← Chapters

ရွှမ်ဝူ နှင့် ပန်ဒါကြီးတို့၏ ပူးပေါင်းတိုက်ခိုက်မှု

Vol. 12 Ch. 177

ရွှမ်ဝူ နှင့် ပန်ဒါကြီးတို့၏ ပူးပေါင်းတိုက်ခိုက်မှု

Vol. 12 Ch. 177

ကောင်းကင်မှ ဆင်းသက်လာသော ဧရာမသားရဲကြီးက နိုင်ငံတော်ရတနာဖြစ်သည့် ပန်ဒါကြီးမှလွဲ၍ အခြားမဟုတ်ပေ။

အဆင့်(၅)ရှိ ပန်ဒါကြီး ဆင်းသက်လာသည်နှင့် တပြိုင်နက် ၎င်း၏ သန်မာသော တစ်ဖက်ကို ပြသခဲ့သည်။

သို့သော်လည်း ရမတနိုအိုရိုချီသည် အလွန်လျင်မြန်စွာ တုံ့ပြန်ခဲ့ပြီး ရိုးရှင်းသော တိုက်ပွဲအနည်းငယ်အပြီးတွင် အကွာအဝေးကို ပြန်လည်ထိန်းချုပ်ခဲ့သည်။

နောက်စက္ကန့်တွင်၊ အရောင်အမျိုးမျိုးရှိသည့် ရမတနိုအိုရိုချီ၏ဦးခေါင်းများသည် ဤအချိန်တွင် ပြင်းထန်သောစွမ်းအားကို ပြသလိုက်သည်ကို လူတိုင်းတွေ့လိုက်ရသည်။

ရွှမ်ဝူသည် ပင်လယ်ရေအများအပြားကို မျိုချလိုက်ပြီး ကြောက်မက်ဖွယ်ရာရေဘောလုံးများအဖြစ် ပေါင်းစပ်ကာ ရမတနိုအိုရိုချီ ဆီသို့ ပစ်လွှတ်လိုက်သည်။

သို့သော်၊ ရမတနိုအိုရိုချီ၏ အနီရောင်နက်မှောင်သော ဦးခေါင်းများအနက်မှ တစ်လုံးတွင် ပြင်းထန်သော မီးတောက်များ ထွက်ပေါ်လာကာ ပါးစပ်ထဲတွင်စုစည်းသွားပြီး နောက်တစ်စက္ကန့်တွင် တောက်လောင်နေသော မီးလုံးကြီးက ရေဘောလုံးနှင့် တိုက်ရိုက် တိုက်မိသွားသည်။

အခြားအပြာရောင်ဦးခေါင်းတွင် အဆုံးမရှိသောရေခဲစွမ်းအင်များစုရုံးလာပြီး ကြောက်မက်ဖွယ်ကောင်းသောရေခဲစွမ်းအင်က ဆက်လက်တိုက်ခိုက်တော့မည့် ပန်ဒါကြီးအား ချက်ချင်းဖုံးအုပ်လိုက်သည်။

ရေခဲစွမ်းအင်များသည် အဖြူအမည်း ပန်ဒါကြီး၏ ခန္ဓာကိုယ်ကို ချက်ချင်း ဖုံးလွှမ်းသွားပြီး သူ့၏ ကြီးမားသော ခန္ဓာကိုယ်က နေရာမှာပင် အေးခဲသွားခဲ့သည်။

အစိမ်းရောင်ဦခေါင်းသည် ပါးစပ်ကိုဖွင့်ကာ ပြင်းထန်သောအဆိပ်ကို ဖြန်းပက်လိုက်သည်။

ဤအဆိပ်များ ဖြတ်သွားသောနေရာတိုင်းတွင် ပင်လယ်သားရဲများ၏ အလောင်းများကို အရည်ပျော်သွားစေကာ မီးခိုးများထွက်ပေါ်လာသည်။

ပန်ဒါကြီးနှင့် ရွှမ်ဝူတို့က ပေါ့ဆမနေဝံ့ဘဲ အမြန်ပြန်ဆုတ်လိုက်ကြသည်။

အစိမ်းရောင် အဆိပ်ငွေ့၏ တိုက်ခိုက်မှု အကွာအဝေးအတွင်း၊ ထူထပ်သော အဆိပ် မြူခိုးများ တိုက်ရိုက် ပျံ့နှံ့သွားသည်ကို လူတိုင်းမြင်လိုက်ရပြီး အဝေးမှ ကြည့်ရုံမျှဖြင့် လူများကို ရင်တုန်စေသည်။

တခဏအတွင်းမှာပင် ရမတနိုအိုရိုချီသည် မတူညီသော ပင်ကိုယ် စွမ်းရည်သုံးခုကို တစ်ပြိုင်နက်တည်း ပြသခဲ့သည်။ လူတိုင်းက ရမတနိုအိုရိုချီ ၏အခြားမြွေဦးခေါင်းများကိုကြည့်ကာ သူတို့၏နှလုံးသားများက ပက်လယ်အောက်ခြေအထိ နစ်မြုပ်သွားသလို ခံစားလိုက်ရသည်။

ရမတနိုအိုရိုချီ၏ မြွေဦးခေါင်းများက မတူညီသော ပင်ကိုယ်စွမ်းရည်များကို ကိုယ်စားပြုပြီး ခေါင်းတစ်လုံးစီက အလွန်အစွမ်းထက်လှသည်။

ဝိညာဉ်စွမ်းအားများက ရွှေခေါင်း၏မျက်လုံးများတွင် စုရုံးလာပြီး နောက်တစ်စက္ကန့်တွင် ကြောက်မက်ဖွယ်ကောင်းသော လေဆာရောင်ခြည်ဖြင့် လူသားကာကွယ်ရေးစည်းဆီသို့ တိုက်ရိုက်ပစ်ခတ်လိုက်သည်။

“ဘုန်း!”

ကံကောင်းထောက်မစွာဖြင့်၊ ရွှမ်ဝူသည် သူ၏ထူထဲသောလိပ်ခွံဖြင့် ဤတိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့သည်၊ သို့မဟုတ်ပါက ဤလေဆာရောင်ခြည်က လူသားကာကွယ်ရေးစည်းကို အလွယ်တကူ ထိုးဖောက်ဝင်ရောက်သွားမည်ဖြစ်သည်။

သို့ပေမယ့် ရွှမ်ဝူ၏ အခြေအနေမှာလည်း မကောင်းလှပေ။

ကြီးမားသော ခန္ဓာကိုယ်က နောက်သို့ လွင့်ထွက်သွားကာ မာကျောသောလိပ်ခွံပေါ်တွင် အက်ကြောင်းများပင် ပေါ်လာသည်။

ရွှေဦးခေါင်း၏ဘေးတွင် အနက်ရောင်မြွေဦးခေါင်းရှိသည်။ အနက်ရောင်ဦးခေါင်းတွင် ဝိညာဉ်စွမ်းအားများ စုစည်းလာသည်နှင့်အမျှ ရွှမ်ဝူ နှင့် ပန်ဒါကြီးကြားတွင် ထူထဲသော အနက်ရောင် မြူများ ပျံ့နှံ့လာသည်။

ဤဧရိယာကို အနက်ရောင်မြူများက တခဏချင်းနီးပါး ဖုံးလွှမ်းသွားပြီး၊ ရွှမ်ဝူ နှင့် ပန်ဒါကြီးတို့သည် သူ့တို့၏ ပစ်မှတ်ကို မမြင်ရတော့ဘဲ အမှောင်ထုထဲသို့ ကျရောက်သွားသည်။

ထိုအနက်ရောင်မြူထဲတွင် သူတို့၏ အာရုံငါးပါးတို့က ဖိနှိပ်ခံရပြီး သူ့တို့၏ ဝိညာဉ်စွမ်းအားသည်ပင် ထိခိုက်သွားကာ သူတို့၏ စွမ်းအားမှာ တခဏအတွင်း အလွန်အားနည်းသွားခဲ့သည်။

ရှေ့တန်းမှ ဤတိုက်ပွဲကို ရန်နိုင်ငံ အရပ်ရပ်သို့ တိုပ်ရိုက်ထုတ်လွှင့်ပြသခဲ့၏။ တစ်ချိန်တည်းမှာပင် စွမ်းရည်များစွာ ပိုင်ဆိုင်ထားသည့် ရမတနိုအိုရိုချီကို လူတိုင်းက ကြည့်နေပြီး စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်။

ရမတနိုအိုရိုချီသည် ရုပ်ပိုင်းဆိုင်ရာအရ အစွမ်းထက်ရုံသာမက ကြောက်မက်ဖွယ်ကောင်းသော ပင်ကိုယ် စွမ်းရည်များလည်းရှိသည်။

သူ့၏ အစွမ်းထက်သော ခန္ဓာကိုယ်ကို အားကိုး၍ ပန်ဒါကြီးသည် ရေခဲစွမ်းအင်ကို ဖြတ်ကျော်ကာ ရမတနိုအိုရိုချီ ဆီသို့ ဆက်လက်ဝင်ရောက်တိုက်ခိုက်လိုက်သည်။

သို့သော် သူ့ကို စောင့်မျှော်နေသည့်အရာမှာ ပြင်းထန်သော လေဓားများဖြစ်သည်။

ပန်ဒါကြီး၏ မျက်လုံးများက ၎င်းကိုမြင်သောအခါ ကျုံ့သွားပြီး ညာခြေကို ပင်လယ်ရေမျက်နှာပြင်ပေါ် ပြင်းပြင်းထန်ထန် နင်းလိုက်သည်။ ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်သည် အမှန်တကယ်ပင် နောက်ပြန်ဆုတ်သွားကာ လေဓားများကို လိမ္မာပါးနပ်စွာ ရှောင်ရှားလိုက်သည်။

“မဖြစ်ဘူး၊ ဒီ ရမတနိုအိုရိုချီက အရမ်းအစွမ်းထက်လွန်းတယ်၊ သူ့ကိုတိုက်ခိုက်ဖို့ အဆုံးစွန်လက်နက်ကို ပစ်လွှတ်လိုက်”

ဂျီကျဲန်ရှန်း၏ အမိန့်အရ ရန်နိုင်ငံ နယ်မြေအတွင်းရှိ နျူကလီးယားဗုံး တစ်ဒါဇင်ကျော်မှ မီးတောက်များ ထွက်ပေါ်လာသည်။

နျူကလီးယားဗုံး တစ်ဒါဇင်ကျော်သည် အရှေ့ပင်လယ်ဘက်သို့ တစ်ချိန်တည်း ပျံသန်းသွားခဲ့ပြီး နောက်တစ်စက္ကန့်တွင် ကောင်းကင်နှင့် မြေကြီးတစ်လျှောက် ကျယ်လောင်သော ပေါက်ကွဲသံကို လူတိုင်းကြားလိုက်ရသည်။

နောက်ထပ် တိုက်ခိုက်မှုများ စတင်တော့မည့် ရမတနိုအိုရိုချီ,ကို ဤနျူကလီးယားဗုံးများက ယာယီ ပိတ်ဆို့လိုက်သည်။ ထိုမှသာ ရွှမ်ဝူ နှင့် ပန်ဒါကြီးက သက်ပြင်းချနိုင်ခဲ့သည်။

သို့သော်လည်း မီးခိုးများရှင်းသွားပြီးနောက်၊ ရမတနိုအိုရိုချီ၏ကြီးမားသောကိုယ်ထည်ပေါ်တွင် ဒဏ်ရာများမရှိသလောက်ပင် ရှေ့သို့ ပြေးတက်လာပြန်သည်။ လူသားများ ပစ်လွှတ်လိုက်သော နျူကလီးယာဗုံးများက သူ့အကြေးခွံများကိုပင် ထိခိုက်အောင်မလုပ်နိုင်ခဲ့ပေ။

စကားတစ်ခွန်းမျှ မပြောဘဲ ရွှမ်ဝူသည် သူ့၏ အစွမ်းထက်သော ကာကွယ်ရေးကို အားကိုးပြီး တောင်တစ်ခုကဲ့သို့ ရမတနိုအိုရိုချီ ရှေ့တွင် ရပ်ကာ ခုခံတိုက်ခိုက်နေခဲ့သည်။

ယခုအချိန်တွင် ပန်ဒါကြီးလည်း လှုပ်ရှားလိုက်သည်။ သူ့၏အဆင့်သည် ရမတနိုအိုရိုချီ ထက်နိမ့်သော်လည်း ပန်ဒါကြီးက အပြင်းအထန်ခုခံကာကွယ်နိုင်သော ရွှမ်ဝူ နှင့်မတူပေ။

ပန်ဒါဘုရင်သည် ဤအခိုက်အတန့်တွင် သူ့၏လက်သီးများကို လှုပ်ခါလိုက်ပြီး လေဓားများ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားနှင့် တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များက သူ၏ခန္ဓာကိုယ်မှ တစ်ချိန်တည်းတွင် ထွက်ပေါ်လာခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော လေနှင့်မီးသည် ရမတနိုအိုရိုချီ,ကို ပိတ်ဆို့ခဲ့ပြီး မြွေခေါင်းအနည်းငယ်ကိုသာ ချန်ထားခဲ့သည်။

တခဏမျှ၊ အရှေ့ပင်လယ်အထက် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများ အဆက်မပြတ် ထွက်ပေါ်လာပြီး ပြင်းထန်သော ရောင်ဝါက ပင်လယ်သားရဲများကို ထိတ်လန့်စေခဲ့သည်။

ဧရာမသားရဲကြီးသုံးကောင်သည် ဆက်လက်တိုက်ပွဲဝင်ခဲ့ပြီး ရွှမ်ဝူ နှင့် ပန်ဒါကြီးတို့၏ ပေါင်းစပ်တိုက်ခိုက်မှုများပင် ရမတနိုအိုရိုချီ,ကို သရေကျရုံမျှသာ တိုက်နိုင်ခဲ့သည်။

နောက်ဆုံးတွင်၊ ပန်ဒါကြီးသည် ရမတနိုအိုရိုချီ၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာအချို့ကို သူ့၏ကိုယ်ပိုင်လဲလှယ်မှုဖြင့် ဒဏ်ရာများထပ်မံပေးခဲ့သည်။

မအောင်မြင်သောတိုက်ခိုက်မှုအပြီးတွင်၊ ရမတနိုအိုရိုချီသည် သူ့၏ကြီးမားသောခန္ဓာကိုယ်ကို ပြန်လှည့်ကာ ပင်လယ်သားရဲများကို ပြန်ခေါ်ဆောင်သွားခဲ့သည်။

အရှေ့ပင်လယ်၏ နက်နဲရာဆီသို့ ဦးတည်သွားနေသည့် ဧရာမသားရဲကြီးအား ကြည့်လိုက်ရာ လူတိုင်း သက်ပြင်းချနိုင်ခဲ့သည်။

အကယ်၍ ရွှမ်ဝူ နှင့် ပန်ဒါကြီးတို့က ယခုတစ်ကြိမ်တွင် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းမရှိပါက၊ အရှေ့ဘက်ကမ်းရိုးတန်းဒေသများသည် ရမတနိုအိုရိုချီ၏တိုက်ခိုက်မှုအား ရပ်တန့်နိုင်မည်မှာ မသေချာပေ။

ရမတနိုအိုရိုချီ ထွက်ခွာသွားသော်လည်း ဂျီကျဲန်ရှန်း၏ မျက်နှာတွင် လေးနက်မှုများ ရှိနေသေးသည်။

ဤတိုက်ပွဲကြောင့် ရွှမ်ဝူ၏ လိပ်ခွံတွင် အက်ကွဲကြောင်းများရှိနေပြီး ပန်ဒါကြီး၏ ခန္ဓာကိုယ်တွင်လည်း ဒဏ်ရာများနှင့် ဖုံးလွှမ်းနေသည်။

ဧရာမ သားရဲနှစ်ကောင်သည် သူတို့၏ ကန့်သတ်ချက်သို့ ရောက်ရှိသွားသည်မှာ ထင်ရှားသည်။ ရမတနိုအိုရိုချီ,က ထပ်မံ တိုက်ခိုက်လာလျှင် မည်သူမျှ တားဆီးနိုင်မည် မဟုတ်ပေ။

“အခုတော့ ဒီ ရမတနိုအိုရိုချီ ပြန်ကောင်းလာဖို့ အချိန်တစ်ခုလိုမယ်လို့ပဲ ဆုတောင်းရမယ်“

ဂျီကျဲန်ရှန်း သက်ပြင်းချကာ ကူကယ်ရာမဲ့စွာ သက်ပြင်းချပြီးနောက် သူ့လူများကို စစ်မြေပြင်တွင် ရှင်းလင်းရေးလုပ်ရန် အမြန် အမိန့်ပေးလိုက်သည်။

သို့သော်လည်း ရန်နိုင်ငံ၏ ကံကောင်းမှုက ကြာရှည်ခံပုံမပေါ်ပေ။ တစ်ညအကြာတွင်၊ ရမတနိုအိုရိုချီသည် ပင်လယ်သားရဲများနှင့်အတူ တစ်ဖန်ပြန်ချီတက်လာခဲ့သည်။

တဟုန်ထိုးတက်လာသောလှိုင်းလုံးများက မြို့ရိုးများကို ဖြတ်ကျော်သွားကာ မရေမတွက်နိုင်သော ပင်လယ်သားရဲများက ကုန်းမြေဆီသို့ တဖန်ပြန်၍ တိုက်ခိုက်လာကြသည်။

အပြည့်အဝ ပြန်ကောင်းမွန်လာသော ရမတနိုအိုရိုချီ,ကိုကြည့်လိုက်ပြီး လူတိုင်းက အလွန် စိတ်ပျက်သွားကြသည်။

ရမတနိုအိုရိုချီ ၏ဦးခေါင်းခုနှစ်လုံးသည် မတူညီသောစွမ်းဆောင်ရည်များနှင့် စွမ်းရည်များကိုကိုယ်စားပြုပြီး ကျန်တစ်လုံးမှာ ပြန်လည်ကုသခြင်းစွမ်းရည်ကို ကိုယ်စားပြုသည်။

ပန်ဒါကြီး၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေခဲ့သော အပေါ်ယံဒဏ်ရာများသည်လည်း တစ်ညတာအတွင်း ပျောက်ကင်းသွားခဲ့သည်။

သို့သော် ပြင်းထန်စွာ ဒဏ်ရာရနေသော ရွှမ်ဝူ နှင့် ပန်ဒါကြီးတို့က နောက်တစ်ကြိမ် တိုက်ခိုက်ရန် ခွန်အားမရှိတော့ပေ။

ရမတနိုအိုရိုချီသည် သမုဒ္ဒရာထဲက နတ်ဘုရားနှင့်တူပြီး၊ သူ့၏ ပြင်းထန်သော စွမ်းအားက လူတိုင်းကို ခိုကိုးရာမဲ့ ဖြစ်စေသည်။ ရန်နိုင်ငံသည်လည်း ဆာကူရာကျွန်း၏ ကံကြမ္မာအတိုင်း ကျရောက်တော့မည့်ပုံရသည်။

“ချိန်းး! ဝုန်းး!”

သို့သော် ယခုအချိန်တွင် ကောင်းကင်နှင့် မြေကြီးကြား ကြောက်မက်ဖွယ်ရာ မိုးခြိမ်းသံနှင့်အတူ လျှပ်စီးကြောင်းများ ထွက်ပေါ်လာသည်။

ပြင်းထန်သောမိုးကြိုးလျှပ်စီးကြောင်းများ၏ဖိအားကြောင့် ဂျီကျဲန်ရှန်း,ကို ထိတ်လန့်သွားသလိုခံစားရစေသည်။

သို့သော် သူ့မျက်လုံးများထဲတွင် ကြောက်ရွံ့များ မရှိဘဲ အံ့သြမှုများသာ ရှိနေသည်။

ရမတနိုအိုရိုချီ ရှေ့တွင် လျှပ်စီးကြောင်းများနှင့်အတူ ငွေဖြူနှင်းဝံပုလွေကြီးတစ်ကောင် ပေါ်လာခဲ့သည်။

လုချန်းသည် သူ့ရှေ့ရှိ ဧရာမသားရဲကြီးကို ကြည့်ရင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ချည်နှောင်ခြင်းအဆင့်(၆)ရှိ ပြိုင်ဘက်၏ ရောင်ဝါက သူတွေ့ဖူးသမျှထဲတွင် အစွမ်းထက်ဆုံးဖြစ်သည်။

ထိုကဲ့သို့ အစွမ်းထက်သော သားရဲသည် လုချန်း၏ တိုက်ခိုက်လိုစိတ်ကိုလည်း နှိုးဆွပေးခဲ့ပြီး သူ့သွေးများ ပွက်ပွက်ဆူနေသလို ခံစားလိုက်ရသည်။

All Chapters