေခဲပြာမျက်လုံးများက ဤအခိုက်အတန့်တွင် ရက်စက်သော အရိပ်အယောင်များထွက်ပေါ်လာခဲ့သည်။

“မင်းတို့ လွတ်လပ်အင်ပါယာက လူတွေက မူးယစ်ဆေးကို ကြိုက်ကြပုံပဲ၊ မင်းတို့ တစ်ရက်လောက် ဆေးမသောက်ရရင် အဆင်မပြေဘူး မဟုတ်လား”

“ဒီဆေးက အရမ်းပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေရှိတယ်၊ ဒါကြောင့် မင်းတို့ကို ငါငြင်းတယ်!”

လုချန်း,ထံမှ ပြင်းထန်သောဖိအားများ ချက်ခြင်းထွက်ပေါ်လာပြီးနောက်၊ သူ့၏ဝံပုလွေခြေသည်းများကို တိုက်ရိုက်လှုပ်ခတ်ကာ လျှပ်စီးကြောင်းပေါင်းများစွာကို ထုတ်လွှတ်လိုက်ပြီး လွပ်လပ်အင်ပါယာ၏ စစ်သင်္ဘောထံသို့ တိုက်ရိုက်ပစ်လွှတ်ခဲ့သည်။

ပင်လယ်ပြင်တွင် ကြီးမားသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ရုတ်တရက် အပြောင်းအလဲကို လွပ်လပ်အင်ပါယာမှ လူတိုင်းက သတိမထားမိခဲ့ပေ။

နှင်းဝံပုလွေဘုရင်သည် သဘောတူညီချက်ကို ငြင်းဆိုရုံသာမက သဘောမတူသည်နှင့်ပင် တိုက်ခိုက်မှုကိုစတင်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားပေ။

စစ်သင်္ဘောပေါ်တွင် ကြီးမားသော ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး အထူးစွမ်းရည်ရှိသူများ၊ အစောင့်အကြပ်များက ချက်ချင်း သေဆုံး သို့မဟုတ် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။ လူအနည်းငယ်သာ ပြင်းထန်သောဒဏ်ရာများဖြင့် လွတ်မြောက်ခဲ့သည်။

သို့သော် သူတို့စောင့်နေသည်မှာ လုချန်း ၏ကြောက်မက်ဖွယ် လျှပ်စီးကြောင်းများသာဖြစ်သည်။

မရေမတွက်နိုင်သော ငွေလျှပ်စီးနဂါးများက လေထဲတွင် တဟုန်းဟုန်းတောက်နေပြီး လွတ်လပ်အင်ပါယာမှ လူများ ချက်ချင်းပင် အသတ်ခံခဲ့ရသည်။

All Chapters