← Chapters

အပိုင်း ၁၄၅-၁၄၈

Vol. 8 Ch. 145-148

အပိုင်း ၁၄၅-၁၄၈

Vol. 8 Ch. 145-148

အပိုင်း (၁၄၅)

မင်းကိုယုံမယ်လို့ထင်နေတာလား။

" မင်္ဂလာပါ၊ ယဲ့လူကြီးမင်း။ ခင်ဗျားကို ဒီလောက်ငယ်မယ်လို့ ထင်မထားဘူး "

ချုံထျန်းကော၏မျက်နှာတွင် အံ့ဩမှုနှင့်ပြည့်နှက်နေသည်။

" သူ့ရဲ့ ငယ်တဲ့အသက်အရွယ်တောင် အထင်မမှားလိုက်နဲ့။ ဒီကလေးက အောက်ခြေကနေစပြီး သူ့ရဲ့မိသားစုစီးပွားရေးကို စတင်ခဲ့တာ။ အတော်လေး လုပ်ရည်ကိုင်ရည်ရှိတယ် "

ဘေးမှာရပ်နေတဲ့ချန်းချုံရှန်းက အခွင့်အရေးကြုံတုန်း ချီးကျူးပြောသည်။

" အစ်ကိုချန်း၊ ကျွန်တော့်ကို နောက်မနေပါနဲ့။ ဥက္ကဌချုံက ရယ်နေပါလိမ့်မယ် "

ယဲ့ဖန်က ရိုကျိုးစွာဖြင့် လက်ကိုခါလိုက်သည်။

" ငါက အမှန်ပြောနေတာပါ။ ဘယ်နားက ရယ်စရာပါလို့လဲ "

ချန်းချုံရှန်းက ယဲ့ဖန်အပေါ်အထင်ကြီးခြင်းကို ပြောရမှာ တွန့်တိုမနေပေ။

ယဲ့ဖန်က ခေါင်းကိုခါလျက်ပြုံးပြီး ချုံထျန်းကောဘက်ကိုလှည့်ကြည့်လိုက်သည်။

" ဥက္ကဌချုံက ကျွန်တော့်နဲ့ဘာကိစ္စများရှိလို့လဲ "

" ယဲ့လူကြီးမင်းက Sotheby လေလံပွဲကနေ ရှန်းဘုရင်ရဲ့လျှို့ဝှက်ရတနာမြေပုံကို ဝယ်ခဲ့တယ်လို့ ကြားမိပါတယ် "

ထိုအခါမှ ချုံထျန်းကောက သူလာရခြင်းအကြောင်းကို ထုတ်ပြောသည်။

" ဟုတ်ပါတယ်၊ ဘာများဖြစ်လို့လဲ "

ယဲ့ဖန်က အမှန်တိုင်းခေါင်းငြိမ့်ဖြေလိုက်သည်။

" ယဲ့လူကြီးမင်းဆီကနေ အဲ့ဒီမြေပုံအပိုင်းကို ဝယ်ဖို့ တစ်စုံတစ်ယောက်က တာဝန်ပေးထားပါတယ်။ ယဲ့လူကြီးမင်းကရော ရောင်းဖို့စိတ်ကူးရှိလားသိချင်လို့ပါ "

ချုံထျန်းကောက မျှော်လင့်တကြီးကြည့်ပြီးမေးလိုက်သည်။

ချန်းချုံရှန်းက ထိုစကားဝိုင်းကြောင့် ချက်ချင်းရှင်းပြလိုက်သည်။

" ဥက္ကဌချုံနဲ့ ဒီကိုမလာခင်တုန်းက လာချင်တဲ့ ရည်ရွယ်ချက်ကို မသိခဲ့ဘူး "

" အစတုန်းက ဥက္ကဌချုံက မင်းဆီကို ဒီအတိုင်းသွားချင်တယ်လို့ဘဲပြောခဲ့တာ "

" ညီလေးယဲ့၊ မင်းအထင်မလွဲပါနဲ့ "

ထို့နောက် ချန်းချုံရှန်းက ချုံထျန်းကောဘက်ကိုလှည့်ပြီးပြောသည်။

" ချုံထျန်းကော၊ မင်းဘာလို့ စောစောမပြောတာလဲ။ မင်းက ယဲ့ညီလေးရဲ့ ရတနာမြေပုံကို ဝယ်ဖို့ ဒီကိုလာတာမှန်းသိရင် ငါ မင်းကို ခေါ်မလာဘူး "

" ဘာလို့လဲ။ ငါက ပိုက်ဆံပေးပြီးဝယ်မှာပါ။ ဓားပြတိုက်မှာမှမဟုတ်တာ "

ချုံထျန်းကောက အနည်းငယ် နားမလည်ဖြစ်သွားသည်။

" ယဲ့လူကြီးမင်းက ဒီမြေပုံအပိုင်းအစကို ယွမ် ၂.၂သန်းနဲ့ လေလံအောင်ခဲ့တယ်လို့ သိထားပါတယ် "

" ကျွန်တော့်ကို လာဝယ်ခိုင်းတဲ့လူကြီးမင်းက ယွမ် ၅သန်းနဲ့ ဝယ်ဖို့ ဆန္ဒရှိပါတယ် "

" ဒီလိုဆိုရင် ယဲ့လူကြီးမင်း လုံးဝမနစ်နာစေရပါဘူး။ ဒီကနေ ပိုက်ဆံအမြတ်တောင်ရဦးမှာပါ "

ထိုစကားကိုကြားတဲ့အခါ ယဲ့ဖန် မထိန်းနိုင်ဘဲရယ်လိုက်သည်။

ယွမ် ၅သန်းတဲ့လား။

သူ့ကို သူဖုန်းစားလို့များ သူတို့က ထင်နေကြတာလား။

ချန်းချုံရှန်း တုန်လှုပ်ခြောက်ခြားသွားပြီး ချုံထျန်းကော ဆက်ပြောမည့်အရေးကို ချက်ချင်းဆွဲတားလိုက်သည်။

ချုံထျန်းကောကတော့ ချန်းချုံရှန်း ဘာကို ဆိုလိုချင်နေမှန်းမသိဘဲ ယဲ့ဖန်ကို ဆက်ကြည့်သည်။

" ယွမ် ၅သန်းက နည်းတယ်လို့ ယဲ့လူကြီးမင်းထင်ရင် လိုချင်တဲ့ ပမာဏကိုပြောလို့ရပါတယ်။ မလွန်သရွေ့တော့ ကျွန်တော်က တစ်ဖက်လူအစား သဘောတူပေးပါ့မယ် "

ယဲ့ဖန်သည် အောက်ခြေမှစခဲ့ရသူတစ်ယောက်ဟု ချန်းချုံရှန်းပြောထား၍ သူသိခဲ့ရသည်။

ထို့ကြောင့် သူ့အတွေးအမြင်အရ အသက် ၂၀ အစောပိုင်း ကောင်ငယ်လေးတွေသည် အတော်လေးပြဿနာရှာတတ်ကြတဲ့အပြင် သူ့မိသားစုစီးပွားရေးကလည်း အတော်ကြီးတဲ့ထဲမပါနိုင်ပေ။

အကယ်၍ တစ်ဖက်သူက ယွမ်၅သန်းလောက်နဲ့ မကျေနပ်လျှင်

၁၀ သန်းပေးမည်။

၁၀ သန်းတောင်မှ မလောက်သေးဘူးဆိုပါက အလွန်ဆုံး ယွမ် ၁၅သန်းအထိ ကမ်းလှမ်းနိုင်သည်။

ဒီလောက်များတဲ့ငွေပမာဏကို ဒီလူငယ်လေးက ငြင်းဆန်နိုင်လိမ့်မည်ဟု သူ မထင်ချေ။

ယဲ့ဖန် အနည်းငယ်ဒေါသထွက်နေပြီဖြစ်ပြီး ချန်းချုံရှန်းဘက်ကို လှည့်ကြည့်လိုက်သည်။

" အစ်ကိုချန်း၊ အကယ်လို့ စကားစမြည်ပြောပြီး ရေနွေကြမ်းသောက်ဦးမယ်ဆို အိမ်ထဲဝင်ထိုင်လှည့်ပါ "

" မဟုတ်ဘဲ စီးပွားရေးကိစ္စဆိုရင်တော့ ကျေးဇူးပြုပြီး ပြန်သွားပေးပါ "

ချန်းချုံရှန်းက အလျင်အမြန်ခေါင်းငြိမ့်လိုက်သည်။

" ဒီနေ့တော့ ရေနွေးကြမ်းဘဲသုံးဆောင်ပြီး စကားစမြည်ပြောကြတာပေါ့။ စီးပွားရေးအကြောင်းမပြောပါဘူး "

တကယ်တော့ ချန်းချုံရှန်း နောင်တရနေပြီဖြစ်သည်။

ချုံထျန်းကောက ယဲ့ဖန်ဆီသို့လာချင်တဲ့အကြောင်းပြချက်ကို သူသိခဲ့ပါက ဒီကို ဘယ်တော့မှခေါ်လာမည်မဟုတ်ပေ။

ယဲ့ဖန်ရဲ့ အင်အားနဲ့သာဆို သူက ဒီ ယွမ် ၅သန်းလောက်ကို စိတ်ထဲတောင်ထားမှာတဲ့လား။

ဒါက စော်ကားနေတာမဟုတ်ဘူးလား။

ပြီးတော့ သူကလည်း ယဲ့ဖန်ကို တဖက်လှည့်နဲ့ စော်ကားအထင်သေးမိသလိုဖြစ်သွားခဲ့သည်။

သူ့အမှားအတွက် ပြန်ပြီးမျက်နှာဆယ်နိုင်မယ့် အကောင်းဆုံးနည်းလမ်းကိုသာ ကြိုးစားရတော့မည်ဖြစ်သည်။

ယဲ့ဖန်က ဘာမှဆက်မပြောတော့ဘဲ ရေကန်မြင်ကွင်းရှိတဲ့ စံအိမ် နံပါတ်(၁)ဆီသို့ တန်းတန်းလျှောက်သွားခဲ့သည်။

ချန်းချုံရှန်းနှင့် ချုံထျန်းကောတို့ကလည်း အနောက်မှ နီးကပ်ကပ်လိုက်လာကြသည်။

" ဝါး၊ ဒီက စံအိမ်တွေက မဆိုးဘူးဘဲ။ ယဲ့လူကြီးမင်း၊ ဒီမှာ အိမ်ငှားနေတာလား။ လူကြီးမင်းက ငယ်ရွယ်ပြီး အလားအလာရှိတာဘဲ "

သူတို့ စံအိမ်ဧရိယာအတွင်းသို့လျှောက်လာကြသည်။

စံအိမ်အတန်းလိုက်တွေကိုကြည့်ပြီး ချုံထျန်းကောက အတော်လေးအားကျနေသည်။

သူ့အထင်အရ ဒီမှာ အိမ်ငှားလျှင် တစ်နှစ်ကို ယွမ်သန်းချီရှိလောက်မည်ဖြစ်သည်။

ဒီလိုနေရာမှာ အိမ်ငှားနိုင်တယ်ဆိုတာ ဒီလိုလူငယ်လေးတစ်ယောက်အတွက် အတော်လေးအထင်ကြီးစရာကောင်းနေပြီဖြစ်သည်။

ယဲ့ဖန်က ရယ်လိုက်ပြီး သူ့ကို လျစ်လျူရှုလိုက်သည်။

ဘေးမှာရပ်နေတဲ့ချန်းချုံရှန်းကတော့ သူ့ကိုယ်သူခေါင်းပိတ်ရိုက်လိုက်သည်။ သူ့မှာ ပြောစရာစကားပင်မရှိတော့ချေ။

သူတို့သုံးဦးသား ကျုံးထျန်းကန်သာယာအိမ်ရာနံပါတ် (၁)သို့ ရောက်လာခဲ့သည်။

ချုံထျန်းကောက ထပ်ပြီး အံ့ဩသွားရသည်။

" ဒီစံအိမ်ရဲ့နေရာက အကောင်းဆုံးလို့ထင်တယ်။ ဒီစံအိမ်ကိုငှားရတဲ့ဈေးက အနည်းဆုံး တစ်နှစ်ကို ယွမ်သန်းချီရှိမှာဘဲ၊ မဟုတ်လား။ ယဲ့လူကြီးမင်းမှာ အမြင်ကောင်းရှိတာဘဲ "

ယဲ့ဖန်ကို ချီးကျူးနေပေမဲ့ တကယ်တော့ သူက ယဲ့ဖန်ကို အထင်သေးနေဆဲဖြစ်သည်။

အောက်ခြေကစပြီးချမ်းသာလာတဲ့သူဌေးငယ်ငယ်လေးက ဒီလိုနေရာမျိုးကို ငှားရမ်းရုံသာတတ်နိုင်လိမ့်မည်။

ဒါတောင်မှ သူက ဒီလိုအဆင့်မြင့်နေရာရဲ့အကောင်းဆုံးအိမ်ကိုရွေးထားခဲ့တာလား။

ဒါက မိုက်မဲရာမကျဘူးလား။

ဒီတစ်ယောက်က ရဲတင်းလွန်းတာဘဲ။

တစ်ဖက်သူရဲ့ အားနည်းချက်ကို ရှာမိတာပြီး အကျိုးအမြတ်တွေနဲ့မျှားခေါ်လိုက်ပါက လက်မခံမှာကို စိုးရိမ်စရာမလိုတော့ပေ။

စံအိမ်ထဲသို့ဝင်ပြီးတဲ့နောက် ယဲ့ဖန်က သာမန်အတိုင်း ဆိုဖာကို ညွှန်ပြလိုက်သည်။

" ထိုင်ကြပါဦး။ ဘာသောက်ချင်ကြလဲ "

" ရေနွေးကြမ်းဆိုရပါပြီ "

ချန်းချုံရှန်းက ချုံထျန်းကောကိုဆွဲပြီး ဆိုဖာပေါ်တွင်ထိုင်ကာဖြေလိုက်သည်။

" ချုံရှန်း၊ ငါ ယဲ့လူကြီးမင်းနဲ့ဆွေးနွေးနေတာကို မင်းက ဘာလို့လိုက်ပိတ်နေတာလဲ "

ချုံထျန်းကောက ချန်းချုံရှန်း၏လက်ကို မပျော်မရွှင်ခါထုတ်လိုက်သည်။

" ဘာကိုဆွေးနွေးမှာလဲ။ ယဲ့ညီလေးက စိတ်ရှုပ်နေတာကို မင်းမမြင်ဘူးလား "

ချန်းချုံရှန်းက စိတ်မရှည်တော့ဘဲ အပြစ်တင်ပြောဆိုလိုက်တော့သည်။

" ဘာကို စိတ်ရှုပ်စရာလိုလို့လဲ။ ငါက သူ့ကို ပိုက်ဆံပေးဖို့ရောက်လာတာလေ "

ချုံထျန်းကောက နားမလည်ဖြစ်နေသည်။

" ယဲ့ညီလေးက ဒီလိုနေရာမှာတောင်နေတာကို ပိုက်ဆံပြတ်လပ်နေမယ် မင်းထင်လို့လား "

ချန်းချုံရှန်း ခေါင်းကိုက်လာရသည်။

" ဒီနေရာကငှားထားတာတင်ဘဲမဟုတ်လား။ ယွမ်သန်းအနည်းငယ်လောက်ဘဲလေ။ ဒီလောက်လေးနဲ့ ဘာမှမဟုတ်ပါဘူး "

ချုံထျန်းကောကတော့ စိတ်ထဲမထားပေ။

" ဒီနေရာက ငှားထားတာကို မင်းကို ဘယ်သူပြောလဲ။ ဒါက ယဲ့ညီလေးရဲ့အိမ်ကွ "

ချန်းချုံရှန်းသည် ယဲ့ဖန်၏ဂုဏ်အနေအထားကို မဖော်ထုတ်ချင်ပေမဲ့လည်း ချုံထျန်းကောက ခေါင်းမာနေတာကြောင့် ထုတ်ပြောလိုက်ရတော့သည်။

" ဘာ။ ဒါ သူ့အိမ်လား။ မင်းပြောတော့ သူက အောက်ခြေက စတာဆို "

ချုံထျန်းကောက ချန်းချုံရှန်း၏စကားကြောင့် အံ့ဩသွားရသည်။

" ဟုတ်တယ်၊ အောက်ခြေကစတာဘဲ "

ချန်းချုံရှန်းက အခိုင်အမာခေါင်းငြိမ့်ပြသည်။

" မဖြစ်နိုင်တာ။ သူသာ အောက်ခြေက စတယ်ဆိုရင် ဒီလိုအိမ်မျိုးကို ဘယ်လိုဖြစ်ပြီး တတ်နိုင်မှာလဲ။ ဒီအိမ်က အနည်းဆုံးယွမ်သန်းရာချီလောက်ရှိတယ်မဟုတ်ဘူးလား "

ထိုအကြောင်းအရာက ချဲ့ကားပြောဆိုနေသည်ဟု ချုံထျန်းကော ခံစားမိသည်။

" အဲ့တာကြောင့် သူက အံ့ဩစရာကောင်းတယ်လို့ ပြောနေတာပေါ့ "

ချန်းချုံရှန်းသည် စိတ်ထိန်းရလွန်းလို့ ပါးစပ်တွေပြဲထွက်တော့မတတ်ခံစားနေရသည်။

" အောက်ခြေကစတဲ့သူတစ်ယောက် ယွမ်သန်းရာချီတဲ့အိမ်ကို ဝယ်နိုင်ပါ့မလား။ ငါ မင်းပြောတာကို ယုံမယ်လို့ထင်နေတာလား "

ချုံထျန်းကောက မယုံမကြည်ဖြစ်နေသည်။

ချန်းချုံရှန်းက သူ့ကိုလိမ်နေတာဖြစ်လျှင်ဖြစ် မဖြစ်လျှင် ယဲ့ဖန်က ချန်းချူံရှန်းကို လိမ်ထားတာဟု ချုံထျန်းကောထင်သည်။

မဟုတ်ပါက ယဲ့ဖန်၏အသက်အရွယ်နဲ့သာဆို သူ့အမေဗိုက်ထဲကတည်းက စီးပွားရေးစလုပ်လျှင်တောင်မှ ဒီလိုအိမ်မျိုးကိုဝယ်ဖို့ တတ်နိုင်မည်မဟုတ်ပေ။

ထိုအချိန်မှာဘဲ ချုံထျန်းကောသည် ကော်ဖီစားပွဲအောက်မှ စာရွက်စာတမ်းအပုံလိုက်ကို ဖြတ်ခနဲမြင်လိုက်မိသည်။

ထိုစာရွက်တွေပေါ်တွင် 'အိမ်အရောင်းအဝယ်စာချုပ်စာတမ်း'ဆိုသည့်စကားလုံးများကို ခပ်ကြီးကြီးရေးထားသည်။

သိချင်စိတ်ကြောင့် ချက်ချင်းဆွဲယူပြီး စာရွက်အထပ်လိုက်တွေကို အနည်းငယ်လှန်လှောကြည့်လိုက်သည်။

ထို့နောက် သူ့မျက်လုံးတွေပြူးကျယ်သွားရသည်။

အပိုင်း (၁၄၆)

အင်အားကို မတော်တဆ ထုတ်ဖော်မိခြင်း။

ချုံထျန်းကောသည် ကော်ဖီစားပွဲအောက်မှ စာရွက်စာတမ်းတွေအားလုံးကို ထုတ်ကြည့်လိုက်သည့်အခါ အားလုံးက ကျုံးထျန်းကန်သာယာဧရိယာမှ စံအိမ်တွေကို ဝယ်ယူထားသည့်စာချုပ်စာတမ်းတွေဖြစ်နေသည်။

သူ အကြမ်းဖျင်းတွက်ကြည့်လိုက်သည့်အခါ အနည်းဆုံးအိမ်အလုံး၂၀လောက်ရှိနေသည်။

တခြားစကားလုံးဖြင့်ပြောင်းပြောရမည်ဆိုပါက ယဲ့ဖန်သည် ဒီအဆင့်မြင့်ဧရိယာအတွင်းတွင် အိမ်အလုံး၂၀ကျော်ပိုင်ဆိုင်လေသည်။

အားလုံးကိုပေါင်းကြည့်ပါက ပိုင်ဆိုင်မှုအနေဖြင့် ယွမ်သန်းထောင်ချီ(တစ်ဘီလီယံကျော်)တန်ဖိုးရှိလေသည်။

ချုံထျန်းကောကို ပို၍ အံ့ဩစေသည်က ဤကဲ့သို့သောတန်ဖိုးကြီးသည့်စာချုပ်စာတမ်းများသည် အခြားသူများအတွက် ရတနာများဖြစ်သော်လည်း ယဲ့ဖန်ကတော့ စားပွဲခုံအောက်တွင် ခုတုံးအဖြစ်အသုံးပြုထားခြင်းဖြစ်လေသည်။

ထိုအကြောင်းကြောင့် သူ၏ဦးနှောက်သည် ခဏတဖြုတ်အလုပ်မလုပ်နိုင်ဖြစ်သွားခဲ့သည်။

ယဲ့ဖန်က လက်ထဲတွင် ရေနွေးကြမ်းနှစ်ခွက်ကိုင်ကာ လျှောက်လာသည်။

ချုံထျန်းကောလက်ထဲမှ အိမ်ဝယ်စာချုပ်တွေကိုတွေ့ပြီး ရှက်ရှက်ဖြင့်ခေါင်းကိုကုတ်လိုက်သည်။

" လွန်ခဲ့တဲ့နှစ်ရက်တုန်းက အိမ်မှာတင် ကိုယ်ခံပညာကျင့်နေရင်း စားပွဲခုံကို မတော်တဆကန်မိသွားတာကြောင့် အောက်မှာခုထားလိုက်တာပါ "

ချုံထျန်းကောက အားနာနာဖြင့်ရယ်လိုက်ပြီး ခွက်ကိုယူကာ သူ့ကိုယ်သူ စိတ်ငြိမ်အောင်လုပ်နေသည်။

ထိုအချိန်မှာဘဲ ကော်ဖီစားပွဲပေါ်ရှိ တက္ကသိုလ်စာအုပ်ထဲတွင် တစ်ခုခုညှပ်ထားသည်ကိုတွေ့လိုက်သည်။

ယူပြီး စာအုပ်ကိုလှန်ကြည့်လိုက်တဲ့အခါ 'ထန်းဂူဈေးဝယ်စင်တာ ရှယ်ယာပိုင်ဆိုင်မှုစာရွက်စာတမ်းလက်မှတ်' ဟူသည့် စာလုံးတွေကိုရေးထားသည်။

" ဖူး.......... "

ဒီတစ်ကြိမ်မှာတော့ ချုံထျန်းကော ဘယ်လိုမှဆက်မထိန်းထားနိုင်တော့ဘဲ ရေနွေးကြမ်းတွေ ထွေးထုတ်မိသွားသည်။

" ယဲ့လူကြီးမင်း၊ ကျွန်တော် အလိုက်မသိဘဲ အပြစ်ပြုမိပါတယ်။ ကျွန်တော် ........ ကျွန်တော် ရှက်စရာကောင်းလွန်းလို့ သေတောင်သေသင့်ပါတယ်။ အရင်ပြန်နှင့်ပါဦးမယ် "

ချုံထျန်းကောက အရှက်ရနေတဲ့မျက်နှာဖြင့် ထရပ်သည်။

ထို့နောက် ယဲ့ဖန်ကိုတောင်းပန်ပြီး ချက်ချင်းလှည့်ပြန်သွားခဲ့သည်။

အစမှာတော့ ချုံထန်းကောသည် ယဲ့ဖန်က အတော်လေးငယ်တာကြောင့် သူ့ကို ပိုက်ဆံဖြင့်လှည့်စားရလွယ်ကူလိမ့်မည်ဟုထင်ခဲ့သည်။

သို့ပေမဲ့ တစ်ဖက်သူရဲ့အင်အားက သူ့တွေးထားတာထက်ကို အတော်လေးကျော်လွန်နေမယ်မှန်း လုံးဝမထင်ထားခဲ့ပေ။

ယွမ်ဘီလီယံချီတန်သည့် အိမ်ဝယ်စာချုပ်တွေကို ကျိုးနေသည့်စားပွဲခြေတိုင်အဖြစ် ခုထားသည်။

ဈေးကွက်တန်ဖိုး ယွမ် ၂ ဘီလီယံလောက်တန်သည့် ထန်းဂူဈေးဝယ်စင်တာစာချုပ်ကို စာအုပ်မှတ်သည့်အနေဖြင့်သုံးသည်။

ဒါတောင်မှ သူမြင်ခဲ့ရတာတွေက ရေခဲကျောက်ဆောင်၏ထိပ်ပိုင်းလေးသာဖြစ်နိုင်သည်။ ရေထဲမှ မမြင်နိုင်သည့်ထုထည်ကြီးကျန်နေနိုင်သေးသည်။

တစ်ဖက်သူက အင်အားကြီးလေလေ သူ့လုပ်ရပ်တွေက ဘယ်လောက်ရှက်စရာကောင်းလဲဆိုတာ သက်သေပြလေလေဖြစ်သည်။

ချုံထျန်းကော ဘယ်လိုမျက်နှာနဲ့ဆက်နေနိုင်မှာလဲ။

ချန်းချုံရှန်းသည်လည်း ရွေးစရာမရှိတော့ဘဲ ထရပ်လိုက်သည်။

" ယဲ့ညီလေး၊ ဒီနေ့ဖြစ်သွားတာ ငါ့အမှားပါ။ နောက်နေ့မှ လာပြီး ကိုယ်တိုင် တောင်းပန်ပါဦးမယ် "

ထိုသို့ပြောပြီးတဲ့နောက် ချန်းချုံရှန်းလည်း ပြန်သွားခဲ့သည်။

ယဲ့ဖန်သည် စာချုပ်အပုံလိုက်တွေကို ကြည့်ပြီး ဘာလုပ်ရမယ်မှန်းမသိဖြစ်သွားသည်။

အစကတော့ ယဲ့ဖန်သည် ချန်းချုံရှန်းကို မျက်နှာသာပေးပြီး ချုံထျန်းကောကို ဦးညွတ်ရအောင်လုပ်ဖို့ စိတ်ကူးမရှိခဲ့ပေ။

သူ့ရဲ့အင်အားကို မတော်တဆထုတ်ပြမိပြီး တစ်ဖက်သူကို အရှက်ရကာ နေရာမှ ချက်ချင်းပြန်မိစေလိမ့်မည်ဟု မျှော်လင့်မထားချေ။

သို့ပေမဲ့ ဒါကလည်း တစ်မျိုးကောင်းသည်။ ဒီအခြေအနေကြောင့် ချုံထျန်းကောက သူ့ကို လိုက်တွယ်ကပ်နေမည့်အနေအထားကနေ ဖယ်ထုတ်လိုက်နိုင်သည်။

......................

နောက်ရက်အနည်းငယ်တွင် ယဲ့ဖန်သည် ပုံမှန်အတိုင်း ရှုမိသားစုဆီသို့ လေ့ကျင့်ဖို့သွားခဲ့သည်။

ယဲ့ဖန်သည် လျုံဝမ်းယွမ်၏ကြီးကြပ်မှုအောက်တွင် သစ်သားလူရုပ်နှင့် လေ့ကျင့်နေခဲ့သည်။

အစမှာတော့ အတော်လေးသစ်ဆန်းသည်။

သို့ပေမဲ့ အတော်ကြာလေ့ကျင့်ပြီးတဲ့နောက် အနည်းငယ်ပျင်းစရာကောင်းသည်ဟု ယဲ့ဖန်ခံစားမိသည်။

" ဆရာ၊ ကျွန်တော်နဲ့ တိုက်ခိုက်ဖို့ လူအစစ်ရှာပေးလို့ရမလား။ ဒီသစ်သားရုပ်ကြီးကိုဘဲ နေ့တိုင်းရိုက်နေရတာ ပျင်းစရာကောင်းတယ် "

ယဲ့ဖန်သည် လေ့ကျင့်နေတာကိုရပ်ပြီး ရေနွေးကြမ်းသောက်နေသည့် လျုံဝမ်းယွမ်ဘက်သို့လှည့်ကြည့်လိုက်သည်။

" မင်းက ရက်အနည်းငယ်ဘဲလေ့ကျင့်ရသေးတာတောင် စိတ်မရှည်တော့ဘူးလား။ ငါဆို လေ့ကျင့်လာတာ ရာစုနှစ်ချီနေပေမဲ့ နေ့တိုင်း သစ်သားရုပ်ကို ထုရိုက်နေတုန်းဘဲ။ ဒါက အခြေခံစွမ်းရည်မလို့ မင်း သည်းခံရမယ် "

လျုံဝမ်းယွမ်က ယဲ့ဖန်ကို နားချဖို့ကြိုးစားသည်။

" ကျွန်တော်က ပါရမီရှင်မဟုတ်လား။ ပါရမီရှင်တွေကို သူတို့နဲ့ကိုက်ညီမယ့်ပစ္စည်းတွေနဲ့အလိုက် လေ့ကျင့်ပေးသင့်တယ်မလား။ ဘာလို့ နည်းလမ်းဟောင်းကြီးတွေနဲ့လေ့ကျင့်ရမှာလဲ "

ယဲ့ဖန်က အရှက်မရှိကြွားဝါလိုက်သည်။

" ကောင်စုတ်လေး၊ မင်းကို ဘယ်သူက ပါရမီရှင်လို့ပြောလို့လဲ။ နည်းနည်းလောက်ပိုပြီးနှိမ့်ချလို့မရဘူးလား "

လျုံဝမ်းယွမ်က ရယ်ပြီး ဆူလိုက်သည်။

" ဒါပေမဲ့ မင်းရဲ့လေ့ကျင့်နှုန်းက တကယ်ဘဲ မြန်တယ်။ ရက်အနည်းငယ်လောက်ဘဲလေ့ကျင့်ရသေးပေမဲ့ တခြားသူတွေ တစ်နှစ်လောက် လေ့ကျင့်တဲ့နှုန်းလောက်ရှိတယ် "

ယဲ့ဖန်က ဂုဏ်ယူဝံ့ကြွားစွာပြုံးလိုက်သည်။

" ကျွန်တော်က ပါရမီရှင်လို့မပြောဘူးလား။ သေချာပေါက် နတ်ဘုရားလိုအလျင်နဲ့ တိုးတက်နေတာပေါ့ "

လျုံဝမ်းယွမ်က မထိန်းနိုင်ဘဲ ခေါင်းကိုခါလိုက်သည်။

" ကောင်းပြီ၊ ဒီနှစ်ရက်အတွင်း မင်းနဲ့ လေ့ကျင့်တိုက်ခိုက်ဖို့ ဆရာတူအစ်ကိုတစ်ယောက်ကို ရှာပေးမယ် "

ယဲ့ဖန်မျက်နှာက စိိတ်ပျက်မှုအပြည့်ဖြစ်သွားသည်။

" ဆရာတူအစ်ကိုကိုရှာဖို့က ပျင်းစရာမကောင်းဘူးလား။ ဆရာကဘဲ ကျွန်တော်နဲ့လေ့ကျင့်လိုက်ပါလား "

လျုံဝမ်းယွမ်က ယဲ့ဖန်ကို စိုက်ကြည့်လိုက်သည်။

" မင်းက တွားသွားဖို့တောင် ကောင်းကောင်းမတတ်သေးဘဲ ပြေးချင်နေတာပေါ့၊ ဟုတ်လား။ ငါ့ကို မင်းရဲ့ အစမ်းတိုက်ခိုက်တဲ့သူဖြစ်စေချင်တာလား။ မင်း အဲ့လိုအနေအထားရောက်ဖို့ အဝေးကြီးလိုပါသေးတယ် "

ယဲ့ဖန်က မဲ့ရွဲ့လိုက်သည်။

" ဆရာ့ကို ကျွန်တော်က ထိခိုက်မိအောင်လုပ်မိရင် ဆရာမျက်နှာပျက်မှာကို ကြောက်နေတာမဟုတ်လား "

လျုံဝမ်းယွမ်က ချက်ချင်း အင်္ကျီလက်ကို ခေါက်တင်လိုက်သည်။

" ကြည့်ရတာ ဒီနေ့ မင်းကို သင်ခန်းစာမပေးရင် မင်းက မင်းကိုယ်မင်းအထင်ကြီးနေတာ မရပ်တော့ဘူးထင်တယ် "

ယဲ့ဖန်က ချက်ချင်း ခေါင်းကိုအုပ်ပြီး ဝရုန်းသုန်းကားပြေးထွက်သွားတော့သည်။

" ဆရာ၊ အသက်ချမ်းသာပေးပါ "

...........................

ညနေခင်းရောက်တဲ့အခါ ယဲ့ဖန် ကျုံးထျန်းကန်သာယာအိမ်ရာဝန်းသို့ပြန်လာရင်း ဝင်ပေါက်ဂိတ်တွင် ရှန်းပိုင်ထျန်းနှင့်ဆုံသည်။

သူမသည် ကျောင်းမှပြန်လာခါစဖြစ်သည်၊

လမ်းလျှောက်လာရင်း ခေါင်းကိုငုံ့ထားပြီး အတွေးထဲနစ်နေသည်။

ယဲ့ဖန်က သူမကို အကြိမ်များစွာခေါ်နေပေမဲ့ ပြန်မထူးပေ။

ထို့ကြောင့် လမ်းလျှောက်တာကို အရှိန်တင်ပြီး သူမအနောက်ကို အမှီိလိုက်ကာ ပုခုံးကို ပုတ်လိုက်သည်။

" အ........ "

ရှန်းပိုင်ထျန်း လန့်သွားသည်။

လှည့်ကြည့်လိုက်သည့်အခါ ယဲ့ဖန်ဖြစ်နေတာကိုတွေ့ပြီး နည်းနည်းဒေါသထွက်သွားသည်။

"ဘာလုပ်တာလဲ။ လူတွေက လန့်ပြီး သေတတ်တယ်ဆိုတာ မသိဘူးလား "

ယဲ့ဖန်က မျက်လုံးဝေ့လိုက်သည်။

" ကျွန်တော် အော်ခေါ်နေတာကြာလှပြီ။ မင်းကသာမကြားတာ၊ ဟုတ်ပြီလား။ ဘာတွေအဲ့လောက်တွေးနေလို့ ခေါ်နေတာတောင် မကြားရတာလဲ "

ရှန်းပိုင်ထျန်းက ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။

" အဲ့ဒီမိုကုန်းဆိုတဲ့တစ်ယောက်ကြောင့်ဘဲလေ "

ယဲ့ဖန်က သူ့နာမည်ကိုကြားတဲ့အခါ ချက်ချင်းမျက်မှောင်ကြုတ်သွားသည်။

" သူက အခုထိ လိုက်ကပ်နေတုန်းဘဲလား "

ရှန်းပိုင်ထျန်း ခေါင်းငြိမ့်လိုက်သည်။

" ဟုတ်တယ်။ ဟိုတစ်နေ့ကကိစ္စဖြစ်ပြီးတော့ သူ နောက်ဆုတ်သွားမယ်လို့ထင်ခဲ့တာ။ ပိုပြီးတော့ဆိုးလာလိမ့်မယ်လို့ ထင်မထားဘူး "

ယဲ့ဖန်မျက်နှာပျက်လာတော့သည်။

" သူက ဒီတစ်ခါ ဘာလုပ်လို့လဲ "

ရှန်းပိုင်ထျန်းက တစ်ခဏတွန့်ဆုတ်နေပြီးနောက်မှ ရှင်းပြသည်။

" သူက ဒီနေ့ နင့်ကို စစ်ကြေငြာလိုက်တယ်။ ပြီးတော့ ငါ့နှလုံးသားကို အရင်ရမယ့်သူက ကျုံးဟိုင်တက္ကသိုလ်ကနေထွက်ရမယ်လို့လည်း ပြောသေးတယ် "

ယဲ့ဖန်က ချက်ချင်း အနေကြပ်သွားတဲ့ပုံစံဟန်ဆောင်လိုက်သည်။

" ကျောင်းထွက်ရမှာလား။ ကြေးကြီးတဲ့အလောင်းအစားဘဲ။ စဉ်းစားလိုက်ဦးမယ် "

ရှန်းပိုင်ထျန်းက ရုတ်တရက်အနည်းငယ်ဒေါသထွက်သွားသည်။

" ဘာကိုဆိုလိုတာလဲ။ နင်က အရှုံးပေးပြီး ငါ့ကို တခြသူလက်ထဲ ထိုးပေးတော့မလို့လား "

ယဲ့ဖန်က ရယ်ချင်စိတ်ကို ထိန်းထားလိုက်သည်။

" ကျွန်တော်တို့က လိမ်နေတာဘဲလေ။ ရည်းစားအတုအတွက်နဲ့ ကျောင်းထွက်ရလောက်တဲ့အထိက မတန်ဘူး "

ရှန်းပိုင်ထျန်းက သူ့ကို ဒေါသတကြီးစိုက်ကြည့်လိုက်သည်။

" အဲ့တာဆို ကူညီပေးဖို့ သဘောတူအောင် ဘာလုပ်ပေးရမလဲ "

ယဲ့ဖန်က သူ့မေးစေ့ကိုထိလိုက်ပြီး သူမကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်သည်။

" မဟုတ်ရင်တော့ ............ "

" နင် ........ နင်ဘာလိုချင်တာလဲ။ ငါပြောထားမယ်နော်၊ လွန်မလာနဲ့ "

ရှန်းပိုင်ထျန်းက သူမ၏ရင်ဘတ်ကိုကာပြီး အနောက်ကို ခြေတစ်လှမ်းဆုတ်လိုက်သည်။

" အရင်တစ်ခါက ခြေအိတ်တွေလျှော်ပေးမယ်ပြောထားပေမဲ့ အခုထိ ကတိမတည်သေးဘူးလေ။ ဒီတစ်ခါတော့ အောက်ခံဘောင်းဘီနှစ်ထည်ပါ ထည့်လျှော်ပေးရမယ် "

" နင် ........ ဒါကြီးက လွန်လွန်းတယ် "

" ဒါဆိုလည်း မလျှော်နဲ့ရတယ်။ အဲ့တာဆို ကူညီပေးစရာလည်း မလိုတော့ဘူး "

" တစ်ထည်ဘဲလျှော်လို့မရဘူးလား "

" သုံးထည် "

" နင်အခုလေးတင်ပြောတာ နှစ်ထည်ဆို "

" လေးထည် "

" တော်ပြီ၊ ငါလျှော်ပေးမယ်။ ရပြီလား "

" စောစောကတည်းက နာခံသင့်တယ် "

" ယဲ့ဖန်၊ ငါနင့်ကိုမုန်းတယ် "

" အင်းပါ၊ သိပါတယ် "

" ............... "

အပိုင်း (၁၄၇)

စိတ်မကောင်းပါဘူး၊ သူမကလည်း ငါ့အပိုင်ဘဲ။

နောက်တစ်နေ့မနက်တွင် ယဲ့ဖန်သည် ထုံးစံအတိုင်း ရှုမိသားစုအိမ်တော်သို့သွားဖို့ပြင်သည်။

ရုတ်တရက် လင်းကျွင်းကျွင်းဆီမှ ဖုန်းဝင်လာသည်။

" ယဲ့လူကြီးမင်း၊ တစ်စုံတစ်ယောက်က အိမ်ငှားချင်နေပါတယ်။ သူက စီမံခန့်ခွဲရေးဌာနကိုတောင်ရောက်နေပြီမလို့ လာလို့ရနိုင်မလား "

ယဲ့ဖန်က အချိန်ကိုကြည့်လိုက်သည်။

" မင်းကို သော့တွေအကုန်ပေးထားတယ်မဟုတ်လား၊ မင်းဘဲ သူတို့နဲ့သွားလိုက်ပါ "

ထိုအချိန်တွင် လင်းကျွင်းကျွင်း၏နူးညံ့တဲ့အသံက ဖုန်းတစ်ဖက်မှ ထွက်လာသည်။

" တစ်ဖက်သူက ယောက်ျားလေးပါ။ ပြီးတော့ သူက မိန်းကလေးရှန်းရဲ့ ဘေးကပ်လျက်အိမ်ကိုငှားချင်တယ်ဆိုပြီး တကူးတကတောင်းဆိုနေလို့ပါ "

ယဲ့ဖန်က သူလုပ်လက်စကိုရပ်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

တစ်ဖက်သူက ရှန်းပိုင်ထျန်းဘေးကပ်လျက်အိမ်ကိုငှားချင်တယ်လို့ တကူးတကတောင်းဆိုနေတာတဲ့လား။

သူ့နောက်ကွယ်က ဘာလဲ။

" ဟုတ်ပြီ၊ ချက်ချင်းလာခဲ့မယ် "

သွားဖို့ သဘောတူလိုက်ပြီး ပေါ့ပေါ့ပါးပါးအင်္ကျီတစ်စုံလဲကာ ကျုံးထျန်းကန်သာယာအိမ်ရာစီမံခန့်ခွဲရေးဌာနသို့ တန်းသွားခဲ့သည်။

ဌာနရုံးခန်းပေါက်ရောက်တဲ့အခါ လင်းကျွင်းကျွင်းနှင့် တစ်စုံတစ်ယောက်စကားပြောနေသံကိုကြားလိုက်ရသည်။

" အိမ်ရှင်က ဘာလို့မရောက်သေးတာလဲ။ ငါ့အချိန်တွေက အရမ်းတန်ဖိုးရှိတယ် "

" သူက မကြာခင်ရောက်ပါလိမ့်မယ်။ ခဏလောက်စောင့်ပေးပါ "

" မင်းတို့ရဲ့ ကျုံးထျန်းကန်သာယာအိမ်ရာစီမံခန့်ခွဲရေးက အလုပ်လုပ်တာ ဖျင်းလှချည်လား။ ဝယ်သူယူတွေက နတ်ဘုရားတွေဆိုတာ မသိဘူးလား။ အိမ်ရှင်က ငါ့ကိုစောင့်ရမယ့်အစား သူက ငါ့ကိုပြန်စောင့်ခိုင်းနေတာဖြစ်သင့်ရဲ့လား။ မှားနေတာမဟုတ်ဘူးလား "

" တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်။ အိမ်ရှင်ကို ဆက်သွယ်ပြီးပါပြီ။ မကြာခင်ရောက်လာပါလိမ့်မယ် "

" ........ "

ယဲ့ဖန်က ထိုယောက်ျား၏အသံကိုကြားတဲ့အခါ သူ့မျက်နှာတွင် ထူးဆန်းတဲ့အပြုံးတစ်ခုပေါ်လာသည်။

ကမ္ဘာကြီးက တကယ်ကို ကျဉ်းကျဉ်းလေးဘဲ။

တံခါးကိုဖွင့်ပြီး ဝင်လာတဲ့အခါ မိုကုန်းက သူဌေးတစ်ယောက်ပုံစံဖြင့် စားပွဲပေါ်က ခြေထောက်တင်ထားသည်ကို တွေ့လိုက်ရသည်။

" ယဲ့ဖန်လား "

အပြင်ကနေဝင်လာတဲ့သူ့ကို မိုကုန်းက တွေ့တဲ့အခါ အံ့ဩလွန်လို့ ပြုတ်ကျမတတ်ဖြစ်သွားခဲ့သည်။

သတိပြန်ကပ်လာတဲ့အခါ ထိုင်ခုံမှ ထရပ်လိုက်ပြီး တုန်လှုပ်စွာဖြင့်မေးလိုက်သည်။

" မင်းက ဒီမှာ ဘာလုပ်နေတာလဲ "

ယဲ့ဖန်မျက်နှာတွင် ရွှတ်နောက်နောက်အမူအရာတစ်ခုပေါ်လာသည်။

" ငါက မင်းကိုတောင် မမေးရသေးဘူး။ မင်းက ဘာလို့ ဒီကိုရောက်နေတာလဲ "

မိုကုန်းသည် အနောက်ကို ခြေနှစ်လှမ်းဆုတ်ပြီး လွတ်လမ်းကိုရှာနေသည့်အလား ဘေးပတ်လည်ကို ပတ်ကြည့်နေသည်။

" ဒီကို အိမ်ငှားဖို့လာတာပေါ့။ ဘာလို့ ဒီမှာရှိနေလို့ မရရမှာလဲ "

ယဲ့ဖန်က ခေါင်းငြိမ့်လိုက်သည်။

" တိုက်ဆိုင်လိုက်တာ။ ငါက မင်းငှားချင်နေတဲ့ အိမ်ပိုင်ရှင်ဘဲ "

ထိုစကားကိုကြားပြီး မိုကုန်းမျက်လုံးတို့ပြူးကျယ်သွားရသည်။

" ဘာလဲ၊ မင်းက အိမ်ရှင်တဲ့လား။ လာနောက်တာလား။ မင်းကများ ဒီလိုအိမ်တွေကို ဝယ်ဖို့တတ်နိုင်မျိာတဲ့လား "

လင်းကျွင်းကျွင်းက ကူညီရှင်းပြသည်။

" ယဲ့လူကြီးက အမှန်တကယ်ဘဲ ဒီက အိမ်ပိုင်ရှင်ပါ။ ရှင် မျက်စိကျနေတဲ့အိမ်က ယဲ့လူကြီးမင်းဟာပါ "

မိုကုန်းက လုံးဝကို ကြောင်အသွားရသည်။

ရှန်းပိုင်ထျန်းက ဒီမှာနေတယ်လို့ ကြားထားတာကြောင့် ဒီမှာအိမ်ငှားနေပြီး အသာစီးရတဲ့အနေအထားရအောင်လုပ်ဖို့ ရည်ရွယ်ခဲ့တာဖြစ်သည်။ ရှန်းပိုင်ထျန်းနှင့် နီးနီးကပ်ကပ်နေပါက သူ ပိုင်ဆိုင်ဖို့အတွက် လှုပ်ရှားရပိုလွယ်ကူမည်ဖြစ်သည်။

သူ မျက်စိကျနေတဲ့အိမ်က ယဲ့ဖန်၏အိမ်ဖြစ်နေမည်ဟု ထင်မထားပေ။

ယဲ့ဖန်က ဆိုဖာပေါ်ထိုင်ပြီး ခြေထောက်ကိုချိတ်လိုက်သည်။

" လာပါ၊ စကားပြောကြရအောင်။ ဘယ်စံအိမ်ကို ငှားချင်တာလဲ "

မိုကုန်း၏မျက်နှာကိုတွ့န်လိုက်ပြီး လင်းကျွင်းကျွင်းဘက်ကို ချက်ချင်းလှည့်လိုက်သည်။

" မန်နေဂျာလင်း၊ ရှန်းပိုင်ထျန်းရဲ့ဘေးမှာ အိမ်အလွတ်တွေရှိသေးတယ်လို့ ခင်ဗျားပြောတယ်မလား "

လင်းကျွင်းကျွင်းခေါင်းငြိမ့်လိုက်သည်။

" ဟုတ်ပါတယ်။ ဘယ်ဘက်၊ ညာဘက်နဲ့ အနောက်ဘက်မှာ အိမ်အလွတ်တွေရှိပါသေးတယ် "

မိုကုန်းက ချက်ချင်းဆုံးဖြတ်ချက်ချလိုက်သည်။

" ဒါဆို ဘယ်ဘက်က အိမ်ကိုယူမယ် "

လင်းကျွင်းကျွင်းက သူ့ကို အားနာစွာဖြင့်ကြည့်လိုက်သည်။

" ကျွန်မတောင်းပန်ပါတယ်။ ဒါပေမဲ့ ဘယ်ဘက်ကအိမ်ကလည်း ယဲ့လူကြီးမင်းရဲ့အိမ်ပါဘဲ "

မိုကုန်း ကြောင်အသွားသည်။

" ဒါဆို ညာဘက်ကတစ်လုံးကရော။ ငါ့ကို အဲ့တာငှားပေး "

လင်းကျွင်းကျွင်းခေါင်းကိုကုတ်လိုက်သည်။

" ညာဘက်ကလည်း ယဲ့လူကြီးမင်းရဲ့အိမ်ပါဘဲ "

မိုကုန်းက ချက်ချင်းဒေါသထွက်လာတော့သည်။

" ဒါဆို အနောက်ဘက်ကအိမ်ကတော့ရတယ်မလား "

လင်းကျွင်းကျွင်းက သူ့ကို သနားစွာဖြင့် ကြည့်လိုက်သည်။

" မိုလူကြီးမင်း၊ ကျွန်မ အမှန်တိုင်းဘဲပြောပါ့မယ်။ မိန်းကလေးရှန်းရဲ့အိမ်နားက စံအိမ်တွေအကုန်လုံးက ယဲ့လူကြီးမင်းပိုင်ဆိုင်တဲ့အိမ်တွေချည်းပါဘဲ "

မိုကုန်းက စားပွဲကို ဘန်းခနဲမြည်အောင်ရိုက်ချလိုက်သည်။

" ငါ့ကို လာကစားနေတာလား။ သူက အဲ့လောက်စံအိမ်တွေအများကြီးကို ဘယ်ကနေရတာလဲ "

လင်းကျွင်းကျွင်းလည်း ကူကယ်ရာမဲ့စွာပုခုံးတွန့်လိုက်သည်။

" နည်းနည်းမယုံကြည်နိုင်စရာကောင်းပေမဲ့ ဒီအိမ်ရာတွေအကုန်လုံးက ယဲ့လူကြီးမင်းဟာတွေပါ။ ရှင် မယုံဘူးဆိုရင် စာချုပ်တွေပြပေးလို့ရပါတယ် "

မိုကုန်းသည် သွေးတက်လာသည်ဟုခံစားရတာကြောင့် အတတ်နိုင်ဆုံး ဒေါသကို ထိန်းချုပ်ထားရသည်။

" ကောင်းပြီ၊ အဲ့တာဆို သူ့ဟာမဟုတ်တဲ့စံအိမ်တစ်ခုကိုရွေးပေး။ နည်းနည်းလေးဝေးရင်တောင်ရတယ် "

လင်းကျွင်းကျွင်းက ချက်ချင်းခေါင်းခါပြလိုက်သည်။

" ကျွန်မတောင်းပန်ပါတယ်၊ မရှိပါဘူး "

မိုကုန်းမျက်လုံးများက ပြူးကျယ်လာသည်။

" မရှိဘူးဆိုတာ ဘာကိုပြောတာလဲ "

လင်းကျွင်းကျွင်းမျက်နှာတွင် ခက်ခဲနေတဲ့အမူအရာပေါ်လာသည်။

" ကျွန်မတို့ ကျုံးထျန်းကန်သာယာက စံအိမ်တွေအကုန်လုံးကိုငှားပြီးသားပါ။ ကျန်နေတဲ့အိမ်အလွတ်တွေက ယဲ့လူကြီးမင်းရဲ့ပိုင်ဆိုင်မှုတွေပါ "

မိုကုန်းက ဆက်ပြီးသည်းမခံနိုင်တော့ဘဲ ဒေါသတကြီးအော်လိုက်သည်။

" ယဲ့လူကြီးမင်းဟာ၊ ယဲ့လူကြီးမင်းဟာနဲ့၊ မင်းကိုယ်မင်းရော ဘာလို့ ယဲ့လူကြီးမင်းဟာလို့ မပြောတာလဲ "

ထိုအချိန်တွင် ယဲ့ဖန်က ဖြည်းဖြည်းချင်းလျှောက်လာပြီး လင်းကျွင်းကျွင်း၏ပုခုံးပေါ်သို့ လက်တင်လိုက်သည်။

" မင်းပြောတာမှန်တယ်၊ သူမကလည်း တကယ်ကို ငါ့အပိုင်ဘဲ "

လင်းကျွင်းကျွင်း၏မျက်နှာရဲတက်လာပြီး ချက်ချင်းခေါင်းကိုငုံ့လိုက်ပေမဲ့ ဘာမှမပြောပေ။

မိုကုန်းက ထိုအတွဲကိုကြည့်ပြီး အံကိုကြိတ်လိုက်သည်။

" ကျက်သရေမရှိတဲ့အကောင် "

ထိုသို့ပြောပြီးတဲ့နောက် ဒေါသတကြီးဖြင့်ပြန်သွားခဲ့သည်။

" မိုသခင်လေး၊ မငှားတော့ဘူးလား။ ဈေးလျှော့ပေးနိုင်ပါတယ်၊ ဟားဟားဟားဟား .......... "

မိုကုန်းက သေမတတ်ဒေါသထွက်နေတာကိုကြည့်ပြီး စိတ်ခံစားချက်ကောင်းသွားသည်။

" လက်ကို အခုဖယ်လို့ရပြီလား "

လင်းကျွင်းကျွင်း၏ ခပ်တောင့်တောင့်ဖြစ်နေတဲ့အသံက ထွက်လာသည်။

" ဘာလို့ အဲ့လောက်အေးစက်နေရတာလဲ "

သူမ၏အမူအရာက တစ်မျိုးဖြစ်နေတာကို ယဲ့ဖန်တွေ့ပြီး နားမလည်ဖြစ်သွားသည်။

" ဟွန်း၊ ရှင်က မိန်းကလေးရှန်းအတွက် ဒီလိုလုပ်ပေးနေတာမဟုတ်ဘူးလား။ ကျွန်မ ရှင်နဲ့ပူးပေါင်းဆောင်ရွက်ပေးပြီးပြီဘဲ။ အခု လွှတ်ပေးသင့်နေပြီ မဟုတ်ဘူးလား "

လင်းကျွင်းကျွင်းက ပြောရင်းဖြင့် လက်ကို တွန်းဖယ်ထုတ်နေသည်။

ယဲ့ဖန်က လွှတ်မပေးတဲ့အပြင် ပို၍တင်းကြပ်အောင်ပင်ကိုင်လိုက်သည်။

" ဘာလို့လဲ၊ မနာလိုဖြစ်နေတာလား "

လင်းကျွင်းကျွင်းက ခေါင်းကို တစ်ဖက်သို့လှည့်လိုက်သည်။

" မဟုတ်ပါဘူး။ ကျွန်မက ရှင်နဲ့မှမဆိုင်တာ။ အဲ့တော့ သဝန်တိုဖို့ ဘာအကြောင်းပြချက်များရှိလို့လဲ "

ယဲ့ဖန်က သူ့နှာခေါင်းသူ ထိလိုက်သည်။

" ငြင်းနေသေးတာလား။ ရှာလကာရည်နံ့က တော်တော်လေးပြင်းတာဘဲ။ ချဉ်လိုက်တာ၊ တကယ်ကိုချဉ်နေတာ "

လင်းကျွင်းကျွင်းက ရယ်လိုက်ပြီး သူ့ဘက်ကို ပြန်လှည့်လာသည်။

" ရှန်းမိန်းကလေးက တကယ်ဘဲ ရှင့်ကောင်မလေးလား "

ယဲ့ဖန်က ခေါင်းကိုခါလိုက်သည်။

" မဟုတ်ပါဘူး၊ အတန်းဖော်ပါ "

လင်းကျွင်းကျွင်းက သံသယဖြစ်နေသေးသည်။

" ဒီအတိုင်း အတန်းဖော်ဆိုတာ ဟုတ်လို့လား။ ဘာ ဆက်ဆံရေးမှ မရှိဘူးပေါ့ "

ယဲ့ဖန်က သူမအနားကို ခပ်ညစ်ညစ်အမူအရာဖြင့် ကပ်လာသည်။

" ဘယ်လို ဆက်ဆံရေးမျိုးကို ဆိုလိုချင်တာလဲ "

လင်းကျွင်းကျွင်းသည် ယဲ့ဖန်နှင့် မျက်လုံးချင်းဆုံတဲ့အခါ ချက်ချင်းမျက်နှာရဲတက်လာသည်။

ထို့ကြောင့် ချက်ချင်းရှောင်လိုက်တဲ့အခါ ရုတ်တရက် ဒေါက်ဖိနပ်နှင့် ခြေလိမ်ပြီး လဲကျတော့မလိုဖြစ်သွားသည်။

သို့ပေမဲ့ ယဲ့ဖန်က သူမကို ခါးကနေ အမြန်လှမ်းဆွဲထားလိုက်သည်။

သူတို့နှစ်ဦးသား ချက်ချင်းနီးကပ်စွာဖြင့် မျက်နှာချင်းဆိုင်အနေအထားဖြစ်သွားကာ တစ်ယောက်ရဲ့အသက်ရှူသံကို တစ်ယောက်က ခံစားလို့ရနေသည်။

ထိုအချိန်မှာဘဲ အခန်းတွင်းရှိ လေထုအပူချိန်က ရုတ်တရက် ထိုးတက်သွားလေတော့သည်။

အပိုင်း (၁၄၈)

ရှင်ဆီကို ကျွန်မဘဝပုံအပ်မယ်လေ။

လင်းကျွင်းကျွင်းသည် ယဲ့ဖန်၏အကြည့်အောက်တွင် တစ်စုံတစ်ခုကို သဘောတူနေသည့်အလား သူမ၏မျက်လုံးများကို ဖြည်းဖြည်းချင်းပိတ်လိုက်သည်။

သူမကဲ့သို့ ထိပ်တန်းအလှလေးတစ်ဦးက သူ့ရဲ့လှုပ်ရှားမှုကို စောင့်နေလေသည်။

ဘယ်လိုယောက်ျားမျိုးက စိတ်မလှုပ်ရှားဘဲနေနိုင်မှာလဲ။

ယဲ့ဖန်ပြုံးလိုက်ပြီး မျက်နှာအနားကို ဖြည်းဖြည်းချင်းတိုးကပ်လာသည်။

ပို၍ နီးလာသည်။

ပို၍ နီးလာသည်။

ပို၍ပင် နီးလာသည်။

ဆွဲဆောင်မှုရှိတဲ့အရသာလေးကို ခံစားရတော့မယ့်အချိန်မှာဘဲ သူ့ အိတ်ကပ်ထဲမှ ဖုန်းက ရုတ်တရက် မြည်လာတော့သည်။

" အဟွတ်၊ အဟွတ် ......... "

ယဲ့ဖန်သည် နေရခက်စွာဖြင့် ခြေလှမ်းကိုအနောက်ဆုတ်လိုက်ပြီး ဖုန်းကိုဖြေလိုက်သည်။

ချက်ချင်းဆိုသလိုပင် တစ်ဖက်မှ ရှန်းပိုင်ထျန်း၏ပျော်ရွှင်နေတဲ့အသံကထွက်လာသည်။

" ယဲ့ဖန်၊ မိုကုန်း သေမတတ်ဒေါသထွက်သွားတယ်ဆိုတာ၊ တကယ်လား "

ဖုန်းခေါ်တဲ့သူက ရှန်းပိုင်ထျန်းဖြစ်မှန်း လင်းကျွင်းကျွင်းသိလိုက်သည်။

သူမ၏မျက်နှာက ချက်ချင်းမှုန်ကုတ်သွားသည်။

တစ်ချိန်တည်းမှာဘဲ တိတ်တိတ်ကလေးလှည့်ပြီး ထွက်သွားခဲ့သည်။

ယဲ့ဖန်ကတော့ သူမရဲ့အမူအရာတွေကို သတိမထားမိဘဲ ရှန်းပိုင်ထျန်းနှင့် ဆက်ပြီးဖုန်းပြောနေခဲ့သည်။

" သတင်းက မြန်လှချည်လား "

" ဟုတ်တယ်။ မိုကုန်းက ကျုံးထျန်းကန်သာယာစံအိမ်တွေဆီကိုသွားတယ်လို့ကြားကတည်းက ငါ သူ့ရည်ရွယ်ချက်ကို ရိပ်မိပြီးသား။ အဲ့တာကြောင့် သူ့လှုပ်ရှားမှုတွေကို သတိထားနေတာ။ သူက စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့မျက်နှာနဲ့ပြန်ထွက်လာတယ်လို့သိလိုက်တော့ သူ့ကို သင်ခန်းစာပေးလိုက်တာက နင်ဖြစ်တယ်ဆိုတာ တန်းသိလိုက်တယ် "

ရှန်းပိုင်ထျန်းက အတော်လေးစိတ်လှုပ်ရှားနေတဲ့အသံဖြင့် စကားပြောနေခဲ့သည်။

" မင်းကိုကူဖို့ အိမ်ငှားငွေအများကြီးဆုံးရှုံးသွားတယ်။ ဘယ်လိုပြန်ပေးမှာလဲ "

" လမ်းဘေးဆိုင် လိုက်ကျွေးရမလား "

" ဒီတစ်ခေါက် ယွမ်သန်းချီဆုံးရှုံးလိုက်ရတာတောင် လမ်းဘေးဆိုင်မှာ လိုက်ကျွေးမှာတဲ့လား "

" အဲ့တာဆို နှစ်နပ်ကျွေးမယ်လေ၊ ဟီးဟီးဟီး ..... "

" ................ "

ယဲ့ဖန်အကြာကြီးမစောင့်လိုက်ရဘဲ ရှန်းပိုင်ထျန်း၏ အနီရောင် McLaren ပြိုင်ကားက ရောက်လာခဲ့သည်။

ထို့နောက် သူတို့နှစ်ယောက်နောက်ဆုံးတစ်ခေါက်တုန်းက အတူသွားခဲ့သည့် စားသောက်တန်းဆီသို့သွားခဲ့သည်။

လမ်းကျဉ်းလေးထဲသို့ ဇိမ်ခံပြိုင်ကားကြီးက ထပ်ဝင်လာတဲ့အခါ ထပ်ပြီးရုတ်ရုတ်သဲသဲဖြစ်ကုန်သည်။

လူတွေက အပြေးလာကြည့်ကြသည်။

သို့ပေမဲ့ သူတို့က အနားသို့ကပ်မကြည့်ရဲကြပေ။

ဤကဲ့သို့အဆင့်ရှိသည့်ဇိမ်ခံပြိုင်ကားမျိုးတွင် အစင်းရာလေးပင် ထင်သွားပါက သူတို့တစ်ဘဝစာဒေဝါလီချိတ်ပိတ်ခံရမှာဖြစ်သည်။

ယဲ့ဖန်နှင့်ရှန်းပိုင်ထျန်းတို့သည် အရင်တစ်ခေါက်တုန်းကစားခဲ့တဲ့ဆိုင်ကိုဘဲထပ်သွားခဲ့သည်။

" မင်းတို့နှစ်ယောက်ထပ်လာတာလား။ လာလာ၊ ထိုင်ကြ "

ဆိုင်သူဌေးက သူတို့ကို ချက်ချင်းနွေးထွေးစွာကြိုဆိုသည်။

" သူဌေး၊ ကျွန်မတို့ကို မှတ်မိတာလား "

ရှန်းပိုင်ထျန်းက ယဲ့ဖန်ကိုဆွဲပြီး ထောင့်ခုံတွင်ထိုင်ကာ သူဌေးကို ပြုံးကြည့်သည်။

" ဘယ်လိုလုပ်ပြီး မမှတ်မိဘဲနေမှာလဲ။ မင်းတို့လိုရွှေရောင်တွေတောက်ပနေတဲ့အတွဲက တီဗီပေါ်က နာမည်ကြီးတွေလိုဘဲ။ မမှတ်မိဘဲနေဖို့က အတော်ခက်ခဲလိမ့်မယ် "

သူဌေးက စားပွဲကိုရှင်းပေးရင်း သူတို့ကို မြှောက်ပင့်ပြောဆိုသည်။

" ဘယ်သူက သူနဲ့ရွှေရောင်အတွဲဖြစ်ရမှာလဲ "

ရှန်းပိုင်ထျန်းက ယဲ့ဖန်ကို မျက်စောင်းထိုးကြည့်သည်။

ယဲ့ဖန်က စွပ်စွဲခံရသည်ဟုခံစားရသည်။

ပြောတာက သူဌေးလေ၊ သူမှ မဟုတ်တာ။

ဘာလို့ လာစောင်းကြည့်နေရတာလဲ။

" ဒီဆိုင်ကိုဖွင့်ထားတာ နှစ်ဆယ်ချီနေပေမဲ့ ငါ့မှာ အမြင်ကောင်းရှိပါသေးတယ်။ မင်းတို့က ချစ်နေကြတာဘဲ၊ ကောင်းကင်က ချမှတ်ထားတဲ့သမီးရည်းစားတွေ။ ငါမှားစရာအကြောင်းမရှိဘူး ....... "

" သူဌေး၊ မဟုတ်တာဆက်ပြောနေမယ်ဆိုရင် ကျွန်မတို့ ပြန်လိုက်တော့မှာ "

ရှန်းပိုင်ထျန်းက သူ့စကားကြောင့် မျက်နှာပူလာပြီး စကားကိုဖြတ်ပြောလိုက်သည်။

" ကောင်းပါပြီ၊ ကောင်းပါပြီ၊ ကောင်းပါပြီ။ ဘာမှဆက်မပြောတော့ပါဘူး "

သူဌေးက ချက်ချင်းပါးစပ်ပိတ်ပြီး သူတို့အတွက်မီနူးယူလာပေးသည်။

ရှန်းပိုင်ထျန်းက အသားချောင်းကင်တစ်ချို့နှင့် ရေခဲထည့်ထားသောကုတ်နှစ်ခွက်မှာလိုက်သည်။

သူဌေးက သူတို့ကို အမြန်ဝန်ဆောင်မှုပေးသည်။

" ယဲ့သခင်လေး၊ စားပါဦး "

ရှန်းပိုင်ထျန်းက အသားကင်တစ်ချောင်းကိုယူပြီး ယဲ့ဖန်ပါးစပ်နားကိုတိုးပေးသည်။

" ဟူး၊ ဒီနေ့ ဆုံးရှုံးလိုက်ရတဲ့ ယွမ်သန်းချီတဲ့ငွေတွေကို စဉ်းစားလိုက်မိရင် စားလို့တောင်မဝင်တော့ဘူး "

ယဲ့ဖန်က ခေါင်းကိုခါပြီး သက်ပြင်းချလိုက်သည်။

" ဟေး၊ တော်လောက်ပြီထင်တယ်။ ငါ နင့်ကို အသားချောင်းဝယ်ကျွေးနေတာဘဲမဟုတ်လား "

ရှန်းပိုင်ထျန်းက နှုတ်ခမ်းဆူလိုက်သည်။

" အသားချောင်းလေးနည်းနည်းက ငါ့ရဲ့ကွဲအက်နေတဲ့နှလုံးသားကို ဘယ်လိုဖာထေးပေးနိုင်မှာလဲ "

ယဲ့ဖန်က သေတော့မယ့်သူတစ်ယောက်နာကျင်လွန်းလို့ ရင်ဘတ်ကိုဖိကိုင်ထားသည့်ပုံစံလုပ်လိုက်သည်။

" ကျစ်၊ တော်စမ်းပါ "

ရှန်းပိုင်ထျန်းက သူ့ကို မျက်စောင်းထိုးပြီး သူမဘာသာဆက်စားတော့သည်။

" တွေ့ကတည်းက ကူညီပေးထားတာ ဘယ်နှစ်ခါတောင်ရှိနေပြီလဲ။ အကြွေးတင်နေတာများပြီ။ ပြန်ပေးဦးမှာလား၊ မပေးတော့ဘူးလား "

ယဲ့ဖန်ကလည်း အသားချောင်းကို ကောက်ကိုင်စားလိုက်သည်။

" ပေးမှာပါ၊ မပေးဘူးလို့မပြောမိပါဘူး "

ရှန်းပိုင်ထျန်းက ခေါင်းငြိမ့်ပြလိုက်သည်။

" ဘယ်လိုပြန်ပေးမှာလဲ "

" ပိုက်ဆံပေးမယ်လေ ...... ဒါတောင် လွန်လှပြီ။ ပြီးတော့ နင်က ပိုက်ဆံလိုနေတာမှမဟုတ်တာ။ ပြီးရင် ငါကလည်း တစ်ယောက်တည်းဆိုတော့ .... ဒါပေမဲ့ ..... "

ရှန်းပိုင်းထျန်းသည် စနောက်တဲ့အသံဖြင့်ပြောနေပေမဲ့ သူမ မျက်လုံးတွေကတော့ မျှော်လင့်ချက်အပြည့်ဖြစ်နေသည်။

" အာ ......... "

ယဲ့ဖန် ပြောစရာစကားမဲ့သွားသည်။

ဆိုင်ထဲမှ အသားကင်စားနေကြတဲ့သူတွေက သူ့ကို အားကျသည့်အကြည့်ဖြင့်ကြည့်ကြသည်။

ဒီလောက်လှတဲ့ကောင်မလေးက သူမဘဝကို သူ့ဆီပုံအပ်ဖို့ ကမ်းလှမ်းနေတာလား။

သာမန်ယောက်ျားလေး ဘယ်သူမဆို ငြင်းနိုင်မှာမဟုတ်ဘူးမလား။

ယဲ့ဖန်က တစ်ခဏကြောင်အသွားပြီးနောက် စိတ်ပျက်လက်ပျက်ဖြင့်ခေါင်းခါလိုက်သည်။

" လုပ်စမ်းပါ၊ အဝတ်ဘယ်လိုလျှော်ရမလဲလည်းမသိ၊ ဟင်းဘယ်လိုချက်ရမလဲလည်းမသိဘဲနဲ့။ အသုံးမကျဘူးလို့တောင်ပြောလို့ရတယ်။ အဲ့တာတောင် မင်းကို တင်ကျွေးစေချင်သေးတာလား။ ဆုတောင်းလေ "

" ဖူး ......... "

ဘေးကလူတွေက ရယ်ကြသည်။

ဒီတစ်ယောက်က လွန်လွန်းလိုက်တာ။

မိန်းကလေးတစ်ယောက်ကို ဘယ်သူကအဲ့လိုပြောမှာလဲ။

ရှန်းပိုင်ထျန်း၏မျက်နှာပေါ်က အပြုံးချိုချိုလေးက ချက်ချင်းအေးခဲသွားရတော့သည်။ အချိန်အတော်ကြာမှ အသိစိတ်ပြန်ဝင်လာသည်။

" ဘယ်သူ့ကို အသုံးမကျဘူးလို့ပြောနေတာလဲ။ အခုထိ လူပျိုဖြစ်နေတဲ့သူကများ ......... "

ရှန်းပိုင်ထျန်းသည် ပါးလုတ်ပလောင်းဖြင့်ပြောနေတာကြောင့် စကားတွေက ဗလုံးဗထွေးဖြစ်သည်။

အဲ့တာကြောင့် စကားပြောရင်း 'မဟုတ်ဘူး' ဆိုသည့်အသံထွက်သလိုဖြစ်သွားသည်။

ယဲ့ဖန်က ချက်ချင်းခေါင်းခါငြင်းလိုက်သည်။

" အသုံးမကျဘူးလို့ဘဲပြောတာပါ။ ဒါပေမဲ့ အပျိုမဟုတ်ဘူးလို့ မပြောမိပါဘူး။ အပျိုမဟုတ်ဘူးဆိုရင်တောင် ကျွန်တော်က ဘယ်လိုလုပ်သိမှာလဲ "

" ယဲ့ဖန် ငါနင့်ကို သတ်ပစ်တော့မယ် "

ရှန်းပိုင်ထျန်းသည် အရှက်ကွဲတာကြောင့်ဒေါသထွက်လာပြီး ယဲ့ဖန်ကိုချက်ချင်းထုရိုက်ဖို့ပြင်သည်။

ယဲ့ဖန်က ပျင်းတာကြောင့် ခေါင်းတောင် လှည့်မကြည့်ပေမဲ့ သူမ၏လက်ကောက်ဝတ်နှစ်ခုလုံးကိုဘဲ လက်တစ်ဖက်တည်းဖြင့် ဆွဲဖမ်းထားလိုက်သည်။

ရှန်းပိုင်ထျန်း ဘယ်လောက်ဘဲအားသုံးပြီးရုန်းပါစေ လွတ်မထွက်နိုင်ပေ။

" နင် ....... ငါ စိတ်တိုလာပြီနော် "

ရှန်းပိုင်ထျန်း သူမ ထိုင်ခုံတွင် စိတ်ညစ်စွာပြန်ထိုင်လိုက်သည်။

သူမ အနိုင်မရနိုင်ပေ။

သူ့ကိုလည်း ရိုက်လို့မရနိုင်ပေ။

သူမ ခံလိုက်ရသည့်အဖြစ်ကို တေးထားပြီး အသားကင်အပေါ်ဒေါသပုံချလိုက်သည်။

ပါးစပ်အပြည့်ဝါးနေပြီး ပါးလေးတွေက ဖောင်းနေသည်။

ကြည့်ရတာ အတော်လေးချစ်စရာကောင်းသည်။

" ပြောဖို့မေ့သွားတယ်။ အသားကင်ပေါ်မှာ မင်းမကြိုက်တဲ့ ကြက်သွန်ဖြူတွေတွေ့လိုက်တယ်။ ဘယ်လိုလဲအရသာက "

ယဲ့ဖန်က အရိုက်ခံဖို့တောင်းနေတဲ့မျက်နှာထားဖြင့်မေးလိုက်သည်။

" ဝေါ့ .......... "

All Chapters