မြောက်ပိုင်းပြည်နယ်ရဲ့ အရှင်
Vol. 24 Ch. 351
အရေးကြီးသည့်အခိုက်တွင် ငရဲဖီးနစ်အင်မော်တယ်ဘုရင်က စဉ်းစားနေဖို့ အချိန်မရှိပေ။ ကောင်းကင်ခွဲခြင်းခြင်းပုဆိန်၏ကြောက်မက်ဖွယ်စွမ်းအားနှင့်ရင်ဆိုင်ရတော့ သူမက ကိုယ်ပိုင်အသိစိတ်ဖြင့် ခုခံရေးအံ့ဖွယ်စွမ်းအားကို သုံးလိုက်သည်။
"ခုခံရေးမဟာအံ့ဖွယ်စွမ်းအား ငရဲဖီးနစ်စေတီ"
ချက်ချင်းပဲ များပြားသည့်ဓမ္မစွမ်းအားများမှာ ငရဲဖီးနစ်အင်မော်တယ်ဘုရင်အနားတွင် သိပ်သည်းလာ၏။ ဥပဒေသစွမ်းအားများမှာ စုဝေးလာပြီး အချိန်တိုလေးအတွင်းမှာ ကိုးထပ်မြင့်သည့် စေတီတစ်ခုအဖြစ် သိပ်သည်းသွားသည်။
ဂရုတစိုက်ကြည့်လိုက်ရင် ထိုကိုးထပ်စေတီပေါ်တွင် များစွာသောဖီးနစ်ပုံသဏ္ဍာန်များရှိသည်။ သူတို့က ပြန်လည်ရှင်သန်လာတော့မည့်အလား အသက်ဝင်လှသည်။
စေတီတစ်ခုလုံးက ငရဲဖီးနစ်အင်မော်တယ်ဘုရင်ကို ဖုံအုပ်သွားတော့သည်။
ချီမင်၏ပုဆိန်သည် ဖြတ်ပိုင်းချသွားခဲ့သည်။ ၎င်းက ငရဲဖီးနစ်စေတီကို အလွယ်တကူဖျက်ဆီးသွားသည်။
ငရဲဖီးနစ်အင်မော်တယ်ဘုရင်က သနားစဖွယ်အော်ဟစ်ကာ သွေးအန်ထွက်သွားပြီး လွင့်ထွက်သွားတော့သည်။ သူမ၏ဒဏ်ရာများသည် မသေးငယ်ပေ။ထို့ကြောင့် ချီမင်၏စွမ်းအားပြည့်ရိုက်ချက်ကို မခုခံနိုင်ခြင်းဖြစ်သည်။
"ငရဲဖီးနစ်အင်မော်တယ်ဘုရင်" ဝါးမျိုခြင်းအင်မော်တယ်ဘုရင်သည် အံ့ဩစွာပြောလိုက်သည်။
"မြေနီမှုန့်သန့်စင်ခြင်း"
မြေနီမှုန့်သည်သဘာဝအတိုင်း နောက်ပြန်မဆုတ်ပေ။ သူက ညာဘက်လက်ကိုမြှောက်ကာ စည်းမျဉ်းစွမ်းအားများကို ဖောက်ခွဲလိုက်သည်။ သူ့လက်ဝါးထဲတွင် ကြေးချွတ်သန့်စင်ကမ္ဘာတစ်ခုပေါ်လာသည်။
"မဟုတ်ဘူး"
ဝါးမျိုခြင်းအင်မော်တယ်ဘုရင်သည် ထိတ်လန့်သွားတော့သည်။ သူက အင်အားကုန်သုံးကာ စစ်မှန်မီးလျှံကို ဝါးမြိုလိုက်ပေမဲ့ မြေနီမှုန့်သန့်စင်ခြင်းကိုတော့ အနိုင်မယူနိုင်ပေ။ သူ့တစ်ကိုယ်လုံးက မီးလောင်ကျွမ်းသွား၏။
ထိတ်လန့်ဖွယ်အော်သံထွက်လာတော့သည်။
ဝါးမျိုခြင်းအင်မော်တယ်ဘုရင်က မအားနည်းပေ။သူက မဟာအံ့ဖွယ်စွမ်းအားနှစ်ခုကို နားလည်ထားသည်။သို့ပေမဲ့ သူက စည်းမျဉ်းကျင်ကြံသည့်မြေနီမှုန့်၏ပြိုင်ဘက်တော့ မဟုတ်ပေ။ သူက လုံးဝကိုဖိနှိပ်ခံလိုက်ရသည်။
သိပ်မကြာလိုက်ခင်မှာပဲ မြေနီမှုန့်ကမ္မမီးလျှံသည် သူ၏ခန္ဓာကိုယ်ကိုလောင်ကျွမ်းသွားသည်။ထို့နောက် ဝိညာဉ်ကိုပါ လောင်ကျွမ်းသွားသည်။ သူ၏အသိစိတ်ကပါ မြေနီမှုန့်ကမ္မမီးလျှံကြောင့် လောင်ကျွမ်းသွားရပြီးသေဆုံးသွားတော့သည်။
သူ၏ဝါးမျိုခြင်းမီးလျှံသည် မြေနီမှုန့်ကမ္မမီးလျှံကို မခုခံနိုင်ပေ။
ဝါးမျိုခြင်းအင်မော်တယ်ဘုရင်သည် မြေနီမှုန့်လက်ထဲတွင် သေဆုံးသွားရတော့သည်။
"တိုက်"
တစ်ချိန်တည်းမှာချီမင်သည် ငရဲဖီးနစ်အင်မော်တယ်ဘုရင်ကိုအေးစက်စွာကြည့်လျက် လျင်မြန်စွာ တိုက်ခိုက်နေခဲ့သည်။ သူက ဓမ္မစွမ်းအားများကို စုစည်းလိုက်သည်။ဒဏ်ရာအပြင်းအထန်ရနေသည့် ငရဲဖီးနစ်အင်မော်တယ်ဘုရင်သည် ချီမင်၏ပြိုင်ဘက်လုံးဝမဟုတ်ပေ။
ချီမင်က သူမနောက်သို့လိုက်နေပြီး နည်းစနစ်အားလုံးကို ပုဆိန်ခုတ်ချက်တစ်ချက်တည်းဖြင့် ဖျက်ဆီးလိုက်သည်။ သူက အသင်္ချေနည်းစနစ်များတစ်ခုသို့ ပြန်သွားခြင်းကို သုံးပြီး ငရဲဖီးနစ်အင်မော်တယ်ဘုရင်၏အံ့ဖွယ်စွမ်းအားနည်းစနစ်အားလုံးကို ဖြေရှင်းလိုက်သည်။
သူမက လုံးဝကိုဖိနှိပ်ခံနေရသည်။
ငရဲဖီးနစ်အင်မော်တယ်ဘုရင်သာ ဒဏ်ရာအပြင်းအထန်မရဘဲ သူမ၏အထွတ်အထိပ်အခြေအနေ၌ရှိနေကာ ကိုယ်ပိုင်အင်မော်တယ်ရတနာကိုမဖောက်ခွဲထားပါက ချီမင်အနေဖြင့် သူမကိုဖမ်းဆီးနိုင်ဖို့ အတော်လေးခက်ခဲနိုင်သည်။ရှုံးတောင် ရှုံးသွားနိုင်သည်။
သို့ပေမဲ့ အခုကျတော့...
ငရဲဖီးနစ်အင်မော်တယ်ဘုရင်သည် ပြင်းထန်စွာဒဏ်ရာရထားသည်။ သူမက ထွက်ပြေးဖို့ ကိုယ်ပိုင်အင်မော်တယ်ရတနာကိုတောင် ဖောက်ခွဲထားရတာဖြစ်သည်။ သူမအင်အား လျော့ကျနေတည်းက ချီမင်၏ပြိုင်ဘက်မဟုတ်တော့ပေ။
ချီမင်၏ပုဆိန်သည် ကျရောက်လာပြီး ငရဲဖီးနစ်အင်မော်တယ်ဘုရင်၏ခံစစ်အားလုံးကို ချိုးဖြတ်သွားတော့သည်။ ကြောက်မက်ဖွယ်ကောင်းသည့် ဖရိုဖရဲပုဆိန်အလင်းမှာ နေရာလွတ်ကိုတောင် ပြိုကွဲသွားစေပါ၏။
ငရဲဖီးနစ်အင်မော်တယ်ဘုရင်သည် အော်ဟစ်လိုက်၏။ ချီမင်သည် သူမ၏ခါးကိုဖြတ်တောက်လိုက်သည်။ကောင်းကင်ယံ၌ သွေးများ ဖြာကျလာသည်။ အတော်လေး နာကျင်ဖွယ်ကောင်းပါ၏။ ဖျက်ဆီးအားမှာ သူမ၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားပြီး သက်စောင့်အားကို ဖျက်ဆီးလိုက်သည်။
"တာအိုသတ်ဖြတ်ခြင်းနည်းစနစ်။"
ချီမင်၏အကြည့်က အေးစက်နေသည်။ သူက ဖရိုဖရဲမဟာပုဆိန်ကိုကိုင်ဆွဲကာ ငရဲဖီးနစ်အင်မော်တယ်ဘုရင်ကိုထပ်မံခုတ်ပိုင်းလိုက်ပြန်သည်။ ဖရိုဖရဲပုဆိန်အလင်းသည် ကောင်းကင်ပေါ်သို့ မြှင့်တက်လာပြီး ငရဲဖီးနစ်အင်မော်တယ်ဘုရင်၏ပန်းသုံးပွင့်ကိုဖြတ်တောက်ကာ သူမ၏ကျင့်ကြံခြင်းကို ဖျက်ဆီးလိုက်သည်။
"မဟုတ်ဘူး" ငရဲဖီးနစ်အင်မော်တယ်ဘုရင်သည် အင်မတန်ကြောက်လန့်သွားတော့၏။ သူမက ကျင့်ကြံခြင်းအဆင့်လျော့ကျလာသည်ကို ရှင်းလင်းစွာအာရုံခံလိုက်မိသည်။သူမ၏နှစ်သိန်းပေါင်းများစွာ ခက်ခက်ခဲခဲကျင့်ကြံလာခဲ့ရသည့် ဓမ္မစွမ်းအားများမှာ ပျောက်ကွယ်သွားတော့၏။
"အထွတ်အထိပ်ကမ္မနည်းစနစ်"
ချီမင်၏သတ်ဖြတ်လိုစိတ်က အင်မတန်သန်မာလေသည်။ သူက ပုဆိန်အလင်းတန်းကို နောက်ထပ်နှစ်ချက်ဝေ့ယမ်းလိုက်ကာ ငရဲဖီးနစ်အင်မော်တယ်ဘုရင်၏ကောင်းချီးနှင့်ကုသိုလ်ကို ဖျက်ဆီးလိုက်သည်။ ထို့နောက်မှာတော့ သူက မဟာကပ်ဘေးဒုက္ခနည်းစနစ်ကိုသုံးကာ ကောင်းကင်လူသားကျဆင်းခြင်းငါးပါးကိုဆွဲဆောင်လိုက်သည်။
"အား"
ငရဲဖီးနစ်အင်မော်တယ်ဘုရင်သည် အော်ဟစ်လိုက်၏။ မျက်စိတစ်မှိတ်အတွင်းမှာ သူမက သေခါနီးအမျိုးသမီးအလား ဆံပင်များဖြူသွားကာ အဘွားကြီးဖြစ်သွားတော့သည်။ မလိုလားမှုများအောက်မှာပဲ သူမက ပြာဖြစ်သွားကာ ကောင်းကင်နှင့်မြေကြီးမှ ပျောက်ကွယ်သွားတော့သည်။
ထိုအခိုက်တွင် အသက်မြစ်ကမ်းဘေးမှတိုက်ပွဲက ချီမင်ကို ဥပဒေသကျင့်ကြံသည့်အထက်ကမ္ဘာအင်မော်တယ်ဘုရင်ကိုးပါးလိုက်ဖမ်းခြင်းက စတင်ခြင်းဖြစ်သည်။ ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ပွဲ ဖြစ်ပေါ်လာပြီး အတော်လေးရုတ်ရုတ်သဲသဲဖြစ်သွားတော့သည်။
၎င်းက ပတ်ဝန်းကျင်တွင်ရှိသော အသက်မြစ်အင်မော်တယ်မြို့တော်မှ များစွာသောအင်မော်တယ်များ ၏အာရုံကို ဆွဲဆောင်သွားစေသည်။
သူတို့က ကြည့်နေခဲ့ကြသည်။
တိုက်ပွဲ၏ရလဒ်သည် သူတို့၏မျှော်လင့်ချက်ထက်ကျော်လွန်သွားတော့သည်။
သူတို့က ထိုကဲ့သို့မထင်ထားခဲ့ချေ။
ချီမင်က တကယ်တော့ အတော်လေးစွမ်းအားကြီးသည်။ သူကို စည်းမျဉ်းကျင့်ကြံသည့်အထက်ကမ္ဘာအင်မော်တယ်ဘုရင်တစ်ပါးကတောင် ကာကွယ်ပေးထားသည်။ အချိန်တိုလေးအတွင်းမှာ ထိုသူက ဥပဒေသကျင့်ကြံသည့်အထက်ကမ္ဘာအင်မော်တယ်ဘုရင်ကိုးပါး ကိုတောင် သတ်ဖြတ်နိုင်သည်။
ထိုရလဒ်မျိုးသည် ပြည်နယ်ကိုးလောကကို တုန်လှုပ်သွားစေဖို့လုံလောက်သည်။
"သွား"
ချီမင်သည် အသက်ပြင်းပြင်းရှုလိုက်၏။ သူက အထက်ကမ္ဘာအင်မော်တယ်ဘုရင်ကိုးပါးကိုဖြေရှင်း ပြီးပေမဲ့ အန္တရာယ်မရှိတော့ဟု မခံစားရပေ။ ထိုအစား သူက ပိုပြီးသတိကြီးလာရသည်။
တစ်နည်းနည်းဖြင့် ကပ်ဘေးဒုက္ခသည်ရောက်လာတော့မည့်အလားပင်။
"ဟုတ်ကဲ့!”
မြေနီမှုန့်သည် တုံ့ပြန်သည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ သူကလည်း တစ်ခုခုမှားနေသည်ကို ခံစားမိသည်။ မြေနီမှုန့်က စည်းမျဉ်းကျင့်ကြံသည့်အထက်ကမ္ဘာအင်မော်တယ်ဘုရင်ဖြစ်၍ သူက သဘာဝအတိုင်း ကပ်ဘေးဒုက္ခကို အာရုံခံနိုင်ပေသည်။
ချီမင်နှင့်မြေနီမှုန့်တို့သည် တုန့်ဆိုင်းမနေတော့ဘဲ လွတ်မြောက်ခြင်းနည်းစနစ်များကို ထုတ်သုံးလိုက်သည်။ သူတို့ခန္ဓာကိုယ်က အလင်းတန်းများအဖြစ်ပြောင်းလဲသွားပြီး နေရာလွတ်ထဲသို့ဝင်ရောက်ကာ အသက်မြစ်ထံသို့ ဦးတည်လိုက်သည်။ သူတို့က မြောက်ပိုင်း ပြည်နယ်မှစွန့်ခွာရန် အသက်မြစ်ကိုဖြတ်ချင်နေကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာ ချီမင်နှင့်မြေနီမှုန့်က အသက်မြစ်ထံသို့ ရောက်လာကြသည်။ သူတို့၏ခန္ဓာကိုယ်ကိုပါ ဆွဲချရန်ကြိုးစားနေသည့် အသက်မြစ်၏နက်နဲသည့်စွမ်းအားကို ခံစားလိုက်ရသည်။
ချီမင်နှင့်မြေနီမှုန့်တွင် နက်နဲသည့် ကျင့်ကြံခြင်းအဆင့်မျိုးရှိလေသည်။ ချီမင်သည် အသင်္ချေနည်းစနစ်များတစ်ခုသို့ ပြန်သွားခြင်းကို လည်ပတ်ပြီး အသက်မြစ်၏စွမ်းအားကို ဖြေရှင်းလိုက်သည်။ မြေနီမှုန့်က မြေနီမှုန့်သုံးထောင်သောကမ္ဘာ၏စည်းမျဉ်းစွမ်းအားများဖြင့် သူ့ခန္ဓာကိုယ်ကို ကာကွယ်ထားလိုက်သည်။
အသက်မြစ်က သူတို့ကို မသက်ရောက်နိုင်တော့ပေ။
"တာအိုရောင်းရင်းတို့"
နောက်တခဏတွင် ချီမင်နှင့်မြေနီမှုန့်က အသက်မြစ်ထံမှလာသော အသံတစ်သံကို ကြားလိုက်ရ၏။ သူတို့ ခေါင်းငုံ့ကာ အသံလာရာဘက်သို့ ကြည့်လိုက်သည်။ အသက်မြစ်ပေါ်တွင် လှိုင်းလေးများနောက်သို့လိုက်နေသည့် အနည်းငယ်အိုဟောင်းနေသည့် လှေလေးတစ်စင်းကို တွေ့လိုက်ရသည်။
အသက်မြစ်သစ်ပင်မှရသော သစ်ဖြင့်သာ လုပ်ထားသည့် လှေများသာ အသက်မြစ်ပေါ်တွင် မျောနိုင်သည်။
ဟောင်းနေသည့်လှေပေါ်တွင် ဝါးခမောက်ဆောင်းထားသည့် တင်ပျဉ်ခွေချိတ်ထိုင်နေသာ လူတစ်ဦးရှိပါ၏။ သူ့က ချီမင်ကိုကျောပေးထား၍ သူ့အသွင်ပြင်ကို ရှင်းရှင်းလင်းလင်းမမြင်ရပေ။ သူ့နောက်ကျောကိုသာ မြင်နိုင်သည်။
ထိုခံစားချက်က မိုးရွာနေ၍မြူခိုးများ ဝေ့ဝါးနေသလိုပင်။
အတော်လေး ထူးခြားလှသည်။
သူတို့က ဂရုတစိုက်ကြည့်လိုက်သည်။
လှေတစ်ခုလုံးက ကမ္ဘာကြီးတစ်ခုလုံးနှင့်ပေါင်းစပ်သွားသကဲ့သို့ပင်။အိမ်မက်ပန်းချီကားတစ်ချက် ရေးဆွဲထားသည့်ပမာပင်။
"မင်း ဒီကိုရောက်နေပြီဆိုမှတော့ ဘာလို ထွက်သွားဖို့ အလျင်လိုနေရမှာလဲ။"
ထိုပုံရိပ်က တင်ပျဉ်ခွေချိတ်ထိုင်နေရာမှ သူ့လက်ကိုမြှောက်ကာ ငါးမြားချိတ်ကို မြင့်တင်လိုက်သည်။ သူက အသက်မြစ်ထဲမှ သာမန်အနီရောင်ငါးတစ်ကောင် ဖမ်းယူလိုက်ဟန်ရသည်။
မျက်စိတစ်မှိတ်အတွင်းမှာ အမြီးအနီရောင်ဖြင့် ငါးက သူ့လက်ထဲသို့ ကျရောက်သွားပြီး ငါးတောင်းထဲသို့ရောက်သွားသည်။
ထိုအခိုက်တွင် သူက ငါးမျှားတံကို ဖြေးညှင်းစွာ ပြန်သိမ်းနေခဲ့သည်။
သို့ပါသော်လည်း ချီမင်သည် ငါးမျှားချိတ်က အကွေးမဟုတ်ဘဲ မျှားတံကဖြောင့်နေသည်ကို တွေ့သွား၏။ သူက အနည်းငယ်ကြောင်အသွားသည်။
ငါးမျှားချိတ်အဖြောင့်ကလည်း ငါးဖမ်းဖို့သုံးလို့ရတာလား။အရေးကြီးတာက တစ်ဖက်က တကယ်ကြီး အမြှီးနီငါးတစ်ကောင်တောင် ဖမ်းလိုက်နိုင်သေးတယ်။
သေချာသည်ကတော့ တခြားကိစ္စတစ်ခုတွေးရန်ရှိသေးပါ၏။
အသက်မြစ်ထဲမှ ငါးများက သဘာဝအားဖြင့် သာမန်ငါးများ မဟုတ်ပေ။
"ခင်ဗျားက" ချီမင်၏အကြည့်က အနည်းငယ်လေးနက်လာသည်။
ချီမင်က ဝါးခမောက်စောင်းထားသည့် ငါးဖမ်းသမားကို ဖြတ်မမြင်နိုင်ခဲ့ပေ။ သူ့ကို မြူခိုးတစ်လွှာဖြင့် ဖုံးအုပ်နေပြီး အတော်လေး ဆန်းကြယ်လှသည်။
မြေနီမှုန့်၏အမူအရာက တင်းမာလာသည်။သူက အတော်လေးကိုလေးနက်နေသည်။ သူက ချီမင်ရှေ့မှပိတ်ကာတား၍ပြောသည်။"တစ်ဖက်က တော်တော်လေး သန်မာတယ်။ အခြေအနေတစ်ခုခုဖြစ်သွားရင် ကျွန်တော်သူ့ကို တားဖို့အကောင်းဆုံးကြိုးစားမယ်။ သခင် အဲ့ဒီအချိန်ကျရင် အခွင့်အရေးရှာပြီး ထွက်ပြေးပါ။"
“!!!” ချီမင်သည် ထိတ်လန့်သွား၏။
ဝါးခမောက်ဆောင်းထားသည့် ထိုသူက မြေနီမှုန့်ကိုတောင် သတိကြီးကြီးထားသွားစေသည်။ သူက တကယ့်ကို သာမန်မဟုတ်ပေ။
"အသက်မြစ်လှေ၊ ငါးဖမ်းနေတဲ့လူအိုကြီး၊ သူကမြောက်ပိုင်းအရှင်ပဲ။ ကံကြမ္မာက တကယ့်ကို ဆန်းကြယ်တာပဲ။"
ဝါးခမောက်ဆောင်းထားသည့် ထိုသူက ချီမင်ကို မျက်နှာမူလာသည်။ သူက ခေါင်းမော့လိုက်တော့ ဝါးခမောက်အောက်မှ အိုမင်းနေသည့် မျက်နှာတစ်ခုပေါ်လာသည်။
သူ့မျက်နှာတွင် အရေးအကြောင်းများ ပြည့်နေသည်။
သူက ဆံပင်များဖြူဖွေးနေသည့် အကြီးအကဲဖြစ်သည်။
သူ၏ခါးက မဖြောင့်နိုင်ဘဲ ကိုင်းညွှတ်နေသည်။
"သူ...သူက မြောက်ပိုင်း ပြည်နယ်ရဲ့ အရှင်ပဲ။"
"ဟူး"
"ဒါ...ဒါ...ဒါက.."
"ငါ အဲ့လိုဒဏ္ဍာရီတွေ ကြားဖူးတာကြာပြီ။ အသက်မြစ်ထဲမှာ မျောလွင့်နေတဲ့ အသက်မြစ်လှေတစ်စင်းရှိတယ်။ မြောက်ပိုင်း ပြည်နယ်ရဲ့အရှင်က အသက်မြစ်လှေကိုစီးနင်းပြီး အသက်မြစ်မှာ ငါးဖမ်းထွက်တယ်။ ကံကြမ္မာက ခန့်မှန်းရခက်တယ်။ရေစက်ပါတဲ့သူတွေကပဲ ဆုံတွေ့နိုင်တယ်။ အင်မော်တယ်တွေက မြောက်ပိုင်း ပြည်နယ်ရဲ့အရှင်နဲ့ တွေ့ခဲ့ကြရတယ်။ တချို့က အကျိုးအမြတ်တွေရခဲ့ကြပြီး ကောင်းကင်ထက်တိုင် မြင့်တက်ပေါ်ထွန်းလာကြတယ်။ တစ်ချို့က သေခြင်းတရားကိုမရှောင်ရှားနိုင်ခဲ့ကြဘူး။"
"မြောက်ပိုင်း ပြည်နယ်ရဲ့အရှင်က ဒီမှာပေါ်လာမယ်လို့ မထင်ထားခဲ့ဘူး။"
"မြောက်ပိုင်း ပြည်နယ်ရဲ့အရှင့်က ကောင်းကင်ဉာဏ်အလင်းကိုလာကိုင်တွယ်တာလား။"
"အံ့ဩစရာပဲဟေ။"
"မင်းသိထားရမှာက ကောင်းကင်ဉာဏ်အလင်းက ဒီတလောအတွင်းမှာ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ကို အတော်လေးလှုပ်ခါအောင်လုပ်ထားတာ။ သူက ကိုးပြည်ထောင်အင်မော်တယ်သေဒဏ်စာရင်းမှာပါ ဝင်သွားတာ။ ဂိုဏ်းပေါင်းများစွာက ဒီကိစ္စကို ဆွေးနွေးနေတုန်း။ သူတို့က ကောင်းကင်ဉာဏ်အလင်းက ခေတ်ကာလကပ်ဘေးဒုက္ခရဲ့ ဓာတ်ကူပစ္စည်းလို့တောင် ခန့်မှန်းနေကြတာ။ သူက ကပ်ဘေးဒုက္ခရဲ့ ရှေ့ပြေးဖြစ်မယ်။"
(ဓာတ်ကူပစ္စည်းဆိုတာ ဖြစ်စဉ်တစ်ခု ညီမျှခြင်းတစ်ခုကို ပိုဆိုးသွားအောင် ဒါမှမဟုတ် ပိုကောင်းသွားအောင်လုပ်ပေးတာမျိုးပါ။)
"ခုနလေးတင်ဖြစ်တဲ့ တိုက်ပွဲကနေတစ်ဆင် ကောင်းကင်ဉာဏ်အလင်းက ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ကို အတော်လေးရုတ်ရုတ်သဲသဲဖြစ်အောင်လုပ်သွားတဲ့သူ ဖြစ်ထိုက်တယ်။ နောက်ဆုံးတော့ ကောင်းကင်ဉာဏ်အလင်းရဲ့လက်ထဲမှာ အထက်ကမ္ဘာအင်မော်တယ်ဘုရင်ဆယ့်တစ်ပါးသေသွားပြီ။"
ပတ်ဝန်းကျင်တွင် အင်မော်တယ်များက အခြေအနေကိုမြင်နေရသည်။ သူတို့အားလုံးက ဆွေးနွေးနေကြသည်။
"မြောက်ပိုင်း ပြည်နယ်ရဲ့အရှင်" ချီမင်၏အကြည့်က လေးနက်သွားပေမဲ့ သူက တည်ငြိမ်သွားတော့သည်။"ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်က ငါ့ထင်ထားတာထက် ဆုံးဖြတ်ချက်ပြတ်သားတာပဲ။ သူတို့က ဥပဒေသကျင့်ကြံတဲ့ အထက်ကမ္ဘာအင်မော်တယ်ဘုရင်ကိုးပါးအပြင် မြောက်ပိုင်း ပြည်နယ်ရဲ့အရှင်ကိုတောင် လွှတ်လာတယ်။"
"ငါးဖမ်းတာလား။" ချီမင်က ဆိုလိုက်သည်။"ခင်ဗျားက ငါးစာရှာဖို့စောင့်နေတာမလား။"
"ဟုတ်တယ်။" လူအိုကြီးက ခေါင်းအသာညိတ်ကာ မငြင်းပေ။ ထိုအစား သူက ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။"ငါ့နာမည်က ကျန်းထိုက်ယွီ မြောက်ပိုင်း ပြည်နယ်ရဲ့အရှင်ပဲ။ ငါက လှိုင်းလုံးတွေနောက်ကလိုက်လာပြီး ဒီနေရာရောက်လာတာ။ ငါက ငါ့လက်ထဲကိုဝင်လာမယ့် ငါးစာကိုစောင့်နေတာ။"
ချီမင်က အသက်ပြင်းပြင်းရှုကာ တစ်ဖက်သူကို အေးစက်စွာ ကြည့်နေသည်။"ဘာလို့ ကျုပ်ကို ခုနက မတိုက်ခိုက်တာလဲ။ ခင်ဗျားသာ ကျုပ်ကို တိုက်ခိုက်ခဲ့ရင် အဲ့ဒီအထက်ကမ္ဘာအင်မော်တယ်ဘုရင်တွေ သေမှာမဟုတ်ဘူး။"
"ဘာလို့ ငါက တိုက်ခိုက်ရမှာလဲ။" ကျန်းထိုက်ယွီက ပြုးလိုက်သည်။"သူတို့ သေသေရှင်ရှင် ငါနဲ့ဘာမှ မဆိုင်ဘူး။ သူတို့သေရတာ သူတို့ကျင့်ကြံခြင်းအဆင့်က မလုံလောက်လို့ပဲ။ ခေတ်ကာလကပ်ဘေးဒုက္ခက လာတော့မယ်။အဲ့တော့ သူတို့က သူတို့ကံကြမ္မာကို စောစောလက်ခံလိုက်တာပဲရှိတာ။"
"မင်းက သေရမှာ သူတို့အစား.."ကျန်းထိုက်ယွီက ထပ်၍ပြုံးကာ ဆိုသည်။"ဒါဆို ပိုကောင်းတယ်။ ငါ လည်း အနှောက်အယှက်ဖြစ်ခံစရာမလိုတော့ဘူး။
ကျန်းထိုက်ယွီက ချီမင်ကို ကြည့်ကာ သူ့မျက်နှာကိုတည်လျက် ပြောသည်။"မင်းဟာမင်းအရှုံးပေးမလား။ငါမင်းကို လာဖမ်းရမလား။"
"ထားလိုက်တော့။" ကျန်းထိုက်ယွီက ခေါင်းခါလိုက်သည်။"မင်းလိုလူမျိုးက အရှုံးပေးဖို့ ဆန္ဒရှိမှာ မဟုတ်ဘူး။ ဒါကြောင့် မင်းဖြေစရာမလိုဘူး။ ငါကိုယ်တိုင် တိုက်ခိုက်မယ်။"