ကောင်းကင်တာအိုရတနာ:ကောင်းကင်ဖန်တီးခြင်းကြေးမုံ
Vol. 24 Ch. 357
တစ်ရက်ကြာသွားသည်။
နတ်ဆိုးဂိုဏ်းပြိုင်ပွဲက တရားဝင်စတင်လာခဲ့သည်။ ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏မျိုးနွယ်(၁၀၉)လုံး ပါဝင်သည်။ စုစုပေါင်းနတ်ဆိုးဂိုဏ်းတပည့်ပေါင်း(၁၃၈၉)ပါဝင်ယှဉ်ပြိုင်လာသည်။
ပျမ်းမျှအားဖြင့် မျိုးနွယ်တိုင်းက တပည့်ဆယ့်နှစ်ယောက်သို့မဟုတ်ဆယ့်သုံးယောက် လွှတ်ခဲ့သည်။
ချီမင်၏ကောင်းကင်ဉာဏ်အလင်းမျိုးနွယ်က စုစုပေါင်းတာအိုကလေးသုံးယောက်သာ ပါဝင်ထားသည်။ ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏မျိုးနွယ်(၁၀၉)ခုထဲတွင် ပါဝင်သည့်တပည့်အရေအတွက် အနည်းဆုံးဖြစ်သည်။
အခြားသောဂိုဏ်းများမှ တပည့်များမှာ ကောင်းကင်ဉာဏ်အလင်းမျိုးနွယ်ကိုမြင့်မြင့်မားမား မတွေးထားချေ။
ကောင်းကင်ဉာဏ်အလင်းမျိုးနွယ်တည်ထောင်ထားချိန်က တိုလွန်းပါသည်။
အများဆုံးပါဝင်ထားသည့် တပည့်အရေအတွက်က သွေးပင်လယ်မျိုးနွယ်မှဖြစ်သည်။ စုစုပေါင်းအမွေခံတပည့်နှင့်ကိုယ်ပိုင်တပည့် (၂၇)ယောက်စေလွှတ်ခဲ့သည်။
ပါဝင်သည့် နတ်ဆိုးဂိုဏ်းတပည့်တိုင်းက မျိုးနွယ်အသီးသီး၏ထိပ်သီးပါရမီရှင်များဖြစ်သည်။ သူတို့အားလုံးက အခြေခံအားဖြင့် အမွေခံတပည့်များနှင့်ကိုယ်ပိုင်တပည့်များဖြစ်၏။ သူတို့ကျင့်ကြံခြင်းအဆင့်က မနိမ့်ပေ။အလွန်အမင်းသန်မာလေသည်။
ဤအကြိမ်တွင် နတ်ဆိုးဂိုဏ်းပြိုင်ပွဲက ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေမှတပည့်ပေါင်း(၁၃၈၉)ဦးကို မြောက်ပိုင်းပြည်နယ်သို့ လွှတ်မှာဖြစ်သည်။ ပါဝင်ယှဉ်ပြိုင်သူတပည့်များက ကိုယ်ပိုင်နည်းလမ်းများကိုသုံးကာ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ကို ဖြေရှင်းရမှာဖြစ်သည်။
နတ်ဆိုးဂိုဏ်းပြိုင်ပွဲသည် ဆယ်နှစ်ကြာပါ၏။
ဆယ်နှစ်အတွင်းမှာ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ကိုအများဆုံးထိခိုက်အောင်လုပ်သူက အနိုင်ရမှာဖြစ်သည်။ ထိုအချိန်ကျရင် ဆုလဒ်များစွာ ရပါလိမ့်မည်။
"ဒါက..."
"ငါ နတ်ဆိုးဂိုဏ်းပြိုင်ပွဲကို ဒီလိုစီစဉ်ထားမှန်းမထင်ထားခဲ့ဘူး။ သူတို့က ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ကိုတိုက်ခိုက်ဖို့ ပြင်ဆင်ကြရမှာလား။ ဒါမှမဟုတ် ကနဦးစမ်းသပ်မှုလား။"
"ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ရဲ့အခြေခံနဲ့စွမ်းအားက ကြီးမားတယ်။ ငါတို့သာ ဂရုမစိုက်ရင် သေသွားနိုင်တယ်။ ငါတို့ သတိထားဖို့လိုတယ်။"
"ဟီးဟီး"
"ငါ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ရဲ့နည်းစနစ်တွေကို မြင်ဖူးချင်တာကြာနေပြီ။"
“…”
ပါဝင်ယှဉ်ပြိုင်နေသည့် တပည့်များက လေးနက်သည့်အမူအရာဖြင့် တက်ကြွစွာဆွေးနွေးနေကြသည်။သူတို့က စိတ်အားထက်သန်နေကြသည်။
"သွားကြစို့။”
ပုံရိပ်တစ်ခုက ကောင်းကင်ပေါ်သို့ ခုန်တက်သွား၏။ သူက နတ်ဆိုးဂိုဏ်း၏မိစ္ဆာနတ်ဆိုးမျိုးနွယ်သခင်ဖြစ်သည်။ ထိုသူက နတ်ဆိုးဂိုဏ်းပြိုင်ပွဲ၏ဦးဆောင်မည့်သူဖြစ်သည်။ သူက ညာဘက်လက်ကိုဝေ့ယမ်းရင်း နတ်ဆိုးဂိုဏ်း၏ဟင်းလင်းပြင်အင်မော်တယ်အစီအရင်ကို အသက်သွင်းလိုက်သည်။
အလင်းရောင်များ လက်သွားပြီး ပတ်ဝန်းကျင်ကို ဖုံးအုပ်သွား၏။ပါဝင်ယှဉ်ပြိုင်သူတပည့်အားလုံးမှာ ပျောက်ကွယ်သွားပြီး ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေမှထွက်ခွာသွားပြီဖြစ်သည်။
မြင်ကွင်းကပြောင်းလဲသွားသည်။
တပည့်ပေါင်း(၁၃၈၉)ယောက်က မြောက်ပိုင်း ပြည်နယ်၏မတူညီသောအင်မော်တယ်မြို့တော်အသီးသီးသို့ တကွဲတပြားဖြင့် နေရာရွှေ့ပြောင်းသွားကြသည်။ သူတို့က အတူတကွမဟုတ်ပေ။
"စနေပြီပဲ။"
"ဒီတစ်ခေါက် နတ်ဆိုးဂိုဏ်းပြိုင်ပွဲက ဘယ်လောက်အထိနာသွားမလဲ မသိဘူး။"
"ဘယ်သူ နိုင်သွားမလဲ။"
“…”
ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေတွင် ပုံရိပ်များတစ်ခုပြီးတစ်ခုပေါ်လာလျက် ပါဝင်သူပေါင်း(၁၃၉၈)၏အခြေအနေကို ကြည့်ရှုနေသူများအားလုံးရှေ့တွင် ပြသနေသည်။
ထိုမြင်ကွင်းများထဲ၌ မမျှော်လင့်ထားသည့် ကိစ္စတစ်ခုဖြစ်သွားခဲ့သည်။
"တိုက်"
"နတ်ဆိုးအယုတ်တမာတွေ သေလိုက်တော့။"
"တိုက်"
"ဟားဟား"
"မြောက်ပိုင်း ပြည်နယ်ရဲ့အမိန့်က တကယ့်ကိုမှန်ကန်နေတာပဲ။ ငါ သူတို့ရဲ့တည်နေရာတွေကို တွက်ချက်ထားပြီးပြီ။"
"သေကြစမ်း"
“…”
အော်ဟစ်ကြုံးဝါးသံများ ထွက်ပေါ်လာခဲ့သည်။
မြင်ကွင်းတိုင်း၌ ပါဝင်သူပေါင်း(၁၃၈၉)ယောက်က မြောက်ပိုင်း ပြည်နယ်သို့ နေရာရွှေ့ပြောင်းသွားခဲ့ကြသည်။ သူတို့ပတ်ဝန်းကျင်ထဲသို့မရောက်ခင်မှာပဲ သူတို့ကို များစွာသောအင်မော်တယ်များက ဝိုင်းရံကာ သတ်ဖြတ်လာကြသည်။
တိုက်ပွဲက ချက်ချင်းကိုပြင်းထန်လာသည်။
"အား"
"အော့။"
"ခွေးမသားတွေ။"
"သေစမ်း"
"ငါတို့ ခြုံခိုတိုက်ခိုက်ခံရပြီ။"
"သေစမ်း"
"ဘာတွေ ဖြစ်ကုန်တာလဲ။"
“…”
မမျှော်လင့်ထားစွာဖြင့် ထိုပါဝင်သူများပဲ ထိတ်လန့်သွားတာမဟုတ်ပေ။ ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေမှ မျိုးနွယ်သခင်(၁၀၈)ဦးနှင့်နတ်ဆိုးဂိုဏ်းအကြီးအကဲများမှာ ထိုအခြေအနေကြောင့် ထိတ်လန့်သွားကြသည်။
သူတို့က အင်မတန်အံ့ဩသွားကြလေသည်။
မြောက်ပိုင်းပြည်နယ်၏အင်မော်တယ်များက ပါဝင်သူတပည့်များကို တိကျစွာ ခြုံခိုတိုက်ခိုက်လာနိုင်သည်။ မယုံနိုင်စရာကောင်းပေသည်။
အတော်လေး ထိတ်လန့်စရာပေ။
သိပ်မကြာခင်မှာပဲ သူတို့က တည်ငြိမ်သွား၏။
"ဒါက..."
"ငါတော့ ဒီကိစ္စက စီနီယာအစ်ကိုချီနဲ့ဆိုင်မယ်ထင်တယ်။"
"ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်က ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ်ကို သုံးတယ်။"
“စီနီယာအစ်ကိုချီက ကျုပ်တို့ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ကို လာပူးပေါင်းတော့ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ကို လုံးဝဒေါသထွက်သွားစေတာဖြစ်ရမယ်။ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်က စစ်မဖြစ်ရဲသေးပဲ လောလောဆယ်တော့ သည်းခံထားနိုင်တယ်။ ဒါပေမဲ့ သူတို့က ကျုပ်တို့ကို လက်စားချေဖို့တော့ လုပ်ထားတယ်။"
"ဒါပေမဲ့"
"ဒီတစ်ကြိမ် အင်မော်တယ်မင်းဆက်ရဲ့အကြီးအကဲကိုးပါးက ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ်ကိုသုံးပြီး နတ်ဆိုးဂိုဏ်းပြိုင်ပွဲဝင်တွေရဲ့အခြေအနေကို တွက်ချက်ထားလိမ့်မယ်။ အဲ့ဒါကြောင့် သူတို့က ပါဝင်သူတပည့်တွေကို အတိအကျတိုက်ခိုက်နိုင်နေတာ။"
"သေစမ်း"
“…”
နတ်ဆိုးဂိုဏ်းမျိုးနွယ်သခင်များက လေးနက်စွာဆွေးနွေးနေကြသည်။
တခြားတစ်ဖက်တွင် ချီမင်က ကောင်းကင်ဉာဏ်အလင်းခန်းမထဲတွင် ကျင့်ကြံနေခဲ့သည်။သို့ပေမဲ့ သူက နတ်ဆိုးဂိုဏ်းပြိုင်ပွဲ၏အခြေအနေကို အာရုံစိုက်နေပါသေး၏။ သူ လှမ်းကြည့်လိုက်တော့ ပြိုင်ပွဲပုံစံကို တွေ့လိုက်ရသည်။
"ဒါက..."
ချီမင်က မျက်မှောင်ကြုံ့သည်။ သူက လက်ချောင်းများဖြင့်တွက်ချက်လိုက်တော့ အကြောင်းပြချက်ကို နားလည်သွား၏။ သူ၏အမူအရာက မည်းသည်းသွားကာ အရုပ်ဆိုးသွားရတော့၏။"ကိုးပြည်နယ်အင်မော်တယ်မင်းဆက်။ အတင့်ရဲလွန်းတယ်။"
သူလည်း ပါဝင်ယှဉ်ပြိုင်သူတပည့်များ သူ့ကြောင့် အန္တရာယ်ထဲသို့ ကျရောက်နေသည်ကို သိသွားခဲ့သည်။ သူတို့က သူ့ကြောင့်သာမဟုတ်ရင် ထိုလောက် အတိအကျတွက်ချက်ပြီး ခြုံခိုတိုက်ခိုက်ခံရမှာ မဟုတ်ပေ။
ပြင်းထန်တဲ့တိုက်ပွဲတစ်ခုဖြစ်သွားသည်။
ပါဝင်သူများက အံ့ဖွယ်စွမ်းအားများနှင့်နည်းစနစ်များကို သုံးလိုက်ကြသည်။ သူတို့ကျင့်ကြံခြင်းအဆင့်က အားမနည်သလို တိုက်ခိုက်ရေးအင်အားကလည်း တကယ့်ကို ပြင်းထန်ပေသည်။ သူတို့က ရန်သူများထံမှ အဝိုင်းခံရခြင်းကို ကာကွယ်နိုင်သေးသည်။
"အား"
"အယုတ်တမာ"
"သေကြစမ်း"
အော်ဟစ်ကြုံးဝါးသံများ ထွက်ပေါ်လာခဲ့သည်။
ကြေကွဲဖွယ်ရာငိုသံများထွက်လာပြီး ဆယ်ယောက်ထက်ကျော်သော ပါဝင်သူတပည့်များသည် တိုက်ပွဲထဲ၌ သေဆုံးသွားခဲ့သည်။ မျိုးနွယ်သခင်များ၏အမူအရာများက မည်းမှောင်သွားကြသည်။သို့ပေမဲ့ သူတို့က မတိုက်ခိုက်ရသေးပေ။
ချီမင်က အကြိမ်အနည်းငယ်လောက်ကြည့်ကာ ချိုက်ယွင်ဖုန်းတို့၏တည်နေရာကို ရှာဖွေ့နေလိုက်သည်။ ဝိုင်းခံရပြီးနောက်မှာ သူတို့က သက်တောင့်သက်သာဖြစ်နေသေးဟန်ရသည်။ သူတို့က အံ့ဖွယ်စွမ်းအားများကိုသုံးကာ အန္တရာယ်မှလျင်မြန်စွာဖြင့် ရှောင်တိမ်းတိုက်လိုက်သည်။
"မဆိုးဘူး" ချီမင်က စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်သည်။
မဟာတာအိုပန်းများနှင့်ပေါင်းစပ်ထားနိုင်သည့် ထိပ်တန်းပါရမီရှင်များဆိုသည့်အတိုင်းပင်။ ကောင်းကင်နှင့်မြေကြီးမဟာတာအို၏ကာကွယ်ပေးမှုဖြင့် သူတို့က အန္တရာယ်နှင့်ရင်ဆိုင်ရတိုင်း အမြဲဆိုသလို ဖြေရှင်းနိုင်ကြသည်။
"ဒါက.."
"ကောင်းကင်ဉာဏ်အလင်းမျိုးနွယ်ရဲ့ တာအိုကလေးတွေပဲ။"
"ဒါက..."
"ကောင်းလိုက်တဲ့ နည်းလမ်း။ သူတို့က အန္တရာယ်ကိုရှောင်ပြီး အဝိုင်းခံရတာကိုလွတ်နိုင်ဖို့ ဒီလိုနည်းစနစ်တောင် သုံးပြသွားတယ်။ ပထမဆုံးလွတ်မြောက်သွားတဲ့သူက ကောင်းကင်ဉာဏ်အလင်းမျိုးနွယ်ရဲ့ တာအိုကလေးသုံးယောက်ဖြစ်နေတယ်။"
"ဒါ...ဒါ...ဒါကြီးက"
“စီနီယာအစ်ကိုချီ တည်ထောင်ထားတဲ့ ကောင်းကင်ဉာဏ်အလင်းမျိုးနွယ် ဆိုတဲ့အတိုင်းပဲ။ နှစ်တစ်ရာအတွင်းမှာ သူကဒီလိုအရမ်းထူးချွန်တဲ့ တပည့်တွေကိုမွေးထုတ်ပေးနိုင်ခဲ့တာပဲ။"
"ဟုတ်တယ်။ဟုတ်တယ်"
"စီနီယာအစ်ကိုချီက အရမ်းကိုနက်နဲတာပဲ။"
"မယုံနိုင်စရာပဲ။"
“…”
မျိုးနွယ်သခင်များက သက်ပြင်းအကြိမ်ကြိမ်ချလျက် သူတို့အသံများက လေးစားမှုများဖြင့် ပြည့်နှက်နေသည်။
အချိန်ကုန်ဆုံးသွားသည်။
သုံးရက်ကြာပြီးနောက်မှာ ကောင်းကင်ဉာဏ်အလင်းမျိုးနွယ်၏တာအိုကလေးသုံးယောက် လွတ်မြောက်သွားပြီးနောက် တခြားပါဝင်သူတပည့်များလည်း လွတ်မြောက်လာကြသည်။ သူတို့က လွတ်လာတာနဲ့ မြောက်ပိုင်း ပြည်နယ်သို့စိမ့်ဝင်ကြသည်။
စုစုပေါင်းတပည့်(၇၉၀)ခြုံခိုတိုက်ခိုက်ခံရပြီး သေသွားသည်။(၅၉၉)ယောက်ပဲ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
"မင်းတို့ တိုက်ခိုက်လို့ ရပြီ။"
"ကျေးဇူးပြုပြီး ကောင်းကင်တာအိုရတနာ:ကောင်းကင်ဖန်တီးခြင်းကြေးမုံကို ထုတ်သုံးပါ။"
"ထောက်ခံတယ်။"
"ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်က ကောင်းကင်တာအိုရတနာ:ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ်ကို သုံးမှတော့ ကျုပ်တို့လည်း ဘာမှစိုးရိမ်နေစရာမလိုဘူး။ ကောင်းကင်တာအိုရတနာ:ကောင်းကင်ဖန်တီးခြင်းကြေးမုံကိုသုံးပြီး ကျန်နေတဲ့ပါဝင်သူ(၅၉၉)ယောက်ကို ကာကွယ်ပေးရအောင်။ ကျုပ်တို့ သူတို့ရဲ့လျှို့ဝှက်ချက်နဲ့ကံကြမ္မာကို တစ်ဖက်ကပြန်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ် နဲ့တွက်လို့မရအောင်လုပ်ရမယ်။
“…”
မျိုးနွယ်သခင်များက တညီတညွတ်တည်းပြော၏။
"အသက်သွင်း"
"ဖွင့်စမ်း"
"ကောင်းကင်တာအိုရတနာ:ကောင်းကင်ဖန်တီးခြင်းကြေးမုံကို ကြိုဆိုပါတယ်။"
“…”
မျိုးနွယ်သခင်များက လက်ချိတ်စည်းများဖွဲ့စည်းလိုက်ကြသည်။ ဓမ္မစွမ်းအားများမှာ ပျံ့နှံ့လာပြီးနက်နဲသောမှော်စာလုံးများသည် လေထုကိုထိုးခွဲလျက် နတ်ဆိုးနယ်မြေ၏မိုးကုတ်စက်ဝိုင်းထဲသို့ ဝင်ရောက်သွားတော့၏။
နောက်တခဏမှာ ချီမင်သည် ကြီးမားသည့် ဖိအားကိုခံစားလိုက်ရသည်။ ကောင်းကင်ကိုတောင် ဖုံးအုပ်ထားနိုင်သည့် အနက်ရောင်ကြေးမုံဝိုင်းတစ်ချပ်ပေါ်လာတော့သည်။
အနက်ရောင်မြူခိုးများမှာ ပျံ့နှံ့လာပြီး အနည်းငယ်အတုအယောင်ဆန်လာသည်။ ယင်းက ကောင်းကင်ဖန်တီးခြင်းကြေးမုံ၏စစ်မှန်ခန္ဓာမဟုတ်ပေ။ဓမ္မရုပ်တုတစ်ခုသာဖြစ်သည်။
သေချာလေ့လာကြည့်ရင် ကြေးမုံတစ်ခုလုံးပေါ်တွင် နက်နဲစာလုံးပုံစံကွက်လေးများ ရှိနေသည်။ ကြေးမုံဘောင်တစ်ချပ်လုံးက အော်ရို့ဘိုရို့ (ဝင်ကစွပ်ကွင်း)တစ်ခုနှင့်တောင်တူသည်။
ကြေးမုံအလင်းများတောက်ပလာပြီး ကောင်းကင်ကိုတောင် ထွန်းလင်းသွားစေသည်။
နောက်တခဏမှာ ကြေးမုံမှ အလင်းစီးကြောင်းများက လေထုကိုထိုးခွဲလျက် ကောင်းကင်ပေါ်မှ ပျံသန်းလာသည်။ ၎င်းတို့က နေရာလွတ်ကိုထိုးခွဲလျက် ပါဝင်ယှဉ်ပြိုင်သူပေါင်း(၅၉၉)ယောက်ကို ကောင်းချီးပေးလိုက်သည်။
ပါဝင်ယှဉ်ပြိုင်သူပေါင်း(၅၉၉)ယောက်က ကောင်းကင်ဖန်တီးခြင်းကြေးမုံ၏ကာကွယ်ပေးမှုကို ရရှိသွားသည်။ သူတို့၏သက်ဆိုင်ရာသတင်းအချက်အလက်များကို တွက်ချက်ဖို့ ခက်ခဲသွားစေတော့သည်။
ချီမင်ကလည်း ကောင်းကင်တာအိုရတနာ:အချိန်နေရာလွတ်တံခါး၏အကာအကွယ်ကိုရထားပေမဲ့ သူ့ကျင့်ကြံခြင်းအဆင့်က နိမ့်နေသေးသည်။သို့ဖြစ်၍ ကောင်းကင်တာအိုရတနာ:အချိန်နေရာလွတ်တံခါး၏စစ်မှန်စွမ်းအားကို သူအနေဖြင့် ထုတ်သုံးဖို့ ခက်ခဲပေသည်။ ထို့ကြောင့် သူက ဖော်ထုတ်ခံလိုက်ရခြင်းဖြစ်သည်။
ထို့ပြင်...
ချီမင်၏အခြေအနေကိုတွက်ချက်ဖို့ အင်မော်တယ်မင်းဆက်၏အကြီးအကဲကိုးပါးက ဓမ္မစွမ်းအားများစွာကို ကုန်ခမ်းသည်အထိသုံးစွဲပြီး တန်ကြေးတစ်ခုပေးဆပ်ခဲ့၍သာ အချက်အလက်များကို ရလိုက်ခြင်းဖြစ်၏။
အင်မော်တယ်မင်းဆက်၏အကြီးအကဲကိုးပါးက သဘာဝအတိုင်း ထိုတပည့်များကိုတွက်ချက်ဖို့ တန်ကြေးများစွာပေးရန်မလိုပေ။၎င်းမှာ သူတို့အတွက် မထိုက်တန်၍ပေ။
ထို့ပြင် ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏မျိုးနွယ်သခင်များက ကောင်းကင်နတ်ဆိုးမျိုးနွယ်သခင်ကိုလည်း ဖိတ်ခေါ်ထားသည်။ ထိုသို့အတားအဆီးများဖြင့် ဆက်လက်တွက်ချက်ဖို့ မဖြစ်နိုင်သလောက်နီးပါးပင်။
အချိန်ကုန်ဆုံးသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာ ဆယ်နှစ်ကုန်သွားသည်။
မြောက်ပိုင်း ပြည်နယ်တွင် နတ်ဆိုးဂိုဏ်း၏တပည့်(၅၉၉)ယောက်က ထိုးဖောက်စိမ့်ဝင်ထားခဲ့သည်။ ဆယ်နှစ်တွင်းမှာ သူတို့က မြောက်ပိုင်း ပြည်နယ်ကို အတော်လေးထိခိုက်အောင်လုပ်နိုင်ခဲ့သည်။
ဆင်းရဲဒုက္ခများနှင့် ကြေကွဲဝမ်းနည်းဖွယ်ရာများ ဖြစ်ပျက်ခဲ့သည်။
အင်မော်တယ်မြို့တော်များ တစ်မြို့ပြီးတစ်မြို့ဖျက်ဆီးခံခဲ့ရသည်။
ချိုက်ယွင်ဖုန်း၊ယွီယွင်နှင့်စုဟောက်တို့က အခြားနည်းလမ်းကိုရှာတွေ့သွားကြသည်။ သူတို့က အထက်ကမ္ဘာ၏သက်ရှိများကို အထိန်းအကွပ်မဲ့စွာ မသတ်ခဲ့ပေ။ ထိုအစားကောင်းကင်ဉာဏ်အလင်းမျိုးနွယ်၏အမွေအနှစ်များကို ဖြန့်ဝေ့ခဲ့သည်။
ဆယ်နှစ်အတွင်းမှာပဲ ချိုက်ယွင်ဖုန်းက တိမ်ဉာဏ်အလင်းဂိုဏ်းကို တည်ထောင်နိုင်ခဲ့သည်။ သူက ကျင့်ကြံခြင်းနည်းစနစ်များကိုလက်ဆင့်ကမ်းကာ တပည့်များစွာကို လက်ခံခဲ့သည်။ လှည့်လည်သွားလာသည့်အင်မော်တယ်များစွာ လာရောက်ပူးပေါင်းခဲ့သည်။
ဆယ်နှစ်ဆိုသည့်အချိန်တိုလေးအတွင်းမှာ ၎င်းက ဒေသတစ်ခုကိုလွှမ်းမိုးနိုင်သည့် ပထမတန်းစားဂိုဏ်းတစ်ခုဖြစ်လာသည်။
ယွီယွင်က ကောင်းကင်တိမ်တိုက်ဂိုဏ်းကို တည်ထောင်ခဲ့သည်။ သူမကလည်း ကျင့်ကြံခြင်းနည်းစနစ်များကို လက်ဆင့်ကမ်းပေးခဲ့ကာ လှည့်လည်ကျင့်ကြံသူအင်မော်တယ်များကို လက်ခံပေးခဲ့သည်။
တကယ်တော့ ယွီယွင်က ပထမတန်းစားဂိုဏ်းတစ်ခု၊ဒုတိယတန်းစားဂိုဏ်းသုံးခုစသဖြင့် ဂိုဏ်းများကို သိမ်းပိုက်ခဲ့သည်။
စုဟောက်က ပိုသန်မာလေသည်။ သူက ကျယ်ပြန့်ကောင်းကင်ဂိုဏ်းကိုတည်ထောင်ခဲ့သည့်အပြင် ပထမတန်းစားဂိုဏ်းသုံးခုနှင့်တခြားသောဂိုဏ်းနာမည်များကို သိမ်းယူခဲ့သည်။
နတ်ဆိုးဂိုဏ်းပြိုင်ပွဲပြီးသွားတော့ စုဟောက်တို့က သတ်ဖြတ်ဖျက်ဆီးမှုများ များစွာမလုပ်ခဲ့ပေမဲ့ သူတို့က ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ကို အထိခိုက်စေဆုံးသူများဖြစ်သည်။
စုဟောက်၊ယွီယွင်နှင့်ချိုက်ယွင်ဖုန်းက ပထမတန်းစားဂိုဏ်းသုံးခုဖြစ်သည့် ကျယ်ပြန့်ကောင်းကင်ဂိုဏ်း၊ကောင်းကင်တိမ်တိုက်ဂိုဏ်းနှင့်တိမ်ဉာဏ်အလင်းဂိုဏ်းတို့ကို ဦးဆောင်ပြီး အကုန်လုံးကို ကောင်းကင်ဉာဏ်အလင်းမျိုးနွယ်သို့ ဝင်ရောက်စေခဲ့သည်။
ထိုကိစ္စက ကမ္ဘာဦးနတ်ဆိုးဂိုဏ်းတစ်ခုလုံးကို ထိတ်လန့်သွားစေခဲ့သည်။