တစ်ဦးစီ၏ ကိုယ်ပိုင်ရည်မှန်းချက် များ၊ ကစားခြင်း
Vol. 2 Ch. 17
ကျန်းကျဲ့သည် မြေကြီးပေါ်တွင် ထိုင်လျက် ခွေးလေး ရေနွေးသောက်နေသည်ကို ကြည့်နေသည်။
သူသည် အိမ်မွေးခွေးများကို ကြိုက်နှစ်သက်သော်လည်း မွေးရန် အခြေအနေ မပေးခဲ့သောကြောင့် တစ်ခါတစ်ရံ အစားအစာအနည်းငယ်ဖြင့် လမ်းဘေးခွေးများကို ကျွေးမွေးတတ်သည်။
ဤခွေးလေးသည် ကျန်းကျဲ့အပေါ် သတိထားမှုကို လျော့ချလိုက်ပုံရပြီး သူ့အနားသို့ ကပ်လာသည်။ ကျန်းကျဲ့က လက်လှမ်းကြည့်ရာ ခွေးလေးက နောက်မဆုတ်ဘဲ အခြားတုံ့ပြန်မှုမျိုး မရှိသည်ကို တွေ့သောအခါ လက်ချောင်းဖြင့် သူ၏ ခေါင်းကို ညင်သာစွာ ထိပြီးနောက် ညင်သာစွာ ပွတ်သပ်ပေးသည်။
ခွေးလေးက ခေါင်းမော့၍ နမ်းကာ အလွန် နာခံမှုရှိစွာ ပွတ်သပ်ခံသည်။
ကျန်းကျဲ့ ပို၍ နှစ်သက်လာကာ မျက်နှာပေါ်တွင် အပြုံး ပေါ်လာသည်။ ဤခွေးလေးသည် တကယ်ပဲ လမ်းဘေးခွေးလား မသိပေ။ ပိုင်ရှင် ရှိလျှင် သူ ခေါ်သွား၍ မကောင်းပေ။
သူ၏ ဘဝ တိုးတက်လာပြီး အိမ်မွေးတိရစ္ဆာန် မွေးနိုင်သောအခါ ဤခွေးကို ထပ်တွေ့နိုင်ဦးမလား သူ မသိပေ။
သင်တန်းကျောင်းဝင်းထောင့်တွင် ချန်းယန်နှင့် မိန်းကလေးတစ်ဦး စကားပြောနေကြသည်။
"နင် ဘာဖြစ်နေ တာလဲ? နငိ ဘာလို့ သူ့အနားကို အရမ်းကပ်နေ တာလဲ " ဟု မျက်လုံးပြူးပြူးနှင့် မိန်းကလေးက ချန်းယန်ကို ကြည့်ရင်း မေးလိုက် သည်။
"အိုး၊ နင်က ဘာလို့ ဒီလောက် စပ်စုနေ တာလဲ? သူပန်းချီ ဆွဲတာ တော်တယ်လေ ငါတို့ အတန်းထဲက ဘယ်သူမှ သူ့ကို မမှီဘူး။ ငါ ပိုသင်ချင်တယ်" ဟု ချန်းယန်က သူမ၏ ဆံပင်ကို ကိုင်ရင်း ပြောလိုက်သည်။
"နင် သင်ချင်ရင် ဆရာ့ဆီက သင်လို့ မရဘူးလား?"
"ငါတို့ဆရာက သင်ပြတာ နည်းတယ်။ ငါ လိုချင်တယ့်အထိ မရောက်နိုင်သေးဘူး"
"မဟုတ်ပါဘူး၊ ခုနက နင် ဘီစကစ်ကို သူ့ပါးစပ်ထဲ ခွံ့ ကျွေးနေ တာ ငါတွေ့လိုက်တယ်နော်" ဟု မျက်လုံးပြူးပြူးနဲ့ မိန်းကလေးက အသံကို တိုးလိုက် ကာ "လုံးဝ ပြဿနာရှိနေ တယ်" ဟု ပြောလေ သည်။
"မဟုတာတွေ လျှောက်မပြောနဲ့၊ ငါ နင့်ကိုလည်း ခွံ့ကျွေးဖူးတာပဲလေ" ဟု ချန်းယန်က ငြင်းသည်။
မိန်းကလေးက မရမနေ ဆက်ပြောသည်။ "နင် ချစ်မိ သွား တာလား? ကောင် လေးတွေ အများကြီး နင့်ကို လိုက်နေတာတောင် ဒီလို တခါမှ ပြန်မတုန့်ပြန်ဖူးဘူး ။ ဒီနေ့ သူနဲ့ ပထမဆုံးအကြိမ် တွေ့ တာ မဟုတ်လား ? နင်တို့ အရင်က သိနေ ကြတာ လား?"
"မသိပါဘူးနော်"
"ဒါနဲ့... သူက သိပ်မချောဘူးနော်!"
"ဘယ်သူပြောလဲ? ငါ့အထင်တော့ သူက ချောရုံတင်မကဘူး၊ စတိုင်လ်လည်း အရမ်းရှိတယ်။ တခြားယောကျ်ားလေးတွေလို ရည်မှန်းချက် မရှိတာမျိုး မဟုတ်ဘူး" ဟု ချန်းယန်က ပြန်ချေပသည်။
မျက်လုံးပြူးပြူးနဲ့ မိန်းကလေး: "အို... မဟုတ်လောက်ပါဘူး? နင် သူ့အကြောင်း သိနေ တာလား? နင့်ရဲ့အချစ် မျက်စိနဲ့မှ မြင်ရတာလား?"
"နင်ပဲ အချစ်မျက်စိ ရှိတာ " ဟု ချန်းယန်က အနည်းငယ် စိတ်ဆိုးစွာဖြင့် ပြောလေ သည်။
"အဲ၊ ငါ နင့်ကို သတိပေးအုန်း မယ်။ သူ့ဘေးနားမှာ မိန်းကလေးတစ်ယောက် ရှိတယ်။ သူ့နားကို အရမ်းကပ်နေ တာ ။ သူတို့ ချစ်သူတွေ ဖြစ်နေ နိုင်တယ်နော်"
ချန်းယန်က သူငယ်ချင်းကို ယုံကြည်မှုရှိစွာ ကြည့်ရင်း "စိတ်မပူ ပါနဲ့၊ နင် ဘယ်သူ့အတွက် ပြောနေလဲဆိုတာ ငါသိတယ်။ နင် ကြိုက်ရင် ယူလိုက်လေ ၊ ငါကတော့ မကြိုက်ဘူး။ ကျန်းကျဲ့နဲ့ အဲဒီမိန်းကလေးက အတန်းဖော် တွေလို့ ပြောပေမယ့် ဆက်ဆံရေးက မရင်းနှီးကြ ဘူး။ နောက်ပြီး၊ ငါ့မှာ အခုလောလောဆယ် အဲ့လို စိတ်ကူးမရှိသေးဘူး" ဟု ပြောသည်။
မျက်လုံးပြူးပြူးနဲ့ မိန်းကလေးက ပြန်ချေပ ပြောခံရတော့ ဒေါသထွက်ပြီး ချန်းယန်ခါးကို လှမ်းလိမ် လိုက်သည်။ "မျက်လုံးဖြူမြေခွေးမ ... နင် ဒီလိုပြောတာနဲ့... ငါက ယုံစရာလား? လာဦး ငါ သေချာ ကြည့်အုန်းမယ်"
ချန်ယန် ရှောင်လိုက်သည်။ "ဘာကြည့်မလို့ လဲ?"
"နင် မြင်မြင်ချင်း ချစ်မိသွားတာပဲ မဖြစ်ဘူး၊ ခဏနေရင် ကျန်းကျဲ့ကို သေချာ ကြည့်ရဦးမယ်။ သူ ဘာများ လုပ်နိုင်လဲလို့..."
"နင် လျှောက်မလုပ်နဲ့နော်!"
နှစ်ယောက်သား ရန်ဖြစ်ရင်း ပန်းချီခန်းသို့ လျှောက်သွားကြသည်။
စင်္ကြံပေါ် လျှောက်သွားနေသော ကျောင်းသားများသည် ကျန်းကျဲ့ ခွေးလေးကို ဆော့ကစားနေသည်ကို တွေ့လိုက်ရသည်။ "ကျန်းကျဲ့၊ ဒီခွေးလေး ဘယ်ကရောက် လာတာလဲ?"
အခြားသူများလည်း လာကြည့်ကြသည်။ ခွေးလေးသည် အလွန်ကြောက်တတ်သောကြောင့် ချက်ချင်း လှည့်ပြေးသွားပြီး မကြာမီ ပျောက်သွားသည်။
ကျောင်းသားတစ်ယောက်က "မနက်က ဒီခွေးလေးကို မြင်ဖူးတယ်၊ ဒီနားမှာပဲ သွား နေတာ၊ ပိုင်ရှင် မရှိဘူး ထင်တယ်၊ ညစ်ပတ်နေတာပဲ၊ လမ်းဘေးခွေးနဲ့ တူတယ်" ဟု ပြောသည်။
ထိုအခါ လူတစ်ယောက်က စာသင်ချိန် စပြီဖြစ်ကြောင်း လှမ်းခေါ်လိုက်သည်။
ကျောင်းသားများ ပန်းချီခန်းသို့ ပြန်သွားကြသည်။ ကျန်းကျဲ့က လက်ဆေးပြီးနောက် ပန်းချီဆွဲခြင်းကို ပြန်စဆွဲလေ သည်။
ဒီဇိုင်းဆွဲခြင်း ပြီးနောက် သူ အချိန်ကြည့်လိုက်ရာ ၄ နာရီကျော်နေပြီ ဖြစ်သည်။
ဆရာက ကျောင်းသားအများစု ဒီဇိုင်းဆွဲခြင်း ပြီးစီးသည်ကို စောင့်ပြီးနောက် လက်ရာများကို စု၍ ဝေဖန်သုံးသပ်ပေး သည်။
ဒီဇိုင်း ဒါဇင်ပေါင်းများစွာကို တစ်ခါတည်း ထားလိုက်သောအခါ လှပမှုနှင့် ဆိုးရွားမှုမှာ ထင်ရှားစွာ မြင်သာသည်။
ဆရာကျန်းက ကျန်းကျဲ့၏ ပန်းချီ လက်ရာကို သုံး၍ ထပ်ရှင်းပြသည်။
ကျန်းကျဲ့သည် ဤအခြေအနေကို အသားကျနေပြီဖြစ်ပြီး လူများ၏ အကြည့်များကို ငြိမ်သက်စွာ ရင်ဆိုင်လိုက်သည်။
ဆရာက မနက်ဖြန် လုပ်ရမည့် အရာများကို မှာကြားပြီးနောက် စာသင်ချိန် ပြီးသွား သည်။
ကျောင်းသားများ ပစ္စည်းသိမ်းနေစဉ် ခေါင်းလောင်းသံ မြည်လာသည်။
ကျန်းကျဲ့ ခဏမျှ နားထောင်ပြီးမှ ၎င်းသည် သူ၏ ဖုန်းဖြစ်ကြောင်း သိလိုက်ရသည်။
ဖုန်းကို ထုတ်ယူကာ ခေါ်ဆိုမှုလက်ခံသည့် ခလုတ်ကို နှိပ်လိုက်သည်။
ဖုန်းရှိသော ကျောင်းသား အလွန်နည်းသောကြောင့် ဤမြင်ကွင်းကို မြင်ရသောအခါ သတိထား၍ အကြည့်လွှဲကြသည်။
ချန်းယန်ကမူ ကျန်းကျဲ့ကို ကြည့်နေပြီး ရှောင်းယူဖန်း၏ အကြည့်နှင့် ဆုံ မိသည်အထိပင်။
ကျန်းကျဲ့ကို ဖုန်းခေါ်သူမှာ ပန်းချီပစ္စည်းဆိုင် ပိုင်ရှင်ဖြစ်သည်။
ကျန်းကျဲ့ ဖုန်းရ ပြီးနောက် ဆိုင်ပိုင်ရှင်အား သူ၏ နံပါတ်ကို ပေးထားခဲ့သည်။
ဆိုင်ပိုင်ရှင်က ကျန်းကျဲ့ မှာထားသော ပန်းချီတင်ခုံ ရောက်နေပြီဖြစ်ကြောင်းနှင့် မည်သည့်အချိန်မဆို လာယူနိုင်ကြောင်း ပြောလေ သည်။
"ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ်။ကျွန်တော် ဒီနေ့ပဲ လာယူပါ့မယ်"
ကျန်းကျဲ့ ဖုန်းချပြီးနောက် ရင်းနှီးသော သူငယ်ချင်းများ သူ့ကို ကြည့်နေကြ သည်ကို တွေ့လိုက်ရသည်။
"ဘာဖြစ်လို့လဲ?"
"မင်း ဘယ်တုန်းက ဖုန်းဝယ်လိုက်တာလဲ?"
"မကြာသေးခင်ကမှ ဝယ်လိုက်တာ။ ဆက်သွယ်ရ အဆင်ပြေအောင်လို့"
"ရှင့်ဖုန်း နံပါတ်ကို ကျွန်မကို ပေး လို့ရမလား?" အခြားသူငယ်ချင်း များက ကျန်းကျဲ့ ဖုန်းရှိနေသည်ကို အံ့သြနေကြဆဲတွင် ချန်းယန်က ကျန်းကျဲ့၏ဖုန်း နံပါတ်ကို တောင်းနေလေ သည်။
"ငါတို့ ဖုန်းနံပါတ်ချင်း လဲ ကြတာပေါ့ " ဟု ကျန်းကျဲ့က ပြောသည်။
"ကောင်းပြီ" ဟု ချန်းယန်က စာရွက်တစ်ရွက် ယူလိုက်ကာ သူမအိမ်၏ ကြိုးဖုန်းနံပါတ်ကို ချရေး ပြီး ကျန်းကျဲ့နှင့် လဲလိုက် သည်။
ရှောင်းယူဖန်းနှင့် အခြားအတန်းဖော်များက ထိုအခါမှ သတိပြုမိကြပြီး ကျန်းကျဲ့၏ ဖုန်း နံပါတ်ကို အပြေးအလွှား မှတ်ကြလေ သည်။
"ရှင် ပစ္စည်းသွား ဝယ်မလို့ လား?" ဟု ချန်းယန်က မေးသည်။
"ငါ ပန်းချီတင်ခုံ မှာထားတာ သွားယူရမှာ။ မင်းတို့နဲ့ စကား မပြောတော့ဘူး၊ ငါ အရင်သွားနှင့် ပြီ" ဟု ကျန်းကျဲ့က ပန်းချီပစ္စည်းအိတ်ကို ကျောပိုးလိုက်သည်။
"ဟေး" ဟု ချန်းယန်က ခေါ်ရန် ပြင်နေစဉ် သူမ၏ သူငယ်ချင်းက "ယန်ဇီ၊ ငါတို့ အတူတူသွားကြ မယ်" ဟု ပြောလိုက်သည်။ ကောင် လေးအချို့လည်း အနားကပ် လာကြ သည်။
ချန်းယန် အနည်းငယ် နှေးနေစဥ် ကျန်းကျဲ့ ပန်းချီခန်းမှ ထွက်သွားသည်ကို တွေ့လိုက်ရသည်။
ကျန်းကျဲ့သည် ချန်းယန်၏ အပြုအမူကို သတိပြုမိပြီးဖြစ်သည်။ ထိုမိန်းကလေးသည် လှပသည်ဟု ထင်မြင်သော်လည်း သူသည် မည်သူ့ကိုမျှ မလိုက်ချင်သေးဘဲ အလျင်လိုခြင်းလည်း မရှိပေ။ ငါ ထပ်စောင့်ကြည့်တာပေါ့ကွာ
"ကျန်းကျဲ့၊ အတူတူ ဘတ်စ်ကားစီးရအောင်"
ကျန်းကျဲ့သည် ရှောင်းယူဖန်း၏ အသံကို ကြားလိုက်ရာ သူမ လိုက်လာသည်ကို တွေ့လိုက်ရသည်။
"မင်း ဘတ်စ်ကားစီးမလို့လား?"
"ဟုတ်တယ်၊ နင်လည်း နံပါတ် ၁၅ ဘတ်စ်ကား စီးမလို့လား?" ဟု ရှောင်းယူဖန်းက သေချာစဥ်းစားပြီး ပြောလိုက်သည်။
"သွားရအောင်" ဟု ကျန်းကျဲ့က ရယ်မောရင်း ပြန်ဖြေသည်။
လူသွားလမ်းပေါ် လမ်း လျှောက်နေစဉ် ရှောင်းယူဖန်းက စကားစလိုက်သည်။ " အဲဒီ ချန်းယန်က နင့်ကို တမင်တကာ ချဉ်းကပ်လာတယ်လို့ ထင်လား?"
"ထင်တယ်"
"နင် သတိထားနော်၊ ဒီလိုမိန်းကလေးတွေက ဉာဏ်နီဉာဏ်နက် အရမ်းများတယ်။ ကြည့်ပါဦး၊ သူက သူ့ဘေးနားမှာ ကောင်လေးတွေဝိုင်းနေတာတောင် မကျေနပ်နိုင်သေးဘူး" ဟု ရှောင်းယူဖန်းက အစ်မတစ်ယောက်က မောင် လေးကို ဂရုစိုက်သကဲ့သို့ပြောလေသည်။
"အင်း... အင်းပါ..." ဟု ကျန်းကျဲ့က ပြန်ဖြေစဉ် ရယ်ချင်စိတ်ကို ထိန်းထားသည်။ မင်းလည်း သူ့လိုပါပဲ စကားလုံးတွေက လူတွေကို စော်ကားနေတာပဲ တမင်တကာ၊ ဉာဏ်နီဉာဏ်နက် ကောင် လေး၊ ဒီစကားလုံးတွေကို သုံးပြီးတော့ပေါ့
သူသည် စကားပြောရတာ ပျော် နေသော ရှောင်းယူဖန်းကို လှည့်ကြည့်ကာ "မင်းက သူ့ထက် ပိုပြီး လှည့်ဖြားတတ်တယ်" ဟု စိတ်ထဲက တွေးလိုက်သည်။
ရှောင်းယူဖန်းက ကျန်းကျဲ့၏ မူမမှန်မှုကို လျင်မြန်စွာ သတိပြုမိသည်။
"သူမက နင့် ဒီဇိုင်းဆွဲ တော် လို့ပဲ ကြည့်တာ ဖြစ်နိုင်တယ်။ သူ သင်ပြီးရင် တခြားလူနောက် ကို လိုက် သွားမှာပဲ။ နင် ချစ်မိသွားပြီလား?"
သူမသည် ကျန်းကျဲ့က "အင်း" ဟုသာ ပြန်ဖြေ သည်ကို တွေ့ သောအခါ ချက်ချင်း အမြင်ပြောင်းလိုက်သည်။ "နင် မမေ့နဲ့၊ နင်တို့က ပြိုင်ဘက်တွေလေ"
"ငါ သိပါတယ်၊ မင်း သတိပေးတာ ကျေးဇူးတင်ပါတယ်"
နှစ်ယောက်သား ခဏတာ သွားပြီးနောက် ဘတ်စ်ကားဂိတ်သို့ ရောက်လာလေ သည်။
ကျန်းကျဲ့က လှည့်ကြည့်လိုက်သည်။ "အတော်ပဲ၊ ကားလာနေပြီ။ မင်း အရင်တက်လေ"
ရှောင်းယူဖန်းက သူ မတက် သည်ကို မြင်သောအခါ "နင် ဒီကား မစီးချင်ဘူးလား?" ဟု မေးသည်။
"ငါ ဘတ်စ်ကား စီးမယ်လို့ မပြောမိပါဘူး။ ငါ တကယ် ပစ္စည်းဝယ်ဖို့ သွားမှာ။ နောက်မှ ပြန်တွေ့မယ်" ဟု ပြောပြီးနောက် ကျန်းကျဲ့က အိတ်ကို လွယ် ကာ ဘတ်စ်ကားဂိတ်မှ ထွက်သွားသည်။ ရှောင်းယူဖန်းအပေါ် ထိုသို့သော စိတ်မရှိသောကြောင့် သဘာဝအတိုင်း ပေါ့ပေါ့ပါးပါးပင်။
"နင်..." ရှောင်းယူဖန်းသည် ကျန်းကျဲ့အပေါ် ချစ်မိ သော်လည်း သူ့ကို လိုက်ရန် မဖြစ်နိုင်ပေ။
ယနေ့တွင် မိမိထက် ပိုလှသော ချန်းယန်ကို တွေ့လိုက်ရသောအခါ အနိုင်ရလိုစိတ် ပေါ်လာခဲ့သော်လည်း ကျန်းကျဲ့က ဤသို့ လှည့်စားသွား လိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူမသည် ဒေါသဖြင့် ဘတ်စ်ကားပေါ် တက်သွားပြီး ဘတ်စ်ကားလစဉ်လက်မှတ်ကို ရှာသော်လည်း ဘယ်လိုမှ ရှာမတွေ့ပေ။
ထိုအခါ ယာဉ်မောင်းက စိတ်မရှည်တော့ဘဲ "ပိုက်ဆံ ထည့်မလား၊ လက်မှတ် ပြမလား?" ဟု မေးသည်။
ရှောင်းယူဖန်းက သနားစရာကောင်းသော ပုံစံဖြင့် ကောင်လေးများကို အနိုင်ယူလေ့ရှိသည့် နည်းလမ်းကို အသုံးပြုရန် ကြံသည်။
သို့သော် ဤယာဉ်မောင်းမှာ အမှန်ပင် ကျွမ်းကျင်သူဖြစ်သောကြောင့် ဤနည်းလမ်းကို လုံးဝ လက်မခံပေ။ "လစဉ်လက်မှတ်မရှိရင် ပိုက်ဆံထည့်"
ရှောင်းယူဖန်းက စိတ်ပျက်စွာဖြင့် အကြွေစေ့များကို ထုတ်ကာ ပိုက်ဆံ ပုံးထဲသို့ ထည့်လိုက်သည်။
သူမ နေရာလွတ်တစ်ခု ရှာပြီး ထိုင်လိုက်သောအခါ လစဉ်လက်မှတ်သည် သူမ၏ အိတ်ထဲတွင် ရှိနေသည်ကို တွေ့လိုက်ရသည်။ "စိတ်တိုစရာ ကျန်းကျဲ့၊ အကုန် နင့်ကြောင့်ပဲ”