← Chapters

ထောင်စုနှစ်အကုန် ပြန်လည်မွေးဖွားခြင်း၊ တောက်ပသော အနာဂတ်

Vol. 1 Ch. 1

ထောင်စုနှစ်အကုန် ပြန်လည်မွေးဖွားခြင်း၊ တောက်ပသော အနာဂတ်

Vol. 1 Ch. 1

ဟောင်းနွမ်းနေသော မီးအိမ် အောက်မှာ စတုရန်း ၇မီတာကျယ်တဲ့ အခန်းကျဉ်းလေးက အသက်ဝင်နေသည်။ အခန်းထဲမှာက ရှေးဟောင်း တစ်ယောက်အိပ်ကုတင်တစ်လုံး၊ ဗီရိုတစ်လုံးနဲ့ စာရေးစားပွဲတစ်လုံးပဲ ရှိနေ၏

ကျန်းကျဲ့က ကုတင်စွန်းမှာ ထိုင်ရင်း လက်တစ်ဖက်က ပန်းချီဆွဲ ဘုတ်ပြား၊ ကျန်တစ်ဖက်က ခဲတံကို ကိုင်ထားတသည်။ စားပွဲပေါ်က ပုံဆွဲစာအုပ်ကို ကြည့်ရင်း ပန်းချီကား (၈) ကိုက်စာ ပုံတူလူဦးခေါင်းပုံတစ်ပုံကို အပြီးသတ်ဆွဲနေပေသည် ပြီးတော့ ပန်းချီရဲ့အလွတ်နေရာမှာ "၂၀၀၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၁ ရက်၊ ၁၀ ပုံမြောက်" လို့ ရေးလိုက်၏

တိပ်သေးသေးလေး နှစ်စ ဖြတ် ပြီး သူဆွဲထားတဲ့ ပုံကို ရှေးဟောင်းဗီရိုမှာ ကပ်လိုက်သည်။ ပြီးတော့ အနောက်ကို ဆုတ်ပြီး သူ့ပန်းချီနဲ့ မူရင်းပန်းချီကို နှိုင်းယှဉ်ကြည့်သည်။

အလားတူ ပုံတူပွားထားတဲ့ ပန်းချီတချို့ကိုလည်း ဗီရိုနဲ့ နံရံတွေမှာ ကပ်ထားသည်။ ပုံတိုင်းရဲ့ ညာဘက်အောက်ထောင့်မှာတော့ ရက်စွဲနဲ့ အမှတ်စဉ်တွေ - ၉ ပုံမြောက်၊ ၈ ပုံမြောက်… ရေးထားတာကို တွေ့ရသည်

တကျွီကျွီ… အသံနဲ့ အခန်းရဲ့ သစ်သားတံခါးက ပွင့်လာသည်။

ရူလီက တံခါးအပြင်ဘက်မှာ ရပ်နေရင်း ကျန်းကျဲ့ကို ကြည့်နေသည်။

"အမေ၊ ဘာဖြစ်လို့လဲ" ကျန်းကျဲ့ ထရပ်လိုက်သည်။

ရူလီက ကျန်းကျဲ့ကို ကြည့်ပြီး "သန်းခေါင်ယံ ရောက်တော့မယ် စောစောအိပ်တော့။ မနက်ဖြန်မှ ထပ်ဆွဲပေါ့" လို့ ပြောလေသည်။

ကျန်းကျဲ့က "ကျွန်တော် ချက်ချင်း အိပ်ပါတော့မယ်" လို့ ပြန်ဖြေလိုက်သည်

ရူလီက တံခါးကို ဖွဖွလေး ပိတ်ပြီး အပြင်မှာ ခဏ ရပ်နေခဲ့သည် ကျန်းကျဲ့ ပစ္စည်းတွေ သိမ်းနေတဲ့ အသံကြားမှ သူမ အခန်းထဲ ပြန်ဝင်သွားသည်။ မိခင်အများစုလိုပဲ သူမကလည်း သားဖြစ်သူ စာမကြိုးစားတာကို စိတ်ပူသလို၊ အရမ်းကြိုးစားရင်လည်း စိတ်ပူရသည်ပင်

မျက်နှာသစ်ပြီးနောက် ကျန်းကျဲ့က သူ့မျက်နှာကို သေချာသုတ်ပြီး မှန်ထဲမှာ ကိုယ့်ကိုယ်ကိုယ် သေချာကြည့်လိုက်သည်။

ဆံပင်တိုတို၊ မျက်ခုံးမွှေးထူထူမည်းမည်း၊ နှာတံပေါ်ပေါ်လွင်လွင်နဲ့ စတုဂံပုံမျက်နှာ ပေါင်းစပ်လိုက်တော့ ချောမောရုံသာမက သူရဲကောင်းဆန်တဲ့ ဟန်ပန်လည်း ပါနေသည်။

အသက် ၁၉ နှစ်။ ဆက်တိုက်ကြိုးစားပန်းစား သင်ယူခဲ့ပေမဲ့ သူ့အသားအရေက ကျန်းမာပြီး မျက်ကွင်းညိုတာ၊ မျက်အိတ်ဖောင်းတာမျိုး မရှိပေ သူသွားဖြီးကြည့် တော့ ဖြူဖွေးပြီး ညီညာနေ၏။ အသက်ရှူထုတ်ကြည့်တော့လည်း မနှစ်မြို့ဖွယ် အနံ့အသက် မရှိပေ

သူ ပြုံးပြီး သူ့အခန်းထဲ ပြန်ဝင်လာသည်။ မီးပိတ်ပြီး လှဲချလိုက်သည်။

ဒီအသက်အရွယ်ဆို ခေါင်းအုံးနဲ့ ထိတာနဲ့ ချက်ချင်း အိပ်ပျော်သွားတတ်သည် အိပ်မပျော်တဲ့ ဝေဒနာ လုံးဝ မခံစားရပေ

ဒါပေမဲ့ သူ အိပ်ချင်စိတ်ကို ထိန်းချုပ်ပြီး မျက်လုံးတွေကို ကျယ်ကျယ်ဖွင့်ထားဖို့ ကြိုးစားနေသည်။

တစ်ပတ်အကြာက ကျန်းကျဲ့ဟာ ၂၀၂၃ကနေ သူ အထက်တန်း တတိယနှစ်တက်နေတယ့် ၂၀၀၀ ခုနှစ်ဆီကို ပြန်ရောက်လာခဲ့သည်။

သူ့အရင်ဘဝမှာတော့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ရလဒ်က မကောင်းခဲ့ပေ အလုပ်အကိုင် မတည်ငြိမ်သလို ဘဝကလည်း ခက်ခဲခဲ့ရ၏

ဒုတိယအကြိမ် ဘဝသစ်ကို ရတဲ့အခါ အရင်ဘဝက နောင်တတွေကို ပြန်ပြင်နိုင်ပြီး သူနဲ့ သူ့မိသားစုဘဝကို ပျော်ရွှင်ပြည့်စုံစေနိုင်မည်ပင် ဒါကြောင့် သူ ဒီအခွင့်အရေးကို တန်ဖိုးထားသည်။

ပြန်လည်စတင်ခွင့် ရပေမယ့် သူ့သိထားတဲ့ မရေရာတဲ့ အချက်အလက်တွေနဲ့ပဲ ဘဝလမ်းကြောင်းကို ပြောင်းလဲဖို့ဆိုတာ ခက်ခဲနေဦးမည်ပင်

ကံကောင်းစွာနဲ့ပဲ သူ့မှာ နောက်ထပ် အားကိုးရာတစ်ခု ရှိသေးသည်။

ကျန်းကျဲ့သည် သူ့ရှေ့ရှိ ပုံရိပ်ယောင် စာမျက်နှာတစ်ခုကို ကြည့်လိုက်သည်။

"ကောင်းကင်ဘုံ ဆုလာဒ် စနစ်" သည် ယနေ့ ပိုင်ရှင်၏ သင်ယူမှုအောင်မြင်မှုများကို တွက်ချက်နေသည်

ပိုင်ရှင်၏ ယနေ့သင်ယူမှု- တရုတ်စာ (အထက်တန်းအဆင့်)၊ သမိုင်း (အထက်တန်းအဆင့်)၊ နိုင်ငံရေးသိပ္ပံ (အထက်တန်းအဆင့်)၊ နိုင်ငံခြားဘာသာ (အထက်တန်းအဆင့်) စုစုပေါင်း ၈ နာရီ။

ပိုင်ရှင်သည် ပန်းချီပညာ ( ပုံကြမ်း ) ကို ၄ နာရီ သင်ယူခဲ့သည်။

ပိုင်ရှင်သည် လက်ရေးလှ ( ခက်ခဲသော ကလောင် လက်ရေးလှ ) ကို ၁ နာရီ လေ့ကျင့်ခဲ့သည်။

ယနေ့သည် လကုန်ရက်ဖြစ်သည်။ ပိုင်ရှင်သည် ယခုလ၏ သင်ယူမှုအောင်မြင်မှုများကို ရယူလိုပါသလား။

ယူမယ် ကျန်းကျဲ့က သူ့စိတ်ထဲမှ ခလုတ်ကို နှိပ်လိုက်သည်။

စတင်တွက်ချက်နေသည်...

ကျန်းကျဲ့က ရလဒ်တွေကို စောင့်မျှော်နေခဲ့သည်

သူ ပြန်မွေးဖွားလာပြီးနောက် ဘာလုပ်ရမလဲဆိုတာ စဉ်းစားခဲ့သည်။

သူနဲ့ သူ့မိသားစု ပျော်ရွှင်တဲ့ ဘဝနေထိုင်ဖို့ လုံလောက်တဲ့ ပိုက်ဆံ ရှာရမည်

ပန်းတိုင်က ပိုမြင့်ပါစေ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းဖို့ပဲလေ

ရောမမြို့ကြီးကို တစ်ရက်တည်းနဲ့ တည်ဆောက်ခဲ့သည်မဟုတ်ပေ ရေရှည်ပန်းတိုင်တွေ အောင်မြင်ဖို့ သူ့ရဲ့ လက်ရှိပြဿနာက တက္ကသိုလ်ဝင်တန်းစာမေးပွဲပင် ဖြစ်သည်

သူ့အရင်ဘဝမှာတော့ ပညာသင်ကြားမှု စွမ်းဆောင်ရည် မကျေနပ်စရာ ဖြစ်ခဲ့လို့ အထက်တန်းဒုတိယနှစ်မှာ အတန်းခွဲတဲ့အခါ အနုပညာဘာသာရပ်ကို ရွေးခဲ့သည်။

ကံမကောင်းစွာနဲ့ပဲ တခြားမြို့က ဒုတိယတန်းစား တက္ကသိုလ်တစ်ခုကိုပဲ တက်ရောက်ခဲ့ရသည်။

ပြန်မွေးဖွားလာပြီးနောက်မှာတော့ သူ့ပန်းတိုင်ကို ပိုမြင့်မြင့်ထား ခဲ့သည် - ပင်းဟိုင် ထိပ်တန်း ဘက်စုံတက္ကသိုလ်ကို ဝင်ခွင့်ရဖို့၊ ဒါမှမဟုတ် အနုပညာဘက်မှာ ပိုနာမည်ကြီးတဲ့ ပင်းဟိုင်အနုပညာကောလိပ် ကို ဝင်ခွင့်ရရန်ပင် ဖြစ်ပေသည်

သို့သော် သူ့ရဲ့ မူလအခြေခံက ဆိုးရွားပြီး၊ တစ်နှစ်ခွဲအတွင်း သူ့အဆင့်တွေကို သိသိသာသာ တိုးတက်အောင် လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပေ. သူ့ရဲ့ ယဉ်ကျေးမှုဘာသာရပ်တွေ ဒါမှမဟုတ် စာမေးပွဲ ရမှတ်တွေက လိုအပ်တဲ့အဆင့်ကို မရောက်ရင် သူ လိုချင်တဲ့ တက္ကသိုလ်ကို ဝင်ခွင့်ရမှာ မဟုတ်ပေ

ကံကောင်းစွာနဲ့ပဲ ရွှေလက်ချောင်း က အချိန်ကိုက် ရောက်လာခဲ့သည်။

"ကောင်းကင်ဘုံဆုလာဒ် စနစ်" က အသုံးပြုသူတွေကို ကိုယ်သင်ယူချင်တာ ရွေးချယ်ခွင့်ပေးပြီး တစ်လတစ်ကြိမ် ဆုပေးတယ်။ အကဲဖြတ်ရလဒ်တွေအပေါ် မူတည်ပြီး သက်ဆိုင်ရာ ဆုတွေ ပေးသည်။

ကျန်းကျဲ့ ရွှေလက်ချောင်း ကို ရပြီးနောက် သူက တခြားဘာသာရပ်တွေ မရွေးချယ်ခဲ့ပေ ဘာလို့လဲဆိုတော့ စနစ်က သူ့ကို အကဲဖြတ်ပြီးသားဖြစ်သောကြောင့်ပေတည်း သူက အနုပညာနဲ့ပတ်သက်တဲ့ ဘာသာရပ်တွေ သင်ယူဖို့ အသင့်တော်ဆုံးပဲ။ သိပ္ပံနဲ့ အင်ဂျင်နီယာဘာသာရပ်တွေကို အတင်းအကြပ် ရွေးခဲ့ရင်တော့ နှစ်ဆကြိုးစားပြီးမှ ထက်ဝက်ပဲ အောင်မြင်မှာဖြစ်လို့ အောင်မြင်ရန် ခက်ခဲမည်သာ

သူ့ရဲ့ ယဉ်ကျေးမှုဘာသာရပ်တွေနဲ့ အနုပညာစာမေးပွဲ ပါဝင်တဲ့ အကြောင်းအရာတွေကို စနစ်ရဲ့ သင်ယူမှု အစီအစဉ်မှာ ထည့်သွင်းခဲ့သည်။ စနစ်ရဲ့ အကူအညီနဲ့ သူ့အဆင့်တွေက တည်တည်ငြိမ်ငြိမ် တိုးတက်လာသည်ပင်

ဒီအချိန်မှာ စနစ်မျက်နှာပြင် မှာ သတိပေးချက်အသစ်တစ်ခု ပေါ်လာသည်။ "ပိုင်ရှင်၏ ယခုလ သင်ယူမှုကြာချိန်- ခုနစ်ရက်၊ စုစုပေါင်းကြာချိန်နှင့် ပျမ်းမျှ သင်ယူမှုသည် သတ်မှတ်အဆင့်သို့ ရောက်ရှိပြီး ဆုကြေးငွေ - ၉,၀၀၀ ယွမ်။"

ကျန်းကျဲ့က ငွေ ပမာဏကို မြင်တော့ ဝမ်းသာသွားသည်။

၂၀၀၁ ခုနှစ်မှာ ယွမ်ကိုးထောင်ဆိုတာ နည်းတယ့် ပမာဏ မဟုတ်ပေ

သူ့မိဘနှစ်ပါးရဲ့ နှစ်ဦး ပေါင်းလစာက ယွမ်တစ်ထောင့်ခြောက်ရာတောင် မပြည့်ပေ သူ့အရင်ဘဝတုန်းက သူ့ရဲ့ အမြင့်ဆုံးလစာက ယွမ်ငါးထောင်နား ကပ်ခဲ့တာတောင်၊ အချိန်အများစုက အဲဒီလောက်တောင် မရောက်ခဲ့ပေ

အဲဒီတုန်းက တက္ကသိုလ်ဝင်ကြေးက တစ်နှစ်ကို ယွမ်ခြောက်ထောင်၊ ပင်းဟိုင် အနုပညာကောလိပ်ရဲ့ ဝင်ကြေးက ယွမ်ရှစ်ထောင်ဝန်းကျင် ရှိခဲ့တယ်ဆိုတာ သူ မှတ်မိသည်။

ဒီလမှာ သူ တစ်ပတ်သာ သင်ယူခဲ့ရသည်။ စနစ်ရဲ့ လစဉ်လစာပေးချေမှု စည်းမျဉ်းအရဆိုရင် သူ့ရဲ့ လစဉ်သင်ယူမှုက သတ်မှတ်အဆင့်ကို ရောက်ရှိခဲ့ရင် တက္ကသိုလ်မဝင်ခင်ကတည်းက ၂၀၀၁ ခုနှစ်မှာ လစဉ်ဝင်ငွေ ယွမ်တစ်သောင်းကျော် ရရှိနေပြီဆိုတဲ့ သဘောပဲ မဟုတ်ပါလား။

သူ ပြန်လည်မွေးဖွားလာပြီးတာနဲ့ သူ့အရင်ဘဝရဲ့ အမြင့်ဆုံးဝင်ငွေကို ကျော်လွန်သွားခဲ့ပြီပင်

စနစ်ရဲ့ ရှင်းပြ ချက်အရဆိုရင် ဒီစနစ်က အဆင့်မြှင့်တင်လို့လည်း ရတယ်ဆိုတာ သူ သိခဲ့ရသည်။ အနာဂတ်မှာ လတိုင်း သိန်းပေါင်းများစွာ၊ သန်းပေါင်းများစွာ၊ ဒါမှမဟုတ် အဲဒီထက် ပိုပြီး ရနိုင်မည်လော

ဒီ ဖြစ်နိုင်ခြေတွေကို တွေးမိတော့ ကျန်းကျဲ့ အိပ်ချင်စိတ်တွေ လုံးဝပျောက်သွားတယ်။ သူ ထပြီး ခေါင်းရင်းဘက်မှီကာ စနစ်က ဆုပေးတာကို စိတ်အားထက်သန်စွာ စောင့်မျှော်နေတော့သည်

စနစ်မျက်နှာပြင်မှာ ရွေးချယ်စရာတစ်ခု ပေါ်လာသည်။

စနစ်ဆုလာဘ်များကို သင့်တော်သလို ခွဲဝေ ပါမည်။

ပိုင်ရှင်သည် ဆုကို လွတ်လပ်စွာ ရွေးချယ်နိုင်သည်-

၁။ သင်၏ပန်းချီကားများကို ရောင်းချပါ။

၂။ ယွမ် ၉,၀၀၀ အမြတ်ရနိုင်သည့် စီးပွားရေးအခွင့်အလမ်းများ ရယူပါ။

၃။ ဆုတစ်ဆု ရယူပါ။

၄။ ထီပေါက်ခြင်း။

အား... ကျန်းကျဲ့က ရွေးချယ်စရာ အများအပြားရဲ့ ရှင်းပြချက်တွေကို ကြည့်ပြီး စနစ်က ငွေကြေးကို တိုက်ရိုက်မထုတ်ပေးတာကို မကျေမနပ် ဖြစ်မိသည်။

စနစ်က သင့်တင့်သလို ဆုကို ခွဲဝေ ပေးတာကလည်း အကျိုး ရှိတာပဲ၊ ဒါက ဝင်ငွေရဲ့ ရင်းမြစ်ကို ရှင်းပြရတဲ့ ဒုက္ခမရှိတော့ဘူး လို့ သူက ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်သည်။

သူ သေချာစဉ်းစားကြည့်သည် သူက လက်ရှိမှာ သင်ယူဖို့ အချိန်အများကြီး လိုအပ်သည်၊ ပြိုင်ပွဲတွေအတွက် ပြင်ဆင်နေရတယ့်အတွက် အချိန်မရှိ၊ စီးပွားရေးကို စတင်ဖို့ကလည်း ငွေမရှိပေ ထီလက်မှတ်ဝယ်တာကို မကြာခဏသုံးနေလို့လည်း မရပေ ဒါကြောင့် ပန်းချီကားတွေ ရောင်းချတာက တစ်ခုတည်းသော ဖြစ်နိုင်တယ့် နည်းလမ်းပဲ၊ ဒါက သူ အမြဲတမ်း မျှော်လင့်နေခဲ့ရတဲ့ အရာပင်

ပုံမှန်အခြေအနေမှာတော့ နာမည်မရှိသေးတဲ့ လူတစ်ယောက်က သူ့ပန်းချီကားတွေကို ယွမ်ကိုးထောင်နဲ့ ရောင်းဖို့ဆိုတာ မဖြစ်နိုင်ပေ

သူ့အရင်ဘဝမှာ ပန်းချီနဲ့ ဒီဇိုင်းပညာကို သင်ယူခဲ့လို့ အနုပညာနယ်ပယ်ကို အနည်းငယ်နားလည်သည်ပင်

၂၁ ရာစုထဲ ရောက်လာပြီးနောက် အနုပညာနယ်ပယ်မှာ ထူးဆန်းတဲ့ ဖြစ်ရပ်တွေ မကြာခဏ ဖြစ်ပေါ်ခဲ့သည် အနုပညာရှင်တချို့ရဲ့ "စူးစမ်းရှာဖွေမှု" လို့ ခေါ်တဲ့ အရာတွေက လူတွေကို စကားမဲ့ စေခဲ့သည်။ ဒါက ကောင်းပါသေးသည်၊ အနည်းဆုံးတော့ စူးစမ်းမှုတွေတော့ ပါသေးသည်။ စိတ်မကူးနိုင်စရာ လုပ်ဆောင်ချက် တွေ ပိုများသေးသည် ဈေးကြီးပေးပြီး ရောင်းချနေတဲ့ အလုပ်အများစုက အလိမ်တွေသာ ဖြစ်သည်။

ဒီဇိုင်းလုပ်ငန်းတချို့ လုပ်ရုံမှလွဲပြီး ကျန်းကျဲ့က ပန်းချီကားတစ်ချပ်မှ မရောင်းခဲ့ဖူးပေ သူ့ပန်းချီဆရာ အပေါင်းအသင်းတွေ ပြောတဲ့ ပန်းချီရောင်းချမှုကနေ ဝင်ငွေရရှိမှုရဲ့ နောက်ကွယ်က အမှန်တရားကိုလည်း သူ ခွဲခြားနိုင်စွမ်း မရှိခဲ့ပေ

စနစ်က ပန်းချီကားတွေ ရောင်းချဖို့ သင့်လျော်တဲ့ နည်းလမ်းကို စီစဉ်ပေးနိုင်မယ်ဆိုရင် ဒါက ရေရှည်နဲ့ ပညာရှိရှိ ငွေရှာနည်း ဖြစ်မည်ပင်

သူ ပထမဆုံးတစ်ခုကို နှိပ်လိုက်သည်။

စနစ်က သတိပေးချက်တစ်ခု ပေးလာသည်- "ပိုင်ရှင်၊ မနက်ဖြန်မနက် ပင်းဟိုင် ရှုခင်းသာနေရာကို သွားရောက်ပြီး ရေဆေးပန်းချီကား (၅) ကား ပြီးစီးအောင် ရေးဆွဲပါ။ မှတ်ချက်..."

ကျန်းကျဲ့က သတိပေးချက်ထဲက အရေးကြီးတဲ့ အချက်အလက်တွေကို လျင်မြန်စွာ မှတ်သားထားလိုက်သည်။

မနက်ဖြန်က နှစ်သစ်ကူး အားလပ်ရက်ဖြစ်လို့ တာဝန်လက်ခံဖို့အတွက် အချိန်ကိုက်ပင်။

၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်၊ မနက်စောစော။

ကျန်းကျဲ့က စောစောထပြီး ခေါက်ဆွဲပြုတ်တစ်အိုးကို လျင်မြန်စွာ ချက်လိုက်သည်။

သူ့အမေ ရူလီက ကျန်းကျဲ့ ထတာကို ကြားတော့ ဘာလို့ ဒီလောက် စောစောထတာလဲလို့ မြန်မြန်မေးသည်။

"ဖော်ထောင်လမ်းဘက်ကို စောစောသွားပြီး ရှုခင်းပုံတချို့ ရေးဆွဲချင်လို့ပါ။"

ဖော်ထောင်လမ်းနားတစ်ဝိုက်က ပင်းဟိုင်မှာ နာမည်ကြီး ရှုခင်းသာနေရာတစ်ခုဖြစ်ပြီး ရှေးဟောင်းအဆောက်အအုံတွေ အများကြီးနဲ့ လှပတဲ့ ကမ်းရိုးတန်းရှုခင်းတွေ ရှိပေသည်

"ဒီလို အေးတဲ့ရာသီဥတုမှာ ပန်းချီဆွဲမလို့လား။ ရှုခင်းပန်းချီကို ကျောင်းတွေက မမေး ဘူးလေ။"

သားဖြစ်သူက အနုပညာစာမေးပွဲ ဖြေမှာဖြစ်လို့ ရူလီလည်း အချက်အလက်အချို့ကို သိထားသည်။

"ပိုပြီး ပြင်ဆင်ထားတာပါဗျာ။ အိုးထဲမှာ ခေါက်ဆွဲတွေ ရှိပါသေးတယ်။ အမေတို့ ဖေဖေတို့အတွက် လောက်မှာပါ"

ကျန်းကျဲ့က ခေါက်ဆွဲတစ်ပန်းကန်ကို မြန်မြန်စားပြီး ထွက်သွားဖို့ ပြင်ဆင်သည်။

"ဂရုစိုက်သွား" ရူလီက မှာလိုက်သည်။

"ဟုတ်ကဲ့ပါ၊ ကျွန်တော် နေ့လည်စာ ပြန်စားဖြစ်မှာမဟုဘူး" ကျန်းကျဲ့က သူ့ကုတ်အင်္ကျီကို ဝတ်၊ ပန်းချီပစ္စည်းတွေ ယူပြီး အမေ့ကို နှုတ်ဆက်ကာ အိမ်အပြင်ကို လျင်မြန်စွာ ထွက်သွားလေ သည်။

အမှတ် ၂၂၇ ပထမဆုံး ဘတ်စ်ကားမှာ ခရီးသည် အနည်းငယ်သာ ရှိသည်ပင်

ကျန်းကျဲ့က တစ်ယောက်ထိုင်ခုံမှာ ထိုင်ရင်း ဒီနေ့ သူ့ရဲ့ အစီအစဉ်တွေကို အကြိမ်ကြိမ် ပြန်စဉ်းစားနေသည်။

မိနစ် ၃၀ အကြာမှာ သူ ရှုခင်းသာနေရာမှာ ဆင်းပြီး ရှုခင်းကြည့်နေရာတစ်ခုကို လမ်းလျှောက်သွားသည်။

ဒီရှုခင်းသာနေရာမှာ မက်တာစကွာရီယာ (metasequoia) တောတွေ၊ မေပယ်တောအုပ်တွေ၊ လူလုပ် ရေကန်တစ်ခုနဲ့ ခေတ်အမျိုးမျိုး နိုင်ငံအသီးသီးက အဆောက်အအုံအမျိုးမျိုး ရှိပြီး နှစ်ပေါင်းတစ်ရာနီးပါးက သမိုင်းကို ပေါင်းစည်းထားသည်။

ကျန်းကျဲ့က ပထမဆုံး ကြည်လင်နေတယ်ရေနဲ့ ရေ ပုံးသေးသေးလေးတစ်ပုံးကို ဖြည့်သည်။ နေရာတစ်ခု ရွေးပြီး သူ့ရဲ့ ပန်းချီဆွဲခုံ ကို ချသည်။ ပန်းချီဆွဲစက္ကူကို ပြင်ဆင်ရင်း သူ့ရဲ့ ပထမဆုံး ပန်းချီကားကို စိတ်ကူးနဲ့ ပုံဖော်နေသည်။

ဒီပန်းချီကားအတွက် သူက မြင့်မားတဲ့ မက်တာစကွာရီယာ သစ်တောကို အလယ်အနေနဲ့၊ လူလုပ်ရေ ကန်ရဲ့ အရိပ်ကို အရှေ့အနေနဲ့၊ ကောင်းကင်နဲ့ မြို့ရဲ့ ကောင်းကင်မြင်ကွင်းကို နောက်ခံအနေနဲ့ အသုံးပြုပြီး မနက်ခင်းအလင်းရောင်ထဲက ရှုခင်းကို သရုပ်ဖော်ဖို့ စီစဉ်ထား၏။

ရေဆေးပန်းချီ အထူးစက္ကူ လိုအပ်သည်။ စက္ကူ ပုံမပျက်အောင် ရေတိပ်နဲ့ ရိုးရှင်းစွာ တပ်ဆင်ဖို့ လိုအပ်သည်။

ကျန်းကျဲ့က ရိုးရိုးရှင်းရှင်း တပ်ဆင်လို့ ပြီးတော့ ခဲတံနဲ့ ပုံကြမ်းဆွဲသည်။ ပုံရဲ့ အဓိကနဲ့ အရန် အစိတ်အပိုင်းတွေကို ပိုင်းခြားပြီးတော့မှ သိုးမွေးစုတ်တံကြီးကို သုံးပြီး ဆေးတွေ ရောစပ်ကာ အဓိက အရောင်တွေကို မြန်မြန်ဆန်ဆန် ခြယ်သည်။

သူ အသုံးပြုတဲ့ ဆေးတွေက ပြည်တွင်းဖြစ် မြင်းတံဆိပ် ပန်းချီဆေးတွေ ဖြစ်သည် ဇီးကွက်တံဆိပ် လိုမျိုး ပြည်ပကတင်သွင်းတယ့် ပန်းချီဆေးတွေကလည်း ဈေးကွက်မှာ ရှိနေပြီဖြစ်ပေမဲ့ အထူး ဈေးကြီးပြီး သူ မတတ်နိုင်ပေ

အရောင်တွေချ၊ ရောစပ်၊ စုတ်တံသေးသေးလေး ပြောင်းပြီး အသေးစိတ်ဆွဲ...

မိနစ်နှစ်ဆယ်လောက်အတွင်းမှာ ရေဆေးပန်းချီကားတစ်ချပ် ပြီးစီးသွားသည်။

ကျန်းကျဲ့က အနောက်ကို အနည်းငယ်ဆုတ်ပြီး ပန်းချီကားကို စစ်ဆေးကြည့်သည်။

ပန်းချီကားထဲမှာ မနက်ခင်းမြူတွေ မပြယ်သေးပေ မနက်ခင်းနေရောင်က စတင်ကျရောက်နေပြီး မက်တာစကွာရီယာ သစ်တောနောက်က မြို့ကို မှိန်ပျပျ မြင်နေရသည်။ ကန်ရေပြင်မှာတော့ မက်တာစကွာရီယာ သစ်တောနဲ့ ကောင်းကင်ရဲ့ အရိပ်တွေ ထင်ဟပ်နေသည်။

ရေဆေးပန်းချီရဲ့ ထူးခြားတဲ့ အသွင်က မြူခိုးတွေ ဆိုင်းနေတဲ့ လေထုနဲ့ အလင်းရောင်၊ အရိပ်တွေရဲ့ ပြောင်းလဲမှုတွေကို ကောင်းကောင်း ဖမ်းယူထားနိုင်သည်။

ကျန်းကျဲ့က ရေဆေးပန်းချီနဲ့ တရုတ်ပန်းချီ ကို အလွန်နှစ်သက်သည် သူ့အရင်ဘဝမှာ အလုပ်စဝင်ပြီးနောက်ပိုင်းမှာလည်း အင်တာနက်ကနေ ပြည်တွင်းပြည်ပ ပန်းချီဆရာတွေရဲ့ နည်းပညာတွေကို သင်ယူခဲ့သည်။

သူ ပြန်မွေးဖွားလာပြီးနောက် စနစ်က ရေဆေးနှင့် အခရိုင်းလစ်ဆေး ရောစပ်ရေးဆွဲရသည့် ဂေါ့ခ်ျရေးဆွဲနည်း (Gouache) ကို ကျွမ်းကျင်သည်အထိ လေ့ကျင့်ဖို့ သတ်မှတ်ထားတာကြောင့် စနစ်ကနေတစ်ဆင့် ပန်းချီကို ပြန်လည်သင်ယူခဲ့ပြီး အတတ်ပညာပိုင်းမှာတော့ သူ့အရင်ဘဝကထက် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

ဒီနေ့ ပထမဆုံး ဆွဲတဲ့ ပန်းချီကားကို သူ အရမ်းကျေနပ်အားရပြီး လျင်မြန်စွာပဲ စာရွက်အသစ်တစ်ရွက်ကို ပြောင်းပြီး သူ့ရဲ့ ဒုတိယမြောက် လက်ရာကို စဉ်းစားနေသည်။

ကျန်းကျဲ့က သူ့အိတ်ထဲကို အလိုလို လက်လှမ်းလိုက်ပေမဲ့ မြန်မြန်ပဲ ရပ်တန့်ဖို့ ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်သည်။

ဆေးလိပ်သောက်တာက သူ့အရင်ဘဝမှာ ရခဲ့တဲ့ အကျင့်ဆိုးတစ်ခုပဲ။ ဒီဘဝမှာတော့ ဒါကို ဖြတ်ဖို့ သူ ဆုံးဖြတ်ထားသည်။

ဒုတိယပန်းချီကားအတွက် သူက Nordic ဗိသုကာလက်ရာ ကို ရွေးချယ်ခဲ့သည်။

ဆွဲပြီးနောက် သူက ပန်းချီပစ္စည်းတွေကို သိမ်းသည်။ လမ်းတစ်ဖက်ကို ကူးပြီး စနစ်ရဲ့ သတိပေးချက်အတိုင်း ပင်လယ်ကမ်းစပ် ရှုခင်းကို ဆွဲဖို့ နေရာအသစ်တစ်ခုကို ရွေးလိုက်သည်။

သူ့နေရာကနေ တောင်ဘက်ကို ကြည့်လိုက်ရင် သဲသောင်ပြင်နဲ့ ပင်လယ်ပြင် ကျယ်ကြီးကို မြင်ရသည်။ သဲသောင်ပြင်ရဲ့ အရှေ့ဘက်မှာတော့ ပင်လယ်ထဲထိ ကျယ်ပြန့်နေတဲ့ သန္တာ ကျောက်တန်းတွေ ရှိသည်။ ကမ်းနားတစ်လျှောက်မှာတော့ အဝတ်လဲခန်းတန်းတစ်ခု ရှိပြီး ပင်လယ်ထဲမှာတော့ သစ်သား အသက်ကယ်လှေတွေ ရှိနေသည်

ဒါက သဘာဝရေကူးကမ်းခြေတစ်ခုဖြစ်ပြီး ပန်းချီဆွဲဖို့အတွက် အကောင်းဆုံး နေရာတစ်ခုပင်။

ပထမဆုံး ပန်းချီကားနှစ်ချပ်နဲ့ သွေးပူစမ်း ပြီးနောက် သူ့ရဲ့ အခြေအနေ ပိုကောင်းလာသလို ခံစားရသည်။ ပန်းချီဆေးတွေနဲ့ ရေဆေးတွေ လွတ်လွတ်လပ်လပ် ပေါင်းစပ်ပြီး ပုံရိပ် ဖြစ်ပေါ်လာစေတာ၊ ပြီးတော့ တိုက်ဆိုင်မှု ဒါမှမဟုတ် တမင်တကာ ချန်ထားတဲ့ နေရာလွတ်တွေပေါ် မူတည်ပြီး ဖြည်းဖြည်းချင်း အသေးစိတ်ထည့်သွင်းတာကို သူ အထူးနှစ်သက်သည်။

သူ တဖြည်းဖြည်းနဲ့ နှစ်မျောသွားသည် အအေးဒဏ်ကို မေ့လျော့ပြီး ရံဖန်ရံခါ ဖြတ်သွားတဲ့ လူတွေကိုလည်း သူ ဂရုမစိုက်တော့ပေ

ကျန်းကျဲ့က ပန်းချီကို စိတ်အားထက်သန်စွာ ဆွဲနေတုန်းမှာ ဖြတ်သွားဖြတ်လာတွေက သူ့နောက်မှာ တဖြည်းဖြည်း ရပ်တန့်ပြီး ကြည့်နေကြသည်။

All Chapters