← Chapters

သတ်

Vol. 24 Ch. 350

သတ်

Vol. 24 Ch. 350

ဝါးမျိုခြင်းအင်မော်တယ်ဘုရင်နှင့်ငရဲဖီးနစ်အင်မော်တယ်ဘုရင်တို့က ဖိအားပေးခံလိုက်ရသည့်အတွက် သူတို့က သဘောတူညီမှုယူလိုက်သည်။ နတ်ဆိုးဗုဒ္ဓမြေနီမှုန့်က အတော်လေးစွမ်းအားကြီးပြီး သူတို့က လုံးဝမယှဉ်နိုင်ပေ။ ကွာခြားမှုက အတော်လေးကြီးသည်။

ဥပဒေသများကိုကျင့်ကြံသည့် အထက်ကမ္ဘာအင်မော်တယ်ဘုရင်ကိုးပါးက နတ်ဆိုးဗုဒ္ဓမြေနီမှုန့်ထံမှ တိုက်ကွက်အနည်းငယ်လေးတောင် မခံနိုင်ဘဲ အလွယ်တကူ ရှုံးနိမ့်သွားကြသည်။

"ပေါက်ကွဲစမ်း။ ပေါက်ကွဲစမ်း။"

တုံ့ဆိုင်းမနေတော့ပေ။

ဝါးမျိုခြင်းအင်မော်တယ်ဘုရင်နှင့် ငရဲဖီးနစ်အင်မော်တယ်ဘုရင်တို့က ဆုံးဖြတ်ချက်ချလိုက်ကြ၏။ သူတို့က အထက်ကမ္ဘာအင်မော်တယ်ဘုရင်အဆင့်လက်နက်များကို ချက်ချင်းထုတ်ယူလိုက်သည်။

အထက်ကမ္ဘာအင်မော်တယ်ဘုရင်အဆင့်လက်နက်ပေါင်း(၃၆)ခုသည် မြေနီမှုန့်စည်းမျဉ်းလောကထဲတွင် နေအသေးစားလေးအလားပေါက်ကွဲသွားသည်။

ကြောက်မက်ဖွယ်စွမ်းအားများက ကောင်းကင်နှင့်မြေကြီးကို လှုပ်ခါသွားစေသည်။ ဖျက်ဆီးအားကောင်းသည့် မုန်တိုင်းတစ်ခုက ပျံ့နှံ့လာပြီး မြေနီမှုန့်ကမ္မမီးလျှံစစ်မှန်နဂါး နှစ်ကောင်ကို ပြိုကွဲသွားစေသည်။မီးတောက်များမှာ ကောင်းကင်ယံ၌ ပြည့်နှက်သွားခဲ့သည်။

ခရက်! ခရက်!

နေရာလွတ်က လျင်မြန်စွာဖြင့် ပြိုကျသွားသည်။

ပေါက်ကွဲအားကြောင့် မြေနီမှုန့်စည်းမျဉ်းလောကတောင် ပွင့်ဟသွားရသည်။ ဝါးမျိုခြင်းအင်မော်တယ်ဘုရင်နှင့်ငရဲဖီးနစ်အင်မော်တယ်ဘုရင်တို့က ချက်ချင်းပဲ ထိုအခွင့်အရေးကိုယူကာ ခွန်ပန်းအံ့ဖွယ်စွမ်းအားကို သုံးလိုက်သည်။ သူတို့ကလျင်မြန်စွာဖြင့် ပျောက်ကွယ်သွားပြီး မြေနီမှုန့်စည်းမျဉ်းလောကမှ ပြေးထွက်သွားကြ၏။

တစ်ချိန်တည်းမှာပဲ အခြားမြေနီမှုန့်ကမ္မမီးလျှံစစ်မှန်နဂါးခုနစ်ကောင်ကလည်း ပေါက်ကွဲမှုကြောင့် သက်ရောက်သွားကာ အဆက်မပြတ်လှုပ်ခါသွားတော့သည်။ ကောင်းကင်ရှောင်တိမ်းခြင်းအင်မော်တယ်ဘုရင်နှင့်ကျန်သောသူများကလည်း ထိုအခွင့်အရေးကို အမိအရယူလိုက်သည်။

"မိစ္ဆာကိုးပါးဖုန်းရွှေလက်ကောက်။ ပေါက်ကွဲစမ်း။"

"ဆန်းကြယ် မီးလျှံဒယ်စောက်။ ပေါက်ကွဲစမ်း။"

"နတ်ဆိုးသတ်ဖြတ်ခြင်းရွှေစကြာ။ ပေါက်ကွဲစမ်း။"

“…”

ပေါက်ကွဲသံများ တစ်ခုပြီးတစ်ခုထွက်လာသည်။

ကောင်းကင်ရှောင်တိမ်းခြင်းအင်မော်တယ်ဘုရင်က ဝါးမျိုခြင်းအင်မော်တယ်ဘုရင်နှင့်ငရဲဖီးနစ်အင်မော်တယ်ဘုရင်တို့ လုပ်တာမြင်တော့ သူတို့လည်း  အထက်ကမ္ဘာအင်မော်တယ်ဘုရင်လက်နက်များကိုထုတ်ကာ ဖောက်ခွဲလိုက်ကြသည်။

မြေနီမှုန့်ကမ္မမီးလျှံစစ်မှန်နဂါးခုနစ်ခုနစ်ကောင်၏ဗိုက်တွင် အပေါက်ကြီးများ ပေါ်လာကြ၏။

သူတို့ ပြေးထွက်လာကြသည်။

"သွား"

"ပြေး!”

"ဇာစ်မြစ်မသိရသေးတဲ့ အထက်ကမ္ဘာစည်းမျဉ်းအင်မော်တယ်ဘုရင်က အတော်လေးသန်မာတယ်။ ငါတို့ ပူးပေါင်းတာတောင် သူရဲ့ပြိုင်ဘက်မဟုတ်ဘူး။ ငါတို့ ထွက်ပြေးဖို့ အထက်ကမ္ဘာအင်မော်တယ်ဘုရင်အဆင့်ရတနာတွေကို ဖောက်ခွဲလိုက်ရတယ်။ ငါတို့သာ သူ့လက်ထဲထပ်ရောက်သွားရင် ထပ်ပြီးဖောက်ခွဲဖို့ မကျန်တော့ဘူး။"

"ပြေး!”

“…”

တုံ့ဆိုင်းမနေတော့ဘဲ ကောင်းကင်ရှောင်တိမ်းခြင်းအင်မော်တယ်ဘုရင်နှင့်ကျန်သောသူများသည် အောင်မြင်စွာ လွတ်မြောက်သွားသည်နှင့် သူတို့က ဝါးမျိုခြင်းအင်မော်တယ်ဘုရင်နှင့်ငရဲဖီးနစ်အင်မော်တယ်ဘုရင်နောက်သို့ အလျင်အမြန်လိုက်ကာ လောကအပေါက်ထဲမှ ပြေးထွက်သွားရန်ကြိုးစားလိုက်သည်။

"မြေနီမှုန့် သူတို့ထွက်ပြေးချင်နေတယ်။"

"သခင် မစိုးရိမ်ပါနဲ့။ သူတို့တစ်ယောက်မှ မလွတ်နိုင်ပါဘူး။" နတ်ဆိုးဗုဒ္ဓမြေနီမှုန့်က အသံနိမ့်နိမ့်ဖြင့် ပြော၏။"မြေနီမှုန့်သုံးထောင်သောကမ္ဘာ"

မြေနီမှုန့်က မဟာအံ့ဖွယ်စွမ်းအားနည်းစနစ်ကို သုံးလိုက်သည်။ များပြားသည့်ဓမ္မစွမ်းအားများ ထွက်ပေါ်လာပြီး မြေနီမှုန့်စည်းမျဉ်း၏စွမ်းအားကိုသုံးကာ စည်းမျဉ်းလောကမှအပေါက်ကို ဖုံးအုပ်လိုက်သည်။

ချက်ချင်းပဲ မြေနီမှုန့်သုံးထောင်သောကမ္ဘာ၏နှစ်တစ်ထောင်အိမ်မက်ဆင်းသက်လာသည်။

နတ်ဆိုးဗုဒ္ဓမြေနီမှုန့်က အထွတ်အထိပ်ဓမ္မစွမ်းအားကိုသုံးပြီး မြေနီမှုန့်စည်းမျဉ်းနှင့်အထောက်အပံ့ဥပဒေ(၉၉)ခုကို သုံးလိုက်သည်။ ချက်ချင်းပဲ ကမ္ဘာပေါင်းသုံးထောင် ဖွဲ့စည်းသွားသည်။

ကောင်းကင်အလွှာပေါင်းသုံးထောင်လောက်ပေါ်လာသည့် အတိုင်းပင်။

အလွှာတစ်ခုစီက ကမ္ဘာတစ်ခုဖြစ်နေသည်။

ဝါးမျိုခြင်းအင်မော်တယ်ဘုရင်နှင့် ငရဲဖီးနစ်အင်မော်တယ်ဘုရင်က စည်းမျဉ်းလောကမှထွက်လာတာနဲ့ သူတို့က မြေနီမှုန့်သုံးထောင်သောကမ္ဘာထဲသို့ ကျသွားတော့၏။ ကောင်းကင်ရှောင်တိမ်းခြင်းအင်မော်တယ်ဘုရင်နှင့်ကျန်သောသူများလည်း အတူတူပေ။

အစမှာတော့ အထက်ကမ္ဘာအင်မော်တယ်ဘုရင်ကိုးပါးသည် ပုံရိပ်ယောင်နှင့်အစစ်မှန်ကြား ခွဲခြားနိုင်သေးသည်။ သို့ပေမဲ့ သူတို့ကမ္ဘာတစ်ခုပြီးတစ်ခုဖြတ်သန်းပြီး များစွာသောပြန်လည်မွေးဖွားခြင်းများနှင့်ကြုံတွေ့ရပြီးနောက်မှာ သေမျိုးကမ္ဘာ၏ကမ္မများ စွန်းထင်းသွားခဲ့ပြီဖြစ်သည်။

တဖြည်းဖြည်းနှင့် သူတို့က မြေနီမှုန့်သုံးထောင်သောကမ္ဘာများတွင် နစ်မြှုပ်သွားပြီး သူတို့ကိုယ်သူတို့ ဆုံးရှုံးသွားတော့၏။ မူလကတော့ အင်မော်တယ်ဘုရင်များ၏အသိစိတ်တွင် အမတဓာတ်ပါသည်။သို့ပေမဲ့ သေမျိုးကမ္ဘာကို ကျသွားတော့ သေမျိုးသာဖြစ်လာကြသည်။

"ဒါက..."

ချီမင်သည် မြေနီမှုန့်သုံးထောင်သောကမ္ဘာကိုကြည့်ပြီး ၎င်း၏စွမ်းအားကို ခံစားမိလိုက်သည်။ ထိုစွမ်းအားက တကယ့်ကိုကြောက်မက်ဖွယ်ကောင်းပေသည်။၎င်းတွင် အထွတ်အထိပ်အံ့ဖွယ်စွမ်းအားနည်းစနစ်၏အရိပ်အယောင်ကလေး ပါဝင်နေသည်။

မြေနီမှုန့်က ပြောလာသည်။"ဒီမဟာအံ့ဖွယ်စွမ်းအားကို ကျွန်တော်ဖန်တီးထားတာပဲ။ ဒါကို မြေနီမှုန့်သုံးထောင်သောကမ္ဘာလို့ခေါ်တယ်။ မြေနီမှုန့်စည်းမျဉ်းတွေပေါ်ကို အခြေခံထားတယ်။ မြေနီမှုန့်သုံးထောင်သောကမ္ဘာကအဆုံးမရှိသော ပြန်လည်မွေးဖွားခြင်းတို့ကို ပေးစွမ်းတယ်။ နတ်ဆိုးတာအိုစည်းမျဉ်းနဲ့ ဗုဒ္ဓတာအိုစည်းမျဉ်းတွေကိုပေါင်းစပ်ပြီးဖန်တီးထားတဲ့ မဟာအံ့ဖွယ်စွမ်းအားပဲ။"

"ငါနားလည်ပြီ။" ချီမင်သည် တစ်စုံတစ်ခုကို နားလည်သွားတော့၏။

သူက မဟာအံ့ဖွယ်စွမ်းအားအနှစ်သာရနှင့်အသေးစားအံ့ဖွယ်စွမ်းအားအချို့ကိုနားလည်လိုက်သည်။

အသေးစားအံ့ဖွယ်စွမ်းအားများကို ဖန်တီးရာတွင် ဥပဒေသများကို အခြေခံအဖြစ်သုံးကာ ဖန်တီးသည်ဟု ပြောနိုင်သည်။ ဥပဒေဒသများပို၍ပေါင်းစပ်ထားလေ ဖန်တီးထားသည့် အသေးစားအံ့ဖွယ်စွမ်းအားများက ပိုအားကောင်းလေဖြစ်၏။

မဟာအံ့ဖွယ်စွမ်းအားကတော့ စည်းမျဉ်းများပေါ်အခြေခံသည်။ ဥပဒေသများနှင့်လည်း ပေါင်းစပ်နိုင်သည်။ ဥပဒေသနှင့်စည်းမျဉ်းများ ပို၍ပေါင်းစပ်ထားလေ ဖန်တီးထားသည့် မဟာအံ့ဖွယ်စွမ်းအားက ပို၍အားကောင်းလာလေဖြစ်သည်။

အထွတ်အထိပ်အံ့ဖွယ်စွမ်းအားကတော့ ကောင်းကင်တာအိုအခြေခံအဖြစ်ထားကာ စည်းမျဉ်းများ ဥပဒေများပေါင်းစပ်လျက် ဖန်တီးရခြင်းဖြစ်သည်။

အထွတ်အထိပ်အံ့ဖွယ်စွမ်းအားက မဟာအံ့ဖွယ်စွမ်းအားကို အလွယ်တကူ ဖျက်ဆီးနိုင်သည်။

လုံးဝကို မြင့်မားသည့်အဆင့်ပင်။

"ဟားဟား"

မြေနီမှုန့်သုံးထောင်သောကမ္ဘာတွင် ဖုန်းရွှေအင်မော်တယ်ဘုရင်သည် တစ်ခုသော သေမျိုးကမ္ဘာတွင်ဖြစ်သည်။ သူက ကမ္ဘာတစ်ခုပြီးတစ်ခု ကြုံတွေ့ခဲ့ရသည်။ အစက သူ၏တာအိုနှလုံးသားကိုထိန်းသိမ်းထားနိုင်သေး၏။

သို့ပေမဲ့ သူက ဒီတစ်ကြိမ်တော့ လုံးဝကျရှုံးသွား၏။

တောင်ထိပ်တွင် ဖုန်းရွှေအင်မော်တယ်ဘုရင်သည် ကျယ်လောင်စွာ ရယ်မောလိုက်၏။ သူရယ်မောလိုက်သည့်အခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်ပေါ်သို့ သေမျိုးလောက၏ စည်းမျဉ်းများမှ ဆင်းသက်လာသော မမြင်နိုင်သည့် စွမ်းအားတစ်ရပ်က သက်ရောက်လာခဲ့သည်။

ထို့နောက် ဖုန်းရွှေအင်မော်တယ်ဘုရင်သည် သူ၏ခြေထောက်မှစ၍ တစ်လက်မချင်း ပြာကျလာပြီး ကမ္ဘာကြီးထဲမှ ပျောက်ကွယ်သွားတော့၏။

ဖုန်းရွှေအင်မော်တယ်ဘုရင် သေဆုံးသွားခဲ့သည်။

သူ၏အသိစိတ်က ဖျက်ဆီးခံလိုက်ရသည်။

ထိုမျှသာမဟုတ်ပေ။မြေနီမှုန့်သုံးထောင်သောကမ္ဘာ၏စွမ်းအားက စတင်ပြသလာသည်။ ဖုန်းရွှေအင်မော်တယ်ဘုရင်သေသွားတော့ သူနားလည်ဆင်ခြင်ထားသည့် ဖုန်းရွှေဥပဒေသများနှင့်ကျန်သည့်ဥပဒေသများကို မြေနီမှုန့်သုံးထောင်သောကမ္ဘာက စုပ်ယူသွားခဲ့သည်။ ထိုသို့ဖြင့် သူတို့က နတ်ဆိုးဗုဒ္ဓမြေနီမှုန့်၏အစိတ်အပိုင်းဖြစ်သွားပြီး မြေနီမှုန့်သုံးထောင်သောကမ္ဘာထဲသို့ ပေါင်းစပ်သွားတော့၏။

မြေနီမှုန့်သုံးထောင်သောကမ္ဘာသည် ဆက်လက်အားကောင်းလာနိုင်သည့် မဟာအံ့ဖွယ်စွမ်းအားဖြစ်သည်။

မြေနီမှုန့်သုံးထောင်သောကမ္ဘာတွင် သေတဲ့သူပိုများလာလေ ထိုသူများ၏စည်းမျဉ်းများနှင့်ဥပဒေသများကို ပို၍ဝါးမျိုနိုင်လေဖြစ်သည်။

တစ်ချိန်တည်းမှာ နတ်ဆိုးဗုဒ္ဓမြေနီမှုန့်သည် အကျိုးအမြတ်များစွာ ရလေသည်။

စိတ်ကူးကြည့်ဖို့ လွယ်လေသည်။

မြေနီမှုန့်သုံးထောင်သောကမ္ဘာသာ ဆက်လက်ကြီးထွားပြီး စည်းမျဉ်းအားလုံးနှင့်ဥပဒေသအားလုံးကို စုပ်ယူနိုင်ပါက အထွတ်အထိပ်အံ့ဖွယ်စွမ်းအားအဖြစ် တိုးတက်နိုင်ပါ၏။

"မဆိုးဘူး၊မဆိုးဘူး။”

ချီမင်သည် မြေနီမှုန့်သုံးထောင်သောကမ္ဘာ၏နက်နဲမှုများကို သိလိုက်ရ၍ သူ့မျက်နှာပေါ်တွင် အံ့ဩသည့်အမူအရာတစ်ခုပေါ်လာတော့သည်။ သူက မြေနီမှုန့်သည် ထိုကဲ့သို့သောအံ့ဖွယ်စွမ်းအားကို ဖန်တီးနိုင်မည်ဟု မထင်ထားခဲ့ပေ။

နတ်ဆိုးဗုဒ္ဓမြေနီမှုန့်သည် မြေနီမှုန့်စည်းမျဉ်းကို အုတ်မြစ်အဖြစ်သုံးကာ သူ့အတွက် သင့်တော်သည့်မဟာအံ့ဖွယ်စွမ်းအားကို ဖန်တီးခဲ့သည်။ သူက မဟာတာအိုကိုကျင့်ကြံနိုင်ပြီး မိုးမြေမဟာတာအိုကို ထိုးထွင်းသိမြင်သွားခဲ့သည်။

သူလည်း မိုးမြေမဟာတာအိုကို အခြေခံအဖြစ်သုံးပြီး သူနှင့်သင့်လျော်သော မဟာတာအိုအံ့ဖွယ်စွမ်းအားကို ဖန်တီးနိုင်လောက်မလား။

ချီမင်သည် မဟာရွှေအမြူတေတာအိုကျမ်းကို ကျင့်ကြံပြီး သန့်စင်ရွှေခန္ဓာကို ထိုးထွင်းသိမြင်နိုင်ခဲ့သည်။သန့်စင်ခြင်းသုံးပါးတာအိုကျမ်းကို ကျင့်ကြံပြီး ဖန်ကုစစ်မှန်ခန္ဓာ၊တာအိုသတ်ဖြတ်ခြင်းကျမ်းနှင့် အင်ပါယာငါးပါးမဟာတာအိုအံ့ဖွယ်စွမ်းအားတို့ကို နားလည်ခဲ့သည်။

တကယ်တော့။

ထိုအံ့ဖွယ်စွမ်းအားများက မဟာတာအိုအံ့ဖွယ်စွမ်းအားဟု ယူဆနိုင်သည်။သို့ပါသော်လည်း  မပြည့်စုံသည့် မဟာတာအိုအံ့ဖွယ်စွမ်းအားအဖြစ်သာ ယူဆရမည်။ ထို့ကြောင့် ၎င်းအံ့ဖွယ်စွမ်းအားများက အင်မတန်စွမ်းအားကြီးပေမဲ့ သူတို့က ပြိုင်ဘက်ကင်းအဆင့်သို့မရောက်သေးပေ။ကောင်းကင်ကိုတောင် အံတုဆန့်ကျင်နိုင်သည့် မဟာတာအိုအံ့ဖွယ်စွမ်းအားဖြစ်မလာပေ။

ဥပမာအနေဖြင့် သန့်စင်ရွှေခန္ဓာကဲ့သို့ အံ့ဖွယ်စွမ်းအားသိုင်းနည်းစနစ်မျိုးဖြစ်သည်။

ချီမင်ကြုံတွေ့သည့်ရန်သူများက ပို၍သန်မာလာသည်။အထူးသဖြင့် သူတိုက်ခိုက်ခဲ့သည့် အထက်ကမ္ဘာအင်မော်တယ်ဘုရင်များဖြစ်သည်။ သန့်စင်ရွှေခန္ဓာ၏စွမ်းရည်သည် နည်းစနစ်အားလုံးကို အပြည့်အဝမခုခံနိုင်တော့ပေ။

သန့်စင်ခြင်းသုံးပါးကိုယ်ပွားများတွင်လည်း ကန့်သတ်ချက်ရှိ၏။

ဖန်ကုစစ်မှန်ခန္ဓာအတွက်လည်း အတူတူပေ။

ပွင့်ပွင့်လင်းလင်းပြောရရင် ချီမင်သည် မိုးမြေမဟာတာအို၏စစ်မှန်ဆန်းကြယ်မှုများကို အခုထိတိုင် ထိုးထွင်း မသိမြင်နိုင်သေးပေ။ ထို့ကြောင့် သူက ဖရိုဖရဲမဟာတာအိုကျမ်းနှင့်ဆက်စပ်သော မပြည့်စုံသည့် မဟာတာအိုအံ့ဖွယ်စွမ်းအားများကိုသာ နားလည်နိုင်သေး၏။

သူက ကောင်းကင်နှင့်မြေကြီးမဟာတာအိုကို အဆက်မပြတ်နားလည်ဆင်ခြင်ပြီး ကျင့်ကြံကိုအဆက်မပြတ်တိုးမြှင့်ပြီး အဆင့်တစ်ခုကိုရောက်နေသရွေ့ ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စစ်မှန်ဆန်းကြယ်မှုများကို အမှန်တကယ်နားလည်နေသရွေ့ သူက သဘာဝအတိုင်း မဟာတာအိုအံ့ဖွယ်စွမ်းအားကို နားလည်နိုင်လာပေလိမ့်မည်။

သိပ်မကြာလိုက်ခင်မှာပဲ သနားစဖွယ်ငိုကြွေးသံတစ်သံ ထွက်လာသည်။

ကောင်းကင်ရှောင်တိမ်းခြင်းအင်မော်တယ်ဘုရင်သည် မြေနီမှုန့်သုံးထောင်သောကမ္ဘာထဲတွင် ပြာကျသွားပြီး အပြီးတိုင် သေဆုံးသွားတော့၏။ သူ၏စည်းမျဉ်းများက မြေနီမှုန့်သုံးထောင်သောကမ္ဘာ၏အစိတ်အပိုင်းဖြစ်လာပြီး နတ်ဆိုးဗုဒ္ဓမြေနီမှုန့်၏စွမ်းအားကို တိုးတက်သွားစေသည်။

အချိန်ကုန်ဆုံးသွားသည်။

မီးလျှံရဲအင်မော်တယ်ဘုရင်၊ကြာပန်းစိမ်းအင်မော်တယ်ဘုရင်၊ဗဂျရာအင်မော်တယ်ဘုရင်...

"မဟုတ်ဘူး။ မဟုတ်ဘူး။"

"ဘာတွေဖြစ်ကုန်တာလဲ။"

“…”

ချီမင်က ရှင်းလင်းစွာဖြင့် မြင်လိုက်ရသည်။

မြေနီမှုန့်သုံးထောင်သောကမ္ဘာတွင် အထက်ကမ္ဘာအင်မော်တယ်ဘုရင်များသည်   သေမျိုးကမ္ဘာထဲသို့ နစ်မြှုပ်ကာ မလွတ်မြောက်နိုင်တော့ပေ။ သူတို့က တစ်ယောက်ပြီးတစ်ယောက်သေဆုံးကာ မြေနီမှုန့်ကမ္မမီးလျှံထံမှလောင်ကျွမ်းခံရကာ ပြာကျသွားတော့၏။

နောက်ဆုံးတော့ စုစုပေါင်းအင်မော်တယ်ဘုရင်ခုနစ်ပါးလုံးသေဆုံးကာ ပြာကျသွားတော့သည်။ သူတို့အသိစိတ်သည် ပြာကျသွားပြီး လုံးဝကို သေဆုံးသွားပါတော့သည်။ သူတို့၏ဥပဒေသများနှင့်အင်အားများသည် မြေနီမှုန့်သုံးထောင်သောကမ္ဘာ၏ အစိတ်အပိုင်းဖြစ်သွားသည်။

"ဝါးမျိုခြင်းစစ်မှန်မီးလျှံ"

ပေါက်ကွဲသံတစ်သံ ထွက်လာသည်။

ဝါးမျိုခြင်းအင်မော်တယ်ဘုရင်သည်သူ၏ဇွဲနှင့်မဟာအံ့ဖွယ်စွမ်းအားတို့ကိုသုံးကာ ကောင်းကင်နှင့်မြေကြီးဝါးမျိုခြင်းအံ့ဖွယ်စွမ်းအားနှင့်ကောင်းကင်ကိုးလွှာစ်မှန်မီးလျှံအံ့ဖွယ်စွမ်းအားတို့ကို ပေါင်းစပ်ပြီး ဝါးမျိုခြင်းစစ်မှန်မီးလျှံအဖြစ်ပြောင်းလဲလိုက်သည်။ စစ်မှန်မီးလျှံနဂါးတစ်ကောင်အလား ကမ္ဘာသုံးထောင်မှ ပြေးထွက်သွားသည်။

ဖျော့။

သူက မြေနီမှုန့်သုံးထောင်သောကမ္ဘာထဲမှပြေးထွက်ပြီးတာနဲ့ သွေးအန်ထုတ်လိုက်ရသည်။သူ့မျက်နှာကဖျော့တော့သွားသည်။ဒဏ်ရာအပြင်းအထန်ရရှိသွားခြင်းဖြစ်ပါ၏။ သူက ယိမ်းယိုင်သွားကာ ကောင်းကင်မှ ပြုတ်ကျလုနီးပါးပင်။

"ငရဲကိုးလွှာ၌ ဖီးနစ်ကခုန်ခြင်း"

ချက်ချင်းဆိုသလိုပဲ ငရဲဖီးနစ်အင်မော်တယ်ဘုရင်သည် ကပ်လိုက်လာသည်။ သူမကလည်း မြေနီမှုန့်သုံးထောင်သောကမ္ဘာမှ ပြေးထွက်လာသည်။သူမသည် ဖီးန်တစ်ကောင်အဖြစ်ပြောင်းလဲသွားကာ ကောင်းကင်ကိုးထပ်သို့ ခုန်တက်သွား၏။ သို့ပါသော်လည်း သူမက ငရဲကမ္ဘာကို လှုပ်ယမ်းသွားစေသည်။ ငရဲမီးလျှံများသည် ကောင်းကင်ပေါ်သို့ တက်လာပြီး မိုးမြေကိုဖုံးလွှမ်းသွားခဲ့သည်။

မြေနီမှုန့်၏မျက်လုံးများက အံ့ဩသွားဟန်ရသည်။"သူတို့ထဲက နှစ်ယောက်တောင်လွတ်လာတာပဲ။"

သူက ခြေတစ်လှမ်းတိုးကာ နေရာမှာတင်ပျောက်ကွယ်သွားတော့သည်။ နောက်တခဏတွင် သူက ဝါးမျိုခြင်းအင်မော်တယ်ဘုရင်နှင့်ငရဲဖီးနစ်အင်မော်တယ်ဘုရင်တို့၏ရှေ့တွင်ပေါ်လာကာ သူတို့ကို ငုံ့ကြည့်လိုက်သည်။

"ပြေး!”

ဝါးမျိုခြင်းအင်မော်တယ်ဘုရင်၏မျက်လုံးများသည် ထိတ်လန့်မှုများ ပြည့်နှက်သွားတော့၏။ သူက သူ၏လုံခြုံမှုကို စိုးရိမ်နေဘဲ မြေနီမှုန့်ထံသို့ တစ်ချက်မတုံ့ဆိုင်းဘဲ ပြေးသွားကာ ငရဲဖီးနစ်အင်မော်တယ်ဘုရင်ပြေးလို့မရအောင် အချိန်ဆွဲပေးလိုက်သည်။"သွားတော့။"

“!!!” ငရဲဖီးနစ်အင်မော်တယ်ဘုရင်၏မျက်လုံးအိမ်က ကျဉ်းမြောင်းသွားခဲ့သည်။ သူမက တုံ့ဆိုင်းမနေဘဲ ခွန်းပန်းအံ့ဖွယ်စွမ်းအားကိုသုံးကာ အမြန်ဆုံးနှုန်းဖြင့် ထွက်ပြေးလိုက်သည်။

"မင်းတို့ ဘယ်သွားမလို့လဲ။"

ချီမင်က တိုက်ခိုက်လိုက်သည်။ သူက ဖရိုဖရဲမဟာပုဆိန်ကို ကိုင်ထားပြီး ခုတ်ချလိုက်သည်။ ဖရိုဖရဲပုဆိန်သည် ငရဲဖီးနစ်အင်မော်တယ်ဘုရင်၏ခေါင်းကို ဖြတ်တောက်သွား၏။

All Chapters