နှစ်တစ်သန်းကြာပြီးနောက် ဆန်းကြယ်အင်မော်တယ်အလယ်ပိုင်းအဆင့်သို့ တက်လှမ်းခြင်း
Vol. 24 Ch. 358
နတ်ဆိုးဂိုဏ်းပြိုင်ပွဲပြီးတော့ ကောင်းကင်ဉာဏ်အလင်းမျိုးနွယ်က ကမ္ဘာဦးနတ်ဆိုးဂိုဏ်းတစ်ခုလုံးတွင် ကျော်ကြားသွားသည်ဟုဆိုနိုင်သည်။ ချီမင်၏ဂုဏ်သတင်းက ယင်းကိစ္စကြောင့်ပဲ ကြီးမားစွာတိုးတက်သွားခဲ့ရပြီး တစ်ဂိုဏ်းလုံးသို့ ပျံ့နှံ့သွားခဲ့ရသည်။
ကမ္ဘာဦးနတ်ဆိုးဂိုဏ်းကို တည်ထောင်ခဲ့သည်မှာ နောက်ဆုံးခေတ်ကတည်းက ဖြစ်ပြီး မရေမတွက်နိုင်လောက်သော နှစ်ပေါင်းများစွာ ကြာအောင် တည်ရှိလာခဲ့သည်။
သို့ပါသော်လည်း နောက်ဆုံးခေတ်တွင် ကမ္ဘာဦးနတ်ဆိုးဂိုဏ်းက ကျရှုံးကာ အားနည်းသွားခဲ့ရသည်။ သူတို့က ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ကိုရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။
သို့မဟုတ်ပါမူ ယခု ပြည်နယ်ကိုးလောကကိုအုပ်ချုပ်နေမည့်သူက ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်မဟုတ်ပါဘဲ ကမ္ဘာဦးနတ်ဆိုးဂိုဏ်းဖြစ်နေပေလိမ့်မည်။ ပြည်နယ်ကိုးလောကတစ်ခုလုံး၏ကျင့်ကြံခြင်းအနေအထားက လုံးဝကိုပြောင်းလဲနေပေလိမ့်မည်။
စုဟောက်၊ယွီယွင်နှင့်ချိုက်ယွင်ဖုန်းတို့၏စွမ်းဆောင်ရည်က ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏မျိုးနွယ်သခင်များကို အမှန်တကယ်အံ့ဩသွားစေခဲ့သည်။ သူတို့က စုဟောက်တို့အဖွဲ့ မြောက်ပိုင်းပြည်နယ်တွင် ဂိုဏ်းတစ်ခုတည်ထောင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
ပိုပြီးအရေးကြီးသည်က။
ဆယ်နှစ်ကြာသွားခဲ့သည်။
သူတို့ တည်ထောင်ခဲ့သည့်ဂိုဏ်းများက ကောင်းကင်ဉာဏ်အလင်းမျိုးနွယ်သို့ ဝင်ရောက်လာခဲ့ကြသည်။ ယင်းက ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏အင်အားကို အနည်းငယ်လေးအားနည်းသွားစေခဲ့သလို ကမ္ဘာဦးနတ်ဆိုးဂိုဏ်းကိုလည်း သန်မာသွားစေခဲ့သည်။
ခဲတစ်လုံးနှင့်ငှက်နှစ်ကောင် ပစ်လိုက်ခြင်းပေ။
ထိုအခိုက်တွင် ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏မျိုးနွယ်သခင်များက နားလည်သွားခဲ့သည်။
"နှစ်တွေ ကြာသွားခဲ့ပြီ။ အခုမှပဲ ဒီနည်းလမ်းကိုနားလည်သွားတယ်။"
"ဟုတ်တယ်။"
"စီနီယာအစ်ကိုချီက ကောင်းကင်ဉာဏ်အလင်းမျိုးနွယ်ကို တည်ထောင်ခဲ့တယ်။ ပြီးတော့ သူက ကောင်းကင်ဉာဏ်အလင်းမျိုးနွယ်ရဲ့တာအိုကလေးသုံးယောက်ကို နတ်ဆိုးဂိုဏ်းပြိုင်ပွဲမှာ ပါခိုင်းတယ်။ ကောင်းကင်ဉာဏ်အလင်းမျိုးနွယ်ရဲ့တာအိုကလေးသုံးယောက်က မတူညီတဲ့လမ်းကြောင်းကို လျှောက်ပြသွားတယ်။ ဒါက ငါတို့ကို ဉာဏ်အလင်းဖွင့်ပေးလိုက်တာပဲ။"
"တကယ်တော့ ဒီနှစ်တွေတလျှောက် ငါတို့က တဖြည်းဖြည်းနဲ့လမ်းဆုံးကိုလျှောက်နေမိတာပဲ။ ငါတို့က ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ကို ဘယ်လိုဖျက်ဆီးမယ် အင်မော်တယ်တွေကို ဘယ်လိုသတ်မလဲ ပဲတွေးနေခဲ့တာ။ ဒါပေမဲ့ ငါတို့က ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ကိုမပျော်မရွှင်ဖြစ်အောင်လုပ်ဖို့ တခြားဂိုဏ်းတွေကိုသိမ်းယူလို့ရသေးတာပဲ။"
"အင်မော်တယ်တစ်ပါး ဘက်ပြောင်းတိုင်း ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်က အင်မော်တယ်တစ်ပါးဆုံးရှုံးပြီး ငါတို့ကမ္ဘာဦးနတ်ဆိုးဂိုဏ်းကတော့ နောက်ထပ်လူအင်အားရတယ်။ ဒီလိုသာဆိုရင် ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်က တစ်နေတော့သေချာပေါက် ဖျက်ဆီးခံရလိမ့်မယ်။"
"ငါတို့ အကြီးအကဲတွေကို ကောင်းကင်ဖန်တီးခြင်းကြေးမုံသုံးပြီး သူတို့ရဲ့ကောင်းကင်လျှို့ဝှက်ချက်နဲ့ ကောင်းချီးတွေ ကို ဖုံးကွယ်ပြီး လွှတ်လို့ရတယ်။ ငါတို့ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ရဲ့ ပြည်နယ်တွေကို ခိုးဝင်ပြီး ဂိုဏ်းတွေတည်ထောင်လို့ရတယ်။ ငါတို့ တပည့်တွေကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံလို့ရတယ်။ တိုက်ပွဲအဆုံးသတ်မှာ ငါတို့ သူတို့အားလုံးကို ပေါင်းစည်းလို့ရတယ်။"
"အဲ့ဒီအချိန်ကျရင်။"
"ဒီလိုသာဆို ငါတို့ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ရဲ့အင်အားကို ရနိုင်သလို ငါတို့ကမ္ဘာဦးနတ်ဆိုးဂိုဏ်းရဲ့စုစုပေါင်းအင်အားကိုလည်း မြှင့်တင်ပေးနိုင်တယ်။ ခဲတစ်လုံးထဲနဲ့ ငှက်နှစ်ကောင်ပစ်တာပဲ။"
"ဟုတ်တယ်"
“…”
စဉ်းစားကြည့်ရင်း ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏မျိုးနွယ်သခင်များက စတင်စိတ်လှုပ်ရှားလာကြသည်။ သူတို့စိတ်ထဲတွင် ဉာဏ်အလင်းများတောက်ပလာလျက် နည်းလမ်းများတစ်ခုပြီးတစ်ခုပေါ်လာသည်။
အစီအစဉ်အမျိုးမျိုးကို အကောင်အထည်ဖော်ခြင်းနှင့်ပတ်သက်၍ သူတို့က အခြေအနေကို တဖြည်းဖြည်း နားလည်သဘောပေါက်လာသည်။
မျက်စိတစ်မှိတ်အတွင်းမှာ တစ်လကြာသွားပြီး နတ်ဆိုးဂိုဏ်းပြိုင်ပွဲပြီးဆုံးသွားတော့သည်။
မျိုးနွယ်သခင်များက သူတို့၏အစီအစဉ်များကို စတင်အကောင်အထည်ဖော်တော့သည်။ သူတို့က ယုံကြည်စိတ်ချရသည့် တပည့်များနှင့်အကြီးအကဲများကို အခြားသောပြည်နယ်ရှစ်ခုကို စေလွှတ်ခဲ့ကြသည်။
ဥပမာအားဖြင့်၊ စေလွှတ်လိုက်သည့် အကြီးအကဲ သို့မဟုတ် တပည့်တိုင်းသည် ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏ နေရာအနှံ့အပြားသို့ စိမ့်ဝင်သွားပြီးနောက်၊ သူတို့သည် လျင်မြန်စွာပျံ့နှံ့သွားပြီး မင်းဆက်ကြီးကို တဖြည်းဖြည်းတိုက်စားလာသော ရောဂါပိုးများသဖွယ် ဖြစ်လာကြသည်။
ချီမင်က ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ကိုမဝင်ရောက်ခင်တည်းက ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်နှင့်ကမ္ဘာဦးနတ်ဆိုးဂိုဏ်းသည် မီးနှင့်ရေအလားပင်။ နှစ်ဖက်လုံးက ပြဒါးတစ်လမ်းသံတစ်လှမ်းပေ။ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်သည် နတ်ဆိုးဂိုဏ်းများကို ကြမ်းတမ်းစွာ ဖိနှိပ်ထားခြင်းဖြစ်သည်။
ကမ္ဘာဦးပြည်နယ်အပြင် တခြားသောပြည်နယ်ရှစ်ခုတွင် နတ်ဆိုးဂိုဏ်း၏ခြေရာလက်ရာကိုမတွေ့ပေ။ ကမ္ဘာဦးပြည်နယ်တစ်ခုတည်းသာ ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနှင့် အခြားသောနတ်ဆိုးဂိုဏ်းဝင်များရှိခြင်းဖြစ်သည်။
အတိတ်တွင် ကမ္ဘာဦးနတ်ဆိုးဂိုဏ်းက ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ကိုဖြေရှင်းရန် အခြားသောနည်းလမ်းများကို မတွေးမိခဲ့ပေ။ သူတို့ တိုက်ခိုက်သတ်ဖြတ်ဖို့ သာသိသည်။ သူ့တို့စိတ်ထဲတွင် သူတို့ကကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏အင်မော်တယ်အားလုံးကို သတ်ဖြတ်ပစ်ရန်သာရှိသည်။
မျိုးနွယ်(၁၀၈)စု၏သခင်များကတောင် မှားနေသည်ဟု မတွေးမိခဲ့ပေ။
သို့ပေမဲ့ ရှင်းလင်းနေသည်က။
ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏စုပေါင်းအင်အားက မနိမ့်ပေမဲ့ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ထက် တော့ အနည်းငယ်ညံ့ဖျင်းနေသေးသည်။ ထို့ပြင် ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်တွင် ဂိုဏ်းအဖွဲ့အစည်းများစွာ၏အကူအညီရှိသည်။
ကမ္ဘာဦးနတ်ဆိုးဂိုဏ်းသည် သူတို့၏ယခင်အတွေးများအတိုင်း ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ကို သတ်ဖြတ်နေပါက အခြေခံအားဖြင့်တော့ အောင်မြင်ဖို့မဖြစ်နိုင်ပါပေ။ ဖြစ်လာနိုင်သောရလဒ်က သေကျေပျက်စီးခြင်းသာပေ။
၎င်းက ကောင်းချီး၏လွှမ်းမိုးမှုကြောင့်ပေ။
ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်တွင် ကောင်းချီးကိုဖိနှိပ်ထားနိုင်သည့် ကောင်းကင်တာအိုရတနာ:ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ်ရှိသည်။ သူတို့က ပြည်နယ်ကိုးလောကထိန်းချုပ်နိုင်ခြင်းနှင့်အတူ သူတို့၏ကောင်းချီးက ခိုင်ခံပြည့်စုံပြီး ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏ကောင်းချီးကိုဖိနှိပ်နိုင်သည်။
ကမ္ဘာဦးနတ်ဆိုးဂိုဏ်းကတော့ ကောင်းချီး၏ဖိနှိပ်မှုကိုခံရပြီး ဆုံးဖြတ်ချက်မှားများ ချမှတ်လာမိသည်။
ကမ္ဘာဦးနတ်ဆိုးဂိုဏ်းသည် ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏ဖိနှိပ်မှုကို အမြဲခံလာရတာဖြစ်သည်။
သို့ပေမဲ့ အခုကျတော့...
ချီမင်ပေါ်လာပြီဖြစ်သည်။
ချီမင်က မဟာတာအိုကိုကျင့်ကြံခြင်းကြောင့်ဖြစ်သည်။ သူက ကောင်းကင်နှင့်မြေကြီး၏ မဟာတာအိုကို ကျင့်ကြံသည့်အတွက် ယင်းထံမှကာကွယ်ပေးမှုကိုရရှိသည်။ သူကမ္ဘာဦးနတ်ဆိုးဂိုဏ်းကို ဝင်တော့ ဂိုဏ်း၏ကောင်းချီးများကို အားဆေးထည့်ပေးလိုက်သလိုမျိုး ဖြစ်သွားကာ သူတို့၏ကောင်းချီးကိုကြီးမားစွာ တိုးတက်သွားစေခဲ့သည်။ ယင်းက ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ကို ခုခံဖို့ လုံလောက်ပါသည်။
ကမ္ဘာဦးနတ်ဆိုးဂိုဏ်းသည် ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏ကောင်းချီးထံမှဖိနှိပ်မှုကို မခံရတော့ပေ။အရာအားလုံးက ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ သူတို့၏အမှောင်ဖုံးနေသည့်စိတ်များက ပြန်လည်လင်းလက်လာပြီး အမှန်တရားကို နားလည်သဘောပေါက်သွားကြသည်။
ထိုသို့ဖြင့် သူတို့က ဆုံးဖြတ်ချက်များကို မှန်ကန်စွာချမှတ်နိုင်ပြီဖြစ်သည်။
အနည်းဆုံးတော့ ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏မျိုးနွယ်သခင်များနှင့်အကြီးအကဲများက တိုက်ခိုက်သတ်ဖြတ်တော့မှာပဲမဟုတ်ပေ။သူတို့က စတင်အကောက်ကြံပါတော့မည်။
ထို့ပြင် ခေတ်ကာလကပ်ဘေးဒုက္ခက စတင်တော့မည်ဖြစ်ခြင်းကြောင့် လက်ရှိအခြေအနေထိဖြစ်လာရခြင်းသာဖြစ်သည်။ မဟုတ်ရင် ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏အခြေခံဖြင့်ဆို မင်းဆက်၏ကောင်းချီးကိုလှုပ်ခါဖို့ အင်မတန်ခက်ခဲပေသည်။
ကောလဟာလများက မှန်ပေသည်။
သူ၏အနာဂတ်လမ်းကိုဆက်လက်လျှောက်ဖို့ တာအိုခြောက်ပါးကောင်းကင်အရှင်သည် ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်မှထွက်ခွာပြီး ပဥ္စမြောက်အထက်ကမ္ဘာကိုတက်လှမ်းခဲ့သည်။ သူက နဂါးမျိုးနွယ်၏ဘိုးဘေးနယ်မြေကိုဖျက်ဆီးခဲ့ပြီး ဘိုးဘေးနဂါးတစ်ကောင်ကိုဖမ်းဆီးခဲ့သည်။ သူက ဘိုးဘေးနဂါ၏စစ်မှန်ဝိညာဉ် အနှစ်သာရဝိညာဉ်တို့နှင့် ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏ ကောင်းချီးတို့ကိုပေါင်းစပ်ကာ ကာကွယ်ထားခဲ့သည်။
ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်တွင် ဘိုးဘေးနဂါးကိုသုံးလျက် ကောင်းချီးကိုဖိနှိပ်ပြီး ဘိုးဘေးနဂါးသွေးကြောအဖြစ် ပြောင်းလဲခဲ့သည်။
အချိန်ဟာ ရေစီးကြောင်းများအလားပင်။
မျက်စိတစ်မှိတ်အတွင်းမှာ နှစ်တစ်သန်းကုန်ဆုံးသွားခဲ့သည်။
ကမ္ဘာဦးနတ်ဆိုးဂိုဏ်း။
ကောင်းကင်ဉာဏ်အလင်းမြင့်မြတ်တောင်ထိပ်တွင်
ကောင်းကင်ဉာဏ်အလင်းခန်းမ။
ချီမင်သီးသန့်ကျင့်ကြံနေသည့်အခန်းထဲတွင်။
မသိလိုက်စွာဖြင့် ချီမင်သည် ဒီနေရာမှာပဲ နှစ်တစ်သန်းလောက် ကုန်ဆုံးခဲ့သည်။ ကမ္ဘာကြီးက ပြောင်းလဲသွားခဲ့သည်။ အထက်ကမ္ဘာ၏အင်မော်တယ်များအတွက် အချိန်၏သဘောသဘာဝက မှုန်ဝါးလျက်ရှိဟန်ရသည်။
အင်မော်တယ်များက ကမ္ဘာကြီးနှင့်အတူ ရှည်ကြာစွာတည်ရှိနေခဲ့တာဖြစ်သည်။
ထို့ပြင်...
ချီမင်သည် မဟာတာအိုဆန်းကြယ်အင်မော်တယ်ဖြစ်သည်။ သူက ဖျက်ဆီး၍မရနိုင်သောအင်မော်တယ်ပေ။ သူ့ကို ကောင်းကင်နှင့်မြေကြီးမဟာတာအိုမှ ကာကွယ်ပေးထားပြီး အသင်္ချေကမ္ဘာများတွင် သူက အချုပ်နှောင်ကင်းမဲ့သည်။
ဒီတစ်ကြိမ်တော့ ချီမင်သည် နှစ်တစ်သန်းကြာ တံခါးပိတ်သီးသန့်ကျင့်ကြံခဲ့သည်။
ယင်းက ချီမင် ကျင့်ကြံခြင်းကမ္ဘာကိုရောက်ရှိလာတည်းက တံခါးပိတ်ကျင့်ကြံခဲ့သည့် အကြာဆုံးအချိန်ဖြစ်သည်။ ပြင်ပကမ္ဘာမှ အပြောင်းအလဲများက မသေးငယ်ပေ။သို့ပေမဲ့ ချီမင်ကတော့ အာရုံမထားပေ။
ထို့ပြင် နှစ်တစ်သန်းကြာသွားခဲ့ပေမဲ့ ခေတ်ကာလကပ်ဘေးဒုက္ခကတော့ ဆင်းသက်မလာသေးပေ။ သို့ပါသော်လည်း ကိုးပြည်နယ်တွင် ကိစ္စပေါင်းများစွာဖြစ်ပေါ်ခဲ့ပြီး ပိုပြီး ဖရိုဖရဲဖြစ်လာခဲ့သည်။
ခေတ်ကာလကပ်ဘေးဒုက္ခဘယ်အချိန်ဆင်းသက်လာမလဲဆိုတာ ဘယ်သူမှမသိပေ။
တကယ်တော့ ချီမင်က အံ့ဖွယ်စွမ်းအားသုံးပြီးတွက်ချက်ခဲ့ဖူးသည်။ သူက စီနီယာအစ်မ လုချင်းယန်၊စုချင်းယင်၊ယွမ်ဖုန်း၊ယန်လီနှင့်ရှောင်ဖန်းတို့၏အခြေအနေကို သိခဲ့ရသည်။
ပထမဆုံး ယန်လီ၊ရှောင်ဖန်းနှင့်ကောင်းကင်အရှင်ယင်းတို့က ပြည်နယ်ကိုးလောကကိုပဲ တက်လှမ်းခဲ့တာဖြစ်ပြီး မတူညီသည့်အင်မော်တယ်ဂိုဏ်းများသို့ ဝင်ရောက်ခဲ့ကြသည်။ သူတို့၏လက်ရှိအင်အားက အလွန့်ကိုသာမန်ဆန်ပေသည်။ ဆန်းကြယ်အင်မော်တယ်အဆင့် သာရှိသေးသည်။
စုချင်းယင်၊လုချင်းယန်၊ယွမ်ဖုန်းနှင့်ကျန်သောသူများအတွက်မူ သူတို့က ပြည်နယ်ကိုးလောကသို့မတက်လှမ်းခဲ့ပေ။ သူတို့က ပထမအထက်ကမ္ဘာ၏အခြားသောဒေသများသို့ တက်လှမ်းခဲ့ကြသည်။
ပထမအထက်ကမ္ဘာတွင် လောကသုံးထောင်ရှိသည်။ ပြည်နယ်ကိုးလောကသည် သူတို့မှတစ်ခုသာဖြစ်သည်။
ချီမင်က ယန်လီတို့ကိုရှာဖို့အစီစဉ်မရှိပေ။ သူရှာတွေ့ရင်တောင် သူတို့က သူကိုမကူညီပေးနိုင်ပေ။
သူက ပြန်ပြီးကာကွယ်ပေးနေရဦးမည်ဖြစ်သည်။
သူတို့တွင်လည်း ကိုယ်ပိုင်ကံကြမ္မာရှိပေသည်။
လုချင်းယန်တို့ကတော့ ပထမအထက်ကမ္ဘာ၏အခြားသောလောကများတွင်ဖြစ်သည်။ ချီမင်က သူတို့၏အခြေနေအတိအကျကို မတွက်ချက်နိုင်ပေ။ သူကရှာချင်ရင်တောင် အင်မတန်ခက်ခဲပေသည်။
သူက သဘာဝအတိုင်းသာထားလိုက်တော့သည်။
"ငါတို့ အနာဂတ်မှာထပ်တွေ့ချင်တွေ့ကြမှာပါ။" ချီမင် ကခဏလောက်တွေးမိသွားသည်။
တစ်လအကြာမှာ။
ယနေ့နေ့လည်ခင်းမှာတော့။
ချီမင်က သူ၏ခန္ဓာကိုယ်ထဲမှ မဟာတာအိုအင်မော်တယ်ဝင်ပေါက်ပွင့်သွားသည်ကို ခံစားလိုက်ရသည်။ မဟာတာအိုအင်မော်တယ်ဝင်ပေါက်တိုင်းမှာ ကမ္ဘာတစ်ခုအဖြစ်ပြောင်းလဲသွားပြီး မဟာတာအိုသာလွန်သူတစ်ဦးသိပ်သည်းပေးသည်။ သူတို့က သက်ဆိုင်ရာအံ့ဖွယ်စွမ်းအားဖြင့်ပေါင်းစပ်ပြီးလျှင် မဟာတာအိုသာလွန်သူတိုင်းက ချီမင်နှင့်တူညီလုနီးပါးအင်အားမျိုးရှိသည်။
အတော်လေး ကြောက်မက်ဖွယ်ကောင်းသည်။
တင်း!
"ဂုဏ်ပြုပါတယ်လက်ခံသူ။ "ဖရိုဖရဲမဟာတာအိုကျမ်း:ဆန်းကြယ်အင်မော်တယ်အပိုင်းကို အဆတစ်ရာထရီလီယန်မြှင့်တင်မှုအောက်တွင် နှစ်တစ်သန်းကြာကျင့်ကြံခဲ့ပါတယ်။ မဟာတာအိုအင်မော်တယ်ဝင်ပေါက်ပေါင်း (၁၁၇၈၁)ကို အောင်မြင်စွာတည်ထောင်နိုင်ခဲ့ပြီး မတူညီသည့်အံ့ဖွယ်စွမ်းအား(၁၁၇၈၁)ကို ပေါင်းစပ်ပြီး မဟာတာအိုသာလွန်သူပေါင်း(၁၁၇၈၁)ကို သိပ်သည်းနိုင်ခဲ့ပါတယ်။"
"မဟာတာအိုအင်မော်တယ်ဝင်ပေါက်ပေါင်း(၁၁၇၈၁)ကိုအောင်မြင်စွာပေါင်းစပ်နိုင်ခဲ့ပါတယ်။ ဓမ္မစွမ်းအားများသိပ်သည်းသွားပြီး ကောင်းကင်နှင့်မြေကြီးမဟာတာအို၏လျှို့ဝှက်ဆန်းကြယ်မှုများမှာ ပြောင်းလဲသွားခဲ့ပါတယ်။ သင်က ဆန်းကြယ်အင်မော်တယ်အလယ်ပိုင်းအဆင့်သို့ အောင်မြင်စွာချိုးဖြတ်သွားခဲ့ပါပြီ။"
အသိပေးချက်တစ်ခုပေါ်လာသည်။
ချီမင်၏ခန္ဓာကိုယ်က လှုပ်ခါသွားသည်။ သူ့ခန္ဓာကိုယ်ထဲတွင် မဟာတာအိုအင်မော်တယ်ဝင်ပေါက်(၁၁၇၈၁)ပွင့်သွားသည်။ ကောင်းကင်နှင့်မြေကြီးကိုတောင်လှုပ်ခါသွားစေသည့် စွမ်းအားကြီးအရှိန်အဝါထွက်ပေါ်လာပြီး တဂျိန်းဂျိန်းမြည်သံများထွက်ပေါ်လာသည်။
တာအိုတေးသံများထွက်ပေါ်လာပြီး စာလုံးများလင်းလက် တောက်ပလာသည်။ ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စွမ်းအားက ချီမင်၏ခန္ဓာကိုယ်ထဲသို့ပေါင်းစပ်သွားသောကြောင့် သူ၏အရှိန်အဝါကို ပို၍သန်မာသွားစေသည်။
ဤတစ်ကြိမ်တော့ ချီမင်က ထူးခြားဖြစ်စဉ်များကို ဖုံးမနေတော့ပေ။
ကောင်းကင်ဉာဏ်အလင်းမြင့်မြတ်တောင်တွင် ရုတ်ရုတ်သဲသဲဖြစ်လာသောကြောင့် ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏မျိုးနွယ်သခင်များ၊အကြီးအကဲများနှင့်တပည့်များ၏အာရုံကို ဆွဲဆောင်သွားတော့၏။
သူတို့က ကြည့်နေခဲ့ကြသည်။
"ပြောပြလို့ရတဲ့ တာအိုဟာထာဝရတာအိုမဟုတ်ဘူး..."
"အမည်ပေးလို့ရတဲ့ နာမည်ဟာ ထာဝရနာမည်မဟုတ်ဘူး။"
“…”
ထူးခြားဖြစ်စဉ်က စတင်လာခဲ့သည်။
မဟာတာအိုသာလွန်သူများက မတူညီသည့်အံ့ဖွယ်စွမ်းအားဓမ္မရုပ်တုများ အဖြစ် တစ်ခုပြီးတစ်ခုပေါ်လာခဲ့သည်။ တာအိုကျမ်းများနှင့်ဆက်စပ်သော ကောင်းကင်နှင့်မြေကြီးအမှန်တရားများသည် အရပ်မျက်နှာအနှံ့တွင် ပဲ့တင်ထပ်လာခဲ့သည်။
စုစုပေါင်း အံ့ဖွယ်စွမ်းအားဓမ္မရုပ်တုပေါင်း(၁၁၇၈၁)ရှိသည်။
ကမ္ဘာကြီးထဲတွင် ပြည့်နှက်သွားခဲ့သည့်အလားပင်။
"ဒါ...ဒါ...ဒါကြီးက"
"ဘုရားရေ။"
"ကြောက်ဖို့ကောင်းလိုက်တာ။ ကမ္ဘာကြီးတောင် လှုပ်ခါသွားတယ်။ ခမ်းနားလိုက်တာ။"
"တာအိုကျင့်ကြံသူတစ်ဦးရဲ့စွမ်းအားဆိုတာလား။"
"အရမ်းအားကောင်းတယ်။"
မျိုးနွယ်သခင်များက တည်တည်ငြိမ်ငြိမ်မနေနိုင်တော့ပေ။
"မျိုးနွယ်သခင်။ မျိုးနွယ်သခင်။"
"ကျင့်ကြံခြင်းအဆင့်တိုးတက်လာခြင်းအတွက် မျိုးနွယ်သခင်ကိုဂုဏ်ပြုပါတယ်။"
"ကောင်းကင်ဉာဏ်အလင်းမျိုးနွယ်မှာကောင်းကင်စက်ဝန်းကြယ်ရဲ့ ကောင်းချီးတွေရှိတာပဲ။ မျိုးနွယ်သခင်က လေးစားထိုက်ပါတယ်။"
“…”
ကောင်းကင်ဉာဏ်အလင်းမြင့်မြတ်တောင်။
ကောင်းကင်ဉာဏ်အလင်းမျိုးနွယ်၏အကြီးအကဲများ၊နည်းပြများနှင့်တပည့်များက ကောင်းကင်မော့ကာ ချီမင်၏အရှိန်အဝါကို ကြည့်နေခဲ့သည်။ သူတို့က အရိုအသေပြုနေကြသည်။