အပိုင်း ၁၂၁-၁၂၄
Vol. 7 Ch. 121-124
အပိုင်း (၁၂၁)
နည်းပြ၊ ဒီလောက်ဆို စံနှုန်းမီတယ်လို့ပြောလို့ရပြီလား
" ကံကောင်းပါစေ၊ ခင်ဗျားလုပ်နိုင်ပါတယ်။ ခင်ဗျားရဲ့ပညာရှင်ဆန်မှုကို ယုံကြည်လိုက် "
ယဲ့ဖန်သည် ဆံပင်ဝါနဲ့နည်းပြက ခက်ခက်ခဲခဲတွန်းနေတာကိုတွေ့ရ၍ သူ့အတွက် အားပေးလိုက်သည်။
" အား ........ "
ဆံပင်ဝါဖြင့်နည်းပြက နောက်ထပ်ငါးကျော့ထပ်တွန်းပြီးနောက် ထပ်မလုပ်နိုင်တော့ပေ။
ထိုနည်းပြသည် သူတွန်းနေတာကို အမြန်ရပ်လိုက်ပြီး ထိုင်လိုက်သည်။
သူ နောက်တစ်ခေါက်သာထပ်လုပ်ပါက ဦးနှောက်ထဲမှ သွေးစီးကျလာလိမ့်မည်။
" အဟွတ်၊ အဟွတ်၊ မင်းနားလည်ပြီလား။ မင်း စံချန်တစ်ခုကိုရောက်လာပြီး ငါ့လိုအဆင့်ထိ လေ့ကျင့်နိုင်မယ်ဆို အဆင်ပြေလိမ့်မယ် "
နည်းပြက အခြားတစ်ယောက်ကို အစားထိုးလုပ်ပြဖို့ရှာနေသေးသည်။ သူက အတော်လေး မျက်နှာပြောင်သည့်လူဖြစ်သည်။
ယဲ့ဖန် ခေါင်းငြိမ့်ပြသည်။
" နားလည်ပါတယ်။ ဒါပေမဲ့ နည်းပြရဲ့အဆင့်လောက်ကိုရောက်ချင်ရင် ကျွန်တော် အလေးတုံးကိုထပ်တိုးသင့်တာပေါ့ "
ထိုသို့ပြောပြီး ဘေးက နည်းပြနှစ်ယောက်ကို ပြောလိုက်သည်။
" နောက်ထပ် ကီလို၅၀ အလေးတုံး ထပ်ပြီး ကူထည့်ပေးပါ "
ထို နည်းပြနှစ်ယောက်က နားကြားမှားတယ်ထင်ပြီး ချက်ချင်း တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။
" ငါနားကြားမှားတာ၊ ဟုတ်တယ်မလား။ သူက နောက်ထပ် အလေးချိန် ကီလို ၅၀ ထပ်တိုးမှာတဲ့လား "
" အခုတောင် ကီလို ၁၀၀ လေးနေပြီကို သူက နောက်ထပ် ကီလို ၅၀ ထပ်တိုးပြီး မ'မှာလား "
သူတို့ စိတ်ရှုပ်ထွေးသွားကြပေမဲ့ ယဲ့ဖန် ပြောတဲ့အတိုင်းလိုက်နာပြီး ဝိတ်တန်းတွင် နောက်ထပ် ကီလို ၅၀ လေးသည့် ဝိတ်တုံးကို တင်ပေးလိုက်သည်။
ထိုအချိန်တွင် Gym ထဲက လူတိုင်းက အားကစားလုပ်နေတာကို ခဏရပ်လိုက်ပြီး စုဝေးကာ လာကြည့်ကြသည်။
ဆံပင်ဝါဖြင့်နည်းပြက ဟွန်းခနဲနှာခေါင်းမှလေမှုတ်ထုတ်လိုက်သည်။
" ညီလေး၊ မနိုင်ဘဲ ဇွတ်မလုပ်နဲ့။ ၁၅၀ကီလိုတောင် မ'နိုင်မှာ သေချာလို့လား "
" စမ်းကြည့်တာပေါ့ "
ယဲ့ဖန်က ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီးနောက် စက်ပေါ်တွင် ဖြည်းဖြည်းချင်းလှဲလိုက်သည်။
ဝိတ်တန်းကို လက်နှစ်ဖက်လုံးဖြင့် ကိုင်လိုက်ပြီး တွန်းတော့သည်။
တစ်ခေါက်
ငါးခေါက်
ဆယ်ခေါက်
ယဲ့ဖန် ပုံစံက အလွန်ကို သက်တောင့်သက်သာရှိနေသည်။
ဆံပင်ဝါနဲ့နည်းပြက အံကြိတ်ထား၍ ပါးတွေပင်ပူလာသည်။
သူသည် အခု ကီလို ၁၀၀ ကို မ'ခဲ့တာတောင်မှ အရမ်းကိုခက်ခဲပြီး သွေးကြောတွေပေါက်ထွက်မတတ်ဖြစ်ခဲ့ရသည်။
ဒါတောင်မှ ထိုကလေးကတော့ လွယ်လွယ်ကူကူဖြင့် ကီလို ၁၅၀ ထိ မ' နိုင်ခဲ့သည်။
" နည်းပြ စမ်းကြည့်ချင်လား "
ယဲ့ဖန်က ထထိုင်ပြီး ဆံဝါနည်းပြကို ရိုးသားတဲ့အမူအရာလေးဖြင့်ကြည့်လိုက်သည်။
ဆံဝါနည်းပြ မျက်နှာတွေပင် တွန့်သွားရသည်။
ဒီကလေးက သူ့ကို သေချာပေါက်အရှက်ခွဲဖို့လုပ်နေတာဘဲ။
ဒါက ကီလို ၁၅၀တောင်လေ။
သူ စမ်းကြည့်ပါက သေတောင်သေသွားနိုင်သည်။
ယဲ့ဖန်က ဆံဝါနည်းပြကို ခက်ခဲအောင်မလုပ်တော့ဘဲ ခေါင်းကိုပြန်လှည့်ကာ နည်းပြနှစ်ယောက်ကို ပြောလိုက်သည်။
" နောက်ထပ် ကီလို ၅၀ ထပ်တိုးပေးပါ "
ဘေးနားမှာရှိတဲ့သူတိုင်းက ထိုစကားကို ကြားတဲ့အခါ အံ့ဩကုန်ကြသည်။
သူက လူသားတစ်ယောက်ရဲ့ခံနိုင်ရည်ကို စမ်းသပ်ချင်နေတာလား။
နည်းပြနှစ်ယောက်ကလည်း အံ့ဩသွားပေမဲ့ ယဲ့ဖန်ပြောတဲ့အတိုင်း ထပ်တိုးပေးခဲ့သည်။
ဒီတစ်ခေါက်တွင်တော့ ဝိတ်တန်းကို မ'သည့်အခါ ယဲ့ဖန်အတွက် ခက်ခဲလာပြီဖြစ်သည်။
တွန်းအားက လျော့ကျလာသည်။
တစ်ခေါက်
နှစ်ခေါက်
သုံးခေါက်
ငါးခေါက်
နည်းပြတွေက ယဲ့ဖန်ကိုကြည့်နေရင်း သူတို့က ယဲ့ဖန်အစားမောလာကြသည်။
သူတို့က နည်းပြတွေဖြစ်သော်လည်း ကီလို ၂၀၀ အလေးချိန်ရှိတဲ့ဝိတ်တန်းကို မ'ပြမယ်ဟု မပြောရဲပေ။
ယဲ့ဖန်လို လေ့ကျင့်ခန်းမဆော့တတ်တဲ့ကောင်ဆီမှာ ရှုံးနိမ့်သွားမည်ဟု မထင်မှတ်ထားပေ။
ထိုအချိန်တွင် ယဲ့ဖန်ဆီမှ စကားသံထပ်ထွက်လာသည်။
" နောက်ထပ် ကီလို ၅၀ ထပ်တိုးပေး "
နည်းပြနှစ်ယောက်က ဆက်ပြီးထိန်းမထားနိုင်တော့ဘဲ တားလိုက်ကြသည်။
" ညီလေး၊ အခုတောင် ကီလို ၂၀၀ ရှိနေပြီ။ ထပ်ထည့်ရင် အန္တရာယ်များလိမ့်မယ် "
" ဟုတ်တယ်၊ ညီလေး။ အခုတောင် မင်းက အရမ်းမိုက်နေပါပြီကွာ။ အဲ့လိုကြီး ကိုယ့်ဟာကိုယ်တွန်းအားပေးစရာမလိုပါဘူး "
" ရပါတယ်၊ ကျွန်တော် ဘာလုပ်နေလဲဆိုတာသိတယ် " ယဲ့ဖန်ကတော့ ဘယ်လိုမှမနေပေ။
ဒီနေ့ ဒီကိုလာတဲ့ ရည်ရွယ်ချက်က သူ့ရဲ့အကန့်အသတ်ကို သိပြီး သူ့ခန္ဓာကိုယ်ရဲ့ တိကျတဲ့အရည်အချင်းကိုသိနိုင်ရန်ဖြစ်သည်။
သူ ဘယ်လိုလုပ်ပြီး လမ်းတစ်ဝက်မှာ လက်လျော့ရမှာလဲ။
နည်းပြနှစ်ယောက်ကလဲ ရွေးစရာမရှိတော့ဘဲ နောက်ထပ် ကီလို၅၀ ထပ်တိုးပေးလိုက်သည်။
ထိုအချိန်တွင် ဝိတ်တန်း၏စုစုပေါင်းအလေးချိန်ဟာ ကီလို ၂၅၀ ရှိနေခဲ့ပြီး အတော်လေးမြင့်သော နံပါတ်တစ်ခုဖြစ်လေသည်။
Gym ထဲမှ လူတိုင်းက ကြည့်ပြီး အသက်တောင် ဝဝမရှူနိုင်ကြပေ။
သူတို့က ယဲ့ဖန်ထက်ပင် ပိုစိတ်လှုပ်ရှားနေကြပုံရသည်။
ယဲ့ဖန်သည် အသက်ပြင်းပြင်းရှူလိုက်ပြီး ဝိတ်တန်းကိုမ'ကာတွန်းလိုက်သည်။
ဒီတစ်ခေါက်အလေးချိန်ကတော့ ယဲ့ဖန်အတွက် အမှန်တကယ်ပင် ကန့်သတ်ချက်ကို ရောက်ရှိသွားပြီဖြစ်သည်။
အားကုန်သုံးပြီး တွန်းရကာ မျက်နှာကလည်း အားစိုက်ရ၍ နီလာသည်။
တစ်
နှစ်
သုံး
ဆယ်ကြိမ်တွန်းပြီးနောက်ဆုံးမှာတော့ ယဲ့ဖန်ရပ်လိုက်သည်။
သူရပ်လိုက်ပြီးနောက်တွင် Gym တစ်ခုလုံးက သောင်းသောင်းဖျဖျဩဘာပေးကြသည်။
သူတို့ ဒီလို ကြောက်စရာကောင်းလွန်းတို့ ခွန်အားမျိုးကို ဘယ်တုန်းကမှ မတွေ့ဖူးကြပေ။
ထို့အပြင် အပြင်ပန်းသွင်ပြင်အရ ယဲ့ဖန်၏ပုံစံသည် စံနှုန်းမှီသည့် ကြွက်သားတောင့်တင်းမှုပုံစံမျိုးမရှိပေ။
အထူးသဖြင့် ခန္ဓာကိုယ့်တောင့်တင်းသောနည်းပြအချို့နှင့်ယှဉ်ပါက ယဲ့ဖန်ပုံစံကို ပိန်ပြီးအားနည်းသည်ဟုပင်ပြောနိုင်သည်။
ဒီလောက်ခန္ဓာကိုယ်လေးအတွင်းမှာ ကြောက်စရာကောင်းလောက်တဲ့ခွန်အားတွေကိန်းအောင်းနေမယ်လို့ ထင်မထားပေ။
ယဲ့ဖန် ဖြည်းဖြည်းချင်းထရပ်ပြီး ဆံဝါဖြင့်နည်းပြကို ကြည့်လိုက်သည်။
" နည်းပြ၊ ဒီလောက်ဆို စံနှုန်းမီတယ်လို့ပြောလို့ရပြီလား "
ဆံဝါဖြင့်နည်းပြသည် အရှက်ခွဲခံရတာကြောင့် မျက်နှာက ဝက်အသည်းကဲ့သို့ အနီပုတ်ပုတ်ရောင်ဖြစ်လာသည်။
ထိုနည်းပြသည် ယဲ့ဖန်ကို နှိပ်ကွပ်ပြီး ကူးလင်းဆီမှ အကောင်းထင်ခံရချင်ခဲ့တာဖြစ်သည်။
ဒီကလေးက သူ့ကို မျက်နှာပျက်စေခဲ့လိမ့်မည်ဟုထင်မထားပေ။
သူသည် ကီလို တစ်ရာကျော်ကို မ'ဖို့ပင် အတော်လေးရုန်းကန်ခဲ့ရတာဖြစ်သည်။
ဒါတောင်မှ ဒီကလေးကတော့ ကီလို ၂၅၀အထိ မ'နိုင်ခဲ့သည်။
ဒီလိုနှိုင်းယှဉ်ပါက သူသည် အသုံးမကျသည့်ပုံပေါက်နေလိမ့်မည်။
ထိုအတွေးကြောင့် သူ ကူးလင်းကို အမြန်လှမ်းကြည့်လိုက်သည်။
ထို့နောက် ကူးလင်းသည် သူမ၏လှပသောမျက်လုံးလေးများနှင့် ယဲ့ဖန်ကို အကဲခတ်နေကြောင်းတွေ့လိုက်ရသည်။
ထိုမြင်ကွင်းက သူ့ကို ပို၍ မပျော်မရွှင်ဖြစ်စေသည်။
ထို့ကြောင့် သူက ယဲ့ဖန်ရှိရာကို လှည့်ပြီး ဟွန်းခနဲနှာခေါင်းထဲမှ လေမှုတ်ထုတ်လိုက်သည်။
" အားကြီးတော့ ဘာလုပ်လို့ရမှာလဲ။ တကယ်တမ်းကျ သက်လုံက အရေးအကြီးဆုံးဘဲ။ ငါနဲ့ အပြေးပြိုင်ရဲလား "
ယဲ့ဖန်က မျက်ခုံးပင့်ကာမေးလိုက်သည်။
" ဘယ်လိုပြိုင်ကြမလဲ "
ဆံဝါဖြင့်နည်းပြက သူ့ဘေးရှိ ပြေးစက်နှစ်ခုကို ညွှန်ပြလိုက်သည်။
" ရှင်းပါတယ်။ မပြေးနိုင်တော့ဘဲ အရင်ရပ်သွားတဲ့သူက အရှုံး "
ယဲ့ဖန်၏နှုတ်ခမ်းသည် အပေါ်သို့ အနည်းငယ်ကွေးညွတ်တက်သွားသည်။
" သဘောပါ "
သူတို့နားရှိ ပြေးစက်ဆီသို့တက်လိုက်ကာ စက်ကိုဖွင့်လိုက်သည်။
ဆံဝါနဲ့နည်းပြက စက်ကို ချိန်ညှိကာ တစ်နာရီ ၈ကီလိုမီတာနှုန်းဖြင့် ခပ်ဖွဖွစတင်ပြေးသည်။
သို့ပေမဲ့ ယဲ့ဖန်ကတော့ ထိုကဲ့သို့သော လိပ်ပြေးနှုန်းဖြင့် မကျေနပ်နိုင်သောကြောင့် အရှိန်ကိုမြှင့်လိုက်သည်။
တစ်နာရီ ၁၀ကီလိုမီတာနှုန်း
တစ်နာရီ ၁၅ကီလိုမီတာနှုန်း
တစ်နာရီ ၂၀ကီလိုမီတာနှုန်း
အရှိန်မြင့်ပြီးတဲ့ အဆုံးမှာတော့ ယဲ့ဖန် စက်ပေါ်မှာစပြေးတော့သည်။
Gym ထဲကလူတွေကတော့ အံ့ဩကုန်ကြသည်။
ပုံမှန်အားဖြင့် တစ်နာရီ ၈ကီလိုမီတာနှုန်းသည် ကြာကြာပြေးရန် အသင့်တော်ဆုံးဖြစ်သည်။
ယဲ့ဖန်၏ပြေးနှုန်းသည် အတော်လေး အားအင်ကုန်ခမ်းစေနိုင်သည်။
အားကုန်ကြီး အချိန်အတော်ကြာပြေးနိုင်လိမ့်မည်မဟုတ်ပေ။
" ညီလေး၊ နည်းနည်းအရှိန်လျှော့ပါဦး။ မဟုတ်ရင် အကြာကြီးမပြေးနိုင်ဘဲနေလိမ့်မယ် "
" ဟုတ်တယ်၊ ဘယ်သူက ပိုကြာကြာပြေးနိုင်လဲပြိုင်မှာလို့ နည်းပြကပြောတယ်လေ။ ဒီလိုနှုန်းနဲ့ပြေးမယ်ဆို အချိန်ခဏလေးနဲ့မောပန်းသွားလိမ့်မယ် "
" ညီလေး၊ အရမ်းကြီး အရဲမစွန့်ပါနဲ့။ နည်းပြ ဘယ်လိုပြေးနေလဲကြည့်ဦး။ သူ့ဆီကသင်ယူသင့်တယ် "
အားကစားသမားအများစုသည် ယဲ့ဖန်ကို ကောင်းစေချင်တဲ့စေတနာဖြင့် သတိပေးကာ အရှိန်လျှော့ဖို့နားချနေကြသည်။
သို့ပေမဲ့ ယဲ့ဖန်ကတော့ ဘယ်လိုမှမနေဘဲ အရှိန်ကို ဆက်မြှင့်လိုက်သည်။
နောက်ဆုံးတွင် တစ်နာရီ ၅၀ ကီလိုမီတာနှုန်းထိဖြင့်ပြေးဖို့ အရှိန်မြှင့်လိုက်သည်။
ယဲ့ဖန်၏ခြေထောက်တို့သည် ပျံနေသည့်အလားပြေးနေသည်။
ဝိုင်းကြည့်နေသောလူအုပ်ကြီးသည် ယဲ့ဖန်၏အရိပ်လိုမြန်ဆန်သည့်ခြေထောက်ကိုသာမြင်ရကြသည်။
အပိုင်း (၁၂၂)
ကျွန်တော် အခွင့်အရေးပေးပေမဲ့ ခင်ဗျားတို့အားလုံးက အသုံးမဝင်ဖူးဘဲ။
ငါးမိနစ်
ဆယ်မိနစ်
မိနစ်နှစ်ဆယ်
အချိန်တွေက တရွေ့ရွေ့ကုန်ဆုံးနေပြီး လူတိုင်းက မယုံနိုင်ဖြစ်နေပေမဲ့ ယဲ့ဖန်ကတော့ ရပ်တန့်မည့်အရိပ်အယောင်ပင်မရှိပေ။
တခြားတစ်ဖက်က ဆံဝါနဲ့နည်းပြကတော့ စတင်မောပန်းလာပြီဖြစ်သည်။
ဒါ တကယ်ကို ကြောက်စရာကောင်းလွန်းတာဘဲ။
အဲ့ကောင်လေးက တစ်နာရီကို ၄၀ကီလိုမီတာနှုန်းနဲ့ မိနစ်၂၀ ကျော်ပြေးခဲ့တာတောင်မှ ဘာဆိုဘာမှမဖြစ်ပေ။
သူ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက သာမန်မှဟုတ်ရဲ့လား။
နောက်ဆုံးတွင် ဆံဝါနှင့်နည်းပြက ဆက်တောင့်မခံနိုင်တော့ဘဲ ပြေးစက်ပေါ်မှလဲကျသွားတော့သည်။
ထိုနည်းပြသည် ရေထဲမှ မျှားခံလိုက်ရသည့်ငါးတစ်ကောင်ကဲ့သို့ တစ်ကိုယ်လုံးချွေးတွေဖြင့် ရွှဲနစ်နေသည်။
သူသည် ကြမ်းပြင်ပေါ်မှာလဲကျနေပြီး အသက်ကိုမနည်းရှူနေရသည်။ လက်ချောင်းလေးတစ်ချောင်း မဖို့ပင် အားမရှိချေ။
တစ်ဖက်တွင် ယဲ့ဖန်ကတော့ သူ၏အမြင့်ဆုံးအရှိန်ဖြင့်ဆက်ပြေးနေသည်။
ဆယ်မိနစ်လောက်ဆက်ပြေးပြီးတဲ့နောက်မှ ဖြည်းဖြည်းချင်းအရှိန်လျှော့ပြီးရပ်လိုက်သည်။
သူရပ်ပြီးတဲ့အချိန် နဖူးပေါ်တွင် ချွေးအနည်းငယ်သာရှိနေပြီး ကန့်သတ်ချက်ကို မရောက်သေးဘဲ ဆက်ပြေးနိုင်ပုံရသည်။
" နည်းပြ၊ ကျွန်တော်တို့ ဆက်ပြိုင်ကြဦးမှာလား "
ယဲ့ဖန်မှ ဆံဝါနှင့်နည်းပြနားကို ဖြည်းဖြည်းချင်းလျှောက်လာပြီး သူ့ဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ ရိုးသားတဲ့အပြုံးပြုံးပြသည်။
" ပြိုင် .... ငါမင်းကို ....... ယှဉ်လို့မရ ....... မင်းနိုင်ပါတယ် ....... "
ဆံဝါဖြင့်နည်းပြသည် ယဲ့ဖန်ကို သရဲမြင်ရသည့်အလားကြည့်လိုက်ပြီး ခေါင်းကို တသွင်သွင်ခါနေခဲ့သည်။
ယဲ့ဖန်သည် အနည်းငယ်စိတ်ပျက်သွားပြီး တခြားနည်းပြတွေကိုလှည့်ကြည့်သည်။
" ခင်ဗျားတို့ ကျွန်တော်နဲ့ပြိုင်ချင်ကြလား။ ခင်ဗျားတို့အားသန်ရာကို ရွေးလို့ရပါတယ်။ ပြီးတော့ ခင်ဗျားတို့နိုင်ရင် ဆုရှိလိမ့်မယ် "
နည်းပြတွေက ထိုစကားကိုကြားပြီး အနောက်ကိုဆုတ်ဲသည်။
လာနောက်နေတာလား။
ထို ဆံပင်ဝါနဲ့နည်းပြက သူတို့အားလုံးထဲတွင် အသန်မာဆုံးဖြစ်သည်။
သူတောင်မှ ခွေးတစ်ကောင်အရိုက်နှင်ခံရသလို ရှုံးနိမ့်ခဲ့သည်။
သူတို့သာပြိုင်လျှင် ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲမိသလိုဖြစ်မှာ မဟုတ်ဘူးလား။
ယဲ့ဖန် ထူးချွန်သူတစ်ယောက်ဖြစ်ရသည့် အထီးကျန်ဆန်မှုကို ခံစားလိုက်ရသည်။
တစ်စုံတစ်ယောက်က သူ့ကိုစိန်ခေါ်ပြီး သူ့၏အလားအလာတွေအားလုံးကို ထုတ်ရအောင်လုပ်စေချင်တာဖြစ်သည်။
သို့ပေမဲ့ သူတို့ကို အခွင့်အရေးပေးတာတောင်မှ သူတို့က အသုံးမဝင်ကြပေ။
ထို့ကြောင့် ယဲ့ဖန် အတော်လေးစိတ်ပျက်ရသည်။
သူ့အပေါ်အင်္ကျီိကိုဝတ်ပြီး ပြန်ဖို့ပြင်သည်။
ထိုအချိန်တွင် သူ့ကိုတစ်ချိန်လုံးစောင့်ကြည့်နေခဲ့တဲ့ ကူးလင်းက သူ့ဆီကို လျှောက်လာသည်။
" လူကြီးမင်း၊ WeChat မှာ သူငယ်ချင်းလုပ်လို့ရမလား "
ယဲ့ဖန်သည် သူမပြောတဲ့စကားကြောင့် ကြောင်သွားပြီး ဘာကိုဆိုလိုချင်မှန်းမသိပေ။
Gym ထဲက ယောက်ျားလေးတွေအားလုံးက သူ့ကို အားကျမနာလိုစွာကြည့်ကြသည်။
ကူးလင်းသည် သူတို့ရင်ထဲမှ နတ်ဘုရားမဖြစ်သည်။
ဒီလိုလာတဲ့ယောက်ျားအများစုက သူမ ဒီgym မှာရှိတာကြောင့်လာကြတာဖြစ်သည်။
သို့ပေမဲ့ သူမက ယောက်ျားလေးတွေနဲ့ တရောတထွေး မနေတတ်ပေ။
ဒီနေ့မှာတော့ သူမဘက်က စိတ်ပြောင်းပြီး ယောက်ျားလေးတစ်ယောက်ကို ဆက်သွယ်ဖို့အချက်အလက်ကို သူမဘက်ကတောင်းလိမ့်မည်ဟုထင်မထားပေ။
ကူးလင်းက အလျင်အမြန်ရှင်းပြသည်။
" အထင်မလွဲပါနဲ့၊ ကျွန်မက ကိုယ်ခန္ဓာကြံခိုင်မှုကို အရမ်းစိတ်ဝင်စားတာကြောင့် အတွေးချင်းဖလှယ်ချင်ရုံတင်ပါ "
ယဲ့ဖန်က အားတုံ့အားနာပြုံးလိုက်သည်။
" တောင်းပန်ပါတယ်၊ ဖုန်းမယူလာခဲ့မိလို့ပါ "
ထိုသို့ပြောပြီးတဲ့နောက် လှည့်ထွက်သွားသည်။
တံခါးကနေဖြတ်သွားရင်း ယဲ့ဖန်ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းက ရုတ်တရက်မြည်လာသည်။
" ဟယ်လို၊ ဘာလဲ။ သီးသန့်တွေ့ဆုံပွဲလား။ ဘယ်တော့ ......... "
ကူးလင်းသည် တဖြည်းဖြည်းဝေးသွားတဲ့ယဲ့ဖန်၏ပုံရိပ်ကိုကြည့်နေပြီး လုံးဝကို အံ့ဩဆွံ့အနေသည်။
သူ ဖုန်းမယူလာခဲ့ဘူးလို့ ပြောလိုက်တယ်မဟုတ်ဘူးလား။
သူက တမင်တကာရှောင်သွားတာလား။
သူမက မကောင်းတဲ့အတွေးနဲ့လာကပ်တယ်လို့တော့ မထင်လောက်ဘူး၊ ဟုတ်တယ်မလား။
မဖြစ်နိုင်တာ။
သူမက အမြဲတမ်းလှပပြီးတော့ ကောင်းမွန်တဲ့ပုံရိပ်ဘဲရှိခဲ့တာပါ။
သူမ ဘယ်ကိုဘဲသွားသွား ယောက်ျားတိုင်းရဲ့ အလယ်ဗဟိုက သူမ ဖြစ်သည်။
ဒါက သူမ ဘဝမှာ ပထမဆုံးအကြိမ် သူမဘက်ကနေ ယောက်ျားတစ်ယောက်ကို ချဉ်းကပ်ပြီး ဆက်သွယ်ဖို့အချက်အလက်တောင်းတာဖြစ်သည်။
သို့ပေမဲ့ တစ်ဖက်သူက သူမကို ငြင်းပယ်လိုက်မည်ဟူ ထင်မထားပေ။
ထို့အပြင် သူက အဓိပ္ပာယ်မရှိသည့်အကြောင်းပြချက်ဖြင့် ငြင်းသွားသေးသည်။
....................................
ယဲ့ဖန် ဖုန်းချပြီးတဲ့နောက် တောင်လမ်းတစ်လျှောက်တွင်ပြေးသည်။
အစောပိုင်းက ဝင်လာတဲ့ဖုန်းသည် ကြယ်တာရာဟိုတယ်သူဌေး ကောင်းကျင်းရှီဖြစ်သည်။
ယဲ့ဖန်ကို သီးသန့်ပါတီပွဲတစ်ခုသို့ ဖိတ်ကြားခံရကြောင်း ထိုသူဌေးကပြောသည်။
ယဲ့ဖန်သည် ထိုကဲ့သို့သောပွဲများကို အမြဲတမ်း ခပ်ဝေးဝေးနေခဲ့တာကြောင့် ဒီတစ်ကြိမ်မှာလည်း ငြင်းလိုက်သည်။
သို့ပေမဲ့ ကောင်းကျင်းရှီက သူ့ကို စိတ်ရောကိုယ်ပါနှစ်ပြီး ဖိတ်ခေါ်နေခဲ့သည်။
အဆုံးမှာတော့ ယဲ့ဖန်လည်းရွေးစရာမရှိဘဲ လက်ခံလိုက်ရတော့သည်။
သူ့မှာလည်း ကျုံးဟိုင်မြို့အတွင်းရှိ ပိုင်ဆိုင်မှုတော်တော်များများရှိလာတာကြောင့် အဆက်အသွယ်တွေပိုရှိပါက ကောင်းပေလိမ့်မည်။
ယဲ့ဖန်စံအိမ်ကိုပြန်လာပြီး တစ်နေကုန် စာပြန်နွှေးနေခဲ့သည်။
ညနေရောက်သည့်အခါမှ သူ့ကားကို အလောတကြီးမမောင်းဘဲ သာမန်အရှိန်ဖြင့် ကောင်းကျင်းရှီပြောခဲ့သော ကလပ်သို့မောင်းလာခဲ့သည်။
ထိုကလပ်ဝင်ပေါက်တွင် ဇိမ်ခံကားပေါင်းစုံရပ်ထားသည်။
ကောင်းကျင်းရှီက တံခါးပေါက်တွင်စောင့်နေသည်။
သူက ယဲ့ဖန်ကိုတွေ့တဲ့အခါ အမြန်ပြေးလာပြီး သူ့အတွက်တံခါးဖွင့်ပေးသည်။
" ယဲ့လူကြီးမင်း၊ ဘာလို့ကြာနေတာလဲ။ စားပွဲတောင် စနေပါပြီ "
ထိုစကားကိုကြားပြီး ယဲ့ဖန်မျက်နှာပျက်သွားသည်။
" ဘာလဲ။ နောက်ကျလို့ အပြစ်တင်နေတာလား။ အဲ့တာဆိုလည်း ပြန်လိုက်မယ် "
ကောင်းကျင်းရှီ ချက်ချင်းထိတ်လန့်သွားရသည်။
" ယဲ့လူကြီးမင်း၊ ကျွန်တော်မှားသွားတာပါ။ မကောင်းတဲ့အပုတ်နံ့လိုဘဲ သဘောထားလိုက်ပါ "
ထိုသို့ပြောပြီး သူ၏ခပ်ဝဝပါးနှစ်ဖက်ကိုလည်း နှစ်ခါပိတ်ရိုက်လိုက်ဖို့ မမေ့ပေ။
ထိုအခါမှ ယဲ့ဖန်ထပ်ပြုံးလိုက်ပြီး ကားပေါ်မှဆင်းလိုက်သည်။
ကလပ်ထဲမှ လမ်းများကို လင်းထိန်နေအောင်မီးထွန်းထားပြီး အပြင်အဆင်များကလည်း အလွန်ကို တန်ဖိုးကြီးသည့်ပစ္စည်းများဖြစ်သည်။
ဒီလိုနေရာမျိုးကိုလာခြင်းက ယဲ့ဖန်အတွက် ပထမဆုံးအကြိမ်ဖြစ်တာကြောင့် အရာအားလုံးကို စိတ်ဝင်တစားဖြစ်နေသည်။
ကောင်းကျင်းရှီအနောက်ကိုလိုက်ရင်း ယဲ့ဖန် သီးသန့်အခန်းထဲကိုရောက်လာသည်။ ထိုအခန်းထဲရှိ စားပွဲကြီးတစ်ခုတွင် လူတွေကအုပ်စုလိုက်ပတ်လည်ဝိုင်းကာထိုင်နေကြသည်။
ဆယ်ယောက်ကျော်ရှိပြီး အားလုံးက အမျိုးသားတွေဖြစ်သည်။
ထိုလူအုပ်စုက ပျော်ပျော်ရွှင်ရွှင်စကားပြောနေကြပြီး သောက်နေကြသည်။
သူတို့နှစ်ဦးဝင်လာတာကိုတွေ့တဲ့အခါ အလယ်တည့်တည့်ကခုံမှာထိုင်နေတဲ့လူကြီးက ချက်ချင်းအော်ပြောလိုက်သည်။
" လူအိုကြီးကောင်း၊ သူက မင်းပြောတဲ့ မိတ်ဆွေသစ်လေးဆိုတာလား။ သူက မင်းထက်ငယ်တယ်မဟုတ်လား။ သူ့ကို ကိုယ်တိုင်ထွက်ပြီးကြိုရလောက်တဲ့အထိ တန်လို့လား "
အခြားသူတွေကလည်း သဘောတူကြသည်။
" ဟုတ်တယ်။ လူငယ်တွေက ပိုပြီးအပိုးကျိုးသင့်တယ်။ မဟုတ်ရင် သူတို့က ကောင်းကင်နဲ့မြေကြီးကြားက ကွာခြားချက်ကို သိကြမှာမဟုတ်ဘူး "
" အငယ်တစ်ယောက်ဖြစ်ပြီး နောက်ကျရဲသေးတယ်ပေါ့။ အပြစ်ပေးတဲ့အနေနဲ့ ဒီဝိုင်သုံးခွက်ကိုသောက်ရမယ် "
ကောင်းကျင်းရှီကတော့ လူအုပ်ကြီး၏နောက်ပြောင်ပြောဆိုနေမှုကြောင့် နဖူးတွင်ချွေးစေးတွေပင်ထွက်လာရတော့သည်။
သူက လူတိုင်းကို ယဲ့ဖန် ဘယ်သူလဲဆိုတာ မိတ်ဆက်ပေးလိုက်သည်။
" အားလုံးဘဲ၊ မိတ်ဆက်ပေးပါရစေ။ ဒီက လူကြီးမင်းယဲ့ဖန်ပါ။ ငါ့ဟိုတယ်က Silver Brilliance အဆောက်အဦးမှာရှိပြီးတော့ အဲ့ဒီအဆောက်အဦးက ဒီလူကြီးမင်းပိုင်ဆိုင်တဲ့ဟာပါ "
ကောင်းကျင်းရှီပြောပြီးတဲ့အခါ တစ်ခန်းလုံးက ချက်ချင်းတိတ်ဆိတ်သွားကာ အားလုံးက ယဲ့ဖန်ကို မယုံသင်္ကာဖြင့်ကြည့်ကြသည်။
အပိုင်း (၁၂၃)
ကျေးဇူးပြုပြီး အရိုအသေပေးတာကို လက်ခံပါ။
အစပိုင်းတွင် အားလုံးက ငယ်ရွယ်တဲ့ယဲ့ဖန်ကိုမြင်ပြီး ကောင်းကျင်းရှီ၏ဂျူနီယာထင်ပြီး ယဲ့ဖန်ကို တလေးတစားမပြောခဲ့ကြချေ။
တစ်ဖက်လူက Silver Brilliance အဆောက်အဦးပိုင်ရှင်ဟု ကောင်းကျင်းရှီပြောတာကို ကြားပြီးတဲ့အခါ သူတို့အားလုံးထိတ်လန့်တုန်လှုပ်သွားကြတော့သည်။
Silver Brilliance အဆောက်အဦးသည် ကျုံးဟိုင်မြို့၏အထင်ကရအဆောက်အဦးတစ်ခုဖြစ်သည်။
ကျုံးဟိုင်ရှိ ထိပ်တန်းကုမ္ပဏီကြီးများ၏ဌာနချုပ်များသည် ထိုအဆောက်အဦးတွင်တည်ရှိသည်။
Silver Brilliance အဆောက်အဦးကဲ့သို့သောနေရာမျိုးကိုပိုင်ဆိုင်ဖို့ဆိုလျှင် သူ၏အင်အားက သေချာပေါက်အထင်သေးလို့ရတဲ့အနေအထားမဟုတ်ပေ။
ပြောရမည်ဆိုပါက ဒီမှာရှိတဲ့သူအားလုံးထက်ပင် သူကတောင် ပိုပြီးအင်အားကြီးလေသည်။
ကောင်းကျင်းရှီက လူတိုင်းရဲ့အမူအရာကိုကြည့်ပြီး ကျေနပ်နေသည်။
ဒီလူအုပ်စုထဲတွင် သူ၏အနေအထားသည် သိပ်မမြင့်ပေ။ အလွန်ဆုံးမှ ကပ်ဖားလျက်ဖားအဆင့်သာရှိသည်။
အခုတော့ ဒီလူတွေက ယဲ့ဖန်ကို တန်ဖိုးထားကြသည်ဖြစ်၍ သူ အတော်လေးဂုဏ်ယူမာန်တက်နေသည်။
ထိုလူတွေက အနည်းငယ်မသက်မသာဖြစ်သွားတာကိုကြည့်ပြီး ကောင်းကျင်းရှီက အလယ်နေရာမှာထိုင်နေတဲ့ သက်လတ်ပိုင်းလူကြီးကိုညွှန်ပြပြီး ယဲ့ဖန်ကိုမိတ်ဆက်ပေးလိုက်သည်။
" ယဲ့လူကြီးမင်း၊ ဒါက ဆန်းမင်းဟွေ့၊ သူဌေးဆန်းပါ။ သူ့ရဲ့ ဖီးနစ်ဖျော်ဖြေရေးကုမ္ပဏီက တောင်ပိုင်းကွမ်းတုန်းပြည်နယ်မှာ ထိပ်တန်းတွေထဲကတစ်ခုပါဘဲ "
ဆန်းမင်းဟွေ့က မြန်မြန်လက်ကိုဆန့်ပြီး ယဲ့ဖန်၏လက်ကို ခပ်တင်းတင်းလှမ်းကိုင်လိုက်သည်။
" ယဲ့လူကြီးမင်း၊ အခုနက မရိုမသေလုပ်မိပါတယ်။ စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ် "
ယဲ့ဖန်က ရက်ရက်ရောရောပြုံးလိုက်သည်။
" ဒါရိုက်တာဆန်း၊ ကြင်နာလွန်းနေအါပြီ။ အားလုံးရှေ့မှာတော့ ကျွန်တော်က သေချာပေါက်ငယ်တာပေါ့။ ရှောင်ယဲ့လို့ခေါ်နိုင်ပါတယ် "
ဆန်းမင်းဟွေ့က ယဲ့ဖန်ကို ချက်ချင်း လက်မထောင်ပြလိုက်သည်။
" ယဲ့လူကြီးမင်းကတော့ တကယ်ကို Silver Brilliance အဆောက်အဦးပီသပါပေတယ်။ သဘောထားကြီးတတ်ပုံကတော့ ကျွန်တော့်ကိုကျွန်တော်အရှက်ရမိစေပါတယ်။ ထိုင်ပါဦး "
ထိုသို့ပြောပြီး ယဲ့ဖန်ကို သူ့အလယ်ခုံမှာထိုင်ဖို့ နေရာဖယ်ပေးလိုက်သည်။
ယဲ့ဖန်က ချက်ချင်းငြင်းလိုက်သည်။
" ကျွန်တော်က အငယ်ပါ။ အလယ်ခုံမှာ ဘယ်လိုများထိုင်နိုင်မှာလဲ "
ဆန်းမင်းဟွေ့က စိုးရိမ်လာသည်။
" ယဲ့ညီလေး၊ မင်းက အဲ့လိုပြောရင် ကျွန်တော်တို့ကို ခွင့်မလွှတ်သေးဘူးလို့ဆိုလိုတာဘဲ။ ကျွန်တော်တို့ ဒူးထောက်ရမှာပါလား "
အခြားသူတွေကလည်း တစ်ယောက်ပြီးတစ်ယောင်ခေါင်းငြိမ့်ပြပြီး သူ့ကို အလယ်ခုံမှာထိုင်ဖို့ ထောက်ခံကြသည်။
ကောင်းကျင်းရှီက ထိုအခွင့်အရေးကိုယူပြီး နားချပြောသည်။
" ယဲ့လူကြီးမင်း၊ လူတိုင်းကပြောနေမှတော့ ကျေးဇူးပြုပြီး ထိုင်လိုက်ပါ "
ယဲ့ဖန်ကလည်း ဘာမှမတတ်နိုင်တော့တာကြောင့် အလယ်ခုံတွင် ထိုင်လိုက်တော့သည်။
" ယဲ့ညီလေးက ငယ်ငယ်လေးနဲ့ Silver Brilliance အဆောက်အဦးလိုနေရာမျိုးကိုတောင် ပိုင်ထားတာဆိုတော့ မိသားစုနောက်ခံက သာမန်မဟုတ်လောက်ဘူး၊ ဟုတ်တယ်မလား "
သုံးချီလောက်သောက်ပြီးတဲ့နောက် ယဲ့ဖန်ဘေးတွင်ထိုင်နေသော ဆန်းမင်းဟွေ့က မဝံ့မရဲမေးလိုက်သည်။
" ဒါရိုက်တာဆန်း၊ ခင်ဗျားနောက်နေတာဖြစ်ရမယ်။ ကျွန်တော့်မိသားစုက ဆင်းရဲပြီးတော့ တောရွာကလာတာပါ။ ပြီးတော့ ကျွန်တော်လည်းအောက်ခြေကစခဲ့တာ "
ယဲ့ဖန် ချက်ချင်း ရှင်းပြလိုက်သည်။
ယဲ့ဖန်ပြောတာကိုကြားပြီးတဲ့အခါ လူတိုင်းက သူ့စကားကြောင့် ထပ်ပြီးအံ့အားသင့်ကုန်ကြပြန်သည်။
ယဲ့ဖန်မှာ ဒီလိုပိုင်ဆိုင်မှုအကြီးကြီးရှိနေခြင်းက သူ့မိသားစုနောက်ခံကြောင့်ဟု သူတို့အားလုံးက ထင်ခဲ့ကြတာဖြစ်သည်။
ထိုငယ်ရွယ်တဲ့ကောင်လေးက အောက်ခြေကနေစခဲ့ရသူဖြစ်မယ်ဟု လုံးဝထင်မထားခဲ့ကြပေ။
သူက အသက်ဘယ်နှစ်နှစ်လဲ။
ကြည့်ရတာ အသက်နှစ်ဆယ်ဝန်းကျင်ပါဘဲ။
ဒါတောင်မှ Silver Brilliance လို အဆောက်အဦးကြီးကို တကယ်ဘဲပိုင်ဆိုင်တာလား။
ဒါက လက်မခံနိုင်စရာဘဲ။
" ယဲ့ညီလေးက တကယ့်ကို စီးပွားရေးပညာရှင်ကြီးဘဲ။ ကျေးဇူးပြုပြီး ဂုဏ်ပြုအရိုအသေပေးတာကိုလက်ခံပေးပါ "
ဆန်းမင်းဟွေ့က ထိုသို့ပြောပြီး ယဲ့ဖန်နှင့် လျင်မြန်စွာခွက်တိုက်လိုက်သည်။
ယဲ့ဖန်သည် ခွက်တိုက်သမျှကို တစ်ငုံ့ချင်းစီသာသောက်နေသော်လည်း လူတွေအများကြီးရှိနေတာဖြစ်၍ တဖြည်းဖြည်းမူးလာတော့သည်။
" ဒါရိုက်တာဆန်း၊ နောက်ထပ် ဘာအစီအစဉ်တွေရှိလဲ "
ကောင်းကျင်းရှီလည်း မူးနေကာ ဆန်းမင်းဟွေ့ကို မူးဝေနေသည့်မျက်လုံးများဖြင့်ကြည့်ကာ မေးသည်။
" ငါ့ရဲ့စံအိမ်အသစ်ကို ပြန်ပြင်နေတာ။ ပြီးတော့ ရေပူစမ်းတစ်ခုလည်းထည့်ထားသေးတယ်။ ငါ့ရဲ့ရေပူစမ်းဆီလာကြပါလား "
ဆန်းမင်းဟွေ့၏စကားက အားလုံးကိုရည်ညွှန်းသော်လည်း သူ၏အကြည့်တို့က ယဲ့ဖန်ဆီမှာသာရောက်နေသည်။
သူက ယဲ့ဖန်၏အတွေးကိုသာ အသိချင်ဆုံးဖြစ်နေမှန်းသိသာပေသည်။
အနည်းငယ်စောသေးတာဖြစ်သည့်အတွက် ယဲ့ဖန်ကလည်း သဘောတူခေါင်းငြိမ့်လိုက်သည်။
" ခင်ဗျားပြောသလိုဘဲလုပ်ကြတာပေါ့ "
ဆန်းမင်းဟွေ့က အတော်လေးပျော်ရွှင်သွားသည်။
" ကောင်းပြီ၊ အဲ့တာဆိုလည်းသွားကြတာပေါ့။ ဒီည လူတိုင်းမှာ ပျော်စရာကောင်းတဲ့အချိန်လေးတွေပိုင်ဆိုင်စေရမယ်လို့ အာမခံတယ် "
ထိုအခါ တစ်စုံတစ်ယောက်က လှောင်ပြောင်လိုက်သည်။
" ယောက်ျားလေးတွေချည်းဘဲဆိုရင် ဘယ်ပျော်စရာကောင်းမှာလဲ "
" ဟုတ်တယ်၊ ငှက်တွေနဲ့ချည်းကစားရမယ်လို့တော့ မပြောနဲ့နော် "
" ငှက်တွေနဲ့ကစားမယ်ဆိုတာ ဘာပြောတာလဲ။ ဥတွေနဲ့ကစားတာလို့ခေါ်တယ်ကွ "
" ဟားဟားဟားဟား .......... "
" မပူပါနဲ့၊ အားလုံးကို စိတ်ကျေနပ်စေရပါမယ် "
ဆန်းမင်းဟွေ့က ယောက်ျားလေးတိုင်းနားလည်မည့်အပြုံးကို ချက်ချင်းပြုံးလိုက်သည်။
......................
တစ်နာရီကြာတဲ့နောက်။
လူတိုင်းက ရေပူစမ်းစိမ်နေကြပြီး သက်တောင့်သက်သာရှိတာကြောင့် စိတ်ကျေနပ်နေကြသည်။
ဆန်းမင်းဟွေ့က သူ့ကိုယ်သူ ဘယ်လိုဇိမ်ခံရမလဲဆိုတာ သိတဲ့သူတစ်ယောက်ဟု ပြောလို့ရပေမည်။
စံအိမ်တစ်ခုလုံးက အတော်လေးကျယ်ဝန်းပြီး အပြင်အဆင်တွေကလည်း တန်ဖိုးကြီးကာအဆင့်မြင့်သည်။
လူတိုင်းက ဝင်လာတဲ့အခါ စံအိမ်၏ခမ်းနားမှုကြောင့် အံ့ဩသွားကြသည်။
" ဒါရိုက်တာဆန်း၊ ခင်ဗျားရဲ့ဒီစံအိမ်က သေချာပေါက်ဈေးပေါမှာတော့မဟုတ်ဘူးမလား "
ယဲ့ဖန်သည် ရေပူစမ်းတွင် သက်တောင့်သက်သာရေစိမ်နေရင်း အမူးပြေလာသည်။
" ညီလေးယဲ့၊ ယဉ်ယဉ်ကျေးကျေးကြီးမပြောပါနဲ့။ ဒီအတိုင်း အစ်ကိုဆန်း၊ ဒါမှမဟုတ် အစ်ကိုကြီးဆန်းလို့ခေါ်ပါ။ ဒါရိုက်တာဆန်းလို့ မခေါ်ပါနဲ့ "
ဆန်းမင်းဟွေ့က ယဲ့ဖန်ကို ပြင်ခေါ်ဖို့ပြောလိုက်သည်။
" ကောင်းပါပြီ၊ အဲ့တာဆို အစ်ကိုကြီးဆန်းလို့ခေါ်ပါ့မယ်။ အဲ့လိုက ပိုပြီးအဆင်ပြေတယ် "
ယဲ့ဖန်က ချက်ချင်း ပြင်ခေါ်လိုက်သည်။
ထိုအခါမှ ဆန်းမင်းဟွေ့က ကျေနပ်သွားကာ ယဲ့ဖန်မေးသည့်မေးခွန်းကိုဖြေလိုက်သည်။
" တကယ်တော့ အဲ့လောက်ကြီးလည်းမကျပါဘူး။ ဒီစံအိမ်ကိုဝယ်ပြီး ပြန်ပြင်ဆင်တာ ယွမ်သန်း၂၀၀လောက်ဘဲကျပါတယ် "
ယဲ့ဖန်က သက်ပြင်းချလိုက်သည်။
" သူဌေးကြီးဘဲ "
ဆန်းမင်းဟွေ့က ချက်ချင်းလက်ကိုယမ်းပြလိုက်သည်။
" ဘယ်က သူဌေးကြီးရမှာလဲ။ စံအိမ်လေးတင်ပါဘဲ။ ညီလေးယဲ့ကြိုက်ရင် ယူလို့ရပါတယ် "
ရေပူစမ်းမှာရှိတဲ့ တခြားသူတွေက ထိုစကားကိုကြားတဲ့အခါ သူတို့အားလုံး အံ့ဩထိတ်လန့်သွားကြရသည်။
သူက ယွမ်သန်း၂၀၀တန်စံအိမ်ကို ဒီလိုလွယ်လွယ်လေးပေးပစ်တာလား။
ဒါက စနောက်နေတာလား။
လူတိုင်းရဲ့အမူအရာကိုကြည့်ပြီး ဆန်းမင်းဟွေ့က ချက်ချင်းတည်ကြည်စွာဖြင့်ပြောလိုက်သည်။
" တကယ်ပြောနေတာပါ။ ယဲ့ညီလေးသာကြိုက်တယ်ဆို ဒီစံအိမ်က မင်းအပိုင်ဘဲ "
ယဲ့ဖန်က ခေါင်းကို အလျင်အမြန်ခါလိုက်သည်။
" မလိုချင်ပါဘူး။ ကျွန်တော့်မှာ အိမ်မရှိတာမှမဟုတ်ဘဲ "
ဆန်းမင်းဟွေ့က အံ့ဩသွားသည်။
" ယဲ့ညီလေးက အခု ဘယ်မှာနေတာလဲ "
ယဲ့ဖန်သည် ရေပူစမ်းကြောင့်ထွက်လာတဲ့ နဖူးပေါ်မှချွေးတွေကိုသုတ်လိုက်သည်။
" ကျုံးထျန်းကန်သာယာစံအိမ်နံပါတ်(၁) မှာ "
" ဖူး ............... "
ရှိသမျှလူတိုင်းက ကြောင်အသွားကြတော့သည်။
ကျုံးထျန်းကန်သာယာစံအိမ်ရာသည် ကျုံးဟိုင်မြို့၏ နာမည်ကြီးအဆင့်မြင့်သူဌေးအိမ်ရပ်ကွက်တစ်ခုဖြစ်သည်။
သူတို့ ဘယ်လိုလုပ်ပြီး မသိဘဲနေမှာလဲ။
ပြီးတော့ ယဲ့ဖန်က တကယ်ကြီးအဲ့မှာနေတဲ့အပြင် အကောင်းဆုံးစံအိမ်နံပါတ်(၁)မှာနေသည်ဟုဆိုသောကြောင့် သူတို့က ယဲ့ဖန်အပေါ်ပိုပြီးအလေးထားကြတော့သည်။
" ယဲ့ညီလေး၊ မင်းကမှ တကယ့်သူဌေးကြီးဘဲ။ ယဲ့ညီလေးနဲ့ယှဉ်ရင် ကျွန်တော်က ကျေးရွာက ငနုံ့ငအ သာသာပါဘဲ "
ထိုသို့ပြောပြီး ဆန်းမင်းဟွေ့က သူ့ကိုယ်သူရယ်လိုက်သည်။
လူတိုင်းက စကားပြောပြီးရယ်မောနေကြတုန်းမှာဘဲ အိမ်တော်ထိန်းဟုထင်ရတဲ့ အဘိုးအိုတစ်ယောက်က ရုတ်တရက်ဝင်လာပြီး ဆန်းမင်းဟွေ့နားနားကိုကပ်ကာ တီးတိုးပြောနေခဲ့သည်။
ထို့နောက် ဆန်းမင်းဟွေ့မျက်နှာတွင် အပြုံးကြီးကြီးတစ်ခုချက်ချင်းပေါ်လာခဲ့ကာ လူအုပ်ကြီးဘက်ကိုခေါင်းလှည့်ပြီးကြည့်လိုက်သည်။
" လူတိုင်းရဲ့အကြိုက်ဆုံးဇာတ်ဝင်ခန်းလေးရောက်ရှိလို့လာပါပြီ။ စိတ်ရောကိုယ်ပါ ပြင်ထားကြဖို့ပြောချင်ပါတယ် "
ထိုကဲ့သို့ပြောပြီးတဲ့နောက် ဆန်းမင်းဟွေ့က လက်ခုပ်နှစ်ချက်တီးလိုက်သည်။
ထို့နောက်တွင် လှပပြီး အမိုက်စားအင်္ကျီတွေဝတ်ထားတဲ့ အရပ်ရှည်ရှည်မိန်းကလေးတွေက အခန်းထဲကိုဝင်လာကြတော့သည်။
အပိုင်း (၁၂၄)
ကျွန်မတို့ကို အထင်သေးနေတာလား။
မိန်းကလေးတွေအားလုံးက ငယ်ရွယ်ပြီး အလွန်လှပကြသည်။
ထို့အပြင် သူတို့က အတော်လေးကပ်တဲ့အင်္ကျီတွေကို ဝတ်ဆင်ထားတာကြောင့် သူတို့၏သေးသွယ်သောခါးလေးတွေနှင့် ခြေတံရှည်တို့က လူတွေကို ရူးသွပ်စေနိုင်သည်။
မိန်းကလေးတွေအားလုံးက အတန်းလိုက်ရပ်နေပြီး ရေပူစမ်းကန်ထဲမှ လူအိုကြီးတွေကို ရှက်ရှက်ဖြင့်ကြည့်နေကြသည်။
နှိုင်းယှဉ်ကြည့်ရမည်ဆိုလျှင် လူအိုကြီးများအုပ်စုကြားရှိယဲ့ဖန်သည် ကြက်အိုကြီးများကြားက ကြိုးကြာအသွင်ဖြစ်နေသည်။
ငယ်ရွယ်ချောမောရုံတင်မကဘဲ အတော်လေးလည်းဆွဲဆောင်မှုရှိနေသေးသည်။
ထို့ကြောင့် ဝင်လာသည့်မိန်းကလေးအုပ်စုက သူ့ကိုကြည့်နေခြင်းမှာ သာမန်ပင်ဖြစ်သည်။
သူတို့သည် ဒီလိုအိပ်ရမည့်ကံကိုမရှောင်လွှဲနိုင်သည့်အတွက် အနည်းဆုံးတော့ ငယ်ပြီးချောတဲ့သူဖြင့်အိပ်ရဖို့ မျှော်လင့်ကြသည်။
ဆန်းမင်းဟွေ့က ယဲ့ဖန်ကို စိတ်အားထက်သန်စွာဖြင့်ကြည့်လိုက်သည်။
" ယဲ့ညီလေး၊ မင်း ဘာလို့အရင်မရွေးလဲ "
ယဲ့ဖန် ရူးနေလျှင်တောင်မှ ဘာဖြစ်နေလဲဆိုတာကို သဘောပေါက်သည်။
အမှန်တိုင်းပြောရလျှင် ရပ်နေကြတဲ့ခန္ဓာကိုယ်လှတဲ့မိန်းကလေးတွေက သူရွေးဖို့အတွက်ဖြစ်သည်။
ဒီလိုမိန်းကလေးတွေကို ယဲ့ဖန်အပါအဝင် ဘယ်ယောက်ျားလေးတွေမဆို ငြင်းဆန်ဖို့ခက်ခဲလေသည်။ ထို့ကြောင့် ယဲ့ဖန်နှလုံးသားထဲမှ တဆစ်ဆစ်ယားယံနေပေမဲ့ ဒါမျိုးကိုလက်မခံနိုင်သေးပေ။ ယဲ့ဖန် ချက်ချင်းခေါင်းခါလိုက်သည်။
" တော်ပြီ၊ ခင်ဗျားတို့ဘဲရွေးကြပါ "
ယဲ့ဖန်က သူတို့ကို အထင်သေးတယ်လို့ ဆန်းမင်းဟွေ့က ထင်သွားပြီး အလျင်အမြန်ရှင်းပြသည်။
" ယဲ့ညီလေး၊ သူတို့က ကုမ္ပဏီကအသစ်လေးတွေပါ။ သူတို့အားလုံးက အသန့်လေးတွေဆိုတာ အာမခံတယ်။ စိတ်မပူဘဲ သူတို့နဲ့ကစားလို့ရပါတယ် "
ယဲ့ဖန်က လက်ကိုချက်ချင်းယမ်းပြလိုက်သည်။
" အဲ့လိုပြောတာမဟုတ်ပါဘူး။ ဒီအတိုင်းဘဲ ဒါမျိုးတွေကိုစိတ်မဝင်စားလို့ပါ "
ဆန်းမင်းဟွေ့က ထူးဆန်းတဲ့အပြုံးမျိုးပြုံးလိုက်သည်။
" ယောက်ျားလေးတွေကြိုက်လို့များလား။ ကုမ္ပဏီမှာ အရမ်းချောတဲ့ကောင်လေးတွေရှိတယ်။ ပြီးတော့ အမျိုးအစားအစုံ စတိုင်မျိုးစုံလည်းရှိတယ်။ နှစ်ယောက်လောက်ခေါ်ပေးရမလား။
ယဲ့ဖန် သွေးအန်ထွက်မတတ်ဖြစ်သွားကာ ဆန်းမင်းဟွေ့ကိုစိုက်ကြည့်လိုက်သည်။
" ခင်ဗျားကမှ ယောက်ျားလေးတွေကြိုက်တာလေ "
ဆန်းမင်းဟွေ့လည်းမတတ်နိုင်တော့ဘဲ အခြားသူတွေကို ကြည့်လိုက်သည်။
" ယဲ့ညီလေးက ဒါမျိုးတွေမကြိုက်မှတော့ ငါတို့လူကြီးတွေဘဲအရင်ရွေးပြီး သူ့အတွက်နှစ်ယောက်ချန်ထားလိုက်ကြတာပေါ့ "
လူတိုင်းက သဘောတူခေါင်းငြိမ့်လိုက်ကြသည်။
ထို့နောက် သူတို့အားလုံးရေပူစမ်းကန်ထဲမှ ထွက်လာကြတော့သည်။
ဒီလူအိုကြီးတွေက ဉာဏ်များတဲ့မြေခွေးအိုကြီးတွေဟုပြောလို့ရသည်။
လောကကြီးရဲ့သဘောသဘာဝအနေဖြင့်ပြောရလျှင် သူတို့အနေအထားက ပြီးပြည့်စုံသည့်ဘဝတစ်ခုကိုရောက်နေကြပြီဟုဆိုနိုင်သည်။
ရပ်နေသည့်မိန်းကလေးများကြားတွင် အတော်လေးထင်းထွက်နေသည့်အလှဆုံးနှစ်ယောက်ရှိသည်။
ရုပ်ရည်အရသာမက ခန္ဓာကိုယ်ကောက်ကြောင်းတွေကလည်း ထိပ်တန်းအဆင့်ဖြစ်သည်။
သိူ့ပေမဲ့ ထိုလူကြီးတွေလည်း မပြောလည်းသိသည့်နားလည်မှုတစ်ခုကြောင့် ထိုမိန်းကလေးနှစ်ယောက်ကလွဲပြီး ကျန်တဲ့မိန်းကလေးတွေကိုသာရွေးသွားကြသည်။
သူတို့ရဲ့ရည်ရွယ်ချက်ကို ယဲ့ဖန်နားလည်လေသည်။
ထိုမိန်းကလေးနှစ်ယောက်ကို သူ့အတွက်ချန်သွားကြတာဖြစ်သည်။
ထိုအကြောင်းအရာက သူ့ကို ချက်ချင်းခေါင်းကိုက်လာစေသည်။
သူတို့ကိုထပ်ပြီးငြင်းလိုက်ပါက ထိုလူကြီးတွေရဲ့ကောင်းစေချင်တဲ့ရည်ရွယ်ချက်ကို လက်လွှတ်လိုက်သလိုဖြစ်သွားမလား။
လုပ်သင့်လား ......... သူက ဘာလို့ သူတို့ပြောတာကို လက်ခံရမှာလဲ။
ထင်ထားသည့်အတိုင်း ထိုလူကြီးတွေအားလုံးရွေးပြီးတဲ့အခါ အလှဆုံးမိန်းကလေးနှစ်ယောက်သာကျန်နေခဲ့သည်။
အခြားလူအိုကြီးတွေရွေးတာခံလိုက်ရတဲ့ကောင်မလေးတွေက သူတို့နှစ်ယောက်ကို အားကျသည့်အကြည့်ဖြင့်ကြည့်နေကြသည်။
ဘယ်လိုဘဲဖြစ်ဖြစ် ထိုနေရာတွင် အငယ်ဆုံးနှင့်အချောဆုံးက ယဲ့ဖန်ပင်ဖြစ်သည်။ ဘယ်သူကများ သူရွေးတာကို မခံချင်ဘဲနေမှာလဲ။
စိတ်မကောင်းစွာဖြင့် သူတို့မှာ ယဲ့ဖန်နှင့်နေခဲ့ရမည့်ကံမပါလာကြပေ။
ဆန်းမင်းဟွေ့က ယဲ့ဖန်ကို ထပ်ပြီး လှည့်ကြည့်လိုက်သည်။
" ယဲ့ညီလေး၊ ဒါက ကောင်းကင်ရဲ့အလိုတော်ဘဲထင်ပါတယ်။ ဘာလို့ သူတို့ကို ဒီအတိုင်းလက်မခံလိုက်တာလဲ။ သူတို့ကို ကူညီတယ်လို့ သဘောထားလိုက်ပေါ့ "
ယဲ့ဖန် နားမလည်ဖြစ်သွားသည်။
" သူတို့ကို ကူညီတာလား။ ဘယ်လိုကူညီရမှာလဲ "
" သူတို့အားလုံးက ဖျော်ဖြေရေးလောကထဲဝင်ပြီး အနုပညာရှင်တွေဖြစ်ချင်ကြပေမဲ့ ဒီလောကရဲ့ ရေအတိမ်အနက်က အတော်လေးကြီးပြီး ပြိုင်ဆိုင်မှုကလည်းများတယ်လေ။ တစ်ခုခုမမြှုပ်နှံရင်တော့ ဒီဘဝမှာ အချီကြီးရဖို့က မဖြစ်နိုင်ဘူး "
ဆန်းမင်းဟွေ့က ကောင်မလေးရဲ့အင်္ကျီထဲကို လက်လျှိုသွင်းလိုက်သည်။
" သူတို့က မင်းကို အဖော်ပြုပေးရင် ယဲ့ညီလေးက သူတို့ကို တစ်ချို့တလေပြန်ပေးလိုက်ပေါ့။ ဒါကမျှတတဲ့ ဖလှယ်မှုပါ။ ပြီးတော့ ကိုယ်လိုချင်တာလည်းရတယ်လေ "
ယဲ့ဖန်က တစ်ခုခုမှားနေတယ်လို့ ခံစားမိပေမဲ့ ဘာမှဆက်မပြောတော့ပေ။
" ယဲ့ညီလေး၊ သူတို့က မင်းနဲ့မအိပ်ရင်တောင် အခြားသူနဲ့အိပ်ရမှာဘဲ။ ဒါ သူတို့ရဲ့ကံကြမ္မာဘဲလေ။ သူတို့က ကံကောင်းလွန်းလို့ မင်းလို ငယ်ရွယ်ချောမောတဲ့သူနဲ့တွေ့တာလို့ပြောရမယ် "
ဆန်းမင်းဟွေ့က ထိုသို့ပြောပြီးနောက် ကောင်မလေးတစ်ယောက်ကို ပွေ့ဖက်ရင်း လှေကားပေါ်တက်သွားသည်။
အခြားသူတွေကလည်း ဒါရိုက်တာဆန်းက သူတို့အတွက်စီစဉ်ထားသော အခန်းကိုယ်စီသို့ မိန်းကလေးတွေကိုခေါ်ကာ ဝင်သွားကြတော့သည်။
မကြာခင်တွင် ရေပူစမ်းကန်မှာ ယဲ့ဖန်နှင့် အလှဆုံးမိန်းကလေးနှစ်ယောက်သာကျန်ခဲ့သည်။
ပတ်ဝန်းကျင်လေထုက အတော်လေးနေရခက်နေသည်။
" သွားကြစို့ "
ယဲ့ဖန်က သူတို့ကို လှမ်းကြည့်ပြီး ပြောလိုက်သည်။
" ဟုတ်ကဲ့ပါ "
ထိုမိန်းကလေးနှစ်ယောက်က စိတ်လှုပ်ရှားနေပြီး ခြင်လိုအသံသေးသေးလေးဖြင့် ပြန်ဖြေကြသည်။
ယဲ့ဖန် ဘာမှထပ်မပြောဘဲ ရေပူစမ်းကန်ထဲမှ ထထွက်လာသည်။
ကျန်ခဲ့တဲ့မိန်းကလေးနှစ်ယောက်က အလွန်နာခံစွာဖြင့် ယဲ့ဖန်ကန်ထဲကထွက်လာသည့်အခါ သူ့ကို ပဝါလာပတ်ပေးကြသည်။
Sun Minghui had already arranged a room for him in advance.
The room was extremely spacious and luxuriously decorated.
After Ye Feng entered the room, he went to take a shower.
When he walked out of the bathroom, he saw the two girls sitting at the corners of the bed.
They were like two lambs waiting to be slaughtered.
ဆန်းမင်းဟွေ့က ယဲ့ဖန်အတွက် ကြိုတင်အခန်းစီစဉ်ပေးထားခဲ့သည်။
ထိုအခန်းသည် အတော်လေးကျယ်ဝန်းပြီး တန်ဖိုးကြီးခမ်းနားစွာ ပြင်ဆင်ထားသည်။
ယဲ့ဖန် အခန်းထဲဝင်ပြီးနောပ် ရေချိုးဖို့ဝင်သွားသည်။
ပြန်ထွက်လာသည့်အခါ မိန်းကလေးနှစ်ယောက်က ကုတင်ထောင့်နားတွင် ကျုံ့ကျုံ့ကလေးတွေထိုင်နေကြသည်။
သူတို့နှစ်ယောက်က အသတ်ခံရတော့မည့် သိုးပေါက်လေးတွေနှင့်တူနေသည်။
သူတို့နှစ်ယောက်နားကို ဖြည်းဖြည်းချင်းလျှောက်လာပြီးမေးသည်။
" မင်းတို့နှစ်ယောက် ရေမချိုးကြဘူးလား "
ထိုမိန်းကလေးနှစ်ယောက်၏နူးညံ့တဲ့ခန္ဓာကိုယ်လေးတွေက ဆတ်ခနဲတုန်သွားကြသည်။
အနည်းနည်းခန္ဓာကိုယ်ပြည့်တဲ့ကောင်မလေးက အားမွေးကာဖြေလိုက်သည်။
" ကျွန်မတို့ဆေးကြောပြီးပါပြီ "
ယဲ့ဖန်က သူတို့ကို အတော်ကြာကြည့်လိုက်သည်။
" မင်းတို့အရင်က ဒါလုပ်ဖူးလား "
နောက်ထပ် နည်းနည်းပိန်တဲ့တစ်ယောက်က ခေါင်းကို အမြန်မော့ပြီးဖြေသည်။
" မဟုတ်ပါဘူး၊ ဒါက ကျွန်မတို့ရဲ့ပထမဆုံးအကြိမ်ပါ။ တကယ်ပါ၊ ကတိပေးပါတယ် "
ယဲ့ဖန်က သူမတို့ကို ရွံရှာပြီး လူအိုကြီးတွေဆီကို ပို့လိုက်မှာ စိုးရိမ်တာကြောင့် အလျင်အမြန်ရှင်းပြသည်။
ယဲ့ဖန်က ခေါင်းကိုခါပြီး သက်ပြင်းချလိုက်သည်။
" ကောင်းပြီ၊ စောစောအိပ်ရာဝင်ကြတော့ "
စကားပြောပြီးတဲ့အခါ ယဲ့ဖန် အိပ်ရာပေါ်တွင် လှဲလိုက်သည်။
မိန်းကလေးနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် အားပေးသလိုကြည့်လိုက်ကြသည်။
ထို့နောက် ယဲ့ဖန်ခန္ဓာကိုယ်ပေါ်တွယ်တက်ပြီး စတင်ကြတော့သည်။
ယဲ့ဖန်က အံ့ဩသွားပြီး မျက်လုံးဖွင့်လိုက်သည်၊
" မင်းတို့ ....... ဘာလုပ်နေကြတာလဲ "
ခန္ဓာကိုယ်ပြည့်ပြည့်လေးနဲ့ကောင်မလေး ကြောက်လွန်းလို့ မျက်နှာပင်ဖြူဖတ်လာသည်။
" ထိခိုက်မိသွားလို့လားဟင်။ ကျွန်မတို့ နူးနူးညံ့ညံ့လေး လုပ်ပေးပါ့မယ် ..... "
ယဲ့ဖန် ခေါင်းတွေပင်ထိုးကိုက်လာတော့သည်။
" ငါ အဲ့လိုပြောတာမဟုတ်ဘူး ............ "
နောက်ထပ် ခပ်ပိန်ပိန်နဲ့ကောင်မလေးက အမြန်ပြောသည်။
" ရှင်က တိုက်ရိုက်လုပ်ချင်တာလား .......... ဒီလိုမျိုးလား "
ထိုကဲ့သို့ပြောနေရင်းဖြင့် ထိုမိန်းကလေးက ကိုယ်ပေါ်မှအဝတ်တွေကို ဖယ်ချွတ်နေသည်။
ယဲ့ဖန်က ခါးကနေလှမ်းဆွဲပြီး အမြန်တားလိုက်သည်။
" နားလည်မှုလွဲနေတာဘဲ။ မင်းတို့ကို ထိဖို့မရည်ရွယ်ထားဘူး။ ငါက အိပ်ရာပေါ်မှအိပ်မယ်၊ မင်းတို့က ဆိုဖာပေါ်မှာအိပ်လိုက်ကြ "
ယဲ့ဖန်ပြောတဲ့စကားကိုကြားပြီး ထိုမိန်းကလေးတွေက ကြောင်အသွားကြသည်။
အတော်ကြာတဲ့နောက် ခန္ဓာကိုယ် ခပ်ပြည့်ပြည့်နဲ့ကောင်မလေးက ရုတ်တရက်ထငိုတော့သည်။
" ယဲ့လူကြီးမင်းက ကျွန်မတို့ကို အထင်သေးနေတာလား။ ကျွန်မတို့က တကယ်ကိုသန့်ရှင်းပါတယ် "
ထိုအခါမှာတော့ ယဲ့ဖန် အံ့ဩလွန်းလို့ စကားပင်မပြောနိုင်ဖြစ်သွားတော့သည်။