← Chapters

အပိုင်း ၁၁၇-၁၂၀

Vol. 6 Ch. 117-120

အပိုင်း ၁၁၇-၁၂၀

Vol. 6 Ch. 117-120

အပိုင်း (၁၁၇)

မြင့်တက်နေတဲ့ စူပါကြယ်ပွင့်။

" ကျောင်းယွီ၊ ငါတို့ဘယ်လိုလုပ်ကြမလဲ။ ဒီကောင်က ကျားကိုစားဖို့ ဝက်ဟန်ဆောင်နေတာထင်တယ် ဌ

တစ်ဖက်မှာတော့ ကောင်လေးတွေက ယဲ့ဖန်ကို ပညာပြမယ်ဟုတွေးထားပေမဲ့ မရတာကြောင့် ချက်ချင်းတန်ပြန်တိုက်ကွက်စဉ်ဖို့ ဆွေးနွေးကြတော့သည်။

" ဟွန်း၊ ဒါက သေပြီးသားကြွက်ကို တွေ့လိုက်တဲ့ကြောင်မျက်ကန်းလိုပါဘဲ "

ကျောင်းယွီအမူအရာက အထင်သေးမှုအပြည့်ဖြစ်နေသည်။

ယဲ့ဖန်သည် သုံးမှတ်တန်ကို ပစ်လိုက်နိုင်သောကြောင့် အံ့ဩသွားသော်လည်း ယဲ့ဖန်၏ ကြောင်တောင်တောင်နိုင်တဲ့ပစ်ဟန်ကိုတွေ့လိုက်ရသည်။

ယဲ့ဖန်သည် စနစ်တကျလေ့ကျင့်သင်ကြားထားမှုမရှိကြောင်း သူမြင်လိုက်နိုင်သည်။

ထို့ကြောင့် ယဲ့ဖန်အခုပစ်လိုက်သော ဘောလုံးသည် ကံကောင်း၍ဝင်သွားတာဟု သတ်မှတ်လိုက်သည်။

" လူတိုင်းဘဲ အားတင်ထား၊ သေသေချာချာလေးနဲ့ ဒီကလေးကို ပညာပေးကြရအောင် "

ကျောင်းယွီသည် ယဲ့ဖန်ကိုအားပေးနေသော ရှန်းပိုင်ထျန်းကိုလှမ်းကြည့်လိုက်သည့်အခါ သူ့စိတ်ထဲမှ မနာလိုပိုဖြစ်သွားသည်။ ထို့ကြောင့် အခြားသူတွေကို ချက်ချင်း ညွှန်ကြားတော့သည်။

တစ်ချို့က ချက်ချင်းနားလည်ကြကာ ယဲ့ဖန်ကို မကောင်းတဲ့အကြည့်ဖြင့်ကြည့်သည်။

" ဆက်ကစားမယ် "

တတိယအကြိမ်စတင်ခဲ့သည်။

ဒီတစ်ကြိမ်မှာတော့ ယဲ့ဖန်မှ ဘောလုံးကိုင်ရမည့်အလှည့်ဖြစ်ကာ ကျောင်းယွီက ခံစစ်ဖြစ်သည်။

" ဒီမှာကလေး၊ ငါ အရင်တစ်ခေါက်က သတိလွတ်သွားလို့။ ဒီတစ်ခါ မင်းကို ဘယ်လိုပညာပြမလဲဆိုတာကြည့်ထား "

ကျောင်းယွီနှင့် ယဲ့ဖန် မျက်လုံးချင်းဆုံတဲ့အခါ သူ့ပုံစံကအတော်လေးကို စိတ်ကြီးဝင်နေပုံပေါ်သည်။

" အို၊ ဟုတ်လား။ ဒါဆို သေချာလေးကြည့်နော် "

ယဲ့ဖန်က စကားပြောပြီးတဲ့နောက် ရုတ်တရက်အရှေ့သို့အရှိန်တင်လိုက်သည်။

ကျောင်းယွီက ချက်ချင်းခံစစ်ဆင်လိုက်ပြီး ပစ်ဖို့အခွင့်အရေးကိုတားလိုက်သည်။

" ငါ့ကိုကျော်ချင်တယ်ဆို နောက်ဘဝထိစောင့်လိုက် "

" ဘယ်သူက မင်းကိုကျော်မယ်ပြောလဲ "

ထိုအချိန်တွင် ယဲ့ဖန်မျက်နှာတွင် အထင်သေးသည့်အရိပ်ပေါ်လာသည်။

ထို့နောက် အမြင့်သို့ခုန်လိုက်သည်။

" ကလေးအကွက်တွေ "

ကျောင်းယွီက အေးစက်စက်ရယ်ပြီး သူလည်း လိုက်ခုန်ကာ အမြင့်လမ်းကြောင်းကို တားဖို့လုပ်လိုက်သည်။

သို့ပေမဲ့ ဆက်ဖြစ်သွားတဲ့ အခြေအနေကြောင့် ကျောင်းယွီကို အံ့ဩသွားစေသည်။

ယဲ့ဖန်က အရင်ခုန်လိုက်ပေမဲ့ ချက်ချင်းမပစ်ဘဲ ရုတ်တရက် အနှေးကွက်ပြသလိုပုံစံဖြစ်သွားသညါ။

ဇာတ်ကားထဲက အနှေးကွက်တွေပြတဲ့အတိုင်း လေထဲမှာဘဲဆက်ခုန်တက်နေပြီး ကျောင်းယွီကတော့ ခုန်ပြီး၍ ပြန်ကျလာတော့သည်။

သို့ပေမဲ့ ယဲ့ဖန်ကတော့ လေပေါ်မှာဘဲ ဝဲနေဆဲဖြစ်ကာ ကျောင်းယွီခြေထောက်မြေကြီးနဲ့ထိမှ ဘတ်စကတ်ဘောကို လှမ်းပစ်လိုက်သည်။

ဝှီး။

ဘတ်စကတ်ဘောလုံးသည် လေထဲတွင် လှလှပပဝဲကာ ခြင်းထဲသို့ ကျသွားတော့သည်။

ဘန်း။

ထိုအခါမှ ယဲ့ဖန်က ဖြည်းဖြည်းချင်းမြေပေါ်သို့ပြန်ကျလာသည်။

ဘတ်စကတ်ဘောကွင်းတစ်ခုလုံး ထပ်ပြီးတိတ်ဆိတ်သွားတော့သည်။

ကျောင်းယွီအပါအဝင် လူတိုင်းက သူ့ကို သရဲကိုမြင်သည့်အလားကြည့်နေကြသည်။

ဒီလို ကြောက်စရာကောင်းလောက်တဲ့ အခုန်စွမ်းရည်မျိုးကို သူတို့ ဘယ်တုန်းကမှ မကြားဖူးပေ။

ဘတ်စကတ်ဘောဆရာကြီး ဂျော်ဒန်တောင်နှင့် NBAမှ ထိပ်တန်းကစားသမားတွေတောင်မှ ထိုကဲ့သို့အခုန်စွမ်းရည်မျိုးမရှိပေ။

သူတို့ အတိအကျမတွက်ချက်နိုင်ပေမဲ့ ယဲ့ဖန် ခုန်လိုက်ပြီး လေထဲမှာနေသည့်အချိန်သည် သူတို့မြင်ဖူးသည့် NBA ကစားသမားတွေထက်ပင် စံချိန်ပိုမြင့်လေသည်။

သူက လူမှဟုတ်ရဲ့လား။

ကျောင်းယွီနှင့် အခြားသူများ ချွေးအေးတွေပင်ထွက်လာကြသည်။

ဘေးကနေကြည့်နေတဲ့ ရှန်းပိုင်ထျန်းက ထပ်ပြီး အားပေးလိုက်ပြန်သည်။

" ယဲ့ဖန် မိုက်တယ်ဟေး၊ အရမ်းမိုက်တယ် "

ယဲ့ဖန်၏ ကြောက်စရာကောင်းလွန်းတဲ့ခုန်နိုင်စွမ်းက ဘာမှန်း သူမ မသိပေ။

သူမက ယဲ့ဖန် အမှတ်ရသရွေ့ပျော်နေတာဖြစ်သည်။

" ဆက်ကစားမယ်၊ ကံကောင်းသွားတာလောက်တော့မယုံဘူး "

ကျောင်းယွီအံကိုကြိတ်ပြီး ယဲ့ဖန်ဆီကို ဘောလုံးထပ်ပစ်ပေးလိုက်သည်။

သူ့တွင် အားပြင်းတဲ့စိတ်နေစိတ်ထားရှိသည်။ ယဲ့ဖန်၏လှုပ်ဆောင်ချက်ကောင်းလေလေ၊ သူ့သွေးပွက်ပွက်ဆူလာလေဖြစ်သည်။

ယဲ့ဖန်သည် ဘောလုံးကိုယူပြီး ဘာမှမပြောဘဲ အဂှေ့ကို ထပ်ပြီးပြေးသည်။

အဲ့တာကိုမြင်ပြီး ကျောင်းယွီက ရှေ့ကိုပြေးတက်လာကာ တားသည်။

သို့ပေမဲ့ သူအဆင်သင့်မဖြစ်သေးခင်မှာဘဲ ကျောရိုးတစ်လျှောက် အေးစက်သွားသည်။

သူ့ ခွကြားမှ ဘတ်စကတ်ဘောက ဖြတ်သွားသည်။

ယဲ့ဖန်ကတော့ ဖြတ်ခနဲ သူ့ဘေးမှဖြတ်သွားကာ မြင်ကွင်းထဲမှပျောက်သွားသည်။

ကျောင်းယွီလှည့်ကြည့်လိုက်သည့်အခါ ယဲ့ဖန်၏ကြည့်ကောင်းသောနောက်ကျောကိုသာတွေ့လိုက်ရပြီး သူက သုံးလှမ်းတိုးအကွက်ကိုလုပ်လိုက်သည်။

ဝှီး။

ဘတ်စကတ်ဘောက ခြင်းထဲကို ထပ်ဝင်သွားပြန်သည်။

ထိုပုံက ကျောင်းယွီကို သူ့ဆေးသူ ပြန်မိသွားသလိုဖြစ်စေသည်။

သူသည် ထိုအကွက်ကိုသုံးပြီး ယဲ့ဖန်ကို လှောင်ပြောင်ခဲ့တာဖြစ်သည်။

အခုတော့ တစ်ဖက်သူက သူ့ကို သူ့အကွက်သုံးပြီးပြန်ချေပသွားသည်။

ထိုခံစားချက်က မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရတာနှင့်တူသည်။

" ထပ်ပြီးဆော့မယ် "

ကျောင်းယွီမျက်လုံးသည် ပေါက်ထွက်မတတ်သွေးဆူနေပြီး ယဲ့ဖန်ကို ကြည့်လိုက်သည်။

ယဲ့ဖန် ဘတ်စကတ်ဘောလုံးကို ထပ်ယူလိုက်သည်။

ဒီတစ်ကြိမ်မှာတော့ အပိုအကွက်တွေသုံးမနေတော့ဘဲ မြေပြင်မှ ကြက်သွန်စိမ်းကို ခူးလိုက်သည့်အလား ချက်ချင်းခုန်လိုက်သည်။

ကျောင်းယွီလည်း ခုန်ပြီး ခံစစ်တားသည့်အချိန်မှာဘဲ ..........

သူ့ခန္ဓာကိုယ်ကသာ ပြန်ပြုတ်ကျလာပြီး ယဲ့ဖန်ကတော့ ဘောလုံးကို ဝှီးခနဲပစ်လိုက်ပြန်သည်။

အပိုင်း (၁၁၈)

မင်း ငါ့ကို အရူးထင်နေတာလား။

ဘန်း။

ဂွက်။

ပထမတွင် ကျယ်လောင်သည့်ပစ်ထည့်သံကြားရပြီးနောက် ဘတ်စကတ်ဘောခြင်းအက်သံကို ကြားလိုက်ရသည်။

ထို့နောက် ယဲ့ဖန်သည် ခြင်းကိုကိုင်ထားသည့်လက်ကိုလွှတ်ပြီး မြေပေါ်ပြန်ဆင်းလာသည်။

ဘတ်စကတ်ဘောကွင်းထဲမှသူတစ်ချို့သည် ခြေထောက်တွေပျော့ခွေပြီး မြေပေါ်ကို ပစ်ကျသွားတော့သည်။

သူတို့ရင်ဘက်အောက်ခြေထဲမှ အရှုံးကို လုံးဝလက်ခံလိုက်ရတော့သည်။

ယဲ့ဖန် အခုခုန်လိုက်တာ ၁.၂ မီတာလား။

၁.၃ မီတာလား။

ဒါမှမဟုတ် ၁.၄ မီတာလား။

သူတို့ နံပါတ်အတိအကျမသိပေ။

သို့ပေမဲ့ အဲ့တာက အရေးမကြီးတော့ပေ။

အဲ့ဒီတစ်ယောက်က NBA ကစားသမားတွေရဲ့စံချိန်တွေကိုတောင် ချိုးဖြတ်လိုက်ပြီဟုထင်သည်။

ကမ္ဘာကြီးကို သူတို့ရဲ့ စွမ်းရည်ဖြင့် လှုပ်ခတ်ခဲ့တဲ့ ဒဏ္ဍာရီလာကစားသမားတွေတောင်မှ ဒီလောက်ကြောက်စရာကောင်းတဲ့စံချိန်မျိုးမရှိပေ။

ထိုအချိန်တွင် သူတို့က အပျော်တမ်းဘတ်စကတ်ဘောကွင်းထဲမှာ ဒီလို သမိုင်းဝင်ပုံစံကို တွေ့လိုက်ရတာဖြစ်သည်။

ဒီအင်အားက ပြိုင်ဘက်ကင်းဘဲ။

ဘတ်စကတ်ဘောကွင်းထဲတွင် ယဲ့ဖန်တစ်ယောက်တည်းကသာရပ်နေခဲ့သည်။

သူက ဘုရင်ဘဲ။

သူက သက်ရှိတွေအကုန် အပေါ်စီးကကြည့်လို့ရတယ်။

" အာ ဒီခြင်းက အရမ်းကြီး မခိုင်ဘူးနော်။ ပြန်လျော်ပေးလို့ရမှာလား "

လက်ထဲက ခြင်းကို ကြောင်အစွာဖြင့်ကြည့်ပြီး မသင့်တော်တဲ့မေးခွန်းကိုမေးလိုက်သည်။

ထိုအချိန်တွင် ရှန်းပိုင်ထျန်းက စိတ်လှုပ်ရှားစွာဖြင့်ပြေးလာသည်။

" ယဲ့ဖန်၊ နင်သွင်းလိုက်တဲ့ဘောလုံးက အရမ်းမိုက်တာဘဲ၊ ဒီအတိုင်းကို အရမ်းမိုက်တာ "

ယဲ့ဖန်က သူမ၏ချီးကျူးစကားကို ကြားပြီး မပျော်မရွှင်ဖြစ်သွားသည်။

" ဘောလုံးကမိုက်တာလား၊ ကျွန်တော်ကရော မချောဘူးလား "

ရှန်းပိုင်ထျန်းပြောစရာစကားမဲ့သွားသည်။

ထိုအချိန်တွင် ကျောင်းယွီသည် ရှုံ့မဲ့နေသည့်မျက်နှာဖြင့် မြေပေါ်မှထလာသည်။

" ဘတ်စကတ်ဘောကို ပထမဆုံးကစားတာလို့ ပြောခဲ့တယ် မဟုတ်ဘူးလား "

ယဲ့ဖန်က လေးနက်စွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

" ဟုတ်တယ်၊ ဒါ ပထမဆုံးအကြိမ် ဘတ်စကတ်ဘောကစားဖူးတာ "

ကျောင်းယွီဆွံ့အသွားသည်။

" ငါ့ကို အရူးလို့ထင်နေလား။ မင်းသာ ပထမဆုံးဆော့ဖူးတာဆိုရင် ဒီလောက်အဆင့်ထိဆော့နိုင်မှာမဟုတ်ဘူး "

ထိုအချိန်တွင် ကွင်းထဲမှ အခြားသူများကလည်း ဝိုင်းလာကြသည်။

" ဟုတ်တယ်၊ မင်းလိုအဆင့်ရောက်ဖို့ဆို ဆယ်နှစ်၊ နှစ်နှစ်ဆယ်လောက် ကြိုးစားရမှာ၊ လုံးဝမဖြစ်နိုင်ဘူး "

" ပြီးတော့ လုံးဝကို ထူးကဲသာလွန်တဲ့အရည်အချင်းဘဲ သာမန်လူတွေတစ်ဘဝလုံးလေ့ကျင့်တောင် ဒီလိုမရနိုင်ဘူး "

" မင်းအဆင့်နဲ့ဆို ပညာရှင်တန်းကနေကစားလို့ရပြီး NBA အသင်းထဲတောင် ဝင်လို့ရနိုင်တယ် "

" ဘရို၊ မင်းက လွန်လွန်းပါတယ်။ ကျားကိုစားဖို့ ဝက်ဟန်ဆောင်တယ်ဆိုရင်တောင် ဒီလိုတော့မလုပ်သင့်ဘူးလေ "

" ဟုတ်တယ်၊ ဒီအရည်အချင်းနဲ့ လာကစားမှတော့ ငါတို့ကို အနိုင်ကျင့်ရာမရောက်ဘူးလား "

သူတို့ထဲကတစ်ချို့က စတင်အတွန့်တက်ပြောဆိုကြတော့သည်။

ယဲ့ဖန် အခု ရှင်းပြလို့မရဖြစ်နေသည်။

ဒါက တကယ်ဘဲ သူ့အတွက် ပထမဆုံးအကြိမ် ဘတ်စကတ်ဘောကစားခြင်းဖြစ်ပေမဲ့ စနစ်က သူ့ခန္ဓာကိုယ်ကို ပြောင်းလဲလိုက်တာကြောင့် သူ့ကြံ့ခိုင်မှုနှင့်တုန့်ပြန်နှုန်းတို့က အခြားသူတွေထက် ပိုသာသွားခဲ့တာဖြစ်သည်။

သို့ပေမဲ့ ဒီကိစ္စမျိုးကို ရှင်းပြလို့မရသည့်အပြင် သူတို့ကိုလည်း အထူးတလည်ရှင်းပြမနေချင်ပေ။

ကျောင်းယွီက သက်ပြင်းချလိုက်သည်။

" ငါ့ရဲ့ အရည်အချင်းက အတော်လေးကောင်းလှပြီထင်ခဲ့ပေမဲ့ ငါ့ထက်ကောင်းတဲ့သူရှိမယ်လို့မထင်ထားဘူး။ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးလွန်းနေခဲ့တာဘဲ။ မင်းထပ်ပြီးအမှတ်ရခဲ့ရင် ငါ မကစားတော့ဘူးလို့ပြောခဲ့မှတော့ ငါ့စကားငါတည်ပါ့မယ် "

ယဲ့ဖန်ပြုံးလိုက်ပြီး ဘာမှပြန်မပြောပေ။

ကျောင်းယွီကတော့ သိသိသာသာ ရှက်သွားပြီး အထီးကျန်သွားသည်။ ယဲ့ဖန်ပြုံးတာကိုမြင်ပြီး ဘာမှထပ်မပြောဘဲ ဘောလုံးကို ဝမ်းနည်းစွာကိုင်ပြီး သူငယ်ချင်းတစ်ချို့နဲ့ထွက်သွားတော့သည်။

ထိုပုံစံကိုကြည့်ပြီး ရှန်းပိုင်ထျန်းကရယ်လိုက်သည်။

" အဲ့တစ်ယောက်အရည်အချင်းက တခြားသူတွေထက်သာပေမဲ့ အကျင့်က တကယ်မကောင်းဘူးဘဲ *

" မဟုတ်ရင် သူ့ကို နင် ရက်ရက်စက်စက်အနိုင်ယူခံရမှာမဟုတ်ဘူး။ အခုတော့ ဘတ်စကတ်ဘောကစားတာရပ်လိုက်ရပြီ "

ယဲ့ဖန်က ပြုံးပေမဲ့ ဘာမှထပ်မပြောပေ။ သူမကို ကြည့်ပြီးနောက် အားကစားရုံထဲမှ လမ်းလျှောက်ထွက်လာခဲ့သည်။

အားကစားရုံထဲမှထွက်လာပြီးနောက် ရှန်းပိုင်ထျန်းက သိချင်စိတ်ကြောင့် ယဲ့ဖန်ကို ထူးဆန်းတဲ့အကြည့်ဖြင့်ကြည့်နေခဲ့သည်။

" ဘာလို့ ကြည့်နေတာလဲ "

ယဲ့ဖန်က သူမ အကြည့်ကြောင့်ကြောက်လာပြီး သူမကို ချက်ချင်းပြန်စိုက်ကြည့်လိုက်သည်။

" ဒါ နင် တကယ်ဘဲ ပထမဆုံးအကြိမ်ဘတ်စကတ်ဘောကစားတာလား "

ရှန်းပိုင်ထျန်း စိတ်ထဲကသိချင်နေသည့်မေးခွန်းကို မေးလိုက်သည်။

" အစ်မကို လိမ်ဖို့လိုလို့လား "

ယဲ့ဖန်က သူမ မေးခွန်းကြောင့် ပြောစရာစကားပင်ပျောက်သွားရသည်။

" ပထမဆုံးအကြိမ်ကစားတာတောင် ဒီလောက်တော်နေတာ ပရော်ဖက်ရှင်နယ်ကစားသမားဖြစ်လာဖို့ မစဉ်းစားဘူးလား "

ရှန်းပိုင်ထျန်းက ကောင်းစေချင်တဲ့စိတ်ဖြင့် အကြံပေးလိုက်သည်။

" စိတ်မဝင်စားဘူး "

ယဲ့ဖန်က ခိုင်ခိုင်မာမာငြင်းလိုက်သည်။

" ဘာလို့လဲ နင့်မှာ အားကစားအရည်အချင်းရှိတယ်၊ မဟုတ်ဘူးလား "

ရှန်းပိုင်ထျန်းက နည်းနည်းစပ်စုသည်။

" အားကစားအရည်အချင်းရှိတာနဲ့ အားကစားသမားဖြစ်ဖို့လိုလို့လား။ အစ်မ အဲ့လောက်တုံးနေရင် ဝက်ဖြစ်လိုက်ပါ့လား "

ယဲ့ဖန် အညှာအတာမဲ့စွာဖြင့် ဝေဖန်လိုက်သည်။

" နင် သေလိုက် "

ယဲ့ဖန်က သူမကို ဝက်လို့ခေါ်တာကြားတဲ့အခါ သူ့နောက်ကို ဒေါသတကြီးဖြင့်ပြေးလိုက်တော့သည်။

ယဲ့ဖန်က ဆက်စနောက်ပြီး ရှောင်ပြေးနေသည်။

သူတို့နှစ်ယောက် စနောက်ပြေးလွှားနေချိန်မှာဘဲ လမ်းမတစ်ဖက်တွင် လူတွေစုဝေးနေကြသည်ကို တွေ့လိုက်ရသည်။

လမ်းတစ်ဖက်မှာ ပျော်ပွဲရွှင်ပွဲတစ်ခုခုရှိပုံရသည်။

" တော်ပြီ၊ စနောက်မနေနဲ့တော့။ သွားကြည့်ကြရအောင် "

ယဲ့ဖန်က သူမ ခါးကိုဆွဲပြီး နှုတ်ခမ်းမဲ့လိုက်သည်။

ရှန်းပိုင်ထျန်းက တစ်ခဏရုန်းကန်နေပြီးနောက် အရှုံးပေးပြီး ဆက်ကိုင်ထားခွင့်ပေးလိုက်သည်။

သူတို့နှစ်ဦး လမ်းဖြတ်ကူးကာ လူအုပ်ထဲသို့ ဝင်လိုက်သာ်။

ထို့နောက် လူအုပ်ကြားတွင် ထူးဆန်းတဲ့ဝတ်စုံတွေဝတ်ထားသော cosplayer တွေကို တွေ့လိုက်သည်။

ယဲ့ဖန်မှ ထို cosplayer တွေကို တွေ့တဲ့အခါ တစ်ခဏကြောင်သွားပြီးနောက် ရယ်လိုက်သည်။

တကယ်တော့ ထို cosplayer တွေထဲကနှစ်ယောက်ကို ယဲ့ဖန်သိသည်။

သူတို့ထဲကတစ်ယောက်က သူ မတွေ့တာကြာပြီဖြစ်သော လုရှောင်ရဖြစ်သည်။

အခြားတစ်ယောက်ကလည်း အနည်းငယ်ရင်းနှီးနေသည်။

ထိုတစ်ယောက်က ကောင်းကျင်းရှီသူ့ကို ကြယ်တာရာဟိုတယ်မှာ ငွေကောက်သွားတဲ့နေ့တုန်းက စီစဉ်ပေးခဲ့သော ရင်သားကြီးကြီး F ခွက်ဆိုက်ဒ်ရှိတဲ့ တစ်ယောက်ဖြစ်နေခဲ့သည်။

တွေ့ရမယ်လို့ ယဲ့ဖန် ထင်မထားပေ။

ဒီ ကံကတော့။

အပိုင်း (၁၁၉)

ဟား၊ ယောက်ျားတွေများ။

ပွဲထဲရှိ လုရှောင်ရနှင့် ထိုရင်သားကြီးကြီးမိန်းမတို့သည် မတူညီတဲ့ဇီဒိုင်းတွေကို ဝတ်ဆင်ထားကြသည်။

လုရှောင်ရက ချစ်စရာကောင်းတဲ့ ပန်းရောင်ဂါဝန်တိုလေးကိုဝတ်ထားပြီး အင်မတန်မှချစ်စရာကောင်းလှသည်။

ရင်သားကြီးကြီးနဲ့အမျိုးသမီးကတော့ ဆွဲဆောင်မှုရှိရှိလမ်းလျှောက်နေသည်။

သူမက အနက်ရောင်ရင်ပြတ်ဂါဝန်တိုအကျပ်ကိုဝတ်ထားပြီး ကောက်ကြောင်းတို့ကို ထင်ရှားစွာမြင်နေရသည်။

သူတို့သည် ဘယ်ဇာတ်ကောင်ကို cosplay လုပ်နေမှန်း ယဲ့ဖန်မသိပေမဲ့ ကြည့်လို့တော့ အတော်ကောင်းသည်။

ထိုမြင်ကွင်းကြောင့် ရှန်းပိုင်ထျန်း သိသာစွာဖြင့် အနည်းငယ်မနာလိုဖြစ်သွားသည်။ ထို့ကြောင့် ယဲ့ထန်ရဲ့လက်ကို အမြန်တို့ပြီး ပြောလိုက်သည်။

" ဒီမှာ ဘာကြည့်စရာရှိလို့လဲ။ သွားကြစို့ "

ယဲ့ဖန် ပြန်မဖြေနိုင်သေးခင်မှာဘဲ လုရှောင်ရ သူ့ကို မြင်သွားပြီး အံ့ဩသွားသည်။

" ယဲ့ဖန်လား။ ရှင် ဒီမှာ ဘာလုပ်နေတာလဲ "

ယဲ့ဖန်က ပြုံးရုံသာပြုံးပြီးရှင်းပြလိုက်သည်။

" ဒီနားကနေ ခဏဖြတ်သွားတာပါ။ ဒီမှာတွေ့မယ်လို့ထင်မထားဘူး "

ရင်သားကြီးကြီးနဲ့ကောင်မလေးကလည်း သူ့ကိုမှတ်မိသွားပြီး စိတ်လှုပ်ရှားသည့်အမူအရာဖြစ်လာသည်။

ရှန်းပိုင်ထျန်းသည် သူတို့စကားဝိုင်းကိုနားထောင်ပြီး အနည်းငယ်အံ့ဩသွားသည်။

" အချင်းချင်းသိကြတာလား "

ယဲ့ဖန်က မိတ်ဆက်ပေးလိုက်တော့သည်။

" သူမနာမည်က လုရှောင်ရတဲ့၊ မိတ်ဆွေပါ "

ထို့နောက် လုရှောင်ရကိုပြန်ကြည့်လိုက်သည်။

" သူမနာမည်က ရှန်းပိုင်ထျန်း "

လုရှောင်ရသည် သူမဘက်မှစပြီး လက်ဆွဲနှုတ်ဆက်ဖို့လက်ကမ်းလိုက်သည်။ ထို့နောက်ယဲ့ဖန်ဘက်ကိုလှည့်လိုက်သည်။

" ရှင့် ကောင်မလေးလား "

ယဲ့ဖန်က မြန်မြန်လက်ခါပြလိုက်သည်။

" မဟုတ်ပါဘူး၊ အိမ်ပိုင်ရှင်ပါ "

ရှန်းပိုင်ထျန်းက သူ့ဖြေရှင်းချက်ကိုကြားတဲ့အခါ ချက်ချင်းစောင်းကြည့်လိုက်သည်။

ဘာလို့ သူက သူတို့ကြားမှာ စည်းတားလိုက်တယ်လို့ ခံစားရတာလဲ။

အမှန်ဖြစ်ပေမဲ့လည်း ထိုသို့ပြောတာက လူတွေကို နာကျင်စေသည်။ အထူးသဖြင့် သူမလို ကျောင်းအလှဆုံးမိန်းကလေးတစ်ယောက်အတွက်ပိုနာကျင်စေသည်။

လုရှောင်ရရဲ့ အမူအရာကတော့ သူမနဲ့ဆန့်ကျင်ဘက်ဖြစ်ပြီး ပြုံးသွားသည်။

" ရှင်က အငှားကုမ္ပဏီရောရှိတာလား။ အိမ်က ဘယ်မှာလဲ။ ကျွန်မလည်း အခုတလော အိမ်ငှားဖို့ရှာနေတာ "

ယဲ့ဖန်က ပြန်ဖြေဖို့လုပ်နေစဉ်မှာဘဲ ရုတ်တရက် ခါးနားလေးက နာကျင်မှုကို ခံစားလိုက်ရသည်။

ရှန်းပိုင်ထျန်းက သူ့ကို တိတ်ိတ်ကလေးဆွဲလိမ်နေတာဖြစ်သည်။

ခြိမ်းခြောက်သည့်အပြုအမူဖြစ်သည်။

ထို့ကြောင့် ပြောမယ့်စကားတွေကို မြိုချလိုက်ရသည်။

" တောင်းပန်ပါတယ်။ ကျွန်တော့်အိမ်တွေက ငှားပြီးသွားပါပြီ။ လက်ရှိမှာ ငှားဖို့ အိမ်အလွတ်မရှိသေးလို့ပါ "

လုရှောင်ရက အနည်းငယ်စိတ်ပျက်သွားသည်။

" အိမ်အလွတ်ရှိရင် ကျွန်မအတွက်ဖယ်ထားပေးပါဦး "

ယဲ့ဖန်က အလျင်အမြန်ခေါင်းငြိမ့်လိုက်သည်။

" သေချာပေါက် ရတာပေါ့၊ ရတာပေါ့ "

ထိုအခါမှ ရှန်းပိုင်ထျန်းမျက်နှာမှ အပြုံးပေါ်လာသည်၊

" ယဲ့ဖန်၊ ကျောင်းမှာ လုပ်စရာကိစ္စရှိတာကို အခုမှ ရုတ်တရက်သတိရတယ်။ လိုက်ခဲ့မလား "

ယဲ့ဖန်က ခေါင်းခါပြီး ငြင်းလိုက်သည်။

" လုပ်စရာရှိရင် အရင်သွားနှင့်လိုက်လေ။ နောက်မှ တက္ကစီစီးပြီး ပြန်လိုက်ပါ့မယ် "

ရှန်းပိုင်ထျန်း နည်းနည်းလေးစိတ်ပျက်သွားပေမဲ့ ခေါင်းငြိမ့်လိုက်သည်။

" အဲ့တာဆို အရင်ပြန်နှင့်မယ် "

ထို့နောက် သူမက လုရှောင်ရကို ဂရုတစိုက်ကြည့်လိုက်သည်။

သူမ ထွက်သွားတာကိုကြည့်ပြီး လုရှောင်ရက ဖျော့တော့စွာပြောသည်။

" ဒီအစ်မက ကျွန်မကို ကြိုက်ပုံမရဘူး "

ယဲ့ဖန်က ဘာပြောရမယ်မှန်းမသိတာကြောင့် ရယ်ဘဲရယ်လိုက်သည်။

" ဘာလို့လဲ။ သူမက ပေါင်းသင်းရလွယ်ပါတယ် "

လုရှောင်ရက သူ့ကိုလှည့်ကြည့်သည်။

" ကျွန်မက ပေါင်းသင်းရခက်တယ်လို့ပြောတာလား "

ယဲ့ဖန်က ခြောက်ကပ်ကပ်ချောင်းဟန့်လိုက်သည်။

" အဲ့လိုပြောတာမဟုတ်ပါဘူး။ နှစ်ယောက်လုံးက ပေါင်းသင်းရလွယ်ပြီးတော့ နားလည်ပေးတတ်ပါတယ် "

လုရှောင်ရက လက်မလျှော့ပေ။

" ဒါဆို ကျွန်မတို့နှစ်ယောက်ထဲက ဘယ်သူက ပိုပြီးပြောရဆိုရလွယ်တယ်လို့ထင်လဲ "

ယဲ့ဖန် ခေါင်းကိုက်လာသည်။

" ဘယ်လိုယှဉ်ရမှာလဲ "

လုရှောင်ရက ခေါင်းမာစွာဖြင့် မျက်နှာကိုမော့ထားသည်။

" ဘာလို့ ယှဉ်လို့မရရမှာလဲ။ ရှင့်စိတ်ထဲမှာ ဘယ်သူကပိုပြီး ပြောရဆိုရလွယ်လဲ "

ယဲ့ဖန် ပြုံးလိုက်သည်။

" နှစ်ယောက်လုံးက ပြောရဆိုရခက်တယ်လို့ထင်တယ်။ မင်းတို့နှစ်ယောက်နဲ့သာ ထပ်နေရမယ်ဆို သုံးနှစ်လောက် အသက်ပိုတိုမယ်ထင်တယ်။ သွားတော့မယ် "

ထိုသို့ပြောပြီးနောက် လက်ယမ်းနှုတ်ဆက်ကာ ထွက်သွားသည်။

လုရှောင်ရ သူထွက်သွားတာကိုကြည့်ပြီး ပါးစပ်ကိုလက်နှင့်အုပ်ကာရယ်လိုက်သည်။

ထိုအချိန်တွင် ရင်သားကြီးကြီးနဲ့ကောင်မလေးက လျှောက်လာသည်။

" ရှောင်ရ၊ ယဲ့လူကြီးမင်းနဲ့ ရင်းနှီးတာလား "

လုရှောင်ရ ခေါင်းငြိမ့်လိုက်သည်။

" သူက ငါ့အသက်ကို ကယ်ဖူးတယ် "

ရင်သားကြီးကြီးနဲ့ကောင်မလေးက အံ့ဩမှုကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားသည်။

" အဲ့လိုကိစ္စလည်းရှိတာလား "

လုရှောင်ရ သူမကို ထူးဆန်းစွာကြည့်လိုက်သည်။

" ယွီရွှယ်၊ နင် ဘာလို့ သူ့ကိုကြောက်နေတယ်လို့ထင်ရတာလဲ။ သူ့ကိုသိလို့လား "

ယွီရွှယ်လို့ခေါ်သည့်ကောင်မလေးက မျက်နှာတွေဖြူဖျော့သွားပြီး အကြောက်အကန်ခေါင်းခါငြင်းသည်။

" ဘယ်လိုလုပ်သိမှာလဲ။ သူ့ကိုမသိပါဘူး၊ လုံးဝမသိတာပါ "

လုရှောင်ရ စိတ်အေးသွားရသည်။

" အဲ့တာဆိုကောင်းတယ်၊ နင်လည်း သူ့ကိုကြိုက်နေတယ်ထင်သွားတာ "

ယွီရွှယ်က တအံ့တဩခေါင်းမော့လိုက်သည်။

" နင်လည်းတဲ့လား။ ဆိုလိုတာက နင်လည်း သူ့ကိုကြိုက်နေလို့လား "

လုရှောင်ရ ထိတ်လန့်သွားသည်။

" ဘယ်သူက သူ့ကိုကြိုက်လို့လဲ။ မဟုတ်တာတွေမပြောနဲ့ "

ယွီရွှယ်ကတော့ ဆက်ပြီးမေးချင်ပေမဲ့ လုရှောင်ရက အပြစ်မကင်းစိတ်ကြောင့် ရှေ့ကို မြန်မြန်လျှောက်သွားသည်။

" မြန်မြန်လာ၊ ဖျော်ဖြေမှုဆက်လုပ်ကြရအောင် "

ယွီရွှယ်လည်း လှည့်ပြီး ယဲ့ဖန်ထွက်သွားတဲ့ဦးတည်ဘက်ကို မေ့လိုက်သည်။

သူ ငါ့ကို မမှတ်မိလောက်ဘူး၊ ဟုတ်တယ်မလား။

..........................

ယဲ့ဖန်က အိမ်ကို ပြန်ဖို့မလောဘဲ တက္ကစီငှားပြီး နေ့လယ်ခင်းတွင် လျှောက်ပတ်ကြည့်နေခဲ့သည်။

သူ အိမ်ပြန်ရောက်သည့်အခါ ည ၈နာရီကျော်နေပြီဖြစ်သည်။

ရေချိုးပြီးနောက် စာကြည့်ဖို့ပြင်နေစဉ်တွင် ရှန်းပိုင်ထျန်းဆီမှ WeChat မက်ဆေ့ချ်စာတစ်စောင်ရောက်လာသည်။

[ နင်အခု နင့်ရဲ့အစ်မလုလေးနဲ့ရှိနေတာလား ]

ယဲ့ဖန် သူမ စာကိုဖတ်ပြီး ခေါင်းကိုက်သွားသည်။

[ လျှောက်မပြောနဲ့၊ သူနဲ့က သာမန် သူငယ်ချင်းတွေပါဘဲ ]

[ ဟီးဟီးဟီး၊ တကယ်လား ]

[ ကျွန်တော်က လိမ်ဖို့လိုလို့လား ]

[ အဲ့တာဆို ငါတို့ကရော ဘယ်လိုသူငယ်ချင်းမျိုးလဲ။ သာမန်သူငယ်ချင်းဘဲလား ]

[ ကျွန်တော်က အိမ်ရှင် ]

[ တခြား ဆက်ဆံရေးမရှိဘူးပေါ့ ]

[ ပြီးတော့ ကျွန်တော်က ကောလဟာလထွက်နေတဲ့ရည်းစား ]

[ အဲ့တာဆို ကောလဟာလဆိုတဲ့ စကားကို ဖြုတ်ချင်လား ]

[ ........ ]

[ ဘာလို့ ဘာမှ ပြန်မပြောတာလဲ ]

[ အဲ့တာကို ပြန်မဖြေနိုင်လို့လေ ]

[ ................ ]

ယဲ့ဖန်နှင့် သူမ အတော်ကြာစကားပြောခဲ့ပြီး ဖုန်းချလိုက်တဲ့အခါ နောက်ဆုံးမှာတော့ တိတ်ဆိတ်ငြိမ်သက်သွားပြီဟုထင်ခဲ့သည်။

သို့ပေမဲ့ ထိုအချိန်တွင် လုရှောင်ရဆီမှ စာဝင်လာပြန်သည်။

[ ရှင်ဘာလုပ်နေတာလဲ။ ရှင့်ရဲ့အစ်မကြီးရှန်းနဲ့ စကားပြောနေတာတော့မဟုတ်ဘူးမလား ]

[ ဘယ်လိုသိတာလဲ ]

ယဲ့ဖန်က အလိုအလျောက်ပြန်မိလိုက်တာကြောင့် စာကိုပြန်ဖျက်ချင်ပေမဲ့ နောက်ကျသွားပြီဖြစ်သည်။

[ ထင်ထားတဲ့အတိုင်းဘဲ၊ ရှင်နဲ့ ရှင့်အစ်မကြီးရှန်းနဲ့က ထူးခြားတဲ့ဆက်ဆံရေးရှိတာဘဲ ]

[ ကျွန်တော့်ဆီက လိုချင်တာ တစ်ခုခုများရှိလို့လား ]

[ လိုချင်တာမရှိရင် စကားပြောလို့မရဘူးလား ]

[ ရပါတယ်။ ဒါပေမဲ့ အခုနည်းနည်းအိပ်ငိုက်နေလို့ ]

[ အစ်မကြီးရှန်းနဲ့စကားပြောနေတုန်းကကျ အားတွေပြည့်နေပြီး ကျွန်မနဲ့ပြောတော့မှ အိပ်ချင်နေတာလား ]

[ .................. ]

[ ဘာလို့ ဘာမှပြန်မပြောတာလဲ။ ကျွန်မနဲ့ပြောရတာ ပျင်းလို့လား ]

[ ................. ]

[ ဟား၊ ယောက်ျားတွေများ ]

[ …............ ]

အပိုင်း (၁၂၀)

ဒီအသစ်လေးကို စံနှုန်းပြည့်နမူနာလေးပြပေးမယ်။

ယဲ့ဖန်သည် ရှန်းပိုင်ထျန်းနှင့် လုရှောင်ရတို့ဆီမှ စာတွေကြောင့် ညနက်ခဲ့ရသည်။

ထို့အပြင် မနေ့ညကလည်း ကောင်းကောင်း မအိပ်ခဲ့ရတာကြောင့် မသိလိုက်ခင်မှာဘဲ အိပ်ပျော်သွားခဲ့သည်။

သူနိုးလာတဲ့အခါ မနက်လင်းနေပြီဖြစ်သည်။

ထိုမိန်းကလေးနှစ်ယောက်သည် WeChat မှ သူ့ကို စာတွေအများကြီးပို့ထားသည်။

ယဲ့ဖန် အပေါ်ယံသာကြည့်လိုက်သည်။ တစ်ခုချင်းစီကို စာလိုက်ပြန်ဖို့အတွက် သူအတော်ပျင်းသည်။

မိန်းကလေးနှစ်ယောက်ရဲ့ပြဿနာက တကယ့်ပြဿနာအစစ်ထက် ပိုရှုပ်သည်။

သူတို့ကို ခဏ ဒီအတိုင်းထားလိုက်ဦးမည်။

ထိုသို့တွေးပြီး ယဲ့ဖန် ဖုန်းကိုဘေးချကာ ရေချိုးခန်းထဲဝင်ပြီး မျက်နှာသစ်သည်။

မှန်ထဲမှ ပြီးပြည့်စုံတဲ့ကြွက်သားတွေကိုကြည့်ပြီး တအံ့တဩဖြင့် တောက်ခေါက်လိုက်သည်။

အရင်တုန်းက ယဲ့ဖန်သည် စာကိုသာဦးစားပေးလုပ်ခဲ့ပြီး လေ့ကျင့်ခန်းလုပ်တာ အတော်လေးရှားသည်။

ထို့ကြောင့် သူ့ခန္ဓာကိုယ်က ကောင်းသည်ဆိုရုံမျှသာရှိခဲ့ပြီး အချိုးအစားကတော့ ထည့်ပြောစရာပင်မလိုလောက်အောင် ကြည့်ရဆိုးနေခဲ့သည်။

အခုတွင် စနစ်၏ပြောင်းလဲပေးမှုကြောင့် သူ့ခန္ဓာကိုယ်က ပြီးပြည့်စုံသည့်အနေအထားတစ်ခုကိုရောက်နေပြီဖြစ်သည်။

ထို့အပြင် မနေ့က ဘတ်စကတ်ဘောကွင်းမှ ပြင်းထန်ပုံကိုထည့်ပေါင်းမယ်ဆိုလျှင် သူ့ရဲ့လက်ရှိ ခန္ဓာကိုယ်အခြေအနေကို အကြမ်းဖျင်းနားလည်လိုက်ပြီဖြစ်သည်။

ဒါပေမဲ့ ဒီခန္ဓာကိုယ်ရဲ့ နောက်ဆုံးအကန့်အသတ်ကဘာလဲ။

အဲ့တာကိုတော့ သေချာမသိသေးပေ။

သူ့ခန္ဓာကိုယ်ရဲ့အကန့်အသတ်ကိုသိဖို့အတွက် gym ကိုသွားပြီး သူ့ကိုယ်သူစိန်ခေါ်သင့်ပုံရသည်။

ထိုအတွေးကြောင့် ယဲ့ဖန်က တွန့်ဆုတ်မနေဘဲ ချက်ချင်းပေါ့ပါးတဲ့ဝတ်စုံကိုဝတ်ပြီး အပြင်ကို လျှောက်ထွက်လာသည်။

ကျုံးထျန်းကန်သာယာအိမ်ယာအနီးတွင် အဆင့်မြင့် Gym တစ်ခုရှိကြောင်း မှတ်မိသွားကာ အရမ်းလည်းမဝေးတာကြောင့် ကားမောင်းမသွားတော့ဘဲ လမ်းသာလျှောက်သွားတော့သည်။

ယဲ့ဖန် gym ရောက်တဲ့အခါ လူတွေအများကြီးက လေ့ကျင့်ခန်းလုပ်နေကြပြီး ချွေးသံတရဲရဲဖြစ်နေကြသည်။

Gym ကြီးထဲတွင် အနံ့ပေါင်းစုံရှိနေသည်။

သူတို့ကြားမှာလည်း ကြည့်လို့ကောင်းပြီး လေ့ကျင့်ခန်းဝတ်စုံတွေဝတ်ထားတဲ့ လှပတဲ့အမျိုးသမီးများစွာလည်းရှိသည်။

သို့ပေမဲ့ ယဲ့ဖန်က အဖွဲ့ကတ်လုပ်ဖို့စောင့်နေတဲ့အချိန်မှာဘယ်သူကမှ အဖတ်မလုပ်တာကြောင့် ယဲ့ဖန် အနည်းငယ်ရှက်သွားသည်။

ယဲ့ဖန် ဘေးပတ်လည်ကိုကြည့်လိုက်သည်။

ထိုအခါမှ နည်းပြတွေအားလုံးသည် မိန်းမတစ်ယောက်နားမှာ ဝိုင်းပြီး သူမကို မျက်နှာသာရအောင်လုပ်နေကြသည်။

ထိုအမျိုးသမီးသည် အသက်သုံးဆယ်ဝန်းကျင်ရှိပြီး ကြည့်လို့အတော်လှသည်။

ရှချူးနှင့် ရှန်းပိုင်ထျန်းတို့လို အလှလေးတွေနဲ့ယှဉ်လျှင်တော့ အနည်းငယ်ကွာခြားမှုရှိပေမဲ့ သူမ၏ရင့်ကျက်တဲ့ခန္ဓာကိုယ်ကို ထိုမိန်းကလေးငယ်တွေကတော့ ယှဉ်မရပေ။

သူမက လှပပြီးငယ်ရွယ်တဲ့အမျိုးသမီးပင်ဖြစ်သည်။

ထို့အပြင် သူမ၏ခန္ဓာကိုယ်အချိုးအစားက မျက်လုံးအကြည့်တွေကို ဖမ်းအစားနိုင်ဆုံးဖြစ်သည်။

သူမတွင် အပြီးပြည့်ဆုံဆုံး ကောက်ကြောင်းလှတဲ့ခန္ဓာကိုယ်မျိုးရှိသည်။

သူမက အစိမ်းရောင်ခါးတိုလေ့ကျင့်ခန်းဝတ်စုံဝတမထားပြီး အရောင်တူဘောင်းဘီတိုကိုလည်းဝတ်ထားသည်။

အလယ်တွင် လှပတဲ့ခါးလေးကို လှစ်ဖော်ထားပြီး ခါးကြောင်းလေးက သိသာမြင်သာလေသည်။

ယောက်ျားလေးထရိန်နာတွေက အလုပ်ကိုတောင်ရပ်ပြီး သူမကို အခစားဝင်ဖို့ အနားမှာ ဝဲနေကြတာ မထူးဆန်းတော့ပေ။

ယဲ့ဖန်လည်း မတတ်နိုင်ဘဲ အော်လိုက်သည်။

" ဘယ်သူရှိလဲ၊ အဖွဲ့ဝင်ကတ်လုပ်ချင်လို့ပါ "

နည်းပြတွေက လှည့်လာပြီး ယဲ့ဖန်ကိုကြည့်ကာ သူတွန်းကိုယ်တွန်းဖြင့် အလုပ်မလုပ်ရအောင် တွန်းထိုးနေကြသည်။

အဆုံးမှာတော့ ခပ်ငယ်ငယ်နည်းပြတစ်ယောက်က စိတ်မပါတပါဖြင့်လျှောက်လာပြီး ယဲ့ဖန်ကို ကူညီပေးသည်။

ယဲ့ဖန်သည် ကတ်ဖွင့်နေတုန်းအချိန်ကို အခွင့်ကောင်းယူပြီး မေးလိုက်သည်။

" အဲ့ဒီမိန်းကလေးက ဘယ်သူလဲ။ ခင်ဗျားတို့က အတော်လေးဂရုစိုက်ပုံရတယ် "

နည်းပြက ထိုလှပတဲ့မိန်းကလေးကို ဆာလောင်နေတဲ့အကြည့်ဖြင့်ကြည့်လိုက်သည်။

" အဲ့တာ ကူးလင်းလေ၊ သူမက ငါတို့gymက နတ်ဘုရားမလေ။ ဘယ်သူကများ သူမကို မကြိုက်ဘဲနေနိုင်မှာလဲ။ ယောက်ျားမဟုတ်ရင်တော့ မပြောတတ်ဘူး "

ယဲ့ဖန်က ထိုစကားကိုကြားတဲ့အခါ သဘောတူခေါင်းငြိမ့်လိုက်သည်။

ကတ်လုပ်ပြီးတဲ့နောက် စက်တစ်ခုစီကို လေ့ကျင့်ခန်းလုပ်ဖို့တန်းသွားသည်။

စက်ကို ဘယ်လိုသုံးရမလဲဆိုတာ လေ့လာပြီးတဲ့နောက် ကုတ်အင်္ကျီကိုချွတ်ပြီး စက်ပေါ်မှာလှဲကာ ဝိတ်တန်းကို စတွန်းတော့သည်။ ဘာမှ အလေးမပါတဲ့တန်းကို အကြိမ်အနည်းငယ်အရင်တွန်းကြည့်သည်။

ထို့နောက် ဘာပြဿနာမှမရှိမှန်းသိပြီး၍ တန်းပေါ်ကို အလေးတုံးတင်သည်။

အန္တရာယ်ကင်းအောင် အရင်ဆုံး ဆယ်ကီလိုစီအရင်တင်ကြည့်သည်။

ထို့နောက် အကြိမ်အနည်းငယ်ထပ်တွန်းပြီးသည့်အခါမှာလည်း အလေးမပါသည့်တန်းကိုတွန်းရသကဲ့သို့ပေါ့နေမှန်း ခံစားမိသည်။

ထို့ကြောင့် ကီလို၅၀တုံးကို ထည့်လိုက်ပြီး စတွန်းတော့သည်။

တစ်ခါ

နှစ်ခါ

အကြိမ် ၂၀

အလေးတုံးကို ကီလို၅၀ ထိတိုးပြီးတာတောင်မှ သူ့အတွက်ပေါ့နေသေးသည်။

ထို့အပြင် စနစ်၏ပြောင်းလဲပေးမှုကြောင့် သူ့ခန္ဓာကိုယ်က အကောင်းဆုံးအနေအထားတစ်ခုကိုရောက်နေတာဖြစ်သည်။

ကြွက်သားတွေက ကွဲထွက်တော့မတတ်ကြီးနေတာမျိုးမဟုတ်တာကြောင့် ပုံမှန် အင်အားဟုသာထင်ရသည်။

ထို့အပြင် ကီလို၅၀လောက်ကို မ'တာက လူအများကြီး ၏အာရုံကို မဆွဲဆောင်မိချေ။

သို့ပေမဲ့ ယောက်ျားလေးတွေဝိုင်းရံတာခံနေရတဲ့ကူးလင်းကတော့ သတိထားမိပြီး အကြိမ်အနည်းငယ်ကြည့်လိုက်သည်။

သူမက စနောက်နေတဲ့ နည်းပြကို ဖြတ်ပြောပြီးမေးလိုက်သည်။

" အဲ့လူကြီးမင်းက အဖွဲ့ဝင်အသစ်လား။ ဘာလို့တစ်ခါမှမမြင်ဖူးရတာလဲ "

ထိုစကားကိုကြားပြီး ယောက်ျားလေးထရိန်နာတွေက ယဲ့ဖန်ကို ချက်ချင်းလှည့်ကြည့်ကြသည်။

သူတို့မျက်လုံးတွေမှာ ရန်လိုမှုတွေအပြည့်ဖြစ်နေသည်။

သူတို့က ကူးလင်းကို နေ့တိုင်း မျက်စပစ်နေကြပေမဲ့ သူမက ဘယ်တုန်းကမှ သူတို့ကို ပြန်မကြည့်ပေ။

ယဲ့ဖန်ကတော့ ရောက်တာ ဘယ်လောက်မှ မကြာသေးတာတောင် သူမ၏အာရုံကို အောင်အောင်မြင်မြင်ဆွဲဆောင်နိုင်ခဲ့သည်။

ထိုအကြောင်းကြောင့် သူတို့အားလုံး မပျော်မရွှင်ဖြစ်ကြရသည်။

" အို၊ ဟုတ်သားဘဲ၊ သူက အသစ်လာတာလေ "

ယဲ့ဖန်ကို အဖွဲ့ဝင်ကတ်လုပ်ပေးခဲ့တဲ့ ယောက်ျားလေးနည်းပြက မေး၍ ဖြေလိုက်သည်။

ကူးလင်းက ယဲ့ဖန်ကို စိတ်ဝင်တစားကြည့်သည်။

" သူက တော်တော်လေးမဆိုးဘူးဘဲ။ ဝိတ်ကို ကီလို၅၀က အနည်းဆုံး မ'နိုင်တာထင်တယ်။ လွယ်လွယ်ကူကူလေးလုပ်သွားတော့လေ "

သူမ၏ချီးကျူးစကားကိုကြားပြီးနောက် လေ့ကျင့်နေတဲ့ ယောက်ျားလေးတွေက ပိုပြီးဒေါသထွက်လာကြသည်။

ဆံပင်အဝါနဲ့ ကြွက်သားတောင့်တောင့်နည်းပြက အထင်သေးစွာဖြင့်ရယ်လိုက်သည်။

" ဟားဟား၊ ဘာကို ကီလို ၅၀ ရမှာလဲ။ ယောက်ျားတစ်ယောက်က အဲ့လောက်ဝိတ်နည်းနည်းလေးတောင်မှ မ'လို့ မနိုင်ရင် ရှက်စရာကောင်းတယ်ကွ "

ထိုသို့ပြောပြီး သူက ယဲ့ဖန်ရှိရာသို့ ထောင်လွှားစွာဖြင့် လမ်းလျှောက်သွားခဲ့သည်။

" ညီလေး၊ မင်းလှုပ်ရှားမှုတွေက စံနှုန်းမမီဘူး။ ငါ နမူနာအနေနဲ့ အစမ်းနည်းနည်းလုပ်ပြမယ်။ ငါ့ပုံစံအတိုင်းလေ့လာပြီးလုပ် "

" ဟုတ်ပြီ "

ယဲ့ဖန်ကပြောပြီး ဖြည်းဖြည်းချင်းထရပ်ကာ စက်မှဖယ်လိုက်သည်။

" မင်းတို့နှစ်ယောက်၊ ငါ့ကိုလာကူ။ နောက်ထပ် ကီလို ၅၀လောက်ထည့်ပေး။ ဒီအသစ်လေးအတွက် စံချိန်မှီသရုပ်ဖော်ပြသမှုလုပ်ပေးရမယ် "

ဆံပင်အဝါနဲ့နည်းပြက အခြားနည်းပြနှစ်ယောက်ကို လက်ဝှေ့ယမ်းပြလိုက်သည်။

ထိုသို့ပြောပြီး ကူးလင်းကိုကြည့်ကာ သူ့ကိုယ်သူချောသည်ထင်သည့်အပြုံးလည်းပြုံးလိုက်သေးသည်။

အခြားနည်းပြနှစ်ယောက်က သူပြောတာကိုကြားပြီး ဝိတ်တုံးထပ်တိုးပေးလိုက်သည်။

အဝါရောင်ဆံပင်နဲ့နည်းပြက ဝိတ်မတဲ့စက်မှာလှဲလိုက်ပြီး ဝိတ်တန်းတစ်ဖက်စီကိုကိုင်ကာ အားအပြည့်ဖြင့်တွန်းလိုက်သည်။

" အွတ် ......... "

သူ့မျက်နှာ ချက်ချင်းနီရဲသွားပြီး ဝိတ်တန်းက တဖြည်းဖြည်းတုန်ရီလာသည်။

ဒါကြီးက စောက်ရမ်းမလေးလွန်းဘူးလားဟ။

All Chapters