ကံကြမ္မာစည်းမျဉ်း
Vol. 24 Ch. 352
ချီမင်သည် မြောက်ပိုင်းပြည်နယ်အရှင်၏ကျင့်ကြံခြင်းအဆင့်အစစ်မှန်ကို မသိပေ။သို့ပါသော်လည်း နတ်ဆိုးဗုဒ္ဓမြေနီမှုန့်က အရမ်းသတိကြီးနေ၍ ထိုသူက စည်းမျဉ်းကျင့်ကြံသည့်အထက်ကမ္ဘာအင်မော်တယ်ဘုရင်တစ်ပါးဖြစ်ရပေမည်။
ဥပဒေသကျင့်ကြံသည့် အထက်ကမ္ဘာအင်မော်တယ်ဘုရင်တစ်ပါးဖြစ်ပြီး အင်မော်တယ်ဘုရင်နှောင်းပိုင်းအဆင့်သို့ရောက်နေပါလည်း မြေနီမှုန့်အနေဖြင့် ထိုမျှလောက် လေးနက်စရာမလိုပေ။
ချီမင်က ၎င်းကို ထပ်မံတွေးတောမိသွား၏။
ကျန်းထိုက်ယွီသည် ပြည်နယ်ကိုးလောကမှမြောက်ပိုင်း ပြည်နယ်၏အရှင်ဖြစ်သည်။ သူ့ခွန်အားက ကျိန်းသေပေါက် မနည်းပေ။ စည်းမျဉ်းကျင့်ကြံသည့်အထက်ကမ္ဘာအင်မော်တယ်ဘုရင်တစ်ပါး ဖြစ် ဖို့ဆိုတာ အလွန့်ကိုသာမန်ဆန်ပေသည်။
တကယ်လည်း ကျန်းထိုက်ယွီ၏ကျင့်ကြံခြင်းအဆင့်က အင်မော်တယ်ဘုရင်နှောင်းပိုင်းအ ဆင့်ဖြစ်ရပေမည်။
တကယ့်ကို အန္တရာယ်များနေပြီဖြစ်ပါ၏။
ကျန်းထိုက်ယွီက တစ်ယောက်တည်းဆိုပေမဲ့ သူက ဥပဒေသကျင့်ကြံသည့်အထက်ကမ္ဘာအင်မော်တယ်ဘုရင်ကိုးပါးထက် ပိုသန်မာပြီး ပို၍ကြောက်စရာကောင်းပါ၏။
ချီမင်သာ သတိကြီးကြီးမထားဘဲ ဓမ္မစွမ်းအားများသုံးကာ ကောင်းကင်လျှို့ဝှက်ချက်၏တန်ပြန်မှုကိုမခုခံဘဲ သူ၏အနာဂတ်ကို မတွက်ချက်ခဲ့ဘူးဆိုရင် သူက ကျိန်းသေပေါက် အသက်မြစ်အင်မော်တယ်မြို့တော်ထဲသို့ ဝင်သွားပေလိမ့်မည်။
ထိုသို့သာဖြစ်သွားရင် ကိုးမြို့တော်အင်မော်တယ်အစီအရင်က အသက်ဝင်လာပြီး ချီမင်က အစီအရင်ထဲသို့ ကျသွားလိမ့်ပေမည်။ထိုအခါ သူ့ကို ဥပဒေသကျင့်ကြံသည့် အထက်ကမ္ဘာအင်မော်တယ်ဘုရင်ကိုးပါးက ဝိုင်းသတ်လိမ့်မည်ဖြစ်သည်။ အန္တရာယ်က နေရာတိုင်းမှာရှိနေပါ၏။
ချီမင်က အနာဂတ်တစ်ပိုင်းတစ်စကိုတွေ့ခဲ့သည့်အတွက် သူက အန္တရာယ်ကိုရှောင်ရှားပြီး အသက်မြစ်အင်မော်တယ်မြို့တော်ထဲသို့ မဝင်ခဲ့သလို ကိုးမြို့တော်အင်မော်တယ်အစီအရင်ထဲသို့လည်း ကျမသွားခဲ့ပေ။
သူက အထက်ကမ္ဘာအင်မော်တယ်ဘုရင်ကိုးပါးကိုတောင် ပြန်သတ်နိုင်ခဲ့သေးသည်။
ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်တွင် အရန်အစီအစဉ်ရှိပါသေးသည်။ သူတို့က ကောင်းကင်တာအိုရတနာ:ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ်ကိုသုံးပြီး ချီမင်၏အနာဂတ်ကိုတွက်ချက်ခဲ့သည့်အပြင် ဥပဒေသကျင့်ကြံသည့်အထက်ကမ္ဘာအင်မော်တယ်ဘုရင်ကိုးပါးကိုလည်း လွှတ်ကာ ဝိုင်းသတ်ခိုင်းခဲ့သည်။
သားကောင်ကို ထိုင်စောင့်နေသည်ဟုတောင် ဆိုနိုင်၏။
မမျှော်လင့်ထားတာက ထိုအရာများအားလုံးက ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏ လူသတ်ကွက်အစစ်အမှန်မဟုတ်သေးပေ။
ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏လျှို့ဝှက်ကဒ်အစစ်မှန်သည် အမှန်တကယ်တော့ မြောက်ပိုင်း ပြည်နယ်၏အရှင် ကျန်းထိုက်ယွီဖြစ်နေခဲ့၏။ သူက မြောက်ပိုင်း ပြည်နယ်တစ်ခုလုံးတွင် အတော်လေးဆန်းကြယ်ပြီး စွမ်းအားကြီးပေသည်။
သူက နားလည်ရခက်ခဲသည့် အထက်ကမ္ဘာအင်မော်တယ်ဘုရင်တစ်ပါးဖြစ်သည်။
သူက စည်းမျဉ်းကျင့်ကြံသည့်အထက်ကမ္ဘာအင်မော်တယ်ဘုရင်နှောင်းပိုင်း အဆင့်ကျင့်ကြံသူ ဖြစ်နိုင်ချေ အတော်လေးမြင့်သည်။
"ကံကြမ္မာမြစ်ဆိုတာက အဆက်မပြတ်ကျနေတဲ့ မိုးဖွဲ့ဖွဲ့လေးပါပဲ။"
ကျန်းထိုက်ယွီသည် တိုက်ခိုက်လိုက်၏။ သူက လက်နှစ်ဘက်ကို နောက်ပို့ထား၏။ အတွေးတစ်ချက်ဖြင့်မမြင်နိုင်သည့်စည်းမျဉ်းလောကမှာ သူ့ကိုဗဟိုပြုပြီး ပျံ့နှံ့လာကာ ပတ်ဝန်းကျင်ကိုဖုံးအုပ်သွားတော့၏။
တစ်ချိန်တည်းမှာ သူက မလှုပ်ရှားဘဲ စိတ်ထဲကနေ အံ့ဖွယ်စွမ်းအားကို အသက်သွင်းလိုက်သည်။ အသက်မြစ်ရေက မြင့်တက်လာပြီး ကောင်းကင်ထိထောင်တက်သွားသည်။ ကံကြမ္မာမြစ်တစ်စင်းပေါ်ပေါက်လာသည့်အလားပင်။
ကံကြမ္မာ။
အသင်္ချေကမ္ဘာများတွင် သက်ရှိများသည် ကိုယ်ပိုင်ကံကြမ္မာများရှိ၏။ သေဆုံးခြင်း သို့မဟုတ်ရှင်သန်ခြင်းဖြစ်စေ သူတို့၏ပြန်လည်မွေးဖွားခြင်းက အဆုံးမဲ့ဖြစ်ကာ ကံကြမ္မာက အဆုံးမရှိပေ။ ကမ္ဘာပေါင်းများစွာသည် သူတို့၏ကံကြမ္မာမှ မရှောင်ပြေးနိုင်ပေ။
ကျန်းထိုက်ယွီသည် ကံကြမ္မာစည်းမျဉ်းကို အဓိထားကျင့်ကြံသည်။ တခြားဥပဒေသများ၏စွမ်းအားနှင့်အတူကံကြမ္မာစည်းမျဉ်းကိုအဓိကထားပြီး သူက အံ့ဖွယ်စွမ်းအားနှင့်နည်းစနစ်များကို ဖန်တီးခဲ့သည်။ ထိုစွမ်းအားများက အတော်လေးကြီးမားသည်။
ချက်ချင်းပဲ ကံကြမ္မာမိုးရေစက်များသည် ကျန်းထိုက်ယွီ၏စည်းမျဉ်းလောကသို့ ကျဆင်းလာသည်။ ဆက်တိုက်ကိုအဆုံးမရှိကျဆင်းလာပြီး ချီမင်နှင့်မြေနီမှုန့်တို့၏ဝိညာဉ်ကို တိုက်စားရန်ကြိုးပမ်းလာသည်။
အတော်လေး သန်မာသည်။
"မြေနီမှုန့်ကမ္မမီးလျှံ စည်းမျဉ်းလောက"
အတွေးတစ်ချက်ဖြင့် မြေနီမှုန့်သည် သူ၏စည်းမျဉ်းလောကကိုအသက်သွင်းပြီး ကျန်းထိုက်ယွီ၏လောကကို ခုခံလိုက်သည်။ မြေနီမှုန့်ကမ္မမီးလျှံများ မြင့်တက်လာပြီး ကံကြမ္မာမိုးရေစက်များကို အငွေ့ပျံလာစေသည်။
"ကောင်းကင်နဲ့မြေကြီး မဟာတာအို"
ချီမင်သည် ဖရိုဖရဲမဟာတာအိုကျမ်းကို လည်ပတ်လိုက်၏။ သူ၏နှလုံးသားထဲတွင် တာအိုကျမ်း၏နက်နဲမှုများမှာ စီးဆင်းလာသည်။ မဟာတာအိုစာလုံးများမှာ သူ့အနားတွင် အဆက်မပြတ်ပေါ်လာပြီး သီးခြားလောကတစ်ခုဖြစ်ပေါ်လာသည်။
ထိုလောကသည် အတော်လေးပါးလှပ်ကာမပြည့်စုံပေ။ အတော်လေးအားနည်းနေပြီး လေတစ်ချက်အဝှေ့မှာ အချိန်မရွေးပြိုကျသွားနိုင်သော ကောက်ရိုးအိမ်လေးအလားပင်။
ကောင်းကင်နှင့်မြေကြီးမဟာတာအို၏ဆန်းကြယ်မှုများဖြင့် ဖွဲ့စည်းထားသည့် အသေးစားလောကဖြစ်သည်။ အားနည်းဟန်ရပေမဲ့ အတော်လေးအကြမ်းခံကာ ကျန်းထိုက်ယွီ၏စည်းမျဉ်းလောကကိုတော့ တောင့်ခံနိုင်သည်။
ချီမင်က အထွတ်အထိပ်ကမ္မနည်းစနစ်ကိုလည်ပတ်လိုက်ပြီး ကမ္မစွမ်းအားများကို ထွက်ပေါ်လာစေသည်။ ကံကြမ္မာမိုးများကို ကမ္မကြာပန်းသန္ဓေသားက တားဆီးလိုက်၍ ချီမင်ကို မထိနိုင်တော့ပေ။
ကျန်းထိုက်ယွီသည် အံ့ဩသွားဟန်ရ၏။ သူက ချီမင်နှင့်မြေနီမှုန့်တို့ကို တစ်ချက်ကြည့်လိုက်၏။"တာအိုကျင့်ကြံသူဆိုတဲ့အတိုင်းပဲ။ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်တစ်ခုလုံးကို လှုပ်ရွသွားအောင်လုပ်နိုင်တဲ့သူ ဖြစ်ထိုက်တယ်။"
"မင်းက ဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့်ပဲရှိသေးတာတောင် ငါ့ရဲ့စည်းမျဉ်းလောကနဲ့ကံကြမ္မာမိုးကိုတောင် တားဆီးနိုင်တယ်။ ဒီလိုအလားအလာနဲ့သူမျိုးကို အင်မော်တယ်မင်းဆက်ရဲ့အကြီးအကဲကိုးပါးက ရှင်သန်ခွင့်မပေးချင်တာ မအံ့ဩတော့ပါဘူး။"
"ငါတို့ မင်းကို အသက်ရှင်ခွင့်မပေးနိုင်ဘူး။"
"ခေတ်ကာလကပ်ဘေးဒုက္ခက စတော့မယ်။ဒါပေမဲ့ မင်းလိုဖြစ်တည်မှုမျိုးပေါ်လာတယ်။ တကယ့်ကို မတွေးဝံ့စရာပဲ။ ခေတ်ကာလကပ်ဘေးဒုက္ခအထွတ်အထိပ်ကိုရောက်လာရင် ဘာတွေများဆက်ဖြစ်လာမလဲ။"
မြောက်ပိုင်းပြည်နယ်၏အရှင်တစ်ပါးဆိုသော အဆင့်အတန်း၊ သူ့၏ခွန်အားနယ်ပယ်ဖြင့်ဆို ကျန်းထိုက်ယွီသည် ကိစ္စများ၏အစစ်မှန်ကို သိနိုင်လေသည်။
သူက ချီမင်သည်တာအိုကျင့်ကြံသူဟူသောအကြောင်းကို သိထားခဲ့သည်။
အလားတူပဲ ချီမင်က ကျန်းထိုက်ယွီ၏စကားများမှတစ်ဆင့် အချက်အလက်များကို ရလိုက်သည်။ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်က ချီမင်ကိုအင်အားများစွာ စိုက်ထုတ်ပြီးသတ်ချင်နေရသည့်အကြောင်းအရင်းက သူကတာအိုကျင့်ကြံသူဖြစ်နေ၍ဖြစ်၏။ သူတို့က အညွှန့်မထွက်ခင်တည်းက ချိုးနှိမ်ထားခြင်းဖြစ်သည်။
သူတို့က လူတစ်ယောက်လွတ်သွားမည်ဆိုး၍ လူတစ်ထောင်လုံးကို သတ်မည့်သူများဖြစ်သည်။
နှလုံးသားမဲ့ပြီး ရက်စက်ပေသည်။
နတ်ဆိုးဗုဒ္ဓမြေနီမှုန့်က အသက်ပြင်းပြင်းရှုလိုက်သည်။ သူက ကြောက်မက်ဖွယ်ကောင်းသည့်ဖိအားကိုခံစားလိုက်ရသည်။ သူတို့၏အစောပိုင်းတိုက်ခိုက်မှုကြောင့် သူသေချာသိသွား၏။
ကျန်းထိုက်ယွီသည် စည်းမျဉ်းကျင့်ကြံသည့်အထက်ကမ္ဘာအင်မော်တယ်ဘုရင်တစ်ပါးဖြစ်သည်။ ထို့ပြင် သူက အထက်ကမ္ဘာအင်မော်တယ်ဘုရင်နှောင်းပိုင်းအဆင့်ရောက်နေပြီဖြစ်သည်။ သူက နတ်ဆိုးဗုဒ္ဓမြေနီမှုန့်ထက် နှစ်ဆင့်မြင့်သည်။
နတ်ဆိုးဗုဒ္ဓမြေနီမှုန့်သည် သူက ကျန်းထိုက်ယွီ၏ပြိုင်ဘက်မဟုတ်မှန်းသိသည်။
မြေနီမှုန့်ကလည်း စည်းမျဉ်းကျင့်ကြံသူဖြစ်ပေမဲ့ သူက အထက်ကမ္ဘာအင်မော်တယ်ဘုရင်အစောပိုင်းအဆင့်၌သာဖြစ်သည်။ ထို့ပြင် ကျန်းထိုက်ယွီက နတ်ဆိုးဗုဒ္ဓမြေနီမှုန့်ထက် ကျင့်ကြံခြင်းအဆင့်နှစ်ဆင့်ပိုမြင့်သည်။
"ရန်သူက အင်မော်တယ်ဘုရင်နှောင်းပိုင်းအဆင့်ပဲ။"
မြေနီမှုန့်သည် ချီမင်ထံသို့ လျှို့ဝှက်စွာဖြင့် အသံလွှင့်လိုက်သည်။"သူက စည်းမျဉ်းကျင့်ကြံတဲ့သူပဲ။ ကျွန်တော်က သူ့ပြိုင်ဘက်မဟုတ်ဘူး။ သခင် ထွက်ပြေးဖို့ အခွင့်အရေးရှာထားပါ။"
ချီမင်က တုံ့ပြန်သည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
ထိုအခိုက်တွင် သူက ကျင့်ကြံခြင်းကမ္ဘာသို့ကူးပြောင်းလာတည်းက ကြုံတွေ့ခဲ့ရသည့် အသန်မာဆုံးရန်သူနှင့် ရင်ဆိုင်လိုက်သည်။ ရန်သူက အတော်လေးသန်မာလေသည်။
ထို့ပြင် ချီမင်က မသေချာသေးပေ။ သူကမြေနီမှုန့်နှင့်ပူးပေါင်းလိုက်ပြီး မြောက်ပိုင်းပြည်နယ်၏အရှင်ကိုအနိုင်ယူလိုက်ရင်တောင် ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်တွင် ပိုပြီးပြင်းထန်သည့် အရန်အစီအစဉ်ရှိနေလောက်သေးသည်။
သူက လက်ရှိအခြေအနေအရ မီးစဉ်ကြည့်ကရန်သာရှိ၏။
"ပြေး" ကျန်းထိုက်ယွီက လှောင်းပြုံးပြုံးလိုက်သည်။"မင်းတို့ဘယ်သူမှ မလွတ်နိုင်ပါဘူး။ ကောင်းကင်ဉာဏ်အလင်း ငါမင်းရဲ့ ကံကြမ္မာကို မြင်ခဲ့ပြီးပြီ။ မင်းအခုလုပ်နေတဲ့ အရာမှန်သမျှက သေခါနီးရုန်းကန်မှုတစ်ခုသက်သက်ပဲ။ မင်းရဲ့အနာဂတ်နဲ့ကံကြမ္မာက မပြောင်းလဲနိုင်တော့ဘူး။"
"တိုက်" မြေနီမှုန့်သည် အသက်ပြင်းပြင်းရှု၍ ဒေါသတကြီး အော်ဟစ်လိုက်၏။ သူက ကျန်းထိုက်ယွီကို အော်ကာတိုက်ခိုက်လိုက်သည်။"မင်းက သခင့်ရဲ့ စွမ်းအားကို မသိနိုင်ဘဲနဲ့များ။"
"မြေနီမှုန့်ကမ္မမီးလျှံ နတ်ဆိုးဗုဒ္ဓစစ်မှန်ခန္ဓာ"
ထိုအခိုက်တွင်မြေနီမှုန့်သည် အင်အားကုန်ထုတ်သုံးလိုက်သည်။ မြေနီမှုန့်ကမ္မမီးလျှံများ လောင်ကျွမ်းသွားပြီး သူက မီးတောက်ထဲတွင် ပြန်လည်မွေးဖွားလာသည်။ နတ်ဆိုးဗုဒ္ဓ၏စစ်မှန်ခန္ဓာ သက်ဆင်းလာခဲ့သည်။
ရွှေရောင်ဗုဒ္ဓအလင်းများမှာ မြေနီမှုန့်၏ခန္ဓာကိုယ်တွင် တောက်ပနေပြီး အဆုံးမဲ့ခမ်းနားလှသည်။ သို့ပါသော်လည်း သူ့ခန္ဓာကိုယ်ပေါ်တွင် အပြစ်သားနတ်ဆိုးတက်တူးများ ပေါ်လာခဲ့သည်။
"နတ်ဆိုးနှင့် ဗုဒ္ဓပေါင်းစပ်ခြင်း။"
ကျန်းထိုက်ယွီက ထိတ်လန့်သွားခဲ့သည်။ သူက ထိုအခြင်းအရာကို မမျှော်လင့်ထားခဲ့ပေ။"မင်းက ဒီလိုလမ်းစဉ်ကို လျှောက်နိုင်ခဲ့တာပဲ။ ကံမကောင်းတာကတော့ ငါ့အမြင်မှာ အဲ့တာက ယိုယွင်းနေတဲ့ လမ်းစဉ်ပဲ။"
"နတ်ဆိုးလည်းမဟုတ်သလို ဗုဒ္ဓလည်း မဟုတ်ပြန်ဘူး။"
"မင်းက လမ်းစဉ်နှစ်ခုရဲ့ စစ်မှန်ရည်ရွယ်ချက်တွေကို ပေါင်းစပ်နိုင်မှာမလား။"
"ရယ်ဖို့ကောင်းတယ်။"
"ပြီးတော့..."
"ဗုဒ္ဓကမ္ဘာရဲ့ မြင့်မြတ်သူတွေက မင်းလျှောက်လှမ်းတဲ့လမ်းစဉ်ကိုသာ သိသွားရင် ကျိန်းသေပေါက် အလွတ်ပေးမှာ မဟုတ်ဘူး။ နတ်ဆိုးကမ္ဘာရဲ့ မြင့်မြတ်သူတွေကလည်း မင်းကိုလက်ခံမှာ မဟုတ်ဘူး။"
"သနားဖို့ကောင်းလိုက်တဲ့ သူပဲ။"
ကျန်းထိုက်ယွီက ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်။ကံကြမ္မာစည်းမျဉ်း၏စွမ်းအားများ ပေါက်ကွဲထွက်လာသည်။ အလင်းပေါင်းသုံးထောင်မှာ သူ၏နောက်မှာထွက်ပေါ်လာသည်။အလင်းတစ်ခုစီတိုင်းက ဥပဒေသတစ်ခုကို ကိုယ်စားပြုပါ၏။
"ရှောင်လွှဲမရသောကံကြမ္မာ။ ကံကြမ္မာအရှင်၏နာမတော်ဖြင့် ငါက ဥပဒေသသုံးထောင်ကိုပေါင်းစပ်ပြီးကံကြမ္မာလှည်းဘီးကို ပြောင်းလဲမယ်။ ငါ ကောင်းကင်ရဲ့အထက်မှာ ရပ်တည်ပြီး ရန်သူအားလုံးကို ချေမှုန်းမယ်။"
ကျန်းထိုက်ယွီက မဟာအံ့ဖွယ်စွမ်းအားကို သုံးလိုက်သည်။
၎င်းကို ကံကြမ္မာလှည်းဘီးနည်းစနစ်ဟု ခေါ်သည်။
ချက်ချင်းပဲ ဥပဒေသသုံးထောင်ပေါင်းစပ်သွားတော့၏။ လေထုထဲတွင် ခမ်းနားသည့်အလင်းများ လင်းလက်လာသည်။ နေရာလွတ်က ပြင်းထန်စွာ တုန်ခါသွားတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာ ကြီးမားသည့် စက်ဝိုင်းပြားချပ်တစ်ခုပေါ်လာသည်။ ရောင်စုံအလင်းများတောက်ပလျက် ကံကြမ္မာလမ်းကြောင်းနှင့် ကံကြမ္မာစွမ်းအားများ ပါဝင်နေခဲ့သည်။
"ဖိနှိပ်စမ်း"
ကြမ္မာလှည်းဘီးက မြေနီမှုန့်ထံသို့ ဖိချလာသည်။
မြေနီမှုန့်က အော်ဟစ်လိုက်သည်။ သူက အင်အားကုန်သုံးကာ မြေနီမှုန့်သုံးထောင်သောကမ္ဘာကိုထုတ်ဖော်လိုက်သည်။သို့ပေမဲ့ ၎င်းက ကံကြမ္မာလှည်းဘီး၏ဖိနှိပ်မှုကို မတွန်းလှန်နိုင်ပေ။ ချက်ချင်းပဲ ပြိုလဲကျသွားခဲ့ရ၏။
"နတ်ဆိုးဗုဒ္ဓကမ္မမီးလျှံ"
မြေနီမှုန့်က အော်ဟစ်ကာ သူ၏ပါးစပ်ထဲမှ မီးတောက်ကြီးကို မှုတ်ထုတ်လိုက်သည်။ ၎င်းက ကံကြမ္မာလှည်းဘီးနှင့်တိုက်မိသွားပြီး အနည်းငယ်တုန်ခါသွားခဲ့၏။
"မြေနီမှုန့် ဓားသွား"
ချက်ချင်းပဲ မြေနီမှုန့်က သူ၏ကိုယ်ပိုင်အင်မော်တယ်ရတနာကို ထုတ်ယူလိုက်၏။ ၎င်းက လက်ဖဝါးအရွယ်ဓားတိုလေးပင်။ အတော်လေးကို သေးငယ်ရိုးရှင်ပေမဲ့ ကြောက်မက်ဖွယ်ကောင်းသောတန်ခိုးအရှိန်အဝါများ ပါဝင်နေ၏။
"ခုတ်ပိုင်း"
မြေနီမှုန့်ဓားသွားက အနီရောင်အလင်းအဖြစ်ပြောင်းလဲသွားပြီး ကောင်းကင်နှင့်မြေကြီးကို နှစ်ခြမ်းကွဲသွားတော့မည့်ပမာ ကံကြမ္မာလှည်းဘီးကို ပိုင်းချသွား၏။သို့ပေမဲ့ သူနှင့်တူညီသည့် ခရမ်းရောင်ကွင်းအသေးလေးက ယင်းကို တားဆီးလာသည်။
၎င်းက ကံကြမ္မာကွင်းပေ။
ကျန်းထိုက်ယွီ၏ကိုယ်ပိုင်အင်မော်တယ်ရတနာဖြစ်ပါ၏။
ကံကြမ္မာကွင်းက အနည်းငယ်တုန်ခါသွားသည်။၎င်းက မြေနီမှုန့်ဓားသွားကို နောက်ဆုတ်သွားစေသည်။ ထက်ရှသည့်အလင်းတန်းက ပြိုကွဲသွားရပြီး မြေနီမှုန့်၏လက်ထဲသို့ ပျံဝင်လာ၏။ မြေနီမှုန့်သုံးထောင်သောကမ္ဘာသည်လည်း ကံကြမ္မာလှည်းဘီးထံမှ ရှုံးနိမ့်သွားသည်။
မြေနီမှုန့်က အော်ဟစ်ကာ သွေးအန်လိုက်ရသည်။ အခုတိုက်ပွဲမှာတည်းက သူက အရေးနိမ့်နေပြီဖြစ်သည်။ ကံကြမ္မာလှည်းဘီး၏စွမ်းအားက သူ့ကို ဒဏ်ရာရသွားစေသည်။
"ကံကြမ္မာကိုယ်ပွား"
ကျန်းထိုက်ယွီက မြေနီမှုန့်ကိုတိုက်ခိုက်တော့ သူက မဟာအံ့ဖွယ်စွမ်းအားကို သုံးခဲ့ခြင်းဖြစ်သည်။ ကံကြမ္မာစည်းမျဉ်း၏စွမ်းအားများဖြင့် သူက ဓမ္မစွမ်းအားများစွာသုံးစွဲကာ ဓမ္မခန္ဓာအဖြစ် ပြောင်းလဲလိုက်သည်။
ယင်းက မဟာအံ့ဖွယ်စွမ်းအားတစ်ခုဖြစ်သည်။
ကျန်းထိုက်ယွီပြောင်းလဲလိုက်သည့် ကံကြမ္မာကိုယ်ပွားက သူ၏မူလခန္ဓာကိုယ်နှင့်တူညီသည့် အင်အားကို ပိုင်ဆိုင်ထားလေသည်။ ကံကြမ္မာကိုယ်ပွားသည် ချီမင်ထွက်ပြေးမည့်လမ်းကြောင်းများကို ပိတ်ဆို့လိုက်သည်။
"မင်းရဲ့ကံကြမ္မာက ရေးထွင်းပြီးသွားပြီ။" ကျန်းထိုက်ယွီ၏ကံကြမ္မာကိုယ်ပွားက ချီမင်ကို စိုက်ကြည့်လိုက်သည်။"မင်းရဲ့ရုန်းကန်နေမှုအားလုံးက အချည်းနှီးပဲ။"
"အဓိပ္ပာယ်မရှိဘူး" ချီမင်က အော်ဟစ်လိုက်သည်။"လာစမ်းပါ။"
ချီမင်က လက်မြှောက်ကာ သူ့လက်ထဲမှ ပုဆိန်ဖြင့်ခုတ်ချလိုက်သည်။ပုဆိန်အလင်းမှာ တောက်ပလာပြီး ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေသည်။ ကျန်းထိုက်ယွီ၏ကံကြမ္မာကိုယ်ပွားကို ခုတ်ချလိုက်၍နေရာလွတ်မှာ အက်ကွဲရာများ ပေါ်လာသည်။
ကျန်းထိုက်ယွီ၏ကံကြမ္မာကိုယ်ပွားက ချီမင်၏ပုဆိန်ကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ သူက လက်တစ်ဖက်ကိုလှန်ပြီး ရိုက်ချလိုက်သောကြောင့် ကြီးမားသည့် လက်ချိတ်စည်းတစ်ခုပေါ်လာပြီး ချီမင်၏ပုဆိန်ကို ဖြိုခွဲသွားသည်။
"တိုက်"
ချီမင်က တိုက်ရိုက်ပြေးထွက်သွားသည်။ သူ၏ခေါင်းမှ သန့်စင်သည့်ချီတစ်ခုထွက်ပေါ်လာပြီး သန်စင်ခြင်းသုံးပါးကိုယ်ပွားများအဖြစ်ပြောင်းလဲသွားကာ ကျန်းထိုက်ယွီ၏ကံကြမ္မာကိုယ်ပွားကို အရပ်လေးမျက်နှာမှ တိုက်ခိုက်လိုက်သည်။