ကမ္ဘာဦးနတ်ဆိုးဂိုဏ်း ကောင်းကင်နတ်ဆိုးမျိုးနွယ်ခွဲသခင်
Vol. 24 Ch. 353
"မဟာကပ်ဘေးဒုက္ခနည်းစနစ်"
"မဟာမူလအစနည်းစနစ်"
"ကောင်းကင်ကြယ်တာရာအစီအရင်"
ချီမင်နှင့် သန်စင်ခြင်းသုံးပါးကိုယ်ပွားများက ကျန်းထိုက်ယွီကို ဝိုင်းကာ မဟာအံ့ဖွယ်စွမ်းအားများကို ဆက်တိုက်သုံးလာသည်။
သန့်စင်ကျောက်စိမ်းက မဟာကပ်ဘေးဒုက္ခနည်းစနစ်ကိုသုံးကာ ကပ်ဘေးဒုက္ခတွင်းနက်ကြီးအဖြစ် ပြောင်းလဲပစ်လိုက်သည်။ အထွတ်အထိပ်ကျောက်စိမ်းက မဟာမူလအစနည်းစနစ်ကိုသုံးကာ မူလအစအံ့ဖွယ်အလင်းကို ထုတ်ဖော်လိုက်သည်။ မဟာသန့်စင်က ကောင်းကင်ကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်ကိုသုံးကာ ကောင်းကင်ကြယ်တာရာအစီအရင်ကို ထုတ်ဖော်လိုက်သည်။
တစ်ချိန်တည်းမှာ ချီမင်ကိုယ်တိုင်က ဖရိုဖရဲပုဆိန်ကိုထုတ်ကာ အထွတ်အထိပ်ကမ္မနည်းစနစ်၏စွမ်းအားနှင့်ပေါင်းစပ်လိုက်သည်။ ပုဆိန်အလင်းက ရွှေရောင်တောက်ပသွားပြီး ကျန်းထိုက်ယွီကို တည့်မတ်စွာဖြင့် ခုတ်ချလိုက်သည်။
ကျန်းထိုက်ယွီ၏ကံကြမ္မာကိုယ်ပွားက အံ့ဖွယ်စွမ်းအားနည်းစနစ်ကိုမသုံးခင် အနည်းငယ်တုန်ခါသွားသည်။ ကံကြမ္မာစည်းမျဉ်းများ၏စွမ်းအားထွက်ပေါ်လာပြီး သူ့အနားတွင် ပုံရိပ်ယောင်အလင်းမျက်နှာပြင်တစ်ခု ပေါ်လာတော့သည်။
၎င်းက တိုက်ခိုက်မှုအားလုံးကို တားဆီးလိုက်သည်။
"ကံကြမ္မာနံရံ"
ကျန်းထိုက်ယွီ၏ကံကြမ္မာကိုယ်ပွားက ခပ်ဖျော့ဖျော့ ညည်းကာ ချီမင်၏တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်သည်။ ပေါက်ကွဲမှုမျိုးစုံထွက်ပေါ်လာပြီးအရပ်မျက်နှာအနှံ့တွင် အလင်းတန်းများ တောက်ပလာသည်။
"ကံကြမ္မာလှံ!”
ကျန်းထိုက်ယွီ၏ကံကြမ္မာကိုယ်ပွားက ညာဘက်လက်ကိုမြှောက်လိုက်သည်။ ဓမ္မစွမ်းအားများစုဝေးလာကာ ကံကြမ္မာစည်းမျဉ််းများ ပေါင်းစပ်သွားလျက် ရှည်လျားသည့် ကျောက်စိမ်းလှံတံတစ်စင်းပေါ်လာသည်။
ဆွစ်!
လှံတံမှာ လေထုကိုထိုးခွင်းသွားလျက် ချီမင်ထံသို့ တိုးဝင်လာသည်။
ဘုန်း ဘုန်း ဘုန်း
သန့်စင်ခြင်းသုံးပါးကိုယ်ပွားများက ရှေ့တက်ကာ ကံကြမ္မာလှံကိုတားဆီးချင်ပေမဲ့သူတို့ကလည်း လှံ၏ကြောက်မက်ဖွယ်ရာစွမ်းအားကို ခုခံဖို့ခက်ခဲမှန်းတွေ့ရှိသွားသည်။
ကံကြမ္မာလှံတံက ချက်ချင်းပဲ သန့်စင်ခြင်းသုံးပါးကိုယ်ပွားများကို ဖြတ်တောက်သွားခဲ့သည်။
သန့်စင်ခြင်းသုံးပါးကိုယ်ပွားများ ပျောက်ကွယ်သွားတော့သည်။
"ဒါက..."
ချီမင်၏မျက်နှာပေါ်တွင် ထိတ်လန့်သည့်အမူအရာက ပေါ်လာရတော့သည်။
ချီမင်နှင့် ရင်ဆိုင်နေသည့်ကျန်းထိုက်ယွီ၏ကံကြမ္မာကိုယ်ပွားက ခန္ဓာကိုယ်အစစ်မဟုတ်သေးပေ။ သို့သော်လည်း သူက တစ်ဖက်၏ပြိုင်ဘက်လုံးဝမဟုတ်ပါပေ။
ကွာခြားမှုက အတော်လေးကြီးသည်။
တိုက်ပွဲက ပြင်းထန်လာ၏။
ကျန်းထိုက်ယွီ၏ကံကြမ္မာကိုယ်ပွားက ချီမင်ကိုတိုက်ခိုက်လိုက်သည်။ သူက လက်မြှောက်ရင်း ဥပဒေသသုံးထောင်ကို ထုတ်ဖော်လိုက်ကာ ကံကြမ္မာစည်းမျဉ်းများဖြင့်ဖွဲ့စည်းထားသည့် ကြမ္မာလှည်းဘီးထဲသို့ ပေါင်းစပ်လိုက်သည်။
"ဖိနှိပ်စမ်း" ကျန်းထိုက်ယွီက အော်ဟစ်လိုက်သည်။
ကံကြမ္မာလှည်းဘီးက ချီမင်ကို ချေမွလာသည်။
"အသင်္ချေနည်းစနစ်များတစ်ခုသို့ ပြန်သွားခြင်း ကမ္မကြာပန်းသန္ဓေသား"
ချီမင်၏မျက်လုံးများက ကျဉ်းမြောင်းသွား၏။ ထိုကဲ့သို့စွမ်းအားကြီးကံကြမ္မာလှည်းဘီးနှင့်ရင်ဆိုင်ရတော့ သူက တစ်ချက်ကလေးတောင် မတုံ့ဆိုင်းဘဲ အထွတ်အထိပ်ကမ္မနည်းစနစ်ကို သုံးလိုက်သည်။
အသင်္ချေနည်းစနစ်များတစ်ခုသို့ ပြန်သွားခြင်းက မမြင်နိုင်သည့် ဝဲဂယက်တစ်ခုအလားပင်။ ကမ္မကြာပန်းများပေါ်လာပြီး ကံကြမ္မာလှည်းဘီးကို ကြိတ်ချေသွားသည်။
ပေါက်ကွဲသံနှစ်သံထွက်လာသည်။
မမြင်ရသည့်ဝဲဂယက်က ကံကြမ္မာလှည်းဘီးကို ရှုံးနိမ့်သွားခဲ့သည်။ ၎င်းက ပေါက်ကွဲသွားပြီး စွမ်းအင်မုန်တိုင်းလှိုင်းဂယက်များက အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။
တစ်ချိန်တည်းမှာ ကမ္မကြာပန်းသန္ဓေသားပေါ်တွင် အက်ကွဲကြောင်းများပေါ်လာပြီး ကံကြမ္မာလှည်းဘီးကို မတားဆီးနိုင်တော့ပေ။
"အော့။"
ချီမင်က သွေးအန်လိုက်ပြီး ဖရိုဖရဲမဟာပုဆိန်ဖြင့် ကျန်းထိုက်ယွီ၏ကံကြမ္မာလှည်ဘီးကို ခက်ခက်ခဲခဲ ခုခံလိုက်ရသည်။ သို့ပါသော်လည်းသူက လွင့်ထွက်သွားရသေး၏။
ချီမင်က သူ့ကိုယ်သူဟန်ချက်ညီအောင်ထိန်းနေရင်း မနေနိုင်ဘဲ နောက်ထပ်ပါးစပ်အပြည့်သွေးတစ်လုတ်အန်ထုတ်လိုက်ရသည်။
အံ့ဖွယ်စွမ်းအားသေခြင်းမှရှင်သန်ထမြောက်ခြင်းသည် လည်ပတ်လာသည်။ ချီမင်က သူ၏ဒဏ်ရာများကို လျင်မြန်စွာဖြင့်ပြန်လည်ကုသလိုက်ပေမဲ့ ဒဏ်ရာများက ကံကြမ္မာစည်းမျဉ်း၏စွမ်းအားများစွန်းထင်းနေသဖြင့်ကုသနှုန်းက အတော်လေးနှေးနေသည်။
"အဟွတ် ဟွတ်"
ချီမင်က နောက်ထပ်သွေးတစ်လုတ်အန်ရပြန်သည်။
"ငါနားလည်ပြီ။"
ချီမင်သည် အသက်ပြင်းပြင်းရှုလိုက်၏။ သူ၏လက်ရှိအခြေအနေက သူယခင်တွက်ချက်တုန်းက တွေခဲ့ရသည့် အနာဂတ်ဖြစ်သည်။ သူက စွမ်းအားကြီးသူများနှင့် ရင်ဆိုင်ရပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ခြင်းဖြစ်သည်။
ကျန်းထိုက်ယွီ၏ကံကြမ္မာကိုယ်ပွားက ဆိုသည်။"မင်းက ကြိုးဆုံးရောက်နေပြီ။ ပြီးတော့ ငါထင်သလောက်ဆို ကောင်းကင်ဉာဏ်အလင်းက မင်းရဲ့နာမည်အရင်းမဟုတ်လောက်ဘူး။ ဒါပေမဲ့ ဒါလေးတွေက ကိစ္စသေးသေးလေးပါ။ မင်းသာသေသွားရင် လျှို့ဝှက်ဆန်းကြယ်မှုအားလုံးက သဘာဝအတိုင်းဖြေရှင်းပြီးသာဖြစ်သွားလိမ့်မယ်။"
ချီမင်က အသံနိမ့်နိမ့်ဖြင့် မေးသည်။"ခင်ဗျားက ကျိန်းသေပေါက်နိုင်မယ်ထင်လား။"
မြေနီမှုန့်က အော်ဟစ်လိုက်သည်။ သူကလည်း ကျန်းထိုက်ယွီ၏အဓိကခန္ဓာကြောင့် ဒဏ်ရာရရှိထားသည်။ သူသွေးအန်ရင်းလွင့်ထွက်သွားတော့သည်။ သူဒဏ်ရာများက ပိုပိုဆိုးလာသည်။
“…”
ချီမင်က မျက်မှောင်ကြုံ့သည်။
"သေချာတာပေါ့။" ကျန်းထိုက်ယွီ၏ကံကြမ္မာကိုယ်ပွားက မထူးမခြားနားပြောလိုက်သည်။"ငါကျိန်းသေပေါက်နိုင်မှာ မင်းကလည်းသေချာပေါက်ကိုသေမှာ။"
ချီမင်သည် အသက်ပြင်းပြင်းရှုလိုက်၏။ ထိုအခိုက်တွင် သူကမထိန်းထားနိုင်တော့ပေ။ သူက ကောင်းကင်တာအိုရတနာ:အချိန်နေရာလွတ်တံခါးကိုထုတ်ပြီး ကျန်းထိုက်ယွီကို အနိုင်ယူရန်သာရှိတော့၏။
သူ ကောင်းကင်တာအိုရတနာ:အချိန်နေရာလွတ်တံခါးကိုထုတ်တော့မဲ့ အချိန်မှာပဲ ခမ်းနားသည့်အသံတစ်သံထွက်လာခဲ့သည်။ သူရောက်မလာခင်မှာပဲ အသံအရင်ထွက်လာသည်။"ခင်ဗျားက မရေမတွက်နိုင်လောက်တဲ့ နှစ်သန်းပေါင်းများစွာရှင်သန်လာတဲ့ လူအိုကြီးကို။ ခင်ဗျား တကယ်ကြီး နှစ်တစ်သိန်းတောင်မပြည့်လောက်သေးတဲ့ ဂျူနီယာလေးကို အနိုင်ကျင့်ရဲတယ်ပေါ့။"
"ခင်ဗျား မရှက်ဘူးလား။ ရှက်စရာကောင်းတယ်လို့ မထင်ဘူးလား။"
အနက်ရောင်အလင်း လက်သွား၏။
လေထုထဲတွင် အနက်ရောက်အရိပ်တစ်ခုပေါ်လာပြီး အသက်မြစ်အထက်တွင် ရပ်နေသည်။ သူက လက်နှစ်ဖက်ကိုနောက်ပစ်ထားလျက် အနက်ရောင်ဆံပင်များမှာ ယိမ်းနွဲ့နေခဲ့သည်။ သူ့တွင် အနက်ရောင်နှင့်အနီရောင်ဦးချိုတစ်စုံကို ပိုင်ဆိုင်ထားသည်။
"ဘာလဲ။" ကျန်းထိုက်ယွီက ရပ်တန့်သွားကာ မျက်မှောင်ကြုံ့သွားခဲ့သည်။ သူက လေထဲ၌ ရုတ်တရက်ပေါ်လာသည့် ထိုသူကိုကြည့်ကာ အသံနိမ့်နိမ့်ဖြင့်ပြောသည်။"မင်းက ကောင်းကင်နတ်ဆိုးမျိုးနွယ်ရဲ့ သခင်ပဲ။ အချိန်ကိုက်ရောက်လာတာပဲ။"
"ဟားဟား..."လေးထောင့်မျက်နှာဖြင့် မှုန်ဝါးဝါးပုံရိပ်က ကျယ်လောင်စွာရယ်မောလိုက်သည်။ သူက ချီမင်ကိုကြည့်ရင်း ညာဘက်လက်ကို ဝေ့ယမ်းလိုက်သည်။ သိပ်သည်းသည့်နတ်ဆိုးချီများမှာ ထိုသူ၏ကိုယ်ထဲမှထွက်ပေါ်လာသည်။"ကောင်းကင်နတ်ဆိုးခန္ဓာ"
သူက အဓိကခန္ဓာနှင့်အင်အားချင်းညီသည့် ဓမ္မာခန္ဓာအဖြစ်ပြောင်းလဲလိုက်သည်။ သူက ပြေးထွက်သွားကာ ကျန်းထိုက်ယွီ၏ကံကြမ္မာကိုယ်ပွားကို တားဆီးလိုက်သည်။
"ကောင်းကင်ဉာဏ်အလင်း ဟုတ်တယ်မလား။" ကောင်းကင်နတ်ဆိုးမျိုးနွယ်သခင်က အော်လိုက်သည်။"ငါမင်းအသက်ကိုကာကွယ်ပေးမယ်။"
"ဒါက..."
ချီမင်က အနည်းငယ်အံ့ဩသွားသည်။ သူက လာကယ်ပေးမဲ့သူရှိမယ်လို့ မထင်ထားခဲ့ပေ။ ထို့ပြင် ကောင်းကင်နတ်ဆိုးမျိုးနွယ်သခင်ဆိုသူက နတ်ဆိုးချီများ ထွက်ပေါ်နေသည်။ သူက မဟာနတ်ဆိုးဆိုတာ အသိသာကြီးပေ။
မြေနီမှုန့်က ချီမင်၏ဘေးသို့ ပြန်ရောက်လာသည်။
ထိုအချိန်တွင် ကောင်းကင်နတ်ဆိုးမျိုးနွယ်သခင်နှင့်ကျန်းထိုက်ယွီက တိုက်ခိုက်နေခဲ့ကြသည်။ နှစ်ဖက်စလုံး၏စည်းမျဉ်းလောကများမှာ တိုက်မိကုန်ကြသည်။ သူတို့က အမှန်တကယ်မတိုက်ခိုက်ရသေးရင်တောင် စည်းမျဉ်းလောကခြင်းတိုက်မိသွားခြင်းက လှိုင်းဂယက်များ ပေါ်လာစေသည်။ နေရာလွတ်က လှုပ်ခါသွားပြီး သူတို့အောက်မှ အသက်မြစ်တွင် လှိုင်းလုံးများသည် ကောင်းကင်ပေါ်သို့တိုင် မြှင့်တက်လာ၏။
တဟုန်ထိုး မြှင့်တက်လာခြင်းဖြစ်၏။
ချီမင်က မြေနီမှုန့်ကိုတစ်ချက်ကြည့်လိုက်တော့ သူ့ကိုယ်ပေါ်မှ ဒဏ်ရာများကို တွေ့လိုက်ရသည်။ ထိတ်လန့်စရာပင်။ သူ့ရင်ဘက်ပေါ်တွင် စုတ်ပြဲနေသည့်ဒဏ်ရာတစ်ခုပေါ်နေပြီး အတွင်းအင်္ဂါများတောင် မြင်နေရသည်။
"သေခြင်းမှရှင်သန်ထမြောက်ခြင်း"
ချီမင်က ညာဘက်လက်ကိုမြှောက်ကာ အံ့ဖွယ်စွမ်းအားကို သုံးလိုက်သည်။ များပြားသည့်ဓမ္မစွမ်းအားများထွက်ပေါ်လာပြီး မြေနီမှုန့်ကိုယ်ထဲသို့တိုးဝင်သွားကာ သူ၏ဒဏ်ရာများကို ကုသပေးလိုက်သည်။ သူ့ကိုယ်ပေါ်မှ ဒဏ်ရာများက အလျင်အမြန်သက်သာသွားတော့၏။
အပေါ်ယံသာ ပြန်ကောင်းခြင်းဖြစ်ပါ၏။ မြေနီမှုန့်၏အတွင်းဒဏ်ရာများက မြန်မြန်ပြန်မကောင်းလာနိုင်ပေ။ ဝိညာဉ်နှင့်အသိစိတ်ပေါ်ကဒဏ်ရာများက ကုသဖို့ခက်ခဲသည်။ ပြန်လည်သက်သာဖို့ အချိန်တော်ကြာလိုအပ်ပါ၏။
"ကျေးဇူးတင်ပါတယ်။ သခင်" မြေနီမှုန့်က ဦးညွှတ်လိုက်သည်။
ထိုအခိုက်တွင် ကောင်းကင်နတ်ဆိုးမျိုးနွယ်သခင်နှင့် ကျန်းထိုက်ယွီက ထိပ်တိုက်ရင်ဆိုင်နေကြပြီဖြစ်သည်။ နှစ်ယောက်လုံးက စည်းမျဉ်းများကိုကျင့်ကြံသည့် အထက်ကမ္ဘာအင်မော်တယ်ဘုရင်နှောင်းပိုင်းအဆင့်ဖြစ်သည်။
သူတို့တိုက်ပွဲက အတော်လေးပြင်းထန်လေသည်။ တိုက်ပွဲက နေရာလွတ်ကိုတောင် ပြိုလဲသွားစေပြီး အက်ကွဲကြောင်းများပေါ်လာစေ၏။ အသက်မြစ်က ဆူပွက်လာသည်။
တိုက်ပွဲအပြင်ဘက်တွင် သက်ရှိများစွာက တိုက်ပွဲကို ကြည့်နေကြသည်။
"ကျန်းထိုက်ယွီက ကောင်းကင်နတ်ဆိုးမျိုးနွယ်သခင်နဲ့ တိုက်ခိုက်နေတာပဲ။ ဘယ်သူနိုင်မယ်ထင်လဲ။"
"ဒါက..."
"ကောင်းကင်နတ်ဆိုးမျိုးနွယ်သခင်က ကမ္ဘာဦးနတ်ဆိုးဂိုဏ်းရဲ့မျိုးနွယ်(၁၀၈)ခုထဲက မျိုးနွယ်သခင်တစ်ယောက်ပဲ။ သူက အတော်လေးစွမ်းအားကြီးပြီး အရှင်ကျန်းထိုက်ယွီထက်လုံးဝမနိမ့်ဘူး။ ဘယ်သူနိုင်မလဲဆိုတာ မသေချာဘူး။"
"ငါ ကောင်းကင်နတ်ဆိုးမျိုးနွယ်သခင်က ဒီအချိန်ကြီးပေါ်လာမယ်လို့မထင်ထားဘူး။"
"သူလည်း ကောင်းကင်ဉာဏ်အလင်းအတွက်ရောက်လာတာလား။"
"သေချာတာပေါ့။"
“…”
သက်ရှိများက ဆွေးနွေးစကားဆိုနေကြ၏။
အချိန်ကုန်ဆုံးသွားသည်။
အသံကျယ်ကြီးထွက်လာသည်။
ကောင်းကင်နှင့်မြေကြီးသည် တုန်ခါသွားပြီး မျက်စိကျိန်းဖွယ်အဖြူရောင်အလင်းများထွက်လာသည်။ အရပ်မျက်နှာအနှံ့ထွန်းလင်းသွားပြီးကောင်းကင်နှင့်မြေကြီးကိုတောင် မှင်သက်သွားစေခဲ့သည်။ မရေမတွက်နိုင်သောအလင်းတန်းများလင်းလက်လာပြီး စည်းမျဉ်းစွမ်းအားများမှာ ထိတိုက်မိကုန်ကြသည်။
"သွား"
ရုတ်တရက်ကြီး ချီမင်သည် ကောင်းကင်နတ်ဆိုးမျိုးနွယ်သခင်၏ဟိန်းဟောက်သံကို ကြားလိုက်ရသည်။
နောက်တခဏတွင် အနက်ရောင်အလင်းများ လင်းလက်လာသည်။ ချီမင်က သူ့လက်မောင်းကို ကောင်းကင်နတ်ဆိုးမျိုးနွယ်သခင်က လာရောက်ဆုပ်ကိုင်တာကို ခံစားမိလိုက်သည်။ ထိုအခိုက်တွင် ချီမင်သည် မြေနီမှုန့်ကို အင်မော်တယ်သားရဲကြီးထွားရာနေရာထဲသို့ ပြန်ထည့်လိုက်၏။
ချက်ချင်းပဲ ချီမင်သည နေရာလွတ်ထဲသို့အထည့်ခံလိုက်ရတာကို ခံစားလိုက်ရသည်။ သူက အချိန်နှင့်နေရာလွတ်ကိုကျော်ဖြတ်တော့မည့်အတိုင်း မယုံကြည်နိုင်စရာ ကောင်းလောက်သည့်အရှိန်ဖြင့်ပျံသန်းနေသည်။
အသက်မြစ်ပေါ်တွင် အလင်းများ ပျောက်ကွယ်သွားတော့၏။
တိုက်ပွဲထဲတွင် ကျန်းထိုက်ယွီသာကျန်ခဲ့သည်။
ကျန်းထိုက်ယွီ၏လက်ထဲတွင် အနက်နီရောင် ဦးချိုတစ်ဖက်ကျန်နေခဲ့သည်။ ၎င်းချိုက ကောင်းကင်နတ်ဆိုးမျိုးနွယ်ထံမှဖြစ်သည်။ တိုက်ပွဲထဲတွင် ကျန်းထိုက်ယွီက အရေးသာနေ၍ တစ်ဖက်သူကို ဒဏ်ရာပေးလိုက်နိုင်ခြင်းဖြစ်သည်။
သူတို့က အချိန်ကြာကြီး မတိုက်ခိုက်ခဲ့ပေ။
ကောင်းကင်နတ်ဆိုးမျိုးနွယ်သခင်က ကျန်းထိုက်ယွီ၏ပြိုင်ဘက်မဟုတ်ပေ။
"သူပြေးသွားပြီ။"
ကျန်းထိုက်ယွီ၏အကြည့်က တစ်ဖက်ကိုနက်ရှိုင်းစွာ ကြည့်နေခဲ့သည်။ သူက ကောင်းကင်နတ်ဆိုးမျိုးနွယ်ပျံပြေးသွားသည့်ဘက်သို့ မြင်နိုင်ဟန်ရသည်။သို့ပေမဲ့ လိုက်မဖမ်းပေ။
သူလိုက်ဖမ်းရင်တောင် တစ်ဖက်သူကိုမိအောင်ဖမ်းနိုင်မည်မဟုတ်ပေ။ ထို့ပြင် သူ ကမ္ဘာဦးပြည်နယ်ထဲသို့ရောက်သွားရင် ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏ခြုံခိုတိုက်ခိုက်တာကို ခံရနိုင်သည်။
မထိုက်တန်ပေ။
အင်မော်တယ်မင်းဆက်၏အကြီးအကဲကိုးဦး၏တာဝန်အတွက်နှင့်တော့ သူ့ကိုယ်သူအန္တရာယ်ထဲ အရောက်ခံဖို့မလိုပေ။
ထို့ပြင်...
ခေတ်ကာလကပ်ဘေးဒုက္ခက စတင်တော့မည်။ကျန်းထိုက်ယွီက ဝင်မစွက်ဖက်ချင်ပေ။ သူက တိုက်ခိုက်ဖို့မလိုအပ်ရင် ဝင်တောင်မပါချင်ပေ။
"တာအိုကျင့်ကြံသူ"
ကျန်းထိုက်ယွီက အနက်နီရောင်ဦးချိုကို အသက်မြစ်ထဲသို့ ပေါ့ပေါ့ပါးပါးပစ်ချလိုက်သည်။ အသက်မြစ်ရေက တုန်ခါသွားခဲ့သည်။ အသက်မြစ်ထဲတွင် ငါးနှင့်တူသောများစွာသောမျိုးစိတ်များက အနက်နီရောင်ဦးချိုကို ဝါးမျိုသွားကြသည်။
"နောက်ဆုံးခေတ်မှာ ကပ်ဘေးဒုက္ခက မြင့်တက်လာခဲ့တယ်။ ပြည်နယ်ကိုးလောကတစ်ခုလုံးက ဗရမ်းဗတာဖြစ်ခဲ့ရတယ်။ အထွတ်အထိပ်စွမ်းအားကိုသုံးနိုင်တဲ့အရှင်က ပြည်နယ်ကိုးလောကတစ်ခုလုံးကိုဖိနှိပ်ခဲ့ပြီး အစီအစဉ်တကျဖြစ်ဖို့ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ကို တည်ထောင်ခဲ့တယ်။”
ကျန်းထိုက်ယွီကဆိုသည်။"ဒီတစ်ကြိမ်တော့ ခေတ်ကာလကပ်ဘေးဒုက္ခက စတင်တော့မယ်။တာအိုကျင့်ကြံသူတစ်ဦးပေါ်လာပြန်ပြီ။"
"ဒီခေတ်ကာလကပ်ဘေးဒုက္ခက ဘယ်လောက်များကြာမလဲ။"
"စနစ်သစ်တစ်ခုပေါ်ထွန်းဖို့ စနစ်ဟောင်းကပဲ ပြိုလဲသွားမလား။ဒါမှမဟုတ် စနစ်ဟောင်းကပဲ ပြန်လည်မွေးဖွားလာပြီး ဆက်လက်ထွန်းတောက်သွားမလား။"
"ငါသိချင်နေပြီ။"
ကျန်းထိုက်ယွီက လှေငယ်လေးသို့ ပြန်သွားလိုက်သည်။ သူက လှေဝမ်းဗိုက်၌ တင်ပျဉ်ခွေချိတ်ထိုင်ကာ ငါးမျှားချိတ်ကို ပစ်ချလိုက်သည်။ သူက အသက်မြစ်တွင်ငါးမျှားနေခဲ့ပြန်သည်။ အသက်မြစ်လှေလေးက လှိုင်းလုံးများတလျှောက်ရွေ့လျားသွားပြီး လူအားလုံး၏အမြင်မှ ပျောက်ကွယ်သွားတော့သည်။
တခြားတစ်ဖက် ကောင်းကင်နတ်ဆိုးမျိုးနွယ်သခင်က ချီမင်ကိုသယ်ပြီး အချိန်နှင့်နေရာလွတ်ကိုဖြတ်သန်းကာ အသက်မြစ်မှ ထွက်ပြေးလာခဲ့ပြီး ကမ္ဘာဦးပြည်နယ်သို့ ဝင်ရောက်လာသည်။ ချီမင်သတိပြန်ဝင်လာတော့ သူက ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေသို့ပြန်ရောက်နေပြီကို တွေ့သွားသည်။
သူက ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေ၏အလယ်ဗဟိုသို့ ရောက်နေပြီဖြစ်သည်။
ကမ္ဘာဦးမြင့်မြတ်တောင်ထိပ်တွင် ပတ်ဝန်းကျင်က ဝေဝါးနေခဲ့သည်။
ဖရိုဖရဲဖြစ်နေခဲ့သည်။
"အဟွတ် ဟွတ်"
ကောင်းကင်နတ်ဆိုးမျိုးနွယ်သခင်က သွေးအန်လိုက်သည်။ သူက ချီမင်ကို လွတ်ပေးလိုက်သည်။ သူ့မျက်နှာကဖျော့တော့နေပြီးမှုန်မှိုင်းနေသည်။ သူ၏ဘက်ဘက်ခြမ်းအနက်နီရောင်ကျွဲဦးချိုမှာ ဖြတ်တောက်ခံထားရသည်။ သူ့ဒဏ်ရာများက မပြင်းထန်ပေမဲ့ ကြည့်ရတာ မသက်မသာဖြစ်စေသည်။
"ခင်ဗျားဒဏ်ရာရသွားတယ်။"
"ဒါက..."
"ဒါက ကျန်းထိုက်ယွီရဲ့တကယ့်ခွန်အားလား"
"သူက ကောင်းကင်ဉာဏ်အလင်းလား။"
"အရမ်းကောင်းတယ်။”
"မင်း သူ့ကိုပြန်ခေါ်လာနိုင်တာ ကောင်းတယ်။"
ပတ်ဝန်းကျင်တွင် ပုံရိပ်များ တစ်ခုပြီးတစ်ခုပေါ်လာတော့သည်။ နတ်ဆိုးမိစ္ဆာချီတို့မှာ ပျံ့နှံ့မြင့်တက်လာခဲ့သည်။ သူတို့ကကြောက်မက်ဖွယ်ကောင်းသည့်အရှိန်အဝါများကို သယ်ဆောင်ထားပြီး စုစုပေါင်း(၁၀၇)ယောက်ရှိလေသည်။