← Chapters

သတင်းကောင်း၊ ကျောင်း၏ တုံ့ပြန်မှု

Vol. 2 Ch. 20

သတင်းကောင်း၊ ကျောင်း၏ တုံ့ပြန်မှု

Vol. 2 Ch. 20

ဒီဇိုင်းသင်တန်း ပြီးနောက် ကျန်းကျဲ့က ချန်းယန်၏ အတူပြန်ရန် ဖိတ်ခေါ်မှုကို ငြင်းဆန်ခဲ့ပြီး အင်တာနက်ဆိုင်တစ်ဆိုင်ကို ရှာကာ သူ၏ အီးမေးလ်ကို ဖွင့်လိုက်သည်။ တကယ်ပင် မေးလ်အသစ်တစ်စောင်ကို တွေ့လိုက်ရပေသည်။

မေးလ်ကို ဖွင့်လိုက်၏။

လေးစားအပ်ပါသော မစ္စတာ ကျန်းကျဲ့

မင်္ဂလာပါ! သင်၏ "ခေါင်းလောင်းခွက်" အမည်ရှိ လက်ရာသည် ယခုကျင်းပသည့် ဥရောပ-တရုတ် ဖလား ဒီဇိုင်း ပြိုင်ပွဲ၌ ထုတ်ကုန်ဒီဇိုင်းအဖွဲ့တွင် ဒုတိယဆု ပထမနေရာကို ရရှိသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း အသိပေးအပ်ပါသည်။

ကော်မတီသည် ဆုရရှိသူများအား ဂုဏ်ပြုလက်မှတ်နှင့် ဆုကြေးငွေများ ချီးမြှင့်သွားမည်ဖြစ်ရာ သင်၏ ဂုဏ်ပြု လက်မှတ်ကို အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရန်အတွက် ကော်မတီ ဝန်ထမ်းများနှင့် ဆက်သွယ်၍ လိပ်စာအတည်ပြုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ကော်မတီ ဝန်ထမ်းများသည် သင်နှင့် ပတ်သတ်သည့် ကိစ္စရပ်များကို အတည်ပြု ဆောင်ရွက်သွားပါမည်။

ကျန်းကျဲ့သည် ယခင်က ပေးပို့ထားသည့် အချက်အလက်များကို ရှာဖွေပြီး နှိုင်းယှဉ်ကြည့်လိုက်ရာ မေးလ်ပါ ဆက်သွယ်ရန်နံပါတ်သည် ပြိုင်ပွဲဝင်ရောက်စဉ်က စာရွက်စာတမ်းများမှ နံပါတ်နှင့် တူညီနေသည်ကို တွေ့လိုက်ရသည်။

သူက နံပါတ်ကို ခေါ်လိုက်ရာ မကြာမီပင် တစ်စုံတစ်ဦးက ဖုန်းကိုင်လိုက်၏။

ဝန်ထမ်းက ကျန်းကျဲ့၏ အချက်အလက်များကို အတည်ပြုပြီးနောက် ကျန်းကျဲ့ ဆုလာယူနိုင်ခြင်း ရှိ၊ မရှိကို ဦးစွာ မေးမြန်းသည်။

ကျန်းကျဲ့က သူ ကျောင်းတက်နေသောကြောင့် မြို့တော်သို့ မသွားနိုင်ကြောင်း ပြောပြသည်။

ဝန်ထမ်းက ကျန်းကျဲ့နှင့် လက်ခံရရှိမည့် လိပ်စာနှင့် ဘဏ်အကောင့်တို့ကို ထပ်မံအတည်ပြုသည်။ ဂုဏ်ပြုလက်မှတ်ကို သတ်မှတ်ထားသော လိပ်စာသို့ စာတိုက်မှ ပို့ပေးမည်ဖြစ်ပြီး ဆုကြေးငွေကိုမူ သတ်မှတ်ထားသော ဘဏ်အကောင့်ထဲသို့ လွှဲပေးမည်ပင်။

ပွဲစီစဉ်သူ အဖွဲ့အစည်းကြီးတစ်ခုမှ ပြိုင်ပွဲ၏ သက်ရောက်မှုကို ချဲ့ထွင်ရန်အတွက် ဆုရရှိသော ကောင်းမွန်သည့် ဒီဇိုင်းအချို့ကို ကြော်ငြာမည်ဖြစ်ပြီး၊ စျေးကွက်သို့ပင် တင်ပို့နိုင်သည်ဟု ဆိုသောကြောင့် ဒီဇိုင်းပညာရှင်က ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် လိုအပ်ပေသည်။

ကျန်းကျဲ့သည် ထိုအတွင်းရေးများကို မသိသဖြင့် စဉ်းစားပြီးမှသာ ဆုံးဖြတ်မည်ဟု ပြောလိုက်သည်။

ပွဲစီစဉ်သူ အဖွဲ့အစည်းမှ စာရွက်စာတမ်းများ ပေးပို့လာသည်ကို စောင့်ဆိုင်းနေစဉ် သူက ရှေ့နေရုံးတစ်ရုံးသို့ ဦးစွာ ဆက်သွယ်လိုက်သည်။ သူ၏ လိုအပ်ချက်ကို ကြားသိရသောအခါ ရှေ့နေရုံးမှ ချက်ချင်းပင် ရှေ့နေတစ်ဦးကို အကြံပြုပေးလိုက်၏။

ကျန်းကျဲ့က ကူး ထားသော စာရွက်စာတမ်းများကို ယူဆောင်လျက် ရှေ့နေနှင့် သွားတွေ့သည်။

ရှေ့နေသည် အသက်သုံးဆယ်ကျော်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမ၏ နာမည်မှာ ချင် ဖြစ်သည်။

သူမက စာရွက်စာတမ်းများကို ကြည့်ပြီးနောက် ကျန်းကျဲ့အား ဤအချက်အလက်များတွင် ပူးပေါင်းဆောင်ရွက်မည့် နည်းလမ်းကို ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်းမရှိဘဲ ရည်ရွယ်ချက်မျှသာ ဖြစ်သည်ဟု ပြောပြသည်။

ပွဲစီစဉ်သူ အဖွဲ့အစည်းသည် ဤသို့သော ရည်ရွယ်ချက်စာဖြင့် ပူးပေါင်းဆောင်ရွက်ရန် ဖြစ်နိုင်ခြေ နည်းပါးသည်ဟု ညွှန်ပြသည်။ အကယ်၍ တစ်စုံတစ်ရာ ဖြစ်ပေါ်လာခဲ့ပါလျှင် ဆက်လက်ဆွေးနွေးနိုင်ပါသေးသည်ဟု ဆိုသည်။

ကျန်းကျဲ့သည် ရှေ့နေချင်၏ ညွှန်ကြားချက်ဖြင့် ပွဲစီစဉ်သူ အဖွဲ့အစည်းသို့ ပြန်ကြားစာ ပေးပို့ပြီး ဖက်စ်ဖြင့် စာရွက်စာတမ်းများ ပေးပို့လိုက်သည်။ ဝန်ထမ်းများက လက်ခံရရှိပြီးနောက် လက်မှတ်ကို အမြန်ဆုံး ပေးပို့မည်ဖြစ်ကြောင်းနှင့် ဆုကြေးငွေကို ထုတ်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

ကျန်းကျဲ့သည် ကိစ္စများကို ဆောင်ရွက်ပြီးနောက် တက္ကစီဖြင့် အိမ်သို့ အလျင်အမြန် ပြန်လာခဲ့သည်။ မိဘများက ဖုန်းများ အကြိမ်ကြိမ် ခေါ်ထားသောကြောင့် မေးမြန်းစစ်ဆေးခြင်းကို ရှောင်လွှဲနိုင်မည်မဟုတ်ဟု ထင်၏။

အိမ်သို့ပြန်ရောက်၍ တံခါးဖွင့်လိုက်သောအခါ အိမ်ထဲတွင် မီးများလင်းနေပြီး ထမင်းနံ့သင်းသင်းလေး ရနေသည်။ အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်နေ၏။

“အဖေ၊ အမေ၊ သား ပြန်ရောက်ပါပြီ”

“အခုမှ ပြန်လာတာလား။ ကိစ္စတွေ ဘယ်လိုလဲ”

ကျန်းကျဲ့က ပစ္စည်းများကို ချထားပြီး ပြောလိုက်သည်- “အဖေ တို့ကို သတင်းကောင်း ပြောပြမယ်။ ဆုရတဲ့အကြောင်း ကြေညာတာက တကယ်။ သား လုပ်ထုံးလုပ်နည်းတွေ အကုန်ပြီးစီးခဲ့ပါပြီ”

အမေ ရှုလီသည် မီးဖိုချောင်ထဲသို့ ဝင်သွားပြီး “အရင် ထမင်းစားဦး” ဟု ပြော၏။

ကျန်းကျဲ့နှင့် သူ၏အမေ တို့သည် ဟင်းခွက်များကို အတူတူ ချကြ သည်။

သူက စားရင်းဖြင့်ပင် အတို ချုပ်ကာ အဖြစ်အပျက်များကို တစ်ခုမကျန် ပြောပြလေ သည်။

“ယွမ် ၈၀၀၀ လား။ အဲ့ လောက်များတာလား”

“မင်းကို ဘာကြေးမှ မပေးခိုင်းဘူးလား။ ကောင်းကင်ကနေ ပေါင်မုန့်ကျတာမျိုး မရှိဘူးလေ”

မိဘများက ယုံတဝက်မယုံတဝက် ဖြစ်နေကြပြီး ရှေ့နေငှားပြီး အသေးစိတ် စစ်ဆေးခဲ့ကြောင်း ကြားမှသာ စိတ်ချသွားကြသည်။

“ကောင်းပါပြီ” ကျန်းယိက တူကို ချလိုက်သည်။ “ဒါနဲ့၊ ဒီဂုဏ်ပြု လက်မှတ်ကို တက္ကသိုလ်တွေက အသိအမှတ်ပြုလား။ မင်းရဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို အထောက်အကူ ဖြစ်စေနိုင် မလား”

“အရင်က ကျောင်းသားတွေ အမှတ်အပို ရတာမျိုးလည်း ရှိတယ်လို့ အမေ့ သူငယ်ချင်းဆီက ကြားဖူးတယ်” ဟု ရှုလီက သတိရသွားသည်။

ကျန်းကျဲ့က မိဘများ မျှော်လင့်ချက် မြင့်မသွားစေရန် အလျင်အမြန် ရှင်းပြသည်- “ဒီပြိုင်ပွဲက ပညာရေးဝန်ကြီးဌာနက လုပ်တာ မဟုတ်တော့ အမှတ်အပို ရစရာ အကြောင်းမရှိပါဘူး။ ဆုကြေးငွေရတော့ ပထမနှစ် ကျောင်းလခ ပြေလည်သွားတာပေါ့။ ဘယ်လိုလဲ၊ အဖေနဲ့အမေ စိတ်ပူစရာမလိုဘူးလို့ သား ပြောခဲ့သားပဲ”

ရှုလီက ပြောသည်- “ဒီပိုက်ဆံက နှစ်တိုင်း၊ လတိုင်း ရတဲ့ လစာလိုမျိုး မဟုတ်ဘူး။ မတည်ငြိမ်ဘူး”

ကျန်းယိက မေးလိုက်သည်- “နောက် နှစ်ပတ်ဆို အနုပညာဝင်ခွင့်စာမေးပွဲတွေ စတော့မယ်။ မင်း ဘယ်လို စဉ်းစားထားလဲ”

ဒီရက်ပိုင်းအတွင်း မိဘ နှစ်ဦးစလုံး သည် အားလပ်ချိန်များတွင် အနုပညာဝင်ခွင့်စာမေးပွဲအချိန်ဇယားကို အိမ်တွင် ထိုင်ဖတ်နေကြသည်။

အခြားပြည်နယ်များ မှ ကျောင်းများက စာမေးပွဲအချိန်များကို ခွဲထားခြင်းကြောင့် ဖေဖော်ဝါရီလမှ မေလအထိ အနုပညာဝင်ခွင့်စာမေးပွဲများ တစ်ခုပြီးတစ်ခု တန်းစီလျက်ရှိသည်။

ကျန်းကျဲ့၏ အဓိကပန်းတိုင်မှာ ပင်းဟိုင် တက္ကသိုလ် သို့မဟုတ် ပင်းဟိုင် အနုပညာကောလိပ် ဖြစ်သည်။ သို့သော် စိတ်ချရ စေရန် အနုပညာဝင်ခွင့်စာမေးပွဲ ကာလအတွင်း အခြားပြည်နယ်များမှ ကျောင်းအချို့၏ စာမေးပွဲများကိုလည်း ဝင်ရောက်ဖြေဆိုရန် ရည်ရွယ်ထားသည်။

“သား ရွေးပြီးပါပြီ။ ကျောင်းဝင်ခွင့် စာရင်းသွင်း တာကိုလည်း မကြာ စေရပါဘူး” သူက သူ၏ ရွေးချယ်မှုများကို မိဘများအား ပြောပြသည်။

ညစာ စားပြီးနောက် ကျန်းကျဲ့က သူ၏မိခင်အား ပန်းကန်များ သိမ်းရာတွင် ကူညီပေးသည်- “အဖေ၊ အမေ၊ သား ပြန်ရတော့မယ်။ မနက်ဖြန်လည်း ကျောင်းတက်ရဦးမှာပါ”

“လမ်းမှာ ဂရုစိုက်သွား”

ရှုလီသည် ပြတင်းပေါက်နားတွင် မတ်တပ်ရပ်၍ ကျန်းကျဲ့ကားစီးသွားသည်ကို ကြည့်နေ၏။

“လူအိုကြီး ကျန်း၊ ကျွန်မတို့ ရှောင် ကျဲ့ ရဲ့ ပထမနှစ်ကျောင်းလခအတွက် စိတ်ပူစရာမလိုတော့ဘူး။ သူကိုယ်တိုင် ကျောင်းလခကို ဖြေရှင်းလိုက်မယ်လို့ မထင်မိခဲ့ဘူး။ ကျောင်းသားတော်တော်များများ ကျောင်းမှာတောင် အလုပ်တွေ ရကြပြီး ပိုက်ဆံရှာနိုင်တယ်လို့ ကျွန်မ ကြားဖူးတယ်”

“ဒါတွေက မရေရာတဲ့ ကိစ္စတွေပါ။ ငါတို့ကတော့ ပြင်ဆင်မှုတွေ ကြို လုပ်ထားသင့်တယ်”

နောက်တစ်နေ့နံနက်တွင် ကျန်းကျဲ့ စာဖတ်နေစဉ် သူ၏မိခင် ထံမှ ဖုန်းဝင်လာသည်။

“အမေ၊ ဘာကိစ္စရှိလို့လဲ”

“ ရှောင်ကျဲ့ ၊ ခုနက သား တို့ကျောင်းက ဒါရိုက်တာလင် ဖုန်းဆက်လာ တယ်။ ဒါရိုက်တာလင်က မင်း ဆုရတဲ့ကိစ္စကို သိပြီး မင်းကို အမြန်ဆုံး ဖုန်းပြန်ဆက်ခိုင်းနေတယ်”

“ကောင်းပါပြီ”

“ဒါရိုက်တာလင်က ပြိုင်ပွဲဝင်ရာမှာ ဘယ်ဆရာက သင်ပေးတာလဲလို့လည်း မေးနေ တယ်။ အမေက အခြေအနေကို မသိတော့ မရှင်းပြလိုက်ဘူး”

“အမေ၊ သား သိပါပြီ။ သား ရှင်းပြလိုက်ပါ့မယ်”

ကျန်းကျဲ့ ဖုန်းချပြီးနောက် ဒါရိုက်တာလင်၏ ဖုန်းနံပါတ်ကို ထပ်ခေါ်လိုက်သည်။

“ဟယ်လို။ ဘယ်သူပါလဲ”

“ဒါရိုက်တာလင် မင်္ဂလာပါ၊ ကျွန်တော် အတန်း ၉ မက ကျန်းကျဲ့ ပါ”

ဒါရိုက်တာလင်၏ အသံသည် ရုတ်တရက် မြင့်တက်သွားပြီး စိတ်ပူစွာဖြင့် မေးမြန်းလေ သည်- “ကျန်းကျဲ့၊ မင်း ဖုန်းပြန်ဆက်တာ ကောင်းတယ်။

ဆရာ ထပ်ပြီး မေး ပါဦးမယ်။ ' ဒီဇိုင်းဆု ပြိုင်ပွဲ' မှာ ဆုရရှိသူတွေထဲက ကျန်းကျဲ့ ဆိုတယ့် တစ်ယောက်ပါပြီး အသက်နဲ့ နေရာ ကလည်း မင်းနဲ့ တူနေ တယ်။ မင်း လား ။

ဒီကိစ္စက အရေးကြီးတယ်။ ကျောင်းက ဆရာ့ ကို အမြန်ဆုံး ဟု မဟု မေး ခိုင်းနေတယ်”

“ဒါရိုက်တာလင်၊ ကျွန်တော် စည်းရုံးရေးကော်မတီရဲ့ အသိပေးချက်ကို ရထားပြီး ဒုတိယဆု ရခဲ့ပါတယ်…” ကျန်းကျဲ့က ဆုရရှိသည့် အခြေအနေကို အတိုချုပ် ရှင်းပြလိုက်သည်။

ဒါရိုက်တာလင် အလွန်ပျော်ရွှင်နေသည်- “ကောင်းတယ် ၊ မင်း ဟုတ်ရင် ကောင်းတာပေါ့။ မင်းအတွက် ဂုဏ်ယူပါတယ် ။ ဒီဆုက အရေးကြီးတယ်ကွ။ ဒါနဲ့၊ မင်းရဲ့ ဆုနဲ့ဂုဏ်ပြု လက်မှတ် ဘယ်အချိန်ရောက်မှာ လဲ”

“ဂုဏ်ပြု လက်မှတ်က စာတိုက်ကနေ ပို့မှာဆိုတော့ ဘယ်လောက်ကြာမယ်ဆိုတာ မသိသေးပါဘူး”

“ကောင်းပြီ၊ ကောင်းပြီ။ ဂုဏ်ပြု လက်မှတ်နဲ့ ဆု တွေ ရောက်လာရင် မင်း ဂုဏ်ပြု လက်မှတ်ကို ယူပြီး ကျောင်းကို တစ်ခေါက်လာခဲ့အုန်း

ကျောင်းက ဒီကိစ္စကို အလေးထားနေ တယ်။ ကောင်းကောင်းလေး ကြော်ငြာရမယ်။ ဆရာတို့ တို့ကျောင်းမှာ ဒီလိုမျိုး နိုင်ငံ ဆုတွေ နည်းတယ်။ ဆရာ တို့ကလည်း မင်းအတွက် ဂုဏ်ပြုဆုတွေ ရအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါ့မယ်”

“ဒါရိုက်တာလင်၊ ကျွန်တော် မှတ်ထားပါ့မယ် ကျေးဇူးတင်ပါတယ်ခင်ဗျာ”

ဒါရိုက်တာလင်က ထပ်မေးသည်- “ကျန်းကျဲ့၊ ဘယ်ဆရာက မင်းကို ပြိုင်ပွဲဝင်နိုင် အောင် သင်ပေးတာလဲ။ တခြားရည်ရွယ်ချက် မရှိပါဘူး။ သူ့ကို ကျေးဇူးတင်ဖို့ မမေ့ပါနဲ့”

ကျန်းကျဲ့က ပြောသည်- “ကျွန်တော်က မတော်တဆ သတင်းကြားမိလို့ စမ်းပြီး တင်ကြည့်တာပါ။ ဆုရ မရ လည်း အတိအကျ မသိခဲ့ပါဘူး။ ပြိုင်ပွဲဝင်ဖို့ လိုအပ်တဲ့ ဗဟုသုတတွေ အားလုံးက ကျောင်းမှာ သင်ယူခဲ့ရတာပါ”

ဒါရိုက်တာလင်သည် အခြေအနေကို နားလည်သွား၏- “ဟုတ်လား။ ကောင်းပြီ။ ဆရာ နားလည်ပါပြီ။ မင်းကို ထပ်ဂုဏ်ပြု ပါတယ်။ အခု ဒီနံပါတ်က မင်းရဲ့ ကိုယ်ပိုင်ဖုန်းနံပါတ်လား၊ ဒါမှမဟုတ်”

“ကျွန်တော့် ကိုယ်ပိုင်ဖုန်းနံပါတ်ပါ”

“ကောင်းပြီ၊ မင်း သင်တန်းမှာ ဘယ်လို သင်နေလဲ”

နှစ်ဦးသား သင်တန်းအခြေအနေကို ဆွေးနွေးပြီးမှ ဖုန်းပြောခြင်းကို အဆုံးသတ်လိုက်ကြသည်။

ကျန်းကျဲ့သည် ဒါရိုက်တာလင် ဤကိစ္စများကို အလျင်အမြန် မေး ရခြင်း၏ အကြောင်းရင်းကို နားလည်၏။

ကျောင်းသားများကို ဂုဏ်ထူးဆောင်ဘွဲ့များ ရရှိအောင် လမ်းညွှန်ပေးခြင်းသည် ကျောင်းသားအတွက်သာမက ကျောင်းအတွက်ပါ အလွန်အရေးကြီးသော ကိစ္စဖြစ်သည်။

အဆင့်မြင့် အဖွဲ့အစည်းများက ကျောင်းကို အကဲဖြတ်သည့်အခါ ကျောင်းဆရာများက ကျောင်းသားများကို အရေးကြီးသော ဆုများ ရရှိအောင် လမ်းညွှန်ပေးခြင်းသည် အမှတ်ပိုရစေသည့် အချက်တစ်ခု ဖြစ်သည်။

ကျန်းကျဲ့သည် အတွင်းရေးများကို နားလည်သဖြင့် အခြားသူများကို အဆင်ပြေစေရန်လည်း ဝန်လေးခြင်းမရှိပေ။

သူက ဖုန်းကို ချထားပြီး စာဆက်ဖတ်ကာ အလွတ်ကျက်နေသည်။

သို့သော် ဒါရိုက်တာလင် ဖုန်းခေါ်ပြီးနောက် မက်ဆေ့ချ်များ ဆက်တိုက်ဝင်လာသည်။

ကျန်းကျဲ့က ကြည့်ပြီးနောက် ပြန်မဖြေဘဲ စာဆက်လုပ်နေတော့သည်။

All Chapters