ကမ္ဘာဦးနတ်ဆိုးဂိုဏ်းသို့ဝင်ရောက်ခြင်း
Vol. 24 Ch. 354
ချီမင်က တည်ငြိမ်သွားသည်။ သူက ပတ်ကြည့်လိုက်တော့ သူရောက်နေသည့်နေရာကို အတည်ပြုနိုင်သွားသည်။ ဝိုင်းအုံနေကြသည့်ပုံရိပ်များတွင် အတော်လေးပြင်းထန်သည့်အငွေ့အသက်များ ပိုင်ဆိုင်ထားသည်။တစ်ယောက်မှ ကောင်းကင်နတ်ဆိုးမျိုးနွယ်သခင်ထက် အားနည်းသူတစ်ယောက်မှမပါပေ။
ကောင်းကင်နတ်ဆိုးမျိုးနွယ်သခင်အပါအဝင် ထိုသူတို့က ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏မျိုးနွယ်(၁၀၈)ခုမှ သခင်များဖြစ်ကြသည်။
သူတို့က ဤနေရာတွင် စုဝေးလာကြသည်။
ချီမင်က အသက်ပြင်းပြင်းရှုကာ တိတ်ဆိတ်သွားသည်။
ရန်သူက ကောင်းကင်နတ်ဆိုးမျိုးနွယ်သခင်ဖြစ်ဖြစ် ကျန်းထိုက်ယွီဖြစ်ဖြစ် ချီမင်သာ သူ၏နည်းစနစ်အားလုံးကိုသုံးလျှင် သူ့တွင် အသက်ရှင်လွတ်မြောက်နိုင် ဖို့အခွင့်အရေးတစ်ခုရှိနိုင်သေးသည်။
သို့ပေမဲ့ အခုကျတော့...
ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏မျိုးနွယ်သခင်(၁၀၈)ယောက်သည် ဤနေရာ၌ စုဝေးနေကြပြီဖြစ်သည်။ သူတို့သာ တိုက်ခိုက်လာခဲ့လျှင် ချီမင်တွင် ထွက်ပြေးနိုင်ဖို့ အခွင့်အရေးမရှိတော့ပေ။ သို့ပါသော်လည်း သေချာစဉ်းစားကြည့်လျှင် ကောင်းကင်နတ်ဆိုးမျိုးနွယ်သခင်က သူ့ကိုခက်ခက်ခဲခဲကယ်ခဲ့ခြင်းဖြစ်သည်။သူက ဤနေရာတွင်တော့ သေချာပေါက် သူ့ကိုသတ်မှာမဟုတ်ပေ။
"ကျန်းထိုက်ယွီရဲ့ ကံကြမ္မာအံ့ဖွယ်စွမ်းအားက ပိုပြီး ကြောက်ဖို့ကောင်းလာပြီ။ ငါသူနဲ့ အကွက်ရာချီတိုက်ခဲ့တာဆိုပေမဲ့ တကယ်က တစ်ကွက်တည်းနဲ့ရှုံးသွားတာ။ ခင်ဗျားတို့ အနာဂတ်မှာ သူနဲ့တွေ့ခဲ့ရင် သတိထားဖို့လိုတယ်။"
"ကျုပ်ကိုယ်ကျုပ် အရင်သွားကုသလိုက်ဦးမယ်။"
ကောင်းကင်နတ်ဆိုးမျိုးနွယ်သခင်က ခြေတစ်လှမ်းတိုးသည်။ သူ့ပုံရိပ်ကမှုန်ဝါးသွားပြီး အနားမှဖရိုဖရဲမြူခိုးများထဲသို့တိုးဝင်သွားတော့သည်။ သူက တင်ပျဉ်ခွေချိတ်ထိုင်ကာ ကျင့်ကြံခြင်းနည်းစနစ်ကိုလည်ပတ်လျက် ဒဏ်ရာများကို ကုသနေလိုက်သည်။
''ကောင်းကင်ဉာဏ်အလင်း''
ထိုအခိုက်တွင် ချီမင်၏ရှေ့တွင် ပုံရိပ်ပေါင်း(၁၀၇)ခုပေါ်လာသည်။ သူတို့ထဲက အများစုကို မြူခိုးများ ဖုံးအုပ်နေ၍ ရှင်းလင်းစွာ မမြင်ရပေ။ သူက မှုန်ဝါးဝါးသာ မြင်နိုင်သည်။
ပုံရိပ်တစ်ခုက တဖြည်းဖြည်းကြည်လင်လာခဲ့သည်။ ခြေလှမ်းအနည်းငယ်လှမ်းပြီး သူမကချီမင်ရှေ့ကို ရပ်လာသည်။ အစိမ်းရောင်ဆံပင်ရှည်များဖြင့် မိန်းကလေးတစ်ဦးဖြစ်သည်။
သူမက အမျိုးသမီးငယ်လေးတစ်ဦးလို့ထင်ရပေမဲ့ တကယ်တော့ သူမအသက်က နှစ်သန်းတစ်ရာလောက်ရှိပေရော့မည်။ မျိုးနွယ်သခင်တိုင်းက စီနီယာသခင်များဖြစ်သည်။
"ဟဲဟဲ"
ဆံပင်စိမ်းဖြင့်မိန်းကလေးက ပြုံးလိုက်သည်။"ကောင်းကင်ဉာဏ်အလင်းက ရှင့်ရဲ့နာမည်အစစ်မဟုတ်ဘူးမလား။ ဒါမှမဟုတ် ကျွန်မ ရှင့်ကို နန်ကျောင်းကျောင်းလို့ခေါ်သင့်လား။ ယန်ချင်းရှီလိုခေါ်သင့်လား။"
"မင်း..''ချီမင်က မျက်မှောင်ကြုံကာ သူ့မျက်လုံးများက အနည်းငယ်ကျဉ်းမြောင်းသွားရသည်။သို့ပေမဲ့ သူက လျင်မြန်စွာဖြင့် တည်ငြိမ်သွား၏။"မင်း သိနေပြီဆိုတော့ ဘာလိုမေးနေသေးလဲ။"
"ဟဲဟဲ" အစိမ်းရောင်ဆံပင်နှင့်မိန်းကလေးက ခပ်ဟဟရယ်မောလိုက်သည်။ သူမက အတော်လေးလှပကာ ထူးခြားသည်။ သူမက ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။"ကျွန်မက ကမ္ဘာဦးနတ်ဆိုးဂိုဏ်းရဲ့မျိုးနွယ်(၁၀၈)ခုထဲက ရုပ်သေးမျိုးနွယ်ရဲ့ မျိုးနွယ်သခင်ပဲ။"
ချီမင်က အနည်းငယ်လန့်သွားပေမဲ့ ၎င်းက သူထင်ထားသည့်အထဲကပင်။
သူမအဲ့ဒီလောက်ထိသိနေတာ အံ့ဩစရာတော့မရှိပေ။
"တာအိုကျင့်ကြံသူကောင်းကင်ဉာဏ်အလင်း ရှင်က အရမ်းဆန်းကြယ်တာပဲ။ ကျွန်မတို့ နည်းစနစ်တွေအများကြီးသုံးတာတောင် ရှင့်ရဲ့အခြေအနေမှန်ကို မတွက်ချက်နိုင်ခဲ့ဘူး။ ကျွန်မတော့ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ကပါ ရှင့်ရဲ့အခြေအနေမှန်ကို မတွက်ချက်နိုင်လောက်ဘူးလို့ ထင်တယ်။ ရှင့်မှာ ကောင်းကင်တာအိုရဲ့ကာကွယ်ပေးမှုရှိတာ သိသာပါတယ်။ အဲ့ဒါကြောင့်လည်း ကောင်းကင်လျှို့ဝှက်ချက်တွေက ဖုံးကွယ်ထားနိုင်တာ။ ခေတ်ကာလကပ်ဘေးဒုက္ခစတော့မှာဆိုတော့ ရှင့်ရဲ့အကြောင်းကိုတွက်ဖို့ဆိုတာ ခက်ခဲတယ်။"
"ဒါပေမယ့်"
"ယန်ချင်းရှီနဲ့ နန်ကျောင်းကျောင်းက ရုပ်သေးမျိုးနွယ်ရဲ့ အပြင်စည်းတပည့်တွေပဲ။ ယန်ချင်းရှီနဲ့နန်ကျောင်းကျောင်းရဲ့အခြေအနေကိုတွက်ချက်တော့ရှင့်အကြောင်းကို ခြေရာခံမိသွားတယ်။"
အစိမ်းရောင်ဆံပင်ဖြင့်မိန်းကလေးက ဆက်၍ပြောသည်။"ရှင်က အဆင့်နိမ့်ကမ္ဘာကလာတာပဲ။ ရှင့်ကိုနန်ကျောင်းကျောင်းက လှည့်စားပြီး ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေကိုခေါ်လာခဲ့တယ်။"
"ကောင်းကင်ဉာဏ်အလင်းက ရှင့်ရဲ့ နာမည်အစစ်မဟုတ်ဘူး။ ချီမင်ကမှ ရှင့်ရဲ့နာမည်အစစ်ပဲ။"
"ရှင်က နန်ကျောင်းကျောင်းကိုသတ်ပြီး သူမအယောင်ဆောင်ခဲ့တယ်။ ရှင်က ကမ္ဘာဦးနတ်ဆိုးဂိုဏ်းမှာယာယီနေခဲ့တယ်။ ဒါပေမဲ့ ယန်ချင်းရှီရဲ့ ဝင်နှောင့်ယှက်မှုကြောင့် ရှင့်က သူ့ကိုသတ်ပြီး သူ့ဟန်ဆောင်ခဲ့တယ်။ ရှင်က ကမ္ဘာဦးနတ်ဆိုးဂိုဏ်းမှာတစ်နှစ်လောက်ပုန်းနေပြီးမှ ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေကနေထွက်ပြေးခဲ့တယ်။"
"ကံမကောင်းချင်တော့.."အစိမ်းရောင်ဆံပင်ဖြင့် အမျိုးသမီးက ခေါင်းခါလိုက်သည်။" ကမ္ဘာကြီးက မထင်ထားတာတွေဖြစ်တတ်တယ်။ ရှင်က တာအိုကျင့်ကြံသူဆိုပေမဲ့ ရှင့်ရဲ့ကျင့်ကြံခြင်းအဆင့်က နိမ့်လွန်းတယ်။ ပြီးတော့ ရှင်က ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ဆီမှာ အစောကြီးဖော်ထုတ်ခံလိုက်ရတယ်။"
"ဒါပေမယ့်"
"ကျွန်မတို့တောင် ရှင့်ရဲ့အရည်အချင်းက အဲ့လောက်တောင်လို့ မမျှော်လင့်ထားဘူး။ ရှင်က စုစုပေါင်းအထက်ကမ္ဘာအင်မော်တယ်ဘုရင်ဆယ့်တစ်ယောက်သတ်ခဲ့ပြီး ကိုးယောက်က ဥပဒေသကျင့်ကြံသူတွေပဲ။"
"ကြောက်ဖို့ကောင်းလိုက်တဲ့ အင်အားပဲ"
"ရှင့်ရဲ့ ကျင့်ကြံခြင်းအဆင့်က ဆန်းကြယ်အင်မော်တယ်အစောပိုင်းပဲရှိသေးတယ်။"
"ကြောက်ဖို့ကောင်းတယ်။"
"ဒါက တာအိုကျင့်ကြံသူရဲ့ အင်အားအစစ်လား။ ရှင်က မဟာဆန်းကြယ်အင်မော်တယ်အဆင့်၊ရွှေအင်မော်တယ်အဆင့်နဲ့မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့်တွေကို အဆင့်ကျော်သတ်ဖြတ်ခဲ့တယ်။"
“…”
ချီမင်က ဆက်လက်သာ တိတ်ဆိတ်နေခဲ့သည်။
ရိုးရိုးသားသားပြောရရင် ချီမင်က သူဖော်ထုတ်ခံရမှန်း သိထားပြီး၍ သိပ်တော့မအံ့ဩတော့ပေ။ နောက်ဆုံးမှာတော့ ကမ္ဘာဦးနတ်ဆိုးဂိုဏ်းကအတော်လေးစွမ်းအားကြီးသည်။ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်က သူ့ကိုရှာပြီးတွက်ချက်နိုင်မှတော့ ကမ္ဘာဦးနတ်ဆိုးဂိုဏ်းကလည်း မရှာနိုင်စရာမရှိပေ။
"ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်က ကျွန်တော် တာအိုကျင့်ကြံသူမှန်း ဘယ်လိုသိသွားတာလဲ။"
"ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်မှာ ကောင်းကင်တာအိုရတနာရှိနေတာလား။"
ဆံပင်အစိမ်းရောင်ဖြင့်မိန်းကလေးက ချီမင်၏မေးခွန်းကိုပြန်ဖြေသည်။ "အဲ့ဒီကောင်းကင်တာအိုရတနာကို ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ်လို့ခေါ်တယ်။ နောက်ဆုံးခေတ်ကာမှာ ကောင်းကင်တာအိုအရှင်က အထွတ်အထိပ်ဓမ္မစွမ်းအားကိုသုံးပြီး ပြည်နယ်ကိုးလောကတစ်ခုလုံးကို ဖိနှိပ်ခဲ့တယ်။သူက စနစ်တစ်ခုကို တည်ထောင်ခဲ့တယ်။ သူက ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ကိုထူထောင်ခဲ့ပြီး ဖရိုဖရဲဖြစ်မှုကနေ ပြန်လည်ငြိမ်သက်စေခဲ့တယ်။"
"ပြီးတော့..."
"တာအိုခြောက်ပါးကောင်းကင်အရှင်ကသူက ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ကို ဖိနှိပ်ထားဖို့ ကောင်းကင်တာအိုရတနာ:ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ်ကိုသန့်စင်ခဲ့တယ်။ ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ်က ပြည်နယ်ကိုးခုရဲ့သက်ရှိတွေကို တွက်ချက်နိုင်တယ်။"
"သဘာဝအတိုင်း ရှင်လည်းပါတယ်။"
"တာအိုကျင့်ကြံသူတစ်ဦးပေါ်လာရင် ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ်က တုံ့ပြန်လာတယ်။ အဲ့ဒါကြောင့်ပဲ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်က တာအိုကျင့်ကြံသူတစ်ဦးမွေးဖွားလာတာနဲ့ သိရတယ်။"
"လမ်းစဉ်ခြောက်သွယ်" ချီမင်က ခဏလောက်စဉ်းစားလိုက်သည်။
"တာအိုခြောက်ပါးကောင်းကင်အရှင်လည်းရှိတယ်။"
အစိမ်းရောင်ဝတ်စုံဖြင့် မိန်းကလေးက ထပ်မပြောတော့ပေမဲ့ ချီမင်က တာအိုခြောက်ပါးကောင်းကင်အရှင်က သေချာပေါက်ကို အင်မော်တယ်နယ်ပယ်ကိုကျော်မှန်းတော့ သိသွားခဲ့သည်။ သို့ပါသော်လည်း မည်မျှလောက်သန်မာမှန်းတော့မသိပေ။
အစိမ်းရောင်ဝတ်မိန်းကလေးက ဆက်၍ပြော၏။"လက်ရှိ ရှင်က ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ရဲ့ လိုက်ဖမ်းတာကိုခံနေရသလို ကိုးပြည်ထောင်အင်မော်တယ်သေဒဏ်စာရင်းမှာ ဝင်နေတယ်။ ပြည်နယ်ကိုးလောကတစ်ခုလုံးမှာ ကမ္ဘာဦးနတ်ဆိုးဂိုဏ်းကလွဲပြီး ရှင့်ကို ဘယ်သူမှလက်ခံရဲမှာ မဟုတ်ဘူး။ တာအိုဂိုဏ်းကတောင် အဲ့သလို လုပ်ရဲမှာ မဟုတ်ဘူး။"
"ရှင့်အတွက် တစ်လှမ်းပဲရှိတယ်။ ကမ္ဘာဦးနတ်ဆိုးဂိုဏ်းကို ဝင်ပြီး အဖွဲ့ဝင်တစ်ဦးဖြစ်လာဖို့ပဲ။ ဒီလိုမှပဲ ရှင့်မှာ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ကို ခုခံနိုင်စွမ်းရှိလိမ့်မယ်။"
"မဟုတ်လို့ရှိရင်..."
"ရှင် သေရုံပဲရှိတယ်။"
“…”
ချီမင်က ခဏလောက် တိတ်ဆိတ်သွားသည်။ သူက ခေါင်းမော့ကာ ကမ္ဘာဦးနတ်ဆိုးဂိုဏ်း မျိုးနွယ်သခင်(၁၀၈)ပါးကိုကြည့်လိုက်သည်။"ကျွန်တော့်ကို လက်ခံလိုက်ရင် ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်က ခင်ဗျားတို့ကို လက်စားချေမှာမကြောက်ဘူးလား။"
"ဟားဟား"
"လက်စားချေမှာလား။"
"ချီမင် ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနဲ့ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်က ဘက်မတူတာကြာလှပြီ။ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ရဲ့ ရန်သူဖြစ်နေသ၍ ငါတို့ရဲ့ မိတ်ဆွေပဲ။"
"သူတို့ လက်စားလာချေကြစမ်းပါ။"
"ငါတို့က တိုက်ခိုက်ရမှာကို ဘာလို့ကြောက်နေရမှာလဲ။"
"ဟီးဟီး"
"ချီမင် မင်းအရမ်းအတွေးများနေပြီ။ ငါတို့သာ မင်းကို ထိခိုက်စေချင်ရင် တိုက်ခိုက်ပစ်တာ ကြာနေပြီ။ ငါတို့ အခုထိဘာလို့စောင့်နေရသေးမှာလဲ။ ငါတို့ အချိန်ဖြုန်းပြီး မင်းကိုကယ်နေရဦးမှာလား။"
"ငါတို့က ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ရဲ့ရန်သူကိုငါတို့ဘက်ပါအောင်ဆွဲခေါ်တယ်။ ခေတ်ကာကကပ်ဘေးဒုက္ခဖြစ်ပေါ်လာတဲ့အချိန်ကျရင် အားလုံးပေါင်းစပ်ပြီး တိုက်ခိုက်မယ်။"
"ချီမင် ငါတို့မင်းကိုကယ်တာက မင်းက အလားအလာမြင့်တဲ့ တာအိုကျင့်ကြံသူတစ်ဦးဖြစ်နေလို့ပဲ။ မင်းသာ ကြီးထွားလာရင် ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ရဲ့ အခြေခံကို ပြင်းပြင်းထန်ထန်ထိခိုက်သွားအောင် လုပ်လို့ရတယ်။"
“…”
ပတ်ဝန်းကျင်တွင် မျိုးနွယ်သခင်များက သူတို့၏အတွေးအမြင်များကို ထုတ်ဖော်ပြောဆိုလာသည်။
ချီမင်က ခဏလောက်တွေးမိသွားသည်။ သူက အချိန်ဆွဲမနေတော့ပေ။ ထို့ပြင် သူက မူလကတည်းက ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနှင့် ပူးပေါင်းချင်နေတာဖြစ်သည်။ အခုကြည့်ရသလောက် မျိုးနွယ်သခင်များက သူ့ကိုကြိုဆိုတာနေတော့သူ့အတွက်အကောင်းဆုံးပင်။
"ကျွန်တော် ကမ္ဘာဦးနတ်ဆိုးဂိုဏ်းကို ဝင်ဖို့ ဆန္ဒရှိပါတယ်။"
ချီမင်က ပွင့်လင်းစာပြောလိုက်သည်။"ကျွန်တော် ဘာတန်ဖိုးပေးဆပ်ရမလဲ။"
"ရှင် မကြာခင်သိရမှာပါ။"
ရုပ်သေးမျိုးနွယ်သခင် အစိမ်းရောင်ဆံပင်ဖြင့် မိန်းကလေးက ဆိုလိုက်သည်။
"ကမ္ဘာဦးကောင်းကင်အရှင် ကျေးဇူးပြုပြီး သက်ဆင်းပါ။"
"ကမ္ဘာဦးကောင်းကင်အရှင် ကျေးဇူးပြုပြီး သက်ဆင်းပါ။"
“…”
(၁၀၈)ခုသော မျိုးနွယ်သခင်တို့က သူတို့လက်ဝါးများကိုဖိချကာ မတူညီသည့် လက်ချိတ်စည်းများကို ဖွဲ့တည်လိုက်ကြသည်။ သူတို့က အတူအတကွပေါင်းစပ်လိုက်ပြီး အလင်းတိုင်ကြီးတစ်ခုအဖြစ်ပြောင်းလဲကာ ကောင်းကင်သို့ ပစ်လွှတ်လိုက်သည်။
နောက်တခဏမှာ ပတ်ဝန်းကျင်တွင် လှိုင်းလုံးများထွက်လာပြီး မြူခိုးများဝေ့ဝဲလာသည်။ ကောင်းကင်တွင် အလင်းများလက်လာပြီး ထူးခြားဖြစ်စဉ်များ ပေါ်လာသည်။
ထိုအခိုက်တွင် ဥပဒေသတို့မှာ ပဲ့တင်ထပ်လာပြီး စည်းမျဉ်းများ ပေါ်လာသည်။ ကောင်းကင်အောင်ပွဲခံခြင်းတိမ်တိုက်များ ပေါ်လာပြီး တိမ်တိုက်ထဲတွင် ကောင်းကင်တာအို၏ကိုယ်ထင်ပြခြင်းအလား မထင်မရှားအထွတ်အထိပ်တစ်ဦးပေါ်လာသည်။
ထိုအထွတ်အထိပ်ဖြစ်တည်မှုနားတွင် ကောင်းကင်၊နေ၊လနှင့်ကြယ်တို့ ထွန်းလင်းတောက်ပလာခဲ့သည်။ တိမ်တိုက်ထဲမှ ငါးရောင်ခြယ်အလင်းက ကောင်းကင်ကို ထွန်းလင်းစေပြီး ကမ္ဘာကြီးထဲတွင် အင်မော်တယ်တေးသံရှစ်မျိုး ပဲ့တင်ထပ်နေသည်။
ကောင်းကင်အောင်ပွဲခံခြင်းတိမ်တိုက်အပြင်ဘက်တွင် မရေမတွက်နိုင်သော ရွှေရောင်မီးအိမ်များ၊ရွှေကြာပန်းများ၊ကျောက်စိမ်းပုလဲ ပုတီးများမှာ တိမ်တိုက်ပေါ်မှ ကျဆင်းလာသည်။ ခေါင်ထက်မှ ရေများ အဆက်မပြတ်ကျဆင်းလာသကဲ့သိုပင်။
"ဒါက..."
ချီမင်က အင်မတန်ထိတ်လန့်သွားတော့၏။ သူက မိုးမြေကောင်းကင်တာအိုရင်ဆိုင်နေရသည့်အလား ဖိအားကြီးတစ်ခုကိုခံစားလိုက်ရသည်။ အတော်လေး ပြင်းထန်ကာ ချီမင်ကို ထိတ်လန့်သွားစေသည်။
၎င်းက ကမ္ဘာဦးကောင်းကင်အရှင်၏စစ်မှန်ခန္ဓာမဟုတ်ဘဲ ကိုယ်ပွားတစ်ဦးသာ ဖြစ်၏။ အတိအကျဆို ကမ္ဘာဦးနတ်ဆိုးဂိုဏ်းမှ ကမ္ဘာဦးကောင်းကင်အရှင်ကိုယ်ပွားတစ်ဦးဖြစ်သည်။
ထိုအခိုက်တွင် မျိုးနွယ်သခင်(၁၀၈)ခု၏ဆင့်ခေါ်မှုကြောင့် ကမ္ဘာဦးကောင်းကင်အရှင်၏အသိစိတ်အပိုင်းအစမှာ ကောင်းကင်အတားအဆီးကို ဖြတ်ကျော်ပြီး ကိုယ်ပွားရုပ်တုအဖြစ် ပြန်လည် ဆင်းသက်လာခြင်းဖြစ်၏။
"ကမ္ဘာဦးကောင်းကင်အရှင် သင့်ရဲ့တပည့် ကောင်းကင်နတ်ဆိုးမျိုးနွယ်သခင်က အရိုအသေပြုပါတယ်။"
"ကမ္ဘာဦးကောင်းကင်အရှင်သင့်ရဲ့တပည့် ရုပ်သေးမျိုးနွယ်သခင်က အရိုအသေပြုပါတယ်။"
"ကမ္ဘာဦးကောင်းကင်အရှင် သင့်ရဲ့တပည့် သေမင်းမျိုးနွယ်သခင်က အရိုအသေပြုပါတယ်။"
“…”
ပတ်ဝန်းကျင်တွင် မျိုးနွယ်(၁၀၈)ခုသခင်က မြေပြင်ပေါ်ဒူးထောက်ကာ အရိုအသေပြုနေကြသည်။ သူတို့အသံများက အလွန်အမင်းရိုကျိုးလေးစားနေခဲ့သည်။
"ကြီးမြတ်တဲ့ ကမ္ဘာဦးကောင်းကင်အရှင် အဆင့်နိမ့်နယ်ပယ်ရဲ့ ဘိုးဘေးကြီးခင်ဗျာ ချီမင်ကို မျိုးနွယ်သခင်(၁၀၈)ခုမှ ကမ္ဘာဦးနတ်ဆိုးဂိုဏ်းကိုပူးပေါင်းဖို့ အကြုံပြုပါတယ်။ ကောင်းကင်အရှင် ကျေးဇူးပြုပြီး ဆုံးဖြတ်ချက်ချပေးပါ။"
ထို့နောက်မှာ မျိုးနွယ်သခင်(၁၀၈)ခုက ညီညာစွာဖြင့် ပြောကြသည်။
ချီမင်က တာအိုကျင့်ကြံသူတစ်ဦးဖြစ်ပြီး အတော်လေးထူးခြားပေသည်။ ထို့ကြောင့် သူ့ကိူ မျိုးနွယ်သခင်(၁၀၈)ယောက်က လေးနက်စွာဆက်ဆံနေခြင်းဖြစ်သည်။ မဟုတ်ရင် သူတို့က ချီမင်ကို ကမ္ဘာဦးနတ်ဆိုးဂိုဏ်းထဲသို့ ကမ္ဘာဦးကောင်းကင်အရှင်ကိုယ်ပွားကိုအသိပေးခြင်းမရှိဘဲ ပေါ့ပေါ့တန်တန်လက်ခံလိုက်လို့ရသည်။
တာအိုကျင့်ကြံသူတစ်ဦးက ကမ္ဘာဦးနတ်ဆိုးဂိုဏ်းသို့ ဝင်ရောက်နိုင်ပေသည်။ ကမ္ဘာဦးကောင်းကင်အရှင်က မသိဘဲ ချီမင်နှင့်ပတ်သက်၍အနာဂတ်မှာတစ်ခုခုဖြစ်သွားခဲ့ရင် မျိုးနွယ်(၁၀၈)သခင်များက တာဝန်ယူရမှာဖြစ်သည်။
ချီမင်က ကမ္ဘာဦးနတ်ဆိုးဂိုဏ်းသို့ဝင်ရောက်ရန် ပေးရမဲ့ တန်ဖိုးကို မျိုးနွယ်သခင်များက မဆုံးဖြတ်နိုင်ပေ။ ထိုအစား ကမ္ဘာဦးကောင်းကင်အရှင်မှ ဆုံးဖြတ်ရမှာဖြစ်သည်။
နောက်တဏတွင် ကောင်းကင်အောင်ပွဲခံခြင်းတိမ်တိုက်အပြင်ဘက်မှ ရွှေကြာပန်း ရွှေမီးအိမ်၊ကျောက်စိမ်းပုလဲ ပုတီးစေ့တို့မှာ ကောင်းကင်မှ မျောလွင့်ကျဆင်းလာခဲ့သည်။ ချီမင်ကိုယ်ပေါ်တွင် အလင်းတန်းများ တောက်ပလာခဲ့သည်။ ကောင်းကင်အောင်ပွဲခံခြင်းတိမ်တိုက်က သူ့ခေါင်းပေါ်တွင် မျောလွင့်နေသည့်အလားပင်။
"ဒါက..."
"ဒါကဘယ်လိုဖြစ်နိုင်မှာလဲ။!”
"သူတကယ်ကြီး"
"ရွှေကြာပန်းလည်းမဟုတ်ဘူး ရွှေမီးအိမ်လည်း မဟုတ်ဘူး။ ကောင်းကင်အောင်ပွဲခံခြင်းတိမ်တိုက်ပဲ။"
“…”
မျိုးနွယ်သခင်များက ထိုမြင်ကွင်းကိုတွေ့တော့ ကြောင်အသွားကြသည်။ သူတို့မျက်လုံးများက ပြူးကျယ်နေပြီး မယုံကြည်မှုများဖြင့် ပြည့်နှက်နေသည်။