← Chapters

တွက်ချက်ခြင်း၊ အသက်မြစ်

Vol. 24 Ch. 346

တွက်ချက်ခြင်း၊ အသက်မြစ်

Vol. 24 Ch. 346

ဒီတစ်ကြိမ်တော့ ချီမင်သည် အန္တရာယ်ကို ဝိုးတဝါးခံစားမိလိုက်သည်။ သူက အန္တရာယ်၏ဇာစ်မြစ်ကို တွက်ချက်ဖို့ ကြိုးစားလိုက်၏။ ကောင်းကင်လျှို့ဝှက်ချက်အံ့ဖွယ်စွမ်းအား နှင့် လျှို့ဝှက်နက်နဲနည်းစနစ် ကောင်းကင်စူးစမ်းခြင်းနှင့် အနာဂတ်အာရုံတို့ကို သုံးလိုက်သည်။

သို့ပေသော်လည်း သူက မသိရသေးချေ။

မြူခိုးလွှာများက ဖုံးအုပ်နေသေး၏။

အင်မော်တယ်မင်းဆက်၏အကြီးအကဲကိုးပါးသည် ပြည်နယ်ကိုးလောက၏ထိပ်တွင် ရပ်တည်နေသူများဖြစ်သည်။ သူတို့က ကောင်းကင်တာအိုရတနာ:ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ် ဖြင့်  ချီမင်၏အနာဂတ်ကို တွက်ချက်နိုင်ခဲ့သည်။ထိုအချက်အလက်များအတိုင်းပဲ သူတို့က ထောင်ချောက်တစ်ခုပြင်ဆင်ထားခဲ့ကြသည်။

ထိုအခြေအနေများနှင့်ကြုံရတော့ ချီမင်က မဟာတာအိုကိုကျင့်ကြံပြီး ကောင်းကင်နှင့်မြေကြီးကိုနားလည်ထားရင်တောင် သူက မလွတ်မြောက်နိုင်သေးပေ။ သူက အန္တရာယ်ချဉ်းကပ်လာနေသည်ကိုသာ အာရုံခံနိုင်သည်။

သို့ပေသော်လည်း အင်မော်တယ်မင်းဆက်၏အကြီးအကဲကိုးပါးအကြောင်းကို တွက်ချက်ဖို့တော့ ခက်ခဲပေသည်။

"ဘာအန္တရာယ်များလဲ။"

ချီမင်က အသက်ပြင်းပြင်းရှုပြီး သူ့အကြည့်များက လေးနက်နေသည်။ သူက အကြိမ်ပေါင်းများစွာ တွက်ချက်ခဲ့သေး၏။ ကောင်းကင်လျှို့ဝှက်ချက်၏တန်ပြန်မှုကိုတောင် ခံစားလိုက်ရသေးသည်။အင်မတန်ကြောက်မက်ဖွယ်ကောင်းသည့် ကောင်းကင်တာအိုဖျက်ဆီးခြင်းချီတို့ မြင့်တက်လာသည်။

သဏ္ဍာမဲ့ပုံစံဖြင့်ပေ။

 ချီမင် အတိတ်မှာတုန်းက ကြုံခဲ့ရဖူးသည့် ကောင်းကင်လျှို့ဝှက်ချက်တန်ပြန်မှုများထက်များစွာ ပို၍အားကောင်းသည်။

ချီမင်က သန့်စင်ရွှေခန္ဓာကိုလည်ပတ်လိုက်ပေမဲ့ ကောင်းကင်လျှို့ဝှက်ချက်တန်ပြန်မှုကို အပြည့်အဝမကာကွယ်နိုင်တော့ချေ၊ ထို့ကြောင့် သူက ဖန်ကုစစ်မှန်ခန္ဓာကိုပါသုံးကာ ခုခံလိုက်သည်။

ချီမင်၏နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။

သို့ပေမဲ့ ကိစ္စကြီးတစ်ခုတော့ မဟုတ်ပါပေ။

အသေးစားဒဏ်ရာတစ်ခုသာဖြစ်သည်။

"တကယ့်ကို အန္တရာယ်များတာပဲ။"

ချီမင်က အသံနိမ့်နိမ့်ဖြင့် ဆိုသည်။"တခြားအထက်ကမ္ဘာက အင်မော်တယ်ဆိုရင် မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်ဖြစ်နေရင်တောင် တန်ပြန်မှုကိုခံစားရရင် နေရာမှာတင် ပြာကျသွားလိမ့်မယ်။"

သူက အသက်ပြင်းပြင်းရှုလိုက်သည်။"သေခြင်းမှရှင်သန်ထမြောက်ခြင်း"

ချီမင်က လျှို့ဝှက်နက်နဲနည်းစနစ်နှင့် အံ့ဖွယ်စွမ်းအားတို့ကို သုံးလိုက်သည်။ သူ၏ဓမ္မစွမ်းအားများသည် လည်ပတ်လာပြီး တစ်ကိုယ်လုံးပျံ့နှံ့သွားတော့၏။ မျက်စိတစ်မှိတ်အတွင်းမှာ သူ့ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာဒဏ်ချက်များပျောက်ကွယ်သွားသည်။

သူက စိတ်ကျေနပ်မှုဖြင့် ခေါင်းညိတ်လိုက်သည်။"ထပ်လာပြန်ပြီ။"

ဒီတစ်ကြိမ်တော့ ချီမင်က ဓမ္မစွမ်းအားကိုပါ လှုံ့ဆော်ပြီး ဖရိုဖရဲမဟာတာအိုကျမ်းကို လည်ပတ် လိုက်လေသည်။ ကောင်းကင်နှင့်မြေကြီးမဟာတာအိုစွမ်းအားများက တဟုန်ထိုးမြှင့်တက်လာပြီး အံ့ဖွယ်စွမ်းအားကို တိုးမြှင့်ပေးလိုက်သည်။

"အနာဂတ်အာရုံ" ချီမင်က အံ့ဖွယ်စွမ်းအားကိုသုံးလိုက်ပြန်သည်။"ကောင်းကင်စူးစမ်းခြင်း"

ထိုအခိုက်တွင် ချီမင်၏အသိစိတ်သည် ပြောင်းလဲမှုများကို ကြုံတွေ့လိုက်ရ၏။ သူက အချိန်ကာလမြစ်ထဲသို့ ကျရောက်သွားသည်ကို ခံစားလိုက်ရသည်။ သူက အနာဂတ်ကို တွက်ချက်နေခဲ့သည်။

သူ၏ကိုယ်ပိုင်အနာဂတ်ကို တွက်ချက်ခြင်းက မရိုးရှင်းပေ။ အတော်လေး ခက်ခဲပါ၏။ သူက အချိန်ကာလမြစ်ထဲတွင် အဆုံးမရှိမြူခိုးတို့သာ တွေ့နိုင်သည်။

ကောင်းကင်လျှို့ဝှက်ချက်၏တန်ပြန်မှုကတော့ ပေါ်လာပြန်သည်။ ချီမင်က ဖန်ကုစစ်မှန်ခန္ဓာကို လျင်မြန်စွာဖြင့် သုံးလိုက်ရပြီး ကောင်းကင်လျှို့ဝှက်ချက်၏တန်ပြန်မှုကို ခုခံလိုက်သည်။ သို့ပါသော်လည်း သူက သွေးအန်လိုက်ရသေးသည်။

"ဒါက.."

နောက်ဆုံးအခိုက်တွင်မှ ချီမင်၏အကြည့်များက မြူခိုးများကို ဖြတ်ကျော်လျက် သူ၏မှုန်ဝါးဝါးအနာဂတ်ကို မြင်လိုက်ရသည်။ ထိုအနာဂတ်တွင် သူက ဒဏ်ရာအပြင်းအထန်ရရှိနေခဲ့သည်။

နောက်တခဏမှာပဲ မြင်ကွင်းက ပြိုကွဲသွားသည်။

"အား"

ချီမင်က အင်မတန်ပြင်းထန်သည့် တန်ပြန်မှုကို ခံစားလိုက်ရသည်။ သူက သွေးအန်လိုက်ပြီး ဒဏ်ရာအပြင်းအထန် ရရှိသွားတော့သည်။ ကြောက်မက်ဖွယ်ကောင်းသည့် တန်ပြန်မှုက သူ့ကိုယ်ထဲတွင် သောင်းကျန်းနေပြီး သက်စောင့်စွမ်းအားများကို ဖျက်ဆီးနေခဲ့သည်။

"သေခြင်းမှရှင်သန်ထမြောက်ခြင်း"

ချီမင်က အံ့ဖွယ်စွမ်းအားတို့ကို လည်ပတ်လိုက်ပြန်သည်။ သူ၏ဓမ္မစွမ်းအားများက လည်ပတ်လာလျက် တစ်ကိုယ်လုံးနှင့် ပေါင်းစပ်သွားသည်။ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီး သူ့ကိုယ်ထဲမှ တန်ပြန်မှုကို လျင်မြန်စွာဖြင့် ဖြေရှင်းလိုက်ရသည်။

သိပ်မကြာခင်မှာပဲ ချီမင်က သူ၏ဒဏ်ရာများ သက်သာသွားခဲ့သည်။

"ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်"

ချီမင်၏အကြည့်က အေးစက်နေသည်။ သူကအနာဂတ်ကို ရှင်းလင်းစွာ မမြင်လိုက်ရသော်လည်း ထိုမှုန်ဝါးဝါးမြင်ကွင်းထဲတွင် သူက ဒဏ်ရာအပြင်းအထန်ရရှိနေခဲ့သည်။

ယင်းအန္တရာယ်များအားလုံးက ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်မှလာခြင်းဖြစ်သည်။

ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်က ချီမင်ကိုရှင်းထုတ်ဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ရမည်။

၎င်းက ချီမင်ကို မပျော်မရွှင်ဖြစ်သွားစေသည်။ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်အပေါ် သူ၏မုန်းတီးမှုများက အကန့်အသတ်ထိရောက်ရှိသွားပြီဖြစ်၏။ အနာဂတ်တွင် အခွင့်အရေးများ ရှိလာခဲ့ရင် သူ ကျိန်းသေပေါက် ဖျက်ဆီးပစ်ပေမည်။

ချီမင်က အသက်ပြင်းပြင်းရှုကာ စိတ်ပြန်လျှော့လိုက်သည်။ သူက အဆက်မပြတ် စိစစ် အကဲဖြတ်နေသည်။" လက်ရှိအခြေအနေမှာ ငါ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်က အထက်ကမ္ဘာအင်မော်တယ်ဘုရင်နှစ်ပါးကို သတ်ပြီးပြီ။ သေခြင်းရှင်ခြင်းမုန်းတီးမှု အဆင့်ထိရောက်သွားပြီ။"

"သေချာတာပေါ့။"

"ငါက ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ကို အရင်စပြီး စော်ကားတာမဟုတ်ဘူး။ သူတို့က ငါကို အရင်ပြဿနာလာရှာတာပဲ။"

"ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်က တစ်ခုခု သိသွားတာဖြစ်ရမယ်။ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်လို အကောင်းကြီးကြီး အမြီးရှည်ရှည် ဂိုဏ်းကြီးက ငါ့ကို ခြိမ်းခြောက်မှုလို့ မြင်နေတာပဲ။ ခြိမ်းခြောက်မှု ကြီးထွားမလာခင်မှာပဲ သူတို့က ရှင်းပစ်ချင်နေတယ်။"

"ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်က အတော်လေး စွမ်းအားကြီးတယ်။ငါ့ရဲ့ အင်အားကို ဖိနှိပ်နိုင်တယ်။ သူတို့က ငါ့ကို သူတို့စိတ်ကြိုက် တိုက်ခိုက်နေတာပဲ။ သူတို့မှာ ဘာမှ စိတ်ပူ စရာမှမရှိဘူး။"

"ငါက အထက်ကမ္ဘာအင်မော်တယ်ဘုရင်နှစ်ပါးလောက် သတ်ထားတာ။"

"တစ်နည်းပြောရရင်"

" ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်က ထပ်လွှတ်မဲ့သူတွေက သေချာပေါက် ပိုပြီး သန်မာလာလိမ့်မယ်။ ဥပဒေသ ဒါမှမဟုတ် စည်းမျဉ်းတွေကို ကျင့်ကြံတဲ့ အထက်ကမ္ဘာအင်မော်တယ်ဘုရင်ဖြစ်နိုင်တယ်။"

"ပြီးတော့" ချီမင်သည် ဆက်၍တွေးနေ၏။"ငါ တိမ်မိုးကြိုးပြည်နယ်မှာတုန်းက ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်က ငါ့ရဲ့တည်နေရာကို တွက်ချက်ပြီး လွတ်မြောက်ခြင်းမဲ့ပိုက်ကွန်ကို တပ်ဆင်နိုင်ခဲ့တယ်။ ဒီတစ်ကြိမ်တော့ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်က တန်ဖိုးတစ်ခုပေးဆပ်ချင်သရွေ့ သူတို့ကသေချာပေါက် ငါ့နေရာကိုတွက်ချက်ပြီး လမ်းခုလတ်မှာ ခြုံခိုတိုက်လောက်တယ်။"

"အရင်တုန်းက ဘာလိုဒီလိုမလုပ်လဲဆိုရင် ငါက သူတို့အနေနဲ့ အဲ့လောက်ထိလုပ်ဖို့ မလိုအပ်ဘူးထင်လို့ ဖြစ်မယ်။"

"ဒါပေမဲ့ ငါက ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ရဲ့အထက်ကမ္ဘာအင်မော်တယ်ဘုရင်နှစ်ပါးကို သတ်ပြီးပြီ။ သာမန်အထက်ကမ္ဘာအင်မော်တယ်ဘုရင်တွေပဲ ဆိုပေမဲ့ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ကို သတိထားမိသွားစေဖို့ လုံလောက်တယ်။ သူတို့က သဘာဝအတိုင်း တန်ဖိုးကြီးကြီးတစ်ခုပေးပြီး ငါ့ကို ကိုင်တွယ်တော့မယ်။"

"ဖြစ်လာသမျှတော့ ရင်ဆိုင်ဖို့ပဲ ရှိတော့တယ်။"

ချီမင်က အသံနိမ့်နိမ့်ဖြင့်ပြောသည်။" အခု ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်က ငါ့ကိုဖမ်းဖို့လူလွှတ်ထားပြီး ခြုံခိုတိုက်ဖို့ ပြင်နေတယ်ဆိုတာ သိပြီးသွားပြီဆိုတော့ ငါက အခြေအနေကို လိုက်လျောညီထွေဖြစ်အောင်နေရုံပဲရှိတယ်။ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ရဲ့ ထောင်ချောက်ထဲမကျအောင် အကောင်းဆုံးကြိုးစားရမယ်။"

ချီမင်က သူ၏ဝှက်ဖဲအားလုံးကို မသုံးရသေးပေ။

ထို့ကြောင့် နောက်ဆုံးရလဒ်က မသိနိုင်သေးပေ။

သူမြင်ခဲ့ရသည့် အနာဂတ်က ပြောင်းလဲသွားနိုင်သည်။

"ခြေရာမဲ့ ပျံသန်းခြင်း"

ချီမင်က လွတ်မြောက်ခြင်းနည်းစနစ်ကို သုံးလိုက်သည်။ သူ့ကိုယ်က အလင်းစီးကြောင်းတစ်ခုအဖြစ်ပြောင်းလဲသွားကာ နေရာလွတ်ထဲသို့ ဝင်ရောက်သွားသည်။ သူ့ပုံရိပ်က ပျောက်ကွယ်သွားသည်။ အချိန်တိုလေးအတွင်းမှာ သူက ကီလိုမီတာတစ်သန်းကျော် ပျံသန်းသွားခဲ့သည်။

တစ်နည်းပြောရရင်။

ချီမင်၏လွတ်မြောက်ခြင်းနည်းစနစ်က အလင်း၏အမြန်နှုန်းကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။

ပိုပြီးအရေးကြီးသည်က။

ထိုအရာက အကန့်အသတ်မဟုတ်သေးပေ။

ဟင်းလင်းပြင်နေရာရွှေ့ပြောင်းလိုက်သလို အမြန်နှုန်းအထိရောက်နိုင်သည်။

ဟင်းလင်းပြင်ရွေ့လျားခြင်းက အလင်းအမြန်နှုန်းထက် သာပေသည်။ ၎င်းက တစ်နေရာမှတစ်နေရာသို့ နေရာရွှေ့ပြောင်းလိုက်ခြင်းဖြစ်ကာ ကမ္ဘာတောင် ခုန်ကူးနိုင်သည်။

အချိန်ကုန်ဆုံးသွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာ သုံးလ ကုန်လွန်သွားသည်။

ချီမင်က မြောက်ပိုင်း ပြည်နယ်သို့ ရောက်လာသည်။ ကောင်းကင်တာအိုရတနာ:ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ်တွက် ထားသည့် အတိုင်းပင် ချီမင်သည် မြောက်ပိုင်းပြည်နယ် သက်ရှည်ဒေသသို့ ရောက်လာခဲ့သည်။ သူက အသက်မြစ်အင်မော်တယ်မြို့တော်သို့ ဦးတည်နေပြီဖြစ်၏။

အသက်မြစ်အင်မော်တယ်မြို့တော်သည် မြောက်ပိုင်း ပြည်နယ်နှင့် ကမ္ဘာဦးပြည်နယ်၏နယ်စပ်မြို့ဖြစ်သည်။ ထိုနယ်စပ်ကြားတွင် အဆုံးမဲ့ခမ်းနားသည့် မြစ်တစ်စင်းရှိ၏။

ထိုမြစ်ကို အသက်မြစ်ဟုခေါ်သည်။

အသက်မြစ်၏မူလဇာစ်မြစ်သည် ရှာဖွေတွေ့ရှိဖို့ အင်မတန်ခက်သည်။ ပြည်နယ်ကိုးလောက၏မသိနိုင်သည့် ဒေသတစ်ခုမှ လာခြင်းဖြစ်သည်။ ၎င်းကို ကောင်းကင်တာမြစ်ဇုန်ဟု ခေါ်ကြသည်။ မြစ်က မြောက်ပိုင်း ပြည်နယ်နှင့်ကမ္ဘာဦးပြည်နယ်ကို ပိုင်းခြားထားပြီ  အနောက်နွားပြည်နယ်ကိုဖြတ်ကာ  ပင်လယ်ဒေသပြည်နယ်ထဲသို့ ပေါင်းဆုံသည်။

"အသက်မြစ်အင်မော်တယ်မြို့တော်"

ချီမင်က မလှုပ်ရှားသေးပေ။ သူက ခမ်းနားကြီးကျယ်သည့် အင်မော်တယ်မြို့တော်ကြီးကို လှမ်း၍ကြည့်နေသည်။ ယင်းက ကျယ်ပြန်သည့်မြေပြင်ပေါ်တွင် ရှေးဟောင်းသားရဲကြီးတစ်ကောင် ဝှပ်တွား နေသည့်အလားပင်။

အသက်မြစ်အင်မော်တယ်မြို့တော်နောက်တွင် အသက်မြစ်တည်ရှိသည်။ မြစ်ကို အပြည့်အဝမမြင်ရသေးချေ။ မည်သူမှတော့ ထိုမြစ်ကို အလွယ်တကူ မကူးခတ်နိုင်ပေ။

အထူးနည်းလမ်းတစ်ခု သို့မဟုတ် မြင့်မားသည့် ကျင့်ကြံခြင်းအဆင့်မရှိရင် အသက်မြစ်ကို လုံးဝဖြတ်ကူးနိုင်မည် မဟုတ်ပေ။ သူတို့က နက်နဲသည့် အင်အားတစ်ခုထံမှ ဆွဲချခံရမည်ဖြစ်ကာ မြစ်ထဲသို့ ပြုတ်ကျပြီး သေသွားပေလိမ့်မည်။

ရေနစ်သေသွားသည့်အတိုင်းပင်။

သို့ပေမဲ့ အသက်မြစ်က ပို၍ကြောက်စရာကောင်းပါ၏။

အသက်မြစ်ထဲမှ ရေကို အသက်မြစ်ရေဟုခေါ်သည်။

အသက်မြစ်ရေတွင် ရေပင့်တင်အား မရှိသည့်အပြင် မြစ်ကို ဖြတ်ကူးသည့်သူများကို တားဆီးနိုင်သေးသည်။ ၎င်းက မြစ်ကိုဖြတ်ကူးနေသည့် သူအားလုံးကို ဆွဲချနိုင်သည့် မမြင်နိုင်သည့် အားအင်တစ်ခုရှိကာ ဖြတ်ကူးသူတို့ကို ဝါးမျိုပစ်နိုင်သည်။

အသက်မြစ်ကမ်းဘေးတွင်တော့ ထူးဆန်းသည့် အသက်မြစ်သစ်ပင်ရှိလေသည်။ အသက်မြစ်သစ်ပင်မှ သင်္ဘောလုပ်ပြီး အသက်မြစ်ကိုဖြတ်ကူးနိုင်သည်။

အသက်မြစ်သစ်ပင်က အင်မတန်ရှားပါးသည်။

မြစ်ကိုဖြတ်ကူးဖို့ အသက်မြစ်သစ်ပင်နှင့် သင်္ဘောပြုလုပ်ခြင်းက များစွာ မထုတ်နိုင်ပေ။

ထို့ပြင် အသက်မြစ်သစ်ဖြင့်လုပ်သည့် သင်္ဘောသည် ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်မှ ထိန်းချုပ်ထားခြင်းဖြစ်၏။ အသက်မြစ်အင်မော်တယ်မြို့တော်၏ဂိုဏ်းအဖွဲ့အစည်းများစွာအတွက် အသက်မြစ်သစ်ပင်မှလုပ်သည့် သင်္ဘောကိုရဖို့ အင်မတန်ခက်ခဲလေသည်။

ချီမင်သည် အသက်မြစ်ကိုဖြတ်သန်းချင်ပါမူ သူက အံ့ဖွယ်စွမ်းအားကိုသာ မှီခိုနိုင်သည်။ သူက အသက်မြစ်သင်္ဘောကိုသုံးချင်ရင်တော့ အသက်မြစ်အင်မော်တယ်မြို့တော်၏မြို့အရှင်ကို ကိုင်တွယ်ရမှာ ဖြစ်သည်။

ယင်းကို ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ဘက်မှ သတိထားမိသွားနိုင်ချေလည်းရှိသည်။

"မဟုတ်ဘူး"

ချီမင်က အသက်မြစ်အင်မော်တယ်မြို့တော်ကိုဝင်တော့မဲ့ အချိန်မှာပဲ  သူက ချက်ချင်းရပ်တန့်လိုက်သည်။ သူက မူလကတော့ မြို့ကိုအရင်ဝင်ပြီးမှ မြစ်ကိုဖြတ်ကူးဖို့နည်းလမ်းကို စဉ်းစားမှာဖြစ်သည်။

သူဝင်တော့မဲ့ အချိန်မှာ ချီမင်က အန္တရာယ်ကို ခံစားမိလိုက်သည်။

အသက်အန္တရာယ်။

ထိတ်လန့်ဖို့ ကောင်းပါ၏။

အသက်မြစ်အင်မော်တယ်မြို့တော်တွင် ကြီးမားသည့် ကပ်ဘေးတစ်ခုသည် ချီမင်ဝင်လာမည်ကို စောင့်နေခဲ့သည်။

"မဟုတ်ဘူး"

တုံ့ဆိုင်းမနေတော့ပေ။

ချီမင်သည် အလင်းတန်းအဖြစ်ပြောင်းလဲသွားပြီး လေထုကို တိုက်ရိုက်ထိုးခွဲလိုက်သည်။ သူက နေရာရွှေ့ပြောင်းလိုက်ပြီး တခြားတစ်ဖက်သို့ ဦးတည်လိုက်သည်။ အသက်မြစ်အင်မော်တယ်မြို့တော်သို့ ဝင်မည့်အတွေးကို လက်လျှော့လိုက်၏။

လွန်ခဲ့သည့် သုံးလအတွင်းမှာ ဤတစ်ကြိမ်က ချီမင်အသက်အန္တရာယ်ကို ခံစားရသည့် ပထမအကြိမ်ဖြစ်သည်။

ထို့ပြင် ချီမင်သည် ယခင်က တွက်ချက်မှုများစွာနှင့်ခန့်မှန်းမှုများ ပြုလုပ်ခဲ့သည်။

သူက အသက်မြစ်အင်မော်တယ်မြို့တော်သို့ ဝင်မည့်အကြံအစည်ကို လက်လျော့လိုက်သည်။

သူက ခြုံခိုတိုက်ခိုက်ခံရနိုင်၏။

"မင်း ဘယ်သွားဖို့ စဉ်းစားနေတာလဲ။"

"ကောင်းကင်ဉာဏ်အလင်း"

"တိုက်ကြ"

"မင်းမလွတ်နိုင်ပါဘူး။"

“…”

ချက်ချင်းပဲ အသက်မြစ်အင်မော်တယ်မြို့တော်ထဲမှ ချီမင်၏နောက်သို့ ပုံရိပ်တချို့ ပြေးလိုက်လာကြသည်။ စုစုပေါင်း အလင်းစီးကြောင်းငါးကြောင်းထွက်လာကာ ၎င်းတို့ကမတူညီသည့် အနီ၊လိမ္မော်၊အစိမ်း၊ခရမ်းနှင့် ရွှေရောင်အလင်းများ ဖြစ်ကြသည်။

ဥပဒေသစွမ်းအားများ ထွက်ပေါ်လာသည်။

မော့ဝူလင်းတို့ထက် သာလွန်သည့် ကြောက်မက်ဖွယ်ရာအရှိန်အဝါများဖြင့် ပုံရိပ်ငါးခုလိုက်လာသည်။ သူတို့က ချီမင်ကို ပစ်မှတ်ထားကာ အလျင်အမြန်လိုက်ဖမ်းနေကြသည်။

အသက်မြစ်အင်မော်တယ်မြို့တော်အထက်တွင် နောက်ထပ်ပုံရိပ်သုံးခု ထွက်လာသည်။

"ကောင်းကင်ဉာဏ်အလင်းက အတော်လေး သတိကြီးတာပဲ။ သူက အသက်မြစ်အင်မော်တယ်မြို့တော်ထဲကို ဝင်မလာဘူး။ ငါတို့ မြို့ထဲမှာ ကိုးမြို့တော်အင်မော်တယ်အစီအရင် တပ်ထားတာ ကြာပြီကို။ သူက လွတ်သွားပြီ။"

"လိုက်ဖမ်း။”

"ငါတို့ သူ့ကိုလွတ်သွားလို့မရဘူး။"

"လိုက်ဖမ်းကြ"

ပုံရိပ်လေးခုက လွတ်မြောက်ခြင်းနည်းစနစ်သုံးကာ သူ့နောက်ကို လျင်မြန်စွာ လိုက်ဖမ်းနေကြသည်။

All Chapters