← Chapters

နားခြောက်ဖက်မျောက်နှင့် မြေခွေးနတ်ဆိုးတို့၏ တည်နေရာ

Vol. 12 Ch. 178

နားခြောက်ဖက်မျောက်နှင့် မြေခွေးနတ်ဆိုးတို့၏ တည်နေရာ

Vol. 12 Ch. 178

လုချန်းသည် စကားတစ်ခွန်းမှ မပြောဘဲ နတ်ဆိုးအသွင်ပြောင်းခြင်းကို အသက်သွင်းလိုက်ပြီး သူ၏ ရောင်ဝါက ချက်ချင်း သုံးဆတိုးလာသည်။

ချည်နှောင်ခြင်းအဆင့်(၅)တွင်ရှိစဉ် နတ်ဆိုးအသွင်ပြောင်းခြင်းကိုအသက်သွင်းပြီးနောက်၊ သူ့၏ အရှိန်အဝါက ရမတနိုအိုရိုချီ,ကိုပင် လွှမ်းမိုးသွားခဲ့သည်။

မိုးကြိုးဒိုမိန်းသည် ကောင်းကင်ဘေးဒုက္ခနှင့်တူပြီး၊ ငွေရောင်လျှပ်စီးများက နဂါးများကဲ့သို့ ကောင်းကင်နှင့်မြေကြီးကြားတွင် အဆက်မပြတ်လင်းလက်နေ၏။

လုချန်းသည် သူ့၏ ဧကရာဇ်ဒိုမိန်းကို ထုတ်လွှတ်လိုက်ပြီး ရမတနိုအိုရိုချီ၏ ရောင်ဝါသည်ပင် အလွန်အားနည်းသွားခဲ့သည်။

“ဟားဟား၊ စိတ်ဝင်စားဖို့ကောင်းတယ်၊ ငါက ငါ့စွမ်းအား အားလုံးကို လက်ခံနိုင်တဲ့ ပြိုင်ဘက်နဲ့ အမြဲတွေ့ချင်ခဲ့တာ”

လုချန်း ထံမှ အားကောင်းသော ရောင်ဝါကို ခံစားရင်း ရမတနိုအိုရိုချီ,က ရယ်မောကာ ပြောလိုက်သည်။

ယင်းကိုကြားတော့ လုချန်း,က ပြန်မတုံ့ပြန်ဘဲ ချက်ချင်းပင် အလုံးအရင်းနှင့် တိုက်ခိုက်လိုက်သည်။

ထိုအချိန်တွင်၊ ရမတနိုအိုရိုချီသည် သူ့၏မြွေဦးခေါင်းအများအပြားဖြင့် တစ်ချိန်တည်းတွင် တိုက်ခိုက်ခဲ့ပြီး အနက်ရောင်မြူခိုးများက လုချန်း,ကို ဖုံးလွှမ်းသွားခဲ့သည်။

သို့သော် အာရုံငါးပါးကို ဖိနှိပ်နိုင်သည့် အနက်ရောင် မြူခိုးများပင်လျှင် လုချန်း ၏တိုက်ခိုက်မှုကို မရပ်တန့်နိုင်ပေ။

တစ်ချိန်တည်းမှာပင်၊ လေနှင့်မီးမြွေခေါင်းများသည် စွမ်းအားကိုထုတ် ဖော်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော မီးတောက်များနှင့် လေပြင်းများက လုချန်း ဆီသို့ တိုးဝင်လာသည်။ ဖြတ်သန်းသွားသောနေရာတိုင်း၊ မရေမတွက်နိုင်သော ပင်လယ်ရေများ အငွေ့ပျံသွားခဲ့ပြီး၊ ကြောက်မက်ဖွယ်ရာ မီးလေဘွေကြီးကို ဖြစ်ပေါ်စေခဲ့သည်။

ဤသည်မှာ ယမန်နေ့က ပန်ဒါကြီးတို့နှင့် တိုက်ခိုက်ပြီးနောက် ရမတနိုအိုရိုချီသည် ပန်ဒါကြီးထံမှ သင်ယူခဲ့သော ပေါင်းစပ်စွမ်းရည်ဖြစ်သည်။

လေသည် မီးကိုပျံ့စေပြီး မီးသည် လေကို အားဖြည့်ပေးသည်။ ဤစွမ်းအင် နှစ်ခု၏ ပေါင်းစပ်မှုအားက အဖျက်သဘောဆောင်သော ကပ်ဆိုးဟု ခေါ်ဆိုနိုင်သည်။

သို့သော် လုချန်းသည် လွန်းပျံစွမ်းရည်ကို တိုက်ရိုက်အသုံးပြုပြီး ဤတိုက်ခိုက်မှုအကွာအဝေးမှ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။

ရမတနိုအိုရိုချီ မတုံ့ပြန်ရသေးခင်တွင် ငွေရောင်လျှပ်စီးကြောင်းများက သူ့နောက်ကနေ ပြင်းထန်စွာ ကျဆင်းလာသည်။

ကြောက်မက်ဖွယ် လျှပ်စီးကြောင်းများကြောင့် ရမတနိုအိုရိုချီ,ကို နာကျင်စွာ ဟိန်းဟောက်စေခဲ့သည်။

လုချန်း၏ ဝံပုလွေ ခြေသည်းများသည် ပြိုင်ဘက်၏ ခံစစ်ကို ချက်ချင်း ချိုးဖောက်ခဲ့သည်။ ငွေရောင်အလင်းတန်းတစ်ခုသည် ရမတနိုအိုရိုချီ၏ခန္ဓာကိုယ်မှ အသားများကို ဖြတ်တောက်လိုက်ပြီး ပြင်းထန်သောသွေးနံ့က လေထုထဲတွင် ချက်ချင်း ပျံ့နှံ့သွားသည်။

ရမတနိုအိုရိုချီသည် ပြင်းထန်သောနာကျင်မှုကြောင့် ဒေါသထွက်သွားပြီး သူ့၏ခန္ဓာကိုယ်ဗဟိုချက်ဖြစ်သော အစိမ်းရောင်မြွေခေါင်းက ပတ်ပတ်လည်တွင် အဆိပ်ငွေ့များကို ရူးသွပ်စွာထုတ်လွှတ်လိုက်သည်။

လုချန်း၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတစ်ချက် လက်သွားပြီး သူ့ခန္ဓာကိုယ်မှ အဆုံးမရှိသော ရေခဲစွမ်းအင်များ ထွက်ပေါ်လာသည်။

ရေခဲစွမ်းအင်ကို ထုတ်လွှတ်လိုက်သောအခါ အစိမ်းရောင် အဆိပ်ငွေ့များက လုချန်း ရှေ့တွင် တိုက်ရိုက် အေးခဲသွားခဲ့သည်။

လုချန်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ရမတနိုအိုရိုချီ၏ မြွေဦးခေါင်းအများအပြားက ကိုင်တွယ်ရန် အလွန်ခက်ခဲသည်။

ဦးခေါင်းတစ်လုံးစီသည် မတူညီသောစွမ်းရည်ကို ကိုယ်စားပြုပြီး၊ ဦးခေါင်းများထံမှ အဆက်မပြတ် စွမ်းအင်ထုတ်လွှတ်မှုက လုချန်း၏ တိုက်ခိုက်မှုများအား အချည်းနှီးဖြစ်စေသည်။

“ဒါဆို မင်းရဲ့မြွေခေါင်းကို ဖြတ်ပြီး၊ မင်းဘာလုပ်နိုင်သေးလဲ ငါကြည့်မယ်!”

လုချန်း,က ဟိန်းဟောက်ကာ နတ်ဆိုးအသွင်ပြောင်းခြင်းကိုအသက်သွင်းထားသော သူ့၏ အစွမ်းထက်သည့် ခန္ဓာကိုယ်ကို အားကိုးပြီး ရမတနိုအိုရိုချီ ဆီကို တိုက်ရိုက် ပျံသန်းသွားသည်။

ရမတနိုအိုရိုချီသည် ၎င်းကိုမြင်သောအခါ သူ့၏ရွှေခေါင်းမှ တောက်ပသော လေဆာရောင်ခြည်ကို ချက်ချင်း ပစ်လွှတ်လိုက်သည်။

မနေ့က၊ ရွှမ်ဝူ၏ လိပ်ခွံတွင် အက်ကွဲကြောင်းများကို တိုက်ရိုက်ဖြစ်ပေါ်စေခဲ့သည့်အရာမှာ ဤကြောက်စရာကောင်းသော လေဆာရောင်ခြည်ကြောင့်ပင်ဖြစ်သည်။ သို့သော်လည်း လုချန်းသည် တိုက်ခိုက်မှုကို မရှောင်တိမ်းဘဲ မတိုးပေါက်နိုင်ခြင်းစွမ်းရည်ကို တိုက်ရိုက်အသက်သွင်းလိုက်သည်။

လူတိုင်း၏ နှလုံးသားများက လည်ချောင်းထဲတွင် ရှိနေသည်။

နှင်းဝံပုလွေဘုရင်သည် တိုက်ခိုက်ရေးစွမ်းရည် အလွန်ကောင်းမွန်ကြောင်း လူတိုင်းသိထားကြသော်လည်း ခုခံမှုအရဆိုလျှင် ရွှမ်ဝူ နှင့် ယှဉ်နိုင်သော အခြား သားရဲမရှိပေ။

ရွှမ်ဝူ,သည်ပင် ဤလေဆာရောင်ခြည်ကြောင့် သူ့လိပ်ခွံ ကွဲလုမတတ် ဖြစ်သွားခဲ့သည်။ နှင်းဝံပုလွေဘုရင်က ၎င်းကို တားဆီးနိုင်ပါ့မလားဆိုသည်ကို လူတိုင်းက သံသယဝင်နေကြသည်။

“ဘုန်း!”

ဤကြီးမားလှသော စွမ်းအားက လုချန်းကို မီတာရာနှင့်ချီ၍ နောက်သို့ တိုက်ရိုက် လွင့်ထွက်စေခဲ့သည်။

သို့သော် ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုကို ရင်ဆိုင်ရသော်လည်း လုချန်းသည် သူ့၏ ကြံ့ခိုင်သော ခန္ဓာကိုယ်ဖြင့် ၎င်းကို ခုခံနိုင်ခဲ့သည်။

သူ့၏ အတွင်းအင်္ဂါများ ကမောက်ကမ ဖြစ်နေသော်လည်း ကြီးကြီးမားမား ထိခိုက်မှု မရှိခဲ့ပေ။

လုချန်း,သည် လွန်းပျံစွမ်းရည်ကို ထပ်မံအသုံးပြုလိုက်ပြီး၊ ရမတနိုအိုရိုချီ နောက်တစ်ချီတိုက်ခိုက်ရန် အဆင်သင့်မဖြစ်သေးမီတွင် လုချန်း,က သူ့ရှေ့သို့ ရောက်ရှိနေပြီဖြစ်သည်။

ကြောက်မက်ဖွယ်ကောင်းသော ဝံပုလွေခြေသည်းများသည် လေဟာနယ်ကိုပင် ဖြိုခွဲလိုက်ပုံရပြီး လေပြင်းများနှင့်အတူ ကျဆင်းလာသည်။ ထို့နောက်တွင်တော့ လူတိုင်း၏ ထိတ်လန့်နေသောအကြည့်အောက်တွင် နှင်းဖြူဝံပုလွေ ခြေသည်းများ ကျဆင်းပြီးသည်နှင့်အတူ မြွေခေါင်းက အမြင့်သို့ ပျံတက်သွားသည်။

များစွာသောသွေးများက သမုဒ္ဒရာကို ပြည့်လျှံစေပြီး စွမ်းအားအပြည့်မစုဆောင်းရသေးသော မြွေခေါင်းကို လုချန်း,မှ တိုက်ရိုက်ဖြတ်တောက်ပစ်လိုက်သည်။

ပြင်းထန်သောဝေဒနာအောက်တွင် ရမတနိုအိုရိုချီ၏ကြီးမားသောကိုယ်ထည်က ပင်လယ်ထဲတွင် တွန့်လှိမ်သွားခဲ့သည်။

လုချန်းသည် ဤအခွင့်အရေးကို အရယူပြီး အဆက်မပြတ်တိုက်ခိုက်ကာ ရမတနိုအိုရိုချီ၏ လေနှင့်မီးမြွေခေါင်းကို ဖြတ်တောက်လိုက်ပြန်သည်။

သို့သော်လည်း၊ ရမတနိုအိုရိုချီ၏ ပြန်လည်ကုသသည့် အရှိန်က အမှန်တကယ် အံ့ဩစရာဖြစ်ကြောင်း လုချန်း,မှ တွေ့ရှိခဲ့သည်။ သူဖြတ်တောက်လိုက်သော မြွေခေါင်းများက အမှန်တကယ်ပင် လျှင်မြန်စွာ ပြန်လည်ထွက်ပေါ်လာခဲ့သည်။

လုချန်း,လည်း အနည်းငယ် အံ့သြသွားပြီး ဧရာမသားရဲနှင့် ဆက်လက် တိုက်ပွဲဝင်ခဲ့သည်။

လူတိုင်း၏အကြည့်အောက်တွင် လုချန်းသည် ရမတနိုအိုရိုချီ ၏ဦးခေါင်းများကို အကြိမ်ကြိမ်ဖြတ်တောက်ခဲ့သော်လည်း ပြန်လည်ကုသခြင်းစွမ်းရည်အောက်တွင် ဆက်လက်ကောင်းမွန်လာဆဲဖြစ်သည်။

အနီးကပ်တိုက်ပွဲကြောင့်၊ လုချန်းလည်း ရမတနိုအိုရိုချီ,ကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။

လုချန်း,၏ ခန္ဓာကိုယ်ပေါ်တွင် မီးလောင်ကျွမ်းသော အစက်အပြောက်များအပြင် လေဓားဖြင့်ဖြတ်တောက်ခံရသော အမာရွတ်များစွာလည်း ရှိခဲ့သည်။

သို့သော်လည်း လုချန်း,က မျက်လုံးစုံမှိတ်ပြီး ရမတနိုအိုရိုချီ,ကို ရူးသွပ်စွာ တိုက်ခိုက်ခဲ့သည်။

သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများသည် အင်မော်တယ်စွမ်းရည်အောက်တွင် လျင်မြန်စွာ ပျောက်ကင်းသွားပြီး၊ သူ၏ ပြန်လည်ကုသမှု အရှိန်က ရမတနိုအိုရိုချီ,ထက် ပိုဆိုးမည်မဟုတ်ပေ။

ခဏကြာပြီးနောက်၊ ဧရာမသားရဲကြီးနှစ်ကောင်ကြားမှ တိုက်ပွဲက သူတို့၏ ပြန်လည်ကုသခြင်းစွမ်းရည်များ၏ ပြိုင်ဆိုင်မှုတစ်ခုအဖြစ် ပြောင်းလဲသွားပုံရသည်။

သို့သော်လည်း လုချန်း,၏ စွမ်းအားက ရမတနိုအိုရိုချီ ထက်သာလွန်နေသေးသည်။ အချိန်အတော်ကြာပြီးနောက်၊ ရမတနိုအိုရိုချီ,၏ ပြန်လည်ကုသခြင်းအမြန်နှုန်းက လုချန်း,၏တိုက်ခိုက်မှုအရှိန်ကို မလိုက်မီနိုင်တော့ပေ။

မကြာခင်မှာပင် သူ့၏မြွေခေါင်းရှစ်လုံးကို လုချန်း,က ဖြတ်တောက်ခဲ့ပြီး၊ သူ့၏ကြီးမားလှသော ခန္ဓာကိုယ်ကြီးထံသို့ လုချန်း၏ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကြောင်းများက အဆက်မပြတ် ကျဆင်းလာခဲ့သည်။

ဒါဇင်နဲ့ချီသော ငွေလျှပ်စီးနဂါးများ၏ တိုက်ခိုက်မှုကြောင့် မီတာနှစ်ထောင်ကျော် အရှည်ရှိသော ဤမြွေကြီး၏ ခန္ဓာကိုယ်ကြီးသည် နောက်ဆုံးတွင် ရုန်းကန်မှုများရပ်တန့်သွားပြီး ပင်လယ်နက်ထဲကို ဖြည်းညှင်းစွာ နစ်မြုပ်သွားခဲ့သည်။

ကမ္ဘာတစ်ဝန်းလုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့သော ဤကြောက်မက်ဖွယ်တိုက်ပွဲက လုချန်း ၏အောင်ပွဲဖြင့် အဆုံးသတ်ခဲ့သည်။

ဤတိုက်ပွဲမှစ၍ နှင်းဝံပုလွေဘုရင်၏ အမည်က ကမ္ဘာအနှံ့ ပြန့်နှံ့သွားခဲ့သည်။

အရှေ့ပင်လယ် တိုက်ပွဲက ရမတနိုအိုရိုချီ ကျဆုံးသွားသဖြင့် ပြီးဆုံးသွားခဲ့သည်။

အစွမ်းအထက်ဆုံး ရမတနိုအိုရိုချီ သည်ပင် အသတ်ခံခဲ့ရသည်။ ကျန်ပင်လယ်သားရဲများသည် လုချန်း,၏ ကြီးမားသောစွမ်းအားအောက်တွင် အလွန်တုန်လှုပ်သွားကြပြီး နက်ရှိုင်းသောပင်လယ်ထဲသို့ လျင်မြန်စွာ ပြေးဆင်းသွားကြသည်။

တိုက်ပွဲကိုဖြေရှင်းပြီးနောက် လုချန်းသည် လူသားများကို မနှုတ်ဆက်ဘဲ ပင်လယ်နက်ထဲသို့ ထိုးဆင်းသွားသည်။

ရမတနိုအိုရိုချီ ၏ကိုယ်ခန္ဓာက အလွန်ကောင်းမွန်သောဆေးဖြစ်သောကြောင့် လုချန်းသည် အစွမ်းထက်သော ဤသားရဲ၏ သွေးအဆီအနှစ်ကို ဖြုန်းတီးမည်မဟုတ်ပေ။

……………..

အရှေ့ဘက်ဒေသတွင် တိုက်ပွဲများဖြေရှင်းပြီးနောက် ရန်နိုင်ငံသည် နောက်ဆုံးတွင် ငြိမ်းချမ်းမှုကို ပြန်လည်ရရှိခဲ့သည်။

လုချန်း,သည် ယခင်က ပင်လယ်သားရဲများစွာကို ထိန်းချုပ်ခဲ့သည်။ ထိုအခိုက်အတန့်တွင်၊ ဤပင်လယ်သားရဲများကြားမှ စွမ်းအားကြီးသောသားရဲများသည် ရမတနိုအိုရိုချီ,ကိုအစားထိုးပြီး ရန်နိုင်ငံ၏အရှေ့ဘက် ပင်လယ်ရေပြင်ကို သိမ်းပိုက်ခဲ့သည်။

ယခုအချိန်တွင်၊ ရန်နိုင်ငံတစ်ဝိုက်ရှိ အရေးကြီးသောနေရာအများအပြားသည် အခြေခံအားဖြင့် လုချန်း ၏သြဇာလွှမ်းမိုးမှုအောက်တွင်ရှိနေသည်။

သို့သော် လုချန်း,သည် ဘာမှမလုပ်ဘဲ ထိုင်နေမည့်အစား၊ သူသည် သူ့ညီမကို ခေါ်ဆောင်ကာ ရန်နိုင်ငံတောင်ဘက်ရှိ အပူပိုင်းတိုက်ကြီးကို စတင်သိမ်းပိုက်ခဲ့သည်။

ရန်နိုင်ငံတောင်ဘက်ရှိ အပူပိုင်းတိုက်ကြီးတွင် စွမ်းအားအကြီးဆုံးသူများက ယခင် ပုရွက်ဆိတ်ဘုရင် နှင့် ခြင်္သေ့ဘုရင်တို့ဖြစ်သည်။

သို့သော် ဤသားရဲကြီးနှစ်ကောင် ကျဆုံးသွားခဲ့ပြီး ကျန်အပူပိုင်းတိုက်ကြီးရှိ ရက်စက်ကြမ်းကြုတ်သော သားရဲများက လုချန်း,ကို မယှဉ်နိုင်ပေ။

ရက်အနည်းငယ်အတွင်း လုချန်း,သည် ကျယ်ပြန့်သော အပူပိုင်းတိုက်ကြီးကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီး သူ့၏နယ်မြေကို တစ်ဖန် ချဲ့ထွင်ခဲ့သည်။

သို့သော် လုချန်း အပူပိုင်းတိုက်ကြီးသို့ လာရသည့် နောက်ထပ်အကြောင်းရင်း ရှိသေးသည်။ ဤသည်မှာ နားခြောက်ဖက်မျောက်နှင့် မြေခွေးနတ်ဆိုးတို့၏ အမှတ်အသားများက ဤတိုက်ကြီးတွင်ရှိသည်။

နားခြောက်ဖက်မျောက်နှင့် မြေခွေးနတ်ဆိုးတို့သည် နှင်းဝံပုလွေဘုရင်နှင့် မယှဉ်မှန်းသိသောကြောင့် ‌သွေးလင်းနို့ဘုရင်ကဲ့သို့ ရန်နိုင်ငံမှ ထွက်ပြေးခဲ့ကြသော်လည်း ရန်နိုင်ငံတောင်ဘက်ရှိ အပူပိုင်းတိုက်ကြီးကို ရွေးချယ်ခဲ့ကြသည်။

All Chapters