ဇာတ်သိမ်းပိုင်း
Vol. 12 Ch. 180
“နှင်းဝံပုလွေဘုရင်၊ မင်းငါ့ကို အရင်ကမသတ်နိုင်ခဲ့တာ နောင်တရသင့်တယ်!”
“ငါပြန်မွေးဖွားလာပြီ၊ ဒီနေ့ မင်းငါ့ကို အဖိုးအခပြန်ပေးရမယ်”
အဆင့်(၇)အထိ ဖြတ်ကျော်သွားခဲ့သော သွေးလင်းနို့ဘုရင်က ယုံကြည်မှုအပြည့်ရှိနေသည်။ နှင်းဝံပုလွေဘုရင် အလွန်တန်ခိုးကြီးမှန်း သူသိသော်လည်း ကျင့်ကြံခြင်းအဆင့်နှင့်စပ်လျဉ်း၍ အကြွင်းမဲ့ ဖိနှိပ်နိုင်သော စွမ်းအားက သူ့ကို မကြောက်မရွံ့ဖြစ်စေသည်။
လုချန်း၏ ရေခဲပြာမျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာသည်။ သူ့ရဲ့ လက်ရှိအဆင့်က သွေးလင်းနို့ဘုရင်လောက်တော့ မကောင်းပေ၊ သူသည် နတ်ဆိုးအသွင်ပြောင်းခြင်းကိုအသုံးပြုခဲ့လျှင်ပင် သွေးလင်းနို့ဘုရင်နှင့် တန်းတူသာဖြစ်နိုင်သည်။
အစပိုင်းတွင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သော သွေးလင်းနို့ဘုရင်က လျင်မြန်စွာ ပြန်ကောင်းမွန်လာနိုင်မည်ဟု မမျှော်လင့်ထားဘဲ သူအနည်းငယ် သတိလွှတ်ဖြစ်မိခဲ့သည်။
သွေးလင်းနို့ဘုရင်တွင် ဤလှည့်ကွက်ရှိမည်ဟု ယိုချင်းယန် မထင်ထားခဲ့ပေ။ သူမ၏ယခင်ဘဝမှတ်ဉာဏ်တွင် သွေးလင်းနို့ဘုရင်က ရန်နိုင်ငံရှိ တန်ခိုးကြီးသောသားရဲဘုရင်ဖြစ်သည်။
သူ့ကို အနောက်ဘက်တိုက်ကြီးသို့ မည်သူမျှ အတင်းအကြပ်ဖိအားမပေးခဲ့ဘဲ ဗန်ပိုင်းယားများနှင့်လည်း ထိတွေ့ရန် အခွင့်အလမ်း မရှိပေ။
မိုင်ရာနှင့်ချီရှိသော သွေးပင်လယ်သည် ယခုအခါ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းနေကာ ဤဧရိယာတစ်ခုလုံးက ကပ်ဆိုးကြီးဟု ထင်ရစေသည်။
ကောင်းကင်၌ နေရောင်ခြည်ကိုပင် အဆုံးမဲ့သွေးများဖြင့် ဖုံးလွှမ်းထားသည်။ ဤအခိုက်အတန့်တွင် သွေးလင်းနို့ဘုရင်မှ ပြသခဲ့သော ပြင်းထန်သောအရှိန်အဟုန်သည် ဒဏ္ဍာရီထဲမှ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးတစ်ကောင်ကဲ့သို့ သားရဲ၏ အတိုင်းအတာထက်ပင် ကျော်လွန်နေခဲ့သည်။
အနက်ရောင် အတောင်ပံတစ်စုံက အဆက်မပြတ် လွင့်ပျံနေပြီး သွေးနီရောင် မျက်လုံးများထဲတွင် သတ်ဖြတ်ရန် ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေသည်။
လုချန်းလည်း ပေါ့ဆမနေဝံ့ဘဲ သူ့ကိုယ်ပိုင်စွမ်းအားကို လွန်ကဲစွာ အသုံးချလိုက်သည်။
ကြေးဝါအိုး နှင့် နတ်သံတုတ်တို့သည် တစ်ချိန်တည်းတွင် လေထဲ၌ ပေါ်လာပြီး တစ်ခုက တိုက်ခိုက်ရန်အသုံးပြုပြီး တစ်ခုက ခုခံရန် အသုံးပြုခဲ့သည်။ ထိပ်တန်း မှော်လက်နက်နှစ်ခုသည် ဤအခိုက်အတန့်တွင် ရှေးခေတ်မှ ကျက်သရေကို ပေါ်လွင်စေသည်။
ဤရှေးဟောင်းမှော်လက်နက်နှစ်ခုသည် ယခုအချိန်တွင် နားမလည်နိုင်သော တာအိုအလင်းများဖြင့် ဖုံးလွှမ်းနေသည်။
မှော်လက်နက်ပေါ်တွင် ရေးထွင်းထားသော ရှေးဟောင်းကမ္ပည်းစာများစွာ ရှိပြီး၊ ဤအချိန်တွင် တန်ခိုးကြီးသော ရှေးဟောင်းကမ္ပည်းစာများစွာက တာအိုအလင်းများဖြင့် လင်းလက်နေသည်။
လုချန်းသည် ကြေးဝါအိုးဖြင့် သူ့ခန္ဓာကိုယ်ကို ကာကွယ်ပြီး ပြင်းထန်သော အဆိပ်သွေးပင်လယ်ကို ပိတ်ဆို့ခဲ့သည်။ သူသည် နတ်သံတုတ်ကို အတွေးဖြင့် ပြင်းထန်စွာ လွှဲရိုက်ကာ ကြီးမားသောစွမ်းအားကို ထုတ်လွှတ်သည်။
သွေးလင်းနို့ဘုရင်သည် သူ့၏ သန်မာသော ခန္ဓာကိုယ်ကို အလွန်ယုံကြည်မှုရှိသော်လည်း နတ်သံတုတ်ကို ထိပ်တိုက် ရင်ဆိုင်ပြီးနောက် သူ အလွန်ထိတ်လန့်သွားသည်။
နှင်းဝံပုလွေဘုရင်က ဤမျှ အစွမ်းထက်သော မှော်လက်နက်ကို ပိုင်ဆိုင်ထားမည်ဟု သူ မမျှော်လင့်ထားပေ။
ယိုချင်းယန် ဤတိုက်ပွဲကိုကြည့်ရင်း မရယ်ဘဲမနေနိုင်လောက်အောင်ပင်။ မှော်လက်နက်၏အစွမ်းသတ္တိက အသုံးပြုသူအပေါ်တွင်သာ အဓိကအားဖြင့်မူတည်သည်။
နားခြောက်ဖက်မျောက်က အလွန်သန်မာခြင်းမရှိသောကြောင့် နတ်သံတုတ်၏ စွမ်းအားကို အပြည့်အဝအသုံးချရန် ခက်ခဲသည်။ သူ့လက်ထဲတွင်၊ နတ်သံက အကောင်းဆုံးသော လက်ကိုင်သံချောင်းတစ်ချောင်းမျှသာဖြစ်သည်။
သို့သော် သူ့အစ်ကို၏စိတ်ဖြင့်ထိန်းချုပ်မှုအောက်တွင်၊ နတ်သံတုတ်သည် ထောင်ပေါင်းများစွာသော တာအိုအလင်းတန်းများကို ထုတ်လွှတ်နေပြီး ထိုအလင်းတန်းများက သွေးပင်လယ်၏ဖုံးလွှမ်းမှုကိုပင် ဖောက်ထွင်းသွားခဲ့သည်။
ဤသွေးလင်းနို့ဘုရင်က နတ်သံတုတ်ကို ရင်ဆိုင်ရန် သူ၏ခန္ဓာကိုယ်ကို အသုံးပြုလောက်အောင်ပင် ရဲရင့်လွန်းသည်။ ယိုချင်းယန်သည်ပင် သူ့၏ ရဲစွမ်းသတ္တိအတွက် ချီးကျူးရမည်လား သို့မဟုတ် မိုက်မဲသူဟု ခေါ်ဆိုရမည်လား မသိတော့ပေ။
ရှုံးနိမ့်မှုကို ခံစားခဲ့ရပြီးနောက်၊ သွေးလင်းနို့ဘုရင်က ဤအဖြစ်အပျက်ကို သင်ခန်းစာယူပြီး နတ်သံတုတ်ကို ထိပ်တိုက်ရင်ဆိုင်ခြင်း မပြုတော့ပေ။ ယင်းအစား၊ သူသည် လုချန်း,ကို ပိတ်ဆို့ရန် အဆိပ်သွေးပင်လယ်ကို အဆက်မပြတ် ထုတ်လွှတ်လိုက်သည်။
ဤသွေးပင်လယ်သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းပြီး လုချန်းသည်ပင် ထိတ်လန့်သွားရသည်။
အဖျက်စွမ်းအားကြီးသော မိုးကြိုးများက ဤသွေးပင်လယ်ကို ရိုက်ခတ်သောအခါ လှိုင်းလုံးများကိုပင် မဖန်တီးနိုင်ခဲ့ပေ။
ကံကောင်းထောက်မစွာဖြင့်၊ သူ့တွင် ကြေးဝါးအိုး ၏ကာကွယ်မှုရှိသည်။ ကြေးဝါအိုး ၏အရွယ်အစားက လုချန်း လောက်မကြီးမားသော်လည်း ဤကြေးဝါအိုး ၏ကိုယ်ထည်ပေါ်ရှိထူးဆန်းသောကမ္ပည်းစာများက ယခုအချိန်တွင် ရှေးဟောင်းဆန်သော အငွေ့အသက်များထွက်ပေါ်နေသည်။
ကြေးဝါအိုးသည် တိုက်ခိုက်မှုအားလုံးကို ခံနိုင်ရည်ရှိပြီး သွေးပင်လယ်ပင်လျှင် လုချန်း,ကို လုံးဝ မထိခိုက်စေနိုင်ပေ။
အရေးကြီးဆုံးအချက်မှာ ကြေးဝါအိုးက ယခုအချိန်တွင် တာအိုအလင်းများ ထွက်ပေါ်နေခြင်းပင်ဖြစ်သည်။ ကြေးဝါအိုးမှ ထွက်ပေါ်လာသော တာအိုအလင်းများက သွေးပင်လယ်ထဲတွင် အဖြူရောင်အလွှာများကို ဖြစ်ပေါ်စေသည်။
“အစ်ကို၊ ဒီကြေးဝါအိုးက ကိုးပြည်ထောင်ကို ကာကွယ်ခဲ့တဲ့ ရှေးဟောင်း ရတနာတစ်ခုပဲ၊ သူ့မှာ အမြင့်မြတ်ဆုံး တာအိုအလင်းကို ပိုင်ဆိုင်ထားပြီး ဒီလို မကောင်းဆိုးဝါးဆန်ပြီး ယုတ်ညံ့တဲ့ အရာတွေအပေါ် လုံးဝ ဖိနှိပ်ချုပ်ချယ်နိုင်တဲ့ စွမ်းအားရှိတယ်”
ဤတိုက်ပွဲကို ဘေးမှကြည့်နေသော ယိုချင်းယန်,က လုချန်း,အား ရှင်းပြသည်။
ကြေးဝါအိုးကို ထိန်းချုပ်ထားသော လုချန်းသည် သူ့၏ ပါးစပ်ထောင့်များ တွန့်ကွေးသွားကာ လုံးဝကြောက်ရွံ့ခြင်းမရှိတော့ဘဲ သွေးလင်းနို့ဘုရင်နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
သွေးလင်းနို့ဘုရင်၏ အဓိကစွမ်းအားမှာ အရှိန်အဟုန်မြင့်တက်နေသော သွေးပင်လယ်ကြီးဖြစ်ပြီး အရာအားလုံးကို ဝါးမျိုနိုင်သော်လည်း ၎င်းကိုဖိနှိပ်နိုင်သည့် ကြေးဝါအိုးနှင့် ရင်ဆိုင်လိုက်ရသည်။
အဆုံးမရှိသော ဤသွေးပင်လယ်သည် လုချန်း အပေါ် အမှန်တကယ် သက်ရောက်မှုမရှိခဲ့ပေ။
သွေးလင်းနို့ဘုရင်သည် သူ့၏အတောင်ပံများကို ခတ်လိုက်သောအခါ အဆုံးမရှိသောလေဓားများက အလွန်လျင်မြန်သောအရှိန်ဖြင့် ဖြတ်သန်းလာခဲ့ပြီး လုချန်းသည်ပင် ၎င်း၏အရှိန်ဖြင့် လိုက်မမီပေ။ ကံကောင်းထောက်မစွာဖြင့်၊ သူ့တွင် လွန်းပျံစွမ်းရည်ရှိပြီး အဆက်မပြတ် တယ်လီပို့ခြင်းမှတစ်ဆင့် သွေးလင်းနို့ဘုရင်ကို အနီးကပ်တိုက်ခိုက်နိုင်ခဲ့သည်။
“ဘုန်း! ဘုန်း! ဘုန်း!”
ဧရာမသားရဲကြီးနှစ်ကောင်က ပင်လယ်ပြင်တွင် အဆုံးအဖြတ်တိုက်ပွဲကို ဆင်နွှဲခဲ့ကြသည်။
အဆုံးမရှိသောသွေးပင်လယ်ကြီးက ပင်လယ်အထက်တွင် မြင့်တက်နေပြီး မရေမတွက်နိုင်သော လျှပ်စီးကြောင်းများက ပင်လယ်ထဲသို့ အဆက်မပြတ်ကျဆင်းနေသည်။
နှစ်ဖက်စလုံး၏ခန္ဓာကိုယ်များတွင် ပြင်းထန်သော ဒဏ်ရာများ ရှိနေခဲ့သည်။
သွေးလင်းနို့ဘုရင်၏ သွေးအဆိပ်သည် လုချန်း၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားပြီး သူ့ခန္ဓာကိုယ်က ချက်ချင်းပင် အနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုအချိန်တွင်၊ လုချန်း၏ အင်မော်တယ်စွမ်းရည်က စတင်လည်ပတ်လာပြီး ထိုအဆိပ်များကို သူ့ခန္ဓာကိုယ်မှ လျင်မြန်စွာ စွန့်ထုတ်ပစ်လိုက်သည်။
သွေးလင်းနို့ဘုရင် အလွန်ဒေါသထွက်သွားသည်၊ ကံမကောင်းစွာပဲ သူအကောင်းဆုံးလုပ်ဆောင်ခဲ့သည့် ဤတိုက်ခိုက်မှုအနည်းငယ်က လုချန်း ရှေ့မှောက်တွင် လုံးဝထိရောက်မှုမရှိခဲ့ပေ။
သူ့တွင် အစွမ်းထက်ပြီး ကြီးမားသော အဖျက်စွမ်းအားများ ပိုင်ဆိုင်ထားသော်လည်း လုချန်း ရှေ့တွင်အသုံးမဝင်တော့ဘဲ သူ့ခန္ဓာကိုယ်ခွန်အားဖြင့်သာ ယှဉ်ပြိုင်တိုက်ခိုက်နိုင်တော့သည်။
လုချန်းသည် နတ်ဆိုးအသွင်ပြောင်းခြင်းကို လုပ်ဆောင်ပြီးနောက်၊ သူ၏ရုပ်ပိုင်းဆိုင်ရာခွန်အားက သုံးဆတိုးလာပြီး ၎င်းက သွေးလင်းနို့ဘုရင်နှင့် နှိုင်းယှဉ်နိုင်သည်။
ရှေးဟောင်းမှော်လက်နက်နှစ်ခု၏ ပံ့ပိုးမှုဖြင့် လုချန်း,က အချိန်အတန်ကြာ အသာစီးရခဲ့သည်။
သွေးလင်းနို့ဘုရင်၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ ဖုံးလွှမ်ရန်က အချိန်သိပ်မကြာလိုက်ပေ။ နတ်သံတုတ်နှင့် လုချန်း၏ တိုက်ခိုက်မှုကြောင့် သူ့ခန္ဓာကိုယ်တွင် ဒဏ်ရာများ ဖုံးလွှမ်းနေပြီး တောင်ပံများပင် လုချန်း၏ နတ်သံတုတ်ကြောင့် ကျိုးသွားခဲ့သည်။
တိုက်ပွဲအတွင်း သူ့ခန္ဓာကိုယ်ကို ပြန်လည်ကုသရန် အသုံးပြုခဲ့သော သွေးပင်လယ်က တဖြည်းဖြည်းခြင်း အငွေ့ပျံသွားခဲ့သည်။ မူလက မိုင်တစ်ရာဖုံးလွှမ်းခဲ့သော သွေးပင်လယ်သည် ယခုအခါ မိုင်အနည်းငယ်သာ ကျန်ရှိတော့သည်။
သွေးလင်းနို့ဘုရင်သည် သူ့ရှေ့ရှိ နှင်းဝံပုလွေဘုရင်ကို ထိတ်လန့်တကြားဖြင့် တစ်ချက်ကြည့်လိုက်သည်။
သူ့ရှေ့မှ အစွမ်းထက်သော နှင်းဝံပုလွေဘုရင်သည် သူဘယ်သောအခါမှ အနိုင်မယူနိုင်သော တောင်ကြီးတစ်လုံးကဲ့သို့ပင်။
နောက်ဆုံးတွင်၊ နတ်သံတုတ်ကို လွှဲရိုက်လိုက်သောအခါ၊ ကြီးမားသော စွမ်းအားသည် သွေးလင်းနို့များကို နောက်ဆုံးသွေးပင်လယ်ထဲသို့ တိုက်ရိုက် နစ်မြုပ်စေလိုက်လေသည်။
ပြင်းထန်စွာ ဒဏ်ရာရနေသော သွေးလင်းနို့ဘုရင်သည် သူ့ပြိုင်ဘက်ကို မယှဉ်နိုင်မှန်း သိသောကြောင့် တူညီသောလှည့်ကွက်ကို ထပ်မံအသုံးပြုကာ မရေမတွက်နိုင်သော သွေးစက်များအဖြစ် ပြောင်းလဲပြီး အရပ်ရပ်သို့ ခွဲထွက်ရန် ပြင်ဆင်လိုက်သည်။
သို့သော် နောက်တစ်စက္ကန့်တွင် ပင်လယ်သမုဒ္ဒရာအထက်တွင် ရွှေရောင်အလင်းတန်းများ ရုတ်တရက် လင်းလက်သွားသည်။
ယိုချင်းယန်,သည် လေထဲတွင် ပျံဝဲနေပြီး သူမဘေးတွင် လှည့်ပတ်နေသော စာလုံးပေါင်းများစွာက လင်းလက်နေသည်။
သွေးလင်းနို့ဘုရင် ထွက်ပြေးခြင်းမှ တားဆီးရန်အတွက် ယိုချင်းယန်သည် ဤနေရာတစ်ခုလုံးကို ပိတ်ဆို့ရန် လျှို့ဝှက်အစီအရင်တစ်ခုကို ဖွဲ့စည်းထားပြီးဖြစ်သောကြောင့် သွေးလင်းနို့ဘုရင်၏သွေးတစ်စက်မျှ လွတ်မြောက်နိုင်တော့မည်မဟုတ်ပေ။
သွေးလင်းနို့ဘုရင် ထိတ်လန့်သွားသော်လည်း သူ့ကို နှုတ်ဆက်လိုက်သည့်အရာမှာ ကမ္ဘာကို ဖျက်ဆီးနိုင်ပုံရသည့် လုချန်း၏ လျှပ်စီးကြောင်းမျှသာဖြစ်သည်။
……………….
သွေးလင်းနို့ဘုရင်ကို သတ်ပြီးနောက် လုချန်းသည် ကမ္ဘာပေါ်တွင် အစွမ်းထက်ဆုံး သားရဲဖြစ်လာခဲ့ပြီး သူကို အခြားသားရဲဘုရင်များက ယှဉ်နိုင်မည်မဟုတ်ပေ။
လုချန်း ထိန်းချုပ်ထားသော သြဇာလွှမ်းမိုးမှုနယ်ပယ်များက မရေမတွက်နိုင်အောင်များပြားနေပြီး နေရာအမျိုးမျိုးရှိ ကျော်ကြားသောတောင်များနှင့် မြစ်များတွင် အုပ်စိုးနေသော သားရဲဘုရင်များကို လုချန်း,က နှိမ်နင်းခဲ့သည်။
ကမ္ဘာတဝှမ်းမှ သူ့၏ ကျင့်ကြံခြင်း အရင်းအမြစ်များစွာဖြင့် လုချန်း,၏ အဆင့်က ခုန်တက်သွားပြီး စည်းချက်ကျကျ တိုးတက်လာကာ သူ့ကို မည်သူမျှ မယှဉ်နိုင်တော့ပေ။
နောက်ဆုံးတွင်၊ သူသည် ဤဂြိုလ်ပေါ်ရှိ ပထမဆုံးသော ဒဏ္ဍာရီလာ သားရဲဘုရင်ဖြစ်လာပြီး ချည်နှောင်ခြင်းအဆင့်ကို ဖြတ်ကျော်ကာ ဖြစ်တည်ခြင်းအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
ဖြစ်တည်ခြင်းအဆင့်သို့ရောက်ရှိပြီးနောက်၊ လုချန်း၏ ကြီးမားသော နှင်းဝံပုလွေခန္ဓာကိုယ်က ငွေရောင်အလင်းတန်းဖြင့် ဖုံးလွှမ်းသွားသည်။
နောက်တစ်စက္ကန့်တွင် ငွေရောင်ဆံပင်နှင့် အရပ်ရှည်ရှည် ချောမောသော လူငယ်လေးတစ်ယောက်အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်တွင် ငြိမ်သက်စွာ လွင့်မျောနေသည်။
ကောင်းကင်ယံမှ သူမ၏အစ်ကိုကို ကြည့်လိုက်ပြီး ယိုချင်းယန်၏ မျက်လုံးများက ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။
“အစ်ကိုရဲ့ လက်ရှိ ခွန်အားနဲ့ဆိုရင်၊ နောက်တစ်ကြိမ် ကမ္ဘာကြီးက ပြင်းထန်စွာ ပြောင်းလဲပြီး ရှေးဟောင်း စွမ်းအားတွေ ပြန်လည်ရှင်သန်လာရင်တောင် အန္တရာယ် မရှိနိုင်တော့ဘူးလို့ ငါယုံကြည်တယ်”
စွမ်းအားအကြီးဆုံး ဒဏ္ဍာရီလာ သားရဲဘုရင်၏နှမတော်၊ ယိုချင်းယန်သည် သူ့နောက်တွင်သာရှိသော အရင်းအမြစ်များကို ထိန်းချုပ်ခဲ့သည်။
ကျင့်ကြံခြင်း အရင်းအမြစ်များစွာ စုဆောင်းခြင်းနှင့်အတူ၊ ယိုချင်းယန်သည် ပြန်လည်မွေးဖွားပြီးနောက် သူမ၏ ကျင့်ကြံခြင်းအဆင့် တိုးတက်မှုက သူမ၏ယခင်ဘဝထက် အလှမ်းဝေးခဲ့သော်လည်း ကမ္ဘာပေါ်တွင် ဒုတိယ စွမ်းအားအကြီးဆုံး သားရဲဖြစ်လာခဲ့သည်။
သူမ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ရွှေရောင်အလင်းတန်းများဖြင့် ဖုံးလွှမ်းနေကာ ချည်နှောင်ခြင်းအထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူမသည် ဖြစ်တည်ခြင်းသို့ ရောက်ရန် ခြေတစ်လှမ်းသာ ဝေးတော့၏။
ပြီးပါပြီ။
….……..
အဆုံးထိဖတ်ရှူပေးသူ တစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ရှိပြီး၊ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျမ်းမာခြင်းနှင့်ပြည့်စုံကြပါစေ။