← Chapters

စွမ်းရည်အသစ်၊ ပြောချင်သော စကားများ

Vol. 2 Ch. 28

စွမ်းရည်အသစ်၊ ပြောချင်သော စကားများ

Vol. 2 Ch. 28

ကျန်းကျဲ့ထွက်သွား ရန် ပြင်နေစဉ် ချန်းယန်က သူ့လက်မောင်းကို ရုတ်တရက် ဆွဲလိုက်ကာ “ကျွန်မကို ကူညီပေးလို့ ကျေးဇူးတင်ပါတယ်။ ကျွန်မ နောက်စာမေးပွဲတစ်ခု ဖြေပြီးရင် ရှင့်ကို ထမင်းလိုက် ကျွေးပါ့မယ်”

ကျန်းကျဲ့က ခေါင်းယမ်းပြရင်း “ဒီကိစ္စကို စိတ်ထဲမထားပါနဲ့” ဟု ပြောလိုက်သည်။

“အကြွေးဆပ်တာပဲလေ။ ကျွန်မတို့ နေ့လယ်စာ သွားစားကြ မယ်၊ သင်တန်းနဲ့ မဝေးတဲ့နေရာတစ်ခုကို ကျွန်မ သိတယ်” ဟု ချန်းယန်က ပြုံး ရင်း ပြေးသွားသည်။

ရှုလီ က ကျန်းကျဲ့ကို ဖုန်းဆက်ကာ အိမ်ပြန်ထမင်းစားရန် ခေါ်လေ သည်။

ညစာစားချိန်တွင် ကျန်းယီ က ကျန်းကျဲ့ကို ယနေ့စာမေးပွဲ အခြေအနေ ကို မေးလေ သည်။ ကျန်းကျဲ့၏ အဓိကပန်းတိုင်က ပင်းဟိုင်အနုပညာကောလိပ် ဖြစ်သည်ကို သိသော်လည်း မည်သည့်စာမေးပွဲကိုမဆို သူတို့က ဂရုစိုက်ကြ သည်။

ကျန်းကျဲ့၏ ယုံကြည်မှုအပြည့်ရှိသော ပုံစံကို မြင်ပြီးနောက်တွင် နောက်စာမေးပွဲတစ်ခု အတွက် သေချာပြင်ဆင်ရန် ပြော လိုက်သည်။

ကျန်းကျဲ့က ကားစီးပြီး သူ့ပန်းချီခန်းသို့ ပြန်လာသည်။

ဘတ်စ်ကားပေါ်တွင် ထိုင်ရင်း စနစ်စာမျက်နှာကို ဖွင့်ပြီး မစ်ရှင်ကဏ္ဍ ကို ဖွင့်လိုက်သည်။

မစ်ရှင်၏ ပထမအဆင့်တွင် တိုးတက်မှုဘား ပေါ်လာသည်။ တိုးတက်မှုဘားပေါ်ရှိ ခေါင်းစဉ်က အရှေ့သို့ ရွေ့သွားခဲ့သည်။

သူ တိုးတက်မှုဘားကို ကြည့်နေစဉ်တွင် ၌ ပေါ်လာသည်။

“ပိုင်ရှင် သည် ပထမဆုံး အနုပညာစာမေးပွဲကို အောင်မြင်စွာ ပြီးစီးခဲ့သည် ။ မစ်ရှင် တိုးတက်မှု စတင်ပြီဖြစ်ပြီး ပိုင်ရှင်သည် ကံစမ်းမဲနှိုက်ခွင့် တစ်ကြိမ် ရရှိသည်။”

“ပိုင်ရှင် သည် ယခု ချက်ချင်း ကံစမ်းမဲနှိုက်နိုင်သည် သို့မဟုတ် နောက်တစ်ကြိမ်အထိ စုဆောင်းထားနိုင်သည်”

ကျန်းကျဲ့က ချက်ချင်း ကံစမ်းမဲနှိုက်ရန် ရွေးလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူက အနုပညာစာမေးပွဲဖြေနေဆဲဖြစ်ရာ မည်သည့်စွမ်းရည်ပဲ ရရ သူ့အတွက် အကူအညီဖြစ်စေ လိမ့်မည်။

ရင်းနှီးသော ကံစမ်းမဲနှိုက်သည့် စာမျက်နှာ ပေါ်လာသည်။ မြှားက လည်ပတ်ပြီး နောက်ဆုံးတွင် အပြာရောင် လက်ဆောင်သေတ္တာ တစ်ခုပေါ် ရပ်သွားသည်။

အပြာရောင်လက်ဆောင်သေတ္တာ ကို အရင်က မြင်ဖူးသည်မို့ ဤတစ်ကြိမ်လည်း စွမ်းရည်တစ်ခု ဖြစ်နိုင်ပေသည်။

မျှော်လင့်ထားသည့်အတိုင်း လက်ဆောင်သေတ္တာ ပွင့်သွားပြီး စနစ်က “ပိုင်ရှင် သည် ပုံကြမ်းစွမ်းရည် (အလယ်အလတ်အဆင့်) ကို ရရှိခဲ့သည်”

ကျန်းကျဲ့ သက်ပြင်းချလိုက်မိသည်။

အရင်တုန်းက ရေဆေး ပန်းချီစွမ်းရည် လက်ဆောင်ဘူးကို နှိုက်မိပြီး အလယ်အလတ်အဆင့် စွမ်းရည်၏ စွမ်းအားကို သူ ခံစားဖူးပြီး ဖြစ်သည်။ အလယ်အလတ်အဆင့် စွမ်းရည်က ပန်းချီဆရာအများစု၏ ဖန်တီးမှုလိုအပ်ချက်များကိုပင် ပံ့ပိုးပေးနိုင်ရာ စာမေးပွဲလိုအပ်ချက်များကို ပြောနေစရာပင် မလိုတော့ပေ။

သို့သော် အခုက ဘတ်စ်ကားပေါ်တွင်မို့ မမျှော်လင့်သည့် အခြေအနေများ မဖြစ်ပေါ်စေရန် ချက်ချင်း မယူသေးပေ။

သူ ပန်းချီခန်းသို့ ပြန်ရောက်တာနဲ့ ချက်ချင်း လက်ဆောင်သေတ္တာ ကို နှိပ်ပြီး ယူလိုက်သည်။

ကြီးမားသော အသိစိတ်တစ်ခု သူ့ခေါင်းထဲသို့ ဝင်လာသည်။

ကျန်းကျဲ့က စွမ်းရည်ဆိုင်ရာ အသိပညာနှင့် အတွေ့အကြုံများကို ဖြည်းဖြည်းချင်း နားလည်အောင် လုပ်နေသည်။

ပုံကြမ်းဆွဲခြင်း၏ အလယ်အလတ်အဆင့် စွမ်းရည်တွင် အသုံးအများဆုံး နည်းစနစ်များ ပါဝင်ပြီး ခဲတံ၊ မီးသွေးခဲတံ၊ မီးသွေးချောင်း စသည့် ပစ္စည်းအမျိုးမျိုး အသုံးပြုနည်းများအပြင် သူအရင်က သိခဲ့သည့် ဒါမှမဟုတ် မသိခဲ့သည့် တစ်ရောင်တည်းသော ပစ္စည်းများ စသည်ဖြင့် အကြောင်းအရာ အလွန်ကြွယ်ဝလှ သည်။

ဤစွမ်းရည်များကို ကျွမ်းကျင်သွားပါက ပုံကြမ်းဆွဲခြင်းကို သီးခြား ပန်းချီအမျိုးအစားတစ်ခုအဖြစ်လည်း သုံးနိုင်သည်ဟု ဆိုနိုင်ပေသည်။

ကျန်းကျဲ့က ချက်ချင်းပင် ပန်းချီစာရွက်ထုတ်ပြီး ပုံကြမ်းဆွဲခြင်းနှင့် လက်ဆောင်သေတ္တာ စွမ်းရည်၏ အကျိုးသက်ရောက်မှုကို စစ်ဆေးလိုက်သည်။ ဖန်တီးမှုတွင် သူအရင်က မကျွမ်းကျင်ခဲ့သည့် နည်းစနစ်များက ချက်ချင်းပင် သဘာဝကျသွားသည်ကို တွေ့ရှိခဲ့ရသည်။

ဤဆုလာဘ်နှင့်ဆိုလျှင် အနုပညာစာမေးပွဲ၏ အခက်အခဲများက တစ်ဝက်ကျော်လောက် ဖြေရှင်းပြီးသား ဖြစ်သွား၏။ ကျန်သည့် ပြဿနာများကတော့ ဒီဇိုင်းနှင့် ဖန်တီးမှုသာ ဖြစ်ပေသည်။

နောက်တစ်နေ့တွင် ကျန်းကျဲ့က ပုံမှန်အတိုင်း နံနက်ပိုင်း၌ ယဉ်ကျေးမှုဘာသာရပ်များကို သင်ယူကာ၊ နေ့လည်ပိုင်းတွင် သင်တန်းသို့ သွားပြီး ဒီဇိုင်းပညာသင်ယူကာ၊ ရံဖန်ရံခါ ခွေးလေးကိုလည်း စနောက်လေ့ရှိသည်။

ညစာကို အိမ်တွင် ပြန် စားရန် မလိုတော့သည့်အတွက် သူက ပို၍ စွမ်းရည်များ ကျွမ်းကျင်နိုင်မလား၊ သင်ယူမှုများ ပိုတိုးလာ နိုင်မလားဆိုသည်ကို စမ်းရန် စိတ်ကူးရှိရာ ပင်းဟိုင်၏ အကြီးဆုံး ရှင်းဟွာစာအုပ်ဆိုင်သို့ ကားစီးပြီး သွားခဲ့သည်။

စာအုပ်ဆိုင်က ငါးထပ်ရှိပြီး တစ်ထပ်တွင် အနုပညာစာအုပ်များ အများအပြား ရှိသည်။

ကျန်းကျဲ့က ဓာတ်ပုံပညာ စာအုပ်များကို အရင်ကြည့်သည်။

စာအုပ်များကို လှန်လှောကြည့်ရုံဖြင့် စနစ်၏ စွမ်းရည်ကို တိုးမြှင့်ရန် ခက်ခဲကြောင်း တွေ့ရှိခဲ့သည်။

ထို့ကြောင့် သူက ဓာတ်ပုံပညာမိတ်ဆက် စာအုပ်တစ်အုပ်ကို ရွေးချယ်ပြီး အခန်းနှစ်ခန်းကို သေချာဖတ်ကာ အဲဒီထဲက အခြေခံဗဟုသုတအချို့ကို မှတ်မိရန် ကြိုးစားခဲ့သည်။

စနစ်စာမျက်နှာတွင် ဓာတ်ပုံပညာစွမ်းရည် ပေါ်လာသည်ကို တွေ့ခဲ့ရပြီး သူသည် ဒီစွမ်းရည်ကို မကျွမ်းကျင်သေးပေ။

အချိန်ကုန်သက်သာစေရန်အတွက် သူက စာအုပ်များကို ဝယ်ယူပြီး အိမ်ပြန်ရောက်မှ ဖြည်းဖြည်းချင်း ဖတ်ရန် ဆုံးဖြတ်လိုက်သည်။

သူက ဒီဇိုင်း စာအုပ်များကို ဆက်ကြည့်သော်လည်း စနစ်က မည်သည့်တုံ့ပြန်မှုမှ မရှိပေ။ နောက်မှ ပန်းချီ စာအုပ်များကို ဆက်ကြည့်သည်။

စာအုပ်ဆိုင်တွင် ပြည်ပမှ တင်သွင်းသည့် ပန်းချီစာအုပ်များကို ထားရှိသော စာအုပ်စင်များ ရှိသည်။

ဤအချိန်တွင် တရုတ်လူမျိုးများအတွက် ပြည်ပမှ ပန်းချီစာအုပ်များက ဈေးကြီးလွန်းလှသည်။ ကြည့်သူတော့ ရှိသော်လည်း ဝယ်ယူသူကတော့ နည်းပါးလှသည်။

ကျန်းကျဲ့က ပန်းချီစာအုပ်အချို့ကို ကြည့်ပြီး ဤအချိန်က အနောက်တိုင်း ပန်းချီစာအုပ်များက သယံဇာတ နှင့် နည်းပညာများ ရှိသည့်အတွက် အလွန်ကောင်းမွန်စွာ ပုံနှိပ်ထားကြောင်း ဝန်ခံရပေလိမ့်မည်။

သူက ပန်းချီဆရာ Broger ၏ လူပုံပန်းချီများကို စွဲမက်စွာ ကြည့်နေခဲ့သည်။ စာအုပ်ကို ချပြီးနောက် စွမ်းရည်ကဏ္ဍ တွင် နောက်ထပ် သင်ယူမှုစွမ်းရည်တစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်- ဆီဆေးပန်းချီ။ ဤစွမ်းရည်ကိုလည်း သူ မကျွမ်းကျင် သေးပေ။

ကျန်းကျဲ့က Broger ၏ ပန်းချီစာအုပ်ကို ချက်ချင်းထားခဲ့ပြီး ပန်းချီဆရာ Freud နှင့် Manet တို့၏ ပန်းချီစာအုပ်များကို ရွေးချယ်ကာ အိမ်ပြန်ပြီး လေ့ကျင့်ရန် ပြင်လိုက်သည်။

ဤပန်းချီ စာအုပ်များက ယွမ် ၁၂၀၀ နီးပါး ကုန်ကျရာ တကယ်ပင် ဈေးကြီးလှသည်။

အရင်က စီစဉ်ထားသည့်အတိုင်းဆိုလျှင် သူက အခု အနုပညာစာမေးပွဲကို အဆင့်ဆင့် ဖြေဆိုနေရမည်ဖြစ်ပြီး ဤအချိန်တွင် အခြားစွမ်းရည်များကို သင်ယူရန် စိတ်ပြန့်လွင့်နေလို့ မရပေ။ သို့သော် စနစ်မှ ပုံကြမ်းနှင့် ရေဆေး ပန်းချီစွမ်းရည်များကို ရ ခြင်းကြောင့် သူ့ကို အချိန်ကုန် သက်သာသွားစေ ပြီး အခြားစွမ်းရည်များကို သင်ယူရန် အချိန်ရရှိလာသည်။

ကျန်းကျဲ့က ပန်းချီခန်းသို့ ပြန်ရောက်တာနဲ့ စလေ့ကျင့် လေ သည်။

ဤပန်းချီစာအုပ်များတွင် ပန်းချီဆရာများ၏ ကိုယ်စားပြုလက်ရာများကို တတ်နိုင်သမျှ စုဆောင်းထားသည်ဖြစ်ရာ ကျန်းကျဲ့က ပန်းချီဆရာများ၏ အစမှ ကျွမ်းကျင် လာသည့် ခရီးကို တွေ့နိုင်ပြီး ထိုမှ စိတ်ကူးစိတ်သန်းများကို ရရှိနိုင်ပေသည်။

ကြာသပတေးနေ့တွင် ကျန်းကျဲ့က နံနက်ပိုင်း၌ စာဆက်လေ့လာနေ သည်။ နံနက် ၁၁:၀၀ တွင် ဖုန်း နံပါတ်တစ်ခုမှ ဖုန်းဝင်လာသည်။

သူက ဖုန်းဖြေဆိုမှု ခလုတ်ကို နှိပ်လိုက်ရာ ချန်းယန်၏ အသံထွက်လာသည်။

“ကျန်းကျဲ့၊ ကျွန်မ ချန်းယန်ပါ၊ ထမင်းလိုက်ကျွေး မယ်လေ ”

ကျန်းကျဲ့က “မင်း မနေ့က စာမေးပွဲ အခြေအနေ ဘယ်လိုလဲ” ဟု မေးလိုက်သည်။

ချန်းယန်က “ ကျွန်မတို့ ဆုံ မှ ပြောပြမယ်၊ကျွန်မက ရှင့်ကို ထမင်းလိုက်ကျွေးမှာမို့ ငြင်းလို့မရဘူးနော်” ဟု ပြောလိုက်သည်။

ကျန်းကျဲ့က ဝမ်းမြောက်ဝမ်းသာ သဘောတူလိုက်သည်- “ကောင်းပြီ၊ ငါတို့ ဘယ်သွားကြမ လဲ”

“သင်တန်း နားလေးတင်ပဲ……” ချန်းယန်က စားသောက်ဆိုင်၏ တည်နေရာကို အသေးစိတ် ပြောပြ လိုက်သည်။

ကျန်းကျဲ့က ဖုန်းချပြီး ပန်းချီပစ္စည်းများကို သိမ်းကာ ချိန်းထားသည့်နေရာသို့ အမြန်သွားသည်။

အရင်တုန်းကဆိုလျှင် ချန်းယန်ကို မည်သို့ဆက်ဆံရမည်ကို သူ မစဉ်းစားမိသေးသောကြောင့် ဖိတ်ခေါ်မှုကို တွန့်ဆုတ်မိနိုင်ပေသည်။ သို့သော် ပြန်လည်မွေးဖွားလာပြီးနောက် စိတ်ခံစားချက်များ ပြောင်းလဲသွား၏။ မည်သို့ဆက်ဆံရမည်ကို မစဉ်းစားမိသေးသော်လည်း နေ့လည်စာ စားခြင်းက ပြဿနာမရှိပေ။

ချန်းယန်ရွေးထားသော စားသောက်ဆိုင်၏ နာမည်က “လောင်ကျဲ့ မာလာရှမ်းကော ” ဖြစ် သည်။

ကျန်းကျဲ့က စားသောက်ဆိုင်ရှေ့သို့ ရောက်လာသောအခါ ချန်းယန်က နေရာရွေးပြီးသားဖြစ်သည်ကို တွေ့လိုက်ရပြီး သူ့ကို လက်ပြနေသည်။

သူ လျှောက်သွားပြီး ကျောပိုးအိတ်ကို ချလိုက်သည်- “ငါ့ကို ပြောပြ ပါဦး၊ စာမေးပွဲအခြေအနေ ဘယ်လို လဲ”

“ခဏနေမှ ပြောပြမယ်၊ ရှင် ဘာစားချင်လဲ ”

ဤဆိုင်၏ အပြင်အဆင်က ရိုးရှင်းပြီး၊ မီနူးထဲမှ အစားအသောက် အမျိုးအစားများကလည်း သိပ်မများပေ။

ကျန်းကျဲ့က “မင်းပဲ အကြံပေး ပါဦး ” ဟု မေးလိုက်သည်။

“ဒီဆိုင်ရဲ့ ဆွဲဆောင်မှုက မာလာရှမ်းကော ပဲ”

မာလာရှမ်းကော ဆိုသည်မှာ ပြင်ဆင်ပြီးသား ပါဝင်ပစ္စည်းများကို အိုးငယ်လေးထဲတွင် တစ်ထပ်ချင်းစီ စီပြီးထည့်ထားခြင်း ဖြစ်သည်။ ဧည့်သည်များက မှာယူသည်နှင့် အိုးငယ်ကို စားပွဲပေါ်တင်ကာ ပြန်အပူပေး၏။ လွယ်ကူသော ဟော့ပေါ့နှင့် ဆင်တူသော်လည်း ဟင်းရည်ထပ်ထည့်၍ မရပေ။

ချန်းယန်က မီနူးပေါ်ရှိ တစ်ကွက်ကို လက်ညှိုးထိုးပြပြီး “ကျွန်မက ဝက်အူချောင်းနဲ့ အမဲသားဟော့ပေါ့ ကို အကြိုက်ဆုံးပဲ၊ ဒါက သူတို့ဆိုင်၏ အထူ ဟင်းပွဲပဲ” ဟု ပြောလိုက်သည်။

ကျန်းကျဲ့က “ဒါဆို ဒါပဲ။ ထမင်းပါ ထပ်မှာမယ်၊ ကျန်တာတော့ မလိုတော့ဘူး” ဟု ပြောလိုက်သည်။

ချန်းယန်က ကျန်းကျဲ့ ဟင်းမမှာသည်ကို တွေ့သောအခါ ကိုယ်တိုင် မှာရန် ပြင်လိုက်သည်။

ကျန်းကျဲ့က ချက်ချင်း တားလိုက်သည်- “မလောက်မှ ထပ်မှာ၊ များရင် အလဟဿ ဖြစ်ကုန်မယ်”

ဝန်ထမ်းက သံဒယ်အိုး နှင့် အပူပေးစက်ကို အမြန်ယူလာပေးသည်။

အိုးအောက်ခြေတွင် ဟင်းသီးဟင်းရွက်အမျိုးမျိုး ခင်းထားပြီး အပေါ်တွင် ဝက်အူချောင်းအတုံးများနှင့် အမဲသားအတုံးများ တစ်ထပ်စီ ခင်းထားသည်။ ပါဝင်ပစ္စည်းများနှင့် ဟင်းရည်က တဖြည်းဖြည်း ပူလာပြီး ဆွဲဆောင်မှုရှိသော မွှေးရနံ့များ ထွက်လာသည်။

ပါဝင်ပစ္စည်းများ ပူလာသည့်အချိန်တွင် ချန်းယန်က ကျန်းကျဲ့ကို ပူပူနွေးနွေး အချိုရည်တစ်ခွက် ဖြည့်ပေးသည်။

နှစ်ယောက်သား ဖန်ခွက်ချင်း တိုက်ပြီး စာမေးပွဲအောင်မြင်ပါစေဟု ဆုတောင်းပေးကြသည်။

ချန်းယန်က စိတ်ကြည်နေပြီး ဒုတိယစာမေးပွဲတွင် တွေ့ခဲ့ရသည့် ရယ်စရာကောင်းသော ကိစ္စများကို ရယ်မောရင်း ပြောပြနေသည်။

ကျန်းကျဲ့လည်း တဖြည်းဖြည်း စကားဝင် ပြောလာပြီး စကားဝိုင်းကို အေးခဲသွားစေမည့် အကြောင်းအရာမျိုးများကို မပြောတော့ပေ။

အိုးပူလာပြီးနောက် နှစ်ယောက်သား စားရင်းသောက်ရင်း စကားပြောကြသည်။

အစားအသောက်၏ အပူဓာတ်ကြောင့် ချန်းယန်၏ မျက်နှာက မကြာခင်တွင် နီရဲလာပြီး ပို၍ပင် လှပလာသည်။

ကျန်းကျဲ့က ဟာသတစ်ခု ပြောပြီးသွားသောအခါ သူမက ခေါင်းစဉ်ကို ဆက်မပြောတော့ဘဲ “ကျန်းကျဲ့၊ ကျွန်မ…” ဟု ပြောလိုက်သည်။

ကျန်းကျဲ့က ချန်းယန်၏ လေသံ ရုတ်တရက် ပြောင်းသွားသည်ကို ကြားလိုက်ရသဖြင့် မော့ကြည့်လိုက်သည်။

ချန်းယန်က ကျန်းကျဲ့၏ စိုက်ကြည့်ခြင်းကို ခံစားမိသောအခါ မူလက ပြောချင်သော “ကျွန်မ ရှင့်ကို သဘောကျတယ်” ဆိုသည့် စကားကို မပြောဖြစ်လိုက်ပေ။

“ဘာလဲ၊ ဘာပြောမလို့လဲ” ဟု ကျန်းကျဲ့က ပြုံး ရင်း မေးလိုက်သည်။

All Chapters