← Chapters

အသိပညာတိုးလာ ခြင်း၊ ပျော်ရွှင်စရာ ဘဝ

Vol. 1 Ch. 6

အသိပညာတိုးလာ ခြင်း၊ ပျော်ရွှင်စရာ ဘဝ

Vol. 1 Ch. 6

ခုံ ပြောင်းခံရသူများက လွယ်အိတ် များကို တိတ်ဆိတ်စွာ သိမ်းနေကြ သည်။

ကျောက်ကျစ် ၏ စိတ်ထဲ တွင် မကျေမနပ်ဖြစ်ကာ ကျောပိုးအိတ်ကို လွယ်ရင်း ကျန်းကျဲ့ကို ရုတ်တရက် ပြောလိုက် သည်။ " နောက်မှတွေ့ကြမယ် ။" အသံက မကျယ် ပေ မဲ့ တိတ်ဆိတ်နေသည့် စာသင်ခန်းထဲ တွင် လူတိုင်း ကြားရလောက်အောင်ပင်။

အရင်တုန်းက သူက တခြားသူများနှင့် စကားများသည့်အခါ ဆရာမရှေ့ တွင် ရုတ်တရက် အသံမြှင့်ပြောတတ် သည်။ အခြားကျောင်းသားများ ဆရာမရှေ့ တွင် အသံကျယ်ကျယ်နှင့် ပြန်မငြင်းရဲသည်ကို အခွင့်ကောင်းယူခြင်းပင်။

ဤနည်းလမ်းက အကြိမ်ကြိမ် အောင်မြင်ခဲ့ ၏။ အရင်တုန်းက ကျန်းကျဲ့သည် ဤကဲ့သို့ ကိစ္စများ ကြုံတွေ့ရလျှင် ပုံမှန်အားဖြင့် တိတ်ဆိတ်နေတတ် သည်။

သို့ ပေ မဲ့ ဤတစ်ကြိမ် တွင် ကျန်းကျဲ့က ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြန်ဖြေလိုက် သည်။ "သွားပါ၊ အဲဒီမှာ ဘယ်သူမှ မရှိဘူး။"

အသံက တည်ငြိမ်ပြီး အားအပြည့်ပါ သည်။

ကျောင်းသားများ ဤလှောင်ပြောင်သံကို ကြားသည်နှင့် မျက်လုံးများ ချက်ချင်း တောက်ပလာ သည်။

ကျန်းကျဲ့ ဤသို့ ပြန်ပြောသည်ကို အနည်းငယ်သာ ကြားဖူး ပေ သည်။ ထို့အပြင် ဤအချိန် တွင် ထိုကဲ့သို့ ဘန်း စကားများပင် မပေါ်သေး ပေ။ ဤသို့ ပြန်ပြောလိုက်ခြင်းက အဓိပ္ပာယ်ကို နားလည်သူတချို့ကို ပြုံးသွား ဖြစ်စေခဲ့ သည်။

ကျန်းကျဲ့သည် သူ ၏ မကျေနပ်မှုကို တိုက်ရိုက်ဖော်ပြလိုက်သည့်အတွက် စိတ်ထဲ တွင် များစွာ သက်သာရာရသွား သည်။

အရင်က ကိုယ်တိုင် ခံစားခဲ့ရသည်များ များပြားလွန်းခဲ့သည်ကို ပြန်စဉ်းစားမိ ၏။ သေချာ စဉ်းစားလိုက်သည့်အခါ ဘာမှ အဓိပ္ပါယ်မရှိ ပေ၊ ငါ့ကိုယ်ငါ ခပ်မိုက်မိုက်နေလို့ မရဘူးလား။

အမှန် တွင် သင်၏ စိတ်ကိုဖွင့်လိုက်ပြီး ပထမ ခြေလှမ်းလှမ်းလိုက်သည်နှင့် ထိုအရာများသည် ထိုမျှ ကြောက်စရာမကောင်းသည်ကို တွေ့ရှိရလိမ့်မည်ဟု သက်သေပြနေ သည်။

ညွှန်မှူးလင် ၏ မျက်နှာအမူအရာ မပြောင်းလဲ ပေ။ သူ့အကြည့်က ကျန်းကျဲ့နှင့် ကျောက်ကျစ်အပေါ် ရောက်သွား ပေ မဲ့ တုံ့ပြန်မှု ထပ်မံ မပြုလုပ် ပေ။ အတန်းပိုင်ဆရာမ ယွီက မျက်နှာကို အခြားဘက်သို့ လှည့်လိုက် သည်။

စာသင်ခန်း ၏ လေထုက ချက်ချင်းပင် ပိုမို အသက်ဝင် လာ သည်။

ကျောင်းသားတချို့သည် ကျောက်ကျစ်ကို နေရာဖယ်ပေးရန် အချက်ပြရင်း လျှောက်လာကြသည်ကို သူ ဖယ်ပေးလိုက်ရ သည်။

ကျန်းကျဲ့ ၏ ဘေးချင်းကပ် အတန်းဖော်အသစ်က နီယွဲ့ ဆိုတယ့် မိန်းကလေးတစ်ဦး ဖြစ် သည်။

သူမသည် ကျောင်းလွယ်အိတ် နှင့် အခြားအိတ်များကို သယ်ယူလာပြီး နေရာ တွင် ထိုင်ကာ စားပွဲအောက် ရှိ အံဆွဲထဲသို့ ထည့်စဉ် အနည်းငယ် အခက်တွေ့ နေသည်ကို ကျန်းကျဲ့ တွေ့ရ သည်။

ကျန်းကျဲ့က လွယ်လွယ်ကူကူပင် ကူညီပေးလိုက် သည်။

နီယွဲ့က သူ့ကို ပြုံးပြပြီး "ကျေးဇူးတင်ပါတယ် " ဟု ပြော သည်။

ထိုအချိန်တုန်းက စာသင်ခန်းထဲ တွင် ခေတ်ဟောင်း နှစ်ယောက်တွဲ သစ်သား စားပွဲခုံများနှင့် ကုလားထိုင်များကို အသုံးပြုနေကြပြီး ကျောင်းသားအများစုက တစ် စားပွဲတည်း အတူထိုင်တယ့် အတန်း ဖော် ကို "အတူထိုင်" (同位) ဟု ခေါ်တတ်ကြ သည်။

ကျန်းကျဲ့ မှတ်မိသည်မှာ ထိုအချိန်မှစ၍ အတန်းထဲ တွင် နေရာများ ထပ်မံ ပြောင်းရခြင်း မရှိတော့ ပေ။

နီယွဲ့သည် သူ့နာမည်ကို ပုံမှန်ဆို မခေါ် ပေ၊ တိုက်ရိုက် "အတူထိုင်" ဟုသာ ခေါ်သည်။ ၎င်းတို့နှစ်ဦး ၏ ဆက်ဆံရေးမှာ နှုတ်ဆက်သည့်အဆင့်မျှသာ ဖြစ်ပြီး ကျောင်းပြီးသည်နှင့် အဆက်အသွယ် ပြတ်တောက်သွား သည်။

ကျန်းကျဲ့က ရပါတယ်ဟု ပြန်ဖြေလိုက် သည်။

ညွှန်မှူးလင်သည် စာသင်ခန်းထဲ တွင် တိတ်ဆိတ်သွားသည်အထိ စောင့်ပြီးနောက် ဆုံးမစကား စတင်ပြောကြားသည်

“နောက်ဆုံးစာမေးပွဲ မတိုင်ခင် သင်ယူတာရော၊ စာမေးပွဲပြီးနောက် လေ့ကျင့်တာရော ဘယ်သူမှ ခွင့်မယူရဘူး။

ဒီတစ်ခေါက် နောက်ဆုံးစာမေးပွဲ ရလဒ်တွေဟာ မင်းတို့ ဘယ်ကျောင်းလျှောက်ထားမလဲဆိုတာအတွက် အရေးကြီးတယ်၊ ဒါကို သေချာ ဂရုစိုက်ကြပါ၊ အာရုံမများ စေနဲ့။

စာမေးပွဲပြီးနောက် သင်တန်းကာလကတော့ အရေးအကြီးဆုံး အချိန်ပဲ။ ငါတို့ကျောင်းက စာမေးပွဲ ဖြေဆိုခွင့်အတွေ့အကြုံရှိတဲ့ ထူးချွန်တဲ့ ဆရာအချို့ကို ဒီဇိုင်းနဲ့ ပန်းချီအရောင် ပညာရပ်တွေ သင်ကြားဖို့ ဖိတ်ခေါ် ထားတယ်။ နှစ်သစ်ကူးပြီးတာနဲ့ မင်းတို့အားလုံး ကိုယ့်စာမေးပွဲဖြေမယ့်နေရာတွေကို သွား ရတော့မှာပဲ..."

ကျောင်းသားများသည် အနုပညာစာမေးပွဲ မတိုင်မီ အသေးစိတ် စီစဉ်မှုများကို နားထောင်ရင်း မကြာမီ စာမေးပွဲဖြေဆိုမည့် ဖိအားက သက်ရောက်လာ သည်။

၂၀၀၁ ခုနှစ် ၏ အနုပညာစာမေးပွဲသည် စုပေါင်းစာမေးပွဲစနစ်ကို မကျင့်သုံးသေး ပေ။ စာမေးပွဲအချိန်များကို ဖေဖော်ဝါရီမှ မေလအထိ သတ်မှတ်ထားပြီး ကျောင်းများက မိမိတို့ကိုယ်တိုင် မေးခွန်းထုတ်၍ စစ်ဆေးကြ သည်။

အနုပညာစာမေးပွဲ ပြီးဆုံးသည်နှင့် ကျောင်းသားများသည် ကျောင်းသို့ ပြန်လာပြီး ယဉ်ကျေးမှုဘာသာရပ်များအတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ပြင်ဆင်ကြ သည်။ အနုပညာဘာသာရပ် လျှောက်ထားခွင့် ရရှိထားသည့် ကျောင်းသားများသည် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မတိုင်မီ လျှောက်လွှာတင်ရ သည်။ ၎င်းသည် နောက်ပိုင်း တွင် စာမေးပွဲဖြေဆိုပြီးမှ လျှောက်လွှာတင်သည့် နည်းလမ်းနှင့် ကွာခြား သည်။

ဆုံးမစကား ပြီးဆုံးသည်နှင့် ပထမဆုံး အတန်းချိန် စတင် သည်။

နံနက်ခင်း ၏ အတန်းချိန် က ငြိမ်သက်အေးချမ်း ၏။

ကျန်းကျဲ့သည် အားလပ်ချိန်၌ စနစ်မျက်နှာပြင် ကို ကြည့်လိုက်သည်။ သူ ၏ သင်ယူမှု တိုးတက်နှုန်းမှာ မပြောင်းလဲ ပေ။

အားကစားချိန် ပြီးဆုံးသည်နှင့် သူ သည် ကျွမ်းကျင်မှုဇယားကွက် များ တွင် ရုတ်တရက် "ခန္ဓာကိုယ်ကြံ့ခိုင်မှု" နာမည် တစ်ခု ပေါ်လာသည်ကို တွေ့ရ သည်။ လက်ရှိ တွင် စုဆောင်းမှုမှာ ၀.၂ နာရီသာ ရှိသေး သည်။

သူ အရင်က ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ပြန်စဉ်းစား သည်။ သူ သည် အားကစားချိန် မတိုင်မီက ယောက်ျားလေးတချို့နှင့်အတူ ဘားတန်းကစားခဲ့ သည်။ ၎င်းသည် ပြောင်းလဲမှု ၏ အကြောင်းရင်း ဖြစ်နိုင် သည်။

အခွင့်အရေးအသစ်ကို တွေ့ရှိသည်နှင့် ကျောင်းသားများ နှင့်အတူ အတန်းသို့ ပြန်မသွား ပေ။ ချက်ချင်းပင် အားကစားကွင်းသို့ ပြန်သွားပြီး ဆက်လက် လေ့ကျင့်ခန်း လုပ် သည်။ ဤတစ်ကြိမ် ၏ လေ့ကျင့်ခန်း တွင် အားကစားဆရာသင်ပေးသည့် လှုပ်ရှားမှုများနှင့် တတ်နိုင်သမျှ နီးစပ်အောင် ကြိုးစား သည်။

ဆယ်မိနစ်အကြာ တွင် ပြန်ကြည့်လိုက်ရာ ခန္ဓာကိုယ်ကြံ့ခိုင်မှု ဇယားကွက် ၏ စုဆောင်းမှု တိုးလာသည်ကို တွေ့ရ သည်။

မများ ပေ မဲ့ ဆက်လုပ်လျှင် နည်းရာ မှ များလာမည် ဖြစ် သည်။

ကံမကောင်းစွာဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် ယခု သင်ကြားရမည့် ဘာသာရပ် လေးခု ကျန်သေး သည်။

ကျန်းကျဲ့သည် စာသင်ခန်းသို့ ပြန်ပြေးလာပြီး နောက်သင်မည့် အတန်းချိန် အတွက် ပြင်ဆင် သည်။

စတုတ္ထမြောက် အတန်းချိန် ပြီးနောက် တွင် နေ့လယ်စာစားချိန် ရောက်ရှိလာ သည်။

အတန်း (၂) ခေါင်းဆောင်က ယောက်ျားလေးများကို အစားအစာများ သွားကူသယ်ရန် ခေါ်လိုက် သည်။

အတန်းထဲ တွင် ကျောင်းသား တစ်ဝက်နီးပါးက ကိုယ့်ထမင်းဘူးများ ယူလာပြီး ဘွိုင်လာခန်း တွင် ထမင်းနဲ့ ဟင်းများ ပြန်နွေး ရန် လိုအပ် သည်။

အစားအစာ သယ်လာသည့် လမ်း တွင် ကျန်းကျဲ့သည် ယောက်ျားလေးတချို့က အသစ်ပြောင်းလာသည့် ကျောင်းသူ ရှောင်ယွီဖန်းအကြောင်း ပြော နေသည်ကို ကြားလိုက်ရ သည်။

တမနက်အတွင်းမှာပင် သူမ ၏ နောက်ကြောင်းအချို့ကို တချို့က စုံစမ်းသိရှိထားပြီး ဖြစ် သည်။

အတန်းသို့ ပြန်ရောက်သည်နှင့် ကျောင်းသားများသည် ထမင်းဗူးများ ကိုင်ပြီး ခင်မင်ရင်းနှီးသည့်သူများနှင့်အတူ ထမင်းစားကြ သည်။

ကျန်းကျဲ့သည် ခင်မင်ရင်းနှီးသည့် ယောက်ျားလေးတချို့နှင့်အတူ စုပြီး ထမင်းစားကြ သည်။ သူသည် ဝက်သားခြောက်တစ်ထုပ်ကို ထုတ်ယူကာ အခြားသူများနှင့် ဝေမျှစားသုံး သည်။

အရင်ကလည်း ကောင်းသော အစားအစာများ ယူလာပြီး သူငယ်ချင်းများနှင့် ဝေမျှတတ်သူများ ရှိ သည်။ ကျန်းကျဲ့၏ အရင်က ဘဝအခြေအနေ မကောင်းခဲ့ ပေ။ ယခု တွင် ငွေကြေးအနည်းငယ် ပိုပြေလည်လာသည့်အတွက် သူငယ်ချင်းများကို ပြန်လည် ကူညီရန် စဉ်းစားမိ သည်။

ထိုအချိန် တွင် မိန်းကလေးတချို့သည် စားစရိတ် အကြောင်း ပြောနေကြ သည်။

"...ငါ့ရဲ့ မိဘတွေ က ငါ့ ကို တစ်ပတ်စားစရိတ် ယွမ်ငါးဆယ်ပဲ ပေးတာ"

"လောက်ရဲ့လား။"

"ငါလည်း မလောက်ဘူး ထင်တာပဲ။"

ကျန်းကျဲ့က တိတ်ဆိတ်စွာ ထမင်းစားနေ သည်။ သူ ၏ အရင်က ထမင်းဖိုးပင် ဤလောက် မရခဲ့ ပေ။

အတန်းထဲ တွင် ကျောင်းသားအများအပြားသည် ကျောင်းအပြင် တွင် ကျူရှင်များ တက်နေကြသည့်အတွက် အချို့သည် ညစာကို ကိုယ့်ဘာသာချက်စား ကြ သည်။

ပန်းချီ သို့မဟုတ် အနုပညာ သင်နေသည့် ကလေးတိုင်း ၏ မိသားစုအခြေအနေ ကောင်းသည် မဟုတ် ပေ။

အတန်း(၉) ကို ဥပမာပေးရမည်ဆိုလျှင် ဂီတဘာသာရပ် သင်ကြားနေသူ သုံးဦးရှိပြီး မော်ဒယ်ဘာသာရပ် သင်ကြားနေသူ နှစ်ဦးရှိ သည်။ ကျန်သူများကမူ ပန်းချီပညာကို သင်ကြားကြ သည်။

၎င်းတို့ တွင် အချို့ကျောင်းသားများ ၏ မိဘများသည် ကုမ္ပဏီဝန်ထမ်း များ သို့မဟုတ် နိုင်ငံ့ဝန်ထမ်းများ ဖြစ်ကြပြီး ကျောင်းသားများစွာ ၏ မိသားစုအခြေအနေက ပုံမှန်သာ ဖြစ် သည်။

ဤအချိန် တွင် ကျောင်းသားများသည် အချို့သူငယ်ချင်းများ ၏ မိသားစုအခြေအနေ မကောင်းမှန်း သိကြ ပေ မဲ့ ၎င်းကြောင့် သိသိသာသာ ခွဲခြားဆက်ဆံခြင်း မရှိကြ ပေ။

ယောက်ျားလေးတစ်ဦးက ကျောက်ကျစ်နှင့် သူ ၏ ချစ်သူတို့ စုပြီး ထမင်းစားနေသည်ကို မြင်သည်နှင့် အတင်းစကား စတင်ပြောဆို သည်။ "ရေသွားယူတုန်းက ငါတို့အတန်းက လွီမုံနဲ့ ဆယ်တန်းက ရှမ်ရှီတို့ ကစားကွင်း နောက်က သစ်တောထဲ အတူသွားတာ တွေ့ခဲ့တယ်ဗျ။"

အတန်း(၁၀) သည်လည်း အနုပညာ အထူးတန်းဖြစ်ပြီး နောက်ပိုင်းမှ ဖွဲ့စည်းထားသည့် အတန်းဖြစ်ကာ အခြေခံအားဖြင့် ကျောင်းပြန်တက်သူများ(အကျ ပြန်တက်) နှင့် ဧည့်သည်ကျောင်းသားများ ပါဝင် သည်။

"ဒီနှစ်ယောက်က တကယ် စိတ်အားထက်သန်တာပဲ၊ အားကစားချိန်တစ်ခါ၊ နေ့လယ်စာစားချိန်တစ်ခါ အဲဒီကို သွားကြတယ်" အခြားကောင် လေးတစ်ဦးက ဆက်ပြော သည်။

အရင်ဆုံး အတင်းပြောသည့် ယောက်ျားလေးက ပြောလိုက် သည်။ "မနေ့က ငါ မတော်တဆ ကြားလိုက်တယ်။ လွီမုံ အဆို ဘာသာရပ် သင်ယူခဲ့တာ အချည်းနှီးမဟုတ်ဘူးတဲ့..." သူ သည် လည်ချောင်းရှင်းလိုက်ပြီး မိန်းကလေးများ ၏ ညည်းသံ လို အသံတုလုပ်ကာ ပြော လိုက် သည်။

"ဟေ့...ဟားဟား ..." သူ၏ အသံတုသည် အလွန်တူသည့်အတွက် ယောက်ျားလေးများကို ရယ်မောစေခဲ့ သည်။

"တကယ် ရွံ စရာပဲ!" "ထပ်မပြောနဲ့တော့!" မိန်းကလေးများက ဒေါသဖြင့် ပြောကြ သည်။

ကျန်းကျဲ့သည် အလွန်ပျော်ရွှင်စွာ ရယ်မောနေ သည်။ ကျောင်းသား သူငယ်ချင်းများ ၏ ဤကဲ့သို့သော နောက်ပြောင်မှုများက စိတ်ကို တကယ်ပင် ဖြေလျော့စေနိုင် သည်။

နေ့လယ်ခင်း အတန်းချိန် များက နေ့လယ်စာစားချိန်ပြီးသည်မှ ည (၇) နာရီအထိ ဆက်လက် သင်ကြားရ သည်။

ငါးနာရီပြီးနောက် တွင် ဆယ့်ငါးမိနစ် အနားယူချိန် ရသည်။

ပိုက်ဆံပေါ သည့် ကျောင်းသားများသည် သရေစာများ သို့မဟုတ် မုန့်များ ဝယ်ယူရန် သွားကြ သည်။ ပိုက်ဆံမရှိသူများကမူ သည်းခံရုံသာ ရှိ သည်။

ကျန်းကျဲ့သည် ညနေ ၄ နာရီ တွင် ဆာလောင်မှုကို စတင်ခံစားရပြီး သင်ခန်းစာပြီးသည်နှင့် စာသင်ခန်းထဲမှ ပြေးထွက်သွား သည်။

သူ ပထမဆုံးအကြိမ်အဖြစ် ကျောင်းအပြင် ရှိ မုန့်ဆိုင်လေးတစ်ဆိုင်သို့ ရောက်လာပြီး လိမ္မော်ရည်ပူတစ်ခွက်နှင့် ဟော့ဒေါ့တစ်ခုကို ဝယ်ယူခဲ့ သည်။

လူများလွန်းသည့်အတွက် သူက လက်တစ်ဖက် တွင် လိမ္မော်ရည်၊ ကျန်တစ်ဖက် တွင် ဟော့ဒေါ့ကို ကိုင်ပြီး မုန့်ဆိုင်ဘေးသို့ သွားကာ စားလိုက် သည်။

မိုက်ခရိုဝေ့ဖ်ဖြင့် အပူပေးထားသည့် ဟော့ဒေါ့ကို ထုပ်ပိုးထားသည့် အိတ် ဖွင့်လိုက်သည်နှင့် အပူငွေ့များနှင့် စွဲဆောင်မှုရှိသည့် မွှေးရနံ့များ ထွက်လာ သည်။ ဤအစားအစာသည် ပေါင်မုန့်အတွင်း တွင် ကင်ထားသည့် ဝက်အူချောင်းတစ်ခုသာ ပါဝင်ပြီး အာဟာရ သိပ်မရှိ ပေ။ သို့သော် ကျောင်းသားများအတွက်မူ ၎င်းသည် အကောင်းဆုံး အစားအစာပင်။

"ငါ စောစောသွား မယ်လို့ ပြော ပေ မယ့် မင်းတို့က အမြဲတမ်း နှေးနေတာပဲ၊ ကြည့်ဦး၊ လူတွေ အများကြီးပဲ။"

"ရှောင်ယွီဖန်း၊ ဒီမုန့်ဆိုင် က မုန့် တွေက ကောင်းတယ်၊ ငါတို့ သူငယ်ချင်းတွေက ဒီမှာ ဝယ်စားရတာ ကြိုက်တယ်။"

"ငါတို့ တစ်ယောက်ကို တန်းစီခိုင်းပြီး အားလုံးအတွက် ဝယ်ခိုင်းလိုက်ရုံပဲ။"

ကျန်းကျဲ့သည် ရင်းနှီးသည့် အသံများကို ကြားရ သည်။ ခေါင်းအနည်းငယ်စောင်းကြည့်လိုက်ရာ အတန်းထဲမှ အတန်းဖော် ခုနစ်ရှစ်ဦးခန့် မုန့်ဆိုင်ဘက်သို့ အတူတူ လျှောက်လာသည်ကို တွေ့ရ သည်။

၎င်းတို့ တွင် ယောက်ျားလေးတချို့ ၏ စကားသံများသည် တစ်ဦးကိုတစ်ဦး ကျယ်လောင်စွာပြော နေကြ ပြီး အတောင်များကို ဖြန့်ကျက်၍ အဖော်ရှာနေသည့် ငှက်ကလေးများကဲ့သို့ပင်။

All Chapters