အပိုင်း ၁၅၃-၁၅၆
Vol. 8 Ch. 153-156
အပိုင်း (၁၅၃)
ပြဿနာဖြေရှင်းပြီး။
မမျှော်လင့်ထားတဲ့အံ့ဩစရာကိစ္စ။
" အား ....... "
မိုကုန်းသည် ခေါင်းတွင် စူးရှတဲ့နာကျင်မှုတစ်ခုခံစားရပြီးတဲ့နောက် ခေါင်းကွဲကာသွေးထွက်လာတော့သည်။
" သတ်၊ သတ်၊ ငါ့အစား သူ့ကိုသတ်ကြစမ်း "
မိုကုန်းက သူ့လက်အောက်ငယ်သားတွေကို ချက်ချင်းအော်ပြောလိုက်သည်။
အနက်ရောင်ဝတ်စုံနဲ့ခန္ဓာကိုယ်တောင့်တဲ့လူတွေက အသိစိတ်ကပ်လာကာ ချက်ချင်းတုန့်ပြန်ပြီး ယဲ့ဖန်ကို တိုက်ခိုက်ကြတော့သည်။
ထိုမြင်ကွင်းကြောင့် ရှန်းပိုင်ထျန်းက ချက်ချင်းအော်လိုက်သည်။
" ယဲ့ဖန်၊ ပြေး "
သို့ပေမဲ့ ယဲ့ဖန်ကတော့ ရယ်လိုက်ပြီး သူတို့ရှိရာကို ပြေးခုန်အုပ်လိုက်သည်။
ယဲ့ဖန်က မကောင်းဆိုးဝါးကောင်ကို ကူညီပေးသည့် လူယုတ်မာတွေကို လုံးဝသက်ညှာမပေးချေ။
ဘန်း၊ ဘန်း၊ ဘန်း
ဘေ့စ်ဘောရိုက်တံက ယဲ့ဖန်လက်ထဲတွင် ဝေ့ယမ်းနေသည်။
တစ်မဟုတ်ချင်းမှာဘဲ အနက်ဝတ်စုံနဲ့သူတွေအားလုံးကို အနိုင်ယူလိုက်သည်။
လူသတ်ဖို့ရည်ရွယ်ချက်နဲ့သူတွေက အခုတော့ မြေပေါ်မှာ နာကျင်မှုကြောင့် အော်ဟစ်နေကြရသည်။
ယဲ့ဖန်၏နတ်ဘုရားဆန်တဲ့လှုပ်ရှားမှုတွေကြောင့် ရှန်းပိုင်ထျန်းအံ့ဩလွန်းကာ ပါးစပ်အဟောင်းသားဖြစ်နေသည်။
ဒီတစ်ယောက်က ခန့်ညားလွန်းနေတော့တာဘဲ။
မိုကုန်းကလည်း မယုံကြည်နိုင်ဖြစ်ကာ မျက်လုံးတွေပြူးကျယ်နေသည်။
အရင်တုန်းက မကောင်းတဲ့ကိစ္စတွေအများကြီးလုပ်ခဲ့တာကြောင့် သူ့ကို လူတွေအများကြီးက သတ်ချင်နေကြသည်။
ဒါကြောင့် သူ့အဖေက ပိုက်ဆံတွေအများကြီးသုံးပြီး ဒီလိုကိုယ်ရံတော်တွေကို ငှားပေးထားတာဖြစ်သည်။
ပြီးတော့ ဒီကိုယ်ရံတော်တွေက ထိပ်တန်းအဆင့်ရှိသူတွေဖြစ်သည်။
ဒါတောင်မှ ယဲ့ဖန်က အနည်းငယ်ဘဲလှုပ်ရှားပြီး အနိုင်ယူသွားခဲ့သည်။
ယဲ့ဖန်က သူ့ဆီလျှောက်လာတာကိုတွေ့တဲ့အခါ ကြောက်လွန်းလို့ အမြန်နောက်ဆုတ်လိုက်သည်။
" မင်း......အနားကပ်မလာနဲ့။ ငါမင်းကို သတိပေးနေတယ် ..... "
ယဲ့ဖန်က ဘေ့စ်ဘောရိုက်တံကိုလွှင့်ပစ်ပြီး သူ့ရင်ဘတ်ကို ထိုးလိုက်သည်။
ဘန်း
မိုကုန်း တစ်မီတာကျော်လောက်လွင့်ထွက်သွားပြီး မြေပေါ်သို့ ဘုန်းခနဲလဲကျသွားသည်။
မြေပေါ်မှ မထနိုင်ခင်မှာဘဲ ယဲ့ဖန်က သူ့ကို အဆက်မပြတ် လက်သီးဖြင့်ထိုးပြန်သည်။
ခွက်၊ ခွက်၊ ခွက် .......
" ဖူး ........ "
မိုကုန်းသည် သွေးအန်ထွက်လာပြီး ကြည့်ရတာ အတော်လေးသနားစရာကောင်းနေသည်။
ရှန်းပိုင်ထျန်းက သွေးသံတရဲရဲမြင်ကွင်းကို မကြည့်ရဲတာကြောင့် ကောင်မလေးကို ထလို့ရအောင်ကူပေးသည်။
" ရှင်အခုပြောလိုက်တာ၊ အမှန်ဘဲလား "
ထိုကောင်မလေးက ရှန်းပိုင်ထျန်း၏မေးခွန်းကို ကြားပြီး ခေါင်းတသွင်သွင်ငြိမ့်ပြကာ သူမမျက်လုံးတွေကရဲတက်လာသည်။
" ရှင့်ကိုသိတယ်။ ကျွန်မလည်း ကျုံးဟိုင်တက္ကသိုလ်က ကျောင်းသူပါဘဲ "
" မနေ့တုန်းက ကျွန်မကို သူက ကျောင်းနားကဟိုတယ်ဆီကို အတင်းခေါ်သွားပြီး မတရားပြုကျင့်ခဲ့တာပါ "
" ကျွန်မက ချက်ချင်းရဲကို အကြောင်းကြားချင်ပေမဲ့ သူက မိသားစုနဲ့ခြိမ်းခြောက်ခဲ့တာကြောင့်ပါ။ ပြီးတော့ ....... "
" မင်း မဟုတ်တာတွေလျှောက်ပြောနေတာဘဲ ...... ငါ မင်းကို သိတောင်မသိဘူး ...... "
မိုကုန်းသည် သွေးအန်တဲ့အထိအရိုက်ခံရတာတောင်မှ ဆက်ပြီးငြင်းနေသေးသည်။
ထိုကောင်မလေးက သူ့ကို မုန်းတီးစွာကြည့်လိုက်သည်။
" ရှင်ငြင်းချင်သေးတာလား။ ရှင့်ဖုန်းထဲမှာ ရိုက်ထားတယ်လေ။ မဟုတ်ဘူးဆို ရှင့်ဖုန်းကို ပြရဲလား "
မိုကုန်းက ချက်ချင်း အမူအရာပြောင်းသွားပြီး အိတ်ကပ်ထဲကဖုန်းကို နှိုက်လိုက်သည်။
ယဲ့ဖန်က သူ့ဆီက ဖုန်းကို လုယူလိုက်သည်။
" ငါ့ဖုန်းကို ပြန်ပေးစမ်း "
မိုကုန်းက ယဲ့ဖန်ဆီကို ရူးနေတဲ့သူအတိုင်းပြေးခုန်လုသည်။
ယဲ့ဖန်က လုံးဝသက်ညှာမပေးဘဲ လွင့်ထွက်သွားအောင်ကန်လိုက်ပြီး မြေပေါ်ပြန်လဲကျသွားစေခဲ့သည်၊
ထို့နောက် ဖုန်းကိုနှိပ်လိုက်တဲ့အခါ မျက်နှာဖြင့်သော့ခတ်ထားတာကို သိလိုက်သည်။
ထို့ကြောင့် မိုကုန်းဆံပင်ကိုဆွဲပြီးမျက်နှာဖြင့် ဖုန်းလော့ကိုဖြည်လိုက်သည်။
ယဲ့ဖန်က ပုံအယ်လဘမ်ထဲကို ဝင်လိုက်တဲ့အခါ မြင်လိုက်ရတဲ့ပုံတွေကြောင့် လန့်သွားသည်၊
ရှန်းပိုင်ထျန်းကလည်း သိချင်စိတ်ကြောင့်လာကြည့်သည်။
ပုံတွေကိုမြင်တဲ့အခါ သူမမျက်နှာ ချက်ချင်းရဲတက်သွားသည်။
ရှန်းပိုင်ထျန်း ချက်ချင်းခေါင်းရှောင်လိုက်သည်။
ထိုဖုန်းထဲမှ ဓာတ်ပုံအယ်လဘမ်ထဲတွင် မမြင်သင့်တဲ့ပုံတွေ ဗီဒီယိုတွေနှင့် ပြည့်နှက်နေသည်။
ဓားစာခံတစ်ချို့က မူးယစ်ဆေးခပ်ခံရပြီး တစ်ချို့က အရက်မူးနေကြကာ တစ်ချို့က အတင်းအကျပ်မတော်မတရားပြုကျင့်ခံနေရသည်။
အားလုံးပေါင်းလျှင် ရာချီကျော်ရှိလေသည်။
" တိရစ္ဆာန်ကောင် "
ယဲ့ဖန်က ဒေါသထွက်နေပြီး မိုကုန်းမျက်နှာကို ကန်ချလိုက်သည်။
" အား ...... "
မိုကုန်းက ယောင်သွားတဲ့မျက်နှာကိုကိုင်ပြီး ယဲ့ဖန်ကို မုန်းတီးစွာကြည့်လိုက်သည်။
" ဒီမှာယဲ့ဆိုတဲ့အကောင်၊ မင်း တခြားသူတွေရဲ့ကိစ္စမှာ ဝင်မရှုပ်ဖို့ အကြံပေးချင်တယ်။ မင်းက အတော်လေးတတ်နိုင်တာကိုသိပေမဲ့ မင်းစော်ကားလို့မရတဲ့သူတွေရှိတယ်ဆိုတာကိုသိထား။ မင်းကိုယ်မင်း ပြဿနာရှာမယူမိစေနဲ့ "
" အို၊ ဟုတ်လား။ ငါကတော့မျှော်လင့်နေမိတယ် "
ယဲ့ဖန်က အေးစက်စက်ရယ်လိုက်ပြီး သူ့ကို ထပ်ကန်လိုက်သည်။
" သွားစမ်းပါ "
" ငါ့ဖုန်းပြန်ပေး "
မိုကုန်းက မြေပေါ်မှထရပ်ပြီး လက်လျှော့ဖို့ ဆန္ဒမရှိပေ။ သူ့ဖုန်းကို ပြန်လိုချင်နေသည်။
" မင်းက မသွားချင်မှတော့ ဆက်ပြီးလှဲနေလိုက်ပေါ့ "
ယဲ့ဖန်က ဆက်ကန်တော့မယ့်အချိန်မှာဘဲ မိုကုန်းက ဘာမှထပ်မပြောရဲတော့ဘဲ ခေါင်းကိုကာပြီး ချက်ချင်းထွက်ပြေးသွားခဲ့တော့သည်။
သူ့လက်အောက်ငယ်သားတွေလည်းပြေးသွားခဲ့သည်။
ယဲ့ဖန်က ထိုကောင်မလေးဆီလျှောက်လာသည်။
" ဘယ်မှာနေတာလဲ။ ငါတို့လိုက်ပို့ပေးရမလား "
ကောင်မလေးက ခေါင်းကိုခါသည်။
" ကျွန်မက တခြားမြို့ကပါ။ ကျောင်းဝန်းထဲမှာ အများအားဖြင့်နေပြီးတော့ သူတို့ လန့်မှာစိုးလို့ အိမ်ကိုအသိမပေးရဲဘူး "
ယဲ့ဖန် ပါးစပ်ဟလိုက်ပေမဲ့ ဘယ်လိုနှစ်သိမ့်ပေးရမလဲဆိုတာမသိပေ။
ထိုကောင်မလေးက သူတို့နှစ်ယောက်ကို ကျေးဇူးတင်စွာကြည့်လာသည်။
" ရှင်တို့ကို ဒီနေ့ ကျေးဇူးအများကြီးတင်ပါတယ်။ ရှင်တို့သာအချိန်မီရောက်မလာရင် သူရိုက်လို့ကျွန်မ သေနေရမှာပါ "
ရှန်းပိုင်ထျန်းက သူမ၏တုန်နေသောခန္ဓာကိုယ်ကို ဖက်လိုက်သည်။
" အနာဂတ်မှာ ရှင်ဘာဆက်လုပ်မှာလဲ "
ထိုကောင်မလေးက အံကိုကြိတ်လိုက်သည်၊
" ကျွန်မ ငြိမ်ခံနေမယ်ဆိုရင် ကျွန်မလိုအဖြစ်ကြုံရမယ့်ကောင်မလေးတွေ ဘယ်လောက်ထပ်များမလဲဆိုတာ မသိနိုင်ဘူး "
" အခု သက်သေရှိပြီဆိုတော့ သူလုပ်ခဲ့သမျှမကောင်းတဲ့ကိစ္စတွေကို ရဲကနေတစ်ဆင့်လူထုကိုချပြသွားမှာပါ "
ထို့နောက် သူမက ယဲ့ဖန်ကိုကြည့်လိုက်သည်။
" ရှင် ကျွန်မကို ဗီဒီယိုတွေပို့ပေးလို့ရမလား။ သက်သေအဖြစ် ရဲနဲ့တရားရုံးဆီတင်လို့ရအောင်ပါ "
ယဲ့ဖန် သူမ၏သတ္တိကို လေးစားသွားသည်။
သူမသာ အဲ့လိုလုပ်မည်ဆိုပါက သေချာပေါက်အခြားသူတွေဆီက လက်ညှိုးထိုးရှုတ်ချခံရမှာ မလွဲမသွေဖြစ်သည်။
သို့ပေမဲ့ သူမက ရဲကို အကြောင်းကြားဖို့ဆန္ဒရှိနေသေးသည်။
ဒါက သာမန်လူမျိုးလုပ်နိုင်တဲ့အရာမဟုတ်ပေ။
ချက်ချင်းယဲ့ဖန်က သူမကို ဖုန်းထဲမှ ဗီဒီယိုပို့လိုက်သည်။
" ဒါဆိုအရင်ပြန်နှင့်ပါ့မယ် "
ထိုကောင်မလေးက သူတို့ကို ကျေးဇူးတင်ဦးညွတ်ပြီးနောက် ပြန်သွားခဲ့သည်။
ခြေလှမ်းအနည်းငယ်လျှောက်ပြီးတဲ့နောက် သူမက ရုတ်တရက် ပြန်လှည့်လာပြီးပြောသည်၊
" ဒါနဲ့ အဲ့ဒီလူယုတ်မာက ကျွန်မကို မတရားပြုကျင့်နေတုန်း ဖုန်းတစ်ခုဝင်လာခဲ့ပါတယ်။ ရှန်းဘုရင်မြေပုံဆိုလား အဲ့တာပတ်သက်ပြီး သူပြောတာကို ကျွန်မကြားလိုက်တယ် ........ "
" ရှန်းဘုရင်ရဲ့လျှို့ဝှက်ရတနာမြေပုံလား "
ယဲ့ဖန်နှင့်ရှန်းပိုင်ထျန်းတို့က တစ်ပြိုင်တည်းပြောကြသည်။
" ဟုတ်မယ်ထင်တယ်။ သူက အဲ့တာကို အတော်လေးအလေးအနက်ထားနေတာ။ အဲ့ဒီဖုန်းဝင်လာတော့ သူလုပ်လက်စ ဒုစရိုက်ကိုတောင် ခဏရပ်သွားခဲ့တယ်။ သူ့ကိုရှင်းချင်တယ်ဆို ဒါက ရှင်တို့အတွက် အသုံးဝင်မလားလို့ပါ ....... "
ထိုစကားကိုပြောပြီးတဲ့အခါ သူမက လှည့်ပြန်သွားခဲ့သည်။
" ရှန်းဘုရင်ရဲ့လျှို့ဝှက်ရတနာမြေပုံအကြောင်းကို ကြားဖူးတာလား "
ထိုကောင်မလေးထွက်သွားတဲ့အခါ ယဲ့ဖန်က ရှန်းပိုင်ထျန်းကို လှည့်ကြည့်သည်။
အခုလေးတင် ရှန်းပိုင်ထျန်းဆီမှ ရှန်းဘုရင်၏လျှို့ဝှက်ရတနာမြေပုံအကြောင်း စကားထွက်လာသည်။
ယဲ့ဖန် မအံ့ဩဘဲမနေနိုင်ပေ။
" ဒါပေါ့၊ အဘိုးမှာ ရှန်းဘုရင်ရဲ့ လျှို့ဝှက်ရတနာမြေပုံအစိတ်အပိုင်းတစ်ခုရှိတယ်လေ "
ရှန်းပိုင်ထျန်းက ချက်ချင်းခေါင်းငြိမ့်ပြလိုက်သည်။
" ဘာ။ မင်းအဘိုးမှာ ရှန်းဘုရင်ရဲ့မြေပုံအပိုင်းအစရှိတာလား "
ယဲ့ဖန် သူ့နားကိုပင် မယုံနိုင်ပေ။
" ဟုတ်တယ်၊ အဘိုးက သူငယ်ငယ်တုန်းက မတော်တဆရခဲ့တာလို့ပြောတယ်။ သူ့စာကြည့်ခန်းထောင့်မှာပစ်ထားတာ။ အရင်တစ်ခေါက်က အိမ်ရှင်းတဲ့အဒေါ်က ပစ်မိမလိုတောင်ဖြစ်သွားသေးတယ် "
ရှန်းပိုင်ထျန်းက ပြုံးလျက်ရှင်းပြသည်။
" အဲ့လိုဆို မိုကုန်းက မင်းနားမှာ ပလာစတာလိုလိုက်ကပ်နေတာ အဲ့မြေပုံကြောင့်ဖြစ်နိုင်တယ် "
ယဲ့ဖန်က အတွေးတစ်ခုကို ဆက်စပ်တွေးမိသွားသည်၊
" ဟုတ်တယ်၊ အဲ့တာဖြစ်မယ် "
ရှန်းပိုင်ထျန်းကလည်း သဘောတူခေါင်းငြိမ့်သည်။
" အို၊ ဟုတ်သားဘဲ။ ရှင်ကရော ရှန်းဘုရင်ရဲ့လျှို့ဝှက်ရတနာမြေပုံအကြောင်းကို ဘယ်လိုသိတာလဲ "
အပိုင်း (၁၅၄)
ပေါင်တုတ်တုတ်ကြီးနှစ်ဖက်ကို မတော်တဆ ဖက်မိတာလား၊
ယဲ့ဖန်က သူ ရှန်းဘုရင်ရတနာမြေပုံအပိုင်းအစတွေကို ဘယ်လိုရခဲ့ကြောင်း ချက်ချင်းပြောပြလိုက်သည်။
" အဲ့တာက တကယ်ဘဲ အဲ့လောက်တောင်တန်ဖိုးရှိလို့လား "
ရှန်းပိုင်ထျန်းက ဖြစ်စဉ်ကိုကြားပြီးတဲ့နောက် နားမလည်ဖြစ်နေသည်။
" အဲ့တာက တန်ဖိုးရှိလား၊ မရှိဘူးလားဆိုတာ လူအပေါ်မူတည်တယ် "
ယဲ့ဖန်က သူမကို ရှင်းပြသည်။
" ပြီးတော့ အဲ့ဒီအစိတ်အပိုင်း၆ခုလုံးကို နှစ်ပေါင်း ၂၀၀၀ကျော်အတွင်း ဘယ်သူကမှ အကုန်မစုနိုင်ခဲ့ဖူးသေးဘူး "
" ပြီးတော့ အဲ့ဒီရတနာမြေပုံအစိတ်အပိုင်းတွေကို မစုနိုင်ရင် ကျန်တဲ့အစိတ်အပိုင်းတွေက အလကားဘဲ "
" အလွန်ဆုံးပြောရရင် သက်တမ်းရင့်နေတဲ့သိုးသားရေလိပ်တွေပေါ့ "
" နင်ပြောတာမှန်တယ်။ အဘိုးဆီက ရှန်းဘုရင်ရဲ့လျှို့ဝှက်ရတနာမြေပုံအစိတ်အပိုင်းကို ရှင့်အတွက် ကူခိုးပေးရမလား "
ရှန်းပိုင်ထျန်းက အကြံပေးလိုက်သည်၊
" အာ၊ ခိုးမှာလား "
ယဲ့ဖန် ကြောင်အသွားသည်၊
" ဟုတ်တယ်။ အဘိုးမှာက ရှေးဟောင်းရတနာတွေအများကြီးဘဲ။ ပြီးတော့ သူက အဲ့ဒီရှန်းဘုရင်ရဲ့ရတနာမြေပုံကို ဂရုစိုက်တာမဟုတ်ဘူး။ သူ့ဆီမှာရှိနေရင် အသုံးမဝင်ဘူးလေ "
ရှန်းပိုင်ထျန်းက ချက်ကျလက်ကျရှင်းပြသည်။
ယဲ့ဖန် ခေါင်းတခါခါလုပ်လိုက်သည်။
အရွယ်ရောက်အမျိုးသမီးတစ်ယောက်ကို အိမ်မှာမထားသင့်ဘူး၊ အမုန်းတရားပွားလိမ့်မယ်လို့ပြောကြသည်။
အရင်တုန်းကတော့ ယဲ့ဖန်မယုံခဲ့ပေ။
အခုတော့ အနည်းငယ်နားလည်လာသည်။
" ရှန်းဘုရင်ရဲ့ ရတနာမြေပုံကို တကယ်ဘဲလိုချင်ပေမဲ့ မင်းရဲ့အဘိုးနဲ့ ပွင့်ပွင့်လင်းလင်းဘဲပြောတာက ပိုကောင်းပါလိမ့်မယ်။ ခိုးဖို့ မလိုပါဘူး "
ယဲ့ဖန်သည် ရှန်းဘုရင်လျှို့ဝှက်ရတနာမြေပုံအတွက် အဘိုးရှန်းကို စော်ကားမိမှာမျိုး မဖြစ်ချင်ပေ။
" ဘာလို့လဲ။ ငါငယ်ငယ်တုန်းကဆို သူ့ စုဆောင်းရေးပစ္စည်းတွေကို ခိုးပြီး ပိုက်ဆံရအောင်ပြန်ရောင်းတယ်။ ပြီးရင် မုန့်ဝယ်စားတယ်လေ "
ရှန်းပိုင်ထျန်းက သဘောမတူသလို နှုတ်ခမ်းဆူသည်။
ယဲ့ဖန် နှဖူးကြောတွေပင်ထလာရသည်။
အဘိုးရှန်းဒေါသူပုန်ထနေမည့်အဖြစ်ကို သူ မြင်ယောင်ကြည့်လို့ရသည်။
ဒီလိုအဖိုးတန်မြေးမလေးကြောင့် ဒေါသထွက်ပြီး မသေသေးတာ ကံကောင်းသည်ဟုပြောရမည်။
ထိုအချိန်တွင် စနစ်အကြောင်းကြားစာ မြည်လာသည်။
[ ကံကြမ္မာစနစ်တာဝန်ပြီးမြောက်ခြင်းအတွက် လက်ခံသူကို ဂုဏ်ပြုပါတယ်။ စနစ်၏ဆုမှာ နဂါးကိုးခွက်အစုံမှ တစ်ခွက်ရရှိမှာဖြစ်ပါသည်။ ]
စနစ်၏ဆုကိုကြားတဲ့အခါ ယဲ့ဖန်မျက်လုံးအရောင်တောက်လာသည်။
အဘိုးရှန်းနှင့် ရှေးဟောင်းပစ္စည်းအရောင်းလမ်းမှာ ပထမဆုံးတွေ့ဆုံခဲ့ခြင်းက နဂါးကိုးခွက်အစုံကြောင့်ဆိုတာကို ယဲ့ဖန် မှတ်မိလိုက်သည်။
အဘိုးရှန်းက နဂါးကိုးခွက်အစုံကို အတော်လေးနှစ်သက်ပုံရသည်။
ဒါဆို နဂါးကိုးခွက်အစုံထဲကတစ်ခွက်နဲ့ ရှန်းဘုရင်ရတနာမြေပုံနဲ့ အလဲအထပ်လုပ်ဖို့ ပြဿနာမရှိလောက်တော့ဘူးမလား။
ထိုအတွေးကြောင့် ချက်ချင်းခေါင်းလှည့်ပြီး ရှန်းပိုင်ထျန်းကိုကြည့်လိုက်သည်၊
" အကြံတစ်ခုရှိတယ်။ မင်းက အဘိုးကို 'မတော်တဆ' ပုံစံနဲ့ သတင်းတစ်ချို့ပြောလိုက်။ ကျွန်တော့်ဆီမှာ နဂါးကိုးခွက်အစုံထဲက တစ်ခွက်ရှိနေတယ်ဆိုတဲ့အကြောင်း ........ "
ရှန်းပိုင်ထျန်းက ယဲ့ဖန်၏အစီအစဉ်ကို သေချာနားထောင်နေရင်း တစ်ချက်တစ်ချက်ခေါင်းငြိမ့်သည်။
...................
ယဲ့ဖန် စံအိမ်သို့ပြန်ရောက်လာတဲ့အခါ ဧည့်ခန်းကော်ဖီစားပွဲပေါ်တွင် ရှေးဟောင်း ကျောက်စိမ်းခွက်ဖြစ်သော နဂါးကိုးခွက်အစုံမှ တစ်ခွက်ကို တွေ့လိုက်ရသည်။
အရင်တစ်ခေါက် ရှေးဟောင်းလမ်းထဲမှာတွေ့ခဲ့သည့် နဂါးကိုးခွက်အစုံမှတစ်ခွက်နှင့် အတော်လေးဆင်တူသည်။
သူ ရှန်းဘုရင်မြေပုံအပိုင်းအစကို ရနိုင်မလား၊ မရနိုင်ဘူးလားဆိုတာက ဒီကျောက်စိမ်းခွက်ပေါ်မူတည်နေသည်။
ယဲ့ဖန် ထိုကျောက်စိမ်းခွက်နှင့် ခဏကြည့်နေပြီးတဲ့နောက် ပြန်တင်ထားလိုက်သည်။
ရိုးရိုးရှင်းရှင်း သန့်စင်ပြီးတဲ့နောက် အိပ်ရာဝင်အိပ်ဖို့ပြင်သည်။
အိပ်ပျော်နေချိန်မှာဘဲ ရုတ်တရက်ဖုန်းမြည်သံကြောင့် နိုးလာသည်။
အိပ်ငိုက်နေသည့်မျက်လုံးများကို မနည်းဖွင့်ကာ ဖုန်းကိုင်လိုက်သည်။
ရှန်းကွမ်းလင်း၏ စိတ်လှုပ်ရှားနေတဲ့အသံက ဖုန်းတစ်ဖက်မှထွက်လာဆသည်။
" ရှောင်ဖန်၊ ထျန်းထျန်းပြောတာ မင်းဆီမှာ နဂါးကိုးခွက်အစုံထဲက နောက်တစ်ခွက်ရှိတယ်ဆိုတာ အမှန်ဘဲလား "
ယဲ့ဖန်က သူ့နာရီကိုကြည့်လိုက်တဲ့အခါ မနက် ၃နာရီဖြစ်နေသည်။
" အဘိုးရှန်း၊ မနက်ဖြန် မနက်မှပြောလို့ရမလား "
" ဒီလောက် ညကြီးနောက်ကျမှ နှောင့်ယှက်လို့မကောင်းတာသိပါတယ်။ ဒါပေမဲ့ သတင်းကြားပြီးကတည်းက ငါ့နှလုံးသားကို လက်သည်းတစ်ထောင်နဲ့လာခြစ်နေသလိုဘဲ ခံစားရလို့။ ဟိုလှည့်ဒီလှည့်နဲ့ အိပ်ရာပေါ်မှာ အိပ်လို့တောင်မပျော်တာကြောင့် ခေါ်လိုက်ရတာပါ "
" အဘိုးက အိပ်မရတာနဲ့ တခြားသူကို မအိပ်ခိုင်းတော့ဘူးလား "
" ငါ့အပြစ်ပါ၊ နောက်တစ်ခါ ဂရုစိုက်ပါ့မယ်။ မင်း ငါ့ကို မပြောရသေးဘူး။ မင်းမှာ နဂါးကိုးခွက်အစုံထဲက နောက်တစ်ခွက်ရှိတာလား "
" ဟုတ်၊ ရှိပါတယ် ...... "
" အဲ့တာဆိုကောင်းတယ်။ မနက်ဖြန် အိမ်ကို ထျန်းထျန်းနဲ့အတူတူလာပြီး နဂါးကိုးခွက်ကိုလည်းယူခဲ့။ ဒီမှာ ငါ့ဆီကပစ္စည်းတွေအများကြီးရှိတယ်။ လာကြည့်လေ "
" ကျွန်တော် အဲ့လိုပစ္စည်းတွေအကြောင်း ဘာမှမသိပါဘူး ......... "
ယဲ့ဖန် စကားတစ်ဝက်မှာရပ်သွားပြီး ရုတ်တရက် လူတစ်ယောက်ကိုသတိရသွားသည်။
" ဒီလိုဆိုရင်ရော။ မနက်ဖြန်ကျ ကျွန်တော်လာတဲ့အခါ Sotheby လေလံကုမ္ပဏီက ချန်းချုံရှတ်းကိုခေါ်လာခဲ့ပြီး ကျွန်တော့်အစားကြည့်ခိုင်းမယ်လေ "
" ဘာလဲ။ မင်းက ချန်းချုံရှန်းနဲ့တောင်သိတာလား။ အဲ့တာကောင်းတယ်၊ ငါ သူနဲ့သိချင်နေတာ အတော်ကြာပေမဲ့ အခွင့်အရေးမရှိလို့။ မနက်ဖြန်သေချာပေါက်ခေါ်ခဲ့ရမယ် "
" ရပါတယ်၊ သေချာပေါက်ခေါ်ခဲ့ပါ့မယ်။ မြန်မြန်အိပ်ရာဝင်ပါတော့ "
ယဲ့ဖန် မြန်မြန်သဘောတူပြီး ဖုန်းချလိုက်သည်။
မျက်လုံးကိုဝေ့ပြီး ချက်ချင်းနတ်ဆိုးအပြုံးပေါ်လာသည်။
ထို့နောက် ချန်းချုံရှန်းဖုန်းနံပါတ်ကို နှိပ်လိုက်သည်။
အတော်ကြာတဲ့နောက်မှ ဖုန်းဝင်သွားသည်။
ဖုန်းတစ်ဖက်မှ ချန်းချုံရှန်း၏အိပ်ချင်မူးတူးအသံထွက်လာသည်။
" ယဲ့ညီလေး၊ ဘာလို့ ဒီလောက်နောက်ကျမှခေါ်တာလဲ။ ဘာကိစ္စရှိလို့လဲ "
ယဲ့ဖန် ရယ်ချင်စိတ်ကို မနည်းထိန်းနေရသည်။
" မဟုတ်ပါဘူး၊ မင်္ဂလာညချမ်းပါလို့ပြောချင်လို့ပါ"
" ငါ ....... ငါ ဆဲလို့ရမလား "
ချန်းချုံရှန်းဆဲထွက်တော့မတတ်ဖြစ်သွားပေမဲ့ သူ့ကိုယ်သူထိန်းချူပ်လိုက်သည်။
" ကျွန်တော်က စနေတာပါ။ တကယ်တော့ မနက်ဖြန်အားလား မေးချင်လို့ "
ယဲ့ဖန်က ချက်ချင်း လေးနက်စွာပြောလိုက်သည်။
" ငါ့ကို ညကြီးသန်းခေါင်မှာတောင်ခေါ်နေမှတော့ မအားရင်တောင် အချိန်ပေးလာရတော့မှာပေါ့။ ဘာကိစ္စရှိလို့လဲ "
ချန်းချုံရှန်းအသံက ကူကယ်ရာမဲ့နေသံဖြစ်နေသည်။
" ပစ္စည်းတွေစုဆောင်းရတာကြိုက်တဲ့မိတ်ဆွေတစ်ယောက်ရှိတယ်။ လိုက်ပြီး ကူကြည့်ပေးစေချင်လို့ပါ "
" အဲ့လိုကိစ္စလေးကို ငါကိုယ်တိုင်လာပေးဖို့လိုလို့လား။ မနက်ဖြန် ငါ့လူတွေကိုလွှတ်ပြီးကြည့်ခိုင်းလိုက်မယ်လေ "
" မဟုတ်ဘူး၊ အစ်ကိုချန်းကို ဖိတ်ပေးမယ်လို့ ကတိပေးထားတယ်။ ဒါလေးဘဲ ကူပါ "
" ရှန်းကွမ်းလင်း၊ သူ့ကိုသိလား "
" ဘယ်သူ။ ရှန်းကွမ်းလင်းလား။ ဆရာကြီးရှန်းလား "
" ဟုတ်တယ်၊ ဘာလို့လဲ "
" ဆရာကြီးရှန်းရဲ့ ကြီးမြတ်တဲ့နာမည်ကိုဘဲကြားဖူးတာကြာပေမဲ့ တစ်ခါမှတွေ့ဖို့အခွင့်မကြုံဖူးဘူး။ သူ့ဆီကိုသွားဖို့အခွင့်အရေးရတာ ဝမ်းသာတာထက်ပိုပါတယ် "
" ဆရာကြီးရှန်းရဲ့နာမည်က အဲ့လောက်ကြီးတာလား "
" 'လား'ဆိုတဲ့ စကားလုံးကိုဖယ်လိုက်ပါ။ ဆရာကြီးရှန်းက ကျုံးဟိုင်မှာ ဩဇာရှိလူတစ်ယောက်ဘဲ။ လူတိုင်းက သူ့ကို လေးစားကြတယ် "
" သူနဲ့ ထန်းပေါဟုန်နဲ့ယှဉ်ရင်ရော ဘယ်လိုလဲ "
" ဒီလိုပြောကြတာပေါ့။ မင်းသာ နည်းမှန်လမ်းမှန်နဲ့တရားဝင်အရာရှိအောင်မြင်တဲ့လမ်းကိုသွားချင်ရင် ထန်းပေါဟုန်ကို တောင်းဆိုလို့ရမယ်။ စီးပွားရေးလောကမှာ အာဏာရှိချင်ရင် ရှန်းကွမ်းလင်းဆီသွားရမယ်။ အဲ့ဒီလူနှစ်ယောက်လုံးသာဆိုရင်တော့ မင်း ရာထူးရာခံမြင့်ပြီး ချမ်းသာဖို့ ခက်မှာမစိုးရိမ်ရတော့ဘူး "
" အဲ့လိုဆို ကျွန်တော်က ပေါင်လုံးကြီးနှစ်ဖက်ကို မတော်တဆဖက်မိသွားတာလား "
" အဲ့တာအမှန်ဘဲ။ မင်း သေချာပေါက် ထိပ်ဆုံးကိုတက်နိုင်ပြီး ငါတို့ကျုံးဟိုင်မြို့ရဲ့ထောက်တိုင်ဖြစ်လာလိမ့်မယ် "
ယဲ့ဖန် အတွေးနစ်သွားတော့သည်။
ပေါင်နှစ်ချောင်းကြားကဆိုတော့......
သူက ဘာကြီးဖြစ်သွားမှာလဲ။
အပိုင်း (၁၅၅)
ဆရာကြီးရှန်းရဲ့စိတ်ဝင်စားမှု။
နောက်တစ်နေ့မနက်တွင် ယဲ့ဖန်က ရှန်းပိုင်ထျန်းကိုခေါ်ပြီး ရှန်းမိသားစုဆီသို့အတူတကွသွားခဲ့ကြသည်။
ရှန်းကွမ်းလင်းက ဝင်ပေါက်တွင် အကြာကြီးစောင့်နေခဲ့သည်။
ရှန်းမိသားစုရဲ့အဓိကအဖွဲ့ဝင်တွေကလည်း သူ့အနောက်မှာရပ်နေကြသည်။
ယဲ့ဖန်ရောက်လာတဲ့အခါ ရှန်းမိသားစုမှလူတိုင်းက အံ့ဩသွားရကြသည်။
ဒီနေ့မနက် နေမထွက်ခင်ကတည်းက ဒီလူအိုကြီးက ဝင်ပေါက်သို့အပြေးသွားစောင့်နေခဲ့တာဖြစ်သည်။
ဘယ်သူ့ကိုစောင့်နေလဲဆိုတာကို ပြောမထားပေ။
ထူးခြားတဲ့ဂုဏ်သရေရှိဧည့်သည်ဟု ထင်ထားခဲ့ကြသည်။
ဒီနေ့ဒီအချိန်ထိ ရှန်းကွမ်းလင်းကိုယ်တိုင်ထွက်ကြိုရတဲ့လူအရေအတွက်က လက်ချိုးရေလို့ရသည်။
ထို့ကြောင့် ရှန်းမိသားစု၏အဓိကအဖွဲ့ဝင်တွေကလည်း တံခါးမှာထွက်စောင့်ကြသည်။
ရှန်းကွမ်းလင်းစောင့်နေသူက ယဲ့ဖန်ဖြစ်နေမည်ဟုထင်မထားကြပေ။
သူတို့သည် စိတ်ထဲမှကြိတ်အံ့ဩသွားကြသည်။
ဒီလူငယ်လေးမှာ ဘယ်လိုမှော်ပညာတွေများရှိနေလို့ ဆရာကြီးရှန်းကိုယ်တိုင်က အရေးပေးထွက်ကြိုခြင်းကိုခံရတာလဲ။
" ရှောင်ဖန်၊ နောက်ဆုံးတော့ မင်းလာပြီလား။ မလာသေးရင် ဒီအဘိုးကြီးက မင်းအိမ်ထိလူလွှတ်ပြီးလာခေါ်ခိုင်းတော့မလို့ "
ရှန်းကွမ်းလင်းက ယဲ့ဖန်ဆီသို့အလျင်အမြန်လျှောက်လာပြီး သူ့လက်ကို တယုတယကိုင်သည်။
ရှန်းပိုင်ထျန်းက မပျော်မရွှင်နှုတ်ခမ်းဆူလိုက်သည်။
" အဘိုးက ယဲ့ဖန်ကိုဘဲမြင်တာလား။ ကိုယ့်မြေးကိုတောင် မမြင်တော့ဘူးပေါ့။ ဒီမှာ အရှင်လတ်လတ်ကြီးရှိနေပါသေးတယ် "
" မြင်ပါတယ်၊ မြင်ပါတယ် "
အဘိုးရှန်းက သူမ စိတ်ကျေနပ်အောင် ခေါင်းငြိမ့်ပြသည်။ ထို့နောက် ယဲ့ဖန်ဘက်ကိုလှည့်ကြည့်သည်။
" ပစ္စည်းရော ယူလာရဲ့လား "
" ယူခဲ့ပါတယ် "
ယဲ့ဖန် သူ့လက်ထဲက အိတ်ကို ဝှေ့ယမ်းပြသည်။
" မြန်မြန် ထုတ်လိုက်၊ ကြည့်ရအောင် "
ထိုအချိန်တွင် အဖြူရောင် Mercedes-Benz DLC ကားတစ်စီးက ဖြည်းညင်းစွာ မောင်းလာပြီးနောက် ကားထဲမှ ချန်းချုံရှန်းထွက်လာတာ သူတို့ဆီကို အမြန်လျှောက်လာသည်။
" မင်္ဂလာပါ၊ ဆရာကြီးရှန်း။ ကျွန်တော်က ချန်းချုံရှန်းပါ။ တွေ့ရတာ ဝမ်းသာပါတယ် "
ရှန်းကွမ်းလင်းက ပြုံးလျက် သူနဲ့ လက်ဆွဲနှုတ်ဆက်လိုက်သည်။
" ချန်းလူကြီးမင်းရဲ့ နာမည်ကောင်းကို ကြားဖူးတာကြာပါပြီ။ နားထဲမှာ ခဏခဏပါဘဲ။ မနေ့က ရှောင်ဖန်က မင်းကို ဖိတ်ပေးလို့ရတယ်လို့ပြောတုန်းက သူလျှောက်ပြောနေတယ်ထင်ခဲ့မိတာ "
ချန်းချုံရှန်းက အနည်းငယ်ခါးသက်သက်ပြုံးလိုက်သည်။
" ယဲ့ညီလေးက မနက်၃နာရီကြီးဖုန်းခေါ်လာပါတယ်။ သူက ဆရာကြီးကို ဒီနေ့တွေ့မယ်လို့ပြောတော့ ကျွန်တော်ငြင်းဆန်ဖို့ မရဲပါဘူး "
သူ့စကားတွင် အဓိပ္ပာယ်နှစ်မျိုးပါဝင်သည်။
ပထမဆုံးအနေနဲ့ ယဲ့ဖန်က သူ့ကို မနက် ၃နာရီကြီးမှာ ဖုန်းဆက်တယ်လို့ပြောခြင်းက ယဲ့ဖန်နဲ့သူရဲ့ဆက်ဆံရေးက အပေါ်ယံမဟုတ်ဘူးဟုဆိုလိုသည်။
ထို့နောက် ရှန်းကွမ်းလင်းကို ဘယ်လောက်အရေးထားလဲဆိုတာကို ဖော်ပြသည်။
ထိုရိုးရှင်းတဲ့စာသားက ယဲ့ဖန်ရော ရှန်းကွမ်းလင်းကိုပါ အတော်လေးဝမ်းသာသွားစေသည်။
" ရှောင်ဖန်၊ မင်းက မသိတတ်လိုက်တာ။ လူတစ်ယောက်ကို မနက် သုံးနာရီကြီး ဘာလို့ခေါ်တာလဲ "
ရှန်းကွမ်းလင်းက အကြီးတစ်ယောက်ပုံစံဖြင့် ဆူကာ ယဲ့ဖန်ကို စိုက်ကြည့်လိုက်သည်။
ယဲ့ဖန် အဘိုးရှန်းရဲ့ ဆုံးမစကားကိုကြားပြီး ဘာမှပြန်မပြောနိုင်ဘဲ ဆွံ့အသွားတော့သည်။
သူ့ကို မနေ့ညက သန်းခေါင်ကျော် ၃နာရီကြီး ဖုန်းဆက်ပြီးနှိုးတာ ဘယ်သူမလို့လဲ။
ပြီးတော့ သူက ပြန်ပြီးတော့တောင် ဆူနေလိုက်သေးတယ်။
ရှန်းကွမ်းလင်းက ယဲ့ဖန်ကို လျစ်လျူရှုလိုက်ပြီး ချန်းချုံရှန်းကို ဆက်ကြည့်လိုက်သည်။
" လူကြီးမင်းချန်း၊ ရှောင်ဖန်လေးက ငယ်သေးတော့ မသိတတ်တာပါ။ ငါ့မျက်နှာထောက်ပြီး သူ့ကို ပိုခွင့်လွှတ်ပေးပါဦး "
ချန်းချုံရှန်းက ခေါင်းငြိမ့်လိုက်သည်။
" ရတာပေါ့၊ ရတာပေါ့ "
သို့ပေမဲ့ ချန်းချုံရှန်းစိတ်ထဲမှာတော့ အတော်လေးအံ့ဩသွားသည်။
ဆရာကြီးရှန်း၏စကားတွေမှ သူက ယဲ့ဖန်ကို ဘယ်လောက်တန်ဖိုးထားလဲဆိုတာ သိနိုင်သည်။
ထို့နောက် ချန်းချုံရှန်းသည် ယဲ့ဖန်ဘေးမှ ရှန်းပိုင်ထျန်းကို ကြည့်လိုက်သည်။
အဘိုးရှန်း၏ပုံစံကြောင့် ချန်းချုံရှန်းစိတ်ထဲမှသံသယကို ပိုခိုင်မာသွားစေသည်။
ဆရာကြီးရှန်းက ယဲ့ဖန်ကို ရှန်းမိသားစုရဲ့ ဆက်ခံသူအဖြစ်လေ့ကျင့်ပေးချင်နေတာများလား။
အဲ့လိုသာဆို ယဲ့ဖန်၏အနာဂတ်က ခန့်မှန်းလို့မရအောင် အတိုင်းအဆမရှိ ထွန်းတောက်လာတော့မည်ဖြစ်သည်။
" ကောင်းပြီ၊ အပြင်မှာဘဲ စကားပြောမနေကြနဲ့။ အထဲမြန်မြန်ဝင်ကြ "
ရှန်းကွမ်းလင်းကပြောပြီးနောက် သူတို့နှစ်ယောက်ကို ခြံထဲသို့ဦးဆောင်ခေါ်သွားခဲ့သည်။
စင်္ကြံလမ်းတွေကိုဖြတ်လျှောက်ပြီးနောက် ရှန်းကွမ်းလင်း၏ စာကြည့်ခန်းထဲသို့ သူတို့လေးဦးသားရောက်လာခဲ့သည်။
အခြားရှန်းမိသားစုဝင်တွေက ဒီနေရာကိုဝင်ဖို့ အရည်အချင်းမပြည့်မီကြပေ။
ထို့ကြောင့် ရှန်းကွမ်းလင်းက စာကြည့်ခန်းသို့ဦးတည်သွားနေတာကိုတွေ့တဲ့အခါ သူတို့အားလုံးက အလိုက်သိစွာ ဖယ်ကျန်နေခဲ့ကြသည်။
" ရှောင်ဖန်၊ ချန်းလူကြီးမင်း၊ ဒါတွေက ငါ ဒီတလောအတွင်းစုဆောင်းထားတဲ့ဟာတွေပါ။ တစ်ချက်ကူကြည့်ပေးကြပါလား "
စာကြည့်ခန်းထဲကိုဝင်ပြီးတဲ့နောက် ရှန်းကွမ်းလင်းသည် အခန်းထဲမှ ရှေးဟောင်းပစ္စည်းနှင့်ပန်းချီကားများကို ညွှန်ပြပြီး သူတို့နှစ်ယောက်ကို တလက်လက်တောက်ပနေသည့်အကြည့်ဖြင့်ကြည့်သည်။
ရှန်းကွမ်းလင်း၏စာကြည့်ခန်းက အတော်လေးကျယ်ပြီး သစ်သားစင်တွေများစွာရှိသည်။ စင်ပေါ်တွင် ကြွေထည်ပစ္စည်းများ၊ ကျောက်စိမ်းများ၊ ကြေးထည်ပစ္စည်းများစွာရှိလေသည်။
နံရံတွင်လည်း နာမည်ကြီးပန်းချီဆရာများစွာ၏ ပန်းချီလက်ရာများစွာရှိသည်။
ဒီစာကြည့်ခန်းကို ရှေးဟောင်းပစ္စည်းဆိုင်လေးဟုပြောလျှင်ပင်ရနိုင်သည်။
" ဆရာကြီးရှန်းရဲ့စုဆောင်းရေးတွေက တကယ့်ကို အကောင်းဆုံးတွေပါဘဲ "
ချန်းချုံရှန်းက ကြည့်တောင်မကြည့်ရသေးဘဲ မြှောက်ပင့်ပြောဆိုလိုက်သည်။
ရှန်းကွမ်းလင်းက ပညာရှိပမာ သူ့မုတ်ဆိတ်ကို ဆွဲကိုင်နေသည်။
သူ့ဘဝတွင် ဂုဏ်အယူဆုံးအရာနှစ်ခုရှိသည်။
တစ်ခုက ရှန်းမိသားစုကို အောက်ခြေမှစတည်နိုင်ခဲ့တာဖြစ်ပြီး နောက်တစ်ခုကတော့ စုဆောင်းရေးကဏ္ဍမှာ အတော်လေးတန်ဖိုးရှိသည့်ရတနာများကို စုဆောင်းနိုင်ခဲ့ခြင်းဖြစ်လေသည်။
ချန်းချုံရှန်းက အတော်လေးပညာရှင်ဆန်သည်။
ပထမဆုံးအနေနဲ့ သူ့အိတ်ကပ်ထဲက အဖြူရောင်လက်အိတ်တွေကိုထုတ်ပြီး ဝတ်လိုက်သည်။ ထို့နောက် သစ်သားစင်တွေဆီကိုလျှောက်သွားပြီး ကြွေထည်ပစ္စည်းတစ်ခုကိုကောက်ယူလိုက်ပြီး ဂရုတစိုက်စစ်ဆေးလိုက်သည်။
သို့ပေမဲ့ အတော်ကြာကြည့်ပြီးတဲ့နောက် ချန်းချုံရှန်း၏မျက်နှာထားတောင့်သွားရသည်။
ထို့နောက် ထိုကြွေထည်ဘေးမှ ကျောက်စိမ်းတစ်ခုကိုယူကြည့်လိုက်ပြန်သည်။
ထိုအခါ ချန်းချုံရှန်း၏အမူအရာက ပို၍တောင်ထူးဆန်းလာသေးသည်။
ချန်းချုံရှန်း၏အမူအရာကိုမြင်ပြီး ယဲ့ဖန်ကလည်း စနစ်၏အဆင့်မြင့်ရှာဖွေခြင်းကို ဖွင့်လိုက်ပြီး လှည့်ပတ်ကြည့်လိုက်သည်။
ထို့နောက် သူ့အမူအရာကလည်း ချန်းချုံရှန်းလိုဖြစ်သွားခဲ့သည်။
သူတို့နှစ်ယောက်အကြည့်ချင်းဆုံသွားတဲ့အခါ သူတို့က မျက်လုံးမှတစ်ဆင့် 'ရှက်လိုက်တာ'ဆိုသည့်စကားကို ပြောနေခဲ့ကြသည်။
ဆရာကြီးရှန်း၏ 'ရတနာ'တွေအားလုံးနီးပါးဟာ အတုတွေဖြစ်သည်။
" ဘယ်လိုလဲ။ ငါ စုဆောင်းထားတဲ့ပစ္စည်းတွေက တော်တော်လေးကောင်းတယ်မဟုတ်လား "
ရှန်းကွမ်းလင်းက ဂုဏ်ယူတဲ့မျက်နှာထားဖြင့် သူတို့ကိုကြည့်လိုက်သည်။
" အဟွတ်၊ အဟွတ်၊ တော်တော်လေးကောင်းပါတယ် "
ချန်းချုံရှန်းသည် သူ့ကို စိတ်မထိခိုက်စေလိုသောကြောင့် ဆန္ဒမပါဘဲ ခေါင်းငြိမ့်ပြလိုက်တော့သည်။
အင်အားကြီးပြီး ဩဇာအပြည့်ရှိတဲ့ ဆရာကြီးရှန်းက ရှေးဟောင်းပစ္စည်းတွေစုဆောင်းရာမှာ အတော်လေးအသုံးမကျဘဲ ရူးနှမ်းလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
အဲ့ဒီအလိမ်အညာကောင်တွေက သူတစ်ယောက်တည်းနဲ့တင် တော်တော်လေးမြတ်သွားကြမှာဘဲ၊ မဟုတ်လား။
" ရှောင်ဖန်၊ မင်း ဘယ်တစ်ခုကိုကြိုက်လဲ။ ကြိုက်တာယူသွား "
ရှန်းကွမ်းလင်းက ယဲ့ဖန်ကို သဘောထားကြီးစွာ လက်ယမ်းပြလိုက်သည်။
" အဲ့တာက ........ ကျွန်တော်က အဘိုးရဲ့အချစ်တော်လေးတွေကို ယူသွားရင် မကောင်းဘူးလေ၊ ဟုတ်တယ်မလား "
ယဲ့ဖန်က ယဉ်ယဉ်ကျေးကျေးငြင်းလိုက်သည်။
သူ အမှိုက်စွန့်ပစ်ရေးစင်တာဖွင့်မှာမှမဟုတ်တာ။
ဘာလို့ ဒီအမှိုက်တွေကို လိုချင်ရမှာလဲ။
" မင်းဘာသာမင်း မလိုချင်ဘူးပြောတာနော်၊ ငါက မပေးတာမဟုတ်ဘူး။ အဲ့တာဆို ........ နဂါးခွက်ကို ပြလို့ရပြီလား "
ရှန်းကွမ်းလင်းသည် အလျင်လိုနေသည့် မျောက်တစ်ကောင်အလား သူ့လက်နှစ်ဖက်ကို ပွတ်လိုက်သည်။
သူ့ပုံစံက မိန်းမလှလေးအဝတ်ချွတ်မှာကို အရူးအမူးစောင့်နေသည့် နှာဘူးတစ်ယောက်ပုံစံနှင့်တောင် တူနေသည်။
အပိုင်း (၁၅၆)
လိုချင်တာယူပြီးပြန်၊ ကောင်းတဲ့အပေးအယူဘဲ။
ယဲ့ဖန်က နဂါးခွက်ကိုထုတ်လိုက်တဲ့အခါ ရှန်းကွမ်းလင်းမျက်လုံးတို့က ပြူးကျယ်လာသည်။
ရှန်းကွမ်းလင်းသည် ယဲ့ဖန်လက်ထဲမှ နဂါးခွက်ကို စွဲလန်းသည့်အကြည့်ဖြင့်ကြည့်သည်။
ရှန်းပိုင်ထျန်းတောင်မှ ရပ်ကြည့်မနေနိုင်တော့ပေ။
" အဘိုး၊ ကိုယ့်မျက်နှာကိုယ်ထိန်းပါဦး "
ရှန်းကွမ်းလင်းကတော့ လုံးဝဂရုမစိုက်ပေ။
" သူတို့က အပြင်လူတွေမှမဟုတ်တာ။ ဘာ ဂရုစိုက်စရာလိုလို့လဲ "
ရှန်းပိုင်ထျန်းသည် သူမအဘိုးကြောင့် ပြောစရာစကားမဲ့သွားရသည်။
ကျုံးဟိုင်မြို့၏ထိပ်တန်းဆရာကြီးတစ်ဆူဖြစ်တဲ့ရှန်းကွမ်းလင်းက ဒီလိုပုံစံဖြစ်နေတာကို အပြင်လူတွေသာသိသွားပါက ရှန်းမိသားစုက အနာဂတ်မှာ သူတို့ရဲ့ဂုဏ်ပုဒ်ကို ဆက်ပြီး ထိန်းထားနိုင်ပါဦးမလား။
သို့ပေမဲ့ ရှန်းကွမ်းလင်းက ချက်ချင်းအသိပြန်ကပ်လာပြီး ယဲ့ဖန်ဘက်ကို လှည့်ကြည့်လိုက်သည်။
" ရှောင်ဖန်၊ ငါ နဂါးကိုးခွက်ထဲကတစ်ခွက်ဖြစ်တဲ့ ဒီခွက်ကို ငါယူမယ်။ မင်း ဈေးပြောလိုက် "
ယဲ့ဖန်က အတော်လေးအခက်တွေ့သွားသည်။
" ဈေးပြောဖို့မလိုပါဘူး။ အဘိုးကြိုက်ရင် ပေးလို့ရပါတယ် "
ရှန်းကွမ်းလင်းက ချက်ချင်းမကျေမနပ်ဖြစ်သွားသည်။
" ရှောင်ဖန်၊ ငါမင်းကို စကားတစ်ချို့ပြောမယ်။ မင်းအနာဂတ်မှာ အောင်မြင်မှုကောင်းတွေရချင်တယ်ဆိုရင် အလုပ်နဲ့ကိုယ်ရေးကိုယ်တာကို ခွဲခြားတတ်ရမယ်။ သိတာက သိတာ၊ အလုပ်က အလုပ်ဘဲ။ အဲ့တာတွေကို ရောထွေးလို့မရဘူး၊ နားလည်လား "
ယဲ့ဖန်က ခေါင်းငြိမ့်လိုက်သည်။
" အဲ့တာဆို အဘိုး ကျွန်တော့်ကို ယွမ် သန်း ၁၀၀ ပေးပါ ..... "
" ဖူး ........ "
ဆရာကြီးရှန်း သွေးအန်ထွက်မတတ်ဖြစ်သွားသည်။
" ယွမ်သန်း၁၀၀တဲ့လား။ ကောင်လေး၊ မင်း ငါ့ဆီကနေ အမြတ်ထုတ်ရဲတယ်ပေါ့။ ငါ့ကို အရူးများမှတ်နေလား "
ယဲ့ဖန်က အပြစ်ကင်းစွာပြောသည်။
" အဘိုးဘဲပြောတော့ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာခွဲခြားရမယ်ဆို "
အဘိုးရှန်းက သူ့ကို စောင်းကြည့်လိုက်သည်။
" ငါပြောတာက မင်းရဲ့ အလုပ်ကိစ္စတွေကို အပြင်ကို မသယ်ရဘူးလို့ပြောတာ။ နေရာမှာတင်ဈေးတင်ခိုင်းနေတာမဟုတ်ဘူး။ မင်းက ငါ့ကို ဓားပြတိုက်နေတာဘဲ "
ယဲ့ဖန်က မျက်လုံးဝေ့လိုက်သည်။
" ကောင်းပြီ၊ အဲ့တာဆိုလည်း အဘိုးဘဲဈေးပြောပါ။ အဘိုးပေးသလောက်ယူမယ်၊ ဟုတ်ပြီလား "
အဘိုးရှန်းက တစ်ခဏတွေးပြီးနောက် ပြောသည်။
" ဒီလိုဆိုရင်ရော။ အရင်တစ်ခေါက်တုန်းက နဂါးကိုးခွက်ထဲကတစ်ခွက်ကို ယွမ်သန်း၈၀ပေးဝယ်ခဲ့တာဆိုတော့ ဒီတစ်ခါလည်း အဲ့ဒီဈေးနဲ့ဘဲပေးမယ် "
ထိုသို့ပြောပြီး သူက ချက်လက်မှတ်ရေးပေးဖို့ပြင်သည်။
ထိုအခါ ယဲ့ဖန်က သူ့ကို ချက်ချင်းတားလိုက်သည်။
" အဘိုး၊ ခဏနေပါဦး "
ရှန်းကွမ်းလင်းက အနည်းငယ်မကျေမနပ်ဖြစ်သွားသည်။
" ဘာလို့လဲ။ ယွမ်သန်း၈၀က နည်းနေသေးလို့လား "
ယဲ့ဖန်က ချက်ချင်းလက်ယမ်းပြလိုက်သည်။
" အဲ့လိုဆိုလိုတာမဟုတ်ပါဘူး။ အဘိုးဆီမှာ ပစ္စည်းတစ်ခုရှိတယ်လို့ကြားထားတယ်။ ကျွန်တော့်ကို ရောင်းပေးနိုင်မလားလို့ပါ "
ရှန်းကွမ်းလင်းက သူ့ကို နားမလည်သည့်မျက်နှာထားနဲ့ကြည့်လိုက်သည်။
" ဘာပစ္စည်းလဲ "
" ရှန်းဘုရင်ရဲ့လျှို့ဝှက်ရတနာမြေပုံပါ "
ရှန်းကွမ်းလင်းရဲ့မျက်နှာအမူအရာက ပို၍ပင်နားမလည်သည့်ပုံစံဖြစ်သွားသည်။
" ဘာလို့အဲ့တာကို လိုချင်ရတာလဲ။ အဲ့တာတွေအကုန်လုံးကို မစုနိုင်ရင် အဲ့တာက စာရွက်အစုတ်လေးတစ်ပိုင်းဘဲ "
ယဲ့ဖန်က နေရခက်စွာ ပြုံးလိုက်သည်။
" အဲ့တာကျွန်တော့်ကိစ္စပါ။ အဘိုးရောင်းချင်လား၊ မရောင်းချင်ဘူးလားဆိုတာကိုဘဲပြောပါ "
ရှန်းကွမ်းလင်းက ချက်ချင်းလှည့်ပြီးစာအုပ်စင်တစ်ခုဆီသို့သွားသည်။ စာအုပ်စင်ပေါ်မှ ဖုန်ပေနေသည့်အဝတ်အိတ်တစ်ခုကိုယူပြီး ယဲ့ဖန်ဆီပစ်ပေးလိုက်သည်။
" အဲ့တာက ငါ့ဆီမှာအသုံးမဝင်ဘူး၊ အဲ့တာကြောင့်ပေးလိုက်မယ် "
ယဲ့ဖန်က အိတ်ကို အလောတကြီးဖွင့်ကြည့်လိုက်သည်။ အထဲတွင် ရှန်းဘုရင်ရတနာမြေပုံက အမှန်တကယ်ဘဲရှိနေသည်။
မြေပုံသားရော ဆွဲထားသည့်လမ်းကြောင်းတွေကရော သူ့မှာရှိတဲ့နှစ်ခုနဲ့တစ်ပုံစံတည်းဖြစ်သည်။
" အဲ့လိုဆိုမရဘူး။ အဘိုးဘဲပြောတော့ အလုပ်နဲ့ကိုယ်ရေးကိုယ်တာခွဲရမယ်ဆို။ ဘယ်လိုလုပ်ပြီးအလကားယူနိုင်မှာလဲ "
" ကောင်းပြီ အဲ့တာဆိုလည်း။ ငါ အဲ့တုန်းကဝယ်ခဲ့တာ ၂သန်းနဲ့။ ဒီနှစ်တွေအတွင်းမှာ ငွေကြေးဖောင်းပွလာတာကိုထည့်တွက်မယ်ဆိုရင် မင်းကို ယွမ် ၅သန်းနဲ့ရောင်းမယ် "
ရှန်းကွမ်းလင်းက ဟိတ်ဟန်ခံမနေဘဲ ချက်ချင်း ဈေးနှုန်းပြောလိုက်တော့သည်။
" အဘိုး၊ ဘယ်လိုလုပ်အဲ့လိုလုပ်နိုင်ရတာလဲ။ ငွေကြေးဖောင်းပွမှုအပါအဝင်တဲ့လား။ ပျက်စီးယိုယွင်းမှုနစ်နာကြေးကျ ဘာလို့ထည့်မတွက်တာလဲ "
ဘေးမှာရပ်နေတဲ့ရှန်းပိုင်ထျန်းက မကျေမနပ်ဖြင့် အတွန့်တက်ပြောသည်။
" မွေးရကျိုးမနပ်တဲ့ကလေးမ၊ နင်က အပြင်လူဘက်ကလိုက်နေတာလား။ မင်းတို့က လက်မထပ်ရသေးပါဘူး "
သူ၏မြေးမက ယဲ့ဖန်အတွက်ပြောပေးနေတာကြောင့် ရှန်းကွမ်းလင်းဒေါသတကြီးဖြင့် သူမကို စိုက်ကြည့်လိုက်သည်၊
" အဘိုး၊ ဘာတွေပြောနေတာလဲ "
ရှန်းပိုင်ထျန်း၏မျက်နှာက ချက်ချင်းရဲတက်လာပြီး ပြေးထွက်သွားသည်။
ရှန်းကွမ်းလင်း၏စကားတွေကိုကြားပြီး ချန်းချုံရှန်းက သူ့အတွေးမှန်ကြောင်း ပိုသေချာသွားတော့သည်။
ဆရာကြီးရှန်းသည် ယဲ့ဖန်ကို သူ၏မြေးသမက်အဖြစ် သတ်မှတ်ထားပုံရသည်။
ဒီသတင်းက ပြန့်သွားရင်တော့ ကျုံးဟိုင်မြို့တစ်ခုလုံး အပြင်းစားငလျင်တစ်ခုလှုပ်ခတ်သွားမည်ကိုပင် သူစိုးရိမ်နေရသည်။
ယဲ့ဖန်က ဈေးဆက်မဆစ်တော့ပေ။
ယွမ် ၅သန်းက ဈေးသင့်သည်ဟု ပြောလို့ရနိုင်သည်။
သူ့စိတ်ထဲမှာ ပေါက်ဈေးထက် အများကြီးနိမ့်နေပြီးသားဖြစ်သည်။
ယဲ့ဖန်က ငြင်းဆိုခြင်းမရှိတာကိုမြင်တော့ ရှန်းကွမ်းလင်းက သူ့ကို ယွမ် ၇၅ သန်းတန် ချက်လက်မှတ်ပေးလိုက်သည်။
ယဲ့ဖန်ကလည်း တွန့်ဆုတ်မနေဘဲ လက်ခံလိုက်သည်။
ဒီနေ့ ရှန်းမိသားစုဆီကို လာရင်း ရှန်းဘုရင်၏ လျှို့ဝှက်ရတနာမြေပုံအပိုင်းအစကို အောင်မြင်စွာ ရယူနိုင်ခဲ့ရုံသာမက ငွေသား ၇၅ သန်းကိုလည်း ရရှိခဲ့သည်။
အထုပ်အပိုးအပြည့်ဖြင့် ပြန်လာခဲ့သည်ဟု ဆိုနိုင်သည်။
ရှန်းကွမ်းလင်းအနေနှင့်လည်း နဂါးကိုးခွက်ထဲမှ နောက်တစ်ခွက်ကို ရရှိသွားပြီးနောက် အလွန်ပျော်ရွှင်နေခဲ့သည်။
ထို့အပြင် ဤကဲ့သို့အရာများကို ရှန်းကွမ်းလင်းက တကယ်နှစ်သက်ကြောင်းထင်ရှားသည်။ သူက ထိုပစ္စည်းတွေကို စုဆောင်းခြင်းနဲ့ပတ်သက်သည့်မေးခွန်းအချို့ကို နေရာမှာဘဲ ချန်းချုံရှန်းကို မေးခဲ့သည်။
သူတို့ သုံးယောက် စကားပြောကြရင်းဖြင့် နေ့လည်စာ စားဖို့ အချိန်ရောက်လာခဲ့သည်။
ယဲ့ဖန် နှင့် ချန်းချုံရှန်းတို့သည် ရှန်းမိသားစုအိမ်တွင် နေ့လည်စာစားခဲ့ကြသည်။
သူတို့ထမင်းစားနေစဉ်တွင် ရှန်းကွမ်းလင်းသည် ယဲ့ဖန်ကို သူ့ဘေးမှာထိုင်ခိုင်းပြီး သာကြောင်းမာကြောင်းမေးလေသည်။
ထိုမြင်ကွင်းက ရှန်းမိသားစုတစ်ခုလုံးကို ပို၍ပင် တုန်လှုပ်စေခဲ့သည်။
ရှန်းပိုင်ထျန်းသည် ရှန်းကွမ်းလင်း၏တစ်ဦးတည်းသောမြေးဖြစ်ပြီး ရှန်းမိသားစု၏တတိယမျိုးဆက်ဖြစ်ကာ တစ်ဦးတည်းသောသားစဉ်မြေးဆက်လည်းဖြစ်သည်။
နောင်အနာဂတ်တွင် သူမက ရှန်းမိသားစု၏လုပ်ငန်းတွေကို အမွေဆက်ခံမှာဖြစ်သည်။
ဆရာကြီးရှန်း၏ ယဲ့ဖန်အပေါ် ဆက်ဆံသည့်သဘောထားကို ကြည့်ခြင်းဖြင့် သူက ယဲ့ဖန်ကိုမြေးသမက်အတွက် ဆုံးဖြတ်ထားပုံရသည်။
အနာဂတ်တွင် ရှန်းမိသားစုရှိတွင်းရှိ ယဲ့ဖန်၏ အနေအထားသည်လည်း မြင့်တက်လာမည်ဖြစ်သည်။
သူတို့လည်း အခွင့်အရေးရှာပြီး ဒီအနာဂတ်မြေးသမက်အပေါ် မျက်နှာရအောင် ခယကြရမည်ဖြစ်သည်။
..............
တစ်ချိန်တည်းမှာဘဲ ကျုံးဟိုင်ရှိ ဇိမ်ခံစံအိမ်ကြီးတစ်ခုတွင်။
" ဒီခွေးကောင်က ဘာမှကိုအသုံးမကျပေမဲ့ ဖျက်ဆီးတဲ့နေရာမှာတော့ တကယ်တော်တာဘဲ "
လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးသည် ဒေါသတကြီးဖြင့် သူ့လက်ဖက်ရည်ခွက်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
ထိုအချိန်တွင် မိုကုန်းသည် သူ့ရှေ့တွင် ဒူးထောက်ကာ အသက်တောင်ဝဝမရှူရဲပေ။
" ချောင်းရှန်း၊ မိုကုန်းလေးက သူမှားမှန်းသိပါတယ်။ ကျေးဇူးပြုပြီး သူ့ကို ဆူနေတာ ရပ်လိုက်ပါတော့ "
သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးက သူ့ကို နားချပြောဆိုရန် ထွက်လာခဲ့သည်။
မိုချောင်းရှန်းက သူမကို ဖယ်ထုတ်လိုက်သည်။
" ချစ်တတ်ပြီးမေတ္တာရှိသောမိခင်က သူတို့သားကိုပျက်စီးစေတတ်တယ်တဲ့။ မင်းက အလိုလိုက်လွန်းတော့ သူက တိရစ္ဆာန်ထက်ဆိုးတဲ့အလုပ်တွေကိုလုပ်နေတာလေ "
ထိုမိန်းမက စိတ်ပူပန်နေသည်။
" အခုမှလာဆူနေလို့လည်း အသုံးမဝင်ဘူးလေ။ ကျွန်မတို့သားရိုက်ယူထားတဲ့ ဆိုးဆိုးဝါးဝါးဗီဒီယိုတွေအကုန်လုံးက ယဲ့ဖန်ရောက်သွားပြီ။ ရှင် တစ်ခုခုကို မြန်မြန်စဉ်းစားရမယ် "
မိုချောင်းရှန်းသည် ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။
" ငါက ဘာလုပ်ပေးရမှာလဲ။ ချီးပုံတက်နင်းမိမှတော့ အညစ်အကြေးတွေကို သူ့ဟာသူ ရှင်းခိုင်းလိုက်ပေါ့ "
ထိုအမျိုးသမီး၏မျက်နှာတွင် ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်ထွက်ပေါ်လာသည်။
" ဘာလို့ ......အဲ့ဒီ ယဲ့ ဆိုတဲ့တစ်ယောက်ကိုသတ်ဖို့ လူသတ်သမားတစ်ယောက်ကို ငှားလိုက်ရအောင် "
မိုချောင်းရှန်က ထိုစကားကိုကြားပြီး စားပွဲကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။
" အဓိပ္ပာယ်မရှိတာတွေ "