← Chapters

အပိုင်း ၁၂၉-၁၃၂

Vol. 7 Ch. 129-132

အပိုင်း ၁၂၉-၁၃၂

Vol. 7 Ch. 129-132

အပိုင်း (၁၂၉)

ပုစွန်ခေါင်းနဲ့ ဝက်နှလုံး

ယဲ့ဖန်က ယွမ် ၂သန်းထိ ဈေးခေါ်လိုက်တာကို လီဟုန်းရိကြားတဲ့အခါ သူလည်း အတော်လေးထိတ်လန့်သွားသည်။

ဒီတစ်ယောက်က တကယ်ကို တမူထူးခြားတဲ့ ကိုယ်ရည်ကိုယ်သွေးရှိတာဘဲ။

သူက လေလံပွဲစကတည်းက စကားတစ်လုံးမှမပြောဘဲ အခုတော့ ကြမ်းခင်းဈေးထက် ဆယ်ဆမကမြင့်တဲ့ဈေးကို ခေါ်လိုက်သည်။

ဒါက လီဟုန်းရိထင်ထားသလိုဖြစ်မနေပေ။

သူ့ကိုမပြောနှင့် ရှုကျင်းရှင်းပင်တောင်မှ အတော်အံ့ဩနေသည်။ ထို့ကြောင့် သူမက ယဲ့ဖန်အင်္ကျီလက်ကိုဆွဲပြီးပြောလိုက်သည်။

" ရှင်ရူးနေတာလား "

Although she knew that Ye Feng was rich, she could not afford to do that.

The price had far exceeded the value of the purple clay teapot.

Ye Feng gave her a reassuring smile. “Don’t worry, I know what to do.”

For some reason, when Xu Jingxin saw his smile, she inexplicably calmed down.

At this moment, Li Hongyi suddenly said, “2.1 million.”

ယဲ့ဖန် ချမ်းသာမှန်း သူမ သိသော်လည်း အဲ့လိုလုပ်ဖို့ကိုတော့ ခွင့်မပြုနိုင်ပေ။

ခရမ်းရောင်ရေနွေးကရားအိုးရဲ့ တန်ကြေးထက် ပိုပြီး များနေပြီဖြစ်သည်။

ယဲ့ဖန်ကတော့ သူမကို စိတ်ချစေရန် ပြုံးပြလိုက်သည်။

" မပူပါနဲ့၊ ဘာလုပ်နေလဲဆိုတာ ကိုယ့်ဘာကိုယ်သိပါတယ် "

အကြောင်းပြချက်တစ်ချို့ကြောင့် ရှုကျင်းရှင်းသည် ယဲ့ဖန်ပြုံးပြတာကိုမြင်ပြီးနောက် စိတ်ငြိမ်သွားခဲ့သည်။

ထိုအချိန်တွင် လီဟုန်းရိက ရုတ်တရက်ထပြောသည်။

" ၂.၁ သန်း "

ပွဲခင်းတစ်ခုလုံးက အုံအုံကြွကြွထပ်ဖြစ်သွားသည်။

ယွမ် ၂ သန်းက အတော်များလှပြီဟု သူတို့ထင်ခဲ့ကြပေမဲ့ ဆက်ပြီး ဈေးခေါ်တဲ့သူရှိဦးမည်ဟု ထင်မထားကြပေ။

သူတို့က ရူးနေကြတာမဟုတ်ဘူးလား။

လီဟုန်းရိမှာ ရွေးချယ်စရာမရှိချေ။

ထိုရိရှင်းရွံ့မြေကရားအိုးသည် အဲ့လောက်တန်ဖိုးမရှိကြောင်း သူသိပေမဲ့ ယဲ့ဖန်နှင့် သူလောင်းကြေးထပ်ထားသေးသည်။

တစ်ဖက်သူက ပစ္စည်းတစ်ခုခုကို လေလံအောင်သွားပါက တစ်ဖက်သူရှေ့မှာ ဒူးထောက်တောင်းပန်ပြီး ကိုယ်တုံးလုံးပတ်ပြေးနေရလိမ့်မည်။

ထို့ကြောင့် ယဲ့ဖန်ကို သူတားရပေမည်။

ယွမ် ၂သန်းလောက်ဘဲမလား။

သူ့အတွက်တော့ အသေးအဖွဲလေးပင်ဖြစ်သည်။

" ယွမ် ၃သန်း "

ယဲ့ဖန်က ဆက်ပြီးဈေးမြင့်ခေါ်သည်။

" ၃.၁ သန်း "

လီဟုန်းရိက ဆက်လိုက်သည်။

" ၄ သန်း "

" ၄.၁ သန်း "

" ၅ သန်း "

" ၅.၁ သန်း "

သူတို့နှစ်ယောက်ကြားက ပြင်းထန်တဲ့လေလံဆွဲမှုကြောင့် ရှိသမျှလူတိုင်းက ထိတ်လန့်နေကြသည်။

ယွမ် ၂သိန်းလောက်သာတန်ဖိုးရှိသော ခရမ်းရောင်ရွံ့မြေရေနွေးကရားအိုးကို ယွမ် ၅သန်းအထိ ဈေးခေါ်သွားခြင်းက အတော်လေးကို ကြောက်စရာကောင်းသည့်ဈေးဖြစ်သည်။

လီဟုန်းရိ၏မျက်ထောင့်တို့က နီရဲနေပြီး ယဲ့ဖန်ကို စောင်းကြည့်ကာပြောလိုက်သည်။

" လာပါ၊ ဆက်အော်လေ။ ငါ့မှာပိုက်ဆံရှိတယ် "

သို့ပေမဲ့ ယဲ့ဖန်ကတော့ ဆက်ပြီး လေလံမဆွဲတော့ပေ။

" ခင်ဗျားက ရိရှင်းရေနွေးကရားအိုးကို အဲ့လောက်တောင်လိုချင်နေမှတော့ ကျွန်တော်က ခင်ဗျားဆီက မယူတော့ပါဘူး။ ပေးလိုက်ပါ့မယ် "

ဘေးမှာရပ်နေတဲ့ ရှုကျင်းရှင်းသည် ယဲ့ဖန်က လီဟုန်းရိကို တမင်လှည့်စားနေမှန်းသိလိုက်တာကြောင့် ကြိတ်ရယ်လိုက်သည်။

တစ်ယောက်က တော်တော်ဆိုးတာဘဲ။

လေလံကြေညာသူက တူကို သုံးကြိမ်ခေါက်လိုက်ပြီး ခရမ်းရောင်ရေနွေးကရားအိုး၏ပိုင်ရှင်ကို နောက်ဆုံးတွင် ဆုံးဖြတ်ပြီးသွားခဲ့သည်။

သခင်လေးလီက ကြမ်းခင်းဈေးထက် ၂၅ဆပိုပေးပြီး လေလံအောင်သွားခဲ့သည်။

လီဟုန်းရိသည် ဒေါသထွက်လျက်ပင် အံကိုကြိတ်လိုက်ပေမဲ့ သူ့မှာရွေးချယ်စရာမရှိပေ။

ထို့နောက် မင်မင်းဆက် အလယ်မှ စာရေးသည့်စုတ်တံကို ထပ်ပြီးလေလံတင်ကာ ထိုစုတ်တံကို ထန်းပေါဟုန်က သုံးခဲ့ဖူးသည်ဟုပြောကြသည်။

ကြမ်းခင်းဈေး ယွမ် ၃သန်းဖြစ်သည်။

ယဲ့ဖန်က ချက်ချင်း လက်ကိုမြှောက်လိုက်သည်။

" ယွမ် ၃သန်း "

" ဖူး ........ "

ပွဲထဲကလူတိုင်းက သွေးအန်ထွက်မတတ်ဖြစ်သွားကြသည်။

ထပ်ပြီးတော့လား။

ဒီတစ်ယောက် ရူးများနေတာလား။

သူက တကယ်ကြီး ဒီလိုစုတ်တံအဟောင်းကြီးကို ယွမ် ၃သန်းနဲ့ လေလံဆွဲရဲတယ်ဟုတ်လား။

ယဲ့ဖန်၏လုပ်ရပ်ကြောင့် အစက လေလံဆွဲမည့်သူတွေကပါ လက်လျှော့သွားကြတော့သည်။

ယဲ့ဖန်က လေလံဈေးခေါ်ပြီးတဲ့အခါ လီဟုန်းရိကို အေးအေးဆေးဆေး ကြည့်ပြီးပြောလိုက်သည်။

" ဆက်ပြီး ဈေးတင်ချင်သေးလား "

လီဟုန်းရိက ဟွန်းခနဲလုပ်လိုက်ပြီး ဈေးတင်လိုက်သည်။

" ၃.၁ သန်း "

" ၄ သန်း "

" ၄.၁ သန်း "

" ၅ သန်း "

" ၅.၁ သန်း "

သူတို့နှစ်ယောက်က ထိပ်တိုက်တွေ့နေကြရင်း လေလံဈေးက မြင့်သထက်မြင့်လာတော့သည်။

လူတိုင်းကလည်း ကြောင်အနေကြသည်။

မကြာခင်တွင် ယဲ့ဖန်က တည်ငြိမ်စွာဖြင့် အော်လိုက်သည်။

" ၁၀ သန်း "

ပွဲခင်းတစ်ခုလုံးက ဆူညံအုံကြွသွားတော့သည်။

ကြမ်းခင်းဈေး ယွမ် ၃သန်းတန် စာရေးစုတ်တံကို ယွမ် ၁၀သန်းထိ လေလံဈေးတင်ကြတာလား။

ဒါမျိုးကို တစ်ခါမှ မကြားဖူးပါဘူး။

လီဟုန်းရိ၏မိသားစုက မိုင်းတွင်းပိုင်ဆိုင်တာဖြစ်သော်လည်း သူ ဆက်ပြီးတောင့်မခံနိုင်တော့ပေ။

အသက်ပြင်းပြင်းရှူကာ ယဲ့ဖန်ကို မျက်ထောင့်နီဖြင့် စိုက်ကြည့်သည်။

ဒီမှာဘဲ ရပ်လိုက်ချင်ပေမဲ့ တစ်ဖက်သူကို အနိုင်ယူချင်သေးသည်။

တစ်ဖက်သူကို ဒူးထောက်တောင်းပန်ပြီး အမှားဝန်ခံရမယ့်အပြင် ကိုယ်တီးလုံးနှင့်ပြန်ရမည့်အဖြစ်ကိုတွေးမိပြီး ရပ်ရမသွား၊ ဆက်ဈေးခေါ်ရမလားဆိုကာ စိတ်နှစ်ခွဖြစ်နေသည်။

ထိုအချိန်တွင် စင်ပေါ်မှ လေလံတင်ဆက်သူက စတင်ရေတွက်တော့သည်။

" ၁၀ သန်း တစ်ကြိမ် "

" ၁၀ သန်း နှစ်ကြိမ် "

" ၁၀ သန်း သုံး ......... "

" ၁၀.၁ သန်း "

လီဟုန်းရိအော်လိုက်ပြီး ယဲ့ဖန်ကို ထပ်ကြည့်ပြန်သည်။

" လာစမ်းပါ၊ မင်းက အရမ်းမိုက်တယ်မလား။ ဆက်အော်လေ "

ယဲ့ဖန်က ပုခုံးကို တွန့်လိုက်သည်။

" ကောင်းပြီလေ၊ ခင်ဗျားနိုင်ပါတယ် "

လေလံတင်ဆက်သူ၏ တူက သုံးကြိမ်ထုလိုက်ပြီး လီဟုန်းရိက စာရေးစုတ်တံကို မိုးထိမြင့်တဲ့ဈေးဖြစ်တဲ့ ယွမ် ၁၀.၁သန်းဖြင့် ထပ်ပြီး လေလံအောင်သွားပြန်သည်။

ယဲ့ဖန်က လီဟုန်းရိကို လက်မထောင်ပြလိုက်သည်။

" လီသခင်လေးကတော့ တကယ်ကို ဉာဏ်ကြီးရှင်ဘဲ။ တစ်ခုက 'ရွှံ့' တစ်ခုက 'စုတ်တံ'၊ တကယ်ကို ပြီးပြည့်စုံတာဘဲ။ အထင်ကြီးလောက်ပါပေတယ် "

" ဖူး ....... "

ရှုကျင်းရှင်း ရယ်လိုက်တာကြောင့် သီးမတတ်ဖြစ်သွားသည်။

ဒီတစ်ယောက်က တကယ်ကို အကျင့်မကောင်းတာဘဲ။

လီဟုန်းရိကို ၁၅သန်းတောင်ကုန်အောင်လုပ်လိုက်တဲ့အပြင် တမင်တကာလှည့်ဖျားပြီး ကုန်အောင်လုပ်လိုက်တာဖြစ်နေခဲ့သည်။

လီဟုန်းရိက သွေးအန်မထွက်မချင်း လက်လျှော့မှာမဟုတ်ပေ။

သို့ပေမဲ့ ရှုကျင်းရှင်းထင်တာမှားသွားခဲ့သည်။

လီဟုန်းရိက တည်ငြိမ်သွားခဲ့သည်။

အစောက သူ ယဲ့ဖန်နှင့် ဈေးပြိုင်ခေါ်နေရင်း အချက်တစ်ခုကို ရုတ်တရက်သတိပြုမိသွားသည်။

ဒီတစ်ယောက်က ကြွားလုံးထုတ်နေတာဖြစ်နိုင်သည်။

တကယ်တော့ သူက လုံးဝမချမ်းသာလောက်ပေ။

သူ၏ခန့်မှန်းချက်အရ ယဲ့ဖန်က အလွန်ဆုံး ယွမ် တစ်သန်းနှစ်သန်းလောက်သာတတ်နိုင်လိမ့်မည်။

ထို့ကြောင့် သူက ယဲ့ဖန်နဲ့အတူ ဆက်ပြီး အပြိုင်လေလံဆွဲပေးလိုက်မည်။

ယဲ့ဖန်က ဈေးအမြင့်ကြီးခေါ်တဲ့အခါ သူရပ်လိုက်လျှင်တောင်မှ ယဲ့ဖန်မှာ ရှင်းဖို့ငွေမရှိတဲ့အတွက် မျက်နှာပျက်ပြီး လောင်းထားတာလည်းရှုံးလိမ့်မည်။

အဲ့ဒီအခါမှ သူဒေါသတွေပေါက်ကွဲထွက်လို့လည်းရပေမည်။

ထိုသိို့စိတ်ထဲမှာတွေးရင်း အောင်နိုင်သူကြီးတစ်ယောက်ပမာပြုံးလိုက်သည်။

သူက ဆက်ပြီးလေလံပြိုင်ဆွဲဖို့ ယဲ့ဖန်ကိုစောင့်နေခဲ့သည်။

နောက်ထပ်ပစ္စည်းအချို့လေလံတင်တဲ့အခါ ယဲ့ဖန်က ဘာမှမလုပ်ပေ။

ရတနာမြေပုံအပိုင်းအစ စင်ပေါ်ရောက်လာတဲ့အခါမှသာ ယဲ့ဖန်က စတင်ပြီးလှုပ်ရှားလာတော့သည်။

" ဒီပစ္စည်းက ရှန်းဘုရင်ရဲ့ လျှို့ဝှက်ရတနာမြေပုံလို့ခေါ်ပါတယ်။ ဒဏ္ဍာရီတွေအရ ဒီမြေပုံက အောင်နိုင်သူအရှင်ရှန်းယွီရဲ့ပိုင်ဆိုင်မှုဖြစ်ပြီး ခြောက်ခုခွဲထားတာဖြစ်ပါတယ်။ ဒီတစ်ခုက ခြောက်ခုထဲကတစ်ခုပါ ....... "

လေလံကြေညာသူက ရတနာမြေပုံအကြောင်းကို ရှင်းပြမိတ်ဆက်သည်။

စင်အောက်ကလူတွေကလည်း တစ်ယောက်နဲ့တစ်ယောက် တီးတိုးတိုင်ပင်ဆွေးနွေးကြတော့သည်။

လူအများစုက စိတ်ဝင်စားပုံရသည်။

" ရှန်းဘုရင်ရဲ့လျှို့ဝှက်ရတနာမြေပုံအပိုင်းအစ ကြမ်းခင်းဈေးက ယွမ်၅သိန်းဖြစ်ပါတယ်။ တစ်ခါတိုးရင် ယွမ် ၁သောင်းထက် မနည်းတိုးပေးရပါမယ် "

လေလံကြေညာသူ၏အသံပြီးတဲ့နောက် လူအများစုက စတင် လေလံဆွဲကြတော့သည်။

" ၅သိန်းခွဲ "

" ၆သိန်း "

" ၆ သိန်းခွဲ "

အပိုင်း (၁၃၀)

ယဲ့မိတ်ဆွေလေး၊ ငါတို့ထပ်တွေ့ကြပြန်ပြီ။

ထင်ထားသည့်အတိုင်း လူတော်တော်များများက ရတနာမြေပုံကို စိတ်ဝင်စားကြသည်။

ရတနာမြေပုံအစိတ်အပိုင်း ၆ခုလုံးကိုစုဖို့က မဖြစ်နိုင်ပေ။

သို့ပေမဲ့ ပွဲခင်းထဲရှိလူတစ်ချို့က သူတို့သည် အခြားသူတွေမလုပ်နိုင်တဲ့အရာကို သူတို့က လုပ်နိုင်သည်ဆိုတဲ့ စိတ်ကြီးဝင်တဲ့မာနရှိကြသည်။

ထို့ကြောင့် ရတနာမြေပုံအစိတ်အပိုင်း၏လေလံဈေးက ယွမ် ၁ သန်းအထိ အလျင်အမြန်ဈေးတက်သွားသည်။

ယဲ့ဖန်က ဒီရတနာမြေပုံကို အရယူဖို့ စိတ်ဆုံးဖြတ်ထားသည်။

ရတနာမြေပုံအတွက် အမြင့်ဆုံးဈေးကို ယွမ်၁၀သန်းအထိ ခန့်မှန်းထားသည်။

မြေပုံဈေးက အဲ့ဒီထက်မမြင့်သရွေ့ ယဲ့ဖန် ကြားထဲကဈေးကို လက်ခံနိုင်သည်။

ယဲ့ဖန် ဈေးခေါ်တော့မည့်အချိန်မှာဘဲ သူ့ဘေးမှ သူ့ကို အကဲခတ်နေတဲ့ လီဟုန်းရိက ဦးဆောင်ဈေးခေါ်လိုက်သည်။

" ယွမ် ၂ သန်း "

လီဟုန်းရိသည် ယဲ့ဖန်ကို အရှက်ရအောင်လုပ်မည်ဟုတွေးထားတာကြောင့် ဈေးကို နှစ်ဆတိုးခေါ်လိုက်သည်။

ထို့နောက် ခပ်ရိရိပြုံးကာပြောသည်။

" ငါဘေးမှာရှိနေသရွေ့ ဒီနေ့ည ဘာပစ္စည်းမှရဖို့ မစဉ်းစားနဲ့ "

ယဲ့ဖန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

ဒီကောင်ကတော့ သေတဲ့အထိတိုက်ချင်နေပုံရတယ်။

သူသာဆက်ပြီး ဈေးဆက်တိုးရင် တစ်ဖက်လူရဲ့ထောင်ချောက်ထဲကို ကျသွားလိမ့်မည်။

အဆုံးမှာ ပစ္စည်းရသွားခဲ့ရင်တောင် ပိုက်ဆံအများကြီးသုံးလိုက်ရပေလိမ့်မည်။

ယဲ့ဖန် ရတနာမြေပုံကို အမှန်တကယ်လိုချင်ပေမဲ့ ပိုက်ဆံကိုလည်း တရကြမ်းမသုံးချင်ပေ။

ယဲ့ဖန် ဝေခွဲမရဖြစ်နေစဉ်မှာဘဲ ဒုတိယအထပ်မှ အဘိုးအိုတစ်ယောက်ရဲ့အသံကို ရုတ်တရက်ကြားလိုက်ရသည်။

" ၂.၁ သန်း "

အကြောင်းပြချက်တစ်ချို့ကြောင့် ထိုအဘိုးအို၏လေလံဆွဲတဲ့အသံကိုကြားတဲ့အခါ မူလက လေလံဆွဲဖို့ စိတ်အားထက်သန်နေကြတဲ့သူတွေက လက်လျှော့သွားကြတော့သည်။

သူတို့အားလုံးက ဒုတိယထပ်ကို ရိုသေလေးစားတဲ့အကြည့်နဲ့ ကြည့်ကြသည်။

လီဟုန်းရိရဲ့အမူအရာကတောင်မှ နာခံသည့်ပုံစံ ချက်ချင်းပြောင်းလဲသည်။

မောက်မာတဲ့ပုံစံမရှိတော့ဘဲ ကြောက်ရွံ့မှုကြောင့် တုန်သွားသည်။

ယဲ့ဖန်က လူတိုင်းရဲ့အမူအရာကိုတွေ့ပြီး ထူးဆန်းသည်ဟု ခံစားမိသည်။

ဘယ်သူက လေလံဆွဲတာမလို့လဲ။

လူတိုင်းရဲ့အမူအရာကို ချက်ချင်းပြောင်းသွားစေနိုင်တယ်ပေါ့။

ပြီးတော့ ဒီအသံကို ယဲ့ဖန်ရင်းနှီးကာကြားဖူးနေပေမဲ့ ဘယ်မှာကြားဖူးမှန်း မမှတ်မိဖြစ်နေသည်။

ထိုအချိန်တွင် လေလံတင်ဆက်သူက တူဖြင့် ခေါက်သည်။

" ၂.၁ သန်း တစ်ကြိမ် "

" ၂.၁ သန်း နှစ်ကြိမ် "

" ၂.၁ သန်း သုံး ........ "

အခြေအနေတွေ တည်ငြိမ်သွားပြီဟု အားလုံးကထင်နေတဲ့အချိန်မှာဘဲ အနောက်ထောင့်တစ်နေရာကနေ ရင်းနှီးတဲ့အသံကို ရုတ်တရက် ထပ်ကြားလိုက်ရသည်။

" ၂.၂သန်း ဌ

အသံက အရမ်းမကျယ်ပေမဲ့ ရှိသမျှလူတိုင်းကို မိုးကြိုးပစ်ခံလိုက်ရသည့်အလား တုန်လှုပ်သွားစေသည်။

လေးစားပြီး ကြောက်ရွံ့ရတဲ့သူဌေးကြီးက လေလံဆွဲလိုက်တာကိုတောင် သူနဲ့အပြိုင်လိုက်ပြီး လေလံဆွဲရဲတဲ့သူမျိုးရှိသေးတာလား။

ဒါက သေမိန့်တောင်းနေတာဘဲ။

ဘယ်သူက သေဖို့ မကြောက်တာလဲဆိုတာကို သိရဖို့ လူတိုင်းက လှည့်ကြည့်ကြသည်။

ထို့နောက် ယဲ့ဖန်က ရိုးသားတဲ့မျက်နှာထားနဲ့ လက်ထောင်နေတာကို တွေ့လိုက်ကြရသည်။

ယဲ့ဖန်ကတော့ အတွေးအများကြီးမရှိပေ။ ဘယ်သူကမှ လေလံမဆွဲနေတာကြောင့် သူက လေလံဆွဲလိုက်တာ ဘာပြဿနာမှမရှိဘူး၊ မဟုတ်လား။

ဒီတစ်ကြိမ်မှာတော့ ရှုကျင်းရှင်း၏လှပတဲ့မျက်နှာလေးက အမူအရာပြောင်းသွားပြီး ယဲ့ဖန်၏အင်္ကျီလက်ကိုဆွဲကာ သတိပေးလိုက်သည်။

" ရှင်ရူးနေပြီလား။ ဘာလို့ ဆက်ပြီးလေလံဆွဲနေရဲသေးတာလဲ "

ယဲ့ဖန်က သူမကို နားမလည်သည့်ပုံစံဖြင့်ကြည့်လိုက်သည်။

" လေလံကြေညာသူက အဆုံးအဖြတ်မပေးရသေးဘူးလေ။ ဘာလို့ လေလံဆက်ပြီးဆွဲလို့ မရနိုင်ရမှာလဲ "

ရှုကျင်းရှင်း စိတ်ညစ်တာကြောင့် နဖူးကိုအုပ်ကိုင်လိုက်သည်။

" အခု ဈေးခေါ်လိုက်တာက အကြီးအကဲထန်းဆိုတာကို ရှင်မသိဘူးလား "

ယဲ့ဖန်က ဂရုမစိုက်ဟန်ဖြင့် နှုတ်ခမ်းကို မဲ့ရွဲ့ပြလိုက်သည်။

" ဘာကို အကြီးအကဲထန်း၊ အငယ်ထန်းလဲ။ ဒါက လေလံပွဲဆိုမှတော့ လူတိုင်းမှာ လေလံဆွဲခွင့်ရှိတယ်။ မဟုတ်ရင် ဘာလို့ လေလံပွဲကျင်းပနေတော့မှာလဲ။ ဒီအတိုင်းဘဲ သူ့ကို တိုက်ရိုက်ပေးလိုက်တော့မှာပေါ့ "

ရှုကျင်းရှင်း လုံးဝကို ပြောစရာပျောက်သွားသည်။

ယဲ့ဖန်ပြောတာ ကျိုးကြောင်းဆီလျော်သော်လည်း ဘယ်သူနဲ့ယှဉ်ပြောမလဲဆိုသည့်အပေါ်မူတည်သေးသည်။

အကြီးအကဲထန်း၏ချမ်းသာကြွယ်ဝမှုအနေအထားနဲ့သာဆိုလျှင် ယဲ့ဖန် ဘယ်လောက်ဘဲ ကျိုးကြောင်းဆီလျော်ပါစေ ဘာမှအရေးမပါပေ။

ခေါင်းမာတဲ့သူတွေက အကြောက်တရားကင်းတယ်ဆိုတာ တကယ်ဘဲ။

တစ်ဖက်မှ လီဟုန်းရိကတော့ လှောင်ပြောင်ရယ်မောသည်။

" ကလေကချေကောင်၊ မင်းလိုကောင်ကများ အကြီးအကဲထန်းမျက်စိကျတဲ့အရာကို လုယူရဲတယ်ပေါ့။ ဒီတစ်ခါတော့ မင်း ဘယ်လိုသေသွားလဲဆိုတာကိုတောင် သိလိုက်မှာမဟုတ်ဘူး "

ထိုသို့ပြောပြီး လီဟုန်းရိက ရှုကျင်းရှင်းဘက်ကို အမြန်လှည့်ကြည့်လိုက်သည်။

" အလှလေး၊ ဒီကလေးက အကြီးအကဲထန်းကို စော်ကားတဲ့အပြုအမူလုပ်ထားတော့ မနက်ဖြန်လောက်ဆို သူ့ဘဝဆုံးလောက်ပြီ။ မင်း သူနဲ့အဆက်အသွယ်တွေအားလုံးကို ဖြတ်ပစ်လိုက်တော့ "

ရှုကျင်းရှင်းက သူ့ကိုစိုက်ကြည့်လိုက်ပေမဲ့ ဘာမှတော့မပြောပေ။

သူမ စိတ်ထဲမှာတော့ တစ်ခုခုကိုတွေးနေမိသည်။

ယဲ့ဖန်ကို ကူညီပေးဖို့ သူမ သိတဲ့တစ်စုံတစ်ယောက်ကို အကူအညီတောင်းသင့်လား။

ဒီတစ်ယောက်က ဒီတစ်ခါမှာတော့ ပြဿနာအကြီးကြီးကိုရှာလိုက်ပြီဖြစ်သည်။ ပြဿနာရှာလိုက်တဲ့တစ်ဖက်သူရဲ့အရှိန်အဝါက ကြီးလွန်းတော့ သူဖြေရှင်းနိုင်လိမ့်မည်မဟုတ်ပေ။

ဒုတိယထပ်မှလူက ဒေါသပေါက်ကွဲထွက်မှာကို လူတိုင်းက စောင့်နေစဉ်မှာဘဲ ထူးဆန်းတဲ့ဖြစ်ရပ်ဖြစ်သွားခဲ့သည်။

ယဲ့ဖန်က လေလံထပ်ဈေးခေါ်ပြီးတဲ့အခါတွင် ဒုတိယထပ်မှ ထပ်ပြီး အသံထွက်မလာတော့ချေ။

လေလံကြေညာသူက အကြာကြီးစောင့်ပြီးတဲ့နောက်တွင် ဘယ်သူကမှ ထပ်ပြီး လေလံမဆွဲတော့တာကိုတွေ့သည့်အခါ ဂရုတစိုက်နဲ့ ပြောလိုက်သည်။

" ၂.၂သန်း ပထမအကြိမ် "

ဘယ်သူကမှ ဈေးထပ်မခေါ်ပေ။

" ၂.၂ သန်း ဒုတိယအကြိမ် "

ထပ်ပြီး ဘယ်သူကမှ ထပ်ဈေးမပြောချေ။

" ၂.၂ သန်း တတိယအကြိမ်........လေလံအောင်သွားပါပြီ "

လေလံကြေညာသူက တူသုံးကြိမ်ထုပြီးသွားကာ ဘယ်သူကမှထပ်ဈေးမခေါ်ကြတော့ပေ။

ဆယ်သန်းမကကျော်တန်တဲ့ ရတနာမြေပုံကို ယဲ့ဖန်က အဲ့လို ဈေးပေါပေါ ၂.၂သန်းလောက်နဲ့ တကယ်ကြီးရသွားခဲ့သည်။

ဒါမျိုးကို ဘယ်သူကမှ ထင်မှတ်မထားကြချေ။

အကြီးအကဲထန်းဘက်က ဘာလို့ ဘာမှလှုပ်ရှားမှုမရှိတာလဲဆိုတာက လူတိုင်းကို စိတ်ဝင်စားစေသည်။

ပြောရမည်ဆိုလျှင် ဒီကောင်လေးက သူ့ကို လူသိရှင်ကြား အရိုအသေတန်မဲ့တဲ့ကိစ္စလုပ်ခဲ့တာကြောင့် အကြီးအကဲထန်းက သူ့ကို လွယ်လွယ်နဲ့ အလွှတ်ပေးမည်မဟုတ်ပေ။

လူတိုင်းက အံ့ဩတွေးတောနေကြစဉ်မှာဘဲ အဖြူရောင်ဝတ်စုံနဲ့ အဘိုးအိုတစ်ယောက်က သူ့လူတွေအကူအညီဖြင့် ဒုတိယထပ်လှေကားပေါ်မှ ဖြည်းဖြည်းချင်းဆင်းလာနေသည်။

အရှိန်အဝါတောင်ပနေတဲ့ ထိုအဘိုးအို၏လှုပ်ရှားမှုတို့က လူတိုင်းကို အံ့အားသင့်မှင်သက်စေသည်။

ယဲ့ဖန်က ထိုအဘိုးအိုကိုတွေ့တဲ့အခါ အံ့ဩသွားသည်။

ဒီအဘိုးအိုက ...... ယဲ့ဖန် သူ့ကို မှတ်မိသွားသည်။

သူက ကျုံးထျန်းကန်သာယာအိမ်ရာရပ်ကွက်က စံအိမ်နံပါတ်(၃)မှာနေတဲ့ ထန်းပေါဟုန်ဖြစ်သည်။

အဲ့တုန်းက ယဲ့ဖန်က သူ့အတွက် မင်္ဂလာလက်စွပ်ရှာပေးခဲ့တာကြောင့် သူတို့မိတ်ဆွေတွေဖြစ်လာခဲ့ကြသည်။

အဲ့ဒီနောက် ရှချူး၏ရုပ်ရှင်ရိုက်ကူးရေးအတွက် ဇာတ်ညွှန်း မအောင်တာကြောင့် ယဲ့ဖန်က ထန်းပေါဟုန်ကနေတစ်ဆင့် အဆက်အသွယ်သုံးကာ အဆင်ပြေအောင်လုပ်ပေးခဲ့သည်။

ယဲ့ဖန် သူ့အသံကို ရင်းနှီးတယ်လို့ ခံစားနေမိတာ မထူးဆန်းတော့ပါဘူး။

ထန်းပေါဟုန်က လှေကားကဆင်းလာတဲ့အခါ သူ့နားကလူတွေက အလိုအလျောက် သူသွားဖို့အတွက် လမ်းဖယ်ပေးကြကာ တရိုတသေကြည့်ကြသည်။

ထိုမြင်ကွင်းကနေ အကြီးအကဲထန်းက ကျုံးဟိုင်မြို့မှာ ဘယ်လောက်ဩဇာကြီးကြောင်း သိနိုင်သည်။

သို့ပေမဲ့ အကြီးအကဲထန်းက ယဲ့ဖန်ကို ပြဿနာရှာတော့မယ်ဟု အားလုံးကထင်နေကြချိန်မှာဘဲ ထန်းပေါဟုန်၏မူလတွင် တည်ငြိမ်ကာ မာန်အပြည့်ရှိနေတဲ့မျက်နှာမှ ကြင်နာတဲ့အပြုံးတစ်ခုပေါ်လာသည်။

" ယဲ့မိတ်ဆွေလေး၊ ငါတို့ ထပ်တွေ့ကြပြန်ပြီ "

ထန်းပေါဟုန်၏စကားကြောင့် လူတိုင်း အုတ်အုတ်ကြွပ်ကြွပ်ဖြစ်သွားကြသည်။

ဒီတစ်ယောက် အကြီးအကဲထန်းနဲ့သိတာလား။

အဲ့ဒီအပြင် သူ့ကို အကြီးအကဲထန်းဘက်က အရင်နှုတ်ဆက်တာတဲ့လား။

ဒီအနေအထားကြီးက မကြီးကျယ်လွန်းဘူးလား။

ယဲ့ဖန်ဘေးမှာရပ်နေတဲ့ လီဟုန်းရိက ပလုံခနဲ မြေပေါ်သို့ ဒူးကွေးညွတ်ကျသွားပြီး မျက်နှာက သွေးမရှိသလို ဖြူစုတ်လာသည်။

ယဲ့ဖန်က အကြီးအကဲထန်းနှင့် မိတ်ဆွေတွေဆိုတာကို သူသိခဲ့ပါက အသက်အချောင်းတစ်ရာရှိလျှင်တောင်မှ ဒီလိုလောင်းဖို့ သတ္တိရှိမည်မဟုတ်ပေ။

ဒီတစ်ခါတော့ သူတကယ်သေပြီဖြစ်သည်။

အပိုင်း (၁၃၁)

အဘိုး၊ ကျွန်တော်မှားသွားပါတယ်၊ အဘိုး။

ယဲ့ဖန်က အနည်းငယ်အံ့ဩသွားသည်။

အကယ်၍ လေလံဆွဲတဲ့သူက ထန်းပေါဟုန်မှန်းသိခဲ့ပါက ယဲ့ဖန် တစ်ဖက်သူနဲ့အပြိုင် လေလံဆက်ဆွဲမှာမဟုတ်ပေ။

" အကြီးအကဲထန်း၊ ကျွန်တော်က အကြီးအကဲမှန်း မသိခဲ့လို့ ........ "

ယဲ့ဖန်က ရှင်းပြဖို့ ပြင်နေစဉ်မှာဘဲ ထန်းပေါဟုန်က လက်ကိုဝှေ့ယမ်းပြလိုက်သည်။

" အဲ့လိုမပြောပါနဲ့။ ငါက မြေပုံထဲမှာ ဘာပါလဲဆိုတာ သိချင်ရုံပါ။ မင်းကလည်း ဒီမြေပုံကိုစိတ်ဝင်စားနေတယ်ဆိုမှတော့ ယဲ့လူငယ်လေးဆီက မယူတော့ပါဘူး "

ယဲ့ဖန်က ကျေးဇူးတင်စွာ ခေါင်းငြိမ့်ပြလိုက်သည်။

" ကူညီပေးလို့ ကျေးဇူးတင်ပါတယ်၊ အကြီးအကဲထန်း "

ထန်းပေါဟုန်က အနည်းငယ် မသာမယာဖြစ်သွားသည်။

" မင်းက ဘာလို့ တရိုတသေကြီးပြောနေရတာလဲ "

ယဲ့ဖန်က ရှက်ရှက်နဲ့ခေါင်းကိုကုတ်လိုက်သည်။

" သူတို့က အဘိုးကို တလေးတစားဆက်ဆံကြတာကြောင့် ကျွန်တော်က မလေးမစားမလုပ်ရဲပါဘူး "

ထန်းပေါဟုန်က ကြင်ကြင်နာနာပြုံးပြလိုက်သည်။

" သူတို့က သူတို့၊ မင်းက မင်းလေ။ ဘယ်လိုလုပ်ပြီးတူမှာလဲ။ ပြီးတော့ နောက်ကျ မင်းအားရင် ငါ့အိမ်လာခဲ့လေ။ အိမ်မှာ စိတ်ဝင်စားစရာပစ္စည်းတွေအများကြီးရှိတယ် "

ယဲ့ဖန်က အလျင်အမြန်ခေါင်းငြိမ့်ပြလိုက်သည်။

" သေချာပေါက်ကို လာပါ့မယ် "

" ကောင်းပြီ၊ အဲ့တာဆို မင်းရဲ့ ချစ်သူလေးနဲ့ ပျော်လိုက်ဦး။ ငါကတော့ ပြန်ပြီး အိပ်တော့မယ် ".

ထန်းပေါဟုန်က ယဲ့ဖန်ဘေးမှ ရှုကျင်းရှင်းကိုကြည့်ကာ ယဲ့ဖန်ပုခုံးကို အဓိပ္ပာယ်ပါပါပုတ်လိုက်ပြီး လှည့်ထွက်သွားသည်။

ရှုကျင်းရှင်းမျက်နှာက နီရဲသွားပြီး ယဲ့ဖန်ကို တိတ်တဆိတ်လှမ်းကြည့်လိုက်သည်။

ကံကောင်းစွာနဲ့ လေလံခန်းမထဲကအလင်းရောင်တွေက မှိန်မှိန်လေးထွန်းထားတာကြောင့် သူမ ရှက်နေတာကို ဘယ်သူကမှ တွေ့မသွားပေ။

ထိုအချိန်တွင် ယဲ့ဖန်က မြေပေါ်မှာဒူးထောက်နေတဲ့ လီဟုန်းရိကို လှည့်ကြည့်လိုက်သည်။

" လီသခင်လေး ဘာဖြစ်သွားတာလဲ။ အခုလေးတင် အတော်ကြည့်ကောင်းနေတာ မဟုတ်လား "

ဘန်း၊ ဘန်း၊ ဘန်း

လီဟုန်းရိက ယဲ့ဖန်ကို အမြန်ဒူးထောက်ကာ သုံးကြိမ်အရိုအသေပေးသည်။

အကြိမ်အနည်းငယ် ကြမ်းပြင်နဲ့မျက်နှာရိုက်မိပြီးတဲ့နောက် နဖူးကွဲပြီး ပါးပေါ်တွင် သွေးတွေစီးကျနေကာ သူ့ပုံစံက အတော်လေးနာကျင်နေပုံရသည်။

" အဘိုး၊ ကျွန်တော် မှားသွားပါတယ်၊ အဘိုး။ ကျွန်တော်က လူတောင်မဟုတ်ပါဘူး။ သူများတွေကို အထင်သေးမိတဲ့ခွေးပါဘဲ။ ကျွန်တော့်မှာ မျက်လုံးတွေရှိပေမဲ့ တောင်ကိုတောင် သတိမထားမိပါဘူး။ ကျွန်တော့်ကို အသက်ရှင်ခွင့်ပေးပါ။ ဒါမျိုးထပ်ပြီး မလုပ်ရဲတော့ပါဘူး "

သု့ဆံပင်တွေက ပွစိတက်နေပြီး မျက်နှာကလည်း သွေးတွေပေနေကာ သူ၏နဂို ခမ်းနားကျက်သရေရှိတဲ့ပုံစံကပျောက်ကွယ်သွားရတော့သည်။

ယဲ့ဖန်က သူ့ကို အေးစက်စက်သာကြည့်လိုက်သည်။

" မင်းကိုယ်မင်း မှားမှန်းသိမှတော့ အလောင်းအစားရဲ့အရှုံးကို လက်ခံရမယ်၊ ဟုတ်တယ်မလား "

လီဟုန်းရိက ယဲ့ဖန်ကို တစ်ခဏကြည့်လိုက်ပြီး ရုတ်တရက်မတုန့်ပြန်နိုင်ဖြစ်သွားသည်။

ထို့ကြောင့် ယဲ့ဖန်က သူ့ကို သတိပေးလိုက်သည်။

" ဒီညမှာ ကျွန်တော်သာ ပစ္စည်းတစ်ခုကို လေလံဆွဲနိုင်မယ်ဆိုရင် ဒူးထောက်တောင်းပန်ရုံတင်မကဘဲ ကိုယ်တီးလုံးနဲ့ပတ်ပြေးမယ်ဆိုပြီး ခင်ဗျားပြောထားတယ်မလား။ အခုတော့ ခရီးတစ်ဝက်ရောက်နေပါပြီ "

လီဟုန်းရိ ရုတ်တရက် တွန့်ဆုတ်သွားရသည်။

သူ ဒူးထောက်တောင်းပန်ရုံလောက်က အဆင်ပြေသည်။

သို့ပေမဲ့ ကိုယ်တီးလုံးပတ်ပြေးနေရခြင်းက သူ့အတွက် သေတာထက်ပိုဆိုးစေလိမ့်မည်။

ဒီနေ့ ကိုယ်တီးလုံးနဲ့ပတ်ပြေးလို့ရပေမဲ့ အခုကစပြီး သူ့အဖြစ်က ကျုံးဟိုင်မြို့မှာ ပြောစမှတ်ပြု ရယ်စရာကိစ္စကြီးဖြစ်နေလိမ့်မည်။

ကျုံးဟိုင်မြို့မှာ ဘယ်လိုမျက်နှာနဲ့ ဆက်နေရမှာလဲ။

လီဟုန်းရိက ဘာမှမလုပ်တာကို ယဲ့ဖန်တွေ့တဲ့အခါ သူ့အကြည့်တွေက ပိုအေးစက်သွားသည်။

" ဘာလဲ၊ ကတိဖျက်ချင်နေတာလား "

ထိုအချိန်တွင် ချန်းချုံရှန်းက သူတို့ရှိရာကို လျှောက်လာနေသည်၊

" လီဟုန်းရိ၊ မင်းသေချာစဉ်းစား။ ကတိဖျက်ရင် မင်း ဒီနေရာကနေ ရှင်လျက်နဲ့ ထွက်မရနိုင်ဘူးဆိုတာကို ငါ အာမခံတယ် "

လီဟုန်းရိသည် သူတို့နှစ်ယောက်ပြောတာကိုခံရပြီး ကြောက်လာသည်။

ချန်းချုံရှန်းတစ်ယောက်တည်းနဲ့ပင် သူ့ကို ကျုံးဟိုင်မြို့မှာ ခြေချလို့မရအောင်လုပ်နိုင်သည်။

ထို့အပြင် ယဲ့ဖန်၏နောက်တွင် ထန်းပေါဟုန်လည်းရှိနေသေးသည်။

ထိုဒိတ်ဒိတ်ကြဲကြီးနှစ်ယောက်ပေါင်းပြီး သူနှင့် သူ့မိသားစုကို အဆုံးထိ ဆွဲချသွားလို့ရသည်။

ကူကယ်ရာမဲ့စွာနဲ့ဘဲ လီဟုန်းရိက သူ့အင်္ကျီတွေကို တစ်ခုချင်းချွတ်တော့သည်။

ရှုကျင်းရှင်း မျက်နှာနီလာပြီး ချက်ချင်းခေါင်းကို လှည့်လိုက်သည်။

ရှက်ရွံ့မှုကြောင့် ယဲ့ဖန်ကို စိတ်ထဲကနေ အပြစ်တင်လိုက်သည်။

ဒီတစ်ယောက်က နတ်ဆိုးဘဲ။

ယဲ့ဖန်က တကယ်ဘဲ သူ့ကို ကိုယ်တီးလုံး ပတ်ပြေးခိုင်းမလို့လား။

လီသခင်လေးကတော့ ဒီနေ့ကစပြီး ကျုံးဟိုင်မြို့မှာ မျက်နှာထားစရာနေရာပင်ရှိမှာမဟုတ်တော့ပေ။

လီဟုန်းရိသည် နောက်ဆုံးအဝတ်ဖြစ်တဲ့ အောက်ခံအဝတ်ကိုချွတ်လိုက်ပြီး သူ၏အတွင်းတစ်နေရာကို ဖုံးကာ လေလံပွဲခင်းထဲမှ ပြေးထွက်သွားတော့သည်။

ပွဲခန်းမတစ်ခုလုံးက ဝါးခနဲရယ်ကြတော့သည်။

အခုကစပြီး လူတွေက လီဟုန်းရိအကြောင်းကိုပြောတဲ့အခါ သူ ဝတ်လစ်စလစ်နဲ့ပြေးတဲ့ကိစ္စကို တွေးမိကြပေလိမ့်တော့မည်။

ယဲ့ဖန်က သူ့အပေါ် လုံးဝသနားခြင်းမရှိပေ။

ဒီကိစ္စကို သူကိုယ်တိုင်ဖန်တီးတာဖြစ်တဲ့အတွက် ဘယ်သူ့ကိုမှ အပြစ်တင်လို့မရနိုင်ချေ။

ထို့နောက် ချန်းချုံရှန်းနောက်ကိုလိုက်ကာ ငွေရှင်းကောင်တာသို့ရောက်လာပြီး ရတနာမြေပုံကို ယူလိုက်သည်။

" ယဲ့ညီလေး၊ မင်းအတော်ကံကောင်းတာဘဲ။ ဒီရတနာမြေပုံက ဆယ်သန်းလောက်ထိအနည်းဆုံး ရောင်းရနိုင်ပေမဲ့ အကြီးအကဲထန်းက လေလံဈေးခေါ်လိုက်တော့ ဘယ်သူကမှ ဆက်ပြီးဈေးမခေါ်ရဲတော့ဘူး။ အဲ့တာကြောင့် ဈေးနည်းနည်းလေးနဲ့ရလိုက်တယ် "

ချန်းချုံရှန်းက ယဲ့ဖန်ကို အားကျတဲ့ပုံစံဖြင့်ကြည့်လိုက်သည်။

" ဒါက ဘာအရေးမလို့လဲ။ ရတနာမြေပုံတွေအားလုံးကိုစုရမှာထက် ကောက်ရိုးပုံထဲကအပ်ကိုရှာရတာမှ ပိုလွယ်ပါဦးမယ်။ အကုန်လုံးကိုစုမိဖို့ မမျှော်လင့်ထားပါဘူး။ ဒီအတိုင်း ပျော်ဖို့ပိုက်ဆံသုံးလိုက်ရုံပါဘဲ "

ယဲ့ဖန်က နဂို ရတနာမြေပုံအစိတ်အပိုင်းကိုထုတ်ပြီး အခုမှရလာတဲ့တစ်ခုနဲ့ စစ်ဆေးကြည့်လိုက်သည်။

မြေပုံအသားရော လမ်းကြောင်းတွေကပါ တစ်ထပ်တည်းဖြစ်နေသည်။

ဒီဟာက ရှန်းဘုရင်၏ရတနာမြေပုံအစစ်ဆိုတာ သေချာသည်။

" အစ်ကိုချန်း၊ အရင်ပြန်နှင့်လို့ရမလား "

ယဲ့ဖန်က လက်ပြနှုတ်ဆက်ပြီးနောက် လှည့်ထွက်လာသည်။

ထိုအချိန်တွင် ရှုကျင်းရှင်းက ထောင့်တစ်နေရာမှာထိုင်နေပြီး ဦးလေးလျုံ၏တင်ပြချက်ကို စိတ်ရှည်ရှည်နဲ့နားထောင်နေသည်။

" မမလေး၊ တောင်းပန်ပါတယ်။ သူ့ကို လွတ်သွားတယ် "

ဦးလေးလျုံက အရှက်ရတဲ့မျက်နှာထားနဲ့ ထိုနေရာမှာရပ်နေခဲ့သည်။

" ဦးလေးလျုံတောင်မှ သူ့ကို မမိလိုက်ဘူးဆိုတော့ ဒီလူက သာမန်ဟုတ်ပုံမရဘူး "

ရှုကျင်းရှင်းက ဦးလေးလျုံကို အပြစ်မတင်ဘဲ ဖြစ်နိုင်ချေကို အသေအချာစဉ်းစားသည်။

" အမှန်ဘဲ၊ ဒီတစ်ယောက်ရဲ့ နောက်ယောက်ခံလိုက်ပုံနဲ့ ခြေရာဖျောက်ပုံက အတော်လေးအားကောင်းတယ်။ တစ်ချက်ကြည့်ရုံနဲ့ သူက တင်းကျပ်တဲ့လေ့ကျင့်ရေးဆင်းတစ်ယောက်ဆိုတာ ပြောနိုင်ပါတယ် "

ဦးလေးလျုံက ချက်ချင်းခေါင်းငြိမ့်သဘောတူသည်။

ရှုကျင်းရှင်း ဆက်ပြောတော့မည့်အချိန်မှာဘဲ ယဲ့ဖန်က စင်အနောက်မှပြန်လာတာကို တွေ့လိုက်သည်။

" ဦးလေးလျုံ၊ အရင်ပြန်နှင့်လိုက်။ ကျွန်မအထင် အဲ့ဒီလူက ဒီကိစ္စကို ဒီအတိုင်းထားလိုက်မှာ မဟုတ်လောက်ဘူး။ သေချာဂရုစိုက်ပြီး လေ့လာကြည့်ပါ "

" ဟုတ်ကဲ့ပါ မမလေး "

ဦးလေးလျုံက ဘာမှထပ်မပြောတော့မှ အမှောင်ထဲမှပျောက်ကွယ်သွားတော့သည်။

" ဘယ်သူနဲ့ စကားပြောနေတာလဲ "

ယဲ့ဖန်က ဦးလေးလျုံထွက်သွားတဲ့လမ်းကို ကြည့်လိုက်ကာ သိချင်စိတ်ဖြစ်သွားသည်။

" ကျွန်မအိမ်က ကျွန်မကို စောင့်ရှောက်ဖို့ပို့ထားတဲ့ သက်တော်စောင့်ပါ့ "

ရှုကျင်းရှင်းက ဖုံးကွယ်မထားဘဲ အမှန်တိုင်းဖြေလိုက်သည်။

" သူဌေးကြီးဘဲ။ သက်တော်စောင့်တွေနဲ့ဆိုတော့ "

ယဲ့ဖန်က ချက်ချင်းပြောလိုက်သည်။

" ကျွန်မက သူဌေးကြီးမဟုတ်ပါဘူး။ ကျွန်မက အားနည်းတဲ့ ခုခံနိုင်စွမ်းမဲ့တဲ့မိန်းကလေးတစ်ယောက်တင်ပါဘဲ။ အကြီးအကဲထန်းလိုကမှ သူဌေးကြီးအဆင့် "

ရှုကျင်းရှင်းက ထိုသို့ပြောလိုက်ပေမဲ့ သူမ အမူအရာက ခန့်မှန်းရခက်တဲ့ပုံဖြစ်နေသည်။

ယဲ့ဖန်ကလည်း လျှို့ဝှက်ချက်များတဲ့သူတစ်ယောက်ဖြစ်သည်။

တစ်ဖက်သူရဲ့နောက်ကြောင်းကို သိလိုက်ပြီဟု ထင်ခဲ့ပေမဲ့ တစ်ဖက်သူက အမြဲတမ်း အံ့ဩစရာတွေနဲ့ထပ်ထပ်ပေါ်လာသည်။

ယဲ့ဖန်က တကယ်ဘဲ နားလည်ရခက်တဲ့သူတစ်ယောက်ဖြစ်သည်။

အပိုင်း (၁၃၂)

အရမ်းအန္တရာယ်များပေမဲ့ သူရဲကောင်းက အလှလေးကို ကယ်လိုက်တယ်။

ယဲ့ဖန် ငွေရှင်းပြီး၍ လွှဲပြောင်းရေးကိစ္စတွေအကုန်ပြီးတဲ့နောက် ရှုကျင်းရှင်းနဲ့အတူ လေလံအိမ်ထဲမှ စကားပြောရင်း ရယ်မောလျက် ထွက်လာသည်။

ရုတ်တရက် အနက်ရောင်ဝတ်စုံတွေနဲ့ယောက်ျားတစ်စုက အမှောင်ထဲထွက်လာပြီး သူတို့ကို ဝိုင်းထားကြသည်။

ယဲ့ဖန် မျက်လုံးဝေ့ကြည့်လိုက်တဲ့အခါ လူက အနည်းဆုံး ဆယ့်လေး၊ ဆယ့်ငါးယောက်လောက်ရှိတာကို တွေ့လိုက်ရသည်။

သူတို့အားလုံးကယက လက်ထဲတွင် တုတ်တွေ သံပိုက်တွေကို ကိုင်ထားတာကြောင့် လူတွေကို ကျောတွန့်သွားစေနိုင်သည်။

သူတို့အားလုံးရှေ့တွင်ရပ်နေသူက ရှုကျင်းရှင်းနောက်ကို လိုက်လာတဲ့သူဖြစ်သည်။

" တိုက်ဆိုင်လိုက်တာ၊ ထပ်တွေ့ကြပြန်ပြီ "

ထိုလူက ယဲ့ဖန်တို့နှစ်ယောက်ကို နောက်ပြောင်နေသည့်အမူအရာဖြင့်ကြည့်ရင်း သူ့ကိုယ်သူ အနိုင်ရမည်ဟု ယုံကြည်ချက်ပြည့်နေပုံရသည်။

" ရှင်က ဘယ်သူလဲ။ ဘာလို့ လိုက်နှောင့်ယှက်နေတာလဲ "

ရှုကျင်းရှင်း မျက်မှောင်ကြုတ်လိုက်သည်။

" ငါ မင်းနောက်ကို အရင်ကလိုက်ပေမဲ့ အခုကတော့ ဒီကလေးနဲ့ စာရင်းရှင်းစရာရှိလို့လာတာ "

ထိုလူကြီးက စကားပြောနေရင်း ယဲ့ဖန်ကို အငြှိုးအပြည့်ဖြင့်ကြည့်လိုက်သည်။ ဒါက သူ့အတွက် ပထမဆုံးအကြိမ် အကြီးအကျယ်ထိခိုက်သွားခြင်းဖြစ်ပေလိမ့်မည်။

ထို့အပြင် ကိုယ်ခံပညာတောင်မသိတဲ့သူတစ်ယောက်ဆီမှာ အကြီးအကျယ်ရှုံးနိမ့်သွားခဲ့ရတဲ့တာကြောင့် ဘယ်သူကများ အဲ့လိုကိစ္စကို သည်းခံပေးနိုင်မှာလဲ။

" အစ်ကိုကြီး၊ ခင်ဗျားက ကျွန်တော့်ကို အထင်ကြီးလွန်းနေပါပြီ။ ကျွန်တော်နဲ့ရှင်းဖို့အတွက်ကို ဒီလောက်လူအများကြီးခေါ်လာစရာလိုလို့လား "

ယဲ့ဖန် ရယ်ရမလား၊ ငိုရမလားပင် မသိတော့ချေ။

လက်ကို ဆန့်တန်းလိုက်ကာပြောသည်။

" ပြောပါ၊ ဘယ်လိုရှင်းချင်လဲ "

ထိုလူက သံပိုက်ရှည်ကြီးကို ပုခုံးပေါ်မှာထမ်းထားသည်။

" မင်းက ငါ့ကို ဒဏ်ရာရအောင်လုပ်ထားမှတော့ ဆေးဖိုးပေးရမယ် မဟုတ်လား "

ယဲ့ဖန်က စိတ်သက်သာရာရသွားပြီး ခေါင်းငြိမ့်လိုက်သည်။

" စောစောပြောမှပေါ့။ ပိုက်ဆံလေးနည်းနည်းအတွက်နဲ့များ ဒီလောက်အရှည်ကြီးစောင့်နေဖို့လိုလို့လား။ ဘယ်လောက်လိုချင်လဲ "

ထိုလူက လက်တစ်ချောင်းထောင်ပြသည်။

" ယွမ် ၁ ကျပ် "

ယဲ့ဖန်က သူ့ကို ချက်ချင်း လက်မထောင်ပြလိုက်သည်။

" ခင်ဗျားရဲ့ရည်ရွယ်ချက်က ပိုက်ဆံမဟုတ်ဘူးဆိုတာကို သိပြီးသား။ ခင်ဗျားက သိက္ခာအတွက် ပြန်တိုက်ခိုက်ချင်တာ၊ ဟုတ်တယ်မလား "

ထိုလူကြီးက အံကြိတ်လိုက်သည်။

" ဟုတ်တယ်၊ မင်း ဒီနေ့ ငါ့ကို ယွမ် ၁ ကျပ်ဘဲပေးရမယ် "

" ဒါပေမဲ့ မနက်ဖြန်ကျ ၂ကျပ်ပေးရမယ်။ အဲ့လိုနဲ့ နေ့တိုင်း နှစ်ဆတိုးပြီး တစ်လစာပေးရမယ် "

" ဘယ်လိုလဲ၊ မျှတတယ်မဟုတ်လား "

ယဲ့ဖန်က နှုတ်ခမ်းကို မဲ့ရွဲ့ပြလိုက်သည်။

" အစ်ကိုကြီးက ကျွန်တော့်ကို အလယ်တန်းသင်္ချာတွေ လာတွက်ခိုင်းပြီး စစ်နေတာလား "

" ဒီလိုသာဆို ခင်ဗျားကို အနည်းဆုံး ယွမ် သန်း ၅၀၊ ၆၀ ကျော်လောက်ပေးနေရမှာပေါ့ "

" ကျွန်တော်တို့လို သာမန်လူတွေကို ခက်ခဲအောင်လုပ်နေတာ မဟုတ်ဘူးလား "

ထိုလူကြီး၏ရည်ရွယ်ချက်က ပေါ်သွားတာတောင် သူက အရှက်မရှိပေ။

" မင်းက တကယ်ကို ပညာတတ်ဘဲ၊ ဒါမျိုးတွေလည်း သိတာဘဲလား "

" မင်းက ပိုက်ဆံမတတ်နိုင်မှတော့ ဒီကောင်မလေးကို ငါတို့နဲ့ တစ်ညကစားခိုင်းလိုက်လေ။ အဲ့တာဆို ငါတို့ကြားက အကြွေးကိုချေပေးမယ် "

" ယွမ် သန်း ၅၀ကို တစ်ညတဲ့လား။ အဲ့ဒီပိုက်ဆံက လုံလောက်တဲ့ဈေးမဟုတ်လား "

ယဲ့ဖန်က နှာခေါင်းကို ထိလိုက်သည်။

" အပေးအယူကောင်းပါဘဲ။ ဒါပေမဲ့ သူမက ဘာလို့ ကျွန်တော့်အစားပေးရမှာလဲ "

" ဒီပန်းအလုပ်က အဆင်ပြေမယ်လို့ထင်လို့လား။ ကျွန်တော်က ခင်ဗျားတို့နဲ့ကစားပေးမယ်လေ။ ဘာမဆိုလုပ်နိုင်ပါတယ် "

ရှုကျင်းရှင်းက ယဲ့ဖန်စကားကြောင့်ရယ်ချလိုက်သည်။

ဒီတစ်ယောက်ကတော့ ဒီလိုအခြေအနေမှာတောင် ဟာသလုပ်နိုင်သေးတာလား။

ဒါနဲ့ ........ ပန်းအလုပ်ဆိုတာ ဘာကိုပြောတာလဲ။

ယဲ့ဖန်၏စကားကိုကြားတဲ့အခါ ထိုလူကြီး၏မျက်နှာက သုန်မှုန်သွားသည်။

" ငါမင်းကို သင်ခန်းစာမပေးရင် မင်းက ဒီအခြေအနေကို နားမလည်လောက်ဘူးနဲ့တူတယ် "

" ဘယ်ခြေထောက်ကိုအရင်ချိုးပေးရမလဲပြောကြည့် "

ထိုသို့ပြောပြီး သံပိုက်ကိုဆွဲကာ သူတို့နှစ်ယောက်နားကပ်လာသည်။

" ခင်ဗျားကို သတိပေးနေတယ်နော်၊ လာမရှုပ်နဲ့။ ဒါက ဥပဒေနဲ့အညီအုပ်ချုပ်တဲ့ပတ်ဝန်းကျင်။ ကျွန်တော်အခု ရဲကိုဖုန်းဆက်လိုက်မှာ "

တစ်ဖက်က အတည်အကြည်ဖြစ်လာတာကိုတွေ့တဲ့အခါ ယဲ့ဖန် ချက်ချင်းဖုန်းထုတ်လိုက်သည်။

" ဟားဟား၊ ရဲကိုဖုန်းခေါ်မှာတဲ့လား။ ဒီနေရာကို အရာရှိတွေက နေ့ခင်းမှာတာဝန်ကျရင် ညဘက်တာဝန်ကျတဲ့သူက ငါဘဲ။ ဒီကိစ္စကို တိုင်ချက်ဖွင့်ချင်တာလား၊ သွားလေ၊ ငါ့ဖုန်းကိုပါ ငှားပေးရဦးမလား "

ထိုလူက ယဲ့ဖန်စကားကိုကြားတဲ့အခါ ရယ်စရာပြက်လုံးတစ်ခုအဖြစ်သာမြင်နေသည်။

သူက မကြောက်ဘူးဆိုတာသိသာသည်။

တစ်ဖက်က နောက်နေပုံမရတာကြောင့် ယဲ့ဖန်စဉ်းစားရကြပ်လာတော့သည်။

တိုက်ခိုက်ရမှာလား။

ပြင်းထန်တဲ့ကျားတစ်ကောင်က ဝံပုလွေတစ်အုပ်ကို ပြိုင် မတိုက်နိုင်ပေ။

ထို့အပြင် သူက ပြင်းထန်တဲ့ကျားတစ်ကောင်လည်း မဟုတ်သေးချေ။

တိုက်ခိုက်ခြင်းတွင် သူက အလွန်ဆုံးမှ မွေးကင်းစကျားပေါက် ပမာသာရှိသေးသည်။

ပြေးပါက တစ်ယောက်တည်းဆို လွတ်နိုင်ချေရှိသည်။

သို့ပေမဲ့ ဘေးတွင် ဒေါက်ဖိနပ်နှင့် ဝန်ထုပ်ဝန်ပိုးတစ်ခုကရှိနေတာကြောင့် ပြေးမရဖြစ်နေသည်။

မိန်းကလေးတစ်ယောက်တည်းကို ချန်ထားခဲ့ဖို့ကလည်း သူ့ပုံစံအကျင့်မဟုတ်ပေ။

ထို့ကြောင့် တခြားနည်းမရှိတော့ဘဲ တိုက်ခိုက်ရန်သာရှိတော့သည်။

ထိုအချိန်တွင် တစ်ချိန်လုံးငြိမ်နေခဲ့သည့် ရှုကျင်းရှင်းကပြောလိုက်သည်။

" ဦးလေးလျုံ၊ ဒီလူတွေကို အကုန်သွားရှင်းပစ်လိုက်။ တစ်ယောက်မှ အရှင်မထားနဲ့ "

စကားလုံးတွေက ပေါ့ပါးနေပေမဲ့ သတ်ပစ်ခိုင်းတဲ့ အငွေ့အသက်ပါနေသည်။

ဘေးက ယဲ့ဖန်ကတော့ မတတ်နိုင်ဘဲ တုန်ရီသွားသည်။

ဒီလိုမိန်းကလေးမျိုးကို မိသားစုက ဘယ်လိုပျိုးထောင်လာတာလဲ။

ဆယ်ယောက်ထက်မနည်းတဲ့ ရာဇဝတ်သားတွေနဲ့ ရင်ဆိုင်ရတာတောင် ထိုက်တောင်ကြီးလို တည်ငြိမ်နေရုံသာမက ရက်စက်တဲ့အမိန့်ကိုလည်းပေးသေးသည်။

သူမ မိသားစုက လုံးဝသာမန်မဟုတ်နိုင်ပေ။

ထို့ကြောင့် သူမကို စောင့်ရှောက်ဖို့လွှတ်ထားတဲ့ သက်တော်စောင့်က သေချာပေါက်ထိပ်တန်းကိုယ်ခံပညာရှိသူဖြစ်လိမ့်မည်။

ယဲ့ဖန်စိတ်ထဲမှ မျှော်လင့်ချက်လေးထပ်ပေါ်လာသည်။

ထိုအချိန်တွင် အနည်းငယ်ခါးကိုင်းကိုင်းနဲ့ပုံရိပ်တစ်ခုက သူတို့နှစ်ယောက်အနောက်ဘက်အရိပ်ထဲမှ ဖြည်းဖြည်းချင်းထွက်လာသည်။

ထိုသက်တော်စောင့်က အသက်၇၀အရွယ်အဘိုးကြီးဖြစ်မှန်းတွေ့တဲ့အခါ ယဲ့ဖန် စိတ်ပျက်သွားရသည်။

ဒါကြီးက ဘယ်လိုလုပ် ထိပ်တန်းဖြစ်မှာလဲ။ ထိပ်ပြောင်တဲ့နေရာမှာ ထိပ်တန်း မဟုတ်လား။

သူ့အသက်ကိုကြည့်ပုံအရ ယဲ့ဖန်အဘိုးထက်ပင်အသက်ကြီးလောက်သည်။

အသက်ကြီးနေပြီဖြစ်တာကြောင့် ခြေတွေလက်တွေကလည်း အိုမင်းနေပြီဖြစ်လိမ့်မည်။ အိမ်မှာနေပြီး မြေးမထိန်းဘဲ ဘာလို့ သက်တော်စောင့်လာလုပ်နေတာလဲ။

ဒီလိုလူတွေနဲ့ယှဉ်ရင် သူ့ကိုယ်သူတောင် ကာကွယ်နိုင်မယ့်ပုံမပေါ်တာကို သူများတွေကို ဘယ်လိုကာကွယ်မှာလဲ။

သက်တော်စောင့်ကို မှီခိုအားထားလို့မရမှန်းသိလိုက်တာကြောင့် ယဲ့ဖန် သူ့ဟာသူဘဲ ရင်ဆိုင်ရတော့မည်ဖြစ်သည်။

ထို့ကြောင့် ရှေ့တက်လာပြီး ရှုကျင်းရှင်းရှေ့ရပ်လိုက်သည်။

" မင်းသွားနှင့်၊ ကျွန်တော် သူတို့ကို ဆွဲထားလိုက်မယ် "

ရှုကျင်းရှင်းက သူ့နောက်ကျောကိုကြည့်ပြီး ရင်ခုန်သွားသည်။

အခြားယောက်ျားသာဖြစ်ပါက သူမကို ပစ်ပြီး ဒီလိုအခြေအနေကနေ ထွက်ပြေးသွားမှာဖြစ်သည်။

ဒါပေမဲ့ ယဲ့ဖန်ကတော့ သူ့အသက်ကိုပင် ပဓာနမထားဘဲ သူမကို အရင်ထွက်ပြေးစေသည်။

ဒီလိုယောက်ျားမျိုးကို မီးအိမ်နဲ့ထွန်းပြီးရှာရင်တောင် ရမှာမဟုတ်ဘူးမလား။

သူမနောက်ကိုလိုက်လာတဲ့ ဦးလေးလျုံကတောင်မှ ယဲ့ဖန်ကို ကြည့်လိုက်သည်။

ဒီကလေးက စိတ်ဝင်စားစရာဘဲ။

ဒါပေမဲ့ ဒီအခြေအနေက အလှလေးကိုကယ်ဖို့ သူရဲကောင်းအတွက်တောင်မှ အန္တရာယ်များလွန်းသည်။

ကောင်းကောင်းမတိုက်နိုင်ပါက သေသွားနိုင်သည်။

All Chapters