← Chapters

နတ်ဆိုးဂိုဏ်းပြိုင်ပွဲ  အရှင်နယ်ပယ်  

Vol. 24 Ch. 356

နတ်ဆိုးဂိုဏ်းပြိုင်ပွဲ  အရှင်နယ်ပယ်  

Vol. 24 Ch. 356

ယနေ့မှာတော့ ကောင်းကင်ဉာဏ်အလင်းမြင့်မြတ်တောင်သို့ ဧည့်သည်တစ်ယောက်ရောက်လာသည်။ ချီမင်က ထိုသူနှင့်အတော်လေးရင်းနှီးသည်။ ထိုသူက ချီမင်ကို ကျန်းထိုက်ယွီ၏လက်ထဲမှ ကယ်တင်ပေးခဲ့သည့် ကောင်းကင်နတ်ဆိုးမျိုးနွယ်သခင်ဖြစ်သည်။

နှစ်တစ်ရက်ကြာပြီးနောက်မှာ ကောင်းကင်နတ်ဆိုးမျိုးနွယ်သခင်၏ဒဏ်ရာများက ပျောက်ကွယ်သွားတာကြာပြီဖြစ်သည်။သို့ပေမဲ့ သူ၏ခေါင်းပေါ်က ဦးချိုသည်တော့ ပြန်မကောင်းသေးပေ။ထာဝရဖြတ်တောက်ခံလိုက်ရသည့်အလားပင်။

ကောင်းကင်နတ်ဆိုးမျိုးနွယ်သခင်က ကောင်းကင်ဉာဏ်အလင်းမြင့်မြတ်တောင်ထိပ်မှ ကောင်းကင်ဉာဏ်အလင်းခန်းမရှေ့တွင် ရပ်နေသည်။ ကောင်းကင်ဉာဏ်အလင်းခန်းမရှေ့တွင် ဖြောင့်မတ်စွာရပ်နေသည့် ရုပ်တုနှစ်ရုပ်ရှိသည်။

၎င်းက ရွှေအင်မော်တယ်ရုပ်သေးများဖြစ်သည်။

ချီမင်သည် အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းကို ရှင်းလင်း၍ရထားပါသော ဆုလဒ်များဖြစ်သည်။

၎င်း၏တိုက်ခိုက်ရေးစွမ်းအားက ရွှေအင်မော်တယ်တစ်ပါးနှင့်ယှဉ်နိုင်သည်။

ချီမင်က တံခါးစောင့်အဖြစ်နေရာချထားခြင်းဖြစ်သည်။

"စီနီယာအစ်ကိုချီ"

ကောင်းကင်နတ်ဆိုးမျိုးနွယ်သခင်က အော်လိုက်သည်။"ဂျူနီယာညီလေးက ဒီနေရာကိုလာရောက်လည်ပတ်ပါတယ်။ ကျေးဇူးပြုပြီး တံခါးဖွင့်ပေးပါ။"

"အို ဒီတော့ ဂျူနီယာညီလေး ကောင်းကင်နတ်ဆိုးပဲ။"

ချီမင်၏အသံသည် အထဲမှပျံ့လွင့်လာခဲ့သည်။"ဝင်ခဲ့ပါ။"

တံခါးဖြည်းညင်းစွာပွင့်သွားပြီး ကျွီခနဲမြည်သွားသည်။ ကောင်းကင်နတ်ဆိုးမျိုးနွယ်သခင်သည် ဝင်သွားပြီး ကော်ရစ်ဒါလမ်းလေးအတိုင်းလျှောက်ဝင်လာခဲ့သည်။

"ကျေးဇူးပြုပြီး ဝင်ခဲ့ပါ။" ချီမင်၏အသံက ထွက်ပေါ်လာပြန်သည်။

"ဟုတ်။"

ကောင်းကင်နတ်ဆိုးမျိုးနွယ်သခင်က ခန်းမအတွင်းတံခါးကိုတွန်းဖွင့်ကာ အသက်ပြင်းပြင်းရှု၍ လျှောက်ဝင်လာလိုက်သည်။ သူက လစ်လပ်နေသည့် ခန်းမတစ်ခုလုံးကို မြင်လိုက်ရသည်။

ကောင်းကင်နတ်ဆိုးမျိုးနွယ်သခင်အပြင် ချီမင်တစ်ဦးတည်သာရှိသည်။

"စီနီယာအစ်ကိုချီ" ကောင်းကင်နတ်ဆိုးမျိုးနွယ်သခင်က လက်နှစ်ဖက်ကိုစုကာ ဦးညွှတ်လိုက်သည်။

"ဂျူနီယာညီလေးကောင်းကင်နတ်ဆိုး ယဉ်ကျေးနေဖို့ မလိုပါဘူး။" ချီမင်က ပြုံးလိုက်သည်။

"အဟွတ်.ဟွတ်။"ကောင်းကင်နတ်ဆိုးမျိုးနွယ်သခင်က ညင်သာစွာ ချောင်းဟန့်လိုက်သည်။"စီနီယာအစ်ကိုချီ တကယ်တော့ ကျွန်တော်ဒီကိုလာတာ ပြောစရာရှိလို့ပါ။ နတ်ဆိုးဂိုဏ်းပြိုင်ပွဲ စတင်ဖို့ တစ်နှစ်ကျန်ပါသေးတယ်။"

"နတ်ဆိုးဂိုဏ်းပြိုင်ပွဲလား။" ချီမင်က ကောင်းကင်နတ်ဆိုးမျိုးနွယ်သခင်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

ကောင်းကင်နတ်ဆိုးမျိုးနွယ်သခင်က ခေါင်းအသာညိတ်ကာ ဆက်ပြောသည်။"နတ်ဆိုးဂိုဏ်းပြိုင်ပွဲက  ကမ္ဘာဦးနတ်ဆိုးဂိုဏ်းမှာတော့ ခမ်းနားကြီးကျယ်တဲ့ပြိုင်ပွဲတစ်ခုပါ။ မူလအစ(နှစ်ပေါင်း၁၂၉၆၀၀)တိုင်း တစ်ခါကျင်းပပြုလုပ်ပါတယ်။"

"အတိတ်မှာတုန်းက..."

"မျိုးနွယ်(၁၀၈)ခုရဲ့အသန်မာဆုံးတပည့်တွေက ပါဝင်ပြီး နောက်ဆုံးအနိုင်ရသူအတွက် ယှဉ်ပြိုင်ရတယ်။ ဆုလဒ်ကလည်း များတယ်။ကျင့်ကြံခြင်းနည်းစနစ်တွေ ၊အံ့ဖွယ်စွမ်းအားတွေ၊ အင်မော်တယ်ရတနာတွေ၊ အင်မော်တယ်ဆေးလုံးတွေအပြင် ပါရမီသာလုံလောက်ရင် ဂိုဏ်းချုပ်ရဲ့ တာအိုဟောကြားတာကိုတောင် နားထောင်နိုင်တယ်။"

ချီမင်က ပြောလိုက်သည်။"အဲ့တော့ မင်းက ကောင်းကင်ဉာဏ်အလင်းမျိုးနွယ်ကို နတ်ဆိုးဂိုဏ်းပြိုင်ပွဲမှာ ပါဝင်စေချင်တာလား။"

"ဟုတ်ပါတယ်။"

ကောင်းကင်နတ်ဆိုးမျိုးနွယ်သခင်က ပြောသည်။"ချက်ကျလက်ကျပြောရမယ်ဆိုရင် စီနီယာအစ်ကိုချီရဲ့မျိုးနွယ်က တည်ထောင်ထားတာ နှစ်တစ်ရာပဲ ရှိသေးတယ်။ ကောင်းကင်ဉာဏ်အလင်းမျိုးနွယ်ကို ဝင်ပြိုင်ပွဲဖို့ ဖိတ်ခေါ်ဖို့ထိတော့ မလိုသေးပါဘူး။"

"ဒါပေမဲ့"

"နှစ်တစ်ရာပဲရှိသေးတာ။"

"စီနီယာအစ်ကိုချီက ကောင်းကင်ဉာဏ်အလင်းမျိုးနွယ်ကို ဒီအတိုင်းအတာလောက်ထိတောင် တိုးတက်အောင်လုပ်ပြီးပြီ။ တခြားမျိုးနွယ်(၁၀၈)ခုနဲ့ ယှဉ်လို့တောင် ရနေပြီ။ အဲ့ဒါက ကျွန်တော်တို့မျိုးနွယ်အသီးသီးရဲ့သခင်တွေကို ထိတ်လန့်သွားစေတယ်။"

"ကျွန်တော်တို့ အတော့်ကို အထင်ကြီးမိပါတယ်။"

"အဲ့ဒါကြောင့်လည်း ကျွန်တော်တို့က ကောင်းကင်ဉာဏ်အလင်းမျိုးနွယ်ကို ဝင်ပြိုင်ဖို့ ဖိတ်ခေါ်ရတာပါ။"

"သေချာတာတစ်ခုက စီနီယာအစ်ကိုချီ အဆင်ပြေမှ ဝင်ပြိုင်ပါ။"

"မြေနီမှုန့်" ချီမင်ခဏလောက်စဉ်းစားက လှမ်းခေါ်လိုက်သည်။

အလင်းတစ်ချက်လက်သွားသည်။

"မျိုးနွယ်သခင်ကို အရိုအသေပြုပါတယ်။"

နတ်ဆိုးဗုဒ္ဓမြေနီမှုန့်သည် လေထုထဲ၌ပေါ်လာတော့သည်။ သူက လက်နှစ်ဖက်ကိုစုကာ ချီမင်ကိုအရိုအသေပြုလိုက်သည်။ ချီမင်က ကောင်းကင်ဉာဏ်အလင်းမျိုးနွယ်သခင်ဖြစ်လာ၍ မြေနီမှုန့်က မဟာအကြီးအကဲဖြစ်လာသည်။ထို့ကြောင့် သူက မြေနီမှုန့်ကို ပြောင်းခေါ်ခိုင်းထားတာဖြစ်သည်။

ချီမင်ကဆိုသည်။"မင်း ဒီတစ်ကြိမ်နတ်ဆိုးဂိုဏ်းပြိုင်ပွဲကို တာဝန်ယူရမယ်။ ကောင်းကင်ဉာဏ်အလင်းမြင့်မြတ်တောင်က မျိုးစေ့ကောင်းလေးတွေရွေးပြီးပြိုင်ပွဲထဲမှာ ပါဝင်ယှဉ်ပြိုင်ခိုင်းလိုက်။"

"ဟုတ်။" မြေနီမှုန့်က ဦးညွှတ်လိုက်သည်။

"ဟုတ်ကဲ့" ကောင်းကင်နတ်ဆိုးမျိုးနွယ်သခင်က ခေါင်းညိတ်သည်။"စီနီယာအစ်ကိုချီ ဒါဆိုကျွန်တော် အရင်သွားပါတော့မယ်။"

"ခဏ" ချီမင်က ကောင်းကင်နတ်ဆိုးမျိုးနွယ်သခင်ကို လှမ်းပြောလိုက်သည်။ "ဂျူနီယာညီလေးကောင်းကင်နတ်ဆိုး ဒါ ငါအရင်တုန်းက ကံကောင်းပြီးရထားတဲ့ အနှစ်သာရဖြည့်တင်းခြင်းအင်မော်တယ်ဆေးလုံးပဲ။ အရည်အသွေးက မဆိုးဘူး။ မင်းသောက်ပြီးရင် ခေါင်းပေါ်ကဒဏ်ရာက သေချာပေါက် ပြန်ကောင်းသွားလိမ့်မယ်။"

"အနှစ်သာရဖြည့်တင်းခြင်းအင်မော်တယ်ဆေးလုံး"

ကောင်းကင်နတ်ဆိုးမျိုးနွယ်သခင်က ကြောင်သွားသည်။ သူက ချီမင်၏လက်ထဲမှ အင်မော်တယ်ဆေးလုံးကို ကြည့်လိုက်သည်။ သူက ခဏလောက်စဉ်းစားပြီးမှ လက်ခံလိုက်သည်။ သူက လက်နှစ်ဖက်ကို စုကာ ပြောလိုက်သည်။"စီနီယာအစ်ကိုရဲ့ ဆေးလုံးအတွက် ကျေးဇူးတင်ပါတယ်။"

အနှစ်သာရဖြည့်တင်းခြင်းအင်မော်တယ်ဆေးလုံးက အင်မတန်အဆင့်မြင့်သည့် အင်မော်တယ်ဆေးလုံးမဟုတ်ပေမဲ့ အထူးအမျိုးအစားအင်မော်တယ်ဆေးလုံးဖြစ်သည်။ ၎င်းက ကောင်းကင်နတ်ဆိုးမျိုးနွယ်သခင်၏ကုန်ဆုံးသွားသောအနှစ်သာရများကိုဖြည်တင်းရာတွင် အဓိကအသုံးပြုနိုင်သည်။

အာနိသင်က အထူးအမျိုးစားဖြစ်၍ ထိုကဲသို့အင်မော်တယ်ဆေးမျိုးကိုသန့်စင်သည့် ဆေးဆရာမျိုး အနည်းငယ်သာရှိပြီး ရှာဖွေရအတော်လေးခက်ခဲသည်။

တကယ်တော့ ကောင်းကင်နတ်ဆိုးမျိုးနွယ်သခင်၏အဆင့်အတန်းနှင့်ခွန်အားအရ သူသာ အနှစ်သာရဖြည့်တင်းခြင်းအင်မော်တယ်ဆေးလုံးကိုလိုချင်ပါက အချိန်အနည်းငယ်သုံးပြီး အားစိုက်ရှာလိုက်ရုံပင်။ ရွေးချယ်စရာမရှိတော့ရင် သူက ဆေးဆရာအင်မော်တယ်ဆရာတစ်ယောက်ကိုရှာပြီး သန့်စင်ခိုင်းလို့ရသည်။

ဘာပဲဖြစ်ဖြစ် ကောင်းကင်နတ်ဆိုးမျိုးနွယ်သခင်၏အမြင်တွင်တော့ သူက ကျန်းထိုက်ယွီပေးထားသည့်ဒဏ်ရာကိုအထူးတလှယ်ချန်ထားတာဖြစ်သည်။သို့မှပဲ သူက တူညီသည့်အမှားတစ်ခုကို နောက်တစ်ကြိမ်ထပ်မလုပ်နိုင်မှာဖြစ်သည်။

ချီမင်ကတော့ ကောင်းကင်နတ်ဆိုးမျိုးနွယ်သခင်၏စီနီယာအစ်ကိုဖြစ်သည်။ သူက အနှစ်သာရဖြည့်တင်းခြင်းအင်မော်တယ်ဆေးလုံးကိုပေးလာတာဖြစ်သည်။ ကောင်းကင်နတ်ဆိုးမျိုးနွယ်သခင်က သဘာဝအတိုင်း လက်ခံနိုင်သည်။

သူ သုံးမသုံးကတော့ ကောင်းကင်နတ်ဆိုးမျိုးနွယ်သခင်၏အပိုင်းဖြစ်ပါသည်။

"ဂျူနီယာညီလေးကောင်းကင်နတ်ဆိုး လွန်ခဲ့တဲ့နှစ်တစ်ရာအတွင်းမှာ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်နဲ့ပတ်သက်ပြီး ဘာလှုပ်ရှားမှုရှိလဲ။"

"ဘာမှတော့ မဖြစ်ပါဘူး။"

ကောင်းကင်နတ်ဆိုးမျိုးနွယ်သခင်က ပြန်ဖြေလိုက်သည်။"စီနီယာအစ်ကို  လောလောဆယ်တော့ အရေးကြီးတာမရှိသေးပါဘူး။ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ရဲ့စွမ်းအားက တကယ့်ကိုကြီးမားပေမဲ့ သူတို့က မစည်းလုံးဘူး။ အတွင်းပိုင်းပဋိပက္ခတွေ ရှိပါတယ်။"

"ပြီးတော့..."

"ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်တစ်ခုလုံးမှာ ဂိုဏ်းတွေ၊အဖွဲ့အစည်းတွေ မျိုးနွယ်စုတွေ အများကြီးရှိတယ်။ သူတို့အားလုံးက ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ရဲ့အမိန့်ကို နာခံမှမဟုတ်ဘူး။"

"ဥပမာအနေနဲ့ဆို တာအိုဂိုဏ်းပဲ။"

"သူတို့က နောက်ဆုံးခေတ်ကာလတည်းက တည်ရှိလာတဲ့ စွမ်းအားကြီးဂိုဏ်းပဲ။ ဂိုဏ်းက ခေတ်ကာလတစ်ခုကြာရပ်တည်နိုင်တဲ့ စွမ်းအားရှိတယ်။"

"သူတို့ရဲ့အုတ်မြစ်က မယှဉ်သာလောက်အောင် နက်ရှိုင်းတယ်။"

"ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်က ကျွန်တော်တို့နတ်ဆိုးဂိုဏ်းကိုတိုက်ခိုက်ချင်ရင်တောင် ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေမှာတော့ တိုက်ခိုက်ရဲမှာ မဟုတ်ဘူး။ သူတို့က လုပ်ရဲတဲ့သတ္တိမျိုးရှိမှာ မဟုတ်ဘူး။"

ချီမင် ကခဏလောက်တွေးမိသွားသည်။

သူက ကမ္ဘာဦးနတ်ဆိုးဂိုဏ်းကိုရွေးချယ်လိုက်ခြင်းက အကောင်းဆုံးဆုံးဖြတ်ချက်ပေ။ ထိုသို့ဖြင့် သူက ကမ္ဘာဦးကောင်းကင်အရှင်၏ဝင်ခွင့်တပည့်ဖြစ်လာပြီး ကြီးမားသည့်နောက်ခံရလာသည်။ သူက ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်တစ်ခုလုံးဖြင့်ရင်ဆိုင်ရရင်တောင် ယုံကြည်ချက်ရှိလာခဲ့ ပေသည်။

ပိုပြီးအရေးကြီးသည်က။

ချီမင်က ကမ္ဘာဦးကောင်းကင်အရှင်၏အကာအကွယ်အောက်တွင် လျင်မြန်စွာ ကြီးထွားလာနိုင်သည်။

လွန်ခဲ့သည့်နှစ်တစ်ရာအတွင်းမှာ ချီမင်က ကျင့်ကြံပြီး နောက်ထပ်မဟာတာအိုအင်မော်တယ်ဝင်ပေါက်တစ်ခု ကိုဖွင့်လှစ်နိုင်ခဲ့သည်။ သူက အသေးစားအံ့ဖွယ်စွမ်းအားတစ်ခုသုံးကာ မဟာတာအိုသာလွန်သူတစ်ဦးကိုသိပ်သည်းနိုင်ခဲ့ပြီး ပိုပြီးသန်မာလာခဲ့သည်။

သူက ဆန်းကြယ်အင်မော်တယ်အလယ်ပိုင်းအဆင့်ချိုးဖြတ်ရန် လိုအပ်နေပါသေး၏။

"ဒါပေမယ့်"

ကောင်းကင်နတ်ဆိုးမျိုးနွယ်သခင်က ခဏမျှစဉ်းစားကာ ဆိုသည်။"တာအိုဂိုဏ်းဘက်ကတော့ လွန်ခဲ့တဲ့ဆယ်နှစ်လောက်က သူတို့ရဲ့တောင်တံခါးကိုဖွင့်ပြီး ကမ္ဘာကြီးကို တရားဟောကြားခဲ့တယ်။ တောင်တံခါးက ပြည်နယ်ကိုးလောကတစ်ခုလုံးကို ကြိုဆိုခဲ့တယ်။"

"တစ်နည်းပြောရရင်"

"တာအိုဂိုဏ်းက သူရဲ့တပည့်လက်ခံတဲ့ တင်းကြပ်တဲ့ထုံးတမ်းတွေကိုပြောင်းလဲခဲ့တယ်။နေရာတိုင်းက တပည့်တွေကို လက်ခံခဲ့တယ်။"

"လှုပ်ရှားမျိုးရှိတာလား။" ချီမင်က တွေးလိုက်သည်။"ခေတ်ကာလကပ်ဘေးဒုက္ခက လာနေပြီ။တာအိုဂိုဏ်းကလည်း စပြီး မငြိမ်မသက်ဖြစ်နေပြီ။"

လွန်ခဲ့တဲ့နှစ်တစ်ရာအတွင်းမှာ ချီမင်သည် ကောင်းကင်အောင်ပွဲခံခြင်းတိမ်တိုက်ထီးထဲမှကမ္ဘာဦးကောင်းကင်အရှင်၏အမွေအနှစ်များကို ရရှိခဲ့၏။ ၎င်းတွင် ကောင်းကင်အရှင်အဆင့်ကျင့်ကြံခြင်းအဆင့်နည်းစနစ်နှင့် မဟာအံ့ဖွယ်စွမ်းအားသုံးခု ပါဝင်သည်။

ကောင်းကင်အရှင်အဆင့် ကျင့်ကြံခြင်းနည်းစနစ်ကို အချိန်ကောင်းကင်အရှင်နည်းစနစ်ဟုခေါ်သည်။

တခြားမဟာအံ့ဖွယ်စွမ်းအားသုံးခုလည်းရှိသေးသည်။

ယင်းတို့က အချိန်အနှစ်သာရနည်းစနစ်၊ အချိန်ဒယ်စောက်နည်းစနစ်နှင့် အချိန်ဝတ်ရုံနည်းစနစ် တို့ဖြစ်သည်။

မဟာအံ့ဖွယ်စွမ်းအားသုံးခုလုံးကို အချိန်စည်းမျဉ်းအားအခြေခံအဖြစ်ထားကာ ဖန်တီးထားခြင်းဖြစ်သည်။ ထိုထဲတွင် အချိန်အနှစ်သာရနည်းစနစ်က ဥပဒေသပေါင်း(၁၂၉၆၀၀)ပေါင်းစပ်ထားသည်။

ယင်းက ဥပဒေသအားလုံးဖြင့်ပေါင်းစပ်ထားသည့် မဟာအံ့ဖွယ်စွမ်းအားဖြစ်သည်။

၎င်းက ထိပ်တန်းအဆင့်မဟာအံ့ဖွယ်စွမ်းအားဖြစ်သည်။

အချိန်ဒယ်စောက်နည်းစနစ်နှင့်အချိန်ဝတ်ရုံနည်းစနစ်ကတော့ အနည်းငယ်အားနည်းသည်။

သို့ပေမဲ့ ယင်းတို့ကလည်း စွမ်းအားကြီးပေသည်။

ချီမင်က အချိန်စည်းမျဉ်းကိုမနားလည်သေးပေမဲ့ သူက ကောင်းကင်နှင့်မြေကြီးမဟာတာအိုကို နားလည်ထားသည်။ သူသာ ကောင်းကင်နှင့်မြေကြီးမဟာတာအိုကိုအုတ်မြစ်အဖြစ်သုံးနိုင်ပါက သူက တစ်ကမ္ဘာလုံးမှာရှိတဲ့ အံ့ဖွယ်စွမ်းအား အကုန်လုံးကို ကျင့်ကြံနိုင်သွားပါလိမ့်မည်။

ကန့်သတ်ချက်လည်းမရှိပေ။သူက ကောင်းကင်နှင့်မြေကြီးမဟာတာအိုကိုနားလည်နေသမျှ ယင်းတွင် အရာအားလုံးပါဝင်သည့်အတွက် အချိန်စည်းမျဉ်းကို နားလည်နေဖို့မလိုအပ်ပေ။

ချီမင်က အလိုအလျောက်ကျင့်ကြံခြင်းစနစ်ကိုသုံးပြီး အင်မော်တယ်သလင်းကျောက်များ အသုံးပြုလိုက်သည်။ အဆသန်းတစ်သိန်းမြှင့်တင်မှုအောက်တွင် သူက မဟာအံ့ဖွယ်စွမ်းအားသုံးခုကို ကျင့်ကြံခဲ့သည်။

တစ်ချိန်တည်းမှာ အချိန်ကောင်းကင်အရှင်နည်းစနစ်၏နားလည်သဘောပေါက်မှုများမှတစ်ဆင့် ချီမင်က အင်မော်တယ်နယ်ပယ်ထက်ကျော်သော အဆင့်များကို သိသွားသည်။ ၎င်းက အရှင်အဆင့်ဖြစ်သည်။

ယင်းကို ဥပဒေသကောင်းကင်အရှင်၊ စည်းမျဉ်းကောင်းကင်အရှင်နှင့် ထာဝရသာလွန်သူအဆင့် ဟူ၍ခွဲထားသည်။

အရှင်အဆင့်သုံးဆင့်တိုင်း၌ အဆင့်ငယ်ကိုးဆင့်ရှိသည်။

တစ်ဆင့်တိုင်း၌ ကွာခြားချက်များရှိပေသည်။

မျက်စိတစ်မှိတ်အတွင်းမှာ နောက်တစ်နှစ်ကုန်လွန်သွားပြန်သည်။

ယနေ့မှာတော့ ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏နတ်ဆိုးဂိုဏ်းပြိုင်ပွဲက စတင်တော့မည်။ ချီမင်၏ညွှန်ကြားချက်အရ မြေနီမှုန့်က လွန်ခဲ့တဲ့တစ်နှစ်လောက်က အလွန်အမင်းပါရမီပါသည့် တပည့်သုံးယောက်ကိုရွေးချယ်ထားခဲ့သည်။

ထိုသူတို့က ချိုက်ယွင်ဖုန်း၊ယွီယွင်နှင့် စုဟောက်တို့ဖြစ်သည်။

အခု သူတို့က ကောင်းကင်ဉာဏ်အလင်းမျိုးနွယ်၏တာအိုကလေးများဖြစ်လာကြသည်။

လွန်ခဲ့သည့်တစ်နှစ်လောက်က ချီမင်က ဖရိုဖရဲမဟာတာအိုကျမ်းကိုလည်ပတ်ပြီး မဟာတာအိုပန်းများကို သိပ်သည်းခဲ့သည်။ ကောင်းကင်ဉာဏ်အလင်းမျိုးနွယ်၏ တာအိုကလေးသုံးယောက်ထဲမှချိုက်ယွင်ဖုန်းက မဟာတာအိုပန်း(၁၉)ပွင့်၊ယွီယွင်က မဟာတာအိုပန်း(၂၂)ပွင့်နှင့် စုဟောက်က မဟာတာအိုပန်း(၂၄)ပွင့်ကို စုပ်ယူနိုင်ခဲ့သည်။

သူတို့၏စွမ်းဆောင်ရည်က ကုမင်ယွမ်ထက်များစွာသာသည်။

အရင်တုန်းက ကုမင်ယွမ်သည် မဟာတာအိုပန်းတစ်ပွင့်သာ စုပ်ယူခဲ့သည်။ယင်းကတောင် သူ့ကို ကောင်းကင်နှင့်မြေကြီးက ကောင်းချီးပေးနေသည့်အလားပင်။ သူက ထိုနည်းဖြင့်တိုးတက်လာပြီး ဆန်းကြယ်အင်မော်တယ်အဆင့်သို့ရောက်ရှိခဲ့သည်။

အခု ချိုက်ယွင်ဖုန်း၊ယွီယွင်နှင့်စုဟောက်က မဟာတာအိုပန်းများကိုစုပ်ယူခဲ့ပြီး ကြီးမားစွာ ပြောင်းလဲသွားသည်။ သူတို့ကို ကောင်းကင်နှင့်မြေကြီးမဟာတာအိုက ကာကွယ်ပေးလာခဲ့သည်။

သူတို့သာ လမ်းခုလတ်မှာမတော်တဆမဖြစ်သရွေ့ အနည်းဆုံးအင်မော်တယ်ဘုရင်အဆင့်သို့ ရောက်နိုင်ပေသည်။ ယင်းက ချီမင်၏ကြောက်စရာစွမ်းရည်ဖြစ်သည်။

ချီမင်သာ ဆန္ဒရှိနေသရွေ့ အင်မော်တယ်နယ်ပယ်ပါရမီရှင်များစွာကို ထုတ်လုပ်နိုင်ပေလိမ့်မည်။

"တပည့်ချိုက်ယွင်ဖုန်း"

"တပည့်ယွီယွင်"

"တပည့်စုဟောက်"

"မျိုးနွယ်သခင်ကို အရိုအသေပြုပါတယ်။"

မြေနီမှုန့်က ဘေးမှာရပ်တည်လိုက်သည်။

ချီမင်၏ရှေ့တွင် ချိုက်ယွင်ဖုန်း၊ယွီယွင်နှင့်စုဟောက်တိုက ဒူးထောက်အရိုအသေပြုနေသည်။ သူတို့အသံများကလေးစားမှုများ ပြည့်နှက်နေပြီး ကိုးကွယ်ချင်နေသည့်အလားပင်။

ချီမင်က ခေါင်းညိတ်လိုက်သည်။ "သွားကြတော့။ နတ်ဆိုးဂိုဏ်းပြိုင်ပွဲမှာ ကောင်းကင်ဉာဏ်အလင်းမျိုးနွယ်အတွက် အဆင့်ကောင်းရအောင်လုပ်လာခဲ့။ ငါတို့ကို အရှက်မရစေနဲ့။"

"ဟုတ်။"

"ဟုတ်။"

“…”

ချိုက်ယွင်ဖုန်းတို့က တညီတညွှတ်တည်း ပြန်ဖြေလိုက်သည်။

"သွားကြစို့။” မြေနီမှုန့်က ညာဘက်လက်ကိုဝေ့ယမ်းကာ ချိုက်ယွင်ဖုန်းတို့ကိုခေါ်သွားတော့သည်။ ချီမင်က တစ်ချက်ကြည့်ပြီးမှ အကြည့်ပြန်ခွာလိုက်သည်။ သူက ဆက်လက်ကျင့်ကြံကာ ကျင့်ကြံခြင်းအဆင့်ကို တတ်နိုင်သမျှ မြန်မြန်မြှင့်တင်နေလိုက်သည်။

ချီမင်က ခေတ်ကာလကပ်ဘေးဒုက္ခဘယ်တော့ကျလာမှန်းမသိပေ။ကပ်ဘေးရောက်မလာခင်မှာ သူက ကျင့်ကြံခြင်းကို တတ်နိုင်သမျှ မြှင့်ထားရပေမည်။

သူက ခေတ်ကာလကပ်ဘေးဒုက္ခရောက်မလာခင် အင်မော်တယ်ဘုရင်အဆင့်ရောက်ထားရင် အကောင်းဆုံးဖြစ်သည်။

ထိုအချိန်ကျရင် ချီမင်က အင်မော်တယ်နယ်ပယ်တွင် ပြိင်ဘက်ကင်းဖြစ်သွားပေလိမ့်မည်။

All Chapters