မိဘတို့၏ ဝမ်းမြောက်ခြင်း၊ လူမှုဆက်ဆံရေး
Vol. 2 Ch. 22
“ကျေးဇူးတင်ပါတယ်”
အလုပ်များနေသော စာတိုက်ခန်းမတွင် ကျန်းကျဲ့သည် သူ၏ စာအိတ် ကို လက်ခံရရှိသည်။ စာအိတ် ပေါ်ရှိ ပေးပို့သူကို ကြည့်ခြင်းအားဖြင့် စာအိတ် အတွင်းတွင် ဂုဏ်ပြု လက်မှတ် ပါရှိနေမည်ကို သိ၏။
စာတိုက်သည် သူ၏ အိမ်နှင့် နီးကပ်သောကြောင့် သူက စာအိတ် ကို ကိုင်လျက် ဦးစွာ အိမ်သို့ ပြန်လာခဲ့သည်။
ကျန်းယိတို့ဇနီးမောင်နှံသည် ကော် မတီက ပေးပို့သော စာအိတ် ဖြစ်သည်ဟု ကြားလျှင်ပင် လက်ထဲရှိ အလုပ်များကို ချက်ချင်းချကာ စားပွဲရှေ့တွင် ထိုင်၍ ကျန်းကျဲ့ စာအိတ် ဖွင့်သည်ကို ကြည့်နေကြသည်။
ကျန်းကျဲ့ စာအိတ် ကို ဖွင့်လိုက်ရာ အတွင်း၌ တကယ်ပင် ဂုဏ်ပြု ဆုလက်မှတ်၊ ဆုကြေး နှင့် ခေါက်ထားသော စာရွက်တစ်ရွက် ပါရှိသည်ကို တွေ့ရ၏။
“မြန်မြန်ဖွင့်ကြည့်ပါဦး” ကျန်းယိတို့ဇနီးမောင်နှံသည် ဂုဏ်ပြုဆု လက်မှတ်နှင့် ဆုကြေး တို့ကို ဂရုတစိုက် ကိုင်ပြီး အပေါ်မှ စာများကို ဖတ်ရင်း တစ်ဦးနှင့်တစ်ဦး လဲကြည့်ကြသည်။ နှစ်ဦးသားသည် ဂုဏ်ပြု လက်မှတ်ကို ရတနာတစ်ခုသဖွယ် အသည်းအသန် ပိုက်ထားကြသည်။
ကျန်းကျဲ့သည် မူလတန်းတွင် ဆု တစ်ခု သာ ရရှိခဲ့ဖူးသည်။
ယခုမူ ဆုရရှိရုံသာမက ဆုကြေးငွေပါ ရရှိသည်။
“ကျွန်တော်တို့ ဓာတ်ပုံဘောင်တစ်ခု ရှာပြီး ဂုဏ်ပြု ဆုလက်မှတ်ကို ချိတ်ဆွဲထားရအောင်” ကျန်းယိတို့ဇနီးမောင်နှံသည် တိုင်ပင်ရင်း ဧည့်ခန်းအတွင်း၌ နေရာကို ကြည့်နေကြသည်။
“အဖေနဲ့ အမေ၊ တို့ ပျော်ရွှင်နေရင်ပဲ ကောင်းပါတယ်။ ဓာတ်ပုံဘောင်ရှာပြီး ချိတ်ဆွဲထားတာကတော့ အရမ်းမြင်သာ လွန်းပါတယ်။ ဧည့်ခန်းထဲမှာ ချိတ်ထားတာက သူများမမြင်မှာ စိုးရိမ်နေသလို ဖြစ်နေပါလိမ့်မယ်” ကျန်းကျဲ့ တားမြစ်သည်။
ရှုလီက ကန့်ကွက်သည်- “သူငယ်ချင်းတွေရဲ့ အိမ်တော်တော်များများမှာ ဒီလိုပဲ ထားကြ တာပဲ။ အမေပ ဘာလို့ မလုပ်ရမှာလဲ”
“တက္ကသိုလ်ရောက်မှ ပြောကြတာပေါ့၊ သူများလှောင်တာ ခံရမှာ စိုးလို့ပါ။ ဒီဂုဏ်ပြုဆုလက်မှတ် ကို သား သုံးဖို့ ရှိသေးတယ်” ကျန်းကျဲ့က မိဘများကို ကျောင်းနှင့် သင်တန်း နှစ်ခုစလုံးက ဂုဏ်ပြုဆု လက်မှတ်ကို ယူပြီး ဓာတ်ပုံရိုက်လိုကြောင်း ပြောပြသည်။
“ဒါ ကောင်းတဲ့ကိစ္စပဲ။ ပင်းဟိုင်အနုပညာကောလိပ်က မင်းကို အခွင့်အရေးကောင်းတွေ ပေးဖို့ ဖြစ်နိုင်မလား”
ကျန်းကျဲ့က ခေါင်းယမ်းသည်- “တရားဝင် အကြောင်းကြားခြင်း မရှိသေးခင်မှာတော့ အချို့စကားတွေကို နားထောင်ရုံပဲ ရှိသေးတယ်၊ အတည် မမှတ်ယူသင့်ပါဘူး။”
ရရင် ကောင်းတာပေါ့ ၊ မရရင်လည်း စာမေးပွဲ ဖြေရမှာပေါ့ ။”
“မင်း ဒီလို စိတ်ဓာတ်မျိုး ရှိတာ ကောင်းတယ်” ကျန်းယိ ရုတ်တရက် သတိရသွားသည်။ “ဒါနဲ့၊ ဆုကြေးငွေ ရှိတယ်လို့ မပြောထားဘူးလား”
“ဆုကြေးငွေ ရပြီးပါပြီ” ကျန်းကျဲ့ ပြန်ဖြေသည်။
“အဖေ အမေတို့ကို ပြပါဦး ” ကျန်းယိတို့ ဇနီးမောင်နှံ နှစ်ဦးစလုံး ကြည့် လိုကြသည်။
ကျန်းကျဲ့ အနည်းငယ် တွေဝေသွားသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ပန်းချီကား (၇) ကား ရောင်းချခဲ့သည့် ကိစ္စကို မိဘများအား မပြောပြရသေးသောကြောင့် ဖြစ်သည်။
ကျန်းကျဲ့၏ တုံ့ပြန်မှုကို မြင်သောအခါ ကျန်းယိတို့ဇနီးမောင်နှံ အမျိုးမျိုး ဖြစ်နိုင်ခြေများကို စဉ်းစားကြသည်။
“တစ်ခုခုများ ပြဿနာဖြစ်သွားတာလား”
“ပိုက်ဆံတွေ သုံးလိုက်ပြီလား”
“မဖြစ်ပါဘူး၊ဘာ ပြဿနာမှ မဖြစ်ပါဘူး၊ မသုံးရသေးပါဘူး” ကျန်းကျဲ့ ရှင်းပြသည်။ နောက်ဆုံးတော့လည်း ပြောရမှာပဲမို့ ဒီနေ့ပဲ မိဘများကို အံ့သြစရာတစ်ခု ထပ်ပေးရန် ဆုံးဖြတ်လိုက်သည်။
သူက ဘဏ်စာအုပ်ကို ထုတ်ယူပြီး ဆုကြေးငွေ ဝင်လာ သည့်အပိုင်းကို ပြသသည်။ “သား ဘဏ်ကို သွားပြီး စစ်ဆေး ပြီးပါပြီ”
ကျန်းယိတို့ဇနီးမောင်နှံ နှစ်ဦးသား ငွေ ပမာဏကို သေချာစစ်ဆေးကြသည်။ “တကယ်ပဲ ယွမ် ၈,၀၀၀ ဝင်နေတာပဲ။ မင်း သေချာသိမ်းထားနော်၊ ကျောင်းလခအတွက် သုံးရမှာ။ အရင်ကလို ပေါက်ကရတွေ မသုံးနဲ့တော့”
“သိပါပြီ”
ကျန်းယိတို့ ဇနီးမောင်နှံ နောက်ပိုင်းတွင် မှားနေ သည်ကို သတိပြုမိကြသည်။ “မင်းရဲ့ အကောင့်ထဲမှာ ဘာလို့ ဒီလောက် ပိုက်ဆံများနေရတာလဲ။ စုစုပေါင်း ယွမ် ၄၉,၀၀၀ ကျော်တောင် ရှိနေတာလား”
ရှေ့သို့ လှန်ကြည့်လိုက်သောအခါ အကောင့်ထဲရှိ ငွေဝင်ငွေထွက် မှတ်တမ်းများကို တွေ့ရသည်။
“ဒီ သောင်းနဲ့ချီတဲ့ ပိုက်ဆံတွေ ဘယ်က ရတာလဲ”
ကျန်းကျဲ့ စိတ်ရှည်လက်ရှည် ရှင်းပြသည်- “တရုတ်နှစ်သစ်ကူး တုန်းက သား အိမ်မှာ နားနေတုန်း ပုံစံအမျိုးမျိုးနဲ့ ပန်းချီကား အချို့ဆွဲခဲ့တယ်။ အင်တာနက်ကနေ ပန်းချီပြခန်းအချို့ရဲ့ သတင်း တွေကို တွေ့တော့ ဒီပန်းချီကားတွေရဲ့ အချက်အလက်တွေကို ပို့ကြည့်လိုက်တယ်။ သူတို့ ကိုယ်စား ရောင်းချပေးချင်မလားဆိုတာ သိချင်လို့ပါ။ မထင်မှတ်ဘဲ နိုင်ငံခြားပန်းချီပြခန်းတစ်ခုက ဒီပန်းချီကားတွေကို တကယ်သဘောကျပြီး စုစုပေါင်း (၇) ကား ဝယ်ယူသွားတယ်။ သူတို့က ကိုယ်စားလှယ်ကို စေလွှတ်ပြီး ဆောင်ရွက်ခိုင်းတယ်။ သား အရင်က ရှေ့နေချင်ကို ခေါ်ပြီး အတူတူ သွားဆောင်ရွက်ခဲ့တာပါ။ ဒီပိုက်ဆံတွေက ပန်းချီကားရောင်းရငွေတွေပါ”
“ဒီလောက်တောင် ရိုးရှင်း တာလား”
ကျန်းကျဲ့ ပြတ်သားစွာ ပြောသည်- “ရိုးရှင်း ပါတယ်၊ စာရွက်စာတမ်းတွေလည်း ရှိပါသေးတယ်”
“ဘာလို့ သုံးစွဲမှု အချို့ ရှိနေရတာလဲ”
“အခွန်ဆောင်တာ၊ ရှေ့နေခ ပေးတာ။ ဒါတွေက မဖြစ်မနေ သုံးရမယ့် ပိုက်ဆံတွေပါ”
ကျန်းယိတို့ ဇနီးမောင်နှံ နောက်ဆုံးတွင် စိတ်ချသွားကြပြီး ဂုဏ်ပြုဆု လက်မှတ်နှင့် ဘဏ်စာအုပ်ကို ကြည့်ရင်း ပိုမိုပျော်ရွှင်လာကြသည်။ “အဲ့တုန်းက မင်းကို အနုပညာဘာသာရပ် ရွေးချယ်ပေးခဲ့တာ တကယ် မှန်သွားတာပဲ။ ပန်းချီကား (၇) ကား၊ တစ်ကားကို ပျမ်းမျှ ယွမ် ၅,၀၀၀။ ဒါ အဖေ တို့ လစာထက် အများကြီး များတယ်”
“အဖေ တို့ စက်ရုံမှာ အရင်က ပန်းချီဆွဲတော် တဲ့ လုပ်ဖော်ကိုင်ဖက် နှစ်ယောက် ရှိတာ မှတ်မိတယ်။ တစ်ယောက်က အသက်မွေးဝမ်းကျောင်း ပန်းချီဆရာ ဖြစ်သွားပြီး နောက်တစ်ယောက်က သတင်းစာတိုက်ရဲ့ အနုပညာအယ်ဒီတာ ဖြစ်သွားတယ်။ အဲ့ဒီနှစ်ယောက်လည်း ပန်းချီရောင်းကြတယ်။ သူတို့ ပန်းချီရောင်းတဲ့ဈေးက ဒီလောက် မြင့်တာမျိုး မဟုတ်ဖူးထင်တယ်”
“တကယ်ဆို အဖေက အနုပညာဘာသာရပ်ကို အခြေခံတစ်ခုအနေနဲ့ပဲ သဘောထားခဲ့တာ။ တက္ကသိုလ်တောင် မရောက်သေးဘဲ ဒီလောက် ပိုက်ဆံ ရှာနိုင်မယ် မထင်ထာား ခဲ့ဘူး”
မိဘတိုင်းသည် မိမိသားသမီးများ ထူးချွန်စေရန် မျှော်မှန်းကြသည်။ လက်တွေ့ဘဝက သင်ခန်းစာပေးပြီးမှသာ မိမိသားသမီးများသည် သာမန်လူများသာဖြစ်သည်ကို ဝန်ခံရမည်ပင်။
ယခင်က ကျန်းယိတို့ ဇနီးမောင်နှံသည် ကျန်းကျဲ့ တက္ကသိုလ်တက် ခွင့်ရရန်သာ မျှော်လင့်ခဲ့ကြပြီး အနုပညာလမ်းကြောင်းပေါ်တွင် ထူးချွန်မည်ဟု ဘယ်သောအခါမျှ မျှော်လင့်မထားခဲ့ပေ။
ယခု ရရှိလာသော ဂုဏ်ပြုဆုလက်မှတ် နှင့် ဆုလာဘ်များသည် သူတို့၏ ကြိုးစားမှုများ အလဟဿ မဖြစ်ခဲ့ကြောင်း ခံစားရစေသည်။
“အဖေ၊ အမေ၊ သား နောင်မှာ ပိုပြီး ရှာနိုင်မှာပါ ”
........
နံနက်စောစောတွင် ကျန်းကျဲ့သည် အမှတ် ၇ အထက်တန်းကျောင်း ဂိတ်ဝသို့ ရောက်ရှိလာပြီး လျင်မြန်စွာ လျှောက်လှမ်းနေကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသားများကို ကြည့်ရင်း အနုပညာအတန်း၏ ဤဆောင်းရာသီကျောင်းပိတ်ရက်သည် အနည်းငယ် ကြာသည်ဟု ရုတ်တရက် သတိပြုမိ၏။
သူနှင့် အတန်းတူ အတန်း ၃ အထက်တန်း ကျောင်းသားများသည် ကျောင်းသို့ ပြန်လာကာ စာကျက်နေကြသည်မှာ ကြာပြီဖြစ်သည်။ အတန်း ၂ အထက်တန်း ကျောင်းသားအချို့လည်း စာကျက်ရန် ရောက်ရှိနေကြပြီး အတန်း ၁ အထက်တန်း ကျောင်းသားများသည် ကျောင်းသို့ ပြန်ရန် ပြင်နေကြပြီ ဖြစ်သည်။
အနုပညာအတန်းမှ ကျောင်းသားများသည် အနုပညာဝင်ခွင့်စာမေးပွဲအတွက် နေရာအသီးသီးတွင် ပြင်ဆင်နေကြသောကြောင့် အချိန်တိုအတွင်း ကျောင်းသို့ ပြန်လာနိုင်မည်မဟုတ်ပေ။
သူက စာသင်သော အဆောက်အအုံရှေ့သို့ လျှောက်သွားရာ ဒါရိုက်တာလင်သည် အောက်ထပ်တွင် စောင့် နေသည်ကို တွေ့ရသည်။
ဒါရိုက်တာလင်က ကျန်းကျဲ့ကို မြင်သည်နှင့် ချက်ချင်း လက်ဆွဲကာ ပန်းချီခန်းတည်ရှိရာ အဆောက်အအုံလေးဆီသို့ ခေါ်သွားသည်။
“ဆရာတို့ ပန်းချီခန်း အဆောင်ကို တိုက်ရိုက်သွားကြစို့။ ဒီနေ့ အဲဒီမှာ ဓာတ်ပုံရိုက်ကြမယ်”
နှစ်ဦးသား ဆရာများ၏ ရုံးခန်းသို့ ရောက်ရှိလာကြသည်။ အတန်းပိုင်ဆရာနှင့် သူတို့အား စာသင်ပေးသော ဘာသာရပ်ဆိုင်ရာ ဆရာများ အားလုံး ဤနေရာတွင် ရှိနေသည်။
ဆရာ အချို့သည် ကျန်းကျဲ့၏ ဂုဏ်ပြုဆု လက်မှတ်ကို ကြည့်ပြီးနောက် သူ့ကို ဝမ်းမြောက် ကြောင်း ပြောကြားကြပြီးနောက် ဓာတ်ပုံစ ရိုက် ကြသည်။
ကျန်းကျဲ့သည် ဂုဏ်ပြု ဆုလက်မှတ်ကို ကိုင်လျက် သင်ကြားရေး အဆောက်အအုံရှေ့နှင့် ပန်းချီခန်းအတွင်း၌ ဆရာများနှင့်အတူ အမှတ်တရ ဓာတ်ပုံများ ရိုက်ကြ သည်။
ဒါရိုက်တာလင်က ဆရာတစ်ဦးအား အကူအညီတောင်း၍ ဓာတ်ပုံဆယ်ပုံကျော် ဆက်တိုက်ရိုက်ကူးပြီးမှ ပြီးသွားသည်။
အတန်းပိုင်ဆရာက မှာကြားသည်- “ကျန်းကျဲ့၊ ဆရာ တို့ကျောင်းက ဒီကိစ္စကို ကောင်းကောင်းမွန်မွန် ကြော်ငြာဖို့ ပြင်ဆင်နေတယ်။ မင်းရဲ့ လက်ရှိအလုပ် တွေ အရမ်းများနေတာကို ထည့်သွင်းစဉ်းစားပြီး မင်းရဲ့ ပန်းချီ ပစ္စည်းတွေကို ကျောင်းက တာဝန်ယူပေးပါ့မယ်။ မင်း စာမေးပွဲအတွက်ပဲ အာရုံစိုက် ထားပါ ”
“ကျေးဇူးတင်ပါတယ် ဆရာ”
ဒါရိုက်တာလင် တစ်ဦးတည်းက ကျန်းကျဲ့ကို မေးသည်- “ပင်းဟိုင်အနုပညာကောလိပ်က ဆရာတွေ မင်းကို ဆက်သွယ်လာသေး လား”
ကျန်းကျဲ့ ဒါရိုက်တာလင် မည်သို့ မေးလိုသည်ကို နားလည်၏။
“ဆက်သွယ်လာ ပါတယ်။ အနုပညာကောလိပ်ကို ကျောင်းတက် ဖို့ တိုက်တွန်းပြီး သင်တန်းကို ကြော်ငြာပေးဖို့လည်း မျှော်လင့်တယ်”
ဒါရိုက်တာလင် မှာကြားသည်- “တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်ပေးလိုက်ပါ မင်း အနုပညာကောလိပ်ကို တက်ချင်တယ်ဆိုတာ ဆရာ သိပါတယ်။ မင်းက သူတို့ကို ကြော်ငြာရာမှာ ပူးပေါင်းဆောင်ရွက်ရင် သူတို့ကလည်း မင်းကို ကူညီပေးဖို့ စိတ်အားထက်သန်ပါလိမ့်မယ်”
“ကျွန်တော် မှတ်ထားလိုက်ပါ့မယ်”
.......
ကျန်းကျဲ့ ကျောင်းမှ ထွက်ခွာပြီးနောက် သင်တန်းသို့ ဆက်သွားသည်။
ဆရာကျန်းက ကျန်းကျဲ့ကို တွေ့သည်နှင့် သူ၏ ရုံးခန်းသို့ ခေါ်သွား သည်။
ကျန်းကျဲ့ယည် ဤနေရာ၌ ဆံပင်ကျိုးတိုးကျဲတဲ အသက်လတ်ပိုင်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီးငယ်တစ်ဦးကို တွေ့လိုက်ရသည်။
ဆရာကျန်းက ကျန်းကျဲ့အား မိတ်ဆက်ပေးသည်။
ဆံပင်ကျိုးတိုးကျဲတဲ အသက်လတ်ပိုင်း အမျိုးသားသည် အနုပညာဒီဇိုင်းဌာနမှ ဒါရိုက်တာကျင်း ဖြစ်ပြီး အမျိုးသမီးငယ်သည် သင်ကြားရေးဌာနမှ ဆရာမဖြစ်သည်။
နှစ်ဦး သည် ကျန်းကျဲ့၏ သင်ယူမှုအခြေအနေကို စိတ်အားထက်သန်စွာ မေးကြပြီး သူရရှိခဲ့သော ဂုဏ်ထူး များကို အတည်ပြုပြီးနောက် ကောင်းကောင်းကြိုးစားပါ၊ အနာဂတ်အတွက် အလားအလာကောင်းတွေ ရှိတယ် စသည်ဖြင့် အားပေးစကားများ ပြောကြသည်။
ဒါရိုက်တာကျင်းက ကျန်းကျဲ့အား ပြောသည်- “ဆရာကျန်းက မင်းရဲ့ အခြေအနေကို ကျောင်းသို့ အကြောင်းကြားပြီးပါပြီ။ ကျောင်းက အစည်းအဝေးလုပ်ပြီး ဆွေးနွေးပါလိမ့်မယ်။”
ယခင်အခြေအနေတွေ အရ ခန့်မှန်းရမယ်ဆို မင်း ပင်းဟိုင် အ နုပညာကောလိပ်ကို ဝင်ဖြေရင် ကျောင်းတက် ခွင့်ရဖို့ အခွင့်အရေး များတယ်။
ကျန်းကျဲ့သည် ပျော်ရွှင်သော မျက်နှာကို ဖော်ပြသော်လည်း သူ၏ ဦးနှောက်ကမူ အလွန်ကြည်လင်သည်။ ဤသို့ မရေရာသော စကားများကို နားထောင်ရုံသာ ရှိသည်။
ဒါရိုက်တာကျင်းသည် ကျန်းကျဲ့၏ အခြေအနေကို အတည်ပြုရန်သာ လာရောက်ခြင်းဖြစ်ပုံ ရသည်။
ဒါရိုက်တာကျင်းတို့ နှစ်ဦး ထွက်သွားပြီးနောက် ဆရာကျန်းသည် ကျန်းကျဲ့ကို သင်တန်းအတွင်း၌ ဓာတ်ပုံရိုက်ရန် ဆွဲခေါ်သည်။
ဓာတ်ပုံရိုက်ခြင်း ပြီးသောအခါ ကျန်းကျဲ့ ပန်းချီခန်းထဲသို့ ဝင်လာပြီး လူအများ၏ အကြည့်များနှင့် ဝေဖန်ပြောဆိုမှုများကို ထပ်မံခံစားရသည်။