← Chapters

အပိုင်း ၁၂၅-၁၂၈

Vol. 7 Ch. 125-128

အပိုင်း ၁၂၅-၁၂၈

Vol. 7 Ch. 125-128

အပိုင်း (၁၂၅)

အသေးစားစီးပွားရေးလေးပါ၊ ထည့်ပြောဖို့တောင်မလိုပါဘူး။

ယဲ့ဖန် ချမ်းသာလာကတည်းက မိန်းကလေးတွေဆီက အရိပ်အမြွက်တွေများစွာရရှိခဲ့သည်။

သို့ပေမဲ့ ဒါကတော့ မိန်းကလေးဘက်မှ အိပ်ရာပေါ်ကကိစ္စကို တောင်းဆိုဖို့ငိုတာ ပထမဆုံးအကြိမ်ဖြစ်သည်။

ထို့ကြောင့် ဒီလိုအခြေအနေမျိုးကို တုန့်ပြန်ဖို့ ဘယ်လိုလုပ်ရမလဲဆိုတာကို ယဲ့ဖန်မသိဖြစ်နေသည်။

ခပ်ပိန်ပိန်နဲ့ကောင်မလေးက ယဲ့ဖန်စိတ်ရှုပ်ထွေးသွားတာကိုတွေ့တဲ့အခါ အလျင်အမြန်ရှင်းပြသည်။

" ဒါရိုက်တာဆန်းက ယဲ့လူကြီးမင်းကို ဝန်ဆောင်မှုကောင်းကောင်းမပေးနိုင်ရင် ကျွန်မတို့ကို အခွင့်အရေးမပေးတဲ့အပြင် ဒီလောကထဲကိုဝင်မရအောင်ပါ တားပစ်မယ်လို့ပြောထားပါတယ် "

ယဲ့ဖန် ထိုစကားကိုကြားတဲ့အခါ စိတ်ထဲမှကျိန်ဆဲလိုက်သည်။

ဒီလူအိုကြီးတွေကတော့ လူကောင်းတစ်ယောက်ကို ဒါမျိုးတွေလုပ်ဖို့ အတင်းတွန်းအားပေးနေတာလား။

" မပူပါနဲ့၊ ငါသူ့ကိုမပြောဘူး။ မင်းတို့အတွက် ခက်ခဲအောင်ငါမလုပ်ပါဘူး "

ယဲ့ဖန်လည်း ရွေးချယ်စရာမရှိတော့ဘဲ ထိုကောင်မလေးတွေကို စိတ်သက်သာရာရအောင် ပြောလိုက်တော့သည်။

" ဒါပေမဲ့ ....... ကျွန်မတို့ကို ခက်ခဲအောင်မလုပ်ရင်တောင်မှ ကျွန်မတို့ကို အခွင့်အရေးတွေပေးမှာမဟုတ်ပါဘူး။ အဲ့တော့ သိပ်မကြာဘဲ ဒီလို အိပ်ရာပေါ်က ကိစ္စတွေကနေ လွတ်မြောက်မှာမဟုတ်ဘဲ ထပ်ပြီး တခြားသူတွေရဲ့ကုတင်ပေါ်ကိုတက်ရမှာပါ ............ "

" အနည်းဆုံးတော့ ကျွန်မတို့က ရှင့်ကို မမုန်းပါဘူး "

" တကယ်လို့ ကျွန်မတို့အဖော်ပြုပေးရမယ့်သူပြောင်းသွားရင်လည်း ရွေးချယ်စရာမရှိပါဘူး "

ပိန်ပိန်ပါးပါးနဲ့ကောင်မလေးက အတော်လေးစိတ်ဓာတ်ကျပြီး ငိုတော့မတတ်ဖြစ်နေတော့သည်။

ယဲ့ဖန် ခေါင်းခါပြီး ပြုံးလိုက်သည်။

" မင်းတို့က တုံးလိုက်တာလို့ဘဲပြောရမလား။ ငါ့ကို အဖော်ပြုပြီးပြီလို့ ပြောလိုက်ရင်ရတယ် မဟုတ်ဘူးလား "

ထိုကောင်မလေးနှစ်ယောက်က ယဲ့ဖန်ကို မျက်ရည်ဝဲလျက်ဖြင့် ချက်ချင်းကြည့်လိုက်ကြသည်။

" ကျွန်မတို့အတွက် ဖုံးကွယ်ထားပေးမှာလား၊ ဘာလို့လဲ "

" ဘာလို့ ဒီလိုလုပ်ပေးတာလဲ "

တစ်ဖက်က ဘာကိုဆိုလိုချင်မှန်း သူတို့အမှန်တကယ် နားမလည်ဖြစ်နေသည်။

သူတို့သည် အတော်လေးကြည့်ရကောင်းတဲ့ထဲပါတာကြောင့် ဘယ်လိုယောက်ျားကမဆို သူတို့ကို ငြင်းမှာမဟုတ်ကြပေ။

" ဘာလို့ဆိုတဲ့မေးခွန်းတွေ ဘာလို့ အဲ့လောက်တောင်များနေရတာလဲ။ မြန်မြန်သွားပြီး အိပ်ကြတော့လေ "

ယဲ့ဖန် သူတို့နဲ့ဆက်ပြီး ပျင်းရိလာကာ ချက်ချင်းပင်အိပ်ပျော်သွားတော့သည်။

ကောင်မလေးချောချောလေးနှစ်ယောက်က အတော်လေးကျေးဇူးတင်နေကြသည်။ ယဲ့ဖန်အိပ်ပျော်နေတာတွေ့တဲ့အခါ စောင်ခြုံပေးပြီး မျက်နှာကို အနမ်းပေးသွားကြကာ ဆိုဖာပေါ်တွင် ခွေခွေလေးလှဲကာ တိတ်ဆိတ်စွာအိပ်သွားကြတော့သည်။

..……….

နောက်တစ်နေ့နံနက်ခင်းတွင် ယဲ့ဖန်နိုးလာသောအခါ ထိုမိန်းကလေးနှစ်ယောက်က ဆိုဖာပေါ်မှာ အချင်းချင်းဖက်ပြီး အိပ်နေကြတာကိုတွေ့လိုက်သည်။

သူတို့၏ခြေချောင်းများက ရစ်ပတ်နေကြပြီး နေရောင်ခြည်ထိုးတဲ့အခါ အထဲကိုဖောက်မြင်ရလုနီးပါးဖြစ်နေသည်။

ယဲ့ဖန် ခေါင်းကိုခါလိုက်သည်။

ထိုကောင်မလေးနှစ်ယောက်အိပ်နေတာကို မနှောင့်ယှက်တော့ဘဲ ယဲ့ဖန် အခန်းထဲမှထွက်လာခဲ့သည်။

တိုက်ဆိုင်စွာပင် ဆန်းမင်းဟွေ့ကလည်း မနေ့ညက သူခေါ်သွားတဲ့ကောင်မလေးနဲ့အတူ အခန်းထဲမှထွက်လာသည်။

ယဲ့ဖန်ကိုတွေ့တဲ့အခါ သူက စိတ်အားထက်သန်စွာဖြသ့် ဘေးနားကိုကပ်လာသည်။

" ယဲ့ညီလေး၊ မနေ့ညက ပျော်ခဲ့ရဲ့လား *

ယဲ့ဖန် ခေါင်းကိုသာငြိမ့်ပြလိုက်သည်။

" တော်တော်လေးကိုပျော်ခဲ့ပါတယ် "

ဆန်းမင်းဟွေ့က ထူးဆန်းတဲ့အပြုံးမျိုးပြုံးသည်။

" ဒါဆို အဲ့ဒီကောင်မလေးလေးကို စိတ်ကျေနပ်ရဲ့လား "

ယဲ့ဖန်ထပ်ပြီးသာ ခေါင်းငြိမ့်ပြလိုက်သည်။

" အတော်လေးစိတ်တိုင်းကျတယ်၊ အစ်ကိုကြီးဆန်း။ ခင်ဗျားအတွက်အဆင်ပြေမယ်ဆို သူတိို့ကို အနာဂတ်မှာစောင့်ရှောက်ပေးပါဦး "

ဆန်းမင်းဟွေ့က ယဲ့ဖန်ပုခုံးပေါ်ကို လက်တင်လိုက်သည်။

" မပူပါနဲ့။ သူတို့က မင်းရဲ့မိန်းကလေးတွေဆိုမှတော့ သူတို့ကို ကောင်းကောင်းမွန်မွန်ထားပေးမှာပါ။ သူတို့အတွက် ရွှေအဆင့်မန်နေဂျာတစ်ယောက်နဲ့ အခုချက်ချင်းချိတ်ပေးလိုက်မယ်။ ပြီးတော့ သူတို့နာမည်ကြီးလာစေရမယ်လို့ အာမခံတယ် "

ယဲ့ဖန်က ကျေနပ်စွာဖြင့်ပြုံးလိုက်သည်။

" ဒါဆို အစ်ကိုကြီးဆန်းကို ကျေးဇူးတင်ရတော့မှာဘဲ "

ဆန်းမင်းဟွေ့က ရုတ်တရက် မပျော်မရွှင်ဖြစ်သွားတော့သည်။

" မင်းက ဘာလို့ တယဉ်တကျေးကြီးပြောနေတာလဲ။ ငါ့ကို ညီအစ်ကိုလို့ မမြင်ဘူးလား "

ယဲ့ဖန်က တောင်းပန်လိုက်သည်။

" ကောင်းပြီ၊ ကောင်းပြီ။ မှားသွားပါတယ် "

ထိုအခါမှ ဆန်းမင်းဟွေ့က ကျေနပ်သွားတော့သည်။

" သွားကြစို့၊ မနက်စာစားကြရအောင် "

..

မနက်စာစားပြီးနောက်။

ဆန်းမင်းဟွေ့က လူတိုင်းကို ဧည့်ခန်းထဲမှာစုဝေးလိုက်ပြီး ယဲ့ဖန်အခန်းထဲမှာအိပ်ခဲ့တဲ့ကောင်မလေးနှစ်ယောက်ကို ကြည့်လိုက်သည်။

" သာ့ရှောင်ရွှမ်း၊ ဆုန်းရိ၊ ထကြ "

သူခေါ်တာကိုခံလိုက်ရတဲ့ ကောင်မလေးနှစ်ယောက်၏မျက်နှာက ချက်ချင်းဖြူဖျော့သွားကြတော့သည်။

ဆန်းမင်းဟွေ့က အမှန်တရားကိုသိသွားပြီး သူတို့ကို အပြစ်ပေးတော့မည်ဟု ထင်သွားကြသည်။

သူတို့စိတ်ပူနေချိန်မှာဘဲ ဆန်းမင်းဟွေ့ကပြောသည်။

" ငါ့အထင် မင်းတို့နှစ်ယောက်မှာ အလားအလာကောင်းတွေရှိတယ်။ အဲ့တာကြောင့် မင်းတို့အတွက် ရွှေအဆင့်မန်နေဂျာတစ်ယောက်ကိုခေါ်ပေးပြီး မင်းတို့နဲ့ပတ်သက်တဲ့ကိစ္စတွေအတွက် အနာဂတ်မှာစီစဉ်ပေးဖို့ တာဝန်ယူပေးလိမ့်မယ် "

သူ့ရဲ့စကားကိုကြားတဲ့အခါ ထိုကောင်မလေးနှစ်ယောက်က အံ့အားသင့်သွားကြသည်။

သူတို့ကြားလိုက်ရသည့်နားကိုတောင် သူတို့မယုံနိုင်ကြပေ။

သူတို့ ဘာမှမလုပ်ခဲ့ကြဘဲ ယဲ့ဖန်နဲ့ တစ်ခန်းတည်းမှာအတူတူ တစ်ညအိပ်လိုက်ရုံနဲ့ သူတို့အိပ်မက်မက်ခဲ့ရတဲ့အခွင့်အရေးတွေကို ရသွားတာလား။

ဒါက အံ့အားသင့်စရာကိစ္စကြီးဘဲ။

ထိုအတွေးကြောင့် ဘေးမှာထိုင်ပြီး ရေနွေးကြမ်းသောက်နေတဲ့ ယဲ့ဖန်ကို သူတို့ အမြန်လှည့်ကြည့်လိုက်ကြသည်။

ဒီလူက သူတို့လိုချင်ခဲ့တဲ့ အရာအားလုံးပေးလိုက်တာဘဲ။

သူက သူတို့ရဲ့ကံကြမ္မာကို ပြောင်းလဲပေးလိုက်တဲ့သူဟု ပြောလို့ရနိုင်သည်။

အခြားကောင်မလေးတွေကလည်း သူတို့ကို မနာလို အားကျစိတ်ဖြင့် ကြည့်နေကြသည်။

ဒါက မတူညီတဲ့အခွင့်အရေးမျိုးဘဲ။

သူတို့လည်း ပြောလို့မကောင်းသည့်ကိစ္စတွေကို လုပ်ခဲ့ရသည်။

သူတို့က ရုပ်ဆိုးပြီးအသက်ကြီးတဲ့လူ့ဂွစာတွေနဲ့အိပ်ခဲ့ရတဲ့အပြင် အဆုံးမှာ အခွင့်အရေးအနည်းငယ်သာရခဲ့ကြသည်။

သူတို့နှစ်ယောက်ကတော့ ချောပြီးငယ်တဲ့သူနဲ့ အိပ်ခဲ့ရပြီး ထိပ်တန်းအဆင့်မန်နေဂျာကို ရသွားခဲ့သည်။

ကုမ္ပဏီက သူတို့နှစ်ယောက်ကို မြေတောင်မြှောက်ပေးချင်မှန်းသိသာသည်။

ဖြစ်နိုင်တာကတော့ သူတို့နှစ်ယောက်က သိပ်မကြာခင်မှာဘဲ နာမည်ကြီးရေပန်းစားတဲ့အနုပညာရှင်တွေဖြစ်လာပေတော့မည်။

ထို့ကြောင့် သူတို့ကို မနာလိုစိတ်ကြောင့် ရူးမတတ်ဖြစ်သွားစေသည်။

ဆန်းမင်းဟွေ့ကတော့ ကျန်တဲ့ကောင်မလေးတွေရဲ့ မကျေနပ်မှုကို ဂရုပင်မစိုက်ဘဲ အပြင်ဘက်ကိုလှည့်ကာ အော်ခေါ်လိုက်သည်။

" အစ်မဝမ်၊ ဝင်ခဲ့ပါ "

ထိုသို့ပြောပြီးတဲ့နောက် အမျိုးသမီးတစ်ယောက် လမ်းလျှောက်ဝင်လာသည်။

ယဲ့ဖန် သူမကိုတွေ့တဲ့အခါ အံ့ဩသွားသည်။

" အစ်မဝမ်လား "

ထိုအမျိုးသမီးက ရှချူး၏မန်နေဂျာအစ်မဝမ်ဖြစ်နေသည်။

အစ်မဝမ်ကလည်း ယဲ့ဖန်ကို ဒီမှာတွေ့ရမယ်လို့ ထင်မထားပေ။

" ယဲ့လူကြီးမင်း "

သူတို့ရဲ့အမူအရာတွေကိုကြည့်ပြီး ဆန်းမင်းဟွေ့က အနည်းငယ် အံ့အားသင့်သွားသည်။

" မင်းတို့က အချင်းချင်းသိကြတာလား "

ယဲ့ဖန် ပြန်မပြောနိုင်ခင်မှာဘဲ အစ်မဝမ်က အလျင်အမြန်ရှင်းပြသည်။

" သိတာပေါ့။ ယဲ့လူကြီးမင်းက ကျွန်မတို့ ရှချူးရဲ့ မိတ်ဆွေကောင်းလေ။ ကျွန်မတို့ ယဲ့လူကြီးမင်းရဲ့ရေပူစမ်းအပန်းဖြေစခန်းမှာ ရုပ်ရှင်သွားရိုက်တုန်းကဆို ယဲ့လူကြီးမင်းကဘဲ ကျွန်မတို့ကို ခွင့်ပြုပေးခဲ့တာ၊ ဟုတ်တယ်မလား ယဲ့လူကြီးမင်း "

အစ်မဝမ်စကားဆုံးသွားတဲ့နောက် ဆန်းမင်းဟွေ့အပါအဝင်လူတိုင်းက ယဲ့ဖန်ကို အံ့ဩတကြီးကြည့်ကြသည်။

" ယဲ့ညီလေး၊ သူမ ပြောတာ အမှန်ဘဲလား။ ကျုံးဟိုင်ရေပူစမ်းအပန်းဖြေစခန်းက မင်းရဲ့ပိုင်ဆိုင်မှုဘဲလား "

ဆန်းမင်းဟွေ့က ယဲ့ဖန်ကို မယုံမကြည်ကြည့်လိုက်သည်။

" အဟွတ်၊ အဟွတ်။ ဒါက အသေးစားစီးပွားရေးလေးပါဘဲ၊ ထည့်ပြောဖို့တောင် မလိုပါဘူး "

ယဲ့ဖန်က လက်ကို အလျင်အမြန်ခါယမ်းပြလိုက်သည်။

ဆန်းမင်းဟွေ့နဲ့ အခြားသူများက တစ်ယောက်ကိုတစ်ယောက် ခံစားချက်ပေါင်းစုံဖြင့် ကြည့်လိုက်ကြသည်။

ယဲ့ဖန်အသက်အရွယ်အရ Silver Brilliance လို အဆောက်အဦးကြီးကို ပိုင်ဆိုင်ထားတာက အတော်လေးရှားပါးသည့်အခြေအနေဟု သူတို့အထင်သေးခဲ့ကြပေမဲ့ အခုတော့ တစ်ဖက်သူက လုံးဝကို အထင်သေးလို့မရသည့် အနေအထားတစ်ခုမှာရှိနေသည်။

ဒီကလေးက ထုတ်မကြွားပေမဲ့ တကယ့်ဒိတ်ဒိတ်ကြဲသူဌေးကြီးဘဲ။

အပိုင်း (၁၂၆)

ဒီအိပ်မက်ကို ဆက်မက်ချင်သည်။

သို့ပေမဲ့ ဆန်းမင်းဟွေ့ကလည်း သူဌေးကြီးတစ်ယောက်ဖြစ်၍ သူ့ရဲ့အံ့ဩမှုကို အလျင်အမြန်ထိန်းချုပ်လိုက်နိုင်သည်။

" အစ်မဝမ်နဲ့ ယဲ့ညီလေးက အချင်းချင်းသိနေကြမှတော့ ပိုလွယ်ကူသွားတာပေါ့။ ဒီကောင်မလေးနှစ်ယောက်က ယဲ့ညီလေးရဲ့ ........ မိတ်ဆွေတွေပါ။ အစ်မဝမ်ရဲ့လက်အောက်မှာစာချုပ်ချုပ်လိုက်ပါ။ ပြီးတော့ သူတို့ကို ကောင်းကောင်းဂရုစိုက်ပေးလိုက် "

ထို့နောက် အစ်မဝမ်နှင့် အဲ့ဒီမိန်းကလေးနှစ်ယောက်ကို မိတ်ဆက်ပေးလိုက်သည်။

ဆန်းမင်းဟွေ့ရဲ့စကားကိုကြားပြီး အစ်မဝမ်က ထိုမိန်းကလေးတွေကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်သည်။

သူမက ဒီဖျော်ဖြေရေးလောကတွင် ဉာဏ်များတဲ့မြေခွေးတစ်ကောင်အဆင့်သို့ရောက်နေပြီဟု ပြောနိုင်တာကြောင့် ဒီလိုအခြေအနေကို ဘယ်လိုလုပ်ပြီး နားမလည်ဘဲနေမှာလဲ။

ဖျော်ဖြေရေးလောကမှာ အကြောင်းပြချက်မရှိဘဲ အထောက်အပံ့ရတာမျိုးမရှိပေ။

အဲ့ဒီမိန်းကလေးနှစ်ယောက်က သူဌေးဆီက မျက်နှာသာရအောင် စွန့်လွှတ်မှုတစ်ခုခုလုပ်ထားပုံရသည်။

ထိုအတွေးကြောင့် ယဲ့ဖန်ကို အလျင်အမြန်လှည့်ကြည့်လိုက်သည်။

အန္တရာယ်ရှိသည့် ခံစားချက်မျိုး ရုတ်တရက် ရင်ထဲမှာခံစားလိုက်ရသည်။

သူမ ပြန်ရောက်တဲ့အခါ ရှချူးဘက်ကနေ စပြီးချဉ်းကပ်ဖို့ ပြောရတော့မည်နှင့်တူသည်။

မဟုတ်ပါက ယဲ့လူကြီးမင်းသည် အခုသူတစ်ယောက်နဲ့ ချစ်ကောင်းချစ်မိသွားနိုင်သည်။

ဘယ်လိုဘဲဖြစ်ဖြစ် ရှချူးကမှ သူမ၏ငွေဝင်ပေါက်ဖြစ်တာကြောင့် ယဲ့ဖန်နှင့် ထိုမိန်းကလေးနှစ်ယောက်၏ဆက်ဆံရေးသည် အချိန်တိုဖြစ်ဖို့သာ သူမ မျှော်လင့်ရတော့သည်။

.....………….

အစ်မဝမ်၏ထိုအတွေးကြောင့် ဆန်းမင်းဟွေ့၏အိမ်မှ ပြန်လာပြီး မကြာခင်တွင် ယဲ့ဖန်ဆီသို့ ရှချူးမှ ဖုန်းဆက်လာသည်။

" အစ်မဝမ်က ကောင်မလေးနှစ်ယောက်နဲ့ စာချုပ်ချုပ်ခဲ့ရတယ်လို့ကြားတယ်။ သူတို့က ရှင့်သူငယ်ချင်းတွေလား "

ရှချူးက ကွေ့ပတ်ပြောမနေဘဲ တည့်ပြောလိုက်သည်။

" သူငယ်ချင်းလို့လည်း မဟုတ်ပါဘူး။ သူတို့က သနားစရာကောင်းတယ်ထင်လို့ ဒီအတိုင်း ကူညီပေးလိုက်တာပါ "

ယဲ့ဖန်က အမှန်တိုင်းဖြေလိုက်သည်။

" ရှင်က တကယ်ကို ကြင်နာတတ်တဲ့သူဘဲ။ မိတ်ဆွေတောင်မဟုတ်တာကို ရှင်က လူသစ်လေးတွေအတွက် ပိုက်ဆံတွေအများကြီးသုံးပြီး ကူညီပေးလိုက်သေးတယ်ပေါ့ "

ရှချူးစကားလုံးတွေက ခပ်ချဉ်ချဉ်ဖြစ်နေသည်။

ယဲ့ဖန် အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။

" သူတို့ကို မြေတောင်မြှောက်ပေးချင်တာက ကိုယ်မဟုတ်ပါဘူး။ ကိုယ့်အသိမိတ်ဆွေကုမ္ပဏီကပါ။ ကိုယ်နဲ့ ဘာဆိုင်လို့လဲ "

ရှချူးက နည်းနည်းကပျာကယာသွားသည်။

" ရှင်နဲ့ သူတို့နဲ့က ဘာမှမပတ်သက်ဘူးဆိုတာ ရှင် အာ မခံနိုင်လို့လား "

ယဲ့ဖန်ကလည်း ဒေါသထွက်လာသည်။

" ကိုယ်က မင်းကို ကတိပေးဖို့လိုသေးလို့လား။ ယုံတာမယုံတာ မင်းအပိုင်းဘဲ "

" ရှင် ......... ရှင် မကောင်းတဲ့ သူကြီး "

ရှချူး ဖုန်းကို စိတ်ဆိုးမာန်ဆိုးဖြင့်ချလိုက်သည်။

သူမ ဘေးက အစ်မဝမ်ကလည်း စိတ်လှုပ်ရှားနေသည်။

" ရှရှ၊ အစ်မက နင့်ကို ယဲ့လူကြီးမင်းနဲ့စကားပြောခိုင်းတာလေ။ ဘာလို့ ရန်ဖြစ်နေတာလဲ "

ရှချူးက စူပုတ်ပုတ်ဖြစ်နေသေးသည်။

" သူက .......... သူက အဲ့လိုညစ်ပတ်တဲ့အလုပ်တွေလုပ်ပြီးတာတောင် နောင်တ မရတာကို ညီမက ဘာလို့ စိတ်မဆိုးရမှာလဲ "

အစ်မဝမ် ခေါင်းတွေပင်ကိုက်လာသည်။

" ယဲ့လူကြီးမင်းပြောတာလည်း အမှန်ဖြစ်နိုင်တာဘဲလေ။ မနေ့ညက သူတို့နဲ့ ဘာမှမဖြစ်ခဲ့ဘဲ ဒီအတိုင်း ကူညီပေးလိုက်တာရော မဖြစ်နိုင်ဘူးလား "

ရှချူးမျက်နှာက ပိုဖျော့တော့လာသည်။

" အစ်မက အဲ့တာကို ယုံတယ်လား "

အစ်မဝမ်က ပြောစရာစကားပျောက်သွားရသည်။

" သူက တစ်ခုခုလုပ်ရင်တောင်မှ ရှရှက ဘာပြောပိုင်ခွင့်ရှိလို့လဲ။ သူ့ကောင်မလေးမလို့လား "

ဒီတစ်ခါမှာတော့ ရှချူးပြောစရာ ပျောက်သွားသည့်အလှည့်ဖြစ်သည်။

သူမ စိတ်ဆိုးတာကိုဘဲ အာရုံစိုက်မိနေ၍ သူမရဲ့အနေအထားကို လုံးဝမေ့သွားခဲ့သည်။

အတိအကျပြောရလျှင် သူမနှင့် ယဲ့ဖန်တို့က သာမန်သူငယ်ချင်းတွေသာဖြစ်သည်။

ယဲ့ဖန်က အပြင်မှာ ပွေရှုပ်နေလျှင်တောင်မှ သူမက သူ့ကို ဘာအကြောင်းပြချက်နဲ့ အပြစ်တင်ခွင့်ရှိမှာလဲ။

အရေးအကြီးဆုံးကတော့ ဒါတွေအားလုံးက သူမ၏အတွေးအမြင်သာဖြစ်သည်။

ဒါပေမဲ့ စိတ်ထဲက ဒေါသကို ဘာလို့ထိန်းချုပ်လို့မရဖြစ်နေတာလဲ။

အစ်မဝမ်က အမြန်ပြောလိုက်သည်။

" မြန်မြန် ယဲ့လူကြီးမင်းကို ဖုန်းဆက်ပြီး တောင်းပန်လိုက်လေ "

ရှချူးက ခေါင်းကို တစ်ဖက်လှည့်လိုက်သည်။

" မဆက်ချင်ပါဘူး "

အစ်မဝမ်က ချက်ချင်းပျာယာခတ်သွားသည်။

" မမလေး၊ အခုက အိုက်တင်ခံရမယ့်အချိန်မဟုတ်ဘူးနော် "

" မြန်မြန်မတောင်းပန်ရင် အခြားတစ်ယောက်က လုသွားလိမ့်မယ်။ အဲ့ကျမှ ငိုစရာနေရာမရှိဖြစ်နေမယ် "

" အလုခံရရင်လည်း လိုချင်တဲ့သူ လုသွားကြတော့။ ဘယ်သူက သူ့ကို လိုချင်နေလို့လဲ။ မုန်း ....... မုန်းတယ် သူ့ကို "

ရှချူးက ပြောရင်း မျက်ရည်တွေကျလာကာ ထပြီး အပြင်ကို ပြေးထွက်သွားသည်။

အစ်မဝမ်က သူမ နောက်ကျောကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။

ဒီကောင်မလေးကတော့ ဘာလို့ အပင်ပန်းခံနေတာလဲ။

သူ့ကို ကြိုက်ရင်လည်း ကိုယ့်ဘက်က အစချီလေ။

အလျင်မလိုဘဲနေနေရင်တော့ နောက်ကျလွန်ပြီး နောင်တရနေတော့မယ်။

..…………………

ယဲ့ဖန်သည် ရှချူး၏ရုတ်တရက်အပြုအမူကြောင့် စိတ်ညစ်သွားသည်။

ထိုအချိန်တွင် ဖုန်းက ထပ်မြည်လာသည်။

ယဲ့ဖန်သည် ရှချူးထပ်ဆက်တယ်ထင်ပြီး ဖုန်းကို ချက်ချင်းကောက်ကိုင်လိုက်သည်။

" ကိုယ်ပြောပြီးပြီလေ။ ကိုယ် အဲ့ဒီကောင်မလေးနှစ်ယောက်နဲ့ ကင်းတယ်လို့ ရှင်းပြပြီးပြီးကို ဘာလို့ မယုံတာလဲ "

ယဲ့ဖန်ရဲ့ စက်သေနတ်လို စကားလုံးတွေပြီးတဲ့နောက် တစ်ဖက်မှာကတော့ တိတ်ဆိတ်နေသည်။

အတော်ကြာတဲ့နောက်မှ ဖုန်းတစ်ဖက်ကနေ ချန်းချုံရှန်း၏အသံထွက်လယသည်။

" ဘာလို့လဲ၊ ယဲ့ညီလေး။ ကောင်မလေးနဲ့ရန်ဖြစ်နေတာလား "

ထိုအခါမှ ဖုန်းခေါ်သူက ချန်းချုံရှန်းဖြစ်နေကြောင်း ယဲ့ဖန်သိသွားကာ အနည်းငယ်ရှက်သွားသည်။

" အစ်ကိုချန်း၊ ကျွန်တော်ထင်တာ ...... ဟား ....... ထားပါတော့ဗျား၊ စိတ်ရှုပ်လိုက်တာ "

ချန်းချုံရှန်းက စိတ်လိုလက်ရရယ်မောလိုက်သည်။

" သူမကလည်း မိန်းကလေးဘဲဆိုတော့ ချော့မော့ပြောလိုက်တာနဲ့ အဆင်ပြေသွားမှာပါ။ LV က မဖြေရှင်းနိုင်တာ ဘာမှမရှိဘူး။ အဲ့တာမှ မရသေးရင် Chanel လေးပါ ထပ်ထည့်ပေးလိုက်။ အဲ့တာဆို သူမက လိမ္မာနာခံသွားလိမ့်မယ် "

ယဲ့ဖန်က ချက်ချင်းစနောက်လိုက်သည်။

" အစ်ကိုချန်းက ဒီအပိုင်းမှာ တကယ်အတွေ့အကြုံရှိတာဘဲ။ မရီးစိတ်ဆိုးရင် အဲ့လိုဘဲ ချော့နေကြလား "

ချန်းချုံရှန်းက ချောင်းဟန့်လိုက်သည်။

" မင်း မရီးက ကျိုးကြောင်းသင့်ပြီးနားလည်ပေးတတ်တဲ့အပြင် ကြင်နာတတ်သေးတယ်လေ။ ဘယ်လိုလုပ်ပြီး အဲ့လို မဆင်မခြင်လုပ်မှာလဲ "

ထိုအချိန်တွင် မိန်းမတစ်ယောက်အသံထွက်လာငည်။

" အဲ့လိုမှပေါ့၊ ရှင်က ပါးနပ်တာဘဲ "

ယဲ့ဖန် ခေါင်းခါလျက် ပြုံးလိုက်သည်။

" ကျွန်တော် မနောက်တော့ပါဘူး။ အစ်ကိုချန်း ဘာကိစ္စများလဲ "

ချန်းချုံရှန်းက ထိုအခါတွင် အလေးအနက်ပြောလာသည်။

" ငါ မင်းကို အရင်တစ်ခေါက်တုန်းကပြောခဲ့တဲ့ လေလံပွဲက မနက်ဖြန်ညမှာကျင်းပမှာ။ အဲ့တာကြောင့် လှမ်းပြီးအသိပေးတာ "

ထိုအခါမှ ယဲ့ဖန် သတိရသွားသည်။

" ကောင်းပြီ၊ ကျွန်တော် မနက်ဖြန် သေချာပေါက် အချိန်မီလာတက်ပါ့မယ် "

ချန်းချုံရှန်းနဲ့သူ အတော်ကြာထပ်စကားပြောပြီးတဲ့နောက် ဖုန်းချလိုက်သည်။

ယဲ့ဖန် ဖုန်းကိုဘေးချပြီး ရှေးဟောင်းမြို့တော်မှရလာခဲ့သော ရှန်းဘုရင်၏ရတနာမြေပုံကို ထုတ်လိုက်သည်။

အဲ့တာကို အတော်ကြာ သေချာဂရုတစိုက်ကြည့်နေပေမဲ့ ဘာသဲလွန်စမှ ရှာမတွေ့ပေ။

ထို့ကြောင့် ယဲ့ဖန် မနက်ဖြန်သွားရမည့် လေလံပွဲအတွက် စိတ်လှုပ်ရှားနေမိသည်။

မနက်ဖြန်တွင် ရတနာမြေပုံကို လေလံအောင်နိုင်ဖို့အတွက် ယဲ့ဖန်မျှော်လင့်နေသည်။

ရတနာမြေပုံအားလုံးကို စုဆောင်းမိဖို့အခွင့်အရေးက နည်းပါးသော်လည်း ကြိုးစားကြည့်ချင်သေးသည်။

ယဲ့ဖန် ဒီအိပ်မက်ကို ဆက်မက်ချင်သည်။

အကယ်၍ အမှန်တကယ်များဖြစ်လာရင် ဘယ်လိုလုပ်မလဲ။

အပိုင်း (၁၂၇)

ကံကြမ္မာစီစဉ်မှု။

Sotheby ကုမ္ပဏီ၏ လေလံတင်ပွဲနေ့တွင် ပွဲအချိန်က ည ၈နာရီမှ စတင်မှာဖြစ်သော်လည်း ယဲ့ဖန်က ၂နာရီစောပြီးထွက်လာခဲ့သည်။

နောက်ထပ်ရတနာမြေပုံအပိုင်းအစကို သူ့လက်ထဲရောက်ဖို့ ထပ်မစောင့်နိုင်တော့ပေ။

ရှန်းဘုရင်၏ဒဏ္ဍာရီလာလျှို့ဝှက်ရတနာမြေပုံထဲတွင် ဘာတွေရှိလဲဆိုတာကို သိချင်တာကြောင့်ဖြစ်သည်။

Ferrari Enzo ကားကို Sotheby ကုမ္ပဏီရှိရာသို့မောင်းလာရင်း စနစ်အကြောင်းကြားစာက နားထဲရောက်လာပြန်းသည်။

[ ကံကြမ္မာအခွင့်အရေးကို ရှာဖွေတွေ့ရှိထားပါသည်။ ရှုကျင်းရှင်းကို အန္တရာယ်မှကယ်တင်ပါ။ ]

[ စနစ်ညွှန်ကြားရေး စတင်ပါပြီ။ လက်ရှိလမ်းကြောင်းမှ မီတာ ၂၀၀ မောင်းပြီး ညာဘက်ကိုကွေ့ပါ။ ........ ]

ယဲ့ဖန် အံ့ဩသွားသညါ။ ရှုကျင်းရှင်းက အန္တရာယ်ကိရောက်နေတာလား။

တုန့်ဆိုင်းခြင်းမရှိဘဲ ချက်ချင်းအရှိန်တင်လိုက်သည်။

စနစ်၏ညွှန်ကြားချက်နောက်ကိုလိုက်ရင်း ရှုကျင်းရှင်းသည် ယဲ့ဖန်၏မျက်နှာချင်းဆိုင် အဝေးတစ်နေရာမှ လမ်းလျှောက်လာတာကိုတွေ့လိုက်သည်။

သူမက ဒီနေ့တွင် ပေါ့ပေါ့ပါးပါးဝတ်စုံလေးကို ဝတ်ထားသည်။

သူမလက်ထဲတွင် အိတ်များစွာကို သယ်ထားတာကြောင့် ဈေးဝယ်ထွက်ပြီးပြန်လာတာဖြစ်နိုင်သည်။

ခပ်ကုတ်ကုတ်နဲ့ယောက်ျားတစ်ယောက်က သူမ အနောက်နေ ဆယ်မီတာအဝေးလောက်မှ လိုက်လာနေသည်။

ထိုလူ၏ချောင်းမြောင်းလိုက်နေတဲ့အရည်အချင်းအရ သူသည် သေချာပေါက် ဒီလိုကိစ္စမျိုးကို ခဏခဏလုပ်ဖူးပုံရသည်။

ယဲ့ဖန် ချက်ချင်းကားကိုအရှိန်တင်ပြီး ထိုလူရှိရာသို့မောင်းကာ သူ့လမ်းကိုပိတ်လိုက်သည်။

ထိုလူက မထင်မှတ်ထားမှုကြောင့် လန့်သွားချိန်မှာဘဲ ယဲ့ဖန် ကားတံခါးဖွင့်ပြီး ကားထဲကထွက်လာခဲ့သည်။

ထို့နောက် အမြန်ပြေးကာ နှစ်မီတာလောက်အကွာမှ ခပ်ပြင်းပြင်းခုန်ကန်လိုက်သည်။

ထိုလူက အတော်လေးလျင်ပြီး ဘေးကို အမြန်ရှောင်လိုက်သည်။

သို့ပေမဲ့ ပုခုံးကိုတော့ ကန်မိသွားသည်။

ဖောင်း

ယဲ့ဖန်၏ခန္ဓာကိုယ်သည် စနစ်၏အဆင့်မြင့်ပြီးတဲ့နောက် ခန္ဓာကိုယ်အားက သာမန်ထက်သာလွန်ထူးကဲလာခဲ့သည်။

ထိုလူ၏ပုခုံးက ခွက်ခနဲအသံထွက်လာပြီး ပုခုံးအဆစ်လွဲသွားတော့သည်။

နာကျင်မှုကြောင့် မျက်နှာက ရှုံ့မဲ့နေပြီး ချွေးပေါက်ကြီးတွေက နဖူးကနေ စီးကျလာသည်။

ယဲ့ဖန်က ရပ်မသွားဘဲ ခေါင်းကို ထပ်ကန်သည်။

ထိုလူကြီးက ဒါမျိုးမကောင်းတဲ့အလုပ်ကို ကျင်လည်နေသူဖြစ်ပုံရသည်။

အစောပိုင်းကန်ချက်က သူ သတိလွတ်နေတဲ့အချိန်ဖြစ်သည့်အပြင် ယဲ့ဖန်ကလည်း တိကျတာကြောင့် ရှောင်လိုက်တာတောင် ထိသွားတာဖြစ်သည်။

အခုတော့ သတိကပ်နေပြီဖြစ်တဲ့အတွက် ကန်ချက်ကို ချက်ချင်းရှောင်လိုက်နိုင်သည်။

သို့ပေမဲ့ လက်မောင်းတစ်ဖက်က အဆစ်လွဲသွားတာဖြစ်တဲ့အတွက် ခုခံနိုင်စွမ်းက အတော်လေး လျော့ကျသွားသည်။

ယဲ့ဖန် ကန်ခံလိုက်တာက သူ့အတွက် ပြန်ပြီး မတိုက်ခိုက်နိုင်လောက်အောင်ထိ ဖြစ်သွားစေသည်။

ထို့ကြောင့် ခုခံကာ နောက်ဆုတ်နေရသည်။

ဒီအတိုင်းသာဆက်သွားပါက သိပ်မကြာခင်မှာဘဲ အရှင်ဖမ်းမိသွားတော့မှာဖြစ်သည်။

ထိုအချိန်တွင် ရှုကျင်းရှင်းက ယဲ့ဖန်ကို တွေ့သွားပြီဖြစ်၍ လှမ်းပြောလိုက်သည်။

" ယဲ့ဖန်လား။ ရှင်ဖယ်လေ၊ ရှင် သူနဲ့ ယှဉ်နိုင်မှာမဟုတ်ဘူး "

ထိုသို့ပြောပြီး ယဲ့ဖန်နားကိုလျှောက်လာသည်။

ထိုမြင်ကွင်းကြောင့် ယဲ့ဖန်က အမြန်လှမ်းအော်သည်။

" အနားကပ်မလာနဲ့ "

ယဲ့ဖန်၏အာရုံပျံ့လွင့်မှုက တစ်ဖက်လူကို အခွင့်အရေးရစေသည်။

ထိုယုတ်မာတဲ့လူကြီးက ယဲ့ဖန်ကို ချက်ချင်း လှမ်းကန်ပြီး အဝေးကို တွန်းပို့သည်။

ထို့နောက် ယဲ့ဖန်ကို မျက်ထောင့်နီနဲ့ကြည့်ပြီး အဝေးကို ထွက်ပြေးသည်။

ယဲ့ဖန် သူ့ကို ဘာကြောင့် အဲ့လောက်လွယ်လွယ်နဲ့ အလွှတ်ပေးရမှာလဲ။ ထို့ကြောင့် ထိုလူအနောက်ကို ချက်ချင်းလိုက်ဖမ်းသည်။

ထိုလူကို မိခါနီးလေးမှာဘဲ အဲ့ဒီလူရဲ့လက်ထဲက ဓားမြှောင်တစ်ချောင်းပေါ်လာသည်။ ထို့နောက် နောက်ပြန် လှမ်းထိုးသည်။

" ယဲ့ဖန်၊ သတိထား "

ရှုကျင်းရှင်း ကြောက်လွန်းလို့ ရုတ်တရက်လှမ်းအော်လိုက်သည်။

တကယ်တော့ သူမကတောင် သတိပေးစရာမလိုဘဲ ယဲ့ဖန်က တုန့်ပြန်ပြီးသားဖြစ်နေသည်။

ယဲ့ဖန်က ရှေ့တိုးမယ့်အရှိန်ကို မြန်မြန်ထိန်းလိုက်ပြီး ချက်ချင်းနောက်ဆုတ်လိုက်သည်။

ရွှက်

ယဲ့ဖန် အချိန်မီရှောင်လိုက်နိုင်ပေမဲ့ ရင်ဘတ်နားက အင်္ကျီစကိုတော့ ခုတ်မိသွားသည်။

တစ်စက္ကန့်လောက်သာနောက်ကျသွားပါက သူ့အူတွေထွက်ကျလာပေလိမ့်မည်။

" ဒီမှာကလေး၊ မင်းလို သူများကိစ္စဝင်ရှုပ်တတ်တဲ့သူတွေရဲ့ အကျိုးရလဒ်ကို သိအောင်ပြပေးမယ် "

ထိုလူက အဲ့ဒီစကားပြောပြီးနောက် လှည့်ကာ ထွက်ပြေးသွားခဲ့သည်။

ယဲ့ဖန်က ဆက်ပြီးအနောက်ကလိုက်ချင်ပေမဲ့ ရှုကျင်းရှင်းက သူ့ကို မြန်မြန်လှမ်းဆွဲလိုက်သည်။

" သူ့လက်ထဲမှာ လက်နက်ပါတယ်။ သူ့နောက် မလိုက်နဲ့တော့ "

ထိုသို့ပြောပြီး အဝေးတစ်နေရာကို လှမ်းကြည့်လိုက်သည်။

အရိပ်ထဲကနေ သူမကို ကာကွယ်ပေးနေတဲ့ ဦးလေးလျုံက ချက်ချင်းခေါင်းငြိမ့်ပြပြီး ထွက်ပြေးသွားတဲ့လူသွားရာလမ်းနောက်ကို လိုက်သွားတော့သည်။

တကယ်တော့ သူမအနောက်ကို လူလိုက်လာမှန်း သတိထားမိပြီးသားဖြစ်သည်။

သို့ပေမဲ့ မသိချင်ယောင်ဆောင်ပြီး ထိုလူကို လူနည်းတဲ့နေရာသို့ တမင်ခေါ်သွားကာ သူမကို တိတ်တဆိတ် ကာကွယ်ပေးနေတဲ့ ဦးလေးလျုံကို ဖြေရှင်းခိုင်းမလို့ဖြစ်သည်။

ယဲ့ဖန်က ရုတ်တရက်ပေါ်လာပြီး သူမအစီအစဉ်ကို ဝင်ရှုပ်လိမ့်မည်ဟုထင်မထားပေ။

အဲ့လိုဆိုပေမဲ့ သူ့ကို အပြစ်တင်တာမဟုတ်ပေ။ တကယ်တော့ သူမ ရင်တောင်ခုန်သွားရသည်။

ယဲ့ဖန်က ကိုယ်ခံပညာမတတ်မှန်း သူမ ပြောနိုင်သည်။ အဲ့တာတောင်မှ သူက သူမကို ကာကွယ်ပေးသေးသည်။

ဒီလိုမြင်ကွင်းကြောင့် ဘယ်သူကများ ရင်ထဲမထိဘဲနေနိုင်မှာလဲ။

" အဆင်ပြေရဲ့လား။ ဘယ်နားထိသွားသေးလဲ "

ယဲ့ဖန်၏ရင်ဘတ်က အဖြဲခံလိုက်ရတာကိုတွေ့ပြီး ရှုကျင်းရှင်း စိတ်ပူသွားသည်။

ယဲ့ဖန်က ချက်ချင်း ခေါင်းကိုခါပြသည်။

" အဆင်ပြေပါတယ်။ ကံကောင်းလို့ အချိန်မီရှောင်လိုက်နိုင်တာ။ မဟုတ်ရင် ဒီနေ့ ငယ်ငယ်လေးနဲ့သေတော့မလို့ "

ရှုကျင်းရှင်းက ပါးစပ်ကိုအုပ်ပြီး ရယ်လိုက်သည်။

" ဒီလိုအချိန်မှာတောင် နောက်ပြောင်နိုင်သေးမှတော့ တကယ်အဆင်ပြေတယ်နဲ့တူပါတယ်။ ဒါနဲ့ ရှင် ဘာလို့ ဒီကိုရောက်နေတာလဲ "

ယဲ့ဖန်က ထိုလူကြီးထွက်ပြေးသွားတဲ့လမ်းကြောင်းကို လှမ်းကြည့်လိုက်သည်။

" Sotheby လေလံကုမ္ပဏီကိုသွားရင်း မင်းကို အဲ့ဒီလူက ခိုးကြောင်ခိုးဝှက်လိုက်နေတာ တွေ့လိုက်လို့ "

" အဲ့ဒီနောက်တော့ ဘာဆက်ဖြစ်လဲ ပြောစရာမလိုတော့ဘူးမလား။ မင်း မြင်တာဘဲ "

ရှုကျင်းရှင်းက အနည်းငယ်အံ့ဩသွားသည်။

" အဲ့လိုဆို ကျွန်မတို့က အတော်လေးကံစပ်တာဘဲ။ ရှင်က ဒီနေရာစ၊ ဒီအချိန်မှာပေါ်လာပြီး ကျွန်မကို ကယ်ပေးနိုင်တာဆိုတော့ ဒါက ကံကြမ္မာဘဲမဟုတ်လား "

ယဲ့ဖန်က ချောင်းနှစ်ချက်လောက် ဟန့်လိုက်သည်။

ဘယ်ကနေ ကံစပ်ရမှာလဲ။

ဒါက စနစ်က စီစဉ်ထားတာ မဟုတ်လား။

ထိုအချိန်တွင် စနစ်အကြောင်းကြားစာက ထပ်မြည်လာသည်။

[ ဂုဏ်ယူပါတယ်၊ လက်ခံသူမှ ကံကြမ္မာစနစ်ပြီးမြောက်သွားပါတယ်။ စနစ်၏ ဆုကြေးကတော့ ယွမ် ၁.၅ ဘီလီယံတန်ဖိုးရှိ ထန်းဂူဈေးဝယ်စင်တာဖြစ်ပါသည်။ ]

စနစ်၏ဆုကြေညာသံကြားမှသာ စိတ်ကျေနပ်သွားတော့သည်။

သွေးကြောဖြတ်ထွက်ခံရမတတ် အသက်စွန့်ခဲ့တာ အလကားမှ မဟုတ်ဘဲ။

ရှုကျင်းရှင်းသည် ယဲ့ဖန်ပြောသောစကားကိုတွေးပြီး ရုတ်တရက်မေးလိုက်သည်။

" ဒါနဲ့ ရှင်က Sotheby လေလံကုမ္ပဏီကိုသွားမှာဆိုတော့ ဘာသွားလုပ်မှာလဲ "

" Sotheby မှာ ဒီနေ့ လေလံပွဲရှိတယ်။ သွားကြည့်မလို့ "

ယဲ့ဖန်က အမှန်တိုင်းဖြေလိုက်သည်။

" အို၊ တကယ်လား။ ကျွန်မ လေလံပွဲတွေမရောက်ဖူးဘူး။ ကျွန်မ ရှင်နဲ့လိုက်ပြီး အတွေ့အကြုံယူမယ်ဆို အဆင်ပြေမလား "

ရှုကျင်းရှင်း၏စိတ်ဝင်စားမှုက ချက်ချင်းထိုးတက်သွားသည်။

ယဲ့ဖန်က ခဏ တွန့်ဆုတ်နေပြီးတဲ့နောက် သဘောတူ ခေါင်းငြိမ့်လိုက်သည်။

" ရတယ် "

" အဲ့တာဆို ......... ရှင် အင်္ကျီအရင်လဲဦးမှယလား "

ရှုကျင်းရှင်းက ယဲ့ဖန်၏ပြဲနေတဲ့အင်္ကျီကို ညွှန်ပြလိုက်သည်။

အစက ဝတ်စုံအကောင်းက အခုတော့ အပေါက်ကြီးရှိရုံမကဘဲ ရွံဗွက်တွေပါ အများကြီးပေနေသည်။ သူ့ပုံစံက အနည်းငယ်ညစ်ပတ်နေသည်။

ယဲ့ဖန် အချိန်ကိုကြည့်လိုက်သည်။

နောက်ကျနေတဲ့အပြင် သွားရမည့်အချိန်ကြာမြင့်မှုကြောင့် သူ ဝတ်စုံလဲဖို့ အချိန်မရှိလောက်တော့ပေ။

" မလိုဘူး၊ သွားကြစို့ "

ထို့နောက် ရှုကျင်းရှင်းကို ကားပေါ်တင်ခေါ်လာခဲ့သည်။

လီဗာကို နင်းပြီး မောင်းထွက်သွားခဲ့တော့သည်။

အပိုင်း (၁၂၈)

လှတာ ကျွန်မအပြစ်မှ မဟုတ်တာ။

ယဲ့ဖန်နှင့် ရှုကျင်းရှင်းတို့ Sotheby လေလံအိမ်သို့ရောက်သည့်အခါတွင် လူအတော်ရှုပ်နေပြီဖြစ်သည်။

ချန်းချုံရှန်းကပေးထားသော ဝင်ခွင့်ဖိတ်စာကို ပြပြီးတဲ့အခါ ယဲ့ဖန်ပုံစံက စုတ်တီးစုတ်ပြတ်ပုံပေါက်နေတာတောင်မှ လုံခြုံရေးက ချက်ချင်း ဝင်ခွင့်ပေးလိုက်သည်။

ဘယ်လိုဘဲဖြစ်ဖြစ် ချန်းချုံရှန်းက သူ့ကို VIP စိန်ဖိတ်စာကတ်ပေးထားတာဖြစ်သည်။

ဒီဝင်ခွင့်ကတ်နဲ့သာဆို ယဲ့ဖန်သည် လေလံကုမ္ပဏီကို ထိပ်တန်းသီးသန့်အခန်းကိုပင်စီစဉ်ခိုင်းလို့ရသည်။

သို့ပေမဲ့ ထိပ်တန်းအဆင့်သီးသန့်အခန်းကို ဝင်မည်ဆိုပါက ဟိတ်ဟန်ကြီးလွန်းရာရောက်ပေလိမ့်မည်။

ယဲ့ဖန် ဒီနေ့ရောက်လာတာက ရတနာမြေပုံအပိုင်းအစ လေလံဆွဲချင်တာကြောင့်ဖြစ်သည်။ ဘာပြဿနာမှထပ်မဖြစ်ချင်ပေ။

ထို့ကြောင့် ရှုကျင်းရှင်းကိုခေါ်ပြီး ထောင့်နားမှာထိုင်နေသည်။

သို့ပေမဲ့ ရှုကျင်းရှင်း၏ဆွဲဆောင်မှုအားကပြင်းတာကြောင့် ထောင့်နားမှာတင်ထိုင်နေတာတောင် လူတွေအများကြီးကို လှည့်ကြည့်မိအောင် ဆွဲဆောင်နိုင်သည်။

" ဟူး၊ မင်းကို ဒီခေါ်မလာခဲ့သင့်ဘူး "

ယဲ့ဖန်က အတွန့်တက်ပြောလိုက်သည်။

" ကျွန်မကို အပြစ်တင်နေတာလား။ ကျွန်မလှနေတာက ကျွန်မ အပြစ်မဟုတ်ဘူးလေ "

မတရားဘူးလို့ ရှူကျင်းရှင်းခံစားလိုက်ရသည်။

" အဲ့တာဆို ကျွန်တော့်အမှားလား။ ကျွန်တော်က မင်းအဖေမဟုတ်ဘူးလေ "

ယဲ့ဖန်က ဖြေလိုက်သည်။

" အဲ့လို ကိုယ်ကျိုးယူပြီးပြောရဲတယ်ပေါ့ဟုတ်လား။ အရိုက်ခံချင်နေတာလား "

ရှုကျင်းရှင်းက လက်ကိုမြှောက်ပြီး ယဲ့ဖန်ကို ရိုက်ဖို့ပြင်လိုက်သည်။

" တောင်းပန်ပါတယ်၊ မှားသွားပါတယ်။ ဟားဟားဟား ........ "

ယဲ့ဖန်က အလျင်အမြန်ရှောင်လိုက်သည်။

သူတို့နှစ်ယောက်သား စနောက်နေချိန်မှာ ရုပ်ရည်ချောမောသည့် ယောက်ျားတစ်ယောက်က သူတို့နားသို့ ရုတ်တရက်လျှောက်လာသည်။

" မိန်းကလေး၊ ကိုယ်တို့ အရင်ကတွေ့ဖူးလား "

ထိုလူက အနားရောက်လာတဲ့အခါ ရှုကျင်းရှင်းကို ရွှတ်နောက်နောက်ပုံစံဖြင့်ကြည့်နေသည်။

ရှုကျင်းရှင်းကို ယဲ့ဖန်နှင့် စနောက်နေရာမှ ကိုယ်ဟန်ထိန်းလိုက်သည်။

" ရှင့်ရဲ့ လာကြောင်တဲ့နည်းက နှစ်၈၀၀လောက်အိုနေပြီလို့ မထင်ဘူးလား "

ထိုလူက သူ့ကိုယ်သူဆွဲဆောင်မှုရှိတယ်ထင်တဲ့အပြုံးမျိုးပြုံးလိုက်သည်။

" အဲ့တာဆို ကိုယ်က မင်းကို လွန်ခဲ့တဲ့နှစ်၈၀၀လောက်က လာကြောင်ဖူးတယ်ပေါ့။ ကိုယ်မင်းကိုရင်းနှီးတယ်လို့ထင်မိတာ မထူးဆန်းတော့ပါဘူး "

" မင်္ဂလာပါ၊ ကိုယ်က လီဟုန်းရိပါ။ မင်းနဲ့ထပ်တွေ့ရလို့ ဝမ်းသာပါတယ် "

ထိုသို့ပြောပြီး လက်ဆွဲနှုတ်ဆက်ဖို့ သူ့ဘက်က အရင်လက်လှမ်းလိုက်သည်။

ရှုကျင်းရှင်းက သူနဲ့လက်ဆွဲမနှုတ်ဆက်ဘဲ သူ့ကို အေးစက်စက်ကြည့်လိုက်သည်။

" ဘာကိစ္စလဲ။ ဘာမှမရှိရင် ထွက်သွားပေးပါ။ ကျေးဇူးတင်ပါတယ် "

လီဟုန်းရိ၏အပြုံးက မှေးမှိန်မသွားပေ။

" မင်းလို အလှလေးတစ်ယောက်က ဒီလိုနေရာမှာထိုင်နေတာကို ကိုယ်က လက်မခံနိုင်လို့ပါ "

" ဒုတိယအထပ်မှာ VIP အခန်းရှိတယ်။ ကိုယ်တို့ ဝိုင်သောက်ရင်း လေလံပွဲကိုကြည့်ကြတာပေါ့။ ဘယ်လိုလဲ "

ရှုကျင်းရှင်းက ယဲ့ဖန်လက်မောင်းကို တမင်တကာချိတ်ပြလိုက်သည်။

" ကျွန်မအထင် ကျွန်မက နေရာကောင်းမှာရှိနေပါတယ် "

လီဟုန်းရိက ယဲ့ဖန်ကို အထင်သေးသည့်အကြည့်ဖြင့်ကြည့်လိုက်သည်။

" မင်းလိုလှပတဲ့မိန်းကလေးက မင်းနဲ့တန်တဲ့ယောက်ျားတစ်ယောက်ကို ရှာသင့်တယ်။ အမှိုက်လိုကောင်တစ်ယောက်ကို တွေ့ကရာရှာပြီး ချစ်သူအဖြစ်မထားသင့်ဘူး။ သူက မင်းနဲ့မတန်ဘူး "

ရှုကျင်းရှင်း၏မျက်နှာလှလှလေးက သုန်မှုန်သွားသည်။

" ရှင်က ဘယ်သူ့ကို အမှိုက်လို့ခေါ်နေတာလဲ "

လီဟုန်းရိက ယဲ့ဖန်ကို ကြည့်ပြီး နှာခေါင်းမှလေမှုတ်ထုတ်လိုက်သည်။

" မင်းကောင်မလေးကို ဒီမှာထိုင်ခိုင်းမှတော့ အမှိုက်မဟုတ်ရင် ဘာလဲ။ သူက ဒီနေ့ည ဒီမှာ ဘာပစ္စည်းတစ်ခုမှ လေလံဆွဲနိုင်မှာမဟုတ်ဘူးဆိုတာကို လောင်းရဲတယ် "

ယဲ့ဖန်ဝတ်စုံက စုတ်ပြဲနေပြီး သူ့ပုံစံက အနည်းငယ်ရှက်စရာကောင်းနေသည်။

ရှုကျင်းရှင်းက အေးစက်စွာ ဟွန်းခနဲအသံပြုလိုက်သည်။

" ရှင်က ကျွန်မတို့ကို အထင်သေးနေတာလား "

လီဟုန်းရိက ဒေါသထွက်မလာပေ။ အဲ့ဒီအစား သူမကို ခပ်ညှို့ညှို့ကြည့်သည်။

" အဲ့တာဆို ကိုယ်နဲ့လောင်းမလား "

ရှုကျင်းရှင်းကလည်း နောက်မဆုတ်ပေ။

" ဘာကို လောင်းမှာလဲ "

လီဟုန်းရိ၏မျက်နှာတွင် ခပ်ရိရိအပြုံးတစ်ခုပေါ်လာသည်။

" သူ ဒီည ပစ္စည်းတစ်ခုခုကို အောင်အောင်မြင်မြင်လေလံဆွဲနိုင်မလားဆိုတာကို လောင်းမယ်။ တစ်ခါလေးတောင်မှ လေလံမအောင်ရင် မင်း ကိုယ့်ကို ဒီညအဖော်ပြုပေးရမယ် "

ရှုကျင်းရှင်းနှုတ်ခမ်းက အပြုံးအဖြစ်သို့ ကွေးတက်သွားကာ လီဟုန်းရိကို စိုက်ကြည့်လိုက်သည်။

" တကယ်လို့ သူ ပစ္စည်းတစ်ခုခုကို လေလံဆွဲနိုင်ခဲ့မယ်ဆိုရင်ရော "

လီဟုန်းရိက ယဲ့ဖန်ကို အရှုံးမပေးသည့်အကြည့်ဖြင့်ကြည့်သည်။

" သူသာ ပစ္စည်းတစ်ခုရမယ်ဆိုရင် ကိုယ် သူ့ကို လူတိုင်းအရှေ့မှာ ဒူးထောက်တောင်းပန်ပြီး အမှားဝန်ခံမယ်။ ပြီးတော့ အပြင်ကို ကိုယ်တုံးလုံးပြေးထွက်ပြမယ် "

ထို့နောက် လီဟုန်းရိက ထပ်ပေါင်းပြောလိုက်သေးသည်။

" ဒါပေမဲ့ ကန့်သတ်ချက်ကတော့ သူ့ပိုက်ဆံနဲ့သူဝယ်ရမယ်။ သူ့အစား မင်းကပေးရင် မင်းတို့အရှုံးဘဲ "

" ဘယ်လိုလဲ။ လောင်းရဲလား "

ရှုကျင်းရှင်းမျက်နှာမှ အပြုံးက တဖြည်းဖြည်းပေါ်လာသည်။

" ကောင်းပြီ၊ ကျွန်မက သူ့အစား သဘောတူပေးလိုက်မယ် "

ရှုကျင်းရှင်း၏အပြုံးက လှလွန်း၍ လီဟုန်းရိ ရုတ်တရက် အလှမှာမြောသွားသည်။

ထို့ကြောင့် ရှုကျင်းရှင်းကို မရရအောင်လိုက်မည့် ယုံကြည်ချက်ကလည်း ပိုပြင်းထန်သွားသည်။

" အဲ့လိုဆိုရင် Sotheby လေလံကုမ္ပဏီရဲ့ ဥက္ကဌချန်း၊ ချန်းချုံရှန်းကို သက်သေအဖြစ်ထားကြတာပေါ့ "

ရှုကျင်းရှင်းက ပြောပြီးသားစကားကို မတည်မှာစိုးပြီး လီဟုန်းရိက စင်အနောက်မှ ချန်းချုံရှန်းကို သူ့လူတွေကနေတစ်ဆင့်အမြန်သွားခေါ်ခိုင်းလိုက်သည်။

ချန်းချုံရှန်းက ယဲ့ဖန်ကိုတွေ့တဲ့အခါ မျက်နှာတွင်ပျော်ရွှင်မှုတို့ပြည့်နှက်သွားပြီး ယဲ့ဖန်ကို ကြိုဆိုဖို့ပြင်လိုက်ပေမဲ့ ယဲ့ဖန်က သူ့ကို အသာအယာခေါင်းခါပြသည်။ ယဲ့ဖန်သည် လီဟုန်းရိ၏အကြံကိုသိသည်။

ချန်းချုံရှန်းကလည်း ချက်ချင်းသဘောပေါက်သွားကာ လီဟုန်းရိဘက်ကိုလှည့်လိုက်သည်။

" ဒီအလောင်းအစားကို လုပ်ချင်တာသေချာရဲ့လား "

လီဟုန်းရိက အခိုင်အမာခေါင်းငြိမ့်ပြသည်။

" ဒီအရေးကိစ္စက ကျွန်တော့်ရဲ့နာမည်ပုံရိပ်နဲ့လည်း သက်ဆိုင်ပါတယ်။ အဲ့တာကြောင့် ဥက္ကဌချန်းက ကျွန်တော်တို့ရဲ့သက်သေဖြစ်ပေးမယ်လို့ မျှော်လင့်ပါတယ် "

ချန်းချုံရှန်းက လီဟုန်းရိကို ရူးနေတဲ့လူတစ်ယောက်ကိုကြည့်နေတဲ့အတိုင်း ကြည့်လိုက်သည်။

" ကောင်းပြီ၊ အဲ့တာဆိုလည်း သက်သေလုပ်ပေးပါမယ်။ အလောင်းအစားရှုံးတာကို တာဝန်မယူဘူးဆိုရင်တော့ ငါ့အပြစ်မဆိုပါနဲ့ "

" ဒါပေါ့ "

လီဟုန်းရိက ဂုဏ်ယူစွာပြုံးပြီး ယဲ့ဖန်ဘေးတွင် ထိုင်လိုက်သည်။

ချန်းချုံရှန်းသည် ဘာမှထပ်မပြောတော့ဘဲ လှည့်ကာ စင်အနောက်ထဲသို့ပြန်ဝင်သွားသည်။

လေလံပွဲသည် ည၈နာရီအတိတွင် တရားဝင်စတင်ခဲ့သည်။

ပထမဆုံးလေလံတင်ပစ္စည်းသည် ချင်မင်းဆက်မှ ပစ္စည်းဖြစ်ပြီး ကြမ်းခင်းဈေးက ယွမ်တစ်သိန်းဖြစ်သည်။

လေလံလုပွဲက ချက်ချင်းစတင်ခဲ့တော့သည်။

အဆုံးမှာတော့ အခြားမြို့မှ ချမ်းသာသည့်စီးပွားရေးပညာရှင်တစ်ဦးက ယွမ် ၂သန်းဖြင့် လေလံအောင်သွားခဲ့သည်။

လေလံပွဲစတင်တာနဲ့ လူချမ်းသာတွေကြားမှ ပြင်းထန်တဲ့ယှဉ်ပြိုင်မှုက ရှိလာသည်။ ထိုယှဉ်ပြိုင်မှုက ပွဲခင်းထဲက လေထုကို မွန်းကြပ်စေသည်။

နောက်ထပ်ပစ္စည်းတစ်ချို့ကိုလည်း ဈေးနှုန်းမြင့်မြင့်နဲ့လေလံအောင်သွားကြသည်။

ယဲ့ဖန်ကတော့ တည်ငြိမ်နေဆဲဖြစ်ပြီး ဘာလှုပ်ရှားမှုမှ မလုပ်ချေ။

လီဟုန်းရိက သူ့ကို ကြည့်လိုက်သည်။

" ဒီမှာ ကလေး၊ ဒီလိုပစ္စည်းတွေက အနာဂတ်မှာ ပိုပိုပြီးဈေးကြီးလာတတ်တယ်။ မင်းသာ အခု မလှုပ်ရှားရငါ ဒီထက်ပိုပြီး အခွင့်အရေးရမှာမဟုတ်ဘူး "

ယဲ့ဖန်က ရယ်လိုက်ပြီး လျစ်လျူရှုလိုက်သည်။

ထိုအချိန်တွင် နောက်ထပ်ပစ္စည်းတစ်ခုကို စင်ပေါ်တင်လာသည်။

ထိုပစ္စည်းသည် ရိရှင်းဆီမှ ခရမ်းရောင်ရွံ့ရေနွေးအိုးဖြစ်သည်။

" ကြမ်းခင်းဈေးက ယွမ် ၂သိန်းပါ "

လေလံတင်သူက ဈေးစခေါ်တော့သည် .........

" ယွမ် ၂သန်း "

တစ်စုံတစ်ယောက်က အော်ကာ ဈေးပြောလ်ုကါသည်။

ဝိုး ........

ခန်းမတစ်ခုလုံးက ချက်ချင်းဆူညံသွားသည်။

ရိရှင်းရွံ့ရေနွေးကရားအိုးရဲ့ ကြမ်းခင်းလေလံဈေးက ယွမ် ၂သိန်းဖြစ်ပေမဲ့ ယွမ် ၂သန်းထိ မြင့်တက်သွားခဲ့သည်။

ဒီလောက်အလောကြီးနေတာဘယ်သူလဲ။

ဘယ်သူက လေလံကို အဲ့လိုဆွဲလို့လဲ။

လူတိုင်းက လှည့်ကြည့်ကြသည်။

ယဲ့ဖန်က လက်ကိုမြှောက်လျက်ပြုံးနေသည်။

သူ့ပုံစံက လေလံကို အောင်ဖို့ စိတ်ဆုံးဖြတ်ထားပုံရသည်။

All Chapters