← Chapters

ချည်နှောင်ခြင်းအဆင့်(၇) သွေးလင်းနို့ဘုရင်

Vol. 12 Ch. 179

ချည်နှောင်ခြင်းအဆင့်(၇) သွေးလင်းနို့ဘုရင်

Vol. 12 Ch. 179

“နှင်းဝံပုလွေဘုရင်၊ မင်းငါတို့အားလုံးကို တကယ်သတ်ချင်နေတာလား”

နားခြောက်ဖက်မျောက်က သတိထားကာ သူ့ရှေ့မှ ဧရာမနှင်းဝံပုလွေကို ကြည့်နေသည်။ ယခုနေရာအထိ ထွက်ပြေးပြီးသည့်တိုင် နှင်းဝံပုလွေဘုရင်က သူ့ကိုရှာတွေ့နေသေးသည်ဟု သူ မမျှော်လင့်ခဲ့ပေ။

နားခြောက်ဖက်မျောက်ပြောသည်ကိုကြားပြီး လုချန်း,က ရယ်မောလိုက်သည်။

“အခု မင်းငါ့ကိုကြည့်တဲ့အခါ မင်းမျက်လုံးတွေမှာ သတ်ဖြတ်ချင်စိတ်တွေနဲ့ ပြည့်နေတယ်၊ မင်းငါ့ကိုတိုက်ခိုက်ဖို့ မစတင်ခဲ့တဲ့ အကြောင်းရင်းက မင်းငါ့ကို မနိုင်လို့ပဲ”

“မင်းငါ့ကိုသာ အနိုင်ယူနိုင်ရင် ငါ့ကို အသက်ချမ်းသာပေးမှာမဟုတ်ဘူး၊ ဒီစကားတွေကိုပြောရတာ ရယ်စရာကောင်းတယ်လို့ မထင်ဘူးလား”

နားခြောက်ဖက်မျောက်သည် ယင်းကိုကြားပြီး သူ့မျက်လုံးများတွင် ထိန့်လန့်မှုများဖြင့်ပြည့်နှက်သွားသည်။ အမှန်ပင်၊ နှင်းဝံပုလွေဘုရင်ပြောခဲ့သည့်စကားများထဲတွင် အမှားမပါပေ။

ယခင်က ချူးယန် သေဆုံးသည်ပင်ဖြစ်စေ၊ နောက်ပိုင်းတွင် နှင်းဝံပုလွေဘုရင်၏ ကြောက်မက်ဖွယ်ကောင်းသော ခြိမ်းခြောက်မှုများပင် ဖြစ်စေ၊ နားခြောက်ဖက်မျောက်သည် လုချန်း,ကို သူ့ဘေးနားက ဆူးပင်ဟု မှတ်ယူခဲ့သည်။

“မင်းက ငါ့အသွင်အပြင်ကို အတုခိုးပြီး ရေသူမမျိုးနွယ်ရဲ့ မြင့်မြတ်တဲ့ နတ်သံကို ခိုးယူတယ်၊ ဒါက ငါ့ကို အပြစ်ပုံချဖို့ ကြိုးခဲ့တာမလား!”

လုချန်း,က ဟိန်းဟောက်ပြီး နားခြောက်ဖက်မျောက်ဆီသို့ ပြေးဝင်သွားသည်။ နားခြောက်ဖက်မျောက်၏ ခွန်အားသည် ယခင်ကနှင့် ယှဉ်လျှင် များစွာ တိုးတက်လာသော်လည်း၊ ၎င်းက အဆင့်(၅)တွင်သာ ကန့်သတ်ထားသည်။

သားရဲများကြားတွင် ဤအဆင့်က အမှန်တကယ်ပင် အစွမ်းထက်သော်လည်း လုချန်းသည် ၎င်းတို့အဆင့်ထဲမှ မည်မျှကို သတ်ဖြတ်ခဲ့သည်အား ပြန်မရေတွက်နိုင်ပေ။

သူတို့ စတင်တိုက်ခိုက်သည်နှင့် တပြိုင်နက် နားခြောက်ဖက်မျောက်က လုချန်း၏ ပြင်းထန်သော အင်အားကြောင့် ထိတ်လန့်သွားခဲ့သည်။

…………….…

တစ်ဖက်တွင် ယိုချင်းယန်က မြေခွေးနတ်ဆိုးကို လှမ်းကြည့်နေသည်။

မြေခွေးနတ်ဆိုး၏ စွမ်းအားက အတော်လေး အားနည်းပြီး၊ အချိန်အတော်ကြာပြီးသည့်နောက်တွင်ပင် အဆင့်(၃)တွင်သာ ရှိသေးသည်။ သူမ၏ ကြံ့ခိုင်မှုက ယိုချင်းယန်၏ လက်ရှိ အင်အားလောက် မကောင်းမွန်ပေ။

မြေခွေးနတ်ဆိုးသည် ပြိုင်ဘက်နှင့် ယှဉ်နိုင်မည်မဟုတ်ကြောင်း သိပြီး လှည့်ပြေးရန် ကြိုးစားခဲ့သော်လည်း ယိုချင်းယန်,က သူမအား အခွင့်အရေးမပေးပေ။

သူမသည် မြေခွေးနတ်ဆိုး၏လမ်းကို ပိတ်ဆို့လိုက်ပြီး နောက်တစ်စက္ကန့်တွင် အသက်ကြိုးကိုးချောင်း ကုချင်းက လေထဲတွင်လွင့်မျောကာ ပင်လယ်ထဲတွင် စတင်တီးခတ်လိုက်သည်။

မြေခွေးနတ်ဆိုးသည် ကုချင်း ကိုမြင်သောအခါ၊ သူမ၏မျက်လုံးများထဲတွင် အရှက်နှင့် ဒေါသများဖြင့် ပြည့်နှက်သွားသည်။

ဤကုချင်းသည် မူလက သူမနှင့် သက်ဆိုင်ခဲ့သော်လည်း ယခုအခါ ၎င်းက ယိုချင်းယန်၏ လက်နက်ဖြစ်လာခဲ့သည်။

ကုချင်း ၏တိုက်ခိုက်မှုအကွာအဝေးအတွင်း၊ မြေခွေးနတ်ဆိုး၏ဝိညာဉ်က ချက်ချင်းပင် ပြင်းထန်စွာဒဏ်ရာရသွားခဲ့သည်။ သူ့မျက်နှာက ဖျော့တော့နေပြီး လေထဲတွင်ရှိနေသော သူ့ခန္ဓာကိုယ်က တုန်ရီနေသည်။

မြေခွေးနတ်ဆိုး၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အားကောင်းခြင်းမရှိပေ၊ သူမ၏ အဓိကဆင့်ကဲဖြစ်စဉ်က စိတ်ဝိညာဉ်နှင့်သာ သက်ဆိုင်သည်။ သို့သော်လည်း ဧကရီ ယိုချင်းယန် အတွက် သူမ၏ ဝိညာဉ်စွမ်းအားက ကလေးကစားစရာမျှသာ ဖြစ်သည်။

“ဟမ့်! အဆိုးဆုံးက၊ ငါဒီနေ့သေမယ်၊ နင်ငါ့ကိုဘာလုပ်နိုင်မလဲ၊ အနှေးနဲ့အမြန် ငါလက်စားချေမယ်!”

မြေခွေးနတ်ဆိုး၏ မျက်နှာက ဖျော့တော့နေ၏။ လွတ်မြောက်ရန် မျှော်လင့်ချက်မရှိမှန်းသိသဖြင့် လွတ်မြောက်ရန်အတွက် မိမိအမြီးကို စွန့်လွတ်ရန် ပြင်ဆင်လိုက်သည်။

သို့သော်လည်း ယိုချင်းယန်သည် သူမ၏ အတွေးများကို မျှော်လင့်ထားပြီးဖြစ်သောကြောင့် ကုချင်းတီးခတ်သံကို ပြောင်းလဲလိုက်သည်။

သို့သော် မြေခွေးနတ်ဆိုးသည် ကုချင်းသံ အနည်းငယ် ပြောင်းလဲသွားပုံပေါ်သည်ကို သတိမထားမိခဲ့ပေ။

နောက်တစ်စက္ကန့်တွင် မြေခွေးနတ်ဆိုးသည် သူ့အမြီးကို ဖြတ်တောက်ခဲ့သော်လည်း သူမ စိတ်ကူးထားသည့် သတ်သေမှုနှင့် ပြန်လည်မွေးဖွားခြင်း အခြေအနေမှာ ဖြစ်ပျက်မလာဘဲ သူမရှိနေသည့်နေရာတွင်သာ ရှိနေခဲ့သည်။

“ဘာဖြစ်တာလဲ?!”

မြေခွေးနတ်ဆိုးသည် သူမ,မလွတ်မြောက်နိုင်ရုံသာမက သူမ၏ ဝိညာဉ်စွမ်းအားလည်း အလွန်အားနည်းသွားသည်ကို တွေ့ရှိခဲ့သည်။

“ဟမ့်၊ ငါ နင့်ကို ဒီနေ့ သတ်မယ်လို့ ပြောထားပြီးသား!”

ယိုချင်းယန်သည် သူမ၏ယခင်ဘဝတွင် ဝိညာဉ်ချည်နှောင်ခြင်းနည်းစနစ်များစွာကို လေ့ကျင့်ခဲ့သော်လည်း သူမ၏ အဆင့်မှာ နိမ့်လွန်းသောကြောင့် ၎င်းတို့ကို မပြသနိုင်ခဲ့ပေ။

ယခု သူမသည် ချည်နှောင်ခြင်းအဆင့်(၄) အထိ ဖြတ်ကျော်သွားခဲ့ပြီး အသက်ကြိုးကိုးချောင်း ကုချင်း၏ အကူအညီဖြင့် သူမ၏ ပြင်းထန်သော ဝိညာဉ်စွမ်းအားကို ပြသခဲ့သည်။

ယိုချင်းယန်သည် မြေခွေးနတ်ဆိုး၏ ဝိညာဉ်ကို တိုက်ရိုက်ချည်နှောင်ထားပြီး သူမ၏ မြေခွေးအမြီးကို ဖြတ်လိုက်လျှင်ပင် သူမ မလွတ်မြောက်နိုင်ပေ။

ယိုချင်းယန် အေးစက်စွာ အော်ဟစ်လိုက်ပြီး ရွှေရောင်အလင်းတန်းများက သူမ ခန္ဓာကိုယ်တစ်ဝိုက် လင်းလက်တောက်ပစေခဲ့သည်။ ဝံပုလွေ ခြေသည်းများ လှုပ်ယမ်းလိုက်သည်နှင့် မြေခွေးနတ်ဆိုးက နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

သူမ၏ ကျန်ရှိသော ဝိညာဉ်က လွတ်မြောက်လိုသော်လည်း ယိုချင်းယန်သည် ကုချင်းကို အသုံးပြု၍ သူမ၏ ဝိညာဉ်ကို လုံးဝ ဖျက်ဆီးပစ်လိုက်သည်။

….…..………

အခြားတစ်ဖက်ရှိ နားခြောက်ဖက်မျောက်တွင်လည်း အလားတူ ကံကြမ္မာတစ်ခုရှိသည်။ လုချန်း၏ ကြီးမားသောစွမ်းအားကို ရင်ဆိုင်ရသောအခါ နားခြောက်ဖက်မျောက်က ပြန်လည်တိုက်ခိုက်ရန်ပင် အခွင့်အရေး မရှိပေ။

ကြေးဝါအိုးသည် လုချန်း ၏ ဦးခေါင်းထက်တွင် ပျံဝဲနေကာ အလင်းရောင်များ ထွက်ပေါ်နေသည်။

ရှေးဟောင်းကြေးဝါအိုး နှင့် ထိမိလိုက်တိုင်း၊ ၎င်းသည် ကြီးမားလှသော စွမ်းအားကို သယ်ဆောင်လာကာ နတ်သံတုတ်ကို ကိုင်ဆောင်ထားသည့် နားခြောက်ဖက်မျောက်သည်ပင် သူ့နတ်သံတုတ်ကို မကိုင်နိုင်လုနီးပါး ဖြစ်သွားသည်။

နောက်ဆုံးတွင်၊ အကြိမ်ပေါင်းများစွာ အချင်းချင်းတိုက်ခိုက်ပြီးနောက်၊ နားခြောက်ဖက်မျောက်၏လက်သည် အက်ကွဲသွားကာ နတ်သံတုတ်ကို မကိုင်နိုင်တော့ဘဲ အောက်ဘက် ပင်လယ်ထဲသို့ ပြုတ်ကျသွားသည်။

နတ်သံတုတ်၏ အကာအကွယ်မရှိတော့သောကြောင့်၊ ကြေးဝါအိုးဖြင့် နားခြောက်ဖက်မျောက်ကို ရိုက်နှက်ကာ သွေးအန်ပြီး အရိုးများကျိုးသွားသည့်အထိ အလွယ်တကူ အနိုင်ယူခဲ့သည်။

အစမှအဆုံးတွင် လုချန်းသည် အမှန်တကယ်ပင် လှုပ်ရှားခဲ့ခြင်းမရှိဘဲ ကြေးဝါအိုးနှင့်သာ နားခြောက်ဖက်မျောက်ကို နှိမ်နင်းခဲ့သည်။

သူသည် လုချန်း နှင့် လုံးဝ မယှဉ်နိုင်သည်ကို သိလိုက်ရသဖြင့်၊ နားခြောက်ဖက်မျောက်သည် သူ၏ လှည့်ကွက်ဟောင်းကို ထပ်ခါတလဲလဲ ပြုလုပ်ကာ လုချန်း,ကို ရပ်တန့်ရန် လျှို့ဝှက်နည်းလမ်းကို အသုံးပြုလိုက်သည်။

လုချန်း,က သူ့ကို အမှတ်အသားပြုထားပြီးသားဆိုသည်ကို သူနည်းနည်းမှ မသိခဲ့ပေ။

အကြိမ်အနည်းငယ်အတွင်း, လုချန်းသည် ကိုယ်ပွားများကိုသတ်ပစ်လိုက်သည်။

ထို့နောက် ပင်လယ်ထဲကျသွားတဲ့ နတ်သံတုတ်ကို လုချန်း,က သန့်စင်လိုက်သည်။

လုချန်းသည် သူ၏နတ်အာရုံကို အဆင့်မြှင့်တင်ရန် ဆင့်ကဲအမှတ်များကို အသုံးပြုခဲ့ပြီး နောက်အခိုက်အတန့်တွင် သူ၏နတ်အာရုံက မိုင်ထောင်ပေါင်းများစွာအကွာအဝေးကို တိုက်ရိုက်လွှမ်းမိုးသွားခဲ့သည်။

ယခုအခါ နားခြောက်ဖက်မျောက်က မိုင်ထောင်ချီဝေးသော အရပ်သို့ ထွက်ပြေးသွားခဲ့ပြီဖြစ်သည်။ လုချန်း ၏လိုက်ဖမ်းမှုကို ခေတ္တရှောင်တိမ်းနိုင်မည်ဟု သူထင်ခဲ့သော်လည်း လုချန်း,က သူ့ရှိနေသည့်နေရာအားလုံးကို ထိန်းချုပ်ထားကြောင်း သူမသိခဲ့ပေ။

လုချန်းသည် သူ့၏ ပျံသန်းနိုင်သော စွမ်းရည်ကို အသုံးပြုပြီး နားခြောက်ဖက်မျောက် ဦးတည်ရာကို အလျင်အမြန် လိုက်သွားခဲ့သည်။ နောက်ဆုံးတွင် လုချန်း,က နက်ရှိုင်းသော ပင်လယ်ထဲတွင် နားခြောက်ဖက်မျောက် ဖမ်းမိသွားသည်။

နားခြောက်ဖက်မျောက်သည် သူ့နောက်မှ ရုတ်တရက် ပေါ်လာသော ငွေဖြူနှင်းဝံပုလွေကို ကြည့်ကာ အလွန်ထိတ်လန့်သွားခဲ့သည်။

သူ မခုခံရသေးမီတွင်၊ လုချန်း,၏ အတွေးတစ်ချက်နှင့် ကြီးမားသော နတ်သံတုတ်သည် ကောင်းကင်ကို ထောက်ထားသော တိုင်ကြီးတစ်ခုကဲ့သို့ လေထဲမှ တိုက်ရိုက် ကျဆင်းလာသည်။

နတ်သံတုတ်နှင့် တစ်ချက်ရိုက်ရုံမျှဖြင့်၊ နားခြောက်ဖက်မျောက်၏ ခေါင်းကိုထိမှန်သွားပြီး ချက်ချင်းပင် သေဆုံးသွားခဲ့သည်။

သူ့ရှေ့က နားခြောက်ဖက်မျောက်၏ရုပ်အလောင်းကို ကြည့်ပြီး လုချန်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ခွန်လွန် တောင်တန်းတွင် စတင်ခဲ့သော တိုက်ပွဲက ယခုမှ လုံးဝပြီးဆုံးသွားသည်ဟု ဆိုရမည်ဖြစ်သည်။

သို့ပေမယ့် နောက်တစ်စက္ကန့်တွင်၊ ပြင်းထန်သော သွေးနံ့များ ရုတ်တရက် ထွက်ပေါ်လာပြီး အလွန်ကြောက်စရာကောင်းသော ဖိအားများဖြင့် သားရဲတစ်ကောင်သည် အဝေးမှ အရှိန်ဖြင့် လာနေသည်ကို သူခံစားလိုက်ရသည်။

လုချန်း မျှော်ကြည့်ပြီးနောက် အနက်ရောင် အရိပ်ကြီးတစ်ခုက သူ့ဆီ ဦးတည်ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။

ဤရက်စက်ကြမ်းကြုတ်သော သားရဲ ဖြတ်သန်းသွားရာ နေရာတိုင်းတွင်၊ သူနှင့်အတူ ကြီးမားသော သွေးစွမ်းအင်များကို သယ်ဆောင်လာသည်။ သူ့ခန္ဓာကိုယ်က ကောင်းကင်နှင့် နေကိုဖုံးလွှမ်းသွားပြီး ပင်လယ်သမုဒ္ဒရာကို အမှောင်ထုထဲသို့ပင် ကျရောက်သွားစေခဲ့သည်။

လုချန်း,က သေသေချာချာကြည့်လိုက်ပြီး တိမ်မည်းထဲမှ ရက်စက်ကြမ်းကြုတ်သော သားရဲက အမှန်တွင် အလွန်ကြီးမားသော လင်းနို့တစ်ကောင်ဖြစ်ကြောင်း တွေ့လိုက်ရသည်။

ရုတ်တရက်ရောက်လာသည့် အစွမ်းထက်သော သားရဲမှာ လုချန်း,ကြောင့် ကြောက်လန့်တကြားဖြစ်ခဲ့ရသည့် သွေးလင်းနို့ဘုရင်ဖြစ်သည်။

သို့သော် ယခုအချိန်တွင် သူသည် ချည်နှောင်ခြင်းအဆင့်(၇)အထိ ဖြတ်ကျော်သွားကာ ရမတနိုအိုရိုချီ ထက်ပင် ပိုမိုအားကောင်းနေသည်။

သွေးလင်းနို့ဘုရင်သည် လျှို့ဝှက်ဆန်းကြယ်သော ဗန်ပိုင်းယားမျိုးနွယ်ရှိရာ အနောက်ဘက်တိုက်ကြီးသို့ ထွက်ပြေးသွားခဲ့သည်။

ဤဗန်ပိုင်းယား မျိုးနွယ်စုသည် သူ၏သားစဉ်မြေးဆက်များကဲ့သို့ဖြစ်နေပြီး ၎င်းတို့၏သွေးစွမ်းအင်ကို အတားအဆီးမရှိ စုပ်ယူနိုင်သည်ကို သူတွေ့ရှိသောအခါတွင် သွေးလင်းနို့ဘုရင်က လုံးဝမတွန့်ဆုတ်ခဲ့ပေ။

အချိန်တိုလေးအတွင်းမှာပင် ဗန်ပိုင်းယားမျိုးနွယ်စုအားလုံးကို သုတ်သင်ခဲ့ပြီး သူတို့ရဲ့ သွေးစွမ်းအင်အားလုံးကို သူ့ခန္ဓာကိုယ်ထဲသို့ စုပ်ယူခဲ့သည်။

ဤအရာက သူ့ကို ကမ္ဘာဖျက် နတ်ဆိုးကြီးကဲ့သို့ ကြီးမားသောစွမ်းအားကို ပိုင်ဆိုင်နိုင်ပြီး ချည်နှောင်ခြင်းအဆင့်(၇)အထိ လျင်မြန်စွာ ဖြတ်ကျော်နိုင်စေခဲ့သည်။

လုချန်းသည် အချိန်အတော်ကြာ ငြိမ်သက်နေခဲ့သော ဤသွေးလင်းနို့ဘုရင်က သူ့ကို အမှန်တကယ် အံ့အားသင့်စေမည်ဟု မထင်ထားခဲ့ပေ။

ဤအခိုက်အတန့်တွင် သွေးလင်းနို့ဘုရင်ထံမှ ထွက်ပေါ်လာသော သွေးပင်လယ်ကြီးက မိုင်ရာနှင့်ချီသော ဧရိယာကို လွှမ်းခြုံထားသည်။

All Chapters