ဖန်တီးမှု၊ စနစ်အကဲဖြတ်ချက်
Vol. 3 Ch. 32
ပန်းချီခန်း။
ပန်းချီကားတင်ခုံပေါ်တွင် ကြီးမားသော ပန်းချီကားတစ်ချပ် တင်ထားပြီး ရေဆေး ပန်းချီစက္ကူကို ကပ် ထားပြီးဖြစ်သည်။ ပန်းချီကားပတ်ပတ်လည်တွင် ပုံကြမ်းများနှင့် ရေဆေး ပန်းချီကားငယ်အချို့ကို ကပ်ထားသည်။
ကျန်းကျဲ့သည် ခဲတံကို ကိုင်ပြီး ခဏတာ တိတ်ဆိတ် ပြီးနောက် စက္ကူပေါ်တွင် ပုံစတင်ဆွဲတော့ သည်။
သူသည် ချန်းယန်၏ နေ့လယ်ခင်း မှေးစက်နေသည့် မြင်ကွင်းကို ဆွဲရန် ပြင်ဆင်နေသည်။
ဤပန်းချီကားအတွက် သူ အချိန်အတော်ကြာ တွေးတော ခဲ့ပြီး ပုံကြမ်းများစွာကို ဆွဲခဲ့ကာ အသေးစိတ်အချက်အလက်များကို အလွန်ရင်းနှီးနေပြီဖြစ်သောကြောင့် တစ်နာရီခန့်သာ အချိန်ယူပြီး ခဲတံပုံကြမ်းကို ပြီးအောင် ဆွဲ ခဲ့သည်။
အကြိမ်ကြိမ် နှိုင်းယှဉ်ကြည့်ကာ မှန်ကန်ကြောင်း သေချာမှ ပိုနေသော ခဲတံမျဉ်းများကို ဖျက်ပစ်ကာ ဆေးရောင်ခြယ်ရန် ပြင်ဆင်သည်။
လက်ရာကို စနစ်၏ လိုအပ်ချက်များအတိုင်း ပြည့်မီစေရန်အတွက် အဓိက အရောင်အချို့ကို သေချာရွေးချယ် ဝယ်ယူခဲ့သည်။
ဤဆေးရောင်များသည် Smink နှင့် Rembrandt ကဲ့သို့သော မတူညီသည့် အမှတ်တံဆိပ်များမှ ဖြစ်ပြီး အစိုင်အခဲမဟုတ်သည့် ဆေးရည်များ ဖြစ်သည်။ ထို့အပြင် ပုံတွင် အထူးအသွင်အပြင်များ ဖန်တီးရန်အတွက် Arabic gum နှင့် Ox gall ကဲ့သို့သော ဓာတုပစ္စည်းများလည်း ရှိလေ သည်။
အရင်က ဆုလာဘ်များ ရှင်းလင်းစဉ်တွင် ကျန်းကျဲ့သည် စတီဗ်ဟန့်ခ်စ်၏ ပန်းချီပုံစံကို ဆက်တိုက် တုပခဲ့ရာ ပန်းချီကားကို စိတ်ကူးစဉ်တွင် သွယ်ဝိုက်သောအားဖြင့် လွှမ်းမိုးခံခဲ့ရသည်။
ဤရေဆေး ပုံတူပန်းချီကားကို လက်တွေ့ဆန်သော ပုံစံဖြင့် ရေးဆွဲရန် စီစဉ်ထားပြီး နောက်ခံတွင်သာ မှေးမှိန်သော အသွင်အပြင်ကို ဖန်တီးကာ ပန်းချီကားကို ပို၍ သက်တောင့်သက်သာဖြစ်စေရန် ရည်ရွယ်သည်။
လက်တွေ့ဆန်သော ရေဆေး ပန်းချီကားတစ်ချပ်ကို မြင်ကွင်းကျယ် ပန်းချီကားတစ်ချပ်ကဲ့သို့ တစ်ထိုင်တည်း ပြီးအောင် ဆွဲ၍မရပေ။ သူက ယဉ်ကျေးမှုဘာသာရပ်များကိုလည်း သင်ယူရပြီး အနုပညာစာမေးပွဲလည်း ဖြေရသောကြောင့် အချိန်ခွဲ၍သာ ဖန်တီးနိုင်မည်ဖြစ်သည်။
ပထမနေ့တွင် ပုံကြမ်းဆွဲခြင်းနှင့် အခြေခံအရောင်များကိုသာ သတ်မှတ်ခဲ့သည်။
ဒုတိယနေ့မှ စတင်၍ တစ်စိတ်တစ်ပိုင်းကို ဆွဲသည်။
တတိယနေ့တွင် ဆက်လက်၍ နက်ရှိုင်းစွာ ဆွဲသည်။
ငါးရက်ကြာပြီးနောက် ရေဆေး ပန်းချီကားတစ်ချပ် ဆွဲ ပြီးခဲ့လေ သည်။
ဤပန်းချီကားတွင် ချန်းယန်၏ ပုံသဏ္ဌာန်သည် အလင်းနှင့် အရောင်တို့၏ အကျိုးသက်ရောက်မှုအောက်တွင် ပြီးပြည့်စုံလုနီးပါး အနေအထားသို့ ရောက်ရှိနေသည်။
သူမရဲ့အနက်ရောင် ဆံပင်များက ပွယောင်း၍ သဘာဝကျပြီး အဖြူရောင် ညဝတ်အင်္ကျီ က မိန်းကလေး၏ နုနယ်လှပမှုကို ပို၍ ပေါ်လွင်စေသည်။
ကျန်းကျဲ့သည် ဤလက်ရာကို ကြည့်ပြီး စိတ်ကျေနပ်ကာ ပန်းချီကားပေါ်တွင် သူ့လက်မှတ်ထိုးပြီးနောက် စနစ်စာမျက်နှာကို ဖွင့်လိုက်သည်။
စနစ်က ကျန်းကျဲ့ပေးပို့သော အချက်အလက်များကို လက်ခံရရှိပြီးနောက် သတိပေးချက် ပေးသည်-
ပိုင်ရှင်သည် ချန်းယန်ကို မော်ဒယ်အဖြစ်ထား၍ ပထမဆုံး လက်ရာကို ပြီးမြောက်ခဲ့သည်။ စနစ်က ဤလက်ရာကို “ကောင်းမွန်သော လက်ရာ” အဖြစ် သတ်မှတ်သည်။
ကျန်းကျဲ့က ရှင်းလင်းချက်ကို ကြည့်လိုက်သည်။
စနစ်က လက်ရာများကို အဆင့်လေးဆင့် ခွဲခြားထားသည်။ ကမ္ဘာကျော်လက်ရာက ပထမ၊ အကောင်းဆုံးလက်ရာက ဒုတိယ၊ ကောင်းမွန်သော လက်ရာက တတိယနှင့် သာမန်လက်ရာက နောက်ဆုံး ဖြစ်သည်။
ဤမစ်ရှင်၏ လိုအပ်ချက်မှာ ၃ ပုံ ၁ ပုံကို အကောင်းဆုံးလက်ရာ အဆင့်ရောက်ရှိရမည်ဖြစ်ရာ အခုကြည့်ရသည်မှာ အနည်းငယ် ခက်ခဲနေ သည်။
စနစ်အကဲဖြတ်သည့် သာမန်လက်ရာဆိုသည်မှာ ပုံမှန်ကို ဆိုလိုခြင်းမဟုတ်ဘဲ ပန်းချီဆရာ၏ နည်းစနစ်များ ကျွမ်းကျင်ပြီးနောက် ပျမ်းမျှအဆင့် လက်ရာကို ဆိုလိုသည်။
ကောင်းမွန်သော လက်ရာဆိုသည်မှာ ပန်းချီဆရာ၏ နည်းစနစ်များ အဆင့်တစ်ခုသို့ ရောက်ရှိပြီး ပုံမှန်ဆွဲထားသည့် လက်ရာဖြစ်သည်။
အကောင်းဆုံးလက်ရာဆိုသည်မှာ ပန်းချီဆရာ၏ အဆင့်မြင့်စွမ်းရည်ကို အပြည့်အဝ ထုတ်ဖော်ပြသသည့် လက်ရာဖြစ်သည်။
ကမ္ဘာကျော်လက်ရာဆိုသည်မှာ ပြတိုက်နှင့် အနုပညာပြခန်းများရှိ နာမည်ကြီး လက်ရာများကို ဆိုလို သည်။
ကျန်းကျဲ့က စနစ်၏ ရှင်းလင်းချက်ကို နားလည်သွားပြီး စိတ်ဓာတ်မကျခဲ့ပေ။
ဤလက်ရာကို ကောင်းမွန်သော လက်ရာအဖြစ် အကဲဖြတ်ခြင်းက သင့်လျော်ပေ သည်။
သူက အလွန်ကြိုးစားခဲ့သော်လည်း ကောင်းမွန်သော လက်ရာများကို ရိုးရိုးတန်းတန်း ဆွဲ၍မရပေ။ နည်းစနစ်များနှင့် အတွေ့အကြုံများ လိုအပ်သလို ကောင်းမွန်သော စိတ်ခံစားချက်နှင့် သင့်လျော်သော အချိန်အခါလည်း လိုအပ်လေ သည်။
ဤသည်မှာ မစ်ရှင်၏ ပထမဆုံး ဖန်တီးမှုဖြစ်ရာ ဖြည်းဖြည်းချင်း ပြီးမြောက်ရန် အချိန်ရသေးသည်။
.........
သင်တန်း။
ကျန်းကျဲ့က မာကာဘောပင် ကို ချလိုက်ပြီး သူ၏ ဒီဇိုင်းပုံကို စစ်ဆေးနေ သည်။
သင်တန်းက တစ်လခန့်ရှိပြီဖြစ်ရာ သူက 2D ဒီဇိုင်းမှစ၍ ကုန်ပစ္စည်းဒီဇိုင်းအထိ သင်ယူခဲ့သည်။ ဤနေရာ၏ သင်ခန်းစာများက အနုပညာစာမေးပွဲ၏ လိုအပ်ချက်များအတိုင်း ကွက်တိ ဖြစ်နေသော်လည်း သူ့စနစ်တွင် ဒီဇိုင်းဆိုင်ရာ သင်ယူမှုအသစ်များ အများအပြား ပေါ်ပေါက်လာသည်။
သူက ခဏနားပြီး ဘေးဘီကို ကြည့်လိုက်သည်။
သင်တန်း၏ ကျောင်းသားဦးရေ ပိုများလာသည်။ သင်တန်းစတင်ကတည်းက ကျောင်းသားအချို့က လမ်းတစ်ဝက်မှ ဝင်လာကြပြီး အချို့ကျောင်းသားများက လမ်းတစ်ဝက်မှ ထွက်သွားကြသည်။
အကြောင်းရင်းများက ရှုပ်ထွေးသည်။ အချို့က သူတို့၏ အရည်အချင်းက မမီတော့ကြောင်း သိ သဖြင့် လိုအပ်ချက်နိမ့်သော ကျောင်းများသို့ ပြောင်းရွှေ့သွားကြပြီး၊ အချို့ကလည်း သူတို့၏ စိတ်ကူးများ ပြောင်းလဲသွား၍ အခြားသင်တန်းများသို့ သွားကြသည်။
အနုပညာစာမေးပွဲကို ရင်ဆိုင်ရချိန်တွင် လူတိုင်း၌ ကိုယ်ပိုင်ရွေးချယ်မှုများ ရှိနေသည်။
ကျန်းကျဲ့က ဘေးနားရှိ ချန်းယန်ကို ကြည့်လိုက်သည်။
ချန်းယန်သည် အဝတ်အစားဒီဇိုင်းပုံ တစ်ခုကို ဆွဲနေသည်။
ကျန်းကျဲ့၏ မော်ဒယ်လုပ်ပေးပြီးနောက်တွင် မည်သည့်အရည်အချင်းကို တွေ့ရှိခဲ့သည် မသိသော်လည်း သူမက ရုတ်တရက် အဝတ်အစားဒီဇိုင်းကို စိတ်ဝင်စားလာပုံရသည်။
ကျန်းကျဲ့က ချန်းယန်ပြောသည်ကို ကြားသိရသည်မှာ သူမ၏ ကျောင်းဆရာနှင့် သင်တန်းဆရာတို့က သူမ အား အဝတ်အစားဒီဇိုင်းကို သင်ယူရန်နှင့် မော်ဒယ်ပညာရပ်ကိုလည်း ဖြေဆိုရန် အကြံပြုထားသည်။
ပင်းဟိုင်အနုပညာကောလိပ် နှင့် ပင်းဟိုင်တက္ကသိုလ်တို့တွင် ဤပညာရပ်နှစ်ခုလုံး ရှိသည်။
ထို့ကြောင့် ချန်းယန်သည် အဝတ်အစားဒီဇိုင်းနှင့် မော်ဒယ်ပညာရပ်ကို ဖြေဆိုရန် ဆုံးဖြတ်ထားသည်။
ချန်ယန်က အဝတ်အစားဒီဇိုင်းပုံ တစ်ခု ဆွဲ ပြီး သွားသောအခါ ကျန်းကျဲ့ကို ပြကာ - “ကြည့်ပါဦး၊ ဘယ်လိုလဲ”
သူမ ဆွဲထားသည်မှာ ဂါဝန်ရှည်ဒီဇိုင်းပုံ တစ်ခုဖြစ်သည်။
ကျန်းကျဲ့က “ငါ အဝတ်အစားဒီဇိုင်း မသင်ဖူးလို့ နားမလည်ဘူး။ ဒါပေမဲ့ ပုံကိုကြည့်ရတာတော့ အရမ်းကောင်းတယ်” ဟု ပြောလိုက်သည်။
ချန်းယန်က ပန်းချီကားဘုတ်ပြား ကို ချလိုက်ကာ - “ခဏနားကြရအောင်၊ ကားလ်ရောက်လာလား သွားကြည့်ရအောင်”
နှစ်ယောက်သား သင်တန်းသို့ ရောက်တိုင်း ထိုခွေးလေးကို သွားစနောက်လေ့ရှိသည်။
သူတို့သည် ခြံဝင်းထဲသို့ လျှောက်သွားပြီး အကြိမ်အနည်းငယ် ခေါ်လိုက်သောအခါ မကြာမီတွင် ခွေးလေးသည် ထောင့်တစ်ခုမှ ပျော်ရွှင်စွာ ပြေးထွက်လာသည်။
ခွေးလေးက နည်းနည်းကြီးလာပြီး ပါးစပ်က နည်းနည်းရှည်လာသည်။ မျက်နှာကတော့ ယခင်အတိုင်း နက်မှောင်နေဆဲပင်။ ကိုယ်ပေါ်က မီးခိုးရောင်အမွေးများကလည်း တဖြည်းဖြည်း အညိုရောင်သို့ ပြောင်းလဲလာသည်။
နှစ်ယောက်သား ခွေးလေးကို စားစရာကျွေးကာ ရေတိုက်ကြ သည်။
ချန်းယန်က “ရှင့်ဖန်တီးမှုကရော ဘယ်လိုလဲ။ ကျွန်မ ရှင့်ပန်းချီကို စောင့်နေတယ်” ဟု မေးလိုက်သည်။
ကျန်းကျဲ့က “ငါ နှစ်ပုံတော့ ဆွဲ ပြီးသွားပြီ၊ မင်း အချိန်ရရင် ပန်းချီခန်းကို လာပြီး တစ်ခု ရွေးလိုက်ပါ” ဟု ပြောလိုက်သည်။
“ကောင်းပါပြီ” ချန်းယန်က ခေါင်းစဉ်ကို ပြောင်းလိုက်ကာ - “ချင်းဟွာအနုပညာကောလိပ် စာမေးပွဲကို ရှင် ဖြေမှာလား”
သူမ မေးသည်မှာ အလွန်ရေပန်းစားသော ကျောင်းတစ်ခုဖြစ်သည်။ ကျောင်းသားများက ဖြေဆိုချင်ကြသလို ကျောင်းကိုယ်တိုင်ကလည်း ကျောင်းသားများ စာမေးပွဲအောင်မြင်ရန် မျှော်လင့်ထားသည်။
ကျန်းကျဲ့က “သွားစမ်းကြည့်လိုက်မယ်။ ငါတို့အတန်းထဲက ကျောင်းသားတွေ အားလုံးက အရည်အချင်း ဘယ်လိုပဲဖြစ်နေပါစေ၊ သွားစမ်းကြည့်ချင်ကြတယ်လေ” ဟု ပြောလိုက်သည်။
မူလကတော့ သူ မဖြေဆိုချင်ပေ။ အဓိကအကြောင်းအရင်းက ယဉ်ကျေးမှုဘာသာရပ်များတွင် မသေချာခြင်းကြောင့်ပင်။ နောက်ပြီး ချင်းဟွာ၏ ဒီဇိုင်းစာမေးပွဲ မေးခွန်းများကလည်း အတွေးအခေါ်ပိုင်းကို အထူးစမ်းသပ်လေ့ရှိသည်။
သို့သော် စနစ်မစ်ရှင်၏ လိုအပ်ချက်များက ဖြေဆိုမည့် ကျောင်းအရေအတွက်နှင့် အဆင့်များ ပြည့်မီရန် လိုအပ် သောကြောင့် သူက စမ်းသပ်ဖြေဆိုရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
( စာရင်းသွင်းသည် ကို ယခုအပိုင်းမှစကာ လျှောက်လွှာတင်သည်ဟု ပြောင်းရေးသွားပါမည်။)
ချန်းယန်က “ကောင်းပြီ၊ အဲဒီကျရင်လည်း ကျွန်မ တို့ အတူတူ လျှောက်လွှာသွားတင် ကြမယ်” ဟု ပြောလိုက်သည်။
........
ချင်းဟွာအနုပညာကောလိပ် ပင်းဟိုင်စာမေးပွဲစစ်ဆေးရေးဌာန၏ လျှောက်လွှာတင် ချိန်တွင် စစ်ဆေးရေးဌာနအပြင်ဘက်၌ လူပင်လယ်ကြီး ဖြစ်နေသည်။
ကျန်းကျဲ့နှင့် ချန်းယန်တို့သည် ဝရန်တာပေါ်တွင် အတူတူရပ်ကာ စစ်ဆေးရေးဌာန၏ အခြေအနေကို ကြည့်နေသည်။
ချင်းဟွာအနုပညာကောလိပ် သည် ပင်းဟိုင်တွင် နှစ်တိုင်း စစ်ဆေးရေးဌာန မထားဖူး ပေ။ ထို့ကြောင့် ယခုနှစ် စစ်ဆေးရေးဌာန ရှိ မည်ဟူသော သတင်းပျံ့နှံ့သွားသောအခါ ပင်းဟိုင်ဒေသခံများသာမက အနီးအနားမှ ကျောင်းသားများပါ လျှောက်လွှာလာတင် ရန် ရောက်လာကြသည်။
“ဒီနှစ် ပင်းဟိုင်မှာ အနုပညာစာမေးပွဲဖြေမယ့် ကျောင်းသားအသစ် ၁၀၀၀ ကျော်လောက် ရှိမယ်။ ပြည်နယ်တစ်ခုလုံးမှာဆိုရင် သောင်းနဲ့ချီပြီး၊ ပြန်ဖြေတဲ့သူတွေပါ ပေါင်းလိုက်ရင် ပိုများမယ်။ ဒီမှာ အနည်းဆုံး တစ်ထောင်လောက် ရှိမယ်ထင်တယ်” ချန်းယန်က ကြည့်ရင်းပြောလိုက်သည်။
ကျန်းကျဲ့ကလည်း သတင်းအချို့ ကြားထားသည် - “ပြည်နယ်မြို့တော်မှာလည်း စစ်ဆေးရေးဌာနတစ်ခု ရှိတယ်။ ဒီမှာလည်း လျှောက်လွှာလာတင် တဲ့သူတွေ မနည်းပါဘူး။ အခုက အရင်ကထက် နည်းနည်းတော့ နည်းသွားပြီ။ သွားကြစို့၊ငါတို့ မစောင့်တော့ဘူး”
နှစ်ယောက်သား ပစ္စည်းများ ယူပြီး ကျောင်းသားများနှင့်အတူ တန်းစီကာ လျှောက်လွှာတင် ရန် ရောက်လာခဲ့သည်။ တစ်နာရီကြာ တန်းစီပြီးနောက်တွင် နောက်ဆုံးတော့ လျှောက်လွှာတင် ပြီးခဲ့သည်။
စစ်ဆေးရေးဌာနမှ ထွက်လာသောအခါ နှစ်ယောက်သား တစ်ပြိုင်နက်တည်း သက်ပြင်းချလိုက်ကြသည်။
ကျန်းကျဲ့က ချန်းယန်ကို ကြည့်ပြီး “မင်း အဝတ်အစားတွေ ယူသွားမလား” ဟု မေးလိုက်သည်။
ချန်းယန်က အနည်းငယ် ပင်ပန်းနေကာ - “ ကျွန်မ ဒီနေ့ တန်းစီရတာ ပင်ပန်းလွန်းလို့ အိမ်ပြန်ပြီး နားချင်နေပြီ ”
ကျန်းကျဲ့က ချန်းယန်ကို ကားမှတ်တိုင်အထိ လိုက်ပို့ပြီးမှ ပန်းချီခန်းသို့ ပြန်လာခဲ့သည်။
ပန်းချီခန်းတံခါးကို ဖွင့်လိုက်သောအခါ အမေ ရှုလီ ရောက်နေသည်ကို တွေ့လိုက်ရသည်။
“အမေ၊ ဘာလို့ ရောက်လာတာလဲ” ကျန်းကျဲ့က လျှောက်လွှာတင်သည့် ပစ္စည်းများပါသော အိတ်ကို ချလိုက်သည်။
ရှုလီက မျက်နှာတည်တည်ဖြင့် ကျန်းကျဲ့ကို ကြည့်ကာ - “လျှောက်လွှာတင်ပြီးပြီလား”
ကျန်းကျဲ့၏ မျက်လုံးက ဘေးဘီသို့ ဝေ့ဝဲသွားပြီး အခြေအနေ မကောင်းသည်ကို ခံစားလိုက်ရသည်။
သူက ချန်းယန်၏ အဝတ်အစားများအတွက် ရိုးရိုးအဝတ်ဗီရိုတစ်ခု ဝယ်ထားရာ အဝတ်ဗီရိုက အလွန် မြင်သာနေ သည်။
“အမေ၊ ကျွန်တော် လျှောက်လွှာတင်ပြီးပြီ”
ရှုလီက ဆက်မေးသည်- “ဒီမိန်းကလေးအဝတ်အစားတွေက ဘယ်ကရောက်လာတာ လဲဆိုတာ အမေ့ ကို ရှင်းပြပါဦး”