အရှေ့ဘက်ဒေသ၏ အကျပ်အတည်း
Vol. 12 Ch. 175
လွတ်လပ်အင်ပါယာ၏ ဤစစ်သင်္ဘောများမှ လူများသည် လုချန်း,၏ ရုတ်တရက်တိုက်ခိုက်မှုကို ဘယ်သောအခါမှ မမျှော်လင့်ထားပေ။
တစ်ကြိမ်တွေ့ဆုံပြီးနောက်တွင်၊ အလယ်ဗဟိုရှိ စစ်သင်္ဘောကြီးက တိုက်ရိုက်ပေါက်ကွဲသွားခဲ့ပြီး အထူးစွမ်းရည်ရှိသူများစွာကို သေဆုံးစေခဲ့သည်။
ကျန်ရှိသော ရေယာဉ်ငယ်အချို့ရှိ လူသားများက အလျင်အမြန်တုံ့ပြန်ပြီးနောက် သူတို့သည် ခပ်ခွာခွာခွာသို့ လျင်မြန်စွာ ပြန်ဆုတ်သွားကြကာ သူ့တို့၏ အနီးကပ် ကာကွယ်ရေးဒုံးကျည်များကို အရူးအမူး ပစ်လွှတ်လိုက်ကြသည်။
ဒါဇင်ပေါင်းများစွာသော သင်္ဘောပေါ်ရှိ ဒုံးကျည်များသည် တစ်ချိန်တည်းတွင် လုချန်း ဆီသို့ ပျံသန်းလာပြီး မီးတန်းများ တဖျပ်ဖျပ်လက်နေသည်။
သို့သော်လည်း ချည်နှောင်ခြင်းအဆင့်(၄)သို့ ရောက်ရှိနေပြီဖြစ်သော လုချန်း အတွက် ယနေ့ခေတ်လူသားတို့၏ အစွမ်းထက်ဆုံး လက်နက်သည်ပင် သူ့မျက်လုံးထဲတွင် မီးရှူးမီးပန်းတစ်ခုမျှသာ ဖြစ်သည်။
လုချန်း,သည် ရှောင်တိမ်းရန် လွန်းပျံစွမ်းရည်ကိုပင် အသုံးမပြုခဲ့ပေ။ မတိုးပေါက်နိုင်ခြင်းစွမ်းရည်၏ လွှမ်းခြုံမှုအောက်တွင် သူ့၏သားမွေးများနှင့် အရေပြားများက သံမဏိကဲ့သို့ မာကျောလာသည်။
ဤဒုံးကျည်များက လုချန်း ၏ခန္ဓာကိုယ်ကို ထိမှန်သွားသော်လည်း သူ့ကို လုံးဝမထိခိုက်စေခဲ့ပေ။
နောက်တစ်စက္ကန့်တွင် ပင်လယ်ပြင်ပေါ်တွင် ထောင်နှင့်ချီသော လျှပ်စီးကြောင်းများ ထွက်ပေါ်လာသည်။ လုချန်း၏ လျှပ်စီးကြောင်းများအောက်တွင် လွတ်လပ်အင်ပါယာ၏ သင်္ဘောများအားလုံး ချက်ချင်း နစ်မြုပ်သွားခဲ့သည်။
လေထဲသို့ ပျံဝဲကာ ထိတ်လန့်တကြား ထွက်ပြေးနေသော အထူးစွမ်းရည်ရှိသူများသည်ပင် လုချန်း,၏ လျှပ်စီးကြောင်းများကို ခုခံနိုင်စွမ်းမရှိခဲ့ပေ။
ချက်ချင်းပင်၊ လွတ်လပ်အင်ပါယာ၏ ရေယာဉ်စုကို လုချန်း,မှ လုံးလုံး ဖျက်စီးပစ်ခဲ့သည်။ သင်္ဘောပေါ်ရှိ လူအားလုံးသည် လွတ်လပ်အင်ပါယာ၏ အဆင့်မြင့် အထူးစွမ်းရည်ရှိသူများဖြစ်ကြပြီး ဤထိုးနှက်ချက်က လွတ်လပ်အင်ပါယာကို အကြီးအကျယ် အကြပ်ရိုက်စေခဲ့သည်
နောက်ကွယ်တွင် သေးငယ်သော လှုပ်ရှားမှုများကို လုပ်ဆောင်နေသည့် လွတ်လပ်အင်ပါယာမှ လူများကို သတ်ဖြတ်ပြီးနောက် လုချန်း နှင့် ယိုချင်းယန် တို့က ဤပင်လယ်ပြင်ကျယ်ကြီးပေါ်မှာ ဆက်လက် လှည့်လည်သွားလာခဲ့ကြသည်။
ဤကာလအတွင်းတွင် သူတို့နှစ်ဦးသည် တန်ခိုးကြီးသော ပင်လယ်သားရဲများကို ဆက်လက်သတ်ဖြတ်ခဲ့သည်။ လက်နက်ချလိုစိတ်ပြင်းပြသူတစ်ဦးနှင့်တွေ့သောအခါတွင် လုချန်း,သည် သူ့နှင့် ဝိညာဉ်စာချုပ်ချုပ်ရန် သူ့၏စွမ်းရည်ကိုအသုံးပြုခဲ့သည်။
ပင်လယ်ထဲတွင် မရေမတွက်နိုင်သော သတ္တဝါများရှိကြပြီး အရင်းအမြစ်များက ကုန်းမြေထက်ပင် ပိုကြွယ်ဝသည်။
သူ့သြဇာနယ်ပယ်ကို ချဲ့ထွင်ပြီး အကျိုးအမြတ်များကို စုဆောင်းလိုသော သားရဲဘုရင်အနေနဲ့ လုချန်း,က ဤပင်လယ်နက်ကြီးကို သဘာဝအတိုင်း လက်မလွှတ်နိုင်ပေ။
ဤနည်းဖြင့် လုချန်း,သည် ကုန်းမြေပေါ်ရှိ နှင်းဝံပုလွေဘုရင်ကဲ့သို့ ကြီးမားကျယ်ပြန့်သော ဤသမုဒ္ဒရာကြီးထဲတွင် အချိန်တိုအတွင်း သူ့၏ကြီးမားသောစွမ်းအားကို ထူထောင်ခဲ့သည်။
လုချန်း,သည် ဤပင်လယ်ပြင်တွင် နယ်မြေသစ်များဖွင့်ရန်အတွက် အင်အားကြီးမားသော ပင်လယ်သားရဲများစွာကို စုဆောင်းခဲ့သည်။
အဆင့်နိမ့် ပင်လယ်သားရဲများက ပင်လယ်သမုဒ္ဒရာမှ စုဆောင်းရရှိထားသော ဝိညာဉ်သစ်သီးများနှင့် ဆေးပင်များကို လုချန်း,ထံ ပေးအပ်ခဲ့သည်။
ထို့အပြင်၊ ဤတိုက်ပွဲခရီးတွင်၊ သူသည် တန်ခိုးကြီးသောပင်လယ်သားရဲများစွာကို ဝါးမျိုခဲ့ပြီး လုချန်း,၏ဆင့်ကဲပြောင်းလဲခြင်းအမှတ်များက နောက်ဆုံးတွင် အဆင့်မြှင့်တင်ရန်အတွက်စံနှုန်းသို့ရောက်ရှိသွားခဲ့သည်။
“စနစ်၊ အဆင့်မြှင့်မယ်!”
“ဘုန်း!”
လုချန်း,၏ ခန္ဓာကိုယ်ထဲရှိ အလင်းလုံးတစ်လုံးပျောက်ကွယ်သွားကာ သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။
ဤအခိုက်အတန့်တွင်၊ လုချန်းသည် ပင်လယ်ရေမျက်နှာပြင်အထက်တွင် ပျံသန်းနေပြီး သူ့ခန္ဓာကိုယ်အနှံ့ ဝံပုလွေအမွေးများက တောက်ပသော အဖြူရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ အစွမ်းထက်သော ရောင်ဝါက ပင်လယ်ပြင်ကို လှိုင်းထန်စေခဲ့သည်။
…….………
လုချန်း,က ပင်လယ်နက်ထဲတွင် တိုက်ပွဲဝင်နေစဉ် ရန်နိုင်ငံအရှေ့ဘက်ရှိ ဆာကူရာကျွန်းက လုံးဝပြိုလဲသွားခဲ့သည်။
သေးငယ်သော ကျွန်းနိုင်ငံဖြစ်သောကြောင့် ၎င်း၏ ကုန်းမြေဧရိယာသည် ကျဉ်းမြောင်းပြီး တိုတောင်းက ပင်လယ်သားရဲများ၏ တိုက်ခိုက်ခြင်းအတွက် အလွန်သင့်လျော်သည်။
ထို့အပြင်၊ ဆာကူရာကျွန်းတွင် ရန်နိုင်ငံကဲ့သို့ အထူးစွမ်းရည်ရှိသူများနှင့် သားရဲဘုရင်များကဲ့သို့ အင်အားများမရှိသောကြောင့် ဝိညာဉ်စွမ်းအင် ပြန်လည်ရှင်သန်လာခြင်း၏ အစောပိုင်းကာလတွင် ပင်လယ်သားရဲများ၏ ဖျက်ဆီးခြင်းဒဏ်ကို အဆက်မပြတ် ခံစားခဲ့ရသည်။
ရမတနိုအိုရိုချီ(ခေါင်းရှစ်လုံးဧရာမနဂါးကြီး) ဦးဆောင်သော ပင်လယ်သားရဲတပ်သည် ဆာကူရာကျွန်းသို့ အလုံးအရင်းဖြင့် ဝင်ရောက်နိုင်ခဲ့သည်။
ယခင်က၊ ဆာကူရာကျွန်းသည် ဤကံကြမ္မာကိုပြောင်းလဲရန်အတွက် ရန်နိုင်ငံသို့ ခိုးဝင်ရန် နင်ဂျာများကို စေလွှတ်ခဲ့သည်။
သို့သော်၊ နောက်ဆုံးတွင် သူတို့စေလွှတ်လိုက်သော နင်ဂျာများသာ အသတ်ခံခဲ့ရသည်။
ဖွံ့ဖြိုးတိုးတက်ရန် အချိန်မလုံလောက်ဘဲ၊ ၎င်းကို ကာကွယ်ရန် အစွမ်းထက်သော မှော်လက်နက်များလည်း မရှိခဲ့ပေ။ ဤကာလပြီးနောက်၊ ဆာကူရာကျွန်းမှလူများက ရမတနိုအိုရိုချီ၏ ကျွန်များဖြစ်လာကြသည်။
ယခုအခါ ဆာကူရာကျွန်းရှိ လူသားများသည် ရမတနိုအိုရိုချီ အတွက် အရင်းအမြစ်များကို စုဆောင်းပြီး လူသားများအား သွေးအစာအဖြစ် နေ့စဉ်ပူဇော်ဆက်သကြသည်။ ဤနည်းဖြင့်သာ ကျွန်းကို တိုက်ရိုက်ဖျက်ဆီးခံရခြင်းအား ရှောင်ရှားနိုင်မည်ဖြစ်သည်။
ဆာကူရာကျွန်းကို သိမ်းပိုက်ပြီးနောက် ရမတနိုအိုရိုချီသည် လက်ရှိအနေအထားကို မကျေနပ်သဖြင့် အရှေ့ပင်လယ်မှ ရန်နိုင်ငံကို ချက်ချင်း ကျူးကျော်ဝင်ရောက်လာခဲ့သည်။
ကြီးမားသောပင်လယ်သားရဲတပ်သည် ရမတနိုအိုရိုချီ၏နောက်သို့လိုက်ကာ ရန်နိုင်ငံ၏အရှေ့ပင်လယ်တွင်ကြီးမားသောလှိုင်းလုံးများကိုဖြစ်ပေါ်စေခဲ့သည်။
ယခုတစ်ကြိမ်တွင် ပင်လယ်သားရဲများ၏ ဖိအားက မြောက်ပင်လယ်နှင့် တောင်ပင်လယ်တို့ထက် ပိုမိုပြင်းထန်သည်။
အချိန်တိုလေးအတွင်းမှာပင်၊ အေးချမ်းသာယာခဲ့သော ရန်းနိုင်ငံက အကျပ်အတည်းသို့ ထပ်မံကျရောက်ခဲ့သည်။
ဂျီကျဲန်ရှန်း,၏အမိန့်အရ အထူးစွမ်းရည်တပ်များနှင့် တပ်ဖွဲ့ဝင်အများအပြားကို အရှေ့ပင်လယ်သို့ အမြန်ပြောင်းရွှေ့ခဲ့သည်။
အရှေ့ဘက်ကမ်းရိုးတန်းဒေသများက နိုင်ငံ၏ စီးပွားရေးအဖွံ့ဖြိုးဆုံးဒေသများဖြစ်သည်။ ၎င်းတို့သည် ရှေးခေတ်ကတည်းက ချမ်းသာသောနေရာများဖြစ်သောကြောင့် အရင်းအမြစ်များ ပိုမိုရရှိကြသည်။
ထို့အပြင် ယခင်က ပင်လယ်သားရဲများ၏ ကျူးကျော်မှု နှစ်ကြိမ်ကို ကြုံတွေ့ခဲ့ရသဖြင့် ရန်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းဒေသများ၏ ကာကွယ်ရေးက ယခင်ကထက် ပိုမိုအားကောင်းလာခဲ့သည်။
ကမ်းရိုးတန်းတစ်လျှောက် ခံစစ်တံတိုင်းများတွင် မြို့ရိုးသုံးခုကို တည်ဆောက်ထားသည်။
ထို့အပြင် ဤမြို့ရိုးသုံးခုအနက် တစ်ခုစီသည် အခြားမြို့များထက် ပိုမြင့်ပြီး ထူထဲသည်။
ကမ်းရိုးတန်းနှင့် အနီးဆုံးဖြစ်သည့် ပထမခံစစ်တံတိုင်းသည် မီတာနှစ်ရာအမြင့်အထိ တည်ဆောက်ထားပြီး ဒုတိယတံတိုင်းက မီတာသုံးရာအထိရှိသည်။
နောက်ဆုံးမြို့ရိုးသည် မီတာ ၅၀၀ မြင့်ပြီး ကောင်းကင်နှင့် နေကိုပင် ပိတ်ဆို့ထားသည်ဟု ဆိုနိုင်သည်။
အဆိုပါ မြင့်မားသောမြို့ရိုးများက မြို့တွင်းနေထိုင်သူများကို လုံခြုံမှုများစွာပေးစွမ်းသည်။
သို့သော်လည်း အရှေ့ပင်လယ်တွင် ယခုလှိုင်းလုံးကြီးများ မြင့်တက်လာမှုကြောင့် ဧရာမတံတိုင်းကြီးနောက်တွင် နေထိုင်ကြသည့် လူသားများကို အနည်းငယ် စိတ်မသက်မသာ ဖြစ်စေခဲ့သည်။
“မဟာမိတ်ခေါင်းဆောင်! ဒီတစ်ကြိမ် တိုက်ခိုက်လာတဲ့ ပင်လယ်သားရဲတွေက ဆာကူရာကျွန်းရဲ့ ဦးတည်ရာကနေ လာတာပါ၊ နောက်ဆုံးသတင်းအရ ဆာကူရာကျွန်းတစ်ခုလုံး ပြိုလဲသွားပါပြီ!”
“ပြီးတော့ ဒီသားရဲက တောင်ပိုင်းပင်လယ်မှာ ကျွန်တော်တို့တွေ့ခဲ့တဲ့ ပင်လယ်-ဝါးမျိုဝေလငါးဘုရင်ထက်တောင် အစွမ်းထက်တယ်!”
တိုက်ခိုက်ရေးကွပ်ကဲမှုအခန်းထဲတွင်၊ သူ့လက်အောက်ငယ်သားများ၏ အစီရင်ခံစာများကို နားထောင်ရင်း ဂျီကျဲန်ရှန်း,၏ မျက်ခုံးများ တွန့်သွားသည်။
“အရှေ့ဘက်ကမ်းရိုးတန်းဒေသက ငါတို့နိုင်ငံအတွက် အရေးပါဆုံးနေရာပဲ၊ ဒီဧရိယာက လူဦးရေများပြားပြီး ဘယ်လိုနည်းနဲ့မှ ဆုံးရှုံးလို့မဖြစ်ဘူး၊ မဟုတ်ရင် သက်ရောက်မှုက ကြီးမားလိမ့်မယ်!”
“တကယ်လို့ ရမတနိုအိုရိုချီ,က ပင်လယ်သားရဲတွေကို ဦးဆောင်ပြီး ငါတို့ရဲ့ အရှေ့ဘက် ကာကွယ်ရေးစည်းထဲကို ဖြတ်ကျော်ဖို့ ကျန်းနန် ဒေသမှာရှိတဲ့ ရေလမ်းပေါင်းများစွာကို ဖြတ်သွားမယ်ဆိုရင်...”
“တကယ်လို့ ပင်လယ်ရေအမြောက်အမြား ပြန်စီးဆင်းပြီး ပတ်ဝန်းကျင်မြစ်တွေ၊ ရေကန်တွေနဲ့ ပေါင်းစည်းသွားမယ်ဆိုရင် ရန်နိုင်ငံက နှစ်ပိုင်းကွဲသွားလိမ့်မယ်!”
ဂျီကျဲန်ရှန်း,က လေးနက်သော အမူအရာအရာနှင့် အတွေးနက်နေချိန်တွင် တံခါးအပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာသည်။ ဂျီယန်ရှိုး တို့၏အဖွဲ့က စူးစမ်းလေ့လာရန် ထွက်သွားပြီး ပြန်လာခဲ့ခြင်းဖြစ်သည်။
“သမီးတို့ရဲ့ စုံစမ်းစစ်ဆေးမှုအပြီးမှာ၊ ဒီတစ်ကြိမ် ပင်လယ်သားရဲတွေကို ဦးဆောင်သူက ရမတနိုအိုရိုချီ,ဖြစ်တယ်လို့ တွေ့ရှိခဲ့တယ်”
ထိုစကားများထွက်ပေါ်လာသည်နှင့် နက်မှောင်သောတိမ်တိုက်တစ်ခုက တိုက်ခိုက်ရေးကွပ်ကဲမှုအခန်းရှိ လူတိုင်း၏ ခေါင်းပေါ်တွင် ချိတ်ဆွဲထားသည်။
“ဘာပဲဖြစ်ဖြစ် အရှေ့ဘက်ဒေသကို ကာကွယ်ရမယ်၊ ဒီ ရမတနိုအိုရိုချီ,ကို ငါ့အသက် ဆုံးရှုံးသွားရင်တောင် တိုက်ခိုက်မယ်!”
ဂျီကျဲန်ရှန်း၏ မျက်လုံးများထဲတွင် လျှပ်စီးတန်းတစ်ခု ရှိနေသည်။ ရန်နိုင်ငံ၏ စွမ်းအားအကြီးဆုံးသောသူတစ်ဦးအနေဖြင့် ယခုအချိန်တွင် သူသည် အဆင့်(၃)သို့ ဖြတ်ကျော်သွားခဲ့ပြီဖြစ်သည်။
“ဘုန်း! ဘုန်း! ဘုန်း!”
အရှေ့ပင်လယ်မှ မိုင်ဒါဇင်နှင့်ချီရှိသော လှိုင်းလုံးကြီးများက ယခုအချိန်တွင် ဆက်လက် မြင့်တက်လာနေခဲ့သည်။
မီတာရာနှင့်ချီမြင့်သော ဧရာမဆူနာမီလှိုင်းကြီးက အရှေ့ဘက် ကာကွယ်ရေးစည်းဆီသို့ တိုက်ရိုက် ရိုက်ခတ်လာခဲ့သည်။
“ဆုတ်! အားလုံး ပြန်ဆုတ်ကြ၊ ဒုတိယ ကာကွယ်ရေးစည်းကို ပြန်ဆုတ်ကြ!”
ကြောက်မက်ဖွယ်ရာ ဆူနာမီလှိုင်းကို ရင်ဆိုင်ရသောအခါတွင် လူသားများ လျင်မြန်စွာ ဆုတ်ခွာရုံသာတတ်နိုင်ခဲ့ပြီး သံချပ်ကာတပ်များနှင့် အထူးစွမ်းရည်တပ်အမြောက်အများက ပြန်လည်ဆုတ်ခွာခဲ့ရသည်။
လူတိုင်း ကာကွယ်ရေးစည်းထဲမှ ထွက်ခွာပြီး၊ မကြာမီတွင် အရှေ့ဘက်ကမ်းရိုးတန်းက မှောင်စပြုလာခဲ့သည်။
ကောင်းကင်တွင် တိမ်မည်းများ ဖုံးလွှမ်းနေပြီး မူလက ငြိမ်သက်နေသော ပင်လယ်ရေက ရုတ်တရက် လှိုင်းထန်လာသည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက်၊ ပင်လယ်ရေမျက်နှာပြင်က ချက်ချင်းပင် မြင့်တက်လာခဲ့သည်။