အပိုင်း ၁၀၁-၁၀၄
Vol. 6 Ch. 101-104
အပိုင်း (၁၀၁)
ပိုက်ဆံကို စိတ်မဝင်စားဘူး။
အခြားသူများသာဆိုပါက မိုးလောက်မြင့်တဲ့ငွေပမာဏကိုတောင်းပြီး ငွေယူကာ နေရာမှထွက်သွားမှာဖြစ်သည်။
ဒါပေမဲ့ ဒီတစ်ယောက်ကတော့ ဘာလို့ ပိုပြီးနိမ့်တဲ့ဈေးကိုတောင်းရတာလဲ။
ပိုနီမားရော လင်းကျွင်းကျွင်းပါ နားမလည်နိုင်ဖြစ်နေကြသည်။
သို့ပေမဲ့ ယဲ့ဖန်ကတော့ စိတ်လိုလက်ရရယ်လိုက်ကြသည်။
" ကျွန်တော်က ပိုက်ဆံကို စိတ်မဝင်စားပါဘူး။ လုံးဝကို စိတ်မဝင်စားတာ။ ကျွန်တော့်အထင် မားလူကြီးမင်းနဲ့ ကျွန်တော်က အတော်လေးကိုက်ညီတယ်လို့ ခံစားမိလို့ပါ။ အဲ့တာကြောင့် ခင်ဗျားနဲ့ မိတ်ဆွေဖွဲ့ချင်ပါတယ်။ တကယ်တော့ ကျွန်တော်လည်း နက္ခတ်တာရာတွေကို စိတ်ဝင်စားပါတယ် "
ထိုသို့ပြောပြီးနောက် ယဲ့ဖန် သူ့ကိုယ်သူ အန်ချင်သွားသည်။
သူ ဘယ်လိုလုပ် နက္ခတ်တာရာတွေအကြောင်း သိရမှာလဲ။
နေအဖွဲ့အစည်းစနစ်မှာ ဂြိုဟ်ဘယ်နှစ်လုံးရှိလဲဆိုတာကိုပင် ယဲ့ဖန်မသိပေ။
ဒါက တစ်ဖက်သူနဲ့မိတ်ဆွေဖွဲ့ဖို့ဘဲမဟုတ်လား။
သူ ဟန်ဆောင်ကစားရမည်ဖြစ်သည်။
ထင်ထားသည့်အတိုင်း ယဲ့ဖန်စကားကိုကြားတဲ့အခါ ပိုနီမား၏စိတ်ဝင်စားမှုကိုရလိုက်သည်။
" ယဲ့လူကြီးမင်းကလည်း နက္ခတ်ပညာကိုစိတ်ဝင်စားတာလား။ ကောင်းတယ်၊ နောင်ကျ အခွင့်ကြုံရင် အချင်းချင်းဆွေးနွေးကြတာပေါ့ "
ယဲ့ဖန်က ပြုံးလိုက်သည်။
" သေချာပေါက်ရတာပေါ့ "
ပိုနီမားသည် ရင်းနှီးသည့်သူငယ်ချင်းတစ်ယောက်ကို တွေ့နေရသည့်အလား ယဲ့ဖန်လက်ကို အားပါးတရဆွဲနှုတ်ဆက်သည်။
" ယဲ့လူကြီးမင်းက ကျွန်တော့်ကို မိတ်ဆွေတစ်ယောက်အနေနဲ့သတ်မှတ်မှတော့ ကျွန်တော်ကလည်း မိတ်ဆွေအပေါ်ကို အခွင့်ကောင်းမယူသင့်ပါဘူး။ ယွမ်သန်း၂၀၀လို့ပြောထားမှတော့ သန်း ၂၀၀ ပေးချေရမှာပေါ့ "
ယဲ့ဖန်သည် ဆက်ငြင်းချင်တာကိုတွေ့တဲ့အခါ ပိုနီမား၏မျက်နှာမသာမယာဖြစ်သွားတော့သည်။
" အဲ့လိုဘဲ လုပ်လိုက်ပါမယ်။ ဆက်ငြင်းနေမယ်ဆိုရင် ကျွန်တော် မဝယ်တော့ဘူး "
ယဲ့ဖန်သည် သူပြောတာကိုကြားပြီးတဲ့နောက် အရောင်းအဝယ်ကိစ္စနှင့် ပတ်သက်ပြီး ဘာမှပြောစရာမရှိတော့ပေ။
" ဒါဆို ယဲ့လူကြီးမင်းလို့မခေါ်ပါနဲ့။ ကျွန်တော်က အသက်နှစ်နည်းနည်း ပိုငယ်ပါတယ်။ ရှောင်ဖန်လို့ခေါ်ရင်ရပါတယ် "
ပိုနီမားသည် အားရကျေနပ်စွာပြုံးလိုက်သည်။
" ကောင်းပြီ၊ ဒါဆို ရှောင်ဖန်လို့ခေါ်မယ်။ မင်းလည်း အစ်ကိုပိုနီလို့ခေါ်လို့ရပါတယ်။ ငါတို့က နောက်ဆို အိမ်နီးနားချင်းတွေဖြစ်တော့မှာဆိုတော့ ပိုပြီးတွေ့ကြရမှာဘဲ "
" ရပါတယ် " ယဲ့ဖန်မှ သဘောတူဖြေလိုက်သည်။
မကြာခင်တွင် သူတို့နှစ်ဦး ပိုင်ဆိုင်မှုလွှဲပြောင်းခြင်းစာချုပ်ကိစ္စပြီးသွားခဲ့သည်။
ယဲ့ဖန်သည် ပိုနီမားကို သူ၏စံအိမ်နံပါတ်(၇)ရောင်းပြီးသည့်အခါတွင် ဘဏ်အကောင့်ထဲသို့ ယွမ်သန်း(၂၀၀)ဝင်လာခဲ့သည်။
လူတိုင်းအတွက် ပျော်စရာကိစ္စဟုပြောနိုင်သည်။
ပိုနီမားသည် အလုပ်လုပ်စရာရှိသေးသည့်အတွင် ယဲ့ဖန်နှင့် ခဏကြာစကားပြောပြီးနောက် ထပြန်သွားခဲ့သည်။
ထိုအချိန်တွင် ယဲ့ဖန် စနစ်အကြောင်းကြားစာရောက်လာသံကိုကြားလိုက်ရသည်။
[ ကံကြမ္မာအခွင့်အရေး ပြီးမြောက်သွားတဲ့အတွက် လက်ခံသူကို ဂုဏ်ပြုပါတယ်။ စနစ်မှ ဆုအဖြစ် ယွမ်သန်းတစ်ထောင်တန်(၁ဘီလီယံ) 'ထျန်းဟော်'ကြယ်ငါးလုံးအဆင့်ရှိဟိုတယ်ကို ပေးအပ်ပါသည်။ ]
စနစ်အကြောင်းကြားသံကိုကြားပြီးတဲ့နောက် ယဲ့ဖန် သက်ပြင်းချလိုက်သည်။
ပိုနီမားကို သူ၏ကံကောင်းစေမယ့်ကြယ်ဖြစ်မယ်လို့ ထင်မထားပေ။
သူသည် ယဲ့ဖန်၏စံအိမ်ကို နှစ်ဆပေးဝယ်သွားရုံသာမက သူနှင့်မိတ်ဆွေဖွဲ့လိုက်ရခြင်းကြောင့် ကြယ်ငါးပွင့်ဟိုတယ်ကိုလည်းရလိုက်သေးသည်။
ပိုနီမားသည် အမှန်တကယ်ပင် သူ့ကို ကံကောင်းစေသည်။
" ကျွန်မ ပိုနီမားနဲ့တွေ့ရမယ်တောင်မထင်ဘူး။ ပြီးတော့ စကားတွေလည်းအများကြီးပြောလိုက်သေးတယ်။ ဒီအကြောင်းကို ကျွန်မတစ်သက်လုံးပြောလို့ရပြီ "
ပိုနီမားပြန်သွားတာ အတော်ကြာပြီဖြစ်သော်လည်း လင်းကျွင်းကျွင်းကတော့ တအံ့တဩဖြစ်နေဆဲဖြစ်သည်။
ယဲ့ဖန် သူမကို စိုက်ကြည့်လိုက်သည်။
" မမေ့နဲ့နော်၊ ကျွန်တော်က အိမ်ရှင်။ နောက်တစ်ခါ အပြင်လူဘက်ကနေလိုက်ပြီး ကူပြောပေးရင် ကျွန်တော့်ကိုရိုင်းတယ်လို့ မပြောနဲ့ "
ထိုသို့ပြောပြီးတဲ့နောက် ခေါင်းကိုခါပြီး လှည့်ပြန်သွားသည်။
ယဲ့ဖန် စံအိမ်သို့ပြန်ရောက်ပြီး စာဖတ်ရန်ပြင်နေဆင်မှာဘဲ WeChat မှာ အကြောင်းကြားစာတစ်ခုပေါ်လာသည်။
ယဲ့ဖန်ကို အထက်တန်းကျောင်းသားဟောင်းအခန်းဖော်အုပ်စုဖွဲ့စကားပြောသည့်ဂရုထဲသို့ အထည့်ခံထားရသည်။
ထိုအုပ်စုထဲတွင် ၆ယောက် ၇ယောက်လောက်ပါသည်။
သူတို့အားလုံးသည် ယဲ့ဖန်၏အထက်တန်းအခန်းဖော်ဟောင်းတွေဖြစ်သည်။
သူတို့ အထက်တန်းအောင်ပြီးကတည်းက အခြားနေရာသို့ စာသင်သွားကြတာကြောင့် အဆက်အသွယ်မလုပ်ဖြစ်ကြပေ။
[ ယဲ့ဖန် ငါတို့ပြောနေတာ နောက်နှစ်ရက်နေရင် အမျိုးသားနေ့မလား။ ငါတို့ ကျုံးဟိုင်ကိုလာချင်တယ်။ မင်းလာကြိုပေးလို့ရမလား ]
နျုံဟောက်ရန်လို့ခေါ်သည့် ကောင်လေးက အရင်ပြောသည်။
[ ရတာပေါ့၊ ကြိုဆိုပါတယ်။ လာကြိုပေးမယ် ]
ယဲ့ဖန် ချက်ချင်းဖြေလိုက်သည်။
[ ဒါဆိုရပြီ။ မင်း ငါတို့ နေဖို့စားဖို့ စားရိတ်ခံမှာမဟုတ်လား ]
နျုံဟောက်ရန်သည် အပြင်လူမဟုတ်သည်ပုံစံဖြင့်နောက်ထပ်စာတစ်စောင်ပို့လိုက်သည်။
ထိုအကြိမ်တွင် ယဲ့ဖန်မှ ပြန်စာမပို့နိုင်ခင်မှာဘဲ မန်ရွှယ်ဟုခေါ်သည့် မိန်းကလေးက ရုတ်တရက်ကြားဖြတ်ပို့သည်။
[ နျုံဟောက်ရန်၊ နင် ယဲ့ဖန်ရဲ့မိသားစုအခြေအနေကို မသိတာလည်းမဟုတ်ဘဲနဲ့။ ဘာလို့ အဲ့လိုပြောနိုင်ရတာလဲ ]
မန်ရွှယ်သည် သူတို့အထက်တန်းကျောင်း၏အလှလေးဖြစ်သည်။
နျုံဟောက်ရန်သည် သူမကို ပိုးပန်းနေတာသုံးနှစ်ရှိပြီဖြစ်သော်လည်း မအောင်မြင်သေးပေ။
သူ့ရဲ့နတ်ဘုရားမက ဝင်ပြောသည့်အခါ လေသံချက်ချင်းပြောင်းသွားသည်။
[ သူ့ကိုစနေတာပါ။ ယဲ့ဖန်မိသားစုက အဆင်မပြေဘူးဆိုတာ တစ်ခန်းလုံးသိတာဘဲ။ ဘယ်လိုလုပ်ပြီး ကိုယ်က သူ့ကိုပေးခိုင်းရက်မှာလဲ ]
ယဲ့ဖန်မျက်နှာတွင် အပြုံးတစ်ခုပေါ်လာသည်။
[ ရပါတယ်၊ အဲ့လောက်ပိုက်ဆံကတော့ တတ်နိုင်ပါသေးတယ် ]
နျုံဟောက်ရန်သည် ချက်ချင်း အသံမက်ဆေ့ချ်တစ်ခုပို့လိုက်သည်။
" ယဲ့ဖန်၊ ချမ်းသာချင်ယောင်မဆောင်စမ်းပါနဲ့။ ငါတို့အခြေအနေက မင်းထက်သာတယ်ဆိုတော့ မင်းကို သေချာပေါက်ပေးခိုင်းမှာမဟုတ်ပါဘူး။ ဒီတစ်ခါတော့ ငါတို့နေဖို့စားဖို့ကို ငါဖြေရှင်းလိုက်မယ်၊ ထားလိုက်ပါတော့ ]
[ ကျေးဇူးဘဲ ဟောက်ရန်။ မင်းကြောင့် ငါတို့ ပိုက်ဆံသက်သာတော့မယ် ]
[ ဟောက်ရန်မိသားစုက ဘီယာချက်စက်ရုံပိုင်တယ်လေ။ သူက ချမ်းသာတဲ့ဒုတိယမျိုးဆက်သခင်လေးဘဲ။ ဒီလောက်ပိုက်ဆံက သူ့အတွက် ဘာမှမပြောပဘူး ]
[ ငါတို့ မန်ရွှယ်ကိုကျေးဇူးတင်သင့်တယ်။ သူမကြောင့်သာ ဟောက်ရန်က ငါတို့ကိုဖိတ်တာ ]
[ အဲ့တာဆို အမူးသမားလေးရဲ့ ရည်ရွယ်ချက်က အရက်သောက်ဖို့ မဟုတ်ဘဲ .......... အလှလေးကြောင့်ပေါ့၊ ဟုတ်လား ]
လူတိုင်းက စနောက်နေတဲ့အခါ မန်ရွှယ်မှု ရုတ်တရက် အသံမက်ဆေ့ချ်တစ်စောင်ပို့လိုက်သည်။
" အဲ့လိုဆက်ပြီးစနောက်နေမယ်ဆိုရင် ငါမလိုက်တော့ဘူး "
သူမသည် အနည်းငယ်စိတ်ဆိုးသွားကြောင်းကို သူငယ်ချင်းတွေက သိလိုက်ကြသည်။
သူမအသံသည် အတော်လေးတင်းမာနေသည်။
စနောက်နေတဲ့သူတစ်ချို့က ဆက်မပြောရဲကြတော့ပေ။
ခဏကြာတဲ့အခါ နျုံဟောက်ရန်မှ နောက်ထပ်စာတစ်စောင်ပို့သည်။
[ ကောင်းပြီ၊ အဲ့တာဆို စနောက်မနေတော့ဘူး။ မနက်ဖြန်ကျ ကျုံးဟိုင်မှာတွေ့မယ် ]
ထို့နောက် စကားပြောခန်းက တိတ်ဆိတ်သွားတော့သည်။
ယဲ့ဖန်သည် ဖုန်းကိုပိတ်ပြီး ဘေးချဖို့လုပ်နေစဉ်မှာဘဲ ရုတ်တရက် မန်ရွှယ်ဆီမှ သီးသန့်စာတစ်စောင်ရောက်လာသည်။
[ ယဲ့ဖန်၊ နင်လိုင်းပေါ်ရှိသေးလား ]
[ အင်း ]
ယဲ့ဖန် ချက်ချင်းစာပြန်လိုက်သည်။
မန်ရွှယ်ဘာပြောချင်လို့လဲဆိုတာကို မမေးရသေးခင်မှာဘဲ မန်ရွှယ်ဆီမှ ပိုက်ဆံလွှဲတာရောက်လာသည်။
[ ဘာလို့ပို့တာလဲ ]
ယဲ့ဖန်သည် အံ့ဩသွားပြီး ငွေလွှဲကို လက်မခံလိုက်ပေ။
[ ငါတို့ ကျုံးဟိုင်မှာ နှစ်ရက်နေမှာ။ နင်ပိုက်ဆံသုံးရလိမ့်မယ်။ နင် မိသားစုက ခက်ခဲတာငါသိပါတယ်။ ဒါပေမဲ့ နင် ဒီပိုက်ဆံကို အရင်သုံးထားလိုက် ]
မန်ရွှယ်က ချက်ချင်းစာပြန်လိုက်သည်။
[ ငါ ဘယ်လောက်ဘဲဆင်းရဲပါစေ မိန်းကလေးတစ်ယောက်ရဲ့ပိုက်ဆံကို သုံးမှာမဟုတ်ဘူး ]
ယဲ့ဖန် ချက်ချင်းငြင်းလိုက်သည်။
[ နင် ........ နင်အခုထိခေါင်းမာတုန်းဘဲ ]
မန်ရွှယ် အနည်းငယ်မကျေမနပ်ဖြစ်သွားသည်။
[ နည်းနည်းလောက်ခေါင်းမာတာဘာဖြစ်လဲ။ ငါတော့ကောင်းတယ်ထင်တာဘဲ ]
ယဲ့ဖန် ထိုသို့ဖြေပြီး ဖုန်းကိုဘေးချလိုက်သည်။
တစ်ဖက်သူက ကြင်နာတတ်တာကြောင့်မှန်းသိပေမဲ့ ယဲ့ဖန်ထိုကဲ့သို့ အလှူပေးသလိုလုပ်တတ်သောကြင်နာမှုမျိုးကိုမုန်းသည်။
သူသည် သူတောင်းစားတစ်ယောက်မဟုတ်ပေ။
ဘာလို့ တခြားသူစွန့်ကြဲတာကို လိုရမှာလဲ။
အပိုင်း (၁၀၂)
ဘယ်ဟိုတယ်မှာ ကြိုတင်အမှာတင်ထားတာလဲ။
အောက်တိုဘာလ တစ်ရက်နေ့၊ ကျုံးဟိုင်လေဆိပ်။
သန့်သန့်ပြန့်ပြန့်ဝတ်ထားသော ယောက်ျားလေးနှင့် မိန်းကလေးတစ်ချို့က လျှောက်လမ်းမှထွက်လာသည်။
သူတို့၏ကြည့်ကောင်းသောအသွင်အပြင်၊ အထူးသဖြင့် လူအုပ်ထဲမှ ကောင်မလေးသည် လူတော်တော်များများ၏အာရုံကို ချက်ချင်းဖမ်းစားလိုက်နိုင်သည်။
သူမသည် မျက်နှာပေါ်တွင် နေကာမျက်မှန်ကိုတပ်ထားပြီး သူမ၏ရှည်လျားသောဆံပင်တို့က လေအဝှေ့တွင် ဝဲဖြာကျနေသည်။
သူမသည် အဖြူရောင်ဂါဝန်ရှည်ကိုဝတ်ဆင်ထားသည်။
သူမသည် လေပေါ်တွင်လွင့်နေသည့် တိမ်ဆိုင်လေးဟု သူတို့ခံစားကြရသည်။
လူတော်တော်များများက သူမကို နာမည်ကြီးကြယ်ပွင့်တစ်ယောက်ဟုထင်နေကြသည်။
" မန်ရွှယ်၊ နင်က လှလွန်းတော့ ငါတို့က နင့်ရဲ့သက်တော်စောင့်ပုံစံဖြစ်နေတာဘဲ "
သူမအနောက်မှလိုက်လာသော နျုံဟောက်ရန်က အတွန့်တက်လိုက်သည်။
သို့ပေမဲ့ သူ့စကားလုံးတို့သည် သူမထံမှ မျက်နှာလိုမျက်နှာရလုပ်ရန် ပြောနေမှန်း လူတိုင်းသိနိုင်သည်။
မန်ရွှယ်သည် သူမ၏ပန်းရောင်လက်ဆွဲအိတ်လေးကိုဆွဲပြီး အရှေ့မှလျှင်မြန်စွာလျှောက်သွားသည်။
" အဲ့တာဆို ဝေးဝေးကလျှောက်။ အဲ့တာဆို နင့်ကို သက်တော်စောင့်လို့ အထင်မှားကြတော့မှာမဟုတ်ဘူး "
နျုံဟောက်ရန်သည် သူမမျက်နှာနားကို အပြေးကပ်ပြီးပြောသည်။
" ငါကတော့ နင့်သက်တော်စောင့်ဖြစ်ချင်တယ်။ နင်သာ စိတ်မရှိဘူးဆိုရင် တစ်ဘဝလုံးကာကွယ်ပေးဖို့ ငါဆန္ဒရှိတယ် "
မန်ရွှယ်၏မျက်နှာလှလှလေးက အေးစက်သည့်အငွေ့အသက်ပေါ်လာသည်။
" အဲ့လိုတွေဆက်ပြောနေမယ်ဆိုရင် ငါအခုချက်ချင်းပြန်လိုက်မှာ "
နျုံဟောက်ရန်က ချက်ချင်းအရှုံးပေးလိုက်သည်။
" အေးပါ၊ အေးပါ၊ အေးပါ။ ထပ်မပြောတော့ဘူးလို့ ကတိပေးတယ် "
တခြားသူတွေက သူတို့ပါးစပ်ကိုအုပ်ပြီး ရယ်ကြတော့သည်။
နျုံဟောက်ရန်၏မိသားစုနောက်ခံသည် တောင့်တင်းသောကြောင့် အမြဲအထက်စီးဆန်ပြီး သောင်းကျန်းတတ်ပေမဲ့ မန်ရွှယ်အနားမှာတော့ အမြဲမျက်နှာချိုသွေးကာနေတတ်သည်။
သူတို့အုပ်စုသည် လေယာဉ်ကွင်းထဲမှ အပြင်သို့အမြန်လျှောက်လာကြသည်။
နျုံဟောက်ရန် ပတ်လည်ကိုကြည့်လိုက်သည်။
" ယဲ့ဖန် ဘယ်မှာလဲ။ ငါတို့ကို လာကြိုဖို့ပြောထားတယ်မဟုတ်လား။ ငါတို့ကို လာမကြိုဘဲပစ်ထားတာလား "
မန်ရွှယ်သည် သူ့ကိုစိတ်ရှုပ်သလိုကြည့်လိုက်သည်။
" လူတိုင်းက နင့်လို ပြောပြီးသားစကားမတည်တတ်တဲ့သူလို့ထင်နေတာလား "
နျုံဟောက်ရန်က ချက်ချင်းအထွန့်တက်လိုက်သည်။
" ဘယ်တုန်းက ပြောပြီးသားစကားအတိုင်းမလုပ်လို့လဲ။ အခုတစ်ခေါက်ကိုဘဲ ဥပမာကြည့်လေ။ လူတိုင်းအတွက် စားစရာနဲ့နေစရာအတွက် ငါအကုန်ရှင်းမယ်ပြောထားတယ်။ စကားမတည်ဘဲနေလို့လား "
သူ့အတန်းဖော်တစ်ချို့က သဘောတူခေါင်းငြိမ့်ကြသည်။
" ဟောက်ရန် မနေ့ညက နေဖို့ ကြိုတင်အမှာစာတင်ထားတယ် "
" ဟုတ်တယ်၊ ကြယ်သုံးပွင့်ဟိုတယ်ကို တင်ထားတယ်လို့ကြားတယ်။ တစ်ညကို ယွမ် ၁၀၀၀ ကျော်ပေးရတယ်တဲ့ "
" ဘုရားရေ၊ မင်းက တကယ့်သူဌေးကြီးဘဲ။ ပုံမှန် ငါ့ကောင်မလေးနဲ့ ဟိုတယ်သွားရင်တောင်မှ တစ်ညယွမ်၂၀၀တန်လောက်ဘဲတည်းနိုင်တာ "
" ............... "
လူတိုင်းရဲ့ချီးကျူးမှုကိုကြားတဲ့အခါ နျုံဟောက်ရန်က ဂုဏ်ယူစွာဖြင့် ရယ်လိုက်သည်။
" ဘယ်လိုထင်လဲ။ လူတွေရဲ့အမြင်က တကယ်စူးရှတာဘဲ။ ငါက သူငယ်ချင်းတွေအပေါ် အရမ်းကြင်နာတတ်တာလေ "
မန်ရွှယ်သည် ခေါင်းကို တစ်ဖက်လှည့်လိုက်ပြီး သူ့ကို ဆက်ဂရုမစိုက်ဘဲနေလိုက်သည်။
လူတိုင်းသည် တစ်ခဏစောင့်ပြီးတဲ့နောက်တွင်တောင်မှ ယဲ့ဖန်ကို မတွေ့ရသေးပေ။
" ယဲ့ဖန်က ပိုက်ဆံသုံးရမှာကြောက်လို့ မလာရဲတာလို့ မင်းတို့ထင်ကြလား "
" မဖြစ်နိုင်တာ။ ငါတို့က ဒီအတိုင်းပြောလိုက်ရုံတင်ပါ။ သူက တကယ်ပေးမယ်လို့ ထင်လို့လား "
" ဟုတ်တယ်။ သူတို့အိမ်အခြေအနေက ကောင်းတာမဟုတ်မှန်း ငါတို့အားလုံးသိတာဘဲလေ။ သူ့ကို လုံးဝပိုက်ဆံသုံးခိုင်းလို့မရမှန်းသိပါတယ် "
" အဲ့တာဆို ငါတို့ဘာလို့သူ့ကိုစောင့်နေရဦးမှာလဲ။ သူက မလာဘူးဆိုမှတော့ ဆက်ပြီးမစောင့်နေသင့်ဘူးမလား "
သူငယ်ချင်းအုပ်စုက တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောဆိုနေကြသည်။
နျုံဟောက်ရန်သည် ယုံကြည်မှုရှိစွာပြုံးလိုက်သည်။
" မပူပါနဲ့။ သူ့ကို ယုံလို့မရဘူးဆိုတာ ငါသိပြီးသား။ အဲ့တာကြောင့် အငှားကားကုမ္ပဏီကို ကြိုပြီးဆက်သွယ်ထားတယ်။ အငှားကားက မကြာခင်ရောက်လာပါလိမ့်မယ် "
လူတိုင်းက သူ့ကို လက်မထောင်ပြလိုက်ပြီး ကြိုတွေးတတ်တာကြောင့် ချီးကျူးလိုက်ကြသည်။
ရှုမန်၏မျက်လုံးထဲတွင် စိတ်ပျက်မှုအနည်းငယ်ဖြတ်ပြေးသွားသည်။
သူတို့ပြောတာ တကယ်ဘဲလား။ ယဲ့ဖန်က ပိုက်ဆံသုံးရမှာစိုးရိမ်လို့ မလာရဲတာလား။
ထိုအချိန်တွင် အမိုက်စားစူပါ Lykan ကားကြီးက သူတို့ဆီသို့ အရှိန်ပြင်းပြင်းဖြင့်မောင်းလာနေသည်။
လေယာဉ်ကွင်းတစ်ခုလုံး ဆူဆူညံညံဖြစ်သွားတော့သည်။
သူတို့သည် ဒီလိုအကောင်းစားဇိမ်ခံပြိုင်ကားကို ဇာတ်ကားထဲတွင်သာမြင်ဖူးကြတာဖြစ်သည်။
ဤကဲ့သို့သော လက်တွေ့အမြင်မျိုးကို ဇာတ်ကားနဲ့ပင်ယှဉ်မရပေ။
ကျွီ..............
ပြိုင်ကား၏တာယာသည် လမ်းမကိုပွတ်တိုက်ပြီး အသံထွက်လာသည်။
ထို့နောက် နျုံဟောက်ရန်နှင့် အခြားသူများအရှေ့တွင်ရပ်သွားသည်။
" ဟောက်ရန်၊ မင်းငှားထားတာ ဒီကားလား "
ကျောင်းသားတစ်ယောက်သည် ထိုတလက်လက်တောက်ပနေသောကားကို အကြည့်မလွှဲနိုင်စွာဖြင့်မေးသည်။
" အာ..... သူတို့ အမှားလုပ်မိတာများလား။ ငါမှတ်မိသလောက် ငါငှားထားတာ Buick ကားအမျိုးအစား ....... "
နျုံဟောက်ရန်သည်လည်း ကြောင်အသွားသည်။
သူ ဤကဲ့သို့ဈေးကြီးလွန်းသောစူပါကားကြီးမျိုးကို မငှားနိုင်ပေ။
ထိုကား၏စက်ရပ်သွားသံကပင် ယောက်ျားလေးတိုင်း၏သွေးကို ပွက်ပွက်ဆူလာသည်အထိ စိတ်လှုပ်ရှားစေနိုင်သည်။
နျုံဟောက်ရန်နှင့် အခြားသူများသည် သူတို့ရှေ့ကကား၏လှပပုံကို ချီးကျုးလို့မပြီးသေးခင်မှာဘဲ ကားမောင်းသူနေရာမှသူကို ရုတ်တရက်မြင်လိုက်ကြသည်။
" ယဲ့ဖန်လား "
နျုံဟောက်ရန်၏မျက်လုံးများသည် မယုံနိုင်မှုကြောင့် ပြူးကျယ်သွားသည်။
အခြားသူများကလည်း အံ့အားသင့်နေကြသည်။
သူတို့လန့်သွားတာကို အပြစ်တင်လို့မရပေ။
သူတို့ လွန်ခဲ့တဲ့တစ်နှစ်ကျော် အထက်တန်းကျောင်းပြီးချိန်တွင်တောင်မှ ယဲ့ဖန်သည် အလွန်ဆင်းရဲသောကောင်လေးတစ်ယောက်အဖြစ်သာရှိနေခဲ့သည်။
ထိုအချိန်က ယဲ့ဖန်သည် အလယ်တန်းကျောင်းမှအင်္ကျီကိုပင် အထက်တန်းကျောင်းမှာ ပြန်ဝတ်ခဲ့ရသူဖြစ်သည်။
ထို့ကြောင့် ယဲ့ဖန်မိသားစု ဘယ်လောက်ငွေကြေးအဆင်မပြေခဲ့လဲဆိုတာကို လူတိုင်းခန့်မှန်းနိုင်သည်။
ထိုအချိန်တုန်းက ယဲ့ဖန်နှင့် လက်ရှိသူတို့ရှေ့မှ စူပါကားအကောင်းစားကြီးကိုစီးလာသောယောက်ျားတို့ကို ယှဉ်ကြည့်လို့မရပေ။
ယဲ့ဖန်၏အမူအရာသည် အတော်လေးတည်ငြိမ်နေသည်။ သူက အားနာစွာဖြင့် ပြုံးပြပြီးပြောသည်။
" အခုလေးတင် ကိစ္စတစ်ချို့ကိုရှင်းပြီးလာခဲ့ရလို့ နည်းနည်းကြာသွားတယ်။ တောင်းပန်ပါတယ် "
ယဲ့ဖန်ဒီကိုလာသည့်လမ်းတွင် ထျန်းဟယ်ဟိုတယ်သို့သွားပြီး ပိုင်ဆိုင်မှုလွှဲပြောင်းခြင်းကိစ္စများကို အပြီးသတ်သွားဆောင်ရွက်ခဲ့တာဖြစ်သည်။
ထို့ကြောင့် ယဲ့ဖန်ဆီတွင် နောက်ထပ်ပိုင်ဆိုင်မှုတစ်ခုထပ်တိုးလာသည်။
မန်ရွှယ်သည် ပထမဆုံးအသိစိတ်ပြန်ကပ်လာသူဖြစ်သည်။
" ယဲ့ဖန်၊ ဒါနင့်ကားလား "
ယဲ့ဖန်ပြန်ဖြေမည့်အချိန်တွင် နျုံဟောက်ရန်က အရင်ဖြတ်ပြောလိုက်သည်။
" ငါတို့ ယဲ့ဖန်ကိုမတွေ့တာတစ်နှစ်ကျော်လောက်ဘဲရှိသေးတာကို သူက ဘယ်လိုလုပ်ပြိုင်ကားဝယ်နိုင်မှာလဲ။ အငှားကားကုမ္ပဏီကနေ ငှားလာတာမလား။ အတန်းဖော်ဟောင်းတွေနဲ့တွေ့ဖို့သပ်သပ်ကို မင်းက ဒီလိုရှိုးလုပ်ပြစရာလိုလို့လား "
တခြားသူတွေကလည်း နျုံဟောက်ရန်ပြောသည့်စကားကို မှန်တယ်ဟုခံစားရ၍ ယဲ့ဖန်ကို စတင်ဝေဖန်ကြတော့သည်။
" ယဲ့ဖန်၊ ဒီကားငှားဖို့ ပိုက်ဆံတွေအများကြီးသုံးလိုက်ရမှာဘဲ၊ ဟုတ်တယ်မလား။ ဒီပိုက်ဆံတွေနဲ့ ဘာလုပ်လို့ရမှာလဲ "
" ဟုတ်တယ်၊ တစ်ယောက်အကြောင်းတစ်ယောက်သိနေတာဘဲ။ မင်း ဒီကို စက်ဘီးစီးလာရင်တောင်နှ ငါတို့က မင်းကို အထင်သေးမှာမလို့လား "
" မြန်မြန်ကားကိုပြန်ပေးလိုက်။ တိုက်မိရင် တစ်သက်လုံးအလုပ်လုပ်တောင် ပြန်မလျော်နိုင်ဘဲနေလိမ့်မယ် "
ယဲ့ဖန်သည် သူတို့၏ကြင်နာသောသတိပေးချက်များကိုနားထောင်ပြီး ဘာမှဆက်ရှင်းမပြပေ။
" အင်းပါ၊ ဒီမှာစကားရပ်ပြောမနေကြနဲ့တော့။ ဟိုတယ်ကို အရင်သွားကြရအောင်။ အခန်းတွေ ကြိုမှာထားတယ် "
သို့ပေမဲ့ နျုံဟောက်ရန်ကတော့ ကျေးဇူးမတင်ပေ။
" ငါ ဟိုတယ်ကြိုမှာထားပြီးသား။ ကြယ်သုံးပွင့်အဆင့်ရှိတဲ့ဟိုတယ်။ မင်းမှာထားတာထက် သာတယ်၊ မဟုတ်လား။ မင်းမှာထားတဲ့ဟိုတယ်ခန်းတွေ ဖယ်လိုက်တော့ "
ယဲ့ဖန်က အသာအယာခေါင်းငြိမ့်ပြီး မန်ရွှယ်ကိုကြည့်လိုက်သည်။
" မန်ရွှယ်၊ နင်ကရော "
မန်ရွှယ်သည် တစ်ခဏတွန့်ဆုတ်သွားသည်။
" ငါတော့ နင်စီစဉ်တဲ့နောက်ဘဲလိုက်တော့မယ် "
ယဲ့ဖန်သည် ချက်ချင်း ကားတံခါးကိုဖွင့်ပေးလိုက်သည်။
" တက်လေ၊ အဲ့ကိုလိုက်ပို့ပေးမယ် "
မန်ရွှယ်သည် စူပါပြိုင်ကားကြီး၏ခရီးသည်ဘေးခုံတွင် ဝင်ထိုင်လိုက်သည်။
ဖြတ်သွားဖြတ်လာမိန်းကလေးများမှ အားကျသွားကြသည်။
ယဲ့ဖန် ဘာမှမပြောဘဲ ကားစက်ကိုနှိုးလိုက်သည်။
နျုံဟောက်ရန်သည် မန်ရွှယ်သူ့ကိုထားခဲ့သည်ကိုကြည့်ပြီး အလျင်အမြန်လှမ်းအော်မေးလိုက်သည်။
" ဘယ်ဟိုတယ်မှာ ကြိုမှာထားတာလဲ "
" ထျန်းဟယ်ဟိုတယ် "
ဆိုသည့်ဖြေသံကို အဝေးမှသာကြားရတော့သည်။
အပိုင်း (၁၀၃)
ဒီလူက အရည်အချင်းရှိတာဘဲ။
မန်ရွှယ်သည် ယဲ့ဖန်၏စူပါ Lykan ကားကြီးကိုစီးပြီး ခရီးပန်းတိုင်သို့ရောက်လာခဲ့သည်။
သူမသည် အတော်လေးအံ့အားသင့်သွားခဲ့သည်။
သူမသည် မြေပြင်မှ ကောင်းကင်ထိသို့ထိုးတက်နေသော ကြီးကျယ်ခမ်းနားတောက်ပြောင်သည့်အဆောက်အဦးကြီးကို မြင်လိုက်ရသည်။
အဆောက်အဦးကြီးတစ်ခုလုံးသည် ၁၇ရာစု၊ ၁၈ရာစုလောက်မှ ဥရောပစတိုင်ဖြင့် ဆောက်လုပ်ထားပြီး မြင့်မြတ်သည့်ခံစားချက်ကိုပေးစွမ်းသည်။
ဝင်ပေါက်တွင် နီယွန်မီးရောင်ဖြင့် 'ထျန်းဟယ်ဟိုတယ်'ဟူသော ဆိုင်းဘုတ်အကြီးကြီးရှိသည်။
ထိုအချိန်တွင် နျုံဟောက်ရန်နှင့် အခြားသူများလည်းရောက်လာကြသည်။
သူတို့အားလုံးသည်လည်း မျက်စိရှေ့မှမြင်ကွင်းကြောင့် အံအားသင့်ကုန်ကြသည်။
" ယဲ့ဖန်၊ မင်း နေရာမှားလာတာတော့မဟုတ်ဘူးမလား။ ဒီနေရာဆိုတာ သေချာလို့လား "
နျုံဟောက်ရန်မှ ယဲ့ဖန်ကို မယုံကြည်စွာကြည့်လိုက်သည်။
ဒီနေရာသည် သူ အကြိုအမှာစာတင်ထားသော ကြယ်သုံးပွင့်ဟိုတယ်ထက် အဆပေါင်းများစွာ တန်ဖိုးမြင့်ခမ်းနားသည်။
ဒီနေရာတွင် တစ်ညတည်းပါက ယွမ်ထောင်ချီမက ကုန်ကျနိုင်သည် မဟုတ်လား။
သူတို့အဖွဲ့တွင် ယောက်ျားလေး ၄ ယောက်နှင့် မိန်းကလေး ၃ ယောက်ပါသည်။
ဒါဆို ယဲ့ဖန် အနည်းဆုံး သုံးခန်းလောက်တော့ ငှားရမှာမလား။
အဲ့လိုဆိုလျှင် တစ်ညကို ယွမ် ၁သောင်းကျော်လောက်ကုန်နိုင်သည်။
ထို့အပြင် သူတို့သည် ကျုံးဟိုင်မြို့တွင် ရက်အနည်းငာ်ကြာနေရန်စီစဉ်ထားခဲ့သည်။
ထိုရက်တွေအတွင်းတွင် အခန်းငှားခက ယွမ်သောင်းချီမက ကုန်ကျလိမ့်မည်။
ထိုကုန်ကျစရိတ်မျိုးကို သာမန်လူမျိုးက လုံးဝတတ်နိုင်မည်မဟုတ်ပေ။
ယဲ့ဖန်က သူ့ကို တိုက်ရိုက်အဖြေမပေးဘဲ မေးခွန်းပြန်မေးလိုက်သည်။
" မင်းတို့ ဒီနေရာကို ကြိုက်ကြလား "
လူတိုင်းက သဘောတူညီစွာ ခေါင်းငြိမ့်ကြသည်။
လာနောက်နေတာလား။
ဘယ်သူက ကြယ်ငါးပွင့်အဆင့်ရှိတဲ့ဟိုတယ်ကို မကြိုက်ဘဲနေမှာလဲ။
ယဲ့ဖန်မှ အသာအယာပြုံးလိုက်သည်။
" မင်းတို့အားလုံးကြိုက်တယ်ဆိုမှတော့ ဒီမှာနေလို့ရတယ်။ တစ်ယောက်ချင်းစီအတွက် အကောင်းဆုံးအခန်းကို တစ်ပတ်စာယူလိုက်ကြတာပေါ့ "
" ဖူး ......... "
နျုံဟောက်ရန် သွေးအန်ထွက်မတတ်ဖြစ်သွားသည်။
သူသည် သုံးခန်းမျှနေလျှင်တောင်မှ အတော်လေးချဲ့ကားလွန်းနေပြီဟုထင်ခဲ့တာဖြစ်သည်။
ယဲ့ဖန်မှ တစ်ယောက်တစ်ခန်းစီငှားပေးမယ်လို့ သူလုံးဝထင်မထားပေ။
ထိုအပြင်အကောင်းဆုံးအဆင့်မြင့်ဇိမ်ခံအခန်းများဖြစ်သည်။
သူ လက်ချိုးရေတွက်ကြည့်လိုက်သည်။
တစ်ညကို ယွမ် ၁ သောင်းဖြင့် တွက်လျှင်တောင်မှ လူ ၇ယောက်အတွက် တစ်ပတ်စာနေမည်ဆိုလျှင် ယွမ် ၅ သိန်းလောက် ကုန်ကျလိမ့်မည်။
" ယဲ့ဖန်၊ မင်းမှာ ပိုက်ဆံရှိတယ်ဆိုရင်တောင် အဲ့လိုမဖြုန်းသင့်ဘူး "
ထိုအချိန်တွင် မန်ရွှယ်က ဝင်ပြောလိုက်သည်။
ယဲ့ဖန်သည် ကံကောင်းထောက်မစွာဖြင့် ဝင်ငွေအချို့ရှိနေကြောင်း သူမ သိလိုက်သည်။
သို့ပေမဲ့ သူဘယ်လောက်ဘဲချမ်းသာလာပါစေ ပိုက်ဆံကို ဒီလို မဖြုန်းသင့်ပေ။
ယဲ့ဖန်သည် သူမမှ ကောင်းစေချင်သောစေတနာဖြင့်ပြောကြောင်းသိ၍ သူမကို ချက်ချင်းပြုံးပြလိုက်သည်။
" မပူပါနဲ့၊ ပိုက်ဆံသုံးနေရတာမဟုတ်ပါဘူး "
မန်ရွှယ် အံ့အားသင့်သွားသည်။
ယဲ့ဖန် ဘယ်လိုအဓိပ္ပာယ်နဲ့ပြောသွားလဲဆိုတာကို သူမ စဉ်းစားနေခဲ့သည်။
သူမ တွေးနေတုန်းမှာဘဲ အနက်ရောင်ဝတ်စုံဖြင့်ယောက်ျားတစ်ဦးက သူတို့ဆီကို လျင်မြန်စွာလမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။
" ယဲ့လူကြီးမင်း၊ အခန်းတွေ ပြင်ဆင်ပြီးပါပြီ။ ကျွန်တော်ကိုယ်တိုင်ရွေးချယ်ထားတာဖြစ်တဲ့အတွက်ကြောင့် စိတ်ကျေနပ်လိမ့်မယ်လို့ အာမခံပါတယ် "
ယဲ့ဖန်က ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။
" မန်နေဂျာထန်း၊ အလုပ်ကြိုးစားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် "
မန်နေဂျာထန်းသည် လျင်မြန်စွာခေါင်းငြိမ့်ပြပြီး ဦးညွတ်လိုက်သည်။
" ယဲ့လူကြီးမင်းက ယဉ်ကျေးလွန်းနေပါပြီ။ လူကြီးမင်းကို ဝန်ဆောင်မှုပေးရတာက ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ။ ကျွန်တော့်အတွက် ခက်ခဲတယ်လို့ မမြင်ပါဘူး "
ယဲ့ဖန် ညင်ညင်သာသာပြုံးလိုက်သည်။
" ကျွန်တော့်သူငယ်ချင်းတွေကို စားဖို့အရင်ခေါ်သွားလိုက်ပါ "
မန်နေဂျာထန်းသည် မနှောင့်နှေးစေရဘဲ ချက်ချင်းသူတို့ကို ဟိုတယ်ထဲသို့ လမ်းညွှန်ပြပေးသည်။
နျုံဟောက်ရန်နှင့် အခြားသူများက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။
သူတို့မျက်လုံးထဲရှိ ထိတ်လန့်နေမှုကို အတိုင်းသားမြင်နေရသည်။
ကြယ်ငါးပွင့်အဆင့်ရှိတဲ့ဟိုတယ်မန်နေဂျာက ကိုယ်တိုင်ကိုယ်ကျ ယဲ့ဖန်ကို ထွက်ကြိုဆိုခဲ့သည်။
ထို့အပြင် ယဲ့ဖန်ကို ခေါင်းငြိမ့်ပြပြီး ဦးပါညွတ်ခဲ့သေးသည်။
ယဲ့ဖန်ရဲ့သရုပ်မှန်ကဘာလဲ။
သူတို့မတွေ့ဖြစ်ကြတာ နှစ်အနည်းငယ်ဘဲရှိသေးပေမဲ့ ဘာလို့ ယဲ့ဖန်က တစ်ခြားသူတစ်ယောက်ပုံစံဖြစ်သွားတယ်လို့ ခံစားမိရတာလဲ။
ယဲ့ဖန်ကို မမှတ်မိမတတ်ဖြစ်နေသည်။
သူတို့အုပ်စုကို ထျန်းဟယ်ဟိုတယ်စားသောက်ဆိုင်ဆီသို့ ခေါ်သွားခံခဲ့ရသည်။
စားသောက်ဆိုင်ထဲတွင် သူတို့အတွက် ခမ်းနားသောစားသောက်ဖွယ်များကို ပြင်ဆင်ထားပြီးသားဖြစ်သည်။
စားပွဲတစ်ခုလုံးတွင် စားသောက်ဆိုင်မှအကောင်းဆုံးဟင်းလျာများအပြည့်ဖြစ်နေသည်။
နျုံဟောက်ရန် ဇိမ်ခံလောကကို နှံ့စပ်သူဖြစ်၍ စားပွဲပေါ်မှာ ဟင်းလျာများကို အကြမ်းဖျင်းတွက်ချက်ကြည့်လိုက်သည့်အခါ အနည်းဆုံး ယွမ်သိန်းကျော်မျှကျသင့်သည်။
ထိုအခါ သူသည် ယဲ့ဖန်ကို ပို၍အံ့ဩသောအကြည့်ဖြင့်ကြည့်လိုက်သည်။
ဒီတစ်ယောက် ထီများပေါက်ထားတာလား။
မဟုတ်ရင် ဒီလောက်အချိန်တိုအတွင်းမှာ ဘယ်လိုချမ်းသာလာတာလဲ။
ဒါကလုံးဝကို လူမဆန်တာဘဲ။
ဟင်းလျာတွေသည် သူတို့တွေကို စိတ်ကျေနပ်မှုရရှိစေသည်။
" အားလုံး စားလို့ပြီးကြပါပြီလား။ အဲ့တာဆို လူတိုင်းအတွင်း အခန်းလိုက်ပြပေးပါမယ် "
ထိုအချိန်တွင် မန်နေဂျာထန်းသည် လျင်မြန်စွာလျှောက်လာပြီး သူတို့တစ်ယောက်ချင်းစီရဲ့ အကြိုက်ပုံစံကိုတလေးတစားမေးသည်။
မန်နေဂျာထန်းသည် ယဲ့ဖန်ကြောင့်သာ သူတို့ကို ဤကဲ့သို့ဆက်ဆံနေမှန်း မန်ရွှယ်နှင့် အခြားသူများက သေချာပေါက်သိသည်။
မဟုတ်ပါက ကြယ်ငါးပွင့်အဆင့်ရှိဟိုတယ်မှမန်နေဂျာက သူတို့ကို ဘာလို့ အဲ့လိုဝန်ဆောင်မှုကို တကူးတကပေးမှာလဲ။
ယဲ့ဖန်သည် လူတိုင်းစားသောက်ပြီးသည်ကိုတွေ့တဲ့အခါ ခေါင်းကိုငြိမ့်ပြလိုက်သည်။
ထိုအခါ မန်နေဂျာထန်းမှ သူတို့ကို လမ်းပြသည်။
သူတို့ကလည်း အနောက်မှလိုက်ကြသည်။
သူတို့ရဲ့ သက်ဆိုင်ရာအခန်းများကိုတွေ့တဲ့အခါ ထပ်ပြီး အံ့ဩကြကုန်သည်။
ဒီအထက်တန်းစားဇိမ်ခံဟိုတယ်ကြီးသည် သူတို့တွေးထားတာထက် ပိုအဆင့်မြင့်လွန်းသည်။
အခန်းတိုင်းသည် ကြီးမားကျယ်ပြန့်ရုံသာမက အပြင်အဆင်တွေကလည်း မှင်သက်စရာကောင်းလှသည်။
အစိတ်အပိုင်းတစ်ခုချင်းစီတိုင်းက သေသပ်ဆန်းသစ်ပြီး ထူးခြားစစ်မှန်သည်။
ထို့အပြင် အပြင်အဆင်နှင့် အခန်းအရောင်များသည် တစ်ယောက်ချင်းစီတိုင်း၏အသွင်အပြင်ဖြင့်လိုက်ဖက်အောင် စီမံပြင်ဆင်ထားသည်။
မန်ရွှယ်၏အခန်းသည် တင့်တယ်သည့်အဖြူရောင်ဖြစ်သည်။
နျုံဟောက်ရန်၏အခန်းသည် ခေတ်ရှေ့ပြေးသည်။
အခြားအခန်းတွေကလည်း တစ်ခန်းကိုတစ်မျိုးစီ လှပဆန်းသစ်သည်။
ထိုအခန်းတွေက သူတို့ကို ပိုပြီး မယုံကြည်နိုင်ဖြစ်စေသည်။
မန်နေဂျာထန်းသည် သူတို့စိတ်တိုင်းကျနေသည်ကိုတွေ့တဲ့အခါ ကျေနပ်သွားပြီး ချက်ချင်းပြောလိုက်သည်။
" ဒါတွေကို ယဲ့လူကြီးမင်းက ကြိုတင်မှာကြားထားတာပါ။ သူက ခင်ဗျားတို့ရဲ့ သူငယ်ချင်းဆက်ဆံရေးကို အလွန်တန်ဖိုးထားမှန်း သိသာစေပါတယ် "
မန်ရွှယ်နှင့် ကျန်တဲ့သူများက ထိုစကားကိုကြားတဲ့အခါ ယဲ့ဖန်ကို ကျေးဇူးတင်သည့်အမူအရာများဖြင့်ကြည့်သည်။
တစ်ဖက်တွင် ယဲ့ဖန်ကတော့ မန်နေဂျာထန်းကို လေးစားစွာကြည့်လိုက်သည်။
တကယ်တော့ ယဲ့ဖန်သည် ဒါတွေကိုကြိုပြင်ထားရန် မမှာကြားထားပေ။
မန်နေဂျာထန်းကို အခန်းကြိုမှာထားရန်သာပြောပြီး သူ့သူငယ်ချင်းတွေရဲ့အခြေအနေကို အကြမ်းဖျင်းသာပြောပြထားတာဖြစ်သည်။
မန်နေဂျာထန်း ဤကဲ့သို့ တွေးပေးတတ်ပြီး သူ့ကို မျက်နှာရအောင်ပြောပေးလိမ့်မည်ဟု ထင်မထားပေ။
မန်နေဂျာထန်းသည် အလွန်အရည်အချင်းရှိသောသူတစ်ယောက်ဖြစ်ကြောင်း ပြောရပေမည်။
လူတိုင်းမှ နေရာချပြီးတာကိုတွေ့တဲ့အခါ ယဲ့ဖန်ကပြောလိုက်သည်။
" နောက်ကျနေပြီဆိုတော့ စောစောနားကြတော့လေ။ မနက်ဖြန်မနက်မှလာခေါ်လိုက်မယ် "
ဘယ်သူကမှ မငြင်းကြပေ။
သူတို့ကထရပ်ပြီး ယဲ့ဖန်ကိုတံခါးဆီသို့လိုက်ပို့ပေးကြသည်။
" ယဲ့ဖန်၊ ခဏလေးနေပါဦး "
ထိုအချိန်တွင် မန်ရွှယ်သည် ယဲ့ဖန်ကို ရုတ်တရက်တားလိုက်ပြီး သူမအခန်းသို့အပြေးပြန်ကာ တစ်ခုခုကိုရှာလာခဲ့သည်။
မကြာခင်တွင် ထူးခြားလှပစွာထုပ်ပိုးထားသောဘူးတစ်ခုကိုယူပြီး အခန်းထဲမှပြန်ထွက်လာသည်။
" နင် ဒီနေ့ ပိုက်ဆံတွေအများကြီးသုံးခဲ့တာဘဲ။ ဒါက နင့်အတွက်လက်ဆောင်၊ ယူလိုက်ပါ "
ယဲ့ဖန်သည် အများကြီးမတွေးဘဲ ချက်ချင်းလက်ခံလိုက်သည်။
" ဘာလဲ "
မန်ရွှယ်က ရှက်သွေးဖြာနေသည်။
" ငါ့အဖေက ဟောင်ပြည်နယ်ကို အလုပ်ခရီးသွားတုန်းက အပြန်ကျ လည်စည်းဝယ်ခဲ့ဖို့မှာလိုက်တာ။ နင်ကြိုက်မယ်လို့ထင်တယ် "
ယဲ့ဖန်သည် ဘူးကိုဖွင့်လိုက်တဲ့အခါ အလွန်လှပသောအပြာရောင်လည်စည်းကိုတွေ့လိုက်သည်။
" ကျေးဇူးဘဲ၊ ငါတော်တော်လေးကြိုက်တယ် "
ထိုသို့ပြောပြီးနောက် ယဲ့ဖန်သည် နျုံဟောက်ရန်နှင့် အခြားသူများဘက်ကိုလှည့်ကာ ပြရန်လည်း မမေ့ခဲ့ပေ။
" မင်းတို့လည်းတစ်ခုစီရကြတယ်မလား။ ဘာအရောင်တွေရလဲ "
ထိုအခါ ယဲ့ဖန်သည် သူတို့မှ နေရခက်စွာပြုံးနေသည်ကို မြင်လိုက်ရသည်။
နျုံဟောက်ရန်၏မျက်နှာကတော့ သုန်မှုန်သွားသည်။
အပိုင်း (၁၀၄)
ဒေါ်လေးတို့၊ ကျွန်တော် မရုန်းကန်နိုင်တော့ဘူး။
မန်ရွှယ်သည် သူတို့ကို လက်ဆောင်မပေးခဲ့မှန်းသိသာသည်။
ထိုအခါမှ ယဲ့ဖန်လည်း နေရခက်စွာပြုံးလိုက်သည်။
" အဲ့တာဆိုလည်း မင်းတို့ စောစောနားကျတော့၊ ငါ အရင်ပြန်နှင့်တော့မယ် "
ထိုသို့ပြောပြီးနောက် အပြာရောင်လည်စီးကိုယူပြီး အမြန်ပြန်သွားခဲ့သည်။
နျုံဟောက်ရန်သည် သူ့ဒေါသကို ဖုံးမထားနိုင်တော့ဘဲ မျက်နှာပေါ်တွင် အတိုင်းသားမြင်နေရသည်။ သူက မန်ရွှယ်ကိုကြည့်လိုက်သည်။
" နင့်အဖေကို နောက်တစ်ခုဝယ်ခဲ့ဖို့ မမှာလိုက်ဘူးလား "
မန်ရွှယ်သည် နှုတ်ခမ်းကိုစေ့လိုက်ပြီး ဂရုမစိုက်တဲ့အမူအရာပြောင်းလိုက်သည်။
" ငါ့အဖေက ခရီးဆောင်အိတ်ထဲမဆန့်တော့လို့ နောက်တစ်ခုဝယ်မလာတာပြောတယ် "
နျုံဟောက်ရန်၏မျက်နှာသည် သိသိသာသာပင်ရှုံ့တွသွားသည်။
သူ့ခရီးဆောင်အိတ်က အလေးချိန်ပိုသွားလို့တဲ့လား။
လည်စည်းလေးတစ်ခုက ဘယ်လောက်လေးမှာမလို့လဲ။
သူမသည် အကြောင်းပြချက်ပေးဖို့ကိုပင် မစဉ်းစားပေ။
သူမက ဒီအတိုင်း သူ့ကို တွန်းလွှတ်နေတာပေါ့၊ ဟုတ်လား။
တခြားသူတွေကလည်း သူတို့နှစ်ဦးကြားမှ လေထုက နေရခက်နေတာကြောင့် အခြေအနေကို ပြန်အသက်ဝင်လာစေရန် မြန်မြန်စကားဝင်ပြောကြတော့သည်။
" ယဲ့ဖန် အရမ်းပြောင်းလဲသွားတယ်လို့ မင်းတို့မထင်ကြဘူးလား။ သူ့ကို မှတ်တောင်မမှတ်မိဘူး "
" ဟုတ်တယ်၊ ဟုတ်တယ်။ ငါတို့နောက်ဆုံးတွေ့တာ တစ်နှစ်ကျော်လောက်ဘဲရှိသေးတာကို ဘယ်လိုဖြစ်ပြီး အဲ့လောက်ချမ်းသာလာရတာလဲ "
" သူက သေလောက်အောင်ချမ်းသာတဲ့သူဌေးကြီးတစ်ယောက်ယောက်ရဲ့ တရားမဝင်သားများလား။ ယွမ် ၁၀ ဘီလီယံလောက် အမွေရထားလို့များလား "
" နင် ဝတ္ထုတွေဖတ်တာများနေပြီ။ တရားမဝင်သားတဲ့လား။ လူပြန်ဝင်စားတာတို့ ပြန်လည်မွေးဖွားလာတာတို့သာပြောလိုက်ပါတော့ "
" ပြောရခက်တယ်ဟ။ မဟုတ်ရင် သူ ညတွင်းချင်း ချမ်းသာလာတာကို ဘယ်လိုရှင်းပြမှာလဲ "
" ဒါမှမဟုတ် စပွန်ဆာရှိတာများလား။ အခုခေတ်ချမ်းသာတဲ့မိန်းမတွေက သူ့လို ငယ်ငယ်ချောချောလေးတွေကို ဆွဲစားရတာကြိုက်တယ် "
" ဖြစ်နိုင်တယ်ထင်တယ်။ အမလေး၊ အားကျလိုက်တာ။ ငါရော ဘာလို့ ချမ်းသာတဲ့မိန်းမနဲ့မတွေ့ရတာလဲ "
" ဟုတ်တယ်။ အဒေါ်ကြီးတို့ရေ ကျွန်တော်ဆက်ပြီးအလုပ်ရုန်းကန်မကြိုးစားချင်တော့လို့ပါ "
လူတိုင်းက ယဲ့ဖန်ကို စနောက်ကြသည်။
ဘေးကနေနားထောင်နေသောမန်ရွှယ်က မျက်မှောင်ကြုတ်သထက်ကြုတ်လာသည်။
" နင်တို့ ပေါက်တက်ကရပြောတာတွေရပ်လို့ရမလား။ ယဲ့ဖန်က အဲ့လိုလူမဟုတ်ဘူး "
လူတိုင်းက သူတို့ပါးစပ်ကို ချက်ချင်းပိတ်လိုက်ကြသည်။
တစ်ချိန်တည်းမှာဘဲ သူတို့က နျုံဟောက်ရန်ကို သနားစွာကြည့်လိုက်ကြသည်။
ကြည့်ရတာ မမလေးမန်က ယဲ့ဖန်ကို တကယ်ကြီးကြိုက်နေတယ်ထင်တယ်။
မဟုတ်ရင် သူမက ယဲ့ဖန်ဘက်ကနေ ဘာလို့ ကာကွယ်ပြီးပြောပေးမှာလဲ။
နျုံဟောက်ရန်၏မျက်နှာဖျော့တော့သွားသည်။
မန်ရွှယ်က ယဲ့ဖန်ဘက်မှ လိုက်ပြောတာကို သူမကျေနပ်သော်လည်း ဒီနေ့တွင်မြင်လိုက်သော ယဲ့ဖန်၏အင်အားကြောင့် နျုံဟောက်ရန် စိတ်ဓာတ်ကျသွားသည်။
သူသည် တကယ်ဘဲ မန်ရွှယ်ကို ယဲ့ဖန်ဆီမှ လုပြေးလိုက်ချင်သည်။
သူသည် ယဲ့ဖန်နှင့် ယှဉ်ပြိုင်လို့ရသည့်အနေအထားမရှိပေ။
ရုပ်ရည်အသွင်အပြင်နှင့် ကိုယ်နေဟန်ထားတို့ယှဉ်ပါက ယဲ့ဖန်ကလည်း သူ့ထက်မနိမ့်ကျပေ။
နျုံဟောက်ရန်သည် သူ့အတွက် ဂုဏ်အယူဆုံးဖြစ်ငည့် ကြွယ်ဝမှုသည်လည်း တစ်ဖက်သူကြောင့် ချက်ချင်းအရှုံးပေးလိုက်ရသည်။
ထို့အပြင် မန်ရွှယ်က ယဲ့ဖန်အပေါ်သို့ အမြင်ကောင်းရှိသည်။
ဘယ်လိုဘဲကြည့်ပါစေ သူ့မှာ အခွင့်အရေးမရှိတော့ပေ။
ထိုအတွေးကြောင့် နျုံဟောက်ရန်စကားပြောဖို့ပင် စိတ်မပါတော့ချေ။
လူတိုင်းသည် အချိန်အတော်ကြာ စကားဆက်ပြောနေခဲ့ကြသည်။
အဓိကအကြောင်းအရာမှာ ယဲ့ဖန်အကြောင်းသာဖြစ်သည်။
မသိလိုက်ခင်မှာပင် ညသန်းခေါင်ကျော်သွားခဲ့သည်။
" ယဲ့ဖန် အခု ဘာလုပ်နေတယ်လို့ နင်တို့ထင်ကြလဲ။ သူ အခုဆို အိပ်နေလောက်တယ်မလား "
" ငါသာ သူ့လိုချမ်းသာလို့ကတော့ ငါ့ရဲ့ညဘဝလေးက အရမ်းကို သာယာကြွယ်ဝနေမှာ။ အခုဆို နိုက်ကလပ်တွေသွားပြီး မိန်းကလေးတွေနဲ့ ကဲနေလောက်ပြီ "
" မဖြစ်နိုင်တာ။ ယဲ့ဖန်ပုံစံက အဲ့လိုလုပ်မယ့်ပုံမပေါ်ပါဘူး "
" အဲ့တာက နင် ယောက်ျားတွေကို နားမလည်လို့လေ။ ယောက်ျားတွေက ပိုက်ဆံရှိလာတာနဲ့ အဆိုးဘက်ကို ပြောင်းလဲကုန်ကြတာ .......... "
သူတို့စကားဝိုင်းကိုနားထောင်နေရင်း မန်ရွှယ် အနည်းငယ် မပျော်မရွှင်ထပ်ဖြစ်လာသည်။
" နင်တို့က ယဲ့ဖန်မှာပေးထားတဲ့ဟိုတယ်မှာနေနေကြပြီးတော့ သူ့နောက်ကွယ်မှာ မကောင်းကြောင်းပြောနေကြတာဘဲ။ အဓိပ္ပာယ်ရောရှိကြသေးရဲ့လား "
နျုံဟောက်ရန်က ချက်ချင်း ဝင်ထောက်ခံသည်။
" သူတို့ပြောတာ အဓိပ္ပာယ်ရှိတယ်လို့ငါထင်တယ်။ ယဲ့ဖန်လို ငယ်ပြီးချမ်းသာတဲ့သူတွေက လွယ်လွယ်ကူကူနဲ့ ငွေမာယာနောက်မြောပါသွားကြတာ။ သူအခုဆို သူဌေးတွေရဲ့ဇိမ်ခံဘဝမှာဘဲပျော်မွေ့နေလောက်ပြီ "
မန်ရွယ်က အေးစက်စက်ဖြင့် ဟွန့်ခနဲလုပ်လိုက်သည်။
" လူတိုင်းက နင့်လိုထင်နေလား "
သူမသည် ယဲ့ဖန်ဘက်မှ ကာကွယ်ပြောဆိုပေးနေသည်ကိုမြင်ပြီး နျုံဟောက်ရန် အရှက်ရကာ ဒေါသပေါက်ကွဲထွက်တော့သည်။
" ငါနဲ့ ဘယ်လိုလုပ်ယှဉ်လို့ရမှာလဲ။ သူ့လို ကျိကျိတက်ချမ်းသာတဲ့သူတွေထဲက ဘယ်နှစ်ယောက်ကများ သန့်သန့်ရှင်းရှင်းရှိလို့လဲ "
မန်ရွှယ်က ချက်ချင်း သူမဖုန်းကိုထုတ်လိုက်သည်။
" ငါကတော့ ယဲ့ဖန်ကိုယုံတယ်။ သူက သေချာပေါက်အဲ့လိုလူမျိုးမဟုတ်ဘူး "
ထို့နောက် သူမက ချက်ချင်းဗီဒီယိုဖုန်းကော်လ်ခေါ်လိုက်သည်။
လျင်မြန်စွာဖြင့် ဖုန်းဝင်သွားခဲ့သည်။
ယဲ့ဖန်သည် ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင်ထိုင်နေသည်။
" မန်ရွှယ်၊ ဘာကိစ္စလဲ "
မန်ရွှယ်မျက်နှာတွင် ချက်ချင်းပင် လှပသောအပြုံးလေးတစ်ခုပေါ်လာကာ မေးလိုက်သည်။
" ယဲ့ဖန်၊ နင်ဘာလုပ်နေတာလဲ "
ယဲ့ဖန်သည် ဖုန်းကင်မရာကို တစ်ဖက်လှည့်ပြလိုက်သည့်အခါ စားပွဲပေါ်မှ စာအုပ်အပုံလိုက်ကြီးကိုတွေ့လိုက်ရသည်။
" စာမေးပွဲနီးနေပြီလေ၊ အချိန်ရှိတုန်းအိမ်စာတွေပြန်လုပ်ရမယ်လေ "
သူငယ်ချင်းအုပ်စုသည် ယဲ့ဖန်၏အိမ်ထဲမှ အပြင်အဆင်တွေကို အရင်ဆုံးမြင်ပြီး အံ့ဩသွားကြသည်။
ထို့နောက် စားပွဲပေါ်ရှိစာအုပ်အထပ်လိုက်ကြီးကြောင့် နားမလည်ဖြစ်ကုန်ကြသည်။
ရှေးအဆိုအရပြောရမည်ဆိုလျှင် "ကိုယ့်ထက်ဘယ်လောက်ဘဲတော်နေပါစေ၊ မကြောက်သင့်ပေ" ဆိုသည့်အတိုင်းဖြစ်သည်။
သင့်ထက်ထူးချွန်နေကြတဲ့သူများဟာ သင့်ထက်ပိုကြိုးစားနေကြတဲ့သူများဖြစ်ကြသည်။
သူတို့ကတော့ အားလပ်ရက်မှာ ခရီးထွက်လာပြီး အနားယူနေကြသည်။
ယဲ့ဖန်ကတော့ ချမ်းသာနေတာတောင်မှ စာကြိုးစားနေသေးသည်။
တစ်ဖက်သူကို နိုက်ကလပ်တွေသွားပြီး ပျက်စီးနေသည့် ပေါ်ကြော့သူဌေးတစ်ယောက်ဟု စွပ်စွဲခဲ့သည်မှာရယ်ချင်စရာကောင်းလှသည်။ ယဲ့ဖန်နှင့်ယှဉ်ပါက သူတို့သည် မျက်နှာမပြရဲလောက်အောင် ရှက်စရာကောင်းနေသည်။
" နင်လည်းစောစောနားတော့လေ။ နောက်ကျတဲ့ထိမနေနဲ့ဦး။ ကောင်းသောညပါ "
မန်ရွှယ်သည် ယဲ့ဖန်နှင့် အတော်ကြာစကားပြောပြီးတဲ့နောက် ဖုန်းချလိုက်တော့သည်။
ထို့နောက်မန်ရွှယ်မှ သူတို့အုပ်စုကိုကြည့်လိုက်သည်။
" အခုနင်တို့ပြောစရာစကားမရှိကြတော့ဘူးမလား။ ကိုယ်က လူဆိုးဖြစ်နေပြီး လူကောင်းကို သွားမဝေဖန်သင့်ဘူးမလား "
လူတိုင်းက တွေဝေစွာဖြင့် ခေါင်းကို ငုံ့လိုက်ကြသည်။
နျုံဟောက်ရန်သည်လည်း စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။
သူသည် မန်ရွှယ်မှ ယဲ့ဖန်အပေါ်အကောင်းမြင်နေစိတ်ကို ဖျက်ဆီးပစ်ချင်တာဖြစ်သည်။
ယဲ့ဖန်ပုံရိပ်ကောင်းကို ပေါ်လွင်စေမည့်အခြေအနေကို ဖန်တီးပေးမိလိုက်မည်ဟု ဘယ်သူကထင်ထားမှာလဲ။
သူနှင့် မန်ရွှယ်တို့ကြားတွင် လုံးဝမျှော်လင့်ချက်မရှိတော့ပေ။
...........................
ကျုံးထျန်းကန်သာယာစံအိမ်။
ယဲ့ဖန်သည် စာအုပ်အပုံလိုက်ကြီးကို ခပ်ချဉ်ချဉ်အမူအရာဖြင့်ကြည့်လိုက်သည်။
သူ စာလုပ်ချင်နေတယ်များထင်လို့လား။
ပြဿနာက ကျောင်းအုပ်ကြီးဟူမှ သူ့ကို ဖုန်းဆက်လာတာကြောင့်ဖြစ်သည်။
ဘာသာရပ်အားလုံးမအောင်မြင်ပါက ကျောင်းပျက်ချင်တိုင်းပျက်ခွင့်ကို ပြန်ရုတ်သိမ်းမည်ဟုပြောခဲ့ခြင်းကြောင့်ဖြစ်သည်။
ယဲ့ဖန်တွင်ရွေးစရာမရှိပေ။
သူသည် ဒီအတောအတွင်းပျက်ခဲ့တဲ့သင်ခန်းစာတွေအတွက် ကြိုးစားလေ့လာရတော့မည်ဖြစ်သည်။
သို့ပေမဲ့ စာအုပ်ကိုကြည့်လိုက်တာနဲ့ ယဲ့ဖန်အတွေးတွေလွင့်ပြယ်လာတော့သည်။
တွေးကြည့်မှ မန်ရွှယ်သည် အရင်ကထက်ပို၍ပင်လှလာသည်။
သူမသည် ရင့်ကျက်သည့်အမြင်လည်းရှိသေးသည်။
ထိုအတွေးကြောင့် သူမ ပေးထားသည့် အပြာရောင်နိုက်ကတိုင်လည်စီးကို ထုတ်ကြည့်လိုက်သည်။
သူမမှာ အမြင်ကောင်းလည်းရှိသေးသည်။
လိုက်ဖက်တာလေးရွေးတတ်သားဘဲ။