မော်ဒယ်၊ ပျော်ရွှင်ဖွယ် နေ့လယ်ခင်း
Vol. 3 Ch. 31
ချန်းယန်သည် ကြိုးသိုင်းညဝတ်အင်္ကျီ ကိုလဲပြီးနောက် ကျန်းကျဲ့က ကြည့်ပြီးသည်အထိ မှန်ရှေ့တွင် ခဏမျှ ရပ်နေပြီးမှ မျက်နှာနီရဲစွာဖြင့် အဝတ်လဲခန်းသို့ အမြန်ပြန်ဝင်သွားသည်။
အရောင်းဝန်ထမ်းရှိနေခြင်းက သူမကို စိတ်မသက်မသာ ဖြစ်စေခဲ့သည်။
ကျန်းကျဲ့သည်လည်း ဤကဲ့သို့သော အခြေအနေမျိုးကို ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းဖြစ်သော်လည်း အေးအေးဆေးဆေးပင်။
တကယ်တော့ ဝန်ထမ်းသည် ဖောက်သည်နှစ်ဦး၏ အသက်ကို တတ်နိုင်သမျှ လျစ်လျူရှုထားခဲ့ခြင်းပင်။
သို့သော် ကျောင်းသားနှစ်ဦး အတူတူ အဝတ်အစားများ၊ မိန်းကလေးအတွက် အိမ်ဝတ်အင်္ကျီ အချို့ကို ရွေးနေခြင်း ဖြစ်ရာ ဝန်ထမ်း၏ အကြည့်များက ပုံမှန်ဖြစ်နေသော်လည်း သူတို့ စိတ်ထဲတွင် အလွန် ကသိကအောက် ဖြစ် နေကြသည်။
ချန်းယန်သည် သူ၏ အဝတ်အစားများကို ပြန်လဲပြီး ခုနက စမ်းဝတ်ထားသော အိပ်ဝတ်အင်္ကျီ တစ်စုံ ကို ကိုင်ကာ အဝတ်လဲခန်းမှ ထွက်လာပြီး ဝန်ထမ်းကို “ဒီအဝတ်အစား...” ဟု ပြောလိုက်သည်။
သူမ စကားမဆုံးခင် ကျန်းကျဲ့က ဖြတ်ပြောလိုက်သည်- “ဒီအဝတ်အစားနဲ့ မင်း အရင်ရွေးထားတာတွေ အကုန်ထုပ်ပြီး ရှင်းမယ်”
“ကောင်းပါပြီ၊ ခဏလေး စောင့်ပေး ပါ” ဝန်ထမ်းသည် ယနေ့တွင် အရောင်းအဝယ်ကြီးတစ်ခု ဖြစ်မြောက်သွား သဖြင့် ချန်းယန်အား ချက်ချင်းပင် ဆုတောင်းပေးလိုက်သည်- “မင်းရဲ့ ချစ်သူက တကယ်ကို မျက်စိလျှင်ချက်ကတော့လေ”
ချန်းယန်သည် မျက်နှာနီရဲစွာဖြင့် ကျန်းကျဲ့ကို ကြည့်လိုက်သည်။
သူမက တံဆိပ်ကို ခုနက ကြည့်ထားရာ ဤအဝတ်အစားက အလွန်ဈေးကြီးလေ သည်။သူမ မဝယ်ရန် အကြောင်းပြချက် ပေးချင်သော်လည်း ကျန်းကျဲ့က ချက်ချင်း ဆုံးဖြတ်လိုက်သည်။ ဝန်ထမ်း၏ စကားများက သူမကို တုံ့ပြန်ရန် အခွင့်မသာစေခဲ့ရာ ကျန်းကျဲ့ဘက်သို့ လှည့်ကြည့်ရုံသာ တတ်နိုင်တော့သည်။
ကျန်းကျဲ့က ဘာမှမပြောဘဲ ပုံမှန်အတိုင်းပင် ရှိနေပုံရပြီး ဝန်ထမ်းနှင့်အတူ ငွေရှင်းရန် လိုက်သွားသည်။
သူမနှင့် ရင်းနှီးသူတစ်ဦး ရှိခဲ့လျှင် ယခင် ချန်းယန်နှင့် လုံးဝမတူတော့သည်ကို အံ့ဩမိကြပေလိမ့်မည်။
အဝတ်ဆိုင်မှ ထွက်လာကြသောအခါ ကျန်းကျဲ့နှင့် ချန်းယန်တို့၏ လက်ထဲတွင် အထုပ်ကြီး၊အထုပ်ငယ် များ ရှိနေလေ သည်။
ချန်းယန်က “ဆက်မဝယ်ပါနဲ့တော့၊ကျွန်မ မကိုင်နိုင်တော့ဘူး” ဟု ပြောလိုက်သည်။
ကျန်းကျဲ့က စဉ်းစားကြည့်တော့ ဤအဝတ်အစားများက လုံလောက်ပြီဟု ထင်သည်။
“သွားကြစို့၊ ကားစီးပြီး ပြန်ကြမယ်”
ကားပေါ်တွင် ထိုင်နေစဉ် ချန်းယန်က စကား တစ်ခွန်းမျှ မပြောပေ။
သူမက ခုနက ဘေလ်ကို တိတ်တိတ်လေး ကြည့်ထားရာ မိဘများက သူ့ကို အဝတ်အစားဝယ်ပေးသည့်တိုင် တစ်ခါမှ ဤမျှများပြားသော ငွေကြေးကို အသုံးမပြုဖူးပေ။ သူက ငွေအလွန်မက်သည့် မိန်းကလေးဟု သူ ထင်သွားမည်လားဟု စိတ်ထဲက တွေး နေမိသည်။
အရင်ကဆိုရင် ဒီကိစ္စတွေကို သူ ဂရုမစိုက်ခဲ့ပေ။ သို့သော် ကျန်းကျဲ့နှင့် ကြုံတွေ့ရသောအခါ သူ့ခံစားချက်ကို ဂရုစိုက်လာမိသည်။
ကျန်းကျဲ့က စနစ်မစ်ရှင်ကို ဂရုစိုက်နေသည်။ မစ်ရှင်က ပေးသည့် သတိပေးချက်က အလွန်ဆွဲဆောင်မှု ရှိနေသောကြောင့်ပင်။ မစ်ရှင်ပြီးမြောက်ပါက ရရှိနိုင်သည့် ဆုလာဘ်များက ဤပိုက်ဆံများထက် အများကြီး ပိုများလေ သည်။
တကယ်တော့ သူက ချန်းယန်၏ စိတ်ထဲက အတွေး ကို ခန့်မှန်းနိုင်လောက်သည်။
နှစ်ဦးသား ပန်းချီခန်းသို့ ပြန်ရောက်လာကြသည်။
ချန်းယန်သည် ရင်းနှီးသော နေရာသို့ ပြန်ရောက်လာသောအခါ ချက်ချင်းပင် စိတ်ပေါ့ပါးသွား ပြီး အဝတ်အစားပုံကို ကြည့်ရင်း ပို၍ပင် နှစ်သက်လာသည်။“ကျန်းကျဲ့၊ ကျွန်မ ဘယ်အဝတ်အစားကို အရင်စမ်းဝတ်ရမလဲ”
ကျန်းကျဲ့က ပြုံး ကာ သူမနှင့် သူ့အတွက် ရေတစ်ခွက်စီ ယူလာရင်း “အကုန် မင်းအပိုင် ပဲ၊မင်း ကြိုက်သလို ဝတ်ပါ” ဟု ပြောလိုက်သည်။
ချန်းယန်က အဝတ်အစားတစ်ထည်ကို ရွေးထုတ်ပြီး သူ့ရှေ့တွင် ကာထားသည်- “ရှင် ဟိုဘက်လှည့်ပေး လို့ ရမလား”
ကျန်းကျဲ့က ရေခွက်ကို ကိုင်ရင်း မီးဖိုချောင်ဘက်သို့ လှည့်သွားကာ - “မင်း လဲပြီးရင် ငါ့ကို ခေါ်လိုက်”
..........
“ရပြီ”
ကျန်းကျဲ့သည် အသံကြားသောအခါ မီးဖိုချောင်မှ ထွက်လာပြီး ချန်းယန်က ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး လက်ထဲတွင် ကြီးမားသော ပန်းချီစာအုပ်တစ်အုပ်ကို ကိုင်ထားသည်ကို တွေ့လိုက်ရသည်။
သူမက ပြတင်းပေါက်ဘက်သို့ ကျောပေးထားရာ နေရောင်ခြည် ဖြာကျလာပြီး နောက်ပြန်အလင်းရောင်ကြောင့် သူမပေါ် တွင် အလင်းရောင်တစ်ထပ် ပေါ်လာသည်။
“လှရဲ့လား” ချန်းယန်က စာဖတ်သည့် အနေအထားအတိုင်းပင် ရှိနေသည်။
ကျန်းကျဲ့က ခေါင်းညိတ်ပြီး “လှတယ်၊ နည်းနည်း ထပ်ပြင်ရ မယ်” ဟု ပြောလိုက်သည်။
သူက ကုလားထိုင်ကို ဆိုဖာအဖြစ် ပြင်ဆင်ပြီး ခေါင်းအုံးများနှင့် နောက်မှီခေါင်းအုံးများကို တင်လိုက်ရာ အလုံးစုံအသွင်အပြင်က ပို၍ ကောင်းမွန်လာသည်။
ဆက်လက်ပြီး နှစ်ယောက်သား မြင်ကွင်းနှင့် လှုပ်ရှားမှုများကို ပြောင်းကာ ဓာတ်ပုံအသစ်များစွာကို ဆက်တိုက် ရိုက်ကူးနေကြသည်။
.......
“ခဏနားဦးမယ်၊ကျွန်မ နည်းနည်းပင်ပန်းလာပြီ” ချန်းယန်သည် အဝတ်အစား စမ်းဝတ်ခြင်းကလည်း ပင်ပန်းသည်ကို ပထမဆုံးအကြိမ် ခံစားခဲ့ရသည်။
ကျန်းကျဲ့က သူမ ကုလားထိုင်ပေါ်တွင် ပျင်းရိစွာ ထိုင်နေသည်ကို မြင်သောအခါ စိတ်ကူးသစ်များ ပေါ်လာသည်။
“ချန်းယန်၊ မင်း ဆိုဖာပေါ်မှာ ပက်လက်လှန်ပြီး မှေးစက်နေတဲ့ ပုံစံလုပ်ကြည့်ပါလား”
“အင်း” ချန်းယန်က တဖြည်းဖြည်း အသားကျလာပြီး ဖိနပ်များကို သဘာဝအတိုင်း ချွတ်ကာ ဆိုဖာပေါ်တွင် ပက်လက်လှန်၍ မှေးစက်သည့် ပုံစံလုပ်လိုက်သည်။
လှဲချပြီးသည်နှင့် ပြန်ထိုင်ကာ အိပ်ဝတ်စုံကို ပြင်ဆင်ပြီး ပြဿနာမရှိသည်ကို ကြည့်ပြီးနောက် ပြန်လှဲချလိုက်ရင်း- “ဒီလိုဆို ရပြီလား”
ကျန်းကျဲ့က “အင်း” ဟု ပြောပြီး “မျက်လုံးမှိတ်ထားပါ” ဟု ပြောလိုက်သည်။
သူက သူမကို ခဏတာ ကြည့်ပြီးနောက် ချန်းယန်၏ ဆံပင်များကို ပြင်ပေးရန် လျှောက်သွားသည်။ ချန်းယန်ကို သက်တောင့်သက်သာ နှင့် ပေါ့ပေါ့ပါးပါး အနေအထား ပြင်ပေးလိုက် သည်။
ချန်းယန်က သူ လုပ်ချင်သလို လုပ်ခွင့်ပြုထား သည်။
ကျန်းကျဲ့က မတူညီသော နေရာများမှ လေ့လာပြီး ထပ်မံချိန်ညှိသည်။
အကြိမ်ကြိမ် ချိန်ညှိပြီးနောက် ဤအချိန်တွင် ချန်းယန်သည် မှေးစက်နေသော မိန်းကလေးတစ်ဦး၏ ပုံရိပ်ကို အပြည့်အဝ ဖော်ပြနေသည်။
နေ့လယ်ခင်း နေရောင်အောက်တွင် မိန်းကလေး၏ ညဝတ်အင်္ကျီ တစ်စိတ်တစ်ပိုင်းက တွဲကျနေပြီး ဖြူဖွေးချောမွတ်သော လက်နှင့် ခြေထောက်များ ပေါ်နေ သည်။
ကျန်းကျဲ့က ဤမြင်ကွင်းကို မြင်သောအခါ အနည်းငယ် စွဲမက်သွားပြီး မတူညီသော ရှုထောင့်များမှ ဓာတ်ပုံများ ရိုက်ကူးကာ၊ ထိုအခိုက်အတန့်၏ ခံစားချက်များကို ပုံကြမ်းဖြင့် မှတ်တမ်းတင်လိုက်သည်။
သူ ဆွဲပြီးနောက် ချန်းယန်ကို မနိုးဘဲ အချိန်အတော်ကြာ တိတ်တိတ်လေး ကြည့်နေခဲ့သည်။
ချန်းယန်က တိုးတိုးလေး မေးလိုက်သည်- “ကျန်းကျဲ့၊ ပြီးပြီလား”
“ပြီးပြီ”
“အင်း” ချန်းယန်က အားယူထလိုက်ပြီး ကိုယ်လက်ဆန့်လိုက်သည်။ ခုနက အနေအထားက အလွန်သက်သောင့်သက်သာဖြစ်ရာ သူမ တကယ်ပင် အိပ်ပျော်လုနီးပါး ဖြစ်ခဲ့ပြီး၊ ဇဝေဇဝါ အခြေအနေတွင် အချိန်အတော်ကြာ အပျင်းကြောဆန့် ပြီးမှ မေးလိုက်ခြင်း ဖြစ်သည်။
သူမက ကျန်းကျဲ့၏ လှုပ်ရှားမှုကို မြင်သောအခါ “ရှင် အရင်ကတည်းက ဆွဲပြီးသား မဟုတ်လား” ဟု မေးလိုက်သည်။
ကျန်းကျဲ့က ပြုံး လိုက်ရင်း - “မင်းကို မနှောင့်ယှက်ချင်လို့ပါ။ လာ၊ ဘယ်လိုလဲ ကြည့်လိုက်ပါဦး”
ချန်းယန်က ကျန်းကျဲ့အနားသို့ လာ ပြီး ဓာတ်ပုံများနှင့် ပုံကြမ်းများကို ကြည့်ရှုကာ- “ဒီပုံက ကောင်းတယ်၊ ဒီပုံလည်း ကောင်းတယ်၊ကျွန်မ ဒီပုံတွေ အကုန်လုံး လိုချင်တယ်”
ကျန်းကျဲ့က “ဓာတ်ပုံတွေ အကုန် မင်းကို ငါ ကူး ပေးနိုင်ပါတယ်။ ပုံတူပန်းချီကတော့ ခဏစောင့်ရမယ်။ ငါ ပုံကြမ်းကို အရင်ဆွဲမယ်၊ငါ အချိန်ရမှ ရေဆေး ပန်းချီ ဆွဲမယ်” ဟု ပြောလိုက်သည်။
“အလျင်မလိုပါဘူး၊ ဖြည်းဖြည်း ဆွဲ ပါ”
နှစ်ယောက်သား ပန်းချီကားများ ကြည့်ခြင်း၊ စကားပြောခြင်း၊ မုန့်စားခြင်းတို့ဖြင့် ပျော်ရွှင်စွာ အချိန် ကုန်ခဲ့ကြရာ မသိလိုက်မသိဘာသာဖြင့် ညနေ ၄ နာရီပင် ထိုးနေပြီပင်။
ချန်းယန်က အချိန်ကို ကြည့်ပြီး စိတ်မချမ်းမသာစွာဖြင့် “ကျန်းကျဲ့၊ ကျွန်မ အိမ်အမြန် ပြန်ရတော့မယ်” ဟု ပြောလိုက်သည်။
“ကောင်းပြီ၊ မင်းရဲ့ အဝတ်အစားတွေကို ငါ ဝိုင်း သိမ်းပေးမယ်၊ မင်း ယူသွားလိုက်”
ချန်းယန်က - “ကောင်းပါပြီ၊ ဒါပေမဲ့ ကျွန်မ ဒီနေ့တော့ မယူသွားသေးဘူး” ဟု ဝမ်းသာအားရ ပြောလိုက်သည်။
“ဘာဖြစ်လို့လဲ”
ချန်းယန်က “ကျွန်မ ဒီအဝတ်အစားတွေ အများကြီး ယူသွားရင် ကျွန်မအမေကို ဘယ်လိုရှင်းပြရမလဲ” ဟု ပြောလိုက်သည်။
ကျန်းကျဲ့က “အော်၊ ငါ မစဉ်းစားမိလိုက်ဘူး။ မင်း တစ်စုံနှစ်စုံ ယူသွားပြီး အိမ်ကပေးတဲ့ ပိုက်ဆံနဲ့ ဝယ်တယ်လို့ ပြောလိုက်ပေါ့ ။ ကျန်တာတွေက ဒီမှာ အရင်ထားခဲ့၊ မင်း အခွင့်အရေးရှာပြီး တဖြည်းဖြည်း ယူသွားပေါ့” ဟု ပြောလိုက်သည်။
ချန်းယန်က ဂါဝန်တစ်ထည်ကို ရွေးလိုက်သည်- “အဝတ်အစားတွေ ရှင့်ဆီမှာ ထားခဲ့ရင် ရှင့်မိဘတွေကို ဘယ်လိုရှင်းပြမလဲ”
ကျန်းကျဲ့က အေးအေးဆေးဆေးပင် " မင်းက ငါ ငှားထားတဲ့ မော်ဒယ်လို့ ပြောလိုက်မယ်။မင်း ငါ့ရဲ့ အမြဲတမ်းမော်ဒယ် လုပ်ချင်လား” ဟု ပြောလိုက်သည်။
သူ၏ အဖြေက ချန်းယန်ကို စိတ်သက်သာရာရစေသော်လည်း တစ်ဖက်တွင် စိတ်ပျက်သွား သည်။ “ရှင် တကယ်ပဲ ကျွန်မကို ငှားချင်တာလား”
“ဆုကြေးပေးပါ့မယ်”
“ကောင်းပြီ” ချန်းယန်က ဝမ်းသာအားရ သဘောတူလိုက်သည်- “ကျွန်မ နည်းနည်းတော့ ဓာတ်ပုံရိုက်ချင် ပေမဲ့လည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေရဦးမှာ။ကျွန်မ အချိန်ရရင် ရှင့်အတွက် မော်ဒယ်လုပ်ပေးပါ့မယ်”
“စိတ်ချပါ၊ မင်းအချိန်ကို အလဟဿ မဖြစ်စေရ ပါဘူး” ကျန်းကျဲ့က စနစ်၏ အသံကို ကြားလိုက်ရသည်။
ချန်းယန်သည် ပစ္စည်းများကို သိမ်းဆည်းပြီးနောက် ကျန်းကျဲ့က သူမကို အောက်ထပ်သို့ လိုက်ပို့ပြီး ဘတ်စ်ကားဂိတ်အထိ ပို့ပေးသည်။
ကားစောင့်နေစဉ် ချန်းယန်က “ ရှင် ဘယ်ကျောင်းက စာမေးပွဲ ကို ဖြေမှာလဲ” ဟု မေးလိုက်သည်။
ကျန်းကျဲ့က “ငါ စက်မှုတက္ကသိုလ်ရဲ့စာမေးပွဲ ကို ဖြေဖို့ ပြင်ဆင်နေတယ်” ဟု ပြောလိုက်သည်။
ချန်းယန်က စိတ်ပျက်စွာဖြင့် “အာ၊ကျွန်မတို့ အတူတူ စာမေးပွဲ မဖြေနိုင်တော့ဘူးပဲ” ဟု ပြောလိုက်သည်။
ကျန်းကျဲ့က သူ့ကို နှစ်သိမ့်သည် - “နောက်ပိုင်းမှာ အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်”
ဘတ်စ်ကား ရောက်လာသည်။
ချန်ယန်က ကားပေါ်တက်ပြီး ခုံ လွတ်တစ်ခု ရှာကာ ထိုင်လိုက်သည်။ ခေါင်းကို မော့ကာ ကျန်းကျဲ့ကို ရှာနေ သည်။
ကား စထွက် သည်နှင့် ချန်းယန်က ကျန်းကျဲ့ကို လက်ဝှေ့ယမ်း ပြသည်။
ကျန်းကျဲ့ကလည်း ချန်းယန်ကို မမြင်ရတော့သည်အထိ လက်ဝှေ့ယမ်းပြသည်။
သူက ဖြည်းဖြည်းချင်း ပန်းချီခန်းသို့ ပြန်လျှောက်လာသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲနှင့် ငွေရှာရန် ဖိအားနှစ်ခုစလုံး ရှိနေသောကြောင့် သူသည် အချိန်အများအပြားကို အပန်းဖြေခြင်းဖြင့် ကုန်ဆုံးလေ့မရှိပေ။ ဤနေ့လယ်ခင်းက သူ့အတွက် ရှားရှားပါးပါး အပန်းဖြေချိန်ဖြစ်သည်။
စိတ်အပန်းဖြေပြီးနောက် စိတ်ခံစားချက်က အထူးပင် လန်းဆန်းနေ သည်။
သူက စနစ်ကို ဖွင့်လိုက်သောအခါ မစ်ရှင်သတိပေးချက်ကို တွေ့လိုက်ရသည်- “အမြဲတမ်းမော်ဒယ်စာချုပ် ပြီးစီးသွားပါ ပြီ။ ပိုင်ရှင်အနေဖြင့် အမြန်ဆုံး ဖန်တီးမှု စတင်ရန် တောင်းဆိုသည်”
ကျန်းကျဲ့သည် ပျော်ရွှင်သော စိတ်ဖြင့် နေ့လယ်ခင်းတစ်လျှောက်လုံး၏ လက်ရာများကို ကြည့်ပြီး နောက်ပိုင်း ဖန်တီးမှုများကို စိတ်ကူးနေမိတော့ သည်။