← Chapters

“မင်းတို့ ပင်လယ်သားရဲတွေက လက်လျှော့ဖို့ငြင်းဆန်နေသေးတာလား!”

Vol. 12 Ch. 176

“မင်းတို့ ပင်လယ်သားရဲတွေက လက်လျှော့ဖို့ငြင်းဆန်နေသေးတာလား!”

Vol. 12 Ch. 176

ရန်နိုင်ငံမှ လူများအားလုံး၏ ထိတ်လန့်နေသော အကြည့်တွေအောက်တွင် ပင်လယ်ရေမျက်နှာပြင်က မီတာရာနဲ့ချီ၍ မြင့်တက်လာသည်။

နောက်တစ်စက္ကန့်တွင် ဆူနာမီကအရှိန်ဖြင့် ရန်နိုင်အရှေ့ဘက်ရှိ ပထမကာကွယ်ရေးစည်းကို တိုက်ရိုက်လွှမ်းသွားသည်။

မူလက မီတာနှစ်ရာမြင့်သည့် ထူထဲသောမြို့ရိုးသည် ဤလှိုင်းလုံးကြီးများနှင့် ရင်ဆိုင်ရချိန်တွင် လုံးဝ အသုံးမဝင်တော့ပေ။

တဟုန်ထိုး မြင့်တက်လာသော ပင်လယ်ရေသည် မြို့ရိုးများပေါ်သို့ ချက်ချင်း တက်လာပြီး ကုန်းတွင်းပိုင်းသို့ စီးဝင်လာသည်။

ကံကောင်းထောက်မစွာဖြင့်၊ ရန်နိုင်ငံသည် ပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် စီစဉ်ခဲ့ပြီး ကမ်းရိုးတန်းတစ်လျှောက် ကီလိုမီတာရာနှင့်ချီသော ဧရိယာကို စစ်ပွဲကြားခံဇုန်အဖြစ် ပြောင်းလဲခဲ့သည်။

ထိုသို့လုပ်ဆောင်ခြင်းသည် ဆုံးရှုံးမှုကြီးကြီးမားမားဖြစ်စေသော်လည်း ဤပင်လယ်သားရဲများ၏ တခဏချင်း ဖျက်ဆီးခြင်းထက် သာ၍ကောင်းသည်။

တစ်ဟုန်ထိုးမြင့်တက်လာသော ပင်လယ်ရေသည် ပထမကာကွယ်ရေးစည်းကို ဖြတ်ကျော်ပြီးနောက်၊ ၎င်းသည် ဆယ်ကီလိုမီတာနီးပါးအထိ ဆက်လက်ပျံ့နှံ့သွားပြီး ကျယ်ပြန့်သော ကုန်းမြေများက ယခုအခါ သမုဒ္ဒရာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

မရေမတွက်နိုင်သော အင်အားကြီးမားသော ပင်လယ်သားရဲများက လှိုင်းလုံးများထဲတွင် အရူးအမူး ချီတက်နေကြသည်။

“ပစ်! ပစ်! အလိုအလျောက် ကာကွယ်ရေး ဒုံးကျည်အားလုံးကို ပစ်ခတ်!”

ရှေ့တန်းမှ တပ်မူး၏ အမိန့်ပေးသံဖြင့် မရေမတွက်နိုင်သော ရေအောက်တော်ပီဒိုများ၊ ဒုံးကျည်များသည် လှိုင်းလုံးများဖြင့် နစ်မြုပ်နေသော ပထမကာကွယ်ရေးလိုင်းမှ ချက်ချင်း ထွက်ပေါ်လာသည်။

ဒုံးကျည်အများအပြား၏ ကျယ်လောင်သော ပေါပ်ကွဲသံများဖြင့် ပင်လယ်သားရဲများ၏ အလယ်ဗဟိုသို့ အရူးအမူး ပစ်ခတ်ခဲ့သည်။

ယခင်က ပင်လယ်သားရဲများနှင့် တိုက်ခိုက်ရာတွင် အတွေ့အကြုံရှိသဖြင့် ရန်နိုင်ငံသည် ကမ်းရိုးတန်းရှိ ပထမကာကွယ်ရေးစည်းကို အချိန်တိုအတွင်း ဆုံးရှုံးနိုင်ဖွယ်ရှိကြောင်း ဟိုးယခင်ကတည်းက မျှော်လင့်ထားခဲ့သည်။

ထို့ကြောင့် ပထမ ကာကွယ်ရေးစည်းသည် အခြေခံအားဖြင့် အလိုအလျောက် အမြောက်များနှင့် ဒုံးကျည်အများအပြားကို တပ်ဆင်ထားသည်။

တစ်ချိန်တည်းမှာပင် ရန်နိုင်ငံနယ်မြေအတွင်း မရေမတွက်နိုင်သော ဒုံးပျံတင်ကားများနှင့် ဒုံးပျံအစင်းများ ယခုအချိန်တွင် ပြင်းထန်သော မီးတောက်များကို လောင်ကျွမ်းစေခဲ့သည်။

ကောင်းကင်ကို ဖုံးလွှမ်းသွားသော ဒုံးကျည်များက ဥက္ကာပျံများကဲ့သို့ အရှေ့ပင်လယ်ဘက်သို့ ရူးသွပ်စွာ တိုးဝင်လာကာ ပင်လယ်သားရဲများ၏ အသက်ကို နှုတ်ယူခဲ့သည်။

လုချန်း နှင့် သူ့ညီမတို့က ရန်နိုင်ငံမှ ထွက်ခွာပြီး ပင်လယ်သမုဒ္ဒာဘက်သို့ ဦးတည်သွားကြကြောင်း ရန်နိုင်ငံမှ သိရှိထားပြီးဖြစ်ပြီး သူတို့က သတ်ဖြတ်ခြင်းများကို အဆက်မပြတ်ပြုလုပ်ခဲ့ကြသည်။

မကြာသေးမီကပင် နှင်းဝံပုလွေဘုရင်သည် လွတ်လပ်အင်ပါယာ၏ စစ်သင်္ဘောတစ်စီးကို တိုက်ရိုက်ဖျက်ဆီးခဲ့ကြောင်း ဂြိုလ်တုမှတဆင့် တွေ့ရှိခဲ့သည်။

ဂျီကျဲန်ရှန်းသည် ပြင်ပသားရဲဘုရင်များ မကြာသေးမီက ရန်နိုင်ငံ၏ ဒေသအသီးသီးကို ကျူးကျော်ဝင်ရောက်လာမှုက လွတ်လပ်အင်ပါယာ၏လူများကြောင့်ဟု အမြဲသံသယရှိခဲ့သည်။

ယခုအခါ လွတ်လပ်အင်ပါယာသည် ပြင်းထန်သော ထိုးနှက်ချက်ကို ကြုံတွေ့ခဲ့ရသဖြင့် အခြားဒေသများမှ ကာကွယ်ရေးတပ်များကို အရှေ့ပင်လယ်သို့ ရွေ့ပြောင်းရန် စိတ်ချနိုင်ခဲ့သည်။

ရန်နိုင်ငံ၏ ကြီးမားသော ပစ်ခတ်မှုလွှမ်းခြုံမှုအောက်တွင် အရှေ့ပင်လယ်ရှိ သားရဲများစွာက အချိန်အတိုင်းအတာတစ်ခုအထိ အသေအပျောက်အများအပြား ကြုံတွေ့ခဲ့ရသည်။

ပေါက်ကွဲမှုတွင် မရေမတွက်နိုင်သော ပင်လယ်သားရဲများ သေဆုံးခဲ့ပြီး ပင်လယ်ရေက သွေးများဖြင့် နီရဲနေကာ အဆုံးမရှိသော အရှေ့ပင်လယ်တွင် မီးခိုးများဖြင့် ပြည့်နှက်နေသည်။

သို့သော်၊ ကြောက်မက်ဖွယ်ကောင်းသော ဒုံးကျည်များဖြင့် ပစ်ခတ်နေသော်လည်း ကုန်းတွင်းပိုင်းကို ဖြတ်ကျော်လာသော အင်အားကြီး ပင်လယ်သားရဲများစွာလည်း ရှိသေးသည်။

သို့သော် ၎င်းတို့ကို စောင့်မျှော်နေသော အရာမှာ လူသားများက ဒုတိယအကြိမ် ပစ်ခတ်ခြင်း ဖြစ်သည်။

ဒုတိယကာကွယ်ရေးစည်းတွင် တပ်စွဲထားသော လူသားစစ်တပ်သည် မရေမတွက်နိုင်သော အမြောက်လက်နက်များကို ထပ်မံပစ်ခတ်ခဲ့ပြီး ကြားခံဇုန်ရှိ ပင်လယ်သားရဲများကို တိကျစွာ ပစ်ခတ်ခဲ့သည်။

ယင်းက ချီတက်တိုက်ခိုက်နေသော ပင်လယ်သားရဲတပ်ကို တစ်ဖန် အားနည်းစေသော်လည်း ဤအမြောက်တပ်များက နိုးထခြင်းအဆင့်တွင်ရှိသော ပင်လယ်သားရဲအချို့ကိုသာ သတ်ဖြတ်နိုင်ခဲ့သည်။

ကြီးမားသောကျွန်းများကဲ့သို့ ချည်နှောင်ခြင်းအဆင့်ရှိ အင်အားကြီးသားရဲများက ကာကွယ်ရေးစည်းကို အရူးအမူးတိုက်ခိုက်လာကြသည်။

အချိန်ကြာလာသည်နှင့်အမျှ ရန်နိုင်ငံသည် မျိုးရိုးဗီဇသုတေသနတွင် ထူးထူးခြားခြား တိုးတက်လာခဲ့ပြီး ရှေ့တန်းကာကွယ်သူများက အထူးစွမ်းရည်ရှိသူများဖြစ်သည်။ ထိုအထဲတွင် ချည်နှောင်ခြင်းအဆင့်ရှိသူ အများအပြားကို မွေးထုတ်နိုင်ခဲ့သည်။

အစောပိုင်းအဆင့်တွင်၊ မျိုးဗီဇဆေးရည်သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် စွမ်းအင်အားလုံးကို ရင်းနှီးမြှုပ်နှံခဲ့သည်။ ရန်နိုင်ငံတွင် လုံလောက်သောလူဦးရေအရန်ရှိသည်။ မျိုးဗီဇဆေးရည်တွင် အောင်မြင်မှုရရှိပြီးသည်နှင့် ကြီးမားသောအတိုင်းအတာဖြင့် အသုံးပြုနိုင်ခဲ့ပြီး အစွမ်းထက်သော အထူးစွမ်းရည်ရှိသူများစွာကို မွေးထုတ်နိုင်ခဲ့သည်။

မူလက မဟာမိတ်အဖွဲ့အသီးသီးမှ ခေါင်းဆောင်များသည် သူတို့၏ကိုယ်ပိုင်အင်အားကြီးတပ်များကို စုဆောင်းကာ သူတို့၏ကိုယ်ပိုင်နယ်မြေများကို ထူထောင်လိုကြသည်။

သို့သော် အင်ပါယာမြို့တော်မှ တီထွင်ထုတ်လုပ်ထားသော မျိုးဗီဇဆေးရည်က သူတို့၏ အတွေးအမြင်များကို တိုက်ရိုက်ချိုးဖျက်လိမ့်မည်ဟု မမျှော်လင့်ထားပေ။ သေချာသည်မှာ၊ မျိုးဗီဇဆေးရည်ဖွံ့ဖြိုးရန် အချိန်အတိုင်းအတာတစ်ခုတော့လိုအပ်သည်၊ သို့ပေမယ့် ကံကောင်းစွာဖြင့် ရန်နိုင်ငံပိုင်နက်ထဲတွင် နှင်းဝံပုလွေဘုရင် လုချန်း ရှိသည်။

အစောပိုင်းကာလရှိ အကျပ်အတည်းများအားလုံးကို လုချန်း,မှ ဖယ်ရှားပေးခဲ့ပြီး ရန်နိုင်ငံကို ဖွံ့ဖြိုးတိုးတက်နိုင်ရန် အချိန်ပေးခဲ့သည်။

ဤအခိုက်အတန့်တွင် မရေမတွက်နိုင်သော အထူးစွမ်းရည်ရှိသူများက လေထဲသို့ ပျံဝဲလာကာ တောက်လောင်နေသော မီးတောက်များ၊ ရေခဲများ၊ ပြင်းထန်သော လေပြင်းများနှင့် ကြောက်မက်ဖွယ် မိုးကြိုးလျှပ်စီးများ အပါအဝင် မရေမတွက်နိုင်သော တိုက်ခိုက်မှုများက အရှေ့ဘက်ရှိ ပင်လယ်သားရဲများဆီသို့ ဝင်ရောက်သွားခဲ့သည်။

ထိုအထူးစွမ်းရည်ရှိသူများ၏ တိုက်ခိုက်မှုများသည် ကောင်းကင်နှင့် နေကို ဖုံးလွှမ်းသွားပြီး တစ်ခဏမျှပင် ပင်လယ်သားရဲများ၏ တိုက်ခိုက်မှုကို အမှန်တကယ် တားဆီးနိုင်ခဲ့ကြသည်။

အကြီးအကဲအဖြစ် ဂျီကျဲန်ရှန်းသည် လျှပ်စီးများဖြင့် ဝန်းရံထားပြီး ကာကွယ်ရေးစည်းရှေ့တွင် ရပ်ကာ ချည်နှောင်ခြင်းအဆင့်သို့ရောက်ရှိနေသော ပင်လယ်သားရဲများကို တွန်းလှန်ခဲ့သည်။

သို့သော်လည်း လူသားကာကွယ်သူများသည် ပင်လယ်သားရဲများနှင့် အပြင်းအထန်တိုက်ခိုက်နေချိန်တွင် အရှေ့ပင်လယ်၏နက်နဲရာမှ ဟိန်းဟောက်သံတစ်သံ ရုတ်တရက်ထွက်ပေါ်လာသည်။

“ဂါးးး!”

ရှေးနတ်ဘုရားက နိမ့်ကျသူကို အမျက်ဒေါသဖြင့် အော်ဟစ်နေသကဲ့သို့ ဟိန်းဟောက်သံသည် ကောင်းကင်တခွင်တွင် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

တိုက်ခိုက်နေသော အထူးစွမ်းရည်ရှိသူများအားလုံးသည် ဤအချိန်တွင် တစ်စုံတစ်ယောက်က သူတို့၏နှလုံးသားများကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသကဲ့သို့ ခံစားလိုက်ရသည်။

တခဏတာအတွင်း ပြင်းထန်သော အကြောက်တရားက လူတိုင်း၏နှလုံးသားကို ဖုံးလွှမ်းသွားသည်။

အဆင့်(၃)သို့ရောက်နေပြီဖြစ်သော ဂျီကျဲန်ရှန်းသည်ပင် ယခုအခိုက်တွင် သူ့မျက်လုံးများ ကျုံ့သွားပြီး လျှပ်စီးကို ကိုင်ဆောင်ထားသော သူ့လက်များ တုန်လှုပ်နေခြင်းကို မထိန်းချုပ်နိုင်ပေ။

လူတိုင်း၏ ထိတ်လန့်နေသော အကြည့်များအောက်တွင် ဧရာမသားရဲကြီးသည် အဆုံးမဲ့ ပင်လယ်သမုဒ္ဒရာထဲမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။

ဤဧရာမသားရဲကြီးက ဒဏ္ဍာရီထဲမှ ထွက်ပေါ်လာပုံရပြီး ရေအထက်တွင် ရှိနေသော သူ့၏ ခန္ဓာကိုယ်အစိတ်အပိုင်းက မီတာတစ်ထောင်ခန့် ရှည်လျားသည်။

အရောင်အမျိုးမျိုးရှိသော ဧရာမမြွေကြီး ရှစ်ကောင်က ရေပြင်အထက်တွင် ပေါ်လာသည်။

အနီးကပ်ကြည့်လိုက်လျှင် ဤမြွေကြီးရှစ်ကောင်သည် နောက်ဆုံးတွင် ဧရာမသားရဲ၏ဦးခေါင်းရှစ်လုံးဖြစ်သွားသည်ကို တွေ့ရပေလိမ့်မည်။

ထို့အပြင် ကြီးမားသည့် မြွေကိုယ်ထည်သည် ရေအောက် မီတာ နှစ်ထောင်မှ သုံးထောင်အထိ ရှည်လျားနိုင်ပြီး လူတိုင်း စိတ်ကူးထားသည်ထက် ကျော်လွန်သည်။

ရမတနိုအိုရိုချီ၏ ရေအောက်တွင်ရှိနေသောကိုယ်ထည်က ဧရာမရေဘဝဲဘုရင်ထက်ပင် များစွာကြီးမားသည်။

ရေဘဝဲဘုရင်၏ ကြောက်မက်ဖွယ်ကောင်းသော လက်တံများက ရမတနိုအိုရိုချီရှေ့တွင် သူငယ်တန်းမှ ကလေးများနှင့်တူညီသည်။

ဤအစွမ်းထက်သော ဧရာမသားရဲနှင့် ရင်ဆိုင်ရသောအခါ ရန်နိုင်ငံ၏ အစွမ်းထက်ဆုံးလူသား ဂျီကျဲန်ရှန်း၏ မျက်နှာသည်ပင် ချက်ချင်း ဖျော့တော့သွားခဲ့သည်။

သို့သော် ယခုအချိန်တွင် အရှေ့ပင်လယ်ပြင်အထက် မီတာရာနှင့်ချီရှည်သော ဧရာမ လိပ်နက်ကြီးတစ်ကောင် ထွက်ပေါ်လာသည်။

သို့သော်လည်း၊ ယခင်တိုက်ပွဲများအပြီးတွင်၊ ရွှမ်ဝူ ၏အဆင့်သည် ယခုအခါ ချည်နှောင်ခြင်းအဆင့်(၄)သို့ ရောက်သွားခဲ့ပြီးဖြစ်သည်။

ချည်နှောင်ခြင်းအဆင့်(၆)ရှိ ရမတနိုအိုရိုချီ ကိုရင်ဆိုင်ရသောအခါ ရွှမ်ဝူသည် စကားလုံးတစ်လုံးမှ မပြောဘဲ တာအိုဓမ္မရုပ်ထုကိုဖွင့်လစ်ခဲ့ပြီး သူ၏ခန္ဓာကိုယ်အရွယ်အစားက ရုတ်တရက် မီတာတစ်ထောင်ကျော်အထိ တိုးလာခဲ့သည်။

လိပ်နက်ကြီးသည် ပင်လယ်ပြင်အထက်တွင် မျောနေသည့် ဧရာမကျွန်းကြီးကဲ့သို့ တည်ငြိမ်စွာရှိနေသည်။

ထိုကဲ့သို့ တန်ခိုးကြီးသော ရွှမ်ဝူ,ကိုမြင်လိုက်ရသောအခါ ရန်နိုင်ငံမှလူများသည် နောက်ဆုံးတွင် သက်ပြင်းချနိုင်ခဲ့ပြီး မျှော်လင့်ချက်များက သူတို့၏နှလုံးသားထဲတွင် ပြန်လည်ရှင်သန်လာခဲ့သည်။

စကားတစ်ခွန်းမှ မပြောဘဲ ရွှမ်ဝူ,သည် ရမတနိုအိုရိုချီ ဆီသို့ တိုက်ရိုက်ပြေးဝင်သွားပြီး ဧရာမသားရဲနှစ်ကောင်က ပင်လယ်ရေမျက်နှာပြင်အထက်တွင် တိုက်မိသွားသည်။

“ဘုန်း! ဘုန်း! ဘုန်း!”

တန်ခိုးကြီးသားရဲနှစ်ကောင်ကြားမှ တိုက်ပွဲကြောင့် မြင့်တက်နေပြီဖြစ်သော ပင်လယ်ပြင်ရေက တစ်ဖန်မြင့်တက်လာပြန်သည်။

ရွှမ်ဝူသည် ယခုအခါတွင် ချည်နှောင်ခြင်းအဆင့်(၆) တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ရန် ကောင်းကင်နှင့် မြေကြီး၏ တာအိုဓမ္မရုပ်ထုကို အသုံးချနိုင်ပြီဖြစ်သည်။

သူ့၏အဓိကအားသာချက်မှာ ခံစစ်တွင်ရှိနေသည့်အတွက် ဝမ်းနည်းစရာဖြစ်ပြီး ထိပ်တိုက်ရင်ဆိုင်မှုတွင် ရမတနိုအိုရိုချီ နှင့် မယှဉ်နိုင်ပေ။

ကံကောင်းထောက်မစွာဖြင့်၊ ရွှမ်ဝူသည် ရမတနိုအိုရိုချီ၏တိုက်ခိုက်မှုများကိုရပ်တန့်ရန် သူ့၏အားကောင်းသောခံစစ်စွမ်းရည်ကိုအသုံးပြုနိုင်ခဲ့သည်။

“မင်းတို့ ပင်လယ်သားရဲတွေက လက်လျှော့ဖို့ငြင်းဆန်နေသေးတာလား!”

လေထုထဲမှ ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာသည်။

အဖြူအမည်းရှိသော ဧရာမခန္ဓာကိုယ်ကြီးက ကောင်းကင်မှ ဆင်းသက်လာကာ ရမတနိုအိုရိုချီ,ကို အပြင်းအထန် ထိုးနှက်လိုက်သည်။

All Chapters