အပိုင်း ၁၀၅-၁၀၈
Vol. 6 Ch. 105-108
အပိုင်း (၁၀၅)
သူက အရင်တုန်းက ဆယ်ကျော်သက်လေးပါဘဲ။
နောက်တစ်နေ့တွင် မန်ရွှယ်နှင့်အခြားသူများ စောစောနိုးလာကြသည်။
စားသောက်ဆိုင်ကိုအရင်သွားပြီး စားသောက်ကြပြီးတဲ့နောက် ဟိုတယ်အောက်ဆင်းပြီး ယဲ့ဖန်လာကြိုမှာကို စောင့်နေခဲ့ကြသည်။
သို့ပေမဲ့ ၉နာရီကျော်လာတဲ့အထိ ယဲ့ဖန်ကို သူတို့မတွေ့ကြရသေးပေ။
နျုံဟောက်ရန်သည် ချက်ချင်း ထိုအခွင့်အရေးကောင်းကိုယူပြီး လှောင်ပြောင်လိုက်သည်။
" ချမ်းသာတဲ့သူတွေက အရမ်းဟိတ်ဟန်များတာဘဲ။ ငါတို့အားလုံးဒီရောက်လာတာတောင် သူ့ကိုစောင့်နေရတယ် "
မန်ရွှယ်မျက်မှောင်ကြုတ်လိုက်သည်။
" သူ သွားစရာတစ်ခုခုရှိလို့နေမှာပါ၊ ဟုတ်တယ်မလား "
နျုံဟောက်ရန်က နှာမှုတ်လိုက်သည်။
" မနေ့ကလည်း လုပ်စရာရှိလို့နောက်ကျတယ်ပြောတယ်။ ဒီနေ့လည်း ဘာလုပ်စရာများရှိနေလို့လဲ။ လုပ်စရာက အဲ့လောက်တောင်များနေတာလား။ ငါ့အထင် သူက ငါတို့အပေါ်အထင်သေးနေတာဖြစ်မယ် "
အခြားသူငယ်ချင်းတွေကလည်း ဘာမှ မပြောကြသော်ငြား မျက်နှာမကောင်းကြပေ။
ယဲ့ဖန်သည် အခုတွင်ချမ်းသာလာပြီဖြစ်၍ သူတို့ကို အထင်သေးနေပြီလားဟုတွေးနေကြသည်။
ယဲ့ဖန်က သူတို့ကို တမင်တကာများ မတွေ့ချင်လို့လုပ်နေတာဖြစ်နိုင်သည်ဟု ထင်နေကြသည်။
မန်ရွှယ်သည် ယဲ့ဖန်ဘက်မှ စကားကောင်းကာပြောပေးချင်သော်လည်း ဘာပြောပေးရမလဲမသိပေ။
ထိုအချိန်တွင် Mercedes Benz V260 Business ကားတစ်စီးက သူတို့နားသို့ဖြည်းညှင်းစွာမောင်းလာသည်ကို တွေ့လိုက်ရသည်။
ထို့နောက် ယဲ့ဖန်သည် ထိုကားပေါ်မှ လျင်မြန်စွာဆင်းလာသည်။
" ငါနောက်ကျသွားတာ တောင်းပန်ပါတယ် "
နျုံဟောက်ရန်သည် သူ၏ဒေါသထွက်နေသောအမူအရာကို ဖုံးကွယ်မထားပေ။
" ယဲ့ဖန်၊ မင်း ဘာကိုဆိုလိုတာလဲ။ မင်းကအမြဲနောက်ကျနေတာ။ မင်း တမင်တကာလုပ်နေတာ၊ ဟုတ်တယ်မလား "
ယဲ့ဖန်က သူ့ကို လျစ်လျူရှုလိုက်ပြီး မန်ရွှယ်ကိုအားတုံ့အားနာဖြင့်ပြုံးပြသည်။
" အိမ်မှာက ပြိုင်ကားနှစ်စီးဘဲရှိတော့ လူတွေအများကြီးမဆန့်ဘူးလေ။ အဲ့တာကြောင့် မနက်စောစောထပြီး အိမ်နားက ကားပြခန်းကိုသွားပြီး ဝယ်ခဲ့တာကြောင့် နောက်ကျသွားတာဘဲ။ အားလုံးဘဲ၊ ငါ တောင်းပန်ပါတယ် "
ယဲ့ဖန်၏ရှင်းပြချက်ကို နားထောင်ပြီးတဲ့အခါ လူတိုင်းက ရှက်သွားကြသည်။
ယဲ့ဖန်နောက်ကျရခြင်းအကြောင်းမှာ သူတို့ခရီးသွားလာရေးအဆင်ပြေစေရန် ကားသွားဝယ်နေခြင်းကြောင့်ဖြစ်သည်။
ယဲ့ဖန်သည် ချမ်းသာတာကြောင့် သူတို့ကိုအထင်အမြင်သေးကာ တမင်နောက်ကျပြီးလာသည်ဟု တွေးခဲ့ကြသည်။
ယဲ့ဖန်ကို သူတို့က စွပ်စွဲအထင်လွဲနေမိခဲ့ကြခြင်းက ရယ်ချင်စရာကောင်းသည်။
ယဲ့ဖန်သည် အရင်တုန်းကအတိုင်း နည်းနည်းလေးတောင်ပြောင်းလဲမသွားသည့် ဆယ်ကျော်သက်လေးဖြစ်နေဆဲဆိုတာကို သူတို့နားလည်သွားကြသည်။
တစ်ချိန်တည်းမှာဘဲ ယဲ့ဖန်ပြောလိုက်သည့်စကားကြောင့် သူတို့အားလုံး အံ့ဩသွားကြရပြန်သည်။
ယဲ့ဖန်ရှေ့က Mercedes Benz ကားကြီးက အနည်းဆူံး ယွမ် ၆သိန်း ၇သိန်းလောက် တန်တယ်မဟုတ်လား။
ယဲ့ဖန်က သူတို့ကို လာကြိုဖို့အတွက်နဲ့ တကယ်ဘဲ ကားဝယ်ခဲ့သည်။
ဇိမ်ခံကားကြီးကို ဝယ်လာပုံက အရုပ်ကားလေးကို ကောက်ဝယ်ခဲ့ပုံနှင့်တူနေသည်။
ဤကဲ့သို့သောပိုက်ဆံသုံးမှုက လူတိုင်းကို ပါးစပ်အဟောင်းသားဖြစ်သွားစေသည်။
နျုံဟောက်ရန်သည်လည်း အရှက်ရသွားသည်။
အခုလေးတင်မှ သူသည် ယဲ့ဖန်ကို ပြင်းပြင်းထန်ထန်ပြောဆိုပြီး ဝေဖန်ကာ မာန်တက်နေတဲ့သူတစ်ယောက်ဟုတောင် ပြောခဲ့သည်။
အဆုံးမှာတော့ နျုံဟောက်ရန်သည် ကြင်နာသောနှလုံးသားရှိသူကို သူ့စိတ်နဲ့တိုင်းပြီး ရိုင်းမိသွားသူဖြစ်သွားခဲ့သည်။
ထိုကိစ္စကြောင့်အတော်လေးအရှက်ရသွားသည်။
ယဲ့ဖန်ကတော့ အများကြီး ဂရုစိုက်မနေပါ။ သူက လူတိုင်းကို လက်ဝှေ့ယမ်းပြလိုက်သည်။
" ကောင်းပြီ၊ ဒါဆို ကားထဲဝင်ကြလေ။ ဒီနေ့လည်ပတ်ဖို့လမ်းကြောင်းကို ငါစီစဉ်ထားတယ် "
သူငယ်ချင်းအုပ်စုက တစ်ယောက်နဲ့တစ်ယောက် ရှက်ရှက်နဲ့ကြည့်ပြီး ကားထဲကိုဝင်လိုက်သည်။
မန်ရွှယ်ကတော့ ရှေ့ခန်းဘေးထိုင်ခုံသို့တန်းတန်းသွားသည်။
သူမ ကားတံခါးကိုဖွင့်လိုက်သည့်အခါ ရှေ့ခန်းဘေးထိုင်ခုံပေါ်မှ စာအုပ်အပုံလိုက်ကြီးကိုတွေ့လိုက်သည်။
" နင် စာအပေါ်တော်တော်လေး အလေးပေးကြိုးစားနေတာဘဲ "
သူမက ယဲ့ဖန်ကိုစနောက်သည်။
" စာမေးပွဲကနီးနေပြီ။ အဲ့တော့ အိမ်စာတွေပြန်ကြည့်နေတာပါ။ စာအုပ်တွေကို နင် အောက်ချလိုက်လို့ရတယ် "
ယဲ့ဖန် ကားစက်နှိုးနေရင်းပြောလိုက်သည်။
မန်ရွှယ်သည် သူပြောတာကိုနားမထောင်ဘဲ စာအုပ်တွေကို လက်ထဲမှာသာပွေ့ကိုင်ထားလိုက်ပြီး စာအုပ်တွေကို လှန်ကြည့်နေသည်။
ထိုအချိန်တွင် စာအုပ်ထဲမှ A4စာရွက်အထပ်လိုက်ပြုတ်ကျလာသည်။
ထိုစာရွက်တွေကိုကောက်ပြီး စာအုပ်ကြားထဲပြန်ညှပ်ထည့်ဖို့လုပ်နေစဉ်မှာဘဲ စာရွက်ပေါ်မှစာလုံးတစ်ချိို့ကုတွေ့လိုက်သည်။
" အိမ်အရောင်းအဝယ်ငွေချေစာချုပ် "
သိချင်စိတ်ကြောင့် မန်ရွှယ်စာရွက်ကိုဖြန့်ပြီး ဖတ်ကြည့်လိုက်သည်။
ထို့နောက် အံ့ဩသွားတော့သည်။
" လက်ငင်းငွေပေးချေမှု ........ ယွမ် သန်း ၂၀၀ "
သူမသည် လန့်သွားတာကြောင့် အသံအနည်းငယ်ကျယ်သွားသည်။
ထို့ကြောင့်ကားထဲမှ သူတို့ရဲ့အာရုံက သူမဆီရောက်လာသည်။
သူငယ်ချင်းအုပ်စုထဲမှကျောင်းသူတစ်ယောက်က ချက်ချင်းမေးလိုက်သည်။
" ဘာ ယွမ် သန်း ၂၀၀ လဲ "
ယဲ့ဖန်သည် ကားမောင်းနေရင်းဖြင့် လှမ်းကြည့်လိုက်သည်။
" ဘာမှမဟုတ်ပါဘူး။ ဒီအတိုင်းသာမန်စာချုပ်လေးတစ်ခုပါဘဲ "
မနေ့ညက သူ စာဖတ်ပြီးတဲ့နောက် စားပွဲပေါ်မှ စာချုပ်တစ်ခုကိုယူကာ ခေါက်ပြီး စာအုပ်ကြားထဲကိုညှပ်ကာ စာရွက်မှတ်ထားလိုက်သည်။
ထိုတစ်ခုက ပိုနီနဲ့ချုပ်ထားသောစာချုပ်ဖြစ်နေလိမ့်မည်ဟုထင်မထားပေ။
မန်ရွှယ်က ယဲ့ဖန်ပြောတာကိုကြားတဲ့အခါ အသံကျယ်ကျယ်ဖြင့်ထပ်ပြောလိုက်သည်။
" ယွမ်သန်း၂၀၀တန်စာချုပ်ကို သာမန်လို့ခေါ်သလား။ အဲ့တာဆို ငွေပမာဏဘယ်လောက်မှ ထူးခြားတဲ့စာချုပ်ဖြစ်မှာလဲ "
ထိုအချိန်တွင် မိန်းကလေးသူငယ်ချင်းထဲမှတစ်ယောက်က သူမဆီက စာချုပ်ယူလိုက်သည်။
စာချုပ်ပေါ်မှ ယွမ်သန်း၂၀၀ဟူသောစာလုံးရေးထားတာကိုတွေ့တဲ့အခါ လူတိုင်းက အံ့အားသင့်လွန်းလို့ စကားပင်မပြောနိုင်ကြပေ။
ယဲ့ဖန်သည် အချိန်တိုအတွင်းချမ်းသာလာတာကို သူတို့လက်ခံပြီးသားဖြစ်ကြသော်လည်း သူတို့ခန့်မှန်းချက်အရ ယဲ့ဖန်တွင် ပိုင်ဆိုင်မှု ယွမ် ၁၈သန်းလောက်သာရှိမည်ဟု ထင်ထားကြတာဖြစ်သည်။
သို့ပေမဲ့ စာချုပ်ကိုတွေ့တဲ့အခါ သူတို့ ဘယ်လောက်တောင်တုံးအမှန်း သိလိုက်ကြရသည်။
ယဲ့ဖန်၏ပိုင်ဆိုင်မှုက သူတို့ထင်ထားတာထက် အဆပေါင်းများစွာပိုလေသည်။
လူတိုင်းက အံ့ဩမှုကြောင့် ဘာမှမပြောနိုင်ခင်မှာဘဲ နောက်ထပ်သူငယ်ချင်းတစ်ယောက်ကပြောသည်။
" အိမ်ဝယ်သွားတဲ့သူက ပိုနီမားလား "
" ဘယ် ပိုနီလဲ "
" ပိုနီမားလေ၊ PP chat ကို တည်ထောင်ခဲ့တဲ့သူ။ သူက အခုလုပ်ရှိ စွန့်ဦးစီးပွားရေးရှင်တိုင်းရဲ့ အားကျလေးစားရတဲ့သူဘဲ "
" အာ။ တရုတ်ပြည်ရဲ့ အသက်အငယ်ဆုံးဘီလီယံနာကြီးမလား။ မဖြစ်နိုင်တာ။ သူက ယဲ့ဖန်ရဲ့အိမ်ကို တကယ်ကြီးဝယ်ခဲ့တာပေါ့ "
" ဘုရားရေ၊ ယဲ့ဖန် မင်း ပိုနီမားနဲ့သိတာလား။ ဒါ ........ ဒါကြီးက ကြောက်စရာမကောင်းလွန်းဘူးလားကွာ "
လူတိုင်းက ယဲ့ဖန်ကို ဂြိုဟ်သားတစ်ယောက်ကိုကြည့်နေရသည့်အလား မှင်တင်စွာကြည့်နေကြသည်။
သူတို့ လက်မခံချင်ကြသော်လည်း ယဲ့ဖန်သည် သူတို့နဲ့အဆင့်မတူတော့မှန်း သိကြသည်။
တစ်နေ့လုံး ယဲ့ဖန်မှ သူတို့ကို အလည်အပတ်လိုက်ပို့သည်။
သို့ပေမဲ့ သူတို့တစ်ယောက်ချင်းစီမှာ စိတ်လွတ်နေကြကြောင်းမြင်ရနိုင်သည်။
ညတွင် ယဲ့ဖန်သည် သူတို့ကို ထျန်းဟယ်ဟိုတယ်သို့လိုက်ပို့သည့်အခါ ရှေ့ခန်းခုံမှ မန်ရွှယ်က ရုတ်တရက်ပြောသည်။
" ယဲ့ဖန်၊ ငါတို့မနက်ဖြန်ပြန်တော့မယ်လို့တိုင်ပင်ထားတယ် "
ယဲ့ဖန်က အံ့အားသင့်သွားသည်။
" တစ်ရက်ထဲနေမှာလား ဘာလို့ပြန်မှာလဲ "
မန်ရွှယ်သည် ကူကယ်ရာမဲ့စွာနဲ့ဘဲ နှုတ်ခမ်းဆူကာပြောသည်။
" နင်က ငါတို့ထက် အများကြီးသာနေတာတောင်မှ စာကိုကြိုးစားနေတုန်းဘဲလေ။ ငါတို့က ဘာအကြောင်းပြချက်နဲ့ ပျော်ပွဲရွှင်ပွဲတွေကို လောဘတက်နိုင်မှာလဲ "
နျုံဟောက်ရန်ကလည်း အတည်အကြည်ခေါင်းငြိမ့်လိုက်သည်။
" ဟုတ်တယ်၊ ငါတို့လည်း အလုပ်ကြိုးစားရမယ်။ ယဲ့ဖန်၊ ငါ့ရဲ့ရှိသမျှအင်အားကိုသုံးပြီး မင်းထက် ငါကမနိမ့်ကျဘူးဆိုတာသက်သေပြမယ် "
သူတို့အားလုံးက ထိုသို့ပြောနေကြ၍ ယဲ့ဖန်ကလည်း မတားတော့ပေ။
" အဲ့တာဆို မနက်ဖြန်မနက်ကျလာကြိုပြီး လေဆိပ်ပို့ပေးမယ် "
" ဒီတစ်ခါတော့ နောက်မကျနဲ့ "
" ဟားဟားဟားဟား......... "
အပိုင်း (၁၀၆)
သရုပ်မှန်အတည်ပြုပြီး။
နောက်တစ်နေ့တွင် မန်ရွှယ်နှင့် အခြားသူများကို လိုက်ပို့ပြီးတဲ့နောက် ယဲ့ဖန် စာပြန်နွေးတာကို အာရုံစိုက်နေလိုက်သည်။
ထိုမနက်တွင် ယဲ့ဖန်စံအိမ်မှာ စာဖတ်နေခဲ့သည်။
ရုတ်တရက် Silver Brilliance အဆောက်အဦးမန်နေဂျာ ထန်းယုံတိဆီမှ ဖုန်းဝင်လာသည်။
" ယဲ့လူကြီးမင်း၊ ဒီနေ့ ဒုန်းအန်းငွေကြေးအာမခံကုမ္ပဏီက ငှားခရမှာပါ။ ယဲ့လူကြီးမင်း ကိုယ်တိုင်လာပြီး ဆောင်ရွက်ချင်ပါသလား "
ထန်းယုံတိသည် မျက်နှာလိုမျက်နှာရလုပ်သည့်အသံဖြင့်မေးသည်။
" ဘာလို့ သွားရမှာလဲ "
ယဲ့ဖန်က နားမလည်ဖြစ်သွားသည်။
" ယဲ့လူကြီးမင်းရဲ့ မိန်းကလေး ....... ကောင်မလေးက ဒုန်းအန်းငွေကြေးအာမခံမှာ အလုပ်လုပ်တာမဟုတ်ဘူးလား။ နောက်ဆုံးတစ်ခေါက်ကျွန်တော်တွေ့တုန်းက လူကြီးမင်းတို့ကြားမှာ နားလည်မှုလွဲတာလေးရှိနေတယ်ထင်လို့ အခုဖြေရှင်းနိုင်မယ်ထင်လို့ပါ "
ထန်းယုံတိက ပိုပြီးလေးနက်သည့်အဓိပ္ပာယ်ဖြင့်ပြောလိုက်သည်။
သူသည် ရှုမန်အကြောင်းကိုပြောနေမှန်း ယဲ့ဖန်သိသည်။ ယဲ့ဖန် အေးစက်စွာဖြင့် ဟက်ခနဲလုပ်လိုက်သည်။
" အဲ့တာ ကျွန်တော့်ကိစ္စပါ။ ခင်ဗျားနဲ့ဘာဆိုင်လို့လဲ "
ထိုစကားကိုကြားတဲ့အခါ ထန်းယုံတိ ချွေးအေးတွေပင်ထွက်လာသည်။
သူသည် အစမှာ ယဲ့ဖန်ရှေ့တွင် သူ့ကောင်မလေးအကြောင်းပြောပြီး မျက်နှာသာရဖို့အခွင့်အရေးရှာပေမဲ့ ဒီလိုအဆူခံလိုက်ရမယ်လို့ထင်မထားချေ။
ဒီတစ်ခါတော့ ခေါင်းကို သံနှင့်ရိုက်မိပြီထင်သည်။
" ယဲ့လူကြီးမင်း၊ ကျွန်တော်မှားသွားပါတယ်။ တစ်ယောက်ယောက်ကို သွားခိုင်းဖို့ စီစဉ်လိုက်ပါ့မယ် "
ထန်းယုံတိက ထိုသို့ပြောပြီး ဖုန်းချဖို့ပြင်လိုက်သည်။
ထိုအချိန်တွင် ယဲ့ဖန်ဘက်မှ စကားသံထွက်လာသည်။
" မသွားဘူးလို့ရော ပြောလိုက်လား "
ထန်းယုံတိ သူ့ဖုန်းကို ကြောင်အစွာကြည့်လိုက်သည်။
ဒီ ယဲ့လူကြီးမင်းရဲ့စိတ်က ခန့်မှန်းဖို့ခက်လွန်းနေတယ်၊ မဟုတ်လား။
သူက လာချင်တာလား၊ မလာချင်ဘူးလား။
အာဏာရှင်တွေနဲ့ဆက်ဆံရတာက ကျားတစ်ကောင်ကိုအဖော်ပြုပေးရတာနှင့်တူသည်။
........................
ယဲ့ဖန် Silver Brilliance အဆောက်အဦးသို့ရောက်လာတဲ့အခါ ထန်းယုံတိသည် သူ့လူတစ်ယောက်နှင့်အတူ ထွက်စောင့်နေပြီးသားဖြစ်သည်။
" ယဲ့လူကြီးမင်း၊ ဒါက ဒုန်းအန်းငွေကြေးအာမခံကုမ္ပဏီရဲ့ အငှားစာချုပ်နဲ့၊ ငွေပေးချေမှု သတိပေးစာပါ ....... "
ထန်းယုံတိသည် ယဲ့ဖန်ကို စာရွက်စာတမ်းတွေ ချက်ချင်းလက်ထဲအပ်လိုက်သည်။
ယဲ့ဖန်လည်း အချိန်ဆွဲမနေဘဲ သူတို့နှစ်ယောက်ရှေ့မှဦးဆောင်ကာ ဒုန်းအန်းငွေကြေးအာမခံကုမ္ပဏီသို့ ဦးတည်လိုက်သည်။
သို့ပေမဲ့ သူတို့သုံးဦး ဒုန်းအန်းငွေကြေးအာမခံကုမ္ပဏီအထပ်သို့သွားသည့်အခါ ဧည့်ကောင်တာမှ သူတို့ကိုတားလိုက်သည်။
" တောင်းပန်ပါတယ်။ အထဲဝင်လို့မရပါဘူး "
ထန်းယုံတိမျက်နှာပျက်သွားသည်။
" ငါ့ကိုမသိဘူးလား။ ငါက Silver Brilliance အဆောက်အဦးရဲ့စီမံခန့်ခွဲမှု မန်နေဂျာဘဲ။ ဒီကို ငါတို့က အငှားငွေလာကောက်တာ "
နူးညံ့တဲ့မျက်နှာနဲ့ဧည့်ကြိုကောင်မလေးက ခေါင်းခါလိုက်သည်။
" အဲ့လိုလည်းမရပါဘူး။ ကျွန်မတို့ရဲ့သူဌေးကောက ဒီနေ့ ကုမ္ပဏီကို VIP ဧည့်သည်တော်တစ်ယောက်လာဖို့ရှိတာကြောင့် အပြင်လူတွေကိုလာလို့မရဘူးလို့ ညွှန်ကြားထားပါတယ် "
ယဲ့ဖန် သူ့နှာခေါင်းကိုတို့လိုက်သည်။
" ရှုမန်ဘယ်မှာလဲ။ ငါက သူမရဲ့သူငယ်ချင်းပါ၊ သူမကိုတော့ ခေါ်လို့ရတယ်မလား "
ဧည့်ကြိုကောင်တာမှကောင်မလေးက ခေါင်းကိုခါမြဲခါနေသည်။
" မန်နေဂျာရှုက ဒီနေ့လာမယ့်အထူးဧည့်သည်တော်နဲ့ ညှိနှိုင်းရေးအတွက် သူဌေးကို ကူညီပေးနေပါတယ်။ သူမက ရှင့်ကိုအခုအချိန်မပေးနိုင်လောက်ပါဘူး "
သူမက ယဲ့ဖန်ကိုတောင်မျက်နှာသာမပေးသည်ကိုတွေ့ပြီး ထန်းယုံတိချက်ချင်းဒေါသထွက်သွားသည်။
" မင်းတို့မှာ ဘယ်လိုဧည့်သည်ရှိလဲ ဂရုမစိုက်ဘူး။ ဒါပေမဲ့ မင်းတို့ဒီနေ့အငှားငွေချေရမှာလေ။ မင်းတို့နောက်ကျရင် အပိုငွေဆောင်ရမှာ "
ဧည့်ကြိုကောင်မလေးကလည်းဒေါသထွက်လာသည်။
" ကျွန်မလို အလုပ်သမားမျိုးကို ဒုက္ခရောက်အောင်မလုပ်ပါနဲ့။ ကျွန်မက ဝင်ခွင့်ပေးလိုက်ရင် ကျွန်မအလုပ်ပြုတ်မှာပါ "
သူတို့နှစ်ဦးစကားများနေစဉ်တွင် .......
လူကြီးတစ်ယောက်၏ ဟိတ်ဟန်ပါသော အသံကို ရုတ်တရက် ကြားလိုက်ရသည်။
" ဘာကိစ္စလဲ "
ယဲ့ဖန်လှည့်ကြည့်လိုက်သည့်အခါ ဟိတ်ဟန်ရှိသောသက်လတ်ပိုင်းလူကြီးတစ်ယောက်က သူတို့ရှိရာကို လမ်းလျှောက်လာသည်ကိုတွေ့လိုက်သည်။
ဧည့်ကြိုကောင်မလေးက အလျင်အမြန်ရှင်းပြသည်။
" သူဌေး၊ သူတို့က စီမံခန့်ခွဲရေးဌာနကပါ။ အငှားငွေလာကောက်တာလို့ပြောပါတယ် "
ထိုလူလတ်ပိုင်းယောက်ျားကြီးက ယဲ့ဖန်နားကိုလျှောက်လာပြီး ယဉ်ကျေးစွာခေါင်းငြိမ့်ပြသည်။
" မင်္ဂလာပါ၊ ကျွန်တော်က ဒုန်းအန်းငွေကြေးအာမခံက သူဌေး ကောဟွိုက်လျန်ပါ။ တောင်းပန်ပါတယ်၊ လက်ရှိမှာ ကျွန်တော်တို့မှာ အထူးဧည့်သည်တော်တစ်ယောက်ရှိနေလို့ပါ။ နည်းနည်းနောက်ကျမှလာလို့ရမလား "
သူ့စကားလုံးတွေက နှိမ့်ချနေတာလည်းမဟုတ်သလို မောက်မာနေတာလည်းမဟုတ်ဘဲ ကျိုးကြောင်းဆီလျော်သည်။
ထို့ကြောင့် ယဲ့ဖန် ဘာမှဆက်မပြောတော့ပေ။
ယဲ့ဖန်သည် ထန်းယုံတိတို့နှစ်ယောက်နှင့် လှည့်ပြန်ဖို့လုပ်ချိန်မှာဘဲ ........
ရုတ်တရက် ရင်းနှီးသောအသံတစ်ခုကိုကြားလိုက်ရသည်။
" ရှောင်ဖန်မဟုတ်လား။ ဒီမှာ ဘာလုပ်နေတာလဲ "
ယဲ့ဖန်လှည့်ကြည့်လိုက်သည့်အခါ အံ့အားသင့်သွားသည်။
ထိုလူသည် တခြားသူမဟုတ်ဘဲ မတွေ့ရတာကြာပြီဖြစ်သော ပိုနီမားဖြစ်နေသည်။
သို့ပေမဲ့ ယဲ့ဖန်လျှင်မြန်စွာအသိစိတ်ကပ်လာပြီး သူ့ကို နွေးထွေးစွာနှုတ်ဆက်လိုက်သည်။
" အစ်ကိုပိုနီ၊ ဒီကိုဘာလို့ရောက်နေတာလဲ "
ပိုနီမားသည် ယဲ့ဖန်ပုခုံးကို စိတ်အားထက်သန်စွာပုတ်လိုက်သည်။
" ဒုန်းအန်းငွေကြေးအာမခံကုမ္ပဏီကို လာပြီးလေ့လာကြည့်တာပါ။ အခွင့်အရေးရှိရင် သူတို့နဲ့အတူအလုပ်လုပ်မလားလို့ "
သူတို့နှစ်ဦးအတော်လေးရင်းနှီးနေတာကိုမြင်သည့်အခါ ကောဟွိုက်လျန်၊ ရှုမန်၊ ဟွမ်းဘင်းနှင့် သူ့နောက်လိုက်လာတဲ့သူတွေအားလုံး လုံးဝကို အံ့အားသင့်ကုန်ကြသည်။
အစောပိုင်းတွင် သူတို့နဲ့ ပိုနီမား မျက်နှာချင်းဆိုင်ဆွေးနွေးရာတွင် သူ့ပုံစံက လုံးဝကို ခက်ထန်နေသည်။
ကိုယ်ရောင်ကိုယ်ဝါကို အပြင်းဆုံးနှုန်းနှင့်ထုတ်လွှတ်ထားပြီး လူတိုင်းက သူ့ကိုရှိန်ကြရသည်။
သို့ပေမဲ့အခုတွင်တော့ ယဲ့ဖန်နှင့်တွေ့သည့်အခါ သူ့ပုံစံက ဘေးအိမ်က အစ်ကိုကြီးပမာနွေးထွေးဖော်ရွေသည့်ပုံပေါက်နေသည်။
သူ့ပုံစံသည် လုံးဝအခြားတစ်ယောက်ပုံစံပြောင်းသွားသည်။
အထူးသဖြင့် ရှုမန်သည် ကြောင်အသွားရသည်။
ယဲ့ဖန်က ပိုနီမားလို ဒိတ်ဒိတ်ကြဲသူဌေးကြီးကို ဘယ်တုန်းက သိသွားတာလဲ။
ဘေးမှာရပ်နေတဲ့ ဟွမ်းဘင်းက ပို၍တောင်တုန်လှုပ်နေသည်။
ယဲ့ဖန်နှင့် ပိုနီမား၏ဆက်ဆံရေးကိုကြည့်ခြင်းအားဖြင့် သူတို့က အတော်လေးရင်းနှီးကြောင်းသိနိုင်သည်။
ကံကောင်းစွာဖြင့် အစောပိုင်းက ယဲ့ဖန်ကိုလွန်လွန်ကြူးကြူးမပြောလိုက်မိပေ။ မဟုတ်ပါက ဒီနေ့ သူမ ဒုက္ခကောင်းကောင်းရောက်သွားပေမည်။
ယဲ့ဖန်ကို နှုတ်ဆက်ပြီးတဲ့နောက် ပိုနီမားက သူ့ကို စူးစူးစမ်းစမ်းကြည့်လိုက်သည်။
" မင်း ဘာလို့ဒီရောက်နေတာလဲဆိုတာ မပြောရသေးဘူး "
ယဲ့ဖန် နေရခက်စွာပြုံးလိုက်သည်။
" ဒီအဆောက်အဦးက ကျွန်တော့်နာမည်အောက်မှာပါ။ ဒီနေ့ အငှားငွေလာကောက်ပြီးတော့ သူငယ်ချင်းတစ်ယောက်နဲ့ ဆွေးနွေးစရာကိစ္စလည်းရှိလို့ပါ "
ထိုသို့ပြောပြီး ယဲ့ဖန်က ရှုမန်ကို လှမ်းကြည့်လိုက်သည်။
ပိုနီမားကလည်း ရှုမန်ကိုချက်ချင်းလှမ်းကြည့်ပြီး နားလည်သွားသည်။
" ဟားဟားဟား၊ ငါသိပြီ "
" သူဌေးကော၊ ခင်ဗျားတို့ ကုမ္ပဏီအခြေအနေကို သိပါပြီ။ ကျွန်တော် ခန့်မှန်းထားတာနဲ့အတော်လေး ကိုက်ညီပါတယ် "
ကောဟွိုက်လျန်အတော်လေးပျော်သွားသည်။
" ဒါဆို ကျွန်တော်တို့ကုမ္ပဏီကို ဝယ်မှာပါလား "
ပိုနီမားတစ်ခဏတွေးလိုက်သည်။
" ဘုတ်ဒါရိုက်တာတွေနဲ့တော့ ဆွေးနွေးဖို့လိုပါသေးတယ်။ ဒါပေမဲ့ ပြဿနာတော့မရှိလောက်ဘူး။ ကျန်တဲ့ကိစ္စတွေအတွက်တော့ မန်နေဂျာရှုကနေတစ်ဆင့် ဆက်သွယ်ခိုင်းလိုက်ပါ "
ပိုနီမား၏စကားကိုကြားတဲ့အခါ ဒုန်းအန်းငွေကြေးအာမခံအကြီးပိုင်းအရာရှိတွေက ရှုမန်ကို အားကျစွာကြည့်လိုက်ကြသည်။
ပိုနီမားက ရှုမန်ကို သိသိသာသာ လှည့်ကွက်ဖြင့် ကူညီပေးနေတာဖြစ်သည်။
သူ့စကားကြောင့် ကုမ္ပဏီတွင်းရှိ ရှုမန်၏ပုံရိပ်က ချက်ချင်းထိုးတက်သွားသည်။
ဒုန်းအန်းကုမ္ပဏီသူဌေးကတောင် သူမကို မင်းသမီးလေးလို ဆက်ဆံပေးသင့်သည်။
သို့ပေမဲ့ ပိုနီမားဟာ ယဲ့ဖန်ကြောင့်သာ ဒီလိုလုပ်ပေးမှန်း သူတို့သေချာသိသည်။
တစ်ခဏတွင် လူတိုင်း အံ့ဩသွားကြသည်။
သူတို့ထင်ထားတာထက် ပိုနီမားစိတ်ထဲမှာ ယဲ့ဖန်က အတော်လေး အရေးပါပုံရသည်။
ရှုမန်ကတော့ ပျော်သည့်ပုံ လုံးဝမပေါက်ပေ။
သူမသည် ယဲ့ဖန်နှင့် လမ်းခွဲဖို့အတွက် မနည်းလုပ်ခဲ့ရတာဖြစ်သည်။
ဒီကိစ္စပြီးပါက သူမသည် ယဲ့ဖန်၏ကောင်မလေးဖြစ်သည်ဆိုသည့် သရုပ်မှန်ကို အတည်ပြုပေးသလိုဖြစ်သွားလိမ့်မည်။
ငိုသင့်လား ရယ်သင့်လားဆိုတာကို ရှုမန်မသိတော့ပေ။
အပိုင်း (၁၀၇)
ပိုက်ဆံ၏အာဏာ။
" ရှောင်ဖန်၊ ငါ ကုမ္ပဏီကိစ္စလေးရှိနေသေးလို့ အရင်သွားနှင့်တော့မယ် "
" ဟုတ်ကဲ့ပါ "
ယဲ့ဖန်က သူ့ကို တံခါးထိ ကိုယ်တိုင်ကိုယ်ကျလိုက်ပို့ပေးသည်။
ပိုနီမားသည် ယဲ့ဖန်နှင့် ခဏကြာစကားပြောပြီးနောက်မှ ပြန်သွားခဲ့သည်။
" ငါ့အိမ်က အခုထိ ပြင်ဆင်နေတုန်းဆိုတော့ ပြောင်းလာတာနဲ့ တစ်ခွက်တစ်ဖလား ကောင်းကောင်းသောက်ကြတာပေါ့ "
ပိုနီမားသည် ယဲ့ဖန်ကို စကားအနည်းငယ်ထပ်ပြောပြီးနောက် လှည့်ပြန်သွားသည်။
သူထွက်သွားသည့်အခါ ကောဟွိုက်လျန်မှ ယဲ့ဖန်ဆီကို စိတ်အားထက်သန်စွာလျှောက်လာသည်။
" ယဲ့လူကြီးမင်း၊ ဒီကို ငွေလာကောက်တာမဟုတ်လား။ ကိုယ်တိုင်လာပြီး ဒုက္ခခံဖို့မလိုပါဘူး။ ကျွန်တော်ကသာပို့ပေးသင့်တာပါ "
သူသည် ယဲ့ဖန်ကို ပိုနီမားကြောင့်သာ အထူးတလည်ယဉ်ကျေးပြနေမှန်းသိသည်။
ယဲ့ဖန် ချက်ချင်း ခပ်ဖျော့ဖျော့သာပြုံးလိုက်သည်။
" ကြင်နာလွန်းနေပါပြီ၊ သူဌေးကော။ ဘာမှလုပ်စရာလည်းမရှိတာမလို့ ကိုယ်တိုင်လာလိုက်တာပါ "
" ဟုတ်ကဲ့ပါ၊ ငွေကြေးဌာနကို အခုဘဲခေါ်သွားပေးပါ့မယ်။ ကျေးဇူးပြုပြီး အနောက်မှလိုက်ခဲ့ပေးပါ "
ကောဟွိုက်လျန်မှပြောသည်။
ယဲ့ဖန်လည်း ဘာမှမပြောဘဲ ချက်ချင်းလိုက်သွားခဲ့သည်။
ရှုမန်အနားက ဖြတ်သွားတဲ့အခါ ယဲ့ဖန်က သူမကို တိတ်တိတ်ကလေး မျက်လုံးတစ်ဖက်မှိတ်ပြလိုက်သေးသည်။
ရှုမန်မျက်နှာရဲတက်လာပြီး တစ်ဖက်ကိုချက်ချင်းလှည့်လိုက်သည်။
ဒုန်းအန်းငွေကြေးကုမ္ပဏီမှ အမျိုးသမီးဝန်ထမ်းများက သူမကို မနာလိုစွာကြည့်ကြသည်။
ပိုနီမား၏ထောက်ပံ့မှုဖြင့် ကုမ္ပဏီတွင်းရှိ သူမရာထူးအနေအထားက ပိုမြင့်သွားပေလိမ့်မည်။
သူဌေးကောကတောင်မှ သူမအတွက်ကို အမြဲဦးစားပေးရလိမ့်မည်။
သို့ပေမဲ့ ဒါမျိုးကိစ္စကို သူတို့အားကျရုံသာတတ်နိုင်ကြောင်း အသေအချာသိကြသည်။
ဘယ်သူက သူမကို အဲ့လောက်ကောင်းတဲ့ကောင်လေးရှာဖို့ပြောလိုက်လို့လဲ။
.......................
ယဲ့ဖန် လုပ်ငန်းကိစ္စပြီးတဲ့နောက် ထွက်လာတဲ့အခါ ရှုမန်ကို ဘယ်မှာမှရှာမရဖြစ်နေသည်။
ဒုန်းအန်းမှ ဝန်ထမ်းတွေကိုမေးကြည့်သည့်အခါတွင် သူတို့ကလည်း မသိကြပေ။
ယဲ့ဖန် မျက်နှာဆူပုတ်လိုက်သည်။
သူသည် ရှုမန်ကို မလှိမ့်တပတ်ဖြင့် ကူညီလိုက်တာဖြစ်သည်။
ဒါတောင် သူမက ကျေးဇူးတင်တယ်တောင်မပြောဘူး။
ရိုင်းလိုက်တာ ..........
ယဲ့ဖန်ကားပါကင်သို့ စိတ်ဓာတ်ကျကျနှင့်ရောက်လာပြီး ကားမောင်းပြန်ဖို့လုပ်နေချိန်မှာဘဲ ရှုမန်က အနောက်ကနေ သတိမပေးဘဲ ထွက်လာသည်။
" ဘယ်သွားမလို့လဲ "
ယဲ့ဖန်သည် လန့်သွားပြီး သူမကို စောင်းကြည့်လိုက်သည်။
" ကျွန်တော်က ကူပေးထားတာကို ကျေးဇူးမတင်လည်းရပါတယ်။ ဒါပေမဲ့ ဘာလို့ ကူတဲ့လက်ကို ပြန်ကိုက်နေတာလဲ။ လန့်သေတော့မလို့ "
ရှုမန် ရယ်ပြီး စနောက်လိုက်သည်။
" ဘာမှ အမှားလုပ်ထားတာမရှိရင် ဝိဉာဉ်က တံခါးလာခေါက်မှာကို စိုးရိမ်စရာမရှိဘူးလေ။ မကောင်းတာလုပ်မထားရင် ဘာကြောက်စရာရှိလို့လဲ "
ယဲ့ဖန်သည် နာကျင်သွားသည့်မျက်နှာအမူအရာလုပ်သည်။
" ဟူး၊ ကောင်းတဲ့ရည်ရွယ်ချက်နဲ့လုပ်တာတွေက ဆုလာဘ်လည်းမရဘူး "
" စနေတာပါ။ ငါတကယ်နင့်ကိုတော်တော်လေးကျေးဇူးတင်နေတာ "
ရှုမန် စနောက်နေတာကို ရပ်လိုက်သည်။
ယဲ့ဖန်က သူမကို ကြည့်လိုက်သည်။
" အဲ့လိုကျေးဇူးတင်လိုက်တာပေါ့လေ "
ရှုမန်က သူ့လက်မောင်းကိုဆွဲပြီး လှုပ်ယမ်းလိုက်သည်။
" ရုပ်ရှင်လိုက်ပြရမလား။ ဟောလီဝုဒ်ကားအမိုက်စားတစ်ကားတင်နေတာရှိတယ်။ တော်တော်လေးကောင်းတယ်လို့ကြားတယ် "
ယဲ့ဖန်က မကျေမနပ်ကြည့်လိုက်သည်။
" ကျွန်တော့်အချိန်က အရမ်းတန်ဖိုးရှိတာနော်။ အစ်မနဲ့ ရုပ်ရှင်အတူတူကြည့်ဖို့ အချိန်မရှိဘူး........ "
ယဲ့ဖန် ပြီးအောင်ပြောတာမစောင့်ဘဲ ရှုမန်က သူ့ကို ကားထဲတွန်းထည့်လိုက်သည်။
" မသွားချင်ရင်တောင် သွားရမှာဘဲ "
" ဟေး၊ နည်းနည်းလောက် စိတ်ရင်းလေးမပါဘူးလား "
" နောက်ကျ ပေါက်ပေါက်တစ်ဘူးဝယ်ပေးမယ် "
" ပေါက်ပေါက်တစ်ဘူးလောက်နဲ့ ကျေးဇူးဆပ်ချင်တာလား "
" ကိုလာတစ်ဘူးရော "
" အဲ့လိုမှပေါ့ "
......................
သူတို့နှစ်ဦး ရုပ်ရှင်ရုံသို့သွားပြီး လက်မှတ်ဖြတ်လိုက်သည်။
ရုပ်ရှင်မစခင် အချိန်ရသေးသည်။
ထို့ကြောင့် ရှုမန်က အရုပ်ကောက်ရန် ယဲ့ဖန်ကို ဆွဲခေါ်သွားသည်။
သို့ပေမဲ့ အကြိမ်အတော်များများကောက်ပြီးတာတောင်မှ မရပေ။
ရှုမန် ရုတ်တရက် မပျော်မရွှင်ဖြစ်ကာ မျက်နှာဆူပုတ်သွားသည်။
ထိုသို့တုံးအပြီး အဆော့သန်တဲ့ပုံစံက ယဲ့ဖန်ကို ရယ်မိစေသည်။
ယဲ့ဖန်သည် ဒီလိုစီးပွားရေးအကြောင်းကို ကောင်းကောင်းသိသည်။
သူတို့က အရုပ်ကောက်သည့်ညှပ်တွေကို ချောင်အောင် တမင်လုပ်ထားကြတာဖြစ်သည်။
ရူးမိုက်တဲ့နည်းလမ်းသုံးပြီး ကောက်မည်ဆိုလျှင်တောင်မှ ကောက်ရဖို့ အချိန်ရော ငွေရော ဖြုန်းရမည်ဖြစ်သည်။
ထိုအတွေးကြောင့် ရှုမန်နောက်ကနေ ရုပ်ရှင်ရုံမန်နေဂျာကို ညှပ်တွေကြပ်ပေးရန် သွားပြောသည်။
မန်နေဂျာက သဘောမတူပေ။
သို့ပေမဲ့ ယဲ့ဖန်က သူ့ကို ယွမ် ၁၀၀၀ ပေးလိုက်သည့်အခါ ချက်ချင်း သဘောတူသည်။
ယဲ့ဖန်သည် ရှုမန်ကို အကြောင်းပြချက်ရှာကာ ပေါက်ပေါက်သွားဝယ်ခိုင်းလိုက်သည်။
သူမ ပြန်လာသည့်အခါ ညှပ်ကို ကြပ်အောင်လုပ်ပြီးသွားပြီဖြစ်သည်။
" ကျွန်တော်ကောက်ပေးမယ်။ အစ်မက အရမ်းတုံးတာဘဲ "
ယဲ့ဖန်က အရုပ်ကောက်စက်ဆီ ဟန်ဆောင်ပန်ဆောင်ဖြင့်သွားသည်။
" နင်ကမှ တုံးတာလေ။ ဒီစက်က သေချာပေါက် ပြဿနာရှိနေတာ ........ "
ရှုမန်က ယဲ့ဖန် ကောက်နိုင်မည်ဆိုတာ မယုံပေ။
သို့ပေမဲ့ သူမ စကားဆုံးအောင် မပြောနိုင်ခင်မှာဘဲ .......
ယဲ့ဖန်က ဖက်ခနဲ ကောက်တဲ့ခလုတ်ကို နှိပ်လိုက်သည်။ စက်ထဲမှ အရုပ်ညှပ်တဲ့လက်သည်းက အမွေးပွရုပ်လိုက်ကို မ'လိုက်ပြီး ရွေ့လာသည်။
" ရသွားပြီ၊ ရသွားပြီ ...... "
ရှုမန်က စိတ်လှုပ်ရှားကာ ခုန်ပေါက်နေသည်။
သူမ၏မျက်နှာလှလှလေးက နီရဲနေပြီး ကြည့်ရတာ အတော်လေးချစ်စရာကောင်းသည်။
ယဲ့ဖန်သည် အရုပ်ကိုထုတ်ပြီး သူမကို ပေးလိုက်သည်။
" ဘယ်တစ်ခုကြိုက်လဲ။ ထပ်ယူပေးမယ် "
ရှုမန်သည် အခုလေးတင်ကောက်ထားတဲ့အရုပ်ကို လက်ထဲမှာပိုက်ပြီး စက်ထဲက နောက်တစ်ရုပ်ကို ညွှန်ပြလိုက်သည်။
" အဲ့ဒီ ပန်ဒါအရုပ်လေး ........ "
ယဲ့ဖန်ဘာမှထပ်မပြောဘဲ စက်ကို ထိန်းချုပ်ကာ ပန်ဒါအရုပ်ကို ကောက်လိုက်သည်။
အံ့ဩစရာမရှိဘဲ ပန်ဒါရုပ်လေးကို ထပ်ရသွားသည်။
ရှုမန်က ထပ်ပြီး အားပေးသည်။
" အဲ့တာ... အဲ့တာရောလိုချင်တယ် "
" ပြီးတော့ အဲ့တာရော .... "
" အဲ့တာ .... "
သူမ၏ဆည်းလည်းလိုရယ်သံက ရုပ်ရှင်ရုံထဲတွင် ပျံ့နှံ့နေသည်။
သူမလက်ထဲတွင် အရုပ် ၆ရုပ် ၇ရုပ်လောက်ကို ပွေ့ကိုင်ထားသည်။
မိန်းကလေးတော်တော်များများက အားကျပြီး သူတို့ရဲ့အသုံးမကျတဲ့ရည်းစားကောင်လေးတွေကို မျက်စောင်းထိုးကြည့်ကြသည်။
သူမ ကောင်လေးကို ကြည့်ကြပါဦး။
ကောင်လေးတွေကလည်း စိတ်နာနေကြသည်။
သူတို့အတွက် အရုပ်ကောက်ရန် အတော်လေးခက်ခဲလွန်းသည်။
ဒီတစ်ယောက်က ဘယ်လိုများ လွယ်လွယ်ကူကူကောက်နိုင်ရတာလဲ။
ပြီးတော့ လုံးဝကို ၁၀၀% အတိအကျကောက်နိုင်သည်။
ယဲ့ဖန်သည် ရှုမန်လက်ထဲတွင် အရုပ်အပြည့်ဖြစ်နေပြီး ရုပ်ရှင်လည်းစတော့မှာဖြစ်တာကြောင့် ရပ်လိုက်သည်။
ရှုမန်၏ မျက်နှာသွယ်သွယ်လေးက အပြုံးတွေဖြင့်ပြည့်နှက်နေသည်။
ဒီအရုပ်တွေသည် ဘယ်လောက်မှ တန်ဖိုးမရှိသော်လည်း ယဲ့ဖန်မှ သူမအတွက် ကောက်ပေးတာဖြစ်သဖြင့် အတော်လေးပျော်ရွှင်နေသည်။
သူတို့ရုပ်ရှင်ကြည့်နေစဉ်မှာလည်း သူမက အရုပ်တွေကိုသာ အာရုံရောက်နေသည်။
ဇာတ်ကားက ဘာအကြောင်းလဲဆိုတာကိုပင် သူမသတိထားမိလိုက်မည်မဟုတ်ချေ။
သူတို့ရုပ်ရှင်ရုံထဲမှထွက်လာချိန်တွင် အတော်လေးမိုးချုပ်နေပြီဖြစ်သည်။
ယဲ့ဖန်မှ သူမကို အိမ်လိုက်ပို့ပေးသည်။
" နင် ...... ဆင်းလာပြီး ခဏမထိုင်တော့ဘူးလား "
ရှုမန်သည် ကားပေါ်မှ ဆင်းပြီးတဲ့နောက် ပြန်လှည့်ပြောသည်။
" နောက်ကျနေပြီလေ၊ မသင့်တော်ဘူး မဟုတ်လား "
ယဲ့ဖန်သည် အပြင်မှကောင်းကင်ကိုကြည့်ပြီး ခေါင်းခါလိုက်သည်။
" ဘာလဲ၊ ငါက နင့်ကို မဟုတ်တဲ့အတွေးတွေရှိမှာစိုးလို့လား "
ရှုမန်က စနောက်လိုက်သည်။
" ကျွန်တော်ကသာ မဟုတ်တဲ့အတွေးတွေရှိမှာ စိုးရိမ်တာပါ။ ကောင်းပြီ၊ သွားတော့မယ်။ စောစောနားတော့ "
ယဲ့ဖန်မှပြောပြီး ကားစက်နှိုးကာ အလျင်အမြန်မောင်းထွက်သွားခဲ့သည်။
ရှုမန်သည် သူထွက်သွားသည့်လမ်းကိုကြည့်ပြီး နှုတ်ခမ်းဆူလိုက်သည်။
ဒီတစ်ယောက်က ဘာဆိုလိုတာလဲ။
သူမဆီကို အဲ့လိုရည်ရွယ်ချက်မရှိဘူးဆို ဘာလို့ သူမရှေ့မှာ ခဏခဏပေါ်လာရတာလဲ။
တကယ်လိို့စိတ်ဝင်စားတယ်ဆိုရင်လည်း ဘာလို့ မြွေလိုကွေ့ကောက်ရှောင်ပြေးနေတာလဲ။
ထူးဆန်းတဲ့သူဘဲ။
အပိုင်း (၁၀၈)
နင့်လို စပွန်ဆာရှာစားတဲ့သူမှမဟုတ်တာ။
ယဲ့ဖန်သည် ကျုံးထျန်းကန်သာယာစံအိမ်သို့ပြန်ရောက်သည့်အခါ ရှုမန်ဆီမှ စာရောက်လာသည်။
[ အိမ်ပြန်ရောက်ပြီလား ]
[ အခုလေးတင်ရောက်တာ ]
ယဲ့ဖန် ချက်ချင်းစာပြန်လိုက်သည်။
[ ပြန်ရောက်တာကို ဘာလို့မပြောတာလဲ။ ငါစိုးရိမ်နေမှာကို စိတ်မပူဘူးလား ]
[ အခုလေးတင်ရောက်တာ။ အိမ်ထဲတောင် မဝင်ရသေးဘူး ]
[ အို၊ တကယ်လား။ အဲ့လိုဆိုထားပါ။ ညစာဘာစားမှာလဲ။ ]
[ ဘာမှစားချင်စိတ်မရှိဘူး။ စောစောနားချင်လို့ ]
[ ဘာလို့ အဲ့လိုလုပ်မှာလဲ။ ညစာမစားရင် ခန္ဓာကိုယ်ထိလိမ့်မယ်။ ချက်ဖို့ပျင်းရင်လည်း မှာစားလိုက်လေ ]
[ အာ ... အဲ့လိုလုပ်ဖို့မလိုဘူးမဟုတ်လား။ ညစာတစ်ခါတလေမစားဘဲနေတတ်ပါတယ် ]
[ အဲ့တာအရင်ကလေ။ အခုကစပြီး နင်ညစာစားဖို့ ငါနေ့တိုင်းတိုက်တွန်းပေးမယ်။ မမှာဘူးဆို ငါမှာပေးမယ် ]
[ ကျွန်တော် မှာလိုက်ပါ့မယ် ..... ]
သူတို့နှစ်ဦးသားနေရခက်စွာဖြင့် နောက်ထပ်နာရီဝက်လောက်ဖုန်းပြောပြီးနောက် ယဲ့ဖန်အကြောင်းပြချက်ရှာကာ ဖုန်းကိုချလိုက်သည်။
ထို့နောက် ဆိုဖာကိုမှီပြီး မျက်မှောင်ကြုတ်ကာ စဉ်းစားခန်းဝင်နေသည်။
ရှုမန် သူ့အပေါ်ထားသည့်ခံစားချက်ကို သူသိသည်။
သူသာအလိုရှိပါက ရှုမန်ကို လွယ်လွယ်လေး အရယူနိုင်မှာဖြစ်သည်။
ဒါပေမဲ့ ဒါမျိုးက သူ့ကို အတော်လေးတွန့်ဆုတ်နေသည်။
ရှုမန်အပေါ် သူဘယ်လိုခံစားရလဲဆိုတာကို သူမသိပေ။
သူမက အရင်ကလို ဘေးအိမ်က အစ်မမျိုး ခံစားရတာ ဟုတ်သေးရဲ့လာယ။
ပိုပြီးရှုပ်ထွေးလာပုံရသည်။
သူ့ရဲ့အနာဂတ်ကောင်မလေးအဖြစ်သာဆို ......
ထိုကဲ့သို့သော ခံစားချက်အခြေအနေမျိုးလည်းမရောက်သေးပေ။
ယဲ့ဖန် အချိန်တိုအတွင်း မဆုံးဖြတ်နိုင်ပေ။ ထို့ကြောင့် ဒီကိစ္စကို စိတ်ထဲမှ ထုတ်ထားလိုက်တော့သည်။
ထို့နောက် Silver Brilliance အဆောက်အဦးကိစ္စကို စဉ်းစားလိုက်တော့သည်။
ထန်းယုံတိသည် ဒီနေ့တွင် သူ့ကို ဖားသည့်အပြုအမူလုပ်ခဲ့တာကြောင့် ထိုလူအပေါ်အကောင်းမြင်မှုက အတော်လေးလျော့ကျသွားခဲ့သည်။
ယဲ့ဖန်သည် သူ့အပေါ်ဖားတဲ့သူမျိုးကို ဘယ်တုန်းကမှ မကြိုက်ခဲ့ပေ။
ဒီလိုမျိုး မကောင်းတဲ့ရည်ရွယ်ချက်ရှိတဲ့သူတွေက ကြီးမားတဲ့တာဝန်ယူမှုမျိုုး ဆောင်ရွက်ရန် ခက်ခဲသည်ဟု ယဲ့ဖန် ခံစားမိသည်။
ကြည့်ရတာ သူ ယုံလို့ရမည့်လူတစ်ယောက်ကို စီစဉ်ဖို့လိုပြီထင်သည်။ အနည်းဆုံးတော့ ငွေကြေးပိုင်းကို သိတဲ့သူတစ်ယောက်ဖြစ်ရမည်။
ထို့ကြောင့် အတော်ကြာတွေးပြီးတဲ့အခါ ကျိုးရှုယောင်းက အသင့်တော်ဆုံးဖြစ်သည်။
ပင်းရှန်းတိုက်ခန်းအဆောက်အဦးဆယ်ခုကို တာဝန်ယူဖို့ ပြောပြီးကတည်းက သူတို့အချင်းချင်းမတွေ့ဖြစ်ကြသေးတာဖြစ်သည်။
ထိုအတွေးကြောင့် ကျိုးရှုယောင်း၏ဖုန်းကို ချက်ချင်းခေါ်လိုက်သည်။
" ယဲ့ဖန်၊ နင် ငါ့ကို ဘာလို့ရုတ်တရက်ကြီးဖုန်းခေါ်ဖို့ တွေးမိသွားတာလဲ "
ကျိုးရှုယောင်းအသံသည် သိသိသာသာပင် အံ့ဩနေပုံရသည်။
" မနက်ဖြန်အားလား။ ကိစ္စတစ်ခုပြောစရာရှိလို့ "
ယဲ့ဖန်သည် စကားကို ဝေ့ဝိုက်မနေဘဲ ရည်ရွယ်သည့်အတိုင်းပြောလိုက်သည်။
" ငါအားတယ်၊ အားတယ် ဘယ်အချိန်နေနေရတယ် "
ကျိုးရှုယောင်းသည် တွန့်ဆုတ်ခြင်းမရှိဘဲ ချက်ချင်းသဘောတူလိုက်သည်။
" ကောင်းပြီ၊ မနက်ဖြန် တွေ့ကြတာပေါ့ "
" အိုခေ၊ အိုခေ "
............
နောက်တစ်နေ့ နေ့လယ်ရောက်ချိန်တွင် ယဲ့ဖန်သည် သူတို့တွေ့ရန်ချိန်းထားသောစားသောက်ဆိုင်သို့ရောက်လာပြီး ကျိုးရှုယောင်းကတော့ စားသောက်ဆိုင်ဝင်ပေါက်မှာစောင့်နေတာ အတော်ကြာပြီဖြစ်သည်။
သူမသည် လှသော အဖြူစင်းဂါဝန်လေးဝတ်ထားပြီး အဖြူရောင်Canvasရှူးဖိနပ်လေးကို စီးထားသည်။
သူမကို ကြည့်ရတာ အတော်လေးလန်းဆန်းစေသည်။
ဖြတ်သွားဖြတ်လာယောက်ျားလေးတော်တော်များများက သူမကို လည်ပြန်ကြည့်ကြသည်။
ယဲ့ဖန်ရောက်လာတာတွေ့တဲ့အခါ ကျိုးရှုယောင်းမျက်နှာတွင် ချက်ချင်းချိုသာတဲ့အပြုံးတစ်ခုပေါ်လာသည်။
သူမသည် ကားနားကို အမြန်လျှောက်သွားပြီး ကားတံခါးကို ကူဖွင့်ပေးလိုက်သည်။
ဖြတ်သွားတဲ့ယောက်ျားလေးတိုင်းက ယဲ့ဖန်ကို အားကျ မနာလိုတဲ့အကြည့်ဖြင့် ကြည့်ကြသည်။
ဒီတစ်ယောက် ချောရုံတင်မကဘူး အရမ်းလန်းတဲ့ဇိမ်ခံကားကြီးကိုပင်စီးနိုင်သေးသည်။
ပိုစိတ်တိုစရာကောင်းတာက အရမ်းလှတဲ့ကောင်မလေးက သူ့အတွက် တံခါးဖွင့်ပေးရတာပင်ဖြစ်သည်။
ဒါမျိုးက ယောက်ျားတိုင်း အိပ်မက်မက်ရသည့် ဘဝမျိုးဖြစ်သည်။
" ဘာလို့ အစောကြီးရောက်နေတာလဲ "
ယဲ့ဖန် ကားကဆင်းပြီး ပြုံးလျက်မေးသည်။
သူတို့ ချိန်းထားသည့်အချိန်ထက် နာရီဝက်စောနေသေးသည်။
ယဲ့ဖန်သည် သူစောရောက်လာခဲ့သည်ဟုထင်ပေမဲ့ ကျိုးရှုယောင်းက သူ့ထက်ပိုစောနေလိမ့်မည်ဟုထင်မထားပေ။
" ဘာမှလုပ်စရာမရှိလို့ စောစောလာလိုက်တာ "
ကျိုးရှုယောင်းက ပေါ့ပေါ့ပါးပါးဖြေလိုက်သည်။
ယဲ့ဖန်ကလည်း ဘာမှမပြောတော့ပေ။
သူတို့နှစ်ယောက် စားသောက်ဆိုင်ထဲဝင်ပြီး ဟင်းပွဲတစ်ချို့မှာလိုက်သည်။
ဒီစားသောက်ဆိုင်သည် အတော်လေးခမ်းနားတဲ့ဆိုင်တစ်ဆိုင်ဖြစ်ပြီး သူတို့နှစ်ယောက် ဟင်းပွဲအနည်းငယ်သာမှာလိုက်သော်လည်း ယွမ် ၂၀၀၀ ကျော်လောက် ကျသင့်သည်။
ကျိုးရှုယောင်း နှမြောစွာဖြင့် ကျစ်ခနဲစုပ်သပ်လိုက်သည်။
ဒီဆိုင်မှ ထမင်းတစ်နပ်က သူမ၏ လစာ တစ်ဝက်စာနီးပါးလောက်ရှိသည်။
သူသာ ယဲ့ဖန်နောက် မလိုက်ပါက ဒီလိုနေရာမျိုး လာမည်မဟုတ်ပေ။
" နင် ကြည့်ရတာ အတော်လေး ပိန်လာတယ်။ အလုပ်တွေအရမ်းရှုပ်နေတာလား "
ယဲ့ဖန်က ခွက်ကို ချလိုက်ပြီး သူမကို စိတ်ပူစွာကြည့်လိုက်သည်။
" တကယ်တော့ နည်းနည်းအလုပ်များနေတာ ကောင်းပါတယ်။ အနည်းဆုံးတော့ ဘဝမှာအေးဆေးနေရပြီး ဝိတ်လည်းကျတယ်လေ "
ကျိုးရှုယောင်းမျက်နှာက အပြုံးတွေဖြင့်သာပြည့်နှက်နေသည်။
" အဲ့လိုဆိုရင်တောင် အလုပ်နဲ့ အနားယူတာကို ညှိပြီးလုပ်သင့်တယ်။ ပြီးတော့ ငါက နင့်ကို ပင်းရှန်းတိုက်ခန်းတွေနဲ့ပတ်သက်ပြီး လုပ်ပိုင်ခွင့်အပြည့်ပေးထားတာပါ။ အလုပ်တွေမနိုင်ရင် လူတွေထပ်ငှားလို့ရပါတယ် "
" ဟုတ်ကဲ့ပါ၊ သူဌေး "
ကျိုးရှုယောင်းက လျှာလေးထုတ်ကာပြောလိုက်သည်။
ထို့နောက်မှ တည်ကြည်စွာဖြင့်ရှင်းပြသည်။
" ဒီအတောအတွင်း တိုက်ခန်းကကိစ္စတွေ နင့်ကို တင်ပြတော့မလို့ဘဲ။ ပင်းရှန်းတိုက်ခန်းရဲ့ အိမ်တွေတစ်ဝက်လောက်က အငှားတင်ပြီးသွားပြီ ..... "
ယဲ့ဖန်က သူမရဲ့တင်ပြချက်ကို ဆုံးအောင်နားမထောင်ဘဲ ဖြတ်ပြောလိုက်သည်။
" ဒီနေ့ နင့်ကိုလာခိုင်းတာက ပင်းရှန်းတိုက်ခန်းတွေအကြောင်းပြောဖို့မဟုတ်ဘူး "
ကျိုးရှုယောင်းလည်း သိချင်သွားသည်။
" ပင်းရှန်းတိုက်ခန်းတွေအကြောင်းမဟုတ်ဘူးလား။ အဲ့တာဆို ငါတို့ ဘာအကြောင်းပြောမှာလဲ "
" ငါ နင်နဲ့ စကားပြောချင်တာလေးရှိလို့ပါ ...... "
ယဲ့ဖန်မှ သူမကို ရှင်းပြတော့မယ့်အချိန်မှာဘဲ ရုတ်တရက် သူစိမ်းမိန်းမတစ်ယောက်ရဲ့အသံကိုကြားလိုက်ရသည်။
" ဟေး၊ ဒါလေးက ရှုယောင်းမဟုတ်ဘား။ နင့်ကို ဒီလိုနေရာမှာတွေ့မယ်လို့ ယုံတောင် မယုံနိုင်ဘူး "
ကျိုးရှုယောင်း လှည့်ကြည့်လိုက်သည်။
ထို့နောက် လှပစွာဝတ်စားထားကာ ခပ်ဝဝလူလတ်ပိုင်းတစ်ယောက်ရဲ့လက်ကိုဆွဲပြီး စားသောက်ဆိုင်ထဲကိုဝင်လာသော မိန်းမတစ်ယောက်ကိုတွေ့လိုက်သည်။
ယဲ့ဖန်ကိုကြည့်နေတုန်းကလို ပျော်ရွှင်နေတဲ့အမူအရာကချက်ချင်းပြောင်းသွားပြီး မျက်နှာသုန်မှုန်သွားသည်။
ထိုမိန်းမသည် သူမ၏လုပ်ဖော်ကိုင်ဖက်ဟောင်း ကျောင်းမိန်မိန်းဖြစ်သည်။
သူတို့သည် အမြင်တည့်ခဲ့ကြသူတွေမဟုတ်ပေ။
" ငါက ဘာလို့ ဒီမှာ မရှိနိုင်ရမှာလဲ "
ကျိုးရှုယောင်း ချက်ချင်းပြန်ပြောလိုက်သည်။
" ငါမှတ်မိသလောက်ဆို နင်က ယွမ်၂၀လောက်ဘဲတန်တဲ့ စားသောက်ဆိုင်မျိုးမှာဘဲစားနိုင်တာလဲ။ ဒီနေ့ကျမှ ဘာလို့ အဲ့လောက်လာဖြုန်းနေတာလဲ "
ကျောင်းမိန်မိန်းက သူမစကားလုံးတို့မှ အထင်သေးလှောင်ပြောင်မှုကို ဖုံးမထားပေ။
ကျိုးရှုယောင်းကလည်း ချက်ချင်းကဲ့ရဲ့ပြောဆိုလိုက်သည်။
" ဟုတ်တယ်၊ ငါက ငါ့ပိုက်ဆံငါသုံးတဲ့သူဆိုတော့ ပိုက်ဆံချွေတာရတယ်လေ။ နင့်လို စပွန်ဆာရှာစားတဲ့သူမှမဟုတ်တာ "
ထိုသို့ပြောပြီး ကျောင်းမိန်မိန်းဘေးမှ ထိပ်ပြောင်နေသောလူကြီးကို ကြည့်လိုက်သည်။
ကျောင်းမိန်မိန်းသည် ချက်ကောင်းကို အပြောခံလိုက်ရ၍ မျက်နှာပျက်သွားသည်။
" ဟုတ်တယ်၊ ငါ့မှာစပွန်ဆာရှိတယ်။ ဒါပေမဲ့ နင်ကတော့ ခပ်ချောချောကောင်လေးရှာပြီး အရုပ်လို ဆွဲစားနေတာမလား "
ထိုသို့ပြောပြီး ဘေးမှ ယဲ့ဖန်ကိုကြည့်လိုက်သည်။