ကောင်းကင်စည်းနှောင်ကြိုး
Vol. 24 Ch. 347
ချီမင်က ခြေရာမဲ့ပျံသန်းခြင်းအံ့ဖွယ်စွမ်းအားကို သုံးထားသည်။ သူ့ အရှိန်က အတော်လေးမြန်ပြီး နေရာလွတ်ကိုခုန်ကူးကာ ဟင်းလင်းပြင်နေရာရွှေ့ပြောင်းခြင်းလုပ်နိုင်ပေသည်။ သို့ပေသော်လည်း ချီမင်ကိုလိုက်နေသည့် အထက်ကမ္ဘာအင်မော်တယ်ဘုရင်ကိုးပါးကလည်း ထူးခြားပေသည်။
ဆွစ်! ဆွစ်!
အလင်းတန်းများမှာ ရွှေ့လျားနေကြပြီး နေရာလွတ်ကိုခုန်ကူးလျက် လျှပ်စီးထက်တောင် မြန်နေကြ သည်။
"အထက်ကမ္ဘာအင်မော်တယ်ဘုရင်တွေ။" ချီမင်က နောက်လှည့်ကာ ကြည့်ပြီး သူ့အမူအရာက အတော်လေး တည်ကြည်သွား၏။"ဥပဒေသကို ကျင့်ကြံတဲ့ အထက်ကမ္ဘာအင်မော်တယ်ဘုရင်ကိုးပါး။ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်က ငါ့ကိုသတ်ချင်နေတာပဲ။"
အထက်ကမ္ဘာအင်မော်တယ်ဘုရင်အဆင့်တွင် အစောပိုင်းအဆင့်၊အလယ်ပိုင်းအဆင့်နှင့်နှောင်းပိုင်းအဆင့်ဟူ၍ ခွဲထားသည်။ မော့ဝူလင်းနှင့် မြောင်ချင်းဟယ်တို့က အင်မော်တယ်ဘုရင်အစောပိုင်းအဆင့်သာဖြစ်သည်။
အခု ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်မှ လွှတ်လိုက်သည့် အထက်ကမ္ဘာအင်မော်တယ်ဘုရင်ကိုးပါးက ဥပဒေသကို ကျင့်ကြံထားကြသည်။
ကြီးမားသည့် အင်အားမျိုးပေ။
ချီမင်က ထိုအခြင်းအရာကို မမျှော်လင့်ထားခဲ့ချေ။ သူက မူလက ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်က ဥပဒေသကျင့်ကြံသူအထက်ကမ္ဘာအင်မော်တယ်ဘုရင်လွှတ်မည်ဟု တွေးထားပေမဲ့ ကိုးယောက်တောင်ဟု မမျှော်လင့်ထားခဲ့ချေ။
"ပြဿနာတော့များပြီ။" ချီမင်က မျက်မှောင်ကြုံ့သည်။
ဥပဒေသကိုကျင့်ကြံသည့်အထက်ကမ္ဘာအင်မော်တယ်ဘုရင်တစ်ပါးဆိုရင်တောင် ချီမင်က တိုက်ခိုက်နိုင်သေးသည်။ သို့ပါသော်လည်း အခုရန်သူက ဥပဒေသကျင့်ကြံသည့်အထက်ကမ္ဘာအင်မော်တယ်ဘုရင်ကိုးပါးဖြစ်နေသည်။
ထိုအဖွဲ့မျိုးက ချီမင်၏လက်ရှိအင်အားဖြင့် ခုခံဖို့မဖြစ်နိုင်သေးပေ။
"ကောင်းကင်ဉာဏ်အလင်း မင်းမလွတ်နိုင်ပါဘူး။"
ဥပဒေသကျင့်ကြံသည့် အထက်ကမ္ဘာအင်မော်တယ်ဘုရင်တစ်ပါးက ခွန်ပန်းအံ့ဖွယ်စွမ်းအားကိုသုံးကာ ခွန်ပန်းတစ်ကောင်အဖြစ်ပြောင်းလဲလိုက်သည်။ သူက အလွန်အမင်းမြန်ဆန်စွာ လှုပ်ရှားလိုက်ကာ ချီမင်ကို ဖမ်းလိုက်သည်။ သူက ခပ်တိုးတိုးအော်လိုက်ကာ ညာဘက်လက်ကိုဝေ့ယမ်းရင်း စွမ်းအားကြီးအင်မော်တယ်ရတနာကို ထုတ်ယူလိုက်သည်။
အလင်းများ လက်သွားသည်။
ဥပဒေသစွမ်းအားများ ပျံ့နှံ့လာသည်။
ထိုအင်မော်တယ်ရတနာက မိစ္ဆာကိုးပါးဖုန်းရွှေလက်ကောက်ဟုခေါ်သည့် စိမ်းရင့်ရောင်လက်ကောက်တစ်ကွင်းဖြစ်သည်။ မတူကွဲပြားသည့် မိစ္ဆာချီကိုးမျိုးက ပေါင်းစုံသွားသည်။ မိစ္ဆာ၊အလင်းမိစ္ဆာ၊အသံမိစ္ဆာ၊အရသာမိစ္ဆာ၊တဏှာမိစ္ဆာ၊သံလိုက်မိစ္ဆာ၊တည်နေရာမိစ္ဆာ၊သရုပ်သကန်မိစ္ဆာနှင့် ဦးတည်ရာမိစ္ဆာတို့ဖြစ်သည်။
မိစ္ဆာကိုးပါးက ပေါင်းစပ်သွား၏။
မိစ္ဆာကိုးပါးဖုန်းရွှေလက်ကောက် ကျရောက်လာတာနှင့် ကျယ်ပြန့်သည့် မိစ္ဆာကိုးပါးဖုန်းရွှေအစီအရင်ကြီး ပေါ်လာတော့၏။ ကောင်းကင်နှင့်မြေကြီးကိုတောင် ချိတ်ပိတ်တော့မည့်အလား ကမ္ဘာတစ်ခုကြီးတစ်ခုဖွဲ့စည်းကာ ချီမင်ကို ပိတ်လှောင်လိုက်သည်။
"ဖရိုဖရဲကမ္ဘာဖျက်ဓား"
ချီမင်၏အကြည့်က အေးစက်နေသည်။ သူက ဓားကိုထုတ်လိုက်သည်။ ဓားမြည်သံတစ်ချက်ထွက်လာသည်။နေရာလွတ်က ဓားချီကြောင့်နှစ်ခြမ်းကွဲထွက်တော့မည့်အလား အရပ်မျက်နှာအနှံ့တုန်ခါလာသည်။
"ကျိုးပျက်" ချီမင်က ထပ်မံအော်ဟစ်လိုက်သည်။ ဖရိုဖရဲနဂါးတစ်ကောင်အလား ဖရိုဖရဲကမ္ဘာဖျက်ဓားသည် မိစ္ဆာကိုးပါးဖုန်းရွှေအစီအရင် ဖျက်ဆီးလိုက်သည်။
အစီအရင်တစ်ခုလုံးက ပြိုကွဲသွားပြီး အလင်းစက်များအဖြစ် ပြောင်းလဲသွား၏။
မိစ္ဆာကိုးပါးဖုန်းရွှေလက်ကောက်က တစ်ဖက်သူလက်ထဲမှ လွင့်ထွက်သွားသည်။
"မင်း..”အထက်ကမ္ဘာအင်မော်တယ်ဘုရင်က ထိတ်လန့်သွားပြီး အနည်းငယ်အံ့အားသင့်သွားတော့၏။"မင်း တကယ်ကြီး ငါ့ရဲ့မိစ္ဆာကိုးပါးဖုန်းရွှေအစီအရင်ကို တစ်ချက်တည်းနဲ့ ဖျက်ဆီးလိုက်တာပဲ။"
ချီမင်က အသေးစားကောင်းကင်ကြယ်တာရာအစီအရင်ကို နားလည်ထားသည်။ တွက်ချက်ခြင်းစနစ်၏အဆက်မပြတ်တွက်ချက်မှုအောက်တွင် သူ၏အစီအရင်များအပေါ်နားလည်မှုက ကြောက်မက်ဖွယ်ကောင်းသည့် အဆင့်သို့ ရောက်နေပေသည်။
သူက မိစ္ဆာကိုးပါးဖုန်းရွှေအစီအရင်ထဲမှ အားနည်းချက်များကို ခဏလေးအတွင်း မြင်လိုက်နိုင်သည်။ သူက တစ်ချက်တည်းနှင့် ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။
နှောင့်နှေးနေရင် ချီမင်က မလွတ်နိုင်တော့ပေ။ တခြားအထက်ကမ္ဘာအင်မော်တယ်ဘုရင်ရှစ်ယောက်က တစ်ယောက်ပြီးတစ်ယောက်ပြေးထွက်လာကြကာ ချီမင်ကို တားဆီးလာကြ၏။
ချီမင်က အန္တရာယ်ထဲရောက်နေပြီဖြစ်သည်။
သူ့နောက်တွင် နက်ပြာရောင်ရှိသည့် အသက်မြစ်ရေများ စီးဆင်းနေသည်။ ၎င်းနေရာက ချီမင်နှင့် သိပ်မဝေးတော့ ပေ။ အသက်မြစ်ကမ်းပါးဘေးနှစ်ဖက်က ကြီးမားကျယ်ပြန့်ကာ အဆုံးမရှိပေ။ ပင်လယ်ထက်တောင် ကျယ်သေးသည်။
မြစ်ရေတွင် လှိုင်းဂယက်များ ကြီးမားစွာထနေသည်။ ဆူနာမီထက်တောင် ကြီးမားသေးသည်။ မဖော်ပြနိုင်လောက်အောင်နက်နဲသည့် အင်အားများ ပါဝင်နေ၏။
သူက အသက်မြစ်ကိုစိုက်ကြည့်နေတာ ကြာလာတော့ သူ့ဝိညာဉ်က ဝါးမြိုခံရတော့မည့်ဟန်ပင်။
"ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်က ငါ့ကို အမြင့်ကြီးတွေးထားတာပဲ။"
ချီမင်က ရပ်တန့်သွား၏။ သူ့အကြည့်များက လင်းလက်နေခဲ့ပြီး အထက်ကမ္ဘာအင်မော်တယ်ဘုရင်များကို သိမ်းကြုံးကြည့်လိုက်သည်။ သူတို့က မတူညီသည့်အမူအရာနှင့် မတူညီသည့်အဝတ်စားများ ဝတ်ဆင်ထားသည်။ အမျိုးသမီးသုံးယောက်ရှိကာ အမျိုးသားခြောက်ယောက်ဖြစ်သည်။
ချီမင်ကို မိစ္ဆာကိုးပါးဖုန်းရွှေလက်ကောက်ထုတ်ဖြင့်ပထမဦးဆုံးတိုက်ခိုက်လိုက်သည့်သူက လေးထောင့်မျက်နှာဖြင့် သက်လတ်ပိုင်းအမျိုးသားတစ်ဦးဖြစ်သည်။ သူ့မျက်နှာက ကြမ်းတမ်းနေပြီး လက်ကောက်တစ်ကွင်းကို ကိုင်ဆောင်ထား၏။
ထိုအမျိုးသားက ကိုးပြည်ထောင်နဂါးပွဲကြည့်စင်၏ လက်သည်းခုနစ်ခုစစ်မှန်နဂါးတမန်တော်တစ်ဦးဖြစ်သည်။ သူ၏တာအိုဘွဲ့နာမည်က ဖုန်းရွှေအင်မော်တယ်ဘုရင်ဖြစ်သည်။ သူက ဖုန်းရွှေဥပဒေသကို အဓိကကျင့်ကြံကာ အခြားသောဥပဒေသများကို အထောက်အကူအနေဖြင့် ကျင့်ကြံသည်။
"ကောင်းကင်ဉာဏ်အလင်း မင်းမလွတ်တော့ဘူး။"
ဖုန်းရွှေအင်မော်တယ်ဘုရင်က မိစ္ဆာကိုးပါးဖုန်းရွှေလက်ကောက်ကို ပစ်လွှတ်လိုက်သည်။ ချီမင်၏ဓားကြောင့် အစီအရင်က ပျက်စီးသွားပြီး အင်မော်တယ်ရတနာကို ထိခိုက်သွားစေ၏။ တိုက်ပွဲတွင် ထပ်မံ၍ အသုံးမပြုနိုင်တော့ပေ။ ပြန်လည် ပြုပြင်သန့်စင်ဖို့ လိုအပ်ပါ၏။"အရှုံးပေးလိုက်တော့။ မင်းဘယ်လောက် စွမ်းရည်ရှိရှိ ငါတို့လက်ကလွတ်မယ်ထင်လား"
"ဟဲဟဲ" ချီမင်က နှာခေါင်းရှုပ်လိုက်သည်။"မင်းတို့က ဥပဒေသကျင့်ကြံတဲ့ အထက်ကမ္ဘာအင်မော်တယ်ဘုရင်ကိုးပါးကို လွှတ်လိုက်တာပဲ။”
“ ငါတို့က အသက်မြစ်အင်မော်တယ်မြို့တော်မှာ ခြုံခိုတိုက်ဖို့တောင် အထူးတလည်ပြင်ဆင်ထားကြသေးတယ်။"
"ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး။"
ထိုအခိုက်တွင် အမျိုးသမီးအင်မော်တယ်ဘုရင်ထဲမှ တစ်ယောက်က ပြုံးလိုက်သည်။ သူမ စိမ်းပြာရောင်ဝတ်စုံလေးကို ဝတ်ဆင်ထားကာ ထူးခြားလှပသည့် မျက်နှာလေးဖြင့် ပြိုင်ဘက်ကင်းအလှတရားမျိုးရှိသည့် ခန္ဓာကို ပိုင်ဆိုင်ထားသည်။ သူမ၏မျက်ခုံးကြားတွင် အစိမ်းရောင်ကြာပန်းအမှတ်အသားလေးရှိ၏။" ရှင့်ကို ဖြေရှင်းဖို့ အကြီးအကဲကိုးပါးက ကောင်းကင်တာအိုရတနာ:ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ်ကို သုံးပြီး ရှင့်ရဲ့တည်နေရာကို နှစ်ကြိမ်တောင်တွက်ခဲ့တာ။"
"ကောင်းကင်ဉာဏ်အလင်း" သူမက ဆက်၍ပြောသည်။"ရှင် ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ရဲ့လက်ထဲမှာ ဂုဏ်ယူစွာ သေဆုံးနိုင်ပါပြီ။"
ကျက်သရေရှိသည့်မျက်နှာ လှပသည့်ကိုယ်ခန္ဓာနှင့် ထို အမျိုးသမီးအင်မော်တယ်ဘုရင်က ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်မှ အမှောင်အဖွဲ့နန်းတော်၏ဒုနန်းတော်သခင်များထဲမှ တစ်ယောက်ဖြစ်လေသည်။
သူမက ကြာပန်းစိမ်းအင်မော်တယ်ဘုရင်ဖြစ်သည်။
အမှောင်အဖွဲ့နန်းတော်၏အာဏာသည် ကိုးပြည်နယ်တခွင် ပျံ့နှံ့နေသည်။ များစွာ ဒုနန်းတော်သခင်များရှိပြီး သူမကထိုသူများထဲမှ တစ်ယောက်ဖြစ်သည်။
" ပြောနေလို့လည်း အသုံးမဝင်ဘူး။"
အနီရောင်ဆံပင်ဖြင့် တခြားတစ်ယောက် ပြောလာသည်။ ခေါင်းအစခြေအဆုံးသူတစ်ကိုယ်လုံးကအနီရောင်သာ ဝတ်ဆင်ထားသည်။ သူ့ စိတ်ဓာတ်က မီးတောက်များအတိုင်း ပြင်းထန်ကြမ်းတမ်းလှသည်။
"သူ့ကိုအရင်သတ်ပြီး အကြီးအကဲကိုးပါးရဲ့ တာဝန်ကို ပြီးအောင်လုပ်တာပေါ့။"
မီးလျှံရဲအင်မော်တယ်ဘုရင်၏အကြည့်က မီးတောက်များ ပစ်လွှတ်နေနိုင်သည်။ မီးဥပဒေသတို့မှာ သူ့တစ်ကိုယ်လုံးကို ဝိုင်းရံနေပြီး အပူချိန်ကအတော်လေး မြင့်မားလှသည်။ နေရာလွတ်ကတောင် မီးတောက်ကြောင့် တွန့်လိမ်ပုံပျက်နေရသည်။
သူက ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏ကိုးပြည်နယ်ထိန်းသိမ်းရေးဌာန၏အုတ်မြစ်သုံးခုထဲမှ တစ်ယောက်ဖြစ်သည်။
သူတို့အားလုံးက သန်မာကြပါ၏။
"ခရမ်းကောင်းကင်စစ်မှန်မီးလျှံ"
မီးလျှံရဲအင်မော်တယ်ဘုရင်က အံ့ဖွယ်စွမ်းအားတစ်ခုကို သုံးလိုက်သည်။ မီးဥပဒေသနှင့် တခြားသောဥပဒေသတစ်ချို့၏အားဖြည့်ပေးမှုကြောင့် အားကောင်းနေသည့် ခရမ်းကောင်းကင်စစ်မှန်မီးလျှံမှာ ချီမင်ကို ဖုံးအုပ်သွားသည်။
"သမာဓိမီးလျှံ"
မဟာတာအိုအင်မော်တယ်ဝင်ပေါက်၏စွမ်းအားက ထွက်ပေါ်လာသည်။ မဟာတာအိုသာလွန်သူတစ်ယောက် ပျံသန်းထွက်လာသည်။ ၎င်းက သမာဓိမီးလျှံကို သိပ်သည်းလိုက်သည်။
ချက်ချင်းပဲ ချီမင်၏ဓမ္မစွမ်းအားများ ကုန်ဆုံးသွားသည်။ သူက ညာဘက်လက်ကိုဝေ့ယမ်းရင်း သမာဓိမီးလျှံများကို ပတ်ဝန်းကျင်ကို ဖုံးအုပ်လိုက်စေပြီး ခရမ်းကောင်းကင်စစ်မှန်မီးလျှံနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
ပေါက်ကွဲသံမျိုးစုံထွက်လာသည်။
မီးတောက်များ မြင့်တက်လာသည်။
ချီမင်၏သမာဓိမီးလျှံက အနည်းငယ်အားနည်းပေသည်။ ၎င်းက ခရမ်းကောင်းကင်စစ်မှန်မီးလျှံထံမှ တဖြည်းဖြည်း ဖိနှိပ်ခံလာရသည်။ သမာဓိမီးလျှံက ဝါးမျိုခံလိုက်ရပြီး ခရမ်းကောင်းကင်စစ်မှန်မီးလျှံ၏နောက်ဆက်တွဲလှိုင်းက ချီမင်၏ကိုယ်ကို ထိမှန်သွားသည်။
ရွှေရောင်အလင်းလက်သွားသည်။
ချီမင်က သန့်စင်ရွှေခန္ဓာကိုသုံးပြီး ခရမ်းကောင်းကင်စစ်မှန်မီးလျှံ၏နောက်ဆက်တွဲလှိုင်းကို ကာကွယ်လိုက်ခြင်းဖြစ်၏။
မီးလျှံရဲအင်မော်တယ်ဘုရင်၏အကြည့်က လက်ခနဲဖြစ်သွားသည်။သူ့အသံက အနည်းငယ်အံ့ဩဟန်စွက်နေသည်။"မင်းက ငါ့ရဲ့ခရမ်းကောင်းကင်စစ်မှန်မီးလျှံကို ပိတ်ဆို့နိုင်တာပဲ။ လုပ်နိုင်စွမ်းရှိသားပဲ။ မော့ဝူလင်းနဲ့မြောင်ချင်းဟယ်တို့ သတ်ခံရတာ မအံ့ဩတော့ပါဘူး။"
"မင်းတိုက်လိုက်ရပြီ။"
"အချိန်မဖြန်းစမ်းနဲ့။"
"အကြီးအကဲကိုးပါးက ငါတို့ကို ပူးပေါင်းခိုင်းထားတယ်။ဘာမတော်တဆမှဖြစ်မလာအောင် ငါတို့အားလုံးပေါင်းပြီး ကောင်းကင်ဉာဏ်အလင်းကို သတ်ရမယ်။ ငါတို့ သူ့ကိုအလွတ်ပေးလိုက်လို့မရဘူး။"
"တိုက်ကြ"
"ကောင်းကင်စည်းနှောင်ကြိုး" "သွား"
“…”
သူပြောလို့ပြီးတာနဲ့။
အထက်ကမ္ဘာအင်မော်တယ်ဘုရင်များက ပူးပေါင်းကာ ချီမင်ကို ဝိုင်းလာကြသည်။ သူတို့က မတုံ့ဆိုင်းသလို ရှက်သလိုလည်းမခံစားရပေ။
ဥပဒေသကို ကျင့်ကြံသည့်အထက်ကမ္ဘာအင်မော်တယ်ဘုရင်ကိုးပါးကအရှက်မရှိ ချီမင်ကို ဝိုင်းထားကြ၏။
သူတို့က ပန်းတိုင်တစ်ခုတည်းသာရှိသည်။
အကြီးအကဲကိုးပါး၏တာဝန်ကို ပြီးဆုံးအောင်လုပ်ရန်ဖြစ်သည်။
ကောင်းကင်ဉာဏ်အလင်းကိုသတ်။
ပိန်ပါးသည့်မျက်နှာဖြင့်အထက်ကမ္ဘာအင်မော်တယ်ဘုရင်က အင်မော်တယ်မင်းဆက်၏အတွင်းစည်းဂိုဏ်းကဖြစ်သည်။ သူ့ကို ကောင်းကင်ရှောင်တိမ်ခြင်းအင်မော်တယ်ဘုရင်ဟုခေါ်သည်။
ကောင်းကင်ရှောင်တိမ်ခြင်းအင်မော်တယ်ဘုရင်က ညာဘက်လက်ကိုဝေ့ယမ်းလိုက်တော့ သူ့လက်ထဲကနေ ကြိုးတစ်ချောင်းပျံထွက်လာသည်။ ထိုကြိုးက စစ်မှန်နဂါးအကြောမှ သန့်စင်ထားခြင်းဖြစ်သည်။ ဥပဒေသမှော်စာလုံးများ အံ့ဖွယ်စွမ်းအားများဖြင့် ပေါင်းစပ်ထားသည်။
ထိုးကြိုးကို ကောင်းကင်စည်းနှောင်ကြိုးဟု ခေါ်သည်။
အဓိပ္ပာယ်က ကောင်းကင်ကို စည်းနှောင်နိုင်ပေသည်။
ကြောက်မက်ဖွယ်ချုပ်နှောင်ခြင်းစွမ်းအားကို ပိုင်ဆိုင်ထားသည့် အင်မော်တယ်ရတနာဖြစ်သည်။ ကောင်းကင်စည်းနှောင်ကြိုးဖြင့် ချည်ခံလိုက်ရပါက အထက်ကမ္ဘာအင်မော်တယ်ဘုရင်တောင် ချိုးဖတ်ဖို့ ခက်ခဲပေသည်။ သူတို့က စွမ်းအားတစ်စိတ်တစ်ပိုင်းတောင် ကန့်သတ်ခံရသည်။
"သွား"
ကောင်းကင်စည်းနှောင်ကြိုးက နှဂါးတစ်ကောင်အလား ပျံသန်းလာပြီး ချီမင်ကို ခုန်အုပ်လိုက်သည်။ စစ်မှန်နဂါး၏စွမ်းအားများပါဝင်သည့် နဂါးအော်သံတစ်ချက်ထွက်လာသည်။
"ပုံရိပ်ယောင်"
ချီမင်၏ပုံရိပ်က ပြောင်းလဲသွားသည်။ သူက နေရာလွတ်၏ကြားလွှာထဲတွင်ပျောက်ကွယ်သွားပြီး သူ၏အရှိန်အဝါကို ဖုံးကွယ်လိုက်သည်။
ပုံရိပ်ယောင် လျှို့ဝှက်နက်နဲနည်းစနစ်ကိုသုံးပြီးတာနဲ့ သူက ပုံရိပ်ယောင်အခြေအနထဲဝင်ရောက်ကာ တိုက်ခိုက်မှုအားလုံးကို ခုခံနိုင်ပေသည်။
"အိုးမဟုတ်ဘူး!” ချီမင်၏အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။
ကောင်းကင်ရှောင်တိမ်းခြင်းအင်မော်တယ်ဘုရင်၏ကောင်းကင်စည်းနှောင်ကြိုးက အတော်လေးထူးခြားပေသည်။ ၎င်းက ချီမင်၏အရှိန်အဝါကို ပစ်မှတ်ထားနိုင်သည်။ ၎င်းတွင်ပါဝင်နေသည့်စွမ်းအားကို နေရာလွတ်ကို တိုက်ရိုက်ထိုးခွဲလျက် အချိန်တိုအတွင်းမှာ သူ့ကို ချုပ်နှောင်သွားသည်။
ကောင်းကင်စည်းနှောင်ကြိုးကြောင့် ပုံရိပ်ယောင်က ကျိုးပျက်သွားတော့သည်။
"ဒါကြီးက..."
ချီမင်က ထိတ်လန့်သွားသည်။
သူ့နားထဲတွင် ကောင်းကင်စည်းနှောင်ကြိုး၏စွမ်းအားက နဂါးဟိန်းသံကို ကြားလိုက်ရသည်။ နဂါးတစ်ကောင်၏တန်ခိုးအာဏာက သူ့စိတ်ကို ထိတ်လန့်သွားစေသည်။ ကြိုးက စစ်မှန်နဂါးတစ်ကောင်အလား သူ့တစ်ကိုယ်လုံးကို ရစ်ပတ်ထားသည်။ ထို့ပြင် ၎င်းက သူ၏အင်အားကိုလည်း ကန့်သတ်ထားသည်။
"ဟားဟား"
ကောင်းကင်ရှောင်တိမ်ခြင်းအင်မော်တယ်ဘုရင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။"ကောင်းကင်ဉာဏ်အလင်း။ ကောင်းကင်စည်းနှောင်ကြိုးက ငါမတော်တဆရလာတဲ့ရတနာပဲ။ ငါအဲ့ဒါကို နှစ်သန်းတစ်ရာကျော်လောက် သန့်စင်ထားခဲ့ရတာ။ အခု မင်းက ချုပ်ခံလိုက်ရပြီ။အထက်ကမ္ဘာအင်မော်တယ်ဘုရင်တစ်ပါးတောင် အချိန်တိုအတွင်း မလွတ်နိုင်ဘူး။ အထူးနည်းလမ်းမရှိဘဲနဲ့တော့ မင်းမလွတ်တော့ဘူး။"
"တာအိုရောင်းရင်းတို့"
ကောင်းကင်ရှောင်တိမ်ခြင်းအင်မော်တယ်ဘုရင်က အော်လိုက်သည်။"ကောင်းကင်ဉာဏ်အလင်းကို မြန်မြန်သတ်လိုက်တော့။ သူက ထွက်ပြေးလို့မရတော့ဘူး။"
"ကောင်းတယ်၊ကောင်းတယ်၊ကောင်းတယ်"
မှုန်ဝါးဝါးပုံရိပ်တစ်ခု ပြေးထွက်လာသည်။ သူက ဗဂျရာ တူကြီးတစ်စုံကို လက်နှစ်ဖက်လုံးတွင် ကိုင်ထားသည်။ တူကြီးများက မည်းနက်နေကာ အဆုံးမဲ့မိစ္ဆာချီများ ဖုံးအုပ်နေသည်။ အတော်လေးကြောက်မက်ဖွယ်ကောင်းသည့် ကြမ်းကြုတ်လက်နက်မျိုးဖြစ်သည်။
"ကောင်းကင်ရှောင်တိမ်ခြင်းအင်မော်တယ်ဘုရင် မင်းလုပ်တာကောင်းတယ်။"
ထိုပုံရိပ်ကအော်လိုက်သည်။"အခု ငါသူကို ထုချေလိုက်တော့မယ်။"
မှုန်ဝါးဝါးထိုပုံရိပ်က နတ်ဆိုးသတ်ဖြတ်ခြင်းခန်းမမှဖြစ်သည်။ သူကလည်း ဥပဒေသကိုကျင့်ကြံသည့် အထက်ကမ္ဘာအင်မော်တယ်ဘုရင်တစ်ပါးဖြစ်သည်။ သူ့ရာထူးက ခန်းမတွင် မနိမ့်ပေ။
သူ့ကို ဗဂျရာအင်မော်တယ်ဘုရင်ဟု ခေါ်သည်။
"တိုက်ကြ"
အသံကျယ်ကြီးထွက်လာသည်။
ဗဂျရာအင်မော်တယ်ဘုရင်က အော်ဟစ်ကာ သူ့လက်ထဲကတူကြီးကိုလွှဲယမ်းလိုက်သည်။ ကြောက်မက်ဖွယ်ရာရှေးဟောင်းနတ်ဆိုးတောင်တို့မှာ ကြေမွပြီး နေရာလွတ်တွင် အက်ကွဲကြောင်းများပေါ်လာတော့မည့်ပမာပင်။
ထိုစွမ်းအားမျိုးဖြင့်ရင်ဆိုင်ရတော့ ချီမင်သာထိသွားရင် မသေရင်တောင်ခေါင်းပေါက်ကွဲထွက်သွားပြီး ဒဏ်ရာပြင်းထန်သွားနိုင်သည်။