ခေါင်းတလားနီ (အပိုင်း၆ )
Vol. 18 Ch. 267
သူက ပိတ်နေသော တံခါးကို ပြန်လှည့်ကြည့်လိုက်သည်။ ဤအချိန်တွင် ကျောပိုးအိတ်သည် လဲကျသွားပြီး အတားအဆီးတစ်ခု ဖြစ်ပေါ်စေသဖြင့် တံခါးသည် သူ့ဘာသာသူ အလွယ်တကူ ပိတ်မသွားနိုင်ပေ။
သို့သော်လည်း တံခါးသည် မြင်သာသော အရှိန်ဖြင့် ဆက်လက် ပိတ်သွားနေသည်။
“သောက်ကျိုးနည်း၊ ဒါက ငါ့ကို ဒုက္ခပေးနေတာလား။ ပြန်ရစ်ရတော့မလား” ယန်ကျွန်းဇဲ တွေဝေသွားခဲ့သည်။
ထိုအချိန်တွင် သူ ရုတ်တရက် အောက်သို့ ငုံ့ကြည့်လိုက်ရာ မီးခိုးရောင်လူသေ လက်ငယ်လေးသည် ဟနေသော ခေါင်းတလားအဖုံး၏ အက်ကြောင်းမှ ဖြည်းဖြည်းချင်း ထွက်လာပြီး ခေါင်းတလား၏ အစွန်းတစ်ဝိုက်ကို လိုက်စမ်းကြည့်နေသည်ကို တွေ့လိုက်ရသည်။
ယခုတစ်ကြိမ်တွင် လက်မောင်းသည် သူ့အနားတွင် အလွန် နီးကပ်နေပြီး ခေါင်းတလားအဖုံးကို ဖိထားသော ယန်ကျွန်းဇဲ၏ ဘယ်ဘက်လက်ကို ထိလုနီးပါး ဖြစ်နေသည်။
ထို့အပြင် ယန်ကျွန်းဇဲ သတိထားမိသည်မှာ လက်ငယ်လေးသည် ဆက်လက် ရှည်ထွက်နေသည်။ ထို့ကြောင့် သူသည် အဖုံး မပွင့်စေရန် သူ့ ခွန်အား၏ ဦးတည်ချက်ကို ပြောင်းလဲခဲ့သည်။ သူသည် သူ၏ လက်ကို အနည်းငယ် ရွှေ့လိုက်ပြီး အဖုံး၏ အစွန်းကို သူ၏ ခွန်အား အားလုံးဖြင့် ပြန်တွန်းလိုက်သည်။
မီးခိုးရောင် လူသေလက်မောင်းသည် ဆက်၍ ကြီးထွားလာပြီး ပုံမှန် လူ့လက်မောင်းထကိ ပိုရှည်သွားပြီး လက်ချောင်းများ ပြန့်ကားသွားကာ ခေါင်းတလားအဖုံးကို ထိပြီး အနည်းငယ် မြှင့်လိုက်ကာ စူးစမ်းရှာဖွေနေသလို ဖြစ်နေသည်။ ထို့နောက် တောက်-တောက်-တောက် အသံများ ဆက်တိုက် ထွက်ပေါ်လာပြီး ရှင်းပြ၍မရသော ထိတ်လန့်မှုကို ပေးနေခဲ့သည်။
ယန်ကျွန်းဇဲ ဂရုမစိုက်နိုင်တော့ဘဲ သူ၏ ခွန်အား အားလုံးကို အသုံးပြု၍ ခေါင်းတလားအဖုံးကို ဖြည်းဖြည်းချင်း သူ့နေရာသို့ ပြန်တွန်းထားလိုက်သည်။
သူ ခေါင်းမော့ကြည့်လိုက်သောအခါ တံခါးကို ပိတ်ဆို့ထားသော ကျောပိုးအိတ်သည် လဲကျသွားခဲ့ပြီး နောက်ထပ် ဆက်တွန်းခံရ၍ အပြင်ဘက်သို့ ဖြည်းဖြည်းချင်း လှိမ့်ထွက်သွားနေသည်ကို တွေ့လိုက်ရသည်။
မည်သည့် အတားအဆီးမှ မရှိတော့သည့်နောက်တွင် တံခါးသည် ရုတ်တရက် အရှိန်မြန်သွားပြီး ပိတ်လုနီးပါးတွင် ဓားတိုတစ်ချောင်း ထိုးထည့်ခံလိုက်ရသည်။ ဓားသည် အက်ကြောင်းကို ဖြတ်၍ ဝင်သွားပြီး ပိတ်နေသော တံခါးကို ဘောင်နှင့် ခွဲထားလိုက်သည်။
ဤသည်မှာ သံလိုက်ဓားတစ်ချောင်း ဖြစ်သည်။ တံခါး ပိတ်ခြင်းကို တားဆီးပြီးနောက် ဓားဖြည်းဖြည်းချင်း လှည့်လာပြီး ပွင့်နေသော တံခါး၏ အက်ကြောင်းကို ပိုမိုကျယ်စေသည်။ ချက်ချင်းပင် သွယ်လျသော လက်တစ်ဖက်က တံခါးကို တွန်းဖွင့်လိုက်သည်။
ထိုသူသည် ကျန်းရှောင်မိုမှလွဲ၍ အခြားသူ မဟုတ်ပေ။
တံခါးကို ဖွင့်ပြီးနောက် ကျန်းရှောင်မို မျက်တောင်တစ်ခတ်အတွင်း အခန်းထဲသို့ ဝင်လာခဲ့သည်။
ယန်ကျွန်းဇဲသအံအားသင့်သွားပြီး “တံခါး မပိတ်စေနဲ့” ဟု ပြောသည်။
ကျန်းရှောင်မို သတိပြန်ဝင်လာပြီး တံခါးလက်ကိုင်ကို ဆွဲရန် နောက်သို့ လှမ်းလိုက်သည်။ သို့သော် တံခါးသည် အလားတူ အရှိန်ဖြင့် လျင်မြန်စွာ ပိတ်နေသည်။ သူမ တံခါးလက်ကိုင်ကို ဆုပ်ကိုင်လိုက်သည်နှင့် တံခါးသည် ဘိုင်းခနဲ အသံဖြင့် ပြင်းထန်စွာပိတ်သွားသည်။
ကျန်းရှောင်မို လက်ကိုင်ကို လှည့်ကြည့်သော်လည်း မလှုပ်ရှားပေ။
“အဲဒီတံခါးကို မေ့လိုက်တော့၊ ဒီအခန်းမှာ တစ်စုံတစ်ရာ ထူးဆန်းနေတယ်” ဟု ယန်ကျွန်းဇဲ အကြံပေးပြီး ချက်ချင်း ပြန်ရစ်ရမလား စဉ်းစားစပြုလာသည်။
သို့သော် စဉ်းစားပြီးနောက် ယခု ပြန်ရစ်ခြင်းသည် လုံးဝ မလိုအပ်တော့ကြောင်း ထင်မြင်မိသည်။ အဘယ်ကြောင့်ဆိုသော် သူ ဤအခွင့်အရေးကို အသုံးချ၍ ခေါင်းတလားနီ၏ ရည်ရွယ်ချက်ကို ပိုမိုနက်ရှိုင်းစွာ စူးစမ်းနိုင်ပေလိမ့်မည်။
အာရုံပျံ့လွင့်သွားသောအခါ သူ့လက်ရှိ ခွန်အားသည် သိသိသာသာ လျော့ကျသွားပြီး ခေါင်းတလားအဖုံးသည် တစ်ဖက်သို့ လျှောကျသွားပြီး လုံးဝ ပွင့်သွားတော့သည်။
အက်စစ်နံ့နှင့် ပုပ်အဲ့အဲ့အနံ့ရှိသော အစိမ်းရောင် မီးခိုးများ ခေါင်းတလားမှ ထွက်လာသည်။ သို့သော် အတွင်းဘက်တွင်မူ လုံးဝ မှောင်မိုက်နေပြီး ဘာကိုမှ မမြင်ရပေ။
ယန်ကျွန်းဇဲချက်ချင်း နောက်ဆုတ်သွားပြီး ကျန်းရှောင်မိုရှိရာသို့ သွားလိုက်သည်။
“ဒီမှာ မင်း ဘာလုပ်နေတာလဲ။ အရမ်း အန္တရာယ်များတယ်” ဟု ချဉ်းကပ်သွားရင်း ပြောလိုက်သည်။
“အရင်ဆုံး ထွက်သွားပြီးမှ ပြောရအောင်” ဟု ကျန်းရှောင်မိုက ပြန်ဖြေသည်။ သူမက သူ့ကို တိုက်ရိုက် မဖြေဆိုဘဲ သော့ကို ဆက်လှည့်နေသည်။ ယခုတွင်တော့ သူမ သံလိုက်ဓားကို အက်ကြောင်းထဲသို့ ထိုးထည့်ပြီး အားဖြင့် လှည့်ကြည့်နေသည်။
သူမ အခန်းထဲသို့ ဝင်လာခဲ့စဉ်က သူ့ဘာသာသူ ပိတ်သော တံခါးသည် ထိုသို့သော ထူးဆန်းမှုမျိုး ရှိလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ဘဲ ပုံမှန် ဖြစ်ပျက်မှုတစ်ခုသာ ဖြစ်သည်ဟု ထင်ခဲ့ခြင်း ဖြစ်သည်မှာထင်ရှားပေသည်။
မည်သို့ပင်ဆိုစေ ထူးဆန်းမှု၏ ပစ်မှတ်မှာ တံခါးမဟုတ်ဘဲ ခေါင်းတလားနီ ဖြစ်သည်။
ယခုတွင် တံခါးကို မဖွင့်နိုင်တော့သည်ကို သူမ သိရှိသွားသောအခါ ကျန်းရှောင်မို အနည်းငယ် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိခဲ့သည်။
“ငါတို့… ခဏတာ ထွက်သွားနိုင်တော့မှာ မဟုတ်ဘူး” ဟု ယန်ကျွန်းဇဲ ခေါင်းခါလိုက်သည်။
ထိုအချိန်တွင် ကျန်းရှောင်မိုက တံခါးပေါ်ရှိ ဓားရာများကို သတိထားမိပြီး မော့ကြည့်ကာ “ပြတင်းပေါက်ကနေ သွားကြမယ်” ဟု ပြောသည်။
“ခဏစောင့်၊ စိတ်မပူနဲ့” ယန်ကျွန်းဇဲက သူမကို တားလိုက်သည်။ “မင်း အခုလေးတင် ဝင်လာတဲ့အချိန်မှာ ခေါင်းတလားနီရဲ့ အဖုံးကို ဖိထားလို့ မရတော့ဘဲ သူ့ဘာသာ ပွင့်သွားပြီ။
ကဲ၊ မင်း ငယ်ငယ်တုန်းက ဘာကို အကြောက်ဆုံးလဲဆိုတာ ငါ မေးချင်တယ်”
ကျန်းရှောင်မိုသူ့ကို ကြောင်တောင်တောင်ကြည့်လိုက်ပြီး မဖြေဆိုပေ။
ယန်ကျွန်းဇဲက မေးသည်။ “ပိုးနသန်ကောင်တွေကို ကြောက်လား”
ကျန်းရှောင်မို ခေါင်းခါလိုက်သည်။
“မြွေတွေကိုလား။ ပိုးဟပ်တွေကိုလား။ ကြွက်တွေကိုလား” ယန်ကျွန်းဇဲ ဆက်မေးသည်။
ကျန်းရှောင်မိုက ခေါင်းဆက်ခါရင်း “မင်း ပြောတဲ့အရာတွေက စက်ဆုပ်ရွံရှာစေတာပဲ၊ ဒါပေမဲ့ ငါ မကြောက်ပါဘူး။ မင်း ဘာလို့ ဒါကို မေးတာလဲ” ဟု ပြောသည်။
ယန်ကျွန်းဇဲ ကျေနပ်သွားသည်။ “မင်း ငယ်ငယ်ကတည်းက ဘာကိုမှ မကြောက်ဖူးဘူးလို့ ငါ့ကို ပြောတော့မှာ မဟုတ်ဘူးမလား။ ဟားဟားဟား၊ အဲဒါဆို ကောင်းတာပေါ့၊ အဲဒါဆို ခေါင်းတလားနီရဲ့ ထူးဆန်းမှုကို ဖြေရှင်းတဲ့အခါ ငါ ပိုပြီး အာရုံစိုက်လို့ရပြီ”
“ငါ ဘာကိုမှ မကြောက်ဘူးလို့ ဘယ်သူ ပြောလဲ” ကျန်းရှောင်မို နှုတ်ခမ်းမဲ့လိုက်ပြီး သူမ၏ နှုတ်ခမ်းများ အနည်းငယ် ပွင့်သွားကာ နောက်တစ်ဖန် ပြန်ပိတ်သွားသည်။
“ဘာကို ကြောက်တာလဲ။ ပြောရခက်နေလား” ယန်ကျွန်းဇဲ အံ့ဩသွားပြီး သူ၏ ခေါင်းကို လှည့်၍ အမှောင်ထဲရှိ ခေါင်းတလားနီရှိရာသို့ တစ်ချက်ကြည့်လိုက်သည်။
ဤအချိန်တွင် ခေါင်းတလားနီ၏ အဖုံး ပွင့်နေပြီး တစ်စုံတစ်ခု ထွက်ပေါ်လာခြင်း ရှိမရှိ မရှင်းလင်းပေ။ သို့သော် ယန်ကျွန်းဇဲတွင် သူ ကြောက်ရွံ့သည့်အရာသည် မည်သို့ပင်ဖြစ်စေ ခေါင်းတလားနီ၏ ထူးဆန်းမှုက ဆင်တူသောအရာ သို့မဟုတ် အလားတူအရာကိုပင် ဖန်တီးလိမ့်မည်ဟူသော ကြိုတင် ခံစားမှုရှိနှင့်ပြီး ဖြစ်သည်။ ခေါင်းတလား၏ ရယ်ရွယ်ချက်မှာ သူ၏ “ကြောက်ရွံ့ခြင်းမှု” ကို အမြင့်ဆုံး မြှင့်တင်ရန် ဖြစ်သည်။
ထိုကြောင့် သူ ကျန်းရှောင်မိုကို မေးခဲ့ခြင်း ဖြစ်သည်။
ကျန်းရှောင်မိုက ဘာကိုမှ မကြောက်ပါက အကောင်းဆုံးပင် ဖြစ်ပြီး ပူပန်စရာများ ပိုမို ရှိတော့မည် မဟုတ်ပေ။
သို့သော် လက်တွေ့တွင် ယန်ကျွန်းဇဲ
မည်သူမဆို ဘာကိုမှ မကြောက်ဘဲ ဘဝကို ဖြတ်သန်းနိုင်သည်ဟု မယုံကြည်ပေ။
ယခုတွင် ကျန်းရှောင်မိုတွင်လည်း ကြောက်ရွံ့မှုများ ရှိကြောင်းကို ကြားသောအခါ သူ စိတ်မသက်မသာ ဖြစ်လာသည်။
ကျန်းရှောင်မို ဂရုတစိုက် စဉ်စားပြီး ခေါင်းခါလိုက်သည်။ “ငါ ထင်တယ်… ငါ တကယ်ကို ဘာကိုမှ မကြောက်တာလား။ ငါ ငယ်စဉ်က သဟဇာတဖြစ်တဲ့ မိသားစုမှာ ကြီးပြင်းခဲ့ပြီး ပတ်ဝန်းကျင်က အမြဲတမ်း အရမ်းကောင်းနေခဲ့တယ့်အပြင် ငါ အမြဲတမ်း သတ္တိကောင်းခဲ့တယ်”
“ကောင်းပြီ၊ ကောင်းပြီ၊ မင်း ကြောက်တာ ဘာမှ မရှိရင် ကောင်းတာပေါ့” ဟု ယန်ကျွန်းဇဲ သူ့ရင်ဘတ်ကို ပုတ်လိုက်သည်။
“ငါ ဘာကိုမှ မကြောက်တာ မဟုတ်ဘူး၊ ဒါပေမဲ့ ငါ တစ်ခုကိုတော့ ကြောက်တယ်၊ အဲဒါကို ထည့်တွက်လို့ရလား” ဟု ကျန်းရှောင်မို ရုတ်တရက် ပြောသည်။
တစ်ခုကို ကြောက်တယ်ဟုတ်လား။ ယန်ကျွန်းဇဲ ရုတ်တရက် မကောင်းသောအငွေ့အသက်ကို ခံစား မိလိုက် လေသည်။ “ဘာလဲ”