ဝါဒတောင်၏ထူးကဲယင်မိန်းမပျိုအသစ်
Vol. 24 Ch. 334
အခန်း (၃၃၄) ဝါဒတောင်၏ထူးကဲယင်မိန်းမပျိုအသစ်
ထူးကဲယင်ပြိုင်ပွဲ ပြီးဆုံးသည့်နောက် ဖန်းယွင်ရှန်းက အကြီးအကဲ’မုန့်’နှင့်အတူ ဝါဒတောင်သို့ ပြန်သွားပြီး ရန်ကျောက်ကဲကတော့ ကျောက်စိမ်းပင်လယ်မြို့တော်မှသိုင်းသမားများနှင့်အတူ ရေနယ်မြေသို့ ခရီးဆက်ခဲ့သည်။
မြောက်ဖျားသို့သွားရန်အတွက် အချက်အလက်အတော်များများကိုလည်း စုစည်းထားပြီးဖြစ်ရာ အတည်ပြုရန် အကြောင်းအရာအနည်းငယ်သာ လိုအပ်တော့သည်။
ထို့ကြောင့် ရန်ကျောက်ကဲက ရေနယ်မြေသို့ ဦးစွာသွားရောက်ခဲ့ခြင်းပင်။ ပြီးမှ ပင်လယ်လမ်းကြောင်းဖြင့် အရှေ့ပင်လယ်မှတစ်ဆင့် မြောက်ပင်လယ်ကိုဖြတ်သန်းပြီး မြောက်ဖျားကုန်းမြေဒေသသို့ ဦးတည်ရန် စိတ်ကူးထားသည်။
ထို့ပြင် အရှေ့ပင်လယ်တွင် ဖူအန်းစုက သူ့ကို စောင့်မျှော်နေလေ၏။
ဝါဒတောင်က အသစ်ရရှိထားသော ထူးကဲယင်မိန်းမပျိုလေးသည် ဖူအန်းစုနှင့်အတူ ရှိနေပြီး သူမကို အကဲဖြတ်ရန် ဖူအန်းစုက ရန်ကျောက်ကဲကို စောင့်နေခြင်းပင်။ ရန်ကျောက်ကဲနှင့် တိုင်ပင်ပြီးမှ သူမနှင့် အံဝင်ခွင်ကျဖြစ်မည့် ကျင့်ကြံခြင်းအစီအစဉ်တစ်ခုကို ဖန်တီးနိုင်ပေမည်။
ရေနယ်မြေသို့ရောက်ရှိပြီးနောက် ‘ပင်လယ်ခုနစ်စင်းသခင်လေး’ စုန့်ချောင်ကိုယ်တိုင် ရန်ကျောက်ကဲကို ကြိုဆိုတွေ့ဆုံသည်။
သူတို့ (၂)ယောက်က အလွန်ရင်းနှီးနေကြပြီဖြစ်သော်လည်း ရန်ကျောက်ကဲက ပြုံးလျှက်ပင် လောကွတ်စကားဆိုသည်။
“အစ်ကို’စုန့်’ကို အနှောင့်အယှက်ပေးရတာ တောင်းပန်ပါတယ်”
စုန့်ချင်က ရယ်မောရင်း...
“ညီလေး’ရန်’ အားနာဖို့ မလိုဘူးလေကွာ...”
ချန်စုထင်နှင့် အခြားသူများထွက်ခွာသွားကြပြီးနောက် စုန့်ချောင်က ရန်ကျောက်ကဲကို ဖူအန်းစုတို့ရှိရာသို့ လိုက်ပို့သည်။ အရှေ့ပင်လယ်ကိုဖြန်သန်းခရီးထွက်ခဲ့ကြပြီး ပင်လယ်ပြင်၏ ထူးခြားသောမြင်ကွင်းများက ရန်ကျောက်ကဲကို အံ့သြတကြီးဖြင့် ရင်သပ်ရှုမောစေခဲ့သည်။
နယ်မြေအကျယ်အဝန်းအရဆိုရသော်...
မြေကမ္ဘာနယ်မြေ ၊ ကောင်းကင်နယ်မြေ ၊ လေနယ်မြေ ၊ မိုးကြိုးနယ်မြေ ၊ ရေနယ်မြေ ၊ မီးနယ်မြေ ၊ တောင်တန်းနယ်မြေနှင့် ရေကန်နယ်မြေဆိုသော နယ်မြေကြီး (၈)ခုတွင် ရေနယ်မြေက အကြီးမားအကျယ်ပြန့်ဆုံးဖြစ်သည်။
သို့ပေသိ ရေနယ်မြေ၏ ဧရိယာထက်ဝက်ကျော်က ပင်လယ်ပြင်ကြီး ဖြစ်၏။
ကောင်းကင်နယ်မြေနှင့် မီးနယ်မြေတို့တွင် ဒေသ (၅)ခု ပိုင်းခြားထားသည်။ လေနယ်မြေတွင်တော့ လူသားများနေထိုင်ခြင်းမရှိသော အနောက်ဘက်သဲကန္တာရမှလွဲပြီး ကျန်ဒေသများကို (၄)ပိုင်းခဲခြားထားသည်။ မိုးကြိုးနယ်မြေကတော့ ဒေသ (၆)ခု ရှိလေ၏။
တောင်တန်းနယ်မြေကိုတော့ တောင်တန်း (၄)ခုဖြင့် ပိုင်းခြားထားပြီး တောင်တန်းတစ်ခုကို ဒေသ (၁)ခုဟု သတ်မှတ်မည်ဆိုလျှင် ဒေသ (၄)ခု ရှိသည်ဟု ဆိုနိုင်သည်။
ရေကန်နယ်မြေ၏ ဒေသများကိုတော့ “လမ်းကြောင်းများ” ဟု လူသိများကြသည်။ ရေကန်နယ်မြေ၏ လမ်းကြောင်း (၆)ခုကို ဒေသ (၆)ခုအဖြစ် ရည်ညွှန်းသည်။
ထိုနယ်မြေများထဲတွင် ရေနယ်မြေက အထူးခြားဆုံး ဖြစ်သည်။ ရေနယ်မြေ၏ ဖွဲ့စည်းပုံအရ မြို့ရွာအများစုက ကျွန်းစုများအပေါ်တွင် တည်ဆောက်ထားကြသည်။ ရေနယ်မြေကို အုပ်ချုပ်သည့် ကျောက်စိမ်းပင်လယ်မြို့တော်ကို “ပင်မမြို့တော်” ဟု ခေါ်ဆိုပြီး ရေနယ်မြေကို “မြို့တော်” ပေါင်းများစွာဖြင့် ပိုင်ခြားဖွဲ့စည်းထားသည်။
ပင်မကုန်းမြေထက်မှ မြို့တော်များကို ဝန်းရံသည့်ဒေသများ ၊ ကြီးမားသည့်ကျွန်းကြီးများထက်မှ မြို့တော်များသည် ၎င်းတို့၏ သြဇာလွှမ်းမိုးမှုနှင့် ထိန်းချုပ်မှုများကို အနီးတစ်ဝိုက်ဒေသများအား ဖြန့်ကျက်ထားပြီး ဗဟိုချက်များအဖြစ် တည်ရှိသည်။
ရေနယ်မြေတွင် ထိုသို့သော မြို့တော် (၉) ခုရှိပြီး “ရေနယ်မြေ၏ မြို့တော် (၉) ခု” အဖြစ် လူသိများသည်။
မြို့တော် (၉)ခုတွင် (၆)ခုက ပင်လယ်ပြင်တွင်တည်ရှိပြီး (၃)ခုက ကုန်းတွင်းပိုင်းတွင် တည်ရှိသည်။ မြောက်ပင်လယ်အတွင်းပိုင်းနှင့် တောင်ပင်လယ်အတွင်းပိုင်းတွင် မြို့တော်တစ်ခုစီတည်ရှိပြီး ကျောက်စိမ်းပင်လယ်မြို့တော်နှင့် ကျန်မြို့တော် (၆)ခုကတော့ အရှေ့ပင်လယ်အတွင်းပိုင်းတွင် တည်ရှိသည်။
ရေနယ်မြေ၏ မြို့တော်များသည် အလွန်ကြီးမားကျယ်ပြန့်သော ကျွန်းကြီးများထက်တွင် တည်ရှိသည်။ ထိုကျွန်းကြီးများက အလွန်ကြီးမားလှသဖြင့် ကုန်းတွင်းပိုင်းငယ်များနှင့်ပင် ဆင်တူကြ၏။
“ညီလေး’ရန်’ ၊ အရှေ့ပင်လယ်မှာ ခရီးထွက်ရင် မီးတောက်မိစ္ဆာအန္တရယ်ကိုတော့ အတော်လေး သတိထားရမယ်”
စုန့်ချောင်က လမ်းလျှောက်ရင်း စကားဆိုသည်။
“ထိပ်သီးသိုင်းဂိုဏ်းကြီး (၆) ဂိုဏ်းကတော့ အဲဒီနေရာမှာ အထွတ်ထိပ်သိုင်းသမားတွေ စေလွှတ်ပြီး တိုက်ခိုက်နေကြပေမယ့် ပိုက်ကွန်ကလွတ်ထွက်သွားတဲ့ ငါးတွေလည်း အများကြီးပဲလေ ၊ သူတို့တွေကိုလည်း လိုက်ဖမ်းပြီးသတ်ဖြတ်ပစ်ရတယ် ၊ မဟုတ်လို့ကတော့ အချိန်တိုအတွင်း ကပ်ဘေးကြီးဖြစ်လာနိုင်တယ်”
အရှေ့ပင်လယ်သို့ လာရောက်မည်ဆိုကတည်းက မီးတောက်မိစ္ဆာများအကြောင်းကို ရန်ကျောက်ကဲ လေ့လာခဲ့သည်။
သူက ခေါင်းညိတ်ရင်း...
“အစ်ကို’စုန့်’ သတိပေးတာ ကျေးဇူးပါ ၊ ဒီကိုမလာခင်ကတည်းက အဲဒီအကြောင်းတွေ စုံစမ်းထားပါတယ်”
စုန့်ချောင်က...
“အင်း... မီးတောက်မိစ္ဆာတွေအကြောင်း မင်း သိထားတာကောင်းတယ် ၊ ကစားစပ်လို့ပြောရရင် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းကို အမြစ်ပြတ်သုတ်သင်ပြီး ငရဲကိုးထပ်ကို တားဆီးလိုက်နိုင်တာလည်း တော်သေးတယ် ၊ မဟုတ်ရင် ငါတို့ အစွန်းရောက်ရှစ်ပါးကမ္ဘာတော့ အရှေ့နဲ့အနောက်ညှပ်ပြီး ရန်သူတွေတိုက်ခိုက်တာ ခံရမှာပဲ”
ရန်ကျောက်ကဲက အနောက်ဘက်သို့ လှည့်ကြည့်ရင်း...
“ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်း ပျက်ဆီးသွားပြီဆိုပေမယ့် ငါတို့ ငရဲကိုးထပ်ကိုတော့ သတိထားကြရဦးမယ် ၊ သူတို့ရဲ့ ပထမဆုံးခြေလှမ်းက ဖြတ်တောက်ခံလိုက်ရတယ်ဆိုပေမယ့် ငရဲကိုးထပ်က နတ်ဆိုးတွေကတော့ တည်ရှိနေဦးမှာပဲ ၊ သူတို့က လူသားတွေရဲ့ စိတ်ကိုလှည့်စားပြီး နှလုံးသားထဲက အားနည်းချက်တွေကို ရှာဖွေနိုင်စွမ်း ရှိတယ် ၊ လူတစ်ယောက်ရဲ့ စိတ်ထဲကိုစိမ့်ဝင်ပြီး ဖောက်ပြန်ပြောင်းလဲသွားအောင် ပြုလုပ်နိုင်တယ် ၊ သူတို့စွမ်းအားက အရမ်းပြင်းထန်တဲ့အတွက် လွယ်လွယ်နဲ့ ကာကွယ်နိုင်မှာ မဟုတ်ဘူး”
ထိုစကားကိုကြားတော့ စုန့်ချောင်က သက်ပြင်းချရင်း...
“အမှန်ပဲ”
အရှေ့ပင်လယ်အတွင်းပိုင်းမှ အရှေ့ပင်လယ်အပြင်ပိုင်းအထိ လမ်းတစ်လျှောက်လုံး စုန့်ချောင်က ရန်ကျောက်ကဲကို လိုက်ပို့ပေးပြီး ဖူအန်းစုကို နှုတ်ဆက်ဂါရဝပြုပြီးနောက် ပြန်သွားလေသည်။
စုန့်ချောက်ပြန်သွားပြီးနောက် ဖူအန်းစုက ရန်ကျောက်ကဲကိုကြည့်ရင်း...
“ထူးကဲယင်ပြိုင်ပွဲအကြောင်း ငါ သတင်းကြားထားပြီးပြီ ၊ ဒီတော့... ငါတို့လုပ်ငန်းစဉ်က အခြေအနေဘယ်လိုရှိလဲ ၊ မျှော်မှန်းထားတဲ့ ပန်းတိုင်ကို ရောက်ပြီလား"
ရန်ကျောက်ကဲက...
“အကြမ်းဖျင်းတော့ ကျွန်တော်တို့အောင်မြင်ပြီလို့ ယူဆလို့ရတယ်”
ဖူအန်းစုက...
“ကောင်းပြီ...”
သူမက ဆက်ပြောသည်။
“မင်း ရောက်လာပြီဆိုတော့... လျိုဟွားကို နည်းနည်းလောက် စစ်ဆေးကြည့်ပေးဦး ၊ ငါ သူ့ကို ခေါ်လိုက်ဦးမယ်”
ယင်လျိုဟွားဆိုသည်က ယခင် အရှေ့ပင်လယ်အကြီးအကဲဟောင်း ချန်ကျန်း ရှာဖွေတွေ့ရှိခဲ့သော ထူးကဲယင်မိန်းမပျိုလေးဖြစ်သည်။
သူမက ချက်ချင်းပင် ရန်ကျောက်ကဲနှင့် ဖူအန်းစုတို့ရှေ့သို့ ရောက်ရှိလာသည်။
သူမ၏အသက်က (၁၇)နှစ် ၊ (၁၈)နှစ် ရှိပြီဖြစ်သည့်တိုင် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်သာလျှင် ရှိသေးသည်။ တစ်ကိုယ်တော်သိုင်းကျင့်ကြံသူတစ်ယောက်၏ တပည့်ဖြစ်သည့်အတွက် ဆရာဖြစ်သူထံမှ သိုင်းပညာအနည်းငယ် သင်ယူခဲ့ရသော်လည်း ကျင့်ကြံခြင်းအဆင့်က နည်းပါးသေး၏။ သူမ၏ ဆရာဖြစ်သူကတော့ မကြာခင်ကပင် မီးတောက်မိစ္ဆာများလက်ချက်ဖြင့် သေဆုံးသွားခဲ့ရသည်။
ယင်လျိုဟွားက အရပ်မြင့်မြင့် ကိုယ်ဟန်သွယ်သွယ်ဖြင့် ရုပ်ရည်ချောမောသူလေးဖြစ်သည်။ သူမက ရန်ကျောက်ကဲကိုတွေ့သည်နှင့် ချက်ချင်း ဦးညွှတ်အရိုအသေပေးလိုက်၏။
ရန်ကျောက်ကဲ၏ ဂုဏ်သတင်းကျော်ကြားမှုက အရှေ့ပင်လယ်တစ်ခွင်မှာပင် ပျံ့နှံ့နေလေရာ ဝါဒတောင်သို့ မရောက်ခင်ကတည်းကပင် သူမက ဤဂိုဏ်းတူအစ်ကို၏ နာမည်ကို ကြားဖူးထားပြီး ဖြစ်သည်။
သူမ ဝါဒတောင်ဂိုဏ်းသို့ ဝင်ရောက်ပြီးနောက် ဖူအန်းစုက ရန်ကျောက်ကဲအကြေင်း ပြောမပြခဲ့သော်လည်း အရှေ့ပင်လယ်တွင်ရုံးစိုက်တပ်စွဲထားကြသော အခြားဝါဒတောင်သိုင်းသမားများထံမှ သတင်းများကြားသိခဲ့ရသည်။ ထိုသူက အသက်ငယ်ရွယ်သော်လည်း ဖူအန်းစုကဲ့သို့ပင် သြဇာအာဏာကြီးမားသော ထိပ်တန်းအကြီးအကဲတစ်ယောက် အဆင့်ရှိကြောင်း သူမကို သတိပေးခဲ့ကြသည်။
အချို့နေရာများတွင် ရန်ကျောက်ကဲက ဖူအန်းစုထက်ပင် သာလွန်သောအခွင့်အာဏာကို ပိုင်ဆိုင်ထားသည်။
သူက အသက်ငယ်ငယ်နှင့် ကျင့်ကြံခြင်းအဆင့်မြင့်မားပြီး ဂိုဏ်းအတွက်လည်း ဆက်တိုက်ပင် ကောင်းကျိုးဆောင်ပေးခဲ့သူဖြစ်လေရာ ဝါဒတောင်တွင် သူ့အတွက် ပေးစရာဆုလာဘ်ပင် မကျန်ရှိတော့ပေ။
ဝါဒတောင်တောင်ပွဲကြီးပြီးဆုံးသည့်နောက် ရန်ကျောက်ကဲ၏မြင့်မားသောစွမ်းဆောင်မှုများအတွက် ဝါဒတောင်၏ သမိုင်းသစ်ကိုဖန်တီးသူအဖြစ် သိုင်းကျမ်းစာကြည့်တိုက် ၊ စတုတ္ထထပ်သို့ လွတ်လပ်စွာဝင်ရောက်ခွင့်အား ဆုလာဘ်အဖြစ် ရရှိခဲ့သည်။
ဤသည်က ဝါဒတောင်စတင်တည်ထောင်စဉ်ကတည်းက ယခုအချိန်ထိ မကြုံစဖူးကိစ္စရပ် ဖြစ်သည်။
ယခင်က ဝါဒတောင်ဂိုဏ်းချုပ်နှင့် သိုင်းကျမ်းစာကြည့်တိုက်၏ ပထမအဆင့်ထိပ်တန်းအကြီးအကဲသာလျှင် သိုင်းကျမ်းစာကြည့်တိုက် ၊ စတုတ္ထအဆင့်သို့ လွတ်လပ်စွာဝင်ရောက်ခွင့် ရရှိကြသည်။
ယွမ်ကျန်းဖုန်းကဲ့သို့ အနားယူသွားသော ဂိုဏ်းချုပ်ဟောင်းများမှလွဲပြီး အခြားဘိုးဘေးအကြီးအကဲ မည်သူမဆို သိုင်းကျမ်းစာကြည့်တိုက် ၊ စတုတ္ထထပ်သို့ ခွင့်ပြုချက်မရဘဲ ဝင်ရောက်ခွင့် မရှိကြပေ။
ယင်လျိုဟွားကတော့ ရန်ကျောက်ကဲက အသက်ငယ်ငယ်ဖြင့် ထိုမျှမြင့်မားသောရာထူးကို အဘယ့်ကြောင့်ရရှိထားကြောင်း နားလည်ရန် အလွန်ခက်ခဲလျှက် ရှိသည်။ ရန်ကျောက်ကဲ၏ အစွမ်းကို သူမကိုယ်တိုင် မတွေ့မြင်သေးသောကြောင့် ဖြစ်နိုင်သည်။
သို့သော် သူမက ရန်ကျောက်ကဲကို မလေးမစား မပြုဝံ့ပေ။
ရန်ကျောက်ကဲ မည်မျှအစွမ်းထက်ကြောင်း သူမနားမလည်သော်လည်း ရန်ကျောက်ကဲ၏ဖခင်က ဝါဒတောင်ဂိုဏ်းချုပ်ဖြစ်ကြောင်းကိုတော့ သူမသိရှိသည်။ ထို့ကြောင့် ရန်ကျောက်ကဲကို ရိုသေလေးစားမှု တစ်ချက်မလျော့ဝံ့ပေ။
ရန်ကျောက်ကဲက ယင်လျိုဟွားကို အကြည့်တစ်ချက်ဖြင့် အကဲခတ်လိုက်သည်။ ထို့နောက် သူ့အကြည့်က မိန်းကလေး၏ လက်ကောက်ဝတ်ပေါ်သို့ ကျရောက်သွားသည်။
ရန်ကျောက်ကဲ၏ ထက်ရှသောအကြည့်များက သူမ၏လက်ကောက်ဝတ်ထက်မှ သွေးခုန်နှုန်းကိုဖတ်နေပြီး သူမ၏ခန္ဓာကိုယ်အခြေအနေကို စစ်ဆေးနေကြောင်း ယင်လျိုဟွား ချက်ချင်း သိလိုက်သည်။
ခဏအကြာတွင် ရန်ကျောက်ကဲက ဖူအန်းစုကို လှမ်းကြည့်ရင်း...
“သူ့ရဲ့ ထူးကဲယင်စွမ်းအားက အခြေခံမဆိုးဘူး ၊ ဆက်ပြီးကျင့်ကြံလို့ရတယ် ၊ ဒါပေမဲ့ လက်ရှိ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က အရမ်းအားနည်းပြီးနောက်ကျနေတော့ တခြားသူတွေကို လိုက်မီဖို့က အရမ်းခက်ခဲလိမ့်မယ်”
“မနှစ်က လှိုင်းနက်ဂေဟာက ဖန်ချိုး ၊ အခု နေသူတော်စင်ဂိုဏ်းက ယွင်ရှိုးချင်တို့က စတုတ္ထအကြိမ်ထူးကဲယင်ပြိုင်ပွဲနဲ့ ပဉ္စမအကြိမ်ထူးကဲယင်ပြိုင်ပွဲတွေကျမှ ပွဲဦးထွက်ကြတယ်ဆိုပေမယ့် သူတို့ဂိုဏ်းထဲမှာ ကြိတ်ပြီးကျင့်ကြံနေခဲ့ကြတာ အနည်းဆုံး တစ်နှစ် နှစ်နှစ်လောက်တော့ ကြာနေပြီ”
“ဖန်ချိုးကို မပြောနဲ့ဦး ၊ ကျွန်တော်တွက်ကြည့်ရရင်... ယွင်ရှိုးချင်က အခုမှ ရုတ်တရက် ပေါ်လာတာဆိုပေမယ့်... ဂိုဏ်းတူညီမလေး’ဖန်းယွင်ရှန်း’ ကမ္ဘာအလင်းတောင်ထွတ်က ထွက်လာပြီး သိပ်မကြာခင်မှာပဲ နေသူတော်စင်ဂိုဏ်းက အဲဒီမိန်းကလေးကိုရှာတွေ့ခဲ့တာ ဖြစ်နိုင်တယ် ၊ မန်ဝမ်ကို ဖန်းယွင်ရှန်းနေရာမှာ အစားထိုးလိုက်ပြီး မန်ဝမ်နေရာမှာ ယွင်ရှိုးချင်ကိုအစားထိုးဖို့ သူတို့က လေ့ကျင့်ပေးခဲ့တာပဲ”