← Chapters

ပြဿနာကို ရင်ဆိုင်ခြင်း၊ ဆုရသတင်း

Vol. 2 Ch. 19

ပြဿနာကို ရင်ဆိုင်ခြင်း၊ ဆုရသတင်း

Vol. 2 Ch. 19

ဒီဇိုင်းသင်တန်း၏ တတိယနေ့၌ ဆရာကျန်းက စာလုံးပုံစံပြောင်းလဲ ဒီဇိုင်းဆွဲနည်းများကို စတင်ရှင်းပြပါသည်။ ဤသည်ကား လက်ရေးလှ ဒီဇိုင်း၏ အလွန်စိတ်ဝင်စားဖွယ်ကောင်းသော အစိတ်အပိုင်းတစ်ရပ်ပင် ဖြစ်သည်။

ဆရာကျန်းက ကျောက်သင်ပုန်းပေါ်၌ စာလုံးများကို ခွဲထုတ်၍ တစ်စိတ်တစ်ပိုင်း ပုံစံပြောင်းလဲခြင်း၊ သို့မဟုတ် အလှဆင်ပစ္စည်းများ ထပ်ထည့်ခြင်းစသည့် နည်းလမ်းများကို ရေးဆွဲ ပြ၏။

ဉာဏ်ကောင်း သော ကျောင်းသားတို့သည် ဝမ်းသာအားရ ကြည့်နေကြပြီး လက်တွေ့စမ်းသပ်ရန် ပြင်ဆင်နေကြ ပါသည်။ ဉာဏ်သိပ်မကောင်း သော ကျောင်းသားတို့မှာမူ ခေါင်းကုတ်စ ပြုနေကြပေပြီ။

ဆရာကျန်းသည် ကျောင်းသားတိုင်း မေးခွန်းများကို ဖြေဆိုနိုင်ရန် စာလုံးပုံစံပြောင်းလဲသည့် နည်းလမ်း (၂) ခုမှ (၃) ခုအထိ အနည်းဆုံး တတ်ထားရန် လိုသည်ဟု ပြောလေ သည်။

ဤသို့သော ဒီဇိုင်းမျိုး ဖန်တီးရာတွင် ကျောင်းသားတို့၏ တီထွင်ကြံဆ တတ်သည့် အကြံအစည်များက ပို၍ အရေးပါပြီး အခြေခံလိုအပ်ချက်မှာမူ သိပ်မများလှပေ။

ကျန်းကျဲ့သည် တီထွင်ကြံဆတတ် သူမျိုး မဟုတ်ပေ။ သို့သော် နှစ်ပေါင်း (၂၀) ကျော်ကြာ ဘဝအတွေ့အကြုံများ ရှိနေခြင်း၊ နောင်ခေတ်မှ ခေတ်မီဆန်းပြားသည်များ ကို မြင်တွေ့ခဲ့ရခြင်းတို့ကြောင့် ဒီဇိုင်းဆွဲသည့်အခါတွင် ဘယ်သောအခါမျှ တသမတ်တည်း မလုပ်တတ်ပေ။

သူအကြိုက်ဆုံး နည်းလမ်းမှာ လက်ရေးလှ၏ တစ်စိတ်တစ်ပိုင်းကို ပို၍ ဒီဇိုင်း ပုံရိပ်ပေါ်လွင်အောင် ဖန်တီးပြီး အကြောင်းအရာကို ထင်ဟပ်စေခြင်းပင် ဖြစ်၏။

တရုတ်စာလုံးများသည် ရုပ်ပုံစာလုံးများ ဖြစ်သည့်အတွက် အနည်းငယ် ပြောင်းလဲလိုက်ရုံမျှဖြင့် ပိုမိုစိတ်ဝင်စားဖွယ်ရာ ကောင်းလာသည်။ ဥပမာအားဖြင့် "虎" (ကျား) ဟူသော စာလုံးကို ဒီဇိုင်းဆွဲရာ၌ နောက်ဆုံး မျဉ်းကွေးချိတ်ကို ကျားမြီးပုံစံ ပြောင်းလဲလိုက်ခြင်းမျိုးပင်။ ဤသို့သော လက်ရာမျိုးသည် လူတို့ကို ဆန်းသစ်တယ့် ခံစားချက်မျိုးရ စေပါသည်။

"ဒီခွဲထားတဲ့ စာလုံးကို နင် ဘယ်လိုများ စဉ်းစားမိတာ လဲ" ချန်းယန်သည် ဤနှစ်ရက်လုံးလုံး ကျန်းကျဲ့၏ ဘေး၌ ထိုင်နေခဲ့သည်။ နှစ်ယောက်သား တဖြည်းဖြည်း ရင်းနှီးလာကြသော်လည်း ဤမေးခွန်းကတော့ အဓိပ္ပာယ်မရှိဘဲ တမင်သက်သက် စကားစမြည်ပြောချင်၍ မေးသည့်ပုံ ပေါ်နေ သည်။

ကျန်းကျဲ့က ခဲတံဖြင့် ထိုးပြရင်း " ခွဲပြီးမှ ငါ လိုချင်တယ့် သက်တံပုံရိပ် အဖြစ် ပြန် ပေါင်းလိုက်တာပါ" ဟု ပြန် ဖြေသည်။

ဆရာကျန်းက “ကျန်းကျဲ့ရဲ့နည်းက အရမ်း ရဲတယ်။ ခွဲခြင်းနှင့် အစားထိုးခြင်းက သိပ်ပြီး မပြည့်စုံပေမယ့် ဖန်တီးမှုကို မထိခိုက်စေဘူး။ အလှကို ပေါ်လွင်စေပြီး သက်တံရောင်ခြယ်လိုက်ရင် ပိုပြီး ကောင်းလာလိမ့်မယ်” ဟု ပြောခဲ့သည်။

ဆရာက ချန်းယန်၏ ကျန်းကျဲ့အနား ကပ်နေ သည့်အပြုအမူကို လျစ်လျူရှုကာ ကျောင်းသားတို့၏ အခြားလက်ရာများကို ဆက်လက်ကြည့်ပေးနေ သည်။

ချန်းယန်က တံတောင်ဖြင့် ကျန်းကျဲ့ကို တိုက်လိုက်ရင်း “ကျွန်မဟာ ဘယ်လိုပြင်ရမလဲဆိုတာ ကူပြီး ကြည့်ပေးပါဦး” ဟု တိုးတိုးလေး ပြော၏။

ကျန်းကျဲ့က ချန်းယန်ကို တစ်ချက်ကြည့်လိုက်သည်။

နှစ်ရက်ကြာ ပြောဆို ပြီးနောက် ဤမိန်းကလေးသည် သူ၏ ဉာဏ်ကောင်းမှု တစ်စိတ်တစ်ပိုင်းကို မျက်နှာပေါ်၌ အသုံးပြုနေခြင်းဖြစ်နိုင်သည်ဟု သူ သတိထားမိသည်။ သူ၏ ကိုယ်ပိုင်ဒီဇိုင်းကို စဉ်းစားရန်ပင် စိတ်မဝင်စားပေ။

တစ်ဖက်လူက တကယ်ပင် သင်ယူလိုသည်ဆိုပါက ကျန်းကျဲ့သည် သူ့ကို ဂရုစိုက်မည် မဟုတ်ပေ။ သို့သော် တစ်ဖက်လူက သူ့ကို ကိုယ်တိုင် ဘောပင်ယူ၍ ဆွဲခိုင်းလိုသည့်ပုံစံ ဖြစ်နေသည့်အတွက် ဤသည်မှာ သင်ယူသည့်ပုံစံ မဟုတ်ပေ။ တမင်သက်သက် ရင်းနှီးအောင် ပြုလုပ်လိုသည့်ပုံမျိုး ဖြစ်နေလျှင် ပြိုင်ဘက် အကြောင်း စိတ်ပူစရာ မလိုတော့ပေ။ မည်သို့ပင်ဖြစ်စေ လေ့ကျင့်ခန်း လုပ်ခြင်းကလည်း ဆုလာဘ်များ စုရာ ရောက်သည်ပင်။

ကျန်းကျဲ့က ခဲတံဖြင့် ပန်းချီ စာရွက်ပေါ်၌ ဆွဲ ပြ ရင်း “မင်း သုံးတယ့် နည်းလမ်းက စာလုံးရဲ့ အတွင်းနဲ့ အပြင်က အလှဆင်ပစ္စည်းတွေ ထပ်ထည့်ထားတာပဲ ။ စာလုံးလေးလုံးပါတယ့် စကားစုတစ်စုမှာ အလှဆင်ပစ္စည်းတွေက အပြောင်းအလဲများလွန်းတယ်။ ပုံစံတူ အလှဆင်ပစ္စည်းတွေ ကိုပဲ သုံးတာ သို့မဟုတ် ပြန်သုံးတာမျိုး လုပ်ပြီး ပုံစံအလှ ကို တိုးမြှင့်နိုင်တယ်” ဟု ပြောပြလိုက်သည်။

ချန်းယန်က ကျေးဇူးတင်စကား ပြောပြီးသည်နှင့် ကျန်းကျဲ့က အခြားဖက်သို့ ကြည့်နေသည်ကို တွေ့လိုက်ရ၏။

ဆရာကျန်းနှင့် ကျောင်းသားနှစ်ယောက်သည် ဒီဇိုင်းပြိုင်ပွဲအကြောင်း ပြန်ပြောနေကြရာ ကျောင်းသားအများအပြားပါ စိတ်ဝင်စားစွာ ဝိုင်းအုံလာကြသည်။

ကျန်းကျဲ့၏ အာရုံကို လည်း ဆွဲဆောင်ခြင်း ခံလိုက်ရသည်။

“ဒီမနက် ဆရာ မြင်လိုက်ရတယ့် တရုတ် ဥရောပ ဒီဇိုင်းပြိုင်ပွဲရဲ့ ဆုရရှိသူ သတင်းတွေ ထွက်လာပြီ။ ဆရာ တို့ ပင်းဟိုင်က ကလေးတစ်ဦးရဲ့ လက်ရာက ဆုရရှိသွားတယ်။ အထက်တန်းကျောင်းသားတစ်ဦး။ မင်းတို့နဲ့ အသက်တူတူလောက်ပဲ ရှိမယ်။ မင်းတို့ထက် ငယ်ချင်ငယ် နိုင်သေးတယ်” ဟု ဆရာကျန်းက ပြော၏။

"အဲ့ လောက်တောင် တော်တာ လား”

“ဘယ်ကျောင်းကလဲ”

သူတို့နှင့် အသက်တူတယ့်သူမှ ဤသို့ ဆုရရှိ သည်ကို ကြားသောအခါ အနုပညာတက္ကသိုလ်ဝင်ခွင့်ဖြေဆိုရမည့် ကျောင်းသားတို့သည် အားကျကြသလို အတွေးမျိုးစုံလည်း ပေါ်လာကြ သည်။

“အဲဒီကျောင်းသားရဲ့ ဒီဇိုင်းကိုလည်း ဆရာ တွေ့ဖူးတယ် ဝိုင်ခွက်တစ်စုံ ဒီဇိုင်းဆွဲထားတာ”

ကျန်းကျဲ့က ပို၍ သေချာ ကြားရအောင် ထကာ အနားသို့ တိုးသွားသည်။

ဆရာကျန်းသည် ဝမ်းသာအားရ ပြောပြနေသည်- “ထိုဝိုင်ခွက်တွေရဲ့ ပစ္စည်းရွေးချယ်မှုကတော့ သာမန်ပဲလို့ ဆရာ ထင်ခဲ့တာ။ သို့ပေမယ့် သူရဲ့ ဒီဇိုင်းကို ဆရာ ပိုသဘောကျမိတယ်။ 'ခေါင်းလောင်းခွက်' ဟု အမည်ပေးထားပြီး ဝိုင်ခွက်ပုံစံက ရိုးရာပုံစံအရိပ်အယောင်လေးတွေ ပါနေတယ်။ ဆရာတို့ ယဉ်ကျေးမှုမှာ ခေါင်းလောင်း ကို ငှားရမ်းထားခြင်းလို့လည်း ခေါ်ကြသလို ပျော်ရွှင်ခြင်းနှင့် လှပသည့် ဝိုင် အရသာလည်း ပါနေတယ်” ဟု ဆိုသည်။

ဆရာကျန်း ပြောနေသော ဒီဇိုင်းလက်ရာသည် သူ၏ လက်ရာပင် ဖြစ်မည်ဟု ကျန်းကျဲ့ ကြားလိုက်ရသည်။ သို့သော် သူကိုယ်တိုင်ကတော့ ဤမျှကြီးကျယ်သည့် အယူအဆများကို မစဉ်းစားမိခဲ့ပေ။

အရေးကြီးဆုံးမှာ ဆရာကျန်းက လက်ရာကို မြင် ဖူးသည်ဆိုပါက ဖန်တီးသူ၏ နာမည်ကို မည်သို့မျှ မသိဘဲ နေမည်မဟုတ်ပေ ။

သူမမြင် ဖူးဘူးဟု ပြောပါလျှင်လည်း အချက်အလက်အချို့က တိုက်ဆိုင်နေပြန်သည်။

ဘေးနားမှ တစ်ဦးက “ဆရာကျန်း၊ အနုပညာကောလိပ်က ကျောင်းသား ဆုရရှိသူ ရှိလား” ဟု မေးလိုက်သည်။ ဤမေးခွန်းမေးသည့်သူသည် အမြင်ကျယ်ကျယ် မရှိသည်ကို ပြသနေပေသည်။

ဆရာကျန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်- “ပါဝင်ယှဉ်ပြိုင်သည့်သူတော့ ရှိတယ်။ ဆုရရှိသူ စာရင်းမှာ လူအများအပြား ရှိတော့ ဆရာ သေချာ မကြည့်ရသေးဘူး။ သို့ပေမယ့် အကုန်လုံး မအောင်ဘူးလို့ ဆရာ ခန့်မှန်းမိတယ် ဆရာ အမြဲပြောနေကျ စကားတစ်ခွန်းလိုပဲ ဒီဇိုင်းဆိုတာ အခြေခံသက်သက် မဟုတ်သလို၊ ပုံကြမ်းကို လှအောင်ဆွဲရုံ သက်သက်လည်း မဟုတ်ဘူး ဖန်တီးသူရဲ့ အယူအဆနဲ့ စိတ်ကူးစိတ်သန်းကသာ အရေးကြီးတယ် ကောင်းမွန်တယ့် အယူအဆနဲ့ စိတ်ကူးစိတ်သန်းတွေ ပေါင်းစပ်မှ ကောင်းမွန်သည့် လက်ရာတစ်ခုကို ဖန်တီးနိုင်တာ"

“လက်ရာတော်တော်များများက အယူအဆနှင့် ထူးခြားသော ဒီဇိုင်းတွေနဲ့ ကြည့်ရှုသူတို့ကို ဆွဲဆောင်ကြတယ် ။ မင်းတို့ ဒီဇိုင်းကို သင်ယူလိုရင် များများကြည့်၊ များများတွေး၊ အပြင်ထွက်ပြီး လမ်းလေးဘာလေး လျှောက် တစ်ခါတစ်ရံ စိတ်ကူးစိတ်သန်းတွေ ရလာလိမ့်မယ်” ဟု ပြော၏။

ကျန်းကျဲ့ စိတ်ဝင်စားသည့် သတင်းကို မကြားရတော့သည်နှင့် သူ၏ နေရာကို ပြန်သွားသည်။

ကံမကောင်းစွာဖြင့် ပြိုင်ပွဲဝင်ရောက်စဉ်က ဖုန်းမရှိသေးဘဲ အိမ်ဖုန်းနံပါတ်သာ ထားခဲ့မိသည်။

သူသည် စနစ်၏ စီစဉ်ပေးမှုကို ယုံကြည်သော်လည်း မည်သည့်အချိန်တွင် ရလဒ်ထွက်လာမည်ကိုမူ မသိပေ။

ချန်းယန်က တိုးတိုးလေး မေးသည်- “နင် ဒီဒီဇိုင်းပြိုင်ပွဲကို အရမ်း စိတ်ဝင်စားနေတယ့်ပုံပဲ။ နင် ဝင်ပြိုင်ချင်လို့ လား”

မျက်လုံးပြူးပြူးနှင့် ကောင်မလေးသည် ရုတ်တရက် ချန်းယန်ကို ပြောလိုက်သည်- “ပြိုင်ပွဲက ပြီးသွားပြီ အဲဒီလူတွေကို ကြည့်လိုက်အုန်း တစ်စုံတစ်ယောက်က ဆုရသွားတယ်လို့ ကြားလိုက်တာနဲ့ ကိုယ့်အကန့်ကိုမသိဘဲ ဇွတ်မေးနေကြတာ များများနားထောင်လေ သူတို့လည်း ဉာဏ်ပိုကောင်းလာမယ် ထင်နေကြတာ”

"ဒီလို အောင်မြင်မှုမျိုး ရနိုင်သူတွေက ပါရမီရှင်တွေချည်း ပဲ ဘယ်လိုပဲ ဖြစ်ဖြစ် အဲလို မဖြစ်နိုင်တာကို မျှော်လင့်ပြီး ရေအိုင်နားက ငါးကို မနာလိုသူတွေအတွက် မျှော်လင့်ချက်မရှိတော့ဘူး” ဟု ပြောလေသည်

ကျန်းကျဲ့က သူမသည် သွယ်ဝိုက်၍ သူ့ကို ပြောနေခြင်းဖြစ်သည်ဟု ခံစားမိပြီး ကောင်မလေးက သူ့ကို မသိမသာ ရန်လိုနေသည်ကိုလည်း သတိပြုမိသည်။ သူမက မသိဘဲ သူ့ကို ချီးကျူးလိုက်သော်လည်း သူကတော့ မကြားချင်ယောင် ဆောင်နေမည် မဟုတ်ပေ။

သူက ချန်းယန်ကို ပြောလိုက်သည်- “မင်း ဆရာကျန်းထံမှ အများကြီး သင်ယူပါ၊ သူရဲ့ အကြံဉာဏ်ကို များများနားထောင်ပါ၊ ဆရာကျန်းကို အမြဲတစေ မေးခွန်းတွေ မေးနေတယ့် လူအချို့ကို မင်း သတိမထားမိဘူးလား။ အဲ့လူတွေကမှ ဉာဏ်ကောင်းတယ့်သူတွေ” ဟု ပြောလိုက်သည်

ချန်းယန်သည် ခဏတာ ကြောင်သွားပြီး ချက်ချင်း သဘောပေါက်သွားသည်။ အပြုသဘောဆောင်သော စွမ်းအင် ဟူသော စကားလုံးကို မကြားဖူးသော်လည်း အပေါင်းအနှုတ် နှိုင်းယှဉ်မှုမှာ နားလည်ရ လွယ်ကူသည်။

မျက်လုံးပြူးပြူးနှင့် ကောင်မလေးလည်း သဘောပေါက်သွား၏။ မည်သို့ဆိုလိုသည်ဆိုလျှင် ငါ့ကို အနှုတ်လက္ခဏာ စွမ်းအင် ဟု ပြောခြင်းပင်။ ရှင်းပြစရာမလို၊ သူမကိုယ်တိုင်ပင် သူ့ခေါင်းပေါ် တင်လိုက်သည်ပင်။

ပြန်ပြောရန် ပြင်နေစဉ် ကျန်းကျဲ့၏ တည်ငြိမ်သော မျက်လုံးများကို ကြည့်လိုက်မိသောအခါ ရုတ်တရက် ပြန်ချေပ ရန် ခက်ခဲသည့် ခံစားချက်ကို ရလိုက်သည်။ ပြောစရာ စကားလုံးများ ချက်ချင်း ပျောက်ကွယ်သွားရလေသည်။

ချန်းယန်က ပြုံးပြုံးလေးနှင့် ကောင်မလေးနှင့် စကားပြောရင်း စကား ခေါင်းစဉ်ကို လွှဲလိုက်သည်။

ဤသို့သောလူမျိုးကို ရင်ဆိုင်သည့်အခါ ရှောင်လေလေ ပိုမိုဒုက္ခရောက်လေလေ ဖြစ်သည်ဟု ကျန်းကျဲ့ သိထားသည်။ ပြဿနာကို တိုက်ရိုက် ရင်ဆိုင်ရမည်ပင်။

စမ်းကြည့်လိုက်ရာ တကယ်ပင် အောင်မြင်သွားသည်။

မကြာခင်တွင် သူ၏ ဖုန်းမြည်လာသည်။

အဖေ ဖြစ်သူ ကျန်းယိ၏ ဖုန်းနံပါတ်ဖြစ်သည်ကို သူ တွေ့လိုက်ရသည်။ အဖေ သည် သူ၏ စာသင်ချိန်တွင် အကြောင်းမရှိဘဲ ဖုန်းခေါ်လေ့မရှိပေ။

သူ ပန်းချီခန်းမှ အမြန်ထွက်ကာ ခေါ်ဆိုမှုခလုတ်ကို နှိပ်လိုက်သည်။

“အဖေ၊ ဘာဖြစ်လို့လဲ”

“မင်း စာသင် တာကို အနှောင့်အယှက် ဖြစ်သွားလား” ကျန်းယိ၏ လေသံက အရေးတကြီး ကိစ္စရှိပုံ မပေါ်ပေ။

“အခု နားချိန်ပါ”

“ဒီလိုပါကွာ၊ ခုနက ဖုန်းတစ်လုံး ဝင်လာတယ်။ ဥရောပ-တရုတ် ဒီဇိုင်းပြိုင်ပွဲ'က တဲ့”

ကျန်းကျဲ့၏ စိတ်ထဲတွင် ဝမ်းသာအားရ ဖြစ်သွားသည်။

“ဟုတ်တယ်၊ အဲ့နာမည်ပါပဲ”

ကျန်းယိက ဆက်ပြောသည်- “မင်း ဒီပြိုင်ပွဲကို ဝင်ပြိုင်ဖူးတယ်လို့ အဖေ မှတ်မိတယ်။ ဖုန်းခေါ်တဲ့သူက စီစဉ်သူအဖွဲ့မှဟု ပြောတယ် မင်း ဒုတိယဆု ရပြီး ဂုဏ်ပြုမှတ်တမ်း လည်း ရလို့ ပြောတယ်ကွ

အဖေက သူလိမ်နေ တာများလားဟု စိတ်ပူနေတာနဲ့ မင်း ဖုန်းနံပါတ်ကို မပေးလိုက်ဘူး။ သူ့ဖုန်းနံပါတ်ပဲ ယူထားလိုက်တယ်။ အဲ့သူက ဆုရတယ့်သတင်းကို မင်းရဲ့ အီးမေးလ်ထဲ ပို့ထားတယ်လို့ ပြောတယ်ကွ မင်း ကြည့်လိုက်ဦး အလိမ်မခံနဲ့နော် ” ဟု ပြောလိုက်သည်

ကျန်းကျဲ့က “ဟုတ်ကဲ့၊ အဖေ။ သား အချိန်ရလျှင် ကြည့်လိုက်ပါ့မယ်” ဟု ကတိပေးသည်။

ကျန်းယိက - “ပိုက်ဆံပေးခိုင်းရင် အလိမ်မခံနဲ့ကွ။မင်း အန္တရာယ်ရှိ ရင် ချက်ချင်း ရဲကို အကြောင်းကြားလိုက်ကွာ” ဟု သေချာမှာသည်

“စိတ်ချပါ အဖေ”

ကျန်းကျဲ့ ဖုန်းချပြီးနောက် ပန်းချီခန်းသို့ ပြန်လာကာ ဒီဇိုင်းဆက်ဆွဲ နေသည်။

အရင်ကဆို သူသည် ဤသတင်းကို ကြည့်ရန် စိတ်မရှည်နိုင်တော့လောက်အောင် ဖြစ်နေမည်ပင်။

ပြန်လည်မွေးဖွားလာပြီးနောက်တွင်မူ သူသည် အလုပ်လုပ်သည့်အခါ ပို၍ စိတ်တည်ငြိမ်လာသည်။

သတင်းကတော့ သေချာပြီဖြစ်သည့်အတွက် သူ့ပုံစံ အတိုင်း ဆက်လုပ်နေ တော့သည်။

All Chapters