ထပ်မံ အဆင့်ချိုးဖြတ်ခြင်း ဆန်းကြယ်အင်မော်တယ်နှောင်းပိုင်းအဆင့်
Vol. 24 Ch. 360
အခုကစပြီး ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်သည် အင်မော်တယ်မင်းဆက် ပြည်နယ်၊အနောက်နွား ပြည်နယ်၊တောင်ဘက်ရှုမြင် ပြည်နယ်၊မြောက်ပိုင်း ပြည်နယ်နှင့် တိမ်မိုးကြိုးပြည်နယ်တို့ကိုသာ အမှန်တကယ်ထိန်းချုပ်နိုင်တော့သည်။ သို့ပါသော်လည်း ထိုပြည်နယ်ငါးခုကို အခြားအဖွဲ့အစည်းသုံးခုက လျှို့ဝှက်စွာဖြင့် စိမ့်ဝင်နေကြသည်။
ဥပမာအနေဖြင့် ကမ္ဘာဦးနတ်ဆိုးဂိုဏ်းဖြစ်သည်။
လွန်ခဲ့တဲနှစ်တစ်သန်းက မျိုးနွယ်သခင်များက အကြီးအကဲများနှင့်တပည့်များကို ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏ပြည်နယ်များသို့ တဖြည်းဖြည်းစိမ့်ဝင်စေခဲ့သည်။တချို့အဖွဲ့အစည်းများကို ချစားပျက်စီးစေကာ သွေးထိုးလှု့ဆော်ပေးခဲ့သည်။
ပြည်နယ်ကိုးလောကသည် အခုတော့ ငြိမ်သက်နေဟန်ရသည်။ မုန်တိုင်းမလာမီလေပြေအရင်လာနေခြင်းဖြစ်သည်။ကြီးမားသည့်တိုက်ပွဲလည်းမရှိသလို ဆူပူသောင်းကြမ်းမှုလည်းမရှိပေ။ အရာရာတိုင်းကတော့ အစပျိုးနေခဲ့ပေပြီ။
အခွင့်အရေးပေါ်လာတာနဲ့ စစ်ပွဲစတင်ဖို့ အချိန်ဖြစ်ပေလိမ့်မည်။
ခေတ်ကာလကပ်ဘေးဒုက္ခသာ တကေယ်ကြီးသက်ဆင်းလာခဲ့ရင် ဘယ်အင်မော်တယ်မှ မလွတ်မြောက်နိုင်ပေ။ သူတို့က မြင့်တက်လာသည့်ကမ္မ၊ကပ်ဘေးဒုက္ခနှင့်ကောင်းချီးတို့တွင် ပါဝင်လာရပေလိမ့်မည်။ သတိမထားမိရင် အထက်ကမ္ဘာအင်မော်တယ်ဘုရင်တစ်ပါးတောင် ပြာကျသွားပေနိုင်သည်။
အရာအာလုံးက ကမ္ဘာကြီးဆီသို့ ပြန်ရောက်သွားပေလိမ့်မည်။
"အဟွတ် ဟွတ်"
မိစ္ဆာနတ်ဆိုးမျိုးနွယ်သခင်က ချောင်းအသာဟန့်ကာ ချီမင်ကို အပြုံးတစ်ခုနှင့်ကြည့်လိုက်သည်။"စီနီယာအစ်ကိုချီ ပြောရမယ်ဆိုရင် မကြာသေးခင်တုန်းကပဲ ကိစ္စကြီးတစ်ခုဖြစ်ထားတယ်။"
"ကြည့်ရတာ တာအိုဂိုဏ်းကလာတဲ့ သတင်းထင်တယ်။ တာအိုဂိုဏ်းမှာ တာအိုကျင့်ကြံသူတစ်ဦးပေါ်လာတယ်။ ပြီးတော့ အဲ့ဒီ့တာအိုကျင့်ကြံသူက မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်ပဲ။"
"ငါ မထင်ထားဘူး။"
"ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်က ဒီကိစ္စကိုအမှန်တကယ်ကြီး ရှာတွေ့သွားခဲ့တယ်။ အဲ့ဒါကြောင့် အခုတာအိဂိုဏ်းက ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ရဲ့ အာရုံအစိုက်ထားဆုံးနေရာဖြစ်နေတယ်။"
"ပြီးတော့..."
"ဒီနှစ်တစ်သန်းအတွင်းမှာ ကျွန်တော်တို့ နတ်ဆိုးဂိုဏ်းလည်း အကြီးအကဲတွေ တပည့်တွေ စေလွှတ်ခဲ့တယ်။ အတော်များများက သေသွားပေမဲ့ ပြည်နယ်တွေမှာ သူတို့ရဲ့အခြေခံအုတ်မြစ်တွေကို တည်ထောင်ခဲ့တယ်။"
ချီမင် ကခဏလောက်တွေးမိသွားသည်။ "တာအိုဂိုဏ်းဘက်မှာ ဒုတိယမြောက်တာအိုကျင့်ကြံသူတစ်ဦးပေါ်လာတာလား။ စိတ်ဝင်စားဖို့ကောင်းလာပြီ။ အသင်္ချေမျိုးနွယ်မဟာမိတ်ဘက်က အခြေအနေကို ဘယ်လိုတွေးထားတုန်း။"
တာအိုဂိုဏ်း၏ကျင့်ကြံသူက ရှာတွေ့မခံရသည့်အကြောင်းအရင်းက ချီမင်ကြောင့်ပေ။ ချီမင်၏ပေါ်လာမှုက ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ်ကို ဆုံးဖြတ်ချက်အမှား လုပ်မိစေတယ်။
ချီမင်က မဟာတာအိုကျင့်ကြံသူဖြစ်သည်။
"ဒါက..."
"အသင်္ချေမျိုးနွယ်မဟာမိတ်ဘက်က အခြေအနေကိုတော့ မသိရသေးပါဘူး။"
"ဟုတ်တယ်။"
"ခေါင်းကိုးလုံးဖီးနစ်မျိုးနွယ်ဘက် ထူးခြားတယ်။ သူတို့နောက်မှာ ပဥ္စမအထက်ကမ္ဘာရဲ့ ခြေရာလက်ရာတွေကို တွေ့နေရတယ်။ အရင်တုန်းက တာအိုခြောက်ပါးကောင်းကင်အရှင်က ပဥ္စမအထက်ကမ္ဘာကို ဝင်ပြီး ဘိုးဘေးနဂါးတစ်ကောင်ကို အမဲလိုက်ဖူးတယ်။ သူက ပဥ္စမအထက်ကမ္ဘာက အဖွဲ့အစည်းကို စော်ကားခဲ့မိမှာပဲ။"
"ဟုတ်တယ်။"
မျိုးနွယ်သခင်များက တညီတညွှတ်တည်းပြော၏။
"တာအိုဂိုဏ်းမှာသာ တာအိုကျင့်ကြံသူတစ်ဦးတကယ်ရှိရင် ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်က သူတို့ကိုဘယ်လိုဖြေရှင်းဖို့ စီစဉ်ထားတုန်း။"
"ကျွန်တော်လည်း မသေချာသေးပါဘူး။"
"တာအိုဂိုဏ်းတည်ရှိလာတာ တော်တော်ကြာပြီ။ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ထက်တောင် ပိုပြီးရှည်တယ်။ သူရဲ့အခြေခံက အတော်လေးနက်ရှိုင်းတယ်။ တာအိုခြောက်ပါးကောင်းကင်အရှင်နဲ့ယှဉ်နိုင်တဲ့သူမပေါ်လာလို့သာ။ သူတို့က ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်အနေနဲ့ ပေါ့ပေါ့တန်တန်ထိန်းချုပ်လို့ရတဲ့ ဂိုဏ်းမျိုးမဟုတ်ဘူး။"
"တာအိုဂိုဏ်းက တာအိုကျင့်ကြံသူတစ်ဦးကို ခက်ခက်ခဲခဲပျိုးထောင်ပေးခဲ့ရတာ။ ပြီးတော့ သူက မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့်ကိုရောက်နေပြီ။ သူတို့က ဘယ်လို လွယ်လွယ်လက်လျှော့မလဲ။"
"ကျွန်တော်ထင်သလောက်ဆို တိုက်ပွဲက ရှောင်လွှဲလို့မရတော့ဘူး။ အချိန်တစ်ခုပဲလိုတော့တယ်။"
"ဒါပေမဲ့ တိုက်ပွဲသာစလာရင် ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ရဲ့အစီအစဉ်အပေါ် မူတည်တယ်။ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်နဲ့တာအိုဂိုဏ်းသာတကယ်တိုက်ခိုက်ရင် ကျွန်တော်တို့ ကမ္ဘာဦးနတ်ဆိုးဂိုဏ်းက အကျိုးအမြတ်ရနိုင်တယ်။ဒါမှမဟုတ် သူတို့ကိုကိုင်တွယ်ဖို့ နည်းကို သိနိုင်တယ်။"
"ကျွန်တော်တို့ အသေးစိတ်တချို့ ဆွေးနွေးရဦးမယ်။"
မျိုးနွယ်သခင်များက ဆွေးနွေးနေကြသည်။
ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ကို ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနှင့်အသင်္ချေမျိုးနွယ်မဟာမိတ်တို့က လည်း စိုးရိမ်ရပေသည်။ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ကသာ တာအိုဂိုဏ်း အမှန်တကယ်ဖိနှိပ်လာခဲ့ပါက ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနှင့်အသင်္ချေမျိုးနွယ်မဟာမိတ်တို့က ပွဲကြည့်ရုံတင်မဟုတ်တော့ဘဲ ကျိန်းသေပေါက် ဝင်ရောက်နှောင့်ယှက်ရပေတော့မည်။
အချိန်ကုန်ဆုံးသွားသည်။
နောက်ပိုင်းအချိန်တွေမှာ တာအိုဂိုဏ်းမဟာမိတ်နှင့်ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်တွင် များစွာသောအသေးစားပဋိပက္ခလေးများရှိလာခဲ့သည်။ နှစ်ဖက်လုံးက ဆုံးရှုံမှုတချို့ကို ကြုံတွေ့ခဲ့ရပေမဲ့ သူတို့က တစ်လှမ်းဆုတ်ပေးနေဆဲဖြစ်ကာအမှန်တကယ်မတိုက်ခိုက်သေးပေ။
နှစ်(၁၀၀၀၀၀၀)ကြာသွားခဲ့သည်။
ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်က နောက်ဆုံးတော့ ပြန်မဆုတ်တော့ပေ။ သိသာစွာဖြင့် သူတို့က တာအိုဂိုဏ်း၏တာအိုကျင့်ကြံသူကြီးထွားလာမည်ကို စိုးရိမ်လာခဲ့သည်။ ထို့ပြင် တာအိုဂိုဏ်းကလည်း ညှိနှိုင်းရန်ဆန္ဒမရှိပေ။
ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်က သီးသန့်နေရာများဟူ၍မရှိတော့ပေ။ အင်မော်တယ်မင်းဆက်၏အကြီးအကဲကိုးပါးက ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်စစ်တပ်ကို ဦးဆောင်ခဲ့သည်။ အင်မော်တယ်မင်းဆက်၏အဖွဲ့အစည်းများက အင်အားများပေါင်းစည်းကာ အရှေ့ပိုင်းအံ့ဖွယ်အောင်ခြင်းပြည်နယ်ကိုတိုက်ခိုက်ခဲ့သည်။
အသေအကြေတိုက်ခိုက်ကြည့်မည် စစ်ပွဲပင်။
အရေအတွက်အင်မတန်များပြားသည့် အင်မော်တယ်စစ်ပွဲကြီး ဖြစ်ပွားလာခဲ့သည်။
မရေမတွက်နိုင်လောက်သော အင်မော်တယ်များ ပြီးပြည့်စုံခြင်းအင်မော်တယ်၊ဆန်းကြယ်အင်မော်တယ်၊မဟာဆန်းကြယ်အင်မော်တယ်၊မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်နှင့် အင်မော်တယ်ဘုရင်များတောင် ထိုကြီးမားသည့်အင်မော်တယ်တိုက်ပွဲကြီးတွင် ပါဝင်ခဲ့သည်။
သေချာတာကတော့ ထိုတိုက်ပွဲစတင်သည်နှင့် ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနှင့်အသင်္ချေမျိုးနွယ်မဟာမိတ်တို့က ထိုင်နေပြီး ဘာမှမလုပ်ဘဲ မနေနိုင်ပေ။ သူတို့က နည်းလမ်းအမျိုးမျိုးဖြင့် တာအိုဂိုဏ်းကိုထောက်ပံ့ပြီး ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏စွမ်းအားကို အဆက်မပြတ်လျှော့ချနေခဲ့ကြသည်။
ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနှင့်အသင်္ချေမျိုးနွယ်မဟာမိတ်က ကိုယ်တိုင်ဝင်ရောက်မတိုက်ခိုက်ပေ။ သူတို့က တာအိုဂိုဏ်းကိုနောက်ကွယ်ကနေထောက်ပံ့ကာ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏အင်အားကို လျှော့ချနေခဲ့သည်။
တစ်ချိန်တည်းမှာ ယင်းက တာအိုဂိုဏ်း၏အင်အားကိုလည်း ယုတ်လျော့စေသည်။
အင်မော်တယ်စစ်ပွဲက အတော်လေးရှည်ကြာသွားခဲ့သည်။ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်က သိသာသည့်တိုးတက်မှုမျိုးမရခဲ့သလို တာအိုဂိုဏ်းကိုလည်း မဖျက်ဆီးနိုင်ခဲ့ပေ။
တာအိုဂိုဏ်းတွင် တာအိုခြောက်ပါးကောင်းကင်အရှင်ကဲ့သို့ဖြစ်တည်မှုမျိုးမရှိပေမဲ့ ထိုတာအိုခြောက်ပါးကောင်းကင်အရှင်ကလည်း ပြည်နယ်ကိုးလောကမှ ထွက်သွားတာကြာပြီဖြစ်သည်။ ထို့ကြောင့် ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်တွင် အရှင်နယ်ပယ်ကသူမရှိတော့ပေ။
ထို့ပြင်...
တာအိုဂိုဏ်း၏အခြေခံက အတော်လေးနက်ရှိုင်းပေသည်။ တည်ရှိလာတာကြာပြီဖြစ်သလို မရေမတွက်နိုင်သောမြေခွေးအိုကြီးများက တာအိုဂိုဏ်း၏တားမြစ်နယ်မြေထဲတွင် သူတို့ကိုယ်သူတို့ ချိတ်ပိတ်ထားကြသည်။
လွန်ခဲ့သည့်နှစ်သန်းတစ်ထောင်လောက်က တာအိုဂိုဏ်းသည် ဂိုဏ်း၏စွမ်းအားကိုသုံးကာ မွေးရာပါစိတ်ဝိညာဉ်ပစ္စည်း ကိုးနဝင်းထာဝရသဲကို သုံးကာ ကောင်းကင်တာအိုတစ်ဝက်ရတနာ မွေးရာပါပါ့ကွားကားချပ်ကို ဖန်တီးခဲ့သည်။
စည်းမျဉ်းကျင့်ကြံသည့်အထက်ကမ္ဘာအင်မော်တယ်ဘုရင်၏အကူအညီဖြင့် တာအိုကျင့်ကြံသူက ကောင်းကင်တာအိုစွမ်းအားကိုသိပ်သည်းကာ မွေးရာပါပါ့ကွားကားချပ်ကို ပြီးပြည့်စုံစေခဲ့သည်။
တာအိုဂိုဏ်းက နောက်ဆုံးတော့ ကောင်းကင်တာအိုရတနာ:မွေးရာပါပါ့ကွားကားချပ်ကို ပိုင်ဆိုင်ခဲ့သည်။
တာအိုခြောက်ပါးကောင်းကင်အရှင်ပြန်လာပြီးကိုယ်တိုင်တိုက်ခိုက်မှသာ ကောင်းကင်တာအိုရတနာ:မွေးရာပါပါ့ကွားကားချပ်ကိုပိုင်ထားသည့် တာအိုဂိုဏ်းမဟာမိတ်ကို ဖျက်ဆီးနိုင်ပေမည်။
အချိန်ကုန်ဆုံးသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာ နောက်ထပ်နှစ်တစ်သန်းကြာသွားသည်။
ချီမင်က ထိုကြောက်မက်ဖွယ်ကောင်းသည့်အင်မော်တယ်စစ်ပွဲထဲသို့ ကိုယ်တိုင်တော့မပါသေးချေ။ သူက ကောင်းကင်ဉာဏ်အလင်းမျိုးနွယ်၏အကြီးအကဲများနှင့်တပည့်များကိုသာ ပါဝင်ဖို့လွှတ်လိုက်သည်။
နှစ်နှစ်သန်းကြာသွားခဲ့သည်။
ကောင်းကင်ဉာဏ်အလင်းမျိုးနွယ်၏တာအိုကလေးများ တစ်နည်းအားဖြင့် ချိုက်ယွင်ဖုန်း၊ယွီယွင်နှင့် စုဟောက်တို့က မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်များဖြစ်လာခဲ့ကြတာ ကြာပြီဖြစ်သည်။သို့ပေမဲ့ အထက်ကမ္ဘာအင်မော်တယ်ဘုရင်တော့ မဖြစ်လာသေးပေ။
စုဟောက်တို့၏ကျင့်ကြံခြင်းအဆင့်ချိုးဖြတ်နှုန်းက ချီမင်ထက်မြန်ပေမဲ့ သူတို့က ချီမင်၏တိုက်ကွက်တစ်ချက်ကိုတောင် မခုခံနိုင်ပေ။
ချီမင်၏ကျင့်ကြံခြင်းအဆင့်ချိုးဖြတ်နှုန်းက မမြန်ပေ။
စုဟောက်တို့နှင့်ယှဉ်ပါက အတော်လေးနှေးသည်ဟု ဆိုရမည်။
ကောင်းကင်နှင့်မြေကြီးမဟာတာအိုကိုနားလည်ဆင်ခြင်ခြင်းက အတော်လေးခက်ခဲပေသည်။ အလိုအလျောက်ကျင့်ကြံခြင်းစနစ်၏အကူအညီဖြင့်ဆိုရင်တောင် ခဏလေးနဲ့ရဖို့ မဖြစ်နိုင်ပေ။ အချိန်များစွာ လိုအပ်ပါ၏။
အရှေ့ပိုင်းအံ့ဖွယ်အောင်ခြင်းပြည်နယ်။
ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်နှင့်တာအိုဂိုဏ်းကြားမှ တိုက်ပွဲက နှစ်တစ်သန်းတိတိကြာခဲ့တာတောင် အနိုင်ရရှိသူမပေါ်သေးပေ။ သို့ပါသော်လည်း တာအိုဂိုဏ်း၏တာအိုကျင့်ကြံသူကတော့ လျှို့ဝှက်ဆန်းကြယ်စွာဖြင့်ပျောက်ကွယ်သွားခဲ့သည်။
လွန်ခဲ့သည့်နှစ်တစ်ထောင်က သူသီးသန့်ကျင့်ကြံနေသည့်နေရာမှပဲ အကြောင်းပြချက်တချို့ကြောင့် ရုတ်တရက်ကြီးပျောက်ကွယ်သွားသည်။ သဲလွန်စလေးတောင် မကျန်ခဲ့ပေ။
မယုံနိုင်စရာကောင်းပေ၏။
တာအိုဂိုဏ်းတစ်ခုလုံးက မြေလှန်ရှာခဲ့ပေမဲ့ သူတို့ကတာအိုကျင့်ကြံသူ၏အခြေအနေကို မသိရသေးပေ။ အင်မော်တယ်မင်းဆက် ပြည်နယ်က သတင်းကိုအတည်ပြုပြီးနောက်မှာ သူတို့ကဆုတ်ခွာသွားခဲ့သည်။
နှစ်တစ်သန်းကြာဖြစ်ပွားခဲ့သည့်အင်မော်တယ်စစ်ပွဲက အရှေ့ပိုင်းအံ့ဖွယ်အောင်ခြင်းပြည်နယ်တစ်ခုလုံးကို အပေါက်များဖြင့်ပြည့်သွားစေခဲ့သည်။
ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေတွင်။
ကောင်းကင်ဉာဏ်အလင်းမြင့်မြတ်တောင်ထိပ်တွင်
ကောင်းကင်ဉာဏ်အလင်းခန်းမတွင်။
"ပျောက်နေတာလား။”
ချီမင်က ရှေ့တန်းမှသတင်းကို လက်ခံရလိုက်သည်။ သူ့မျက်နှာပေါ်တွင် အံ့ဩသည့်အမူအရာတစ်ခုပေါ်လာသည်။"တာအိုကျင့်ကြံသူတစ်ဦးပေါ်လာမယ်လို့ မထင်ထားခဲ့ဘူး။"
ချီမင်က တာအိုကျင့်ကြံသူ၏အခြေအနေအတိကျကို မသိရပေမဲ့ တစ်ဖက်ကတော့ ကောင်းကင်တာအိုကိုကျင့်ကြံပြီး မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့်ရောက်နေသည့်သူပင်။ သူ၏တိုက်ခိုက်ရေးစွမ်းအားဖြင့်ဆို စည်းမျဉ်းကျင့်ကြံသည့်အထက်ကမ္ဘာအင်မော်တယ်ဘုရင်ကိုတောင် ခုခံနိုင်ပေသည်။
ထိုကဲ့သိုသူမျိုးက လျှို့ဝှက်ဆန်းကြယ်စွာဖြင့်ပျောက်ကွယ်သွားခဲ့သည်။
ဖြစ်နိုင်ချေတစ်ခုသာရှိသည်။
၎င်းကို ကောင်းကင်အရှင်အဆင့်သာလုပ်နိုင်ပေသည်။
"ဒါက..."
ချီမင်က အသက်ပြင်းပြင်းရှုလိုက်သည်။"တာအိုခြောက်ပါးကောင်းကင်အရှင်ပြန်ရောက်လာတာလား။ တာအိုခြောက်ပါးကောင်းကင်အရှင်က တာအိုကျင့်ကြံသူကို ဖမ်းခေါ်သွားတာလား။"
"ဒီလိုသာဆို သတိထားဖို့လိုပြီ။"
"ပြီးတော့..."
"တာအိုခြောက်ပါးကောင်းကင်အရှင်ပြန်မလာရင်တောင် နောက်ခံမသိ သရုပ်မှန်မသိ ရည်ရွယ်ချက်မသိရတဲ့ အရှင်နယ်ပယ်တစ်ပါးက ပြည်နယ်ကိုးလောကမှာပေါ်လာတာလား။ ငါတို့ ပိုပြီးသတိထားဖို့လိုတယ်။"
"အင်အား..အင်အား"
ချီမင်က လက်သီးဆုပ်ကာ သူ့ကိုယ်ထဲက ပွင့်ပြီးသားမဟာတာအိုအင်မော်တယ်ဝင်ပေါက်ပေါင်း(၂၀၀၀၀၀)ကျော်ကိုခံစားလိုက်သည်။ သူအဆင့်ချိုးဖြတ်ဖို့ အချိန်တစ်ခုသာလိုတော့သည်။"ငါ ကျင့်ကြံခြင်းအဆင့်ကို မြန်နိုင်သမျှ မြန်မြန်မြှင့်ဖို့လိုတယ်။"
မျက်စိတစ်မှိတ်အတွင်းမှာ တစ်နှစ်ကြာသွားသည်။
ယနေ့နေ့လည်ခင်းမှာတော့။
တင်း!
"ဂုဏ်ပြုပါတယ်လက်ခံသူ။ "ဖရိုဖရဲမဟာတာအိုကျမ်း:ဆန်းကြယ်အင်မော်တယ်အပိုင်းကို အဆတစ်ရာထရီလီယန်မြှင့်တင်မှုအောက်တွင် နှစ်(၁၁၇၈၂၀၀))ကြာကျင့်ကြံခဲ့ပါတယ်။ မဟာတာအိုအင်မော်တယ်ဝင်ပေါက်(၁၁၇၈၂)ကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပါတယ်။ အံ့ဖွယ်စွမ်းအား(၁၁၇၈၂)နှင့်ပေါင်းစပ်နိုင်ခဲ့ပြီး မဟာတာအိုသာလွန်သူပေါင်း(၁၁၇၈၂)ကို သိပ်သည်းနိုင်ခဲ့ပါတယ်။"
"မဟာတာအိုအင်မော်တယ်ဝင်ပေါက်ပေါင်း(၁၁၇၈၂)ကိုအောင်မြင်စွာပေါင်းစပ်နိုင်ခဲ့ပါတယ်။ သင်ရဲ့ဓမ္မစွမ်းအားများစုစည်းလာကာ ကောင်းကင်နှင့်မြေကြီးမဟာတာအိုစစ်မှန်ရည်ရွယ်ချက်အဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ သင်က ဆန်းကြယ်အင်မော်တယ်နှောင်းပိုင်းအဆင့်သို့ အောင်မြင်စွာချိုးဖြတ်သွားခဲ့ပါပြီ။"
အသိပေးချက်တစ်ခုပေါ်လာသည်။
ချီမင်၏မျက်နှာပေါ်တွင် အင်မတန်သိသာသည့်အပြုံးတစ်ခုပေါ်လာသည်။
သူ့တစ်ကိုယ်လုံးက လှုပ်ခါသွားခဲ့သည်။ သူ့ကိုယ်ထဲတွင် အလင်းလုံးများ တစ်လုံးပြီးတစ်လုံးတောက်ပလာခဲ့သည်။ အလင်းလုံးတိုင်းက အတွင်းကမ္ဘာအဖြစ်ပြောင်းလဲထားသည့် မဟာတာအိုအင်မော်တယ်ဝင်ပေါက်များပါပေ။
အလင်းလုံးများက အမှတ်များအဖြစ်ပြောင်းလဲကာ မျဉ်းကြောင်းတစ်ခုအဖြစ်ဖွဲ့စည်းသွားတော့သည်။
ချီမင်၏အရှိန်အဝါများက မြင့်တက်လာပြီး ကောင်းကင်နှင့်မြေကြီးထူးခြားဖြစ်စဉ်များ ပေါ်လာပြန်တော့သည်။ အံ့ဖွယ်စွမ်းအားဓမ္မရုပ်တုများမှာ ကောင်းကင်နှင့်မြေကြီးတွင်ပြည့်နှက်သွားခဲ့ပြီး တာအိုကျမ်းများကိုရွတ်ဖတ်လျက် မိုးမြေ၏အမှန်တရားကို ရှင်းပြနေခဲ့သည်။
"ကောင်းကင်ဉာဏ်အလင်းမြင့်မြတ်တောင်ဘက်ကပဲ။"
"ဒါ...ဒါ...ဒါကြီးက"
"စီနီယာအစ်ကိုချီ" ထပ်ပြီး စီနီယာ အစ်ကိုချီပဲ။"
"မမှားနိုင်ဘူး။"
"နှစ်ပေါင်း(၁၁၇၈၂၀၀)ကြာပြီးတော့ စီနီယာအစ်ကိုချီက အဆင့်ချိုးဖြတ်သွားပြန်ပြီ။ ဒီတစ်ခါထူးခြားဖြစ်စဉ်ကလည်း ငါတို့ကို လန့်သွားစေပြန်တယ်။"
"ဂုဏ်ပြုပါတယ် စီနီယာအစ်ကိုချီ။"
"ဂုဏ်ပြုပါတယ် အရှင်ကောင်းကင်ဉာဏ်အလင်းမျိုးနွယ်သခင်.."
ချက်ချင်းဆိုသလိုပဲ ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏မျိုးနွယ်သခင်များ၊အကြီးအကဲများနှင့်တပည့်များမှာ ကောင်းကင်ဉာဏ်အလင်းမြင့်မြတ်တောင်ရှိသည့်ဘက်သို့ ဦးညွှတ်အရိုအသေပေးလာကြသည်။ သူတို့အသံများက လေးစားမှုများ ပြည့်နေခဲ့သည်။