← Chapters

တုံ့ဆိုင်းခြင်း၊ သင်တန်းပြီးဆုံးခြင်း၊ ခွေးကလေးကို မွေးစားခြင်း

Vol. 3 Ch. 41

တုံ့ဆိုင်းခြင်း၊ သင်တန်းပြီးဆုံးခြင်း၊ ခွေးကလေးကို မွေးစားခြင်း

Vol. 3 Ch. 41

ဝမ်ကျန်း၏ ဆန်တာနာကားသည် မြို့၏အဓိကလမ်းမပေါ်တွင် မောင်းနှင် နေသည်။

ကျန်းကျဲ့သည် ကားနောက်ခန်းတွင် ထိုင်လျက် ပြတင်းပေါက်မှ အပြင်ဘက် ရှုခင်းများကို ကြည့်နေသည်။

မရင်းနီးသော နေရာတွင် ပန်းချီဆွဲပြီးသည့်နောက်တွင် သူ အနည်းငယ် ပင်ပန်းလာသော်လည်း စိတ်ထဲတွင်တော့ အလွန်ပျော်ရွှင်နေသည်။သူ ကျေနပ်ဖွယ်ကောင်းသော ပန်းချီကားတစ်ချပ် ပြီးအောင် ဆွဲနိုင်ခဲ့ခြင်းက သူ့အတွက် အောင်မြင်မှုတစ်ခုပင် ဖြစ်သည်။ ထို့အပြင် ရေဆေးပန်းချီမှ ရရှိသော အရောင်မှုန့်ပန်းချီနည်းစနစ်ကိုလည်း ယခု ဖန်တီးမှုတွင် သုံး နိုင်ခဲ့သည်။

သို့သော် သူ့ကို မဆုံးဖြတ်နိုင်ဘဲ ဖြစ်စေသည့် ကိစ္စတစ်ခုတော့ ရှိနေသည်။

“မစ္စတာကျန်း၊ နေ့လယ်စာ ဘယ်လိုလုပ်မလဲ။ ကျွန်မပဲ စီစဉ်ပေးရမလား” ဝမ်ကျန်းက ကျန်းကျဲ့၏ အတွေးများကို ဖြတ်လိုက်သည်။

ကျန်းကျဲ့က “မလိုပါဘူး။ ကျွန်တော် ပန်းချီခန်းကို ပြန်လို့ ပစ္စည်းယူပြီးရင် သင်တန်းကို တန်း သွားလိုက်ပါ့မယ်။ ပန်းချီဆွဲတုန်းကလည်း ခင်ဗျားကို အဖော်ပြု ခိုင်းမိလို့ မင်း အလုပ်တွေ နှောင့်နှေးသွားစေမိ ပြီ” ဟု ပြောလိုက်သည်။

ဝမ်ကျန်းက မကျေနပ်သည့် ဟန်ဖြင့် “ဒါက ဘာစကားလဲ။ ကျွန်မ ပန်းချီပြခန်းဖွင့်ထားတာ ဖောက်သည်တွေကို ဝန်ဆောင်မှုပေးဖို့ပဲ။မစ္စ နင် ဆိုတာ ကျွန်မရဲ့ ဖောက်သည်ကြီးလေ။ ရှင်က ဒီအလုပ်ကို ကောင်းကောင်းလုပ်ပေးနိုင်ရင် ကျွန်မကို ကူညီတာပဲ။ ရှင့်ရဲ့ ဒီနေ့ ပန်းချီကားကတော့ တကယ့်ကို မထင်မှတ်လောက်အောင် ကောင်းတယ်။မစ္စ နင် လည်း အရမ်းကျေနပ်နေတာကို ပြော နိုင်တယ်” ဟု ပြောလိုက်သည်။

ကျန်းကျဲ့က စကားကို အဆုံးသတ်ချင်သဖြင့် “မူရင်းပန်းချီကား ပြီးသွားရင်လည်း ဖောက်သည် ကျေနပ်ပါစေလို့ပဲ မျှော်လင့်မိပါတယ်” ဟု ပြောလိုက်သည်။

“သေချာပေါက် ကောင်းမှာပါ။ ကျွန်မအမြင်အရ ရှင့်မှာ အနာဂတ်အတွက် အလားအလာ အများကြီးရှိတယ်။ ကျွန်မတို့ ပန်းချီပြခန်းနဲ့ လက်တွဲဖို့ စဉ်းစားကြည့်ပါဦး။ ကျွန်မက ရှင့် ကို အရင်းအမြစ်တွေ အများကြီး ပေးနိုင်မယ်လို့ အာမခံပါတယ်။ ကျွန်မတို့ ပန်းချီပြခန်းက…” ဝမ်ကျန်းက သူမ၏ ပြခန်း စွမ်းဆောင်နိုင်ပုံ၊ ရှိပြီးသား ဖောက်သည်များ၊ ထောက်ပံ့ပေးထားသည့် ပန်းချီဆရာများအကြောင်းကို အထူးအလေးပေး ပြောပြသည်။

ဝမ်ကျန်း၏ ကမ်းလှမ်းချက်ကို ကျန်းကျဲ့သည် လက်ခံလိုခြင်းမရှိပေ။ သူသည် ယခုအချိန်တွင် ပန်းချီပြခန်းကို အားကိုးစရာမလိုဘဲ ပန်းချီရောင်းချနိုင်နေသည်။

“မန်နေဂျာ ဝမ် ကျေးဇူးတင်ပါတယ်။ ကျွန်တော်က ကျောင်းတက်ရဦးမှာဖြစ်ပြီး အနာဂတ်မှာ သင်ယူရမယ့် အရာတွေ အများကြီးရှိပါသေးတယ်။ အခု ပန်းချီရောင်းချရတာကလည်း ကံကောင်းလို့ ဖြစ်သွားတာပါ။ တကယ့် ပန်းချီပညာရှင်တစ်ယောက် ဖြစ်လာတဲ့အခါကျရင်တော့ ခင်ဗျားကို အနှောင့်အယှက်ပေးပါ့မယ်”

ဝမ်ကျန်း ငြင်းပယ်ခံရသော်လည်း ပြုံးရွှင်စွာဖြင့် “ကျွန်မတို့ ပန်းချီပြခန်းက အချိန်မရွေး ကြိုဆိုနေပါတယ်” ဟု ပြောလိုက်သည်။

ကားရပ်သွားသည်နှင့် ကျန်းကျဲ့က ပန်းချီပစ္စည်းသေတ္တာကို သယ်ယူ ပြီး ထွက်သွားသည်။

ကားမောင်းနေသည့် လက်ထောက်လေးက “မန်နေဂျာဝမ်၊ အဲ့လူ က နည်းနည်း မာနကြီးတယ်လို့ ထင်တယ်။ ပင်းဟိုင်မှာ ပန်းချီဆရာတွေ အများကြီးရှိသလို အနုပညာကျောင်းက ဆရာအချို့ရဲ့ ပန်းချီကားတွေကိုတောင် မလက်ခံခဲ့ဘူးလေ” ဟု မေးသည်။

ဝမ်ကျန်း၏ အပြုံးများ ပျောက်ကွယ်သွားပြီး “နင် နားမလည်ဘူး။ ပန်းချီဆရာဆိုတာ အသက်ကို မကြည့်ရဘူး။ ဈေးကွက်ဆိုတာလည်း ယုတ္တိမရှိဘူး” ဟု ပြောလိုက်သည်။

ယနေ့ မနက်ပိုင်း လေ့လာချက်အရ မစ္စ နင်သည် ကျန်းကျဲ့ကို နှစ်သက်နေသည်ဟု သူမက ခံစားမိသည်။ နောင်တွင် မစ္စ နင်၏ ကျန်းကျဲ့အပေါ် သဘောထားကို အတိအကျ မခန့်မှန်းနိုင်သော်လည်း အလားအလာရှိသော ပန်းချီဆရာတစ်ဦးကို ကြိုတင်ပူးပေါင်းထားလိုသည်။

.........

ကျန်းကျဲ့သည် သင်တန်းသို့သွားရာလမ်းတွင် ဝက်သားခေါက်ဆွဲ စားသောက်ဆိုင်တစ်ဆိုင်ကို ရွေးကာ နေ့လယ်စာစားလိုက်သည်။

စားနေစဉ်တွင် သူသည် စနစ်၏ စာမျက်နှာကို ဖွင့်ကြည့်ပြီး သတိပေးချက်အသစ်ကို ထပ်ခါထပ်ခါ ကြည့်နေသည်။

နင်အန်းချီအတွက် ပုံတူဆွဲခဲ့ရာ သူမသည် စနစ်၏ မော်ဒယ်စံနှုန်းနှင့် ကိုက်ညီသည်။ ပိုင်ရှင် အနေဖြင့် နင်အန်းချီကို အမြဲတမ်း မော်ဒယ်အဖြစ် ရွေးချယ်မည်လား။

ဤသတိပေးချက်သည် ပုံကြမ်းဆွဲပြီးကတည်းက စနစ်စာမျက်နှာပေါ်တွင် ပေါ်လာခြင်းဖြစ်သည်။

ကျန်းကျဲ့သည် စိတ်အနှောင့်အယှက် ဖြစ်ရသည်။ နင်အန်းချီကို အမြဲတမ်း မော်ဒယ်အဖြစ် ရွေးချယ်ရမည်လား။ ဤသည်မှာ သူ၏ ဆန္ဒပေါ်တွင်သာ မူတည်သလား။

ချန်းယန်ကို အမြဲတမ်း မော်ဒယ်အဖြစ် ရွေးချယ်ခဲ့သည့် အတွေ့အကြုံအရ နင်အန်းချီကို ရွေးချယ်ပါက သူမကို မူရင်းပုဂ္ဂိုလ်အဖြစ် ပုံတူများစွာ ဖန်တီးရမည်ဖြစ်ပြီး စနစ်၏ လိုအပ်ချက်နှင့်လည်း ကိုက်ညီရမည်။ သို့သော် မစ္စ နင်က လက်ခံပါ့မလား။ သူ ခိုးကြောင်ခိုးဝှက် ဆွဲပါကလည်း ဟာသ မဟုတ်ပေ။

ကျန်းကျဲ့သည် ဝမ်ကျန်းကဲ့သို့ မစ္စ နင်ကို တောင်းဆိုရန် မရှိသော်လည်း သူမ၏ ခွင့်ပြုချက်မရဘဲ ပုံတူများ ဆွဲခြင်းသည် မည်သည့်ရလဒ်များ ဖြစ်ပေါ်လာမည်ကို မသိပေ။

မစ္စ နင်၏ အပြုအမူအချို့အရ သူမသည် စွမ်းဆောင်ရည်ရှိသည့် လုပ်ငန်းရှင်တစ်ဦး ဖြစ်သည်ကို သူ ခန့်မှန်းနိုင်သည်။

ကျန်းကျဲ့သည် မဆုံးဖြတ်နိုင်သေးသဖြင့် ဤသတိပေးချက်တွင် အချိန်ကန့်သတ်ချက်မရှိခြင်းကို သဘောကျမိသည်။

သောကြာနေ့ နေ့လယ်ပိုင်းတွင် သင်တန်း၏ နောက်ဆုံးစာသင်ချိန်ဖြစ်သည်။

ကျောင်းသားများသည် အချိန်ကြာမြင့်စွာ အတူရှိနေသဖြင့် လူမှုဆက်ဆံရေး မကျွမ်းကျင်သူများပင် ခေါင်းညိတ်နှုတ်ဆက်လေ့ရှိသည့် အပေါင်းအသင်းများ ရရှိလာကြသည်။

သူတို့ ခွဲခွာရန် နီးကပ်လာသောအခါ နောက်တစ်ကြိမ် ပြန်ဆုံတွေ့မည့်အချိန်မှာ စာမေးပွဲခန်းထဲတွင်ပင် ဖြစ်ပေလိမ့်မည်။

လူတိုင်း၏ စိတ်ထဲတွင် ထုတ်ဖော်ပြောမရသည့် ခံစားချက်များ ရှိနေသည်။

ချန်းယန်လည်း အလားတူပင်။ နေ့တိုင်း သင်တန်းတွင် ကျန်းကျဲ့နှင့် တွေ့ဆုံခြင်း၊ ဒီဇိုင်းများ အတူဆွဲခြင်း၊ စကားပြောခြင်း၊ တစ်ခါတရံ အပြင်ထွက်လည်ခြင်းနှင့် ကျန်းကျဲ့၏ ပန်းချီခန်းသို့ သွားခြင်းတို့က သူမဘဝ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။

ရုတ်တရက် ပြောင်းလဲသွားခြင်းကြောင့် သူမစိတ်ထဲတွင် အနည်းငယ် စိုးရိမ်နေသည်။

သူမကို စိတ်သက်သာရာရစေသည့် အရာတစ်ခုက ကျန်းကျဲ့၏ ပန်းချီခန်းသို့ မကြာခဏ သွားရောက်နိုင်ခြင်းပင် ဖြစ်သည်။ ထိုသို့တွေးလိုက်သောအခါ ကျန်းကျဲ့အတွက် မော်ဒယ်လုပ်ပေးရခြင်းကလည်း ကောင်းသောအရာဟု သူမ ခံစားမိသည်။ ငြင်းခဲ့ခြင်းမရှိသည့်အတွက် တော်သေးသည်။

သူမသည် ကျန်းကျဲ့၏ နေရာကို ကြည့်လိုက်သည်။ ခုနက ကျန်းကျဲ့ အပြင်ထွက်သွားပြီး မပြန်လာသေးသလို ဆရာလည်း မရှိပေ။

၁၀ မိနစ်ခန့်ကြာပြီးနောက် ကျန်းကျဲ့ အခန်းထဲသို့ ဝင်လာပြီး သူ့နေရာတွင် ပြန်ထိုင်သည်။

ချန်းယန်က ခေါင်းကိုစောင်းပြီး ကျန်းကျဲ့၏ ပခုံးပေါ်သို့ မှီကာ “ဘာဖြစ်လို့ ဆရာက ရှင့်ကို ခေါ်တာလဲ” ဟု မေးသည်။

ကျန်းကျဲ့၏ နားက ယားသလို ခံစားလိုက်ရပြီး “ငါ ဘယ်မေဂျာ ကို လေ့လာချင်လဲ မေးတာ” ဟု ဖြေသည်။

ချန်းယန်က “အင်း” ဟု ခေါင်းညိတ်လိုက်ပြီး အရာအားလုံးကို သူမ ထိန်းချုပ်နိုင်သကဲ့သို့ “သူက သူ့မေဂျာ ကို လေ့လာစေချင်တာပေါ့” ဟု ပြောသည်။

ထိုအချိန်တွင် ဆရာ ပြန်ဝင်လာသဖြင့် ချန်းယန် ဆက်မမေးတော့ပေ။

ကျန်းကျဲ့က ခုနက အကြောင်း ပြန်တွေးမိသည်။

သူနှင့် အမှန်တကယ် စကားပြောသူမှာ အနုပညာကောလိပ် မှ တခြား ဆရာတစ်ဦး ဖြစ်သည်။ ထိုဆရာက သူ့ကို ပန်းချီမေဂျာ ကို လေ့လာရန် အကြံပြုခဲ့သည်။ ဘယ်ပန်းချီမေဂျာ ကို လေ့လာရမည်ဆိုသည်ကိုတော့ သူ့သဘောဆန္ဒအတိုင်း ရွေးချယ်နိုင်သည်ဟု ဆိုသည်။

ထိုဆရာက ရှင်းရှင်းလင်းလင်း မပြောသော်လည်း စည်းကမ်းလိုက်နာမည်ဆိုပါက ရွေးချယ် ထားသည့် မေဂျာ အတွက် အောင်လက်မှတ်ရရှိမည်ဖြစ်ကြောင်း ကျန်းကျဲ့ကို အရိပ်အမြွက် ပြောသည်။

ကျန်းကျဲ့သည် သူ၏ ရည်မှန်းချက်ဖြစ်သော ပန်းချီမေဂျာ ကို လေ့လာလိုစိတ် ပိုမိုပြင်းပြလာသဖြင့် စိုးရိမ်ခြင်းမရှိပေ။

စနစ်ကို အကောင်းဆုံး အသုံးချနိုင်မည့် အရာသည် ပန်းချီမေဂျာ ဖြစ်သည်ဟု သူက အချိန်အကြာကြီး တွေးတောခဲ့သည်။ ဒီဇိုင်းမေဂျာ အတွက်ဆိုလျှင် တက္ကသိုလ်တွင် ရွေးချယ်လေ့လာနိုင်သည့် အချိန်အလုံအလောက်ရှိသဖြင့် ဒုတိယမေဂျာ အဖြစ် လေ့လာနိုင်ပေသေးသည်။

စာသင်ချိန်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ဆရာက ကျောင်းသားများ၏ အိမ်စာ များကို စစ်ဆေးပြီးနောက် ကျောင်းသားအများစု ပစ္စည်းသိမ်းဆည်းရန် စတင်ပြင်ကြသည်။

ဆရာက စားပွဲရှေ့တွင် ရပ်ကာ လည်ချောင်းရှင်းလိုက်သည်။

ကျောင်းသားများသည် လက်ထဲမှအလုပ်များကို ချပြီး တိတ်တိတ်ဆိတ်ဆိတ် စောင့်ဆိုင်းနေ ကြသည်။

“ကျောင်းသားတို့၊ ဒီနေ့က သင်တန်းရဲ့ နောက်ဆုံးစာသင်ချိန်ပဲ။ ဒီအချိန်အတွင်းမှာ မင်းတို့နဲ့အတူ ရှိနေရတာ အရမ်းပျော်ဖို့ကောင်းခဲ့ပါ တယ်။ ငါတို့ မခွဲခွာခင်မှာ အချက်အချို့ကို မှာကြားချင်ပါတယ်။

ပထမအချက်၊ လျှောက်လွှာတင်ရမယ့် အချိန်၊ နေရာနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို မှတ်ထားပါ။ ဒီအသေးစိတ်အချက်အလက်တွေက အရမ်းအရေးကြီးပါတယ်။

ဒုတိယအချက်၊ လျှောက်လွှာတင်တဲ့အခါမှာ စည်းကမ်းလိုက်နာပါမည်ဆိုတဲ့အချက်ကို သေချာဖြည့်ပါ။ အဲ့ဒီအချက်က မင်းတို့ကို ကယ်တင်နိုင်တယ်။

စာမေးပွဲခန်းထဲမှာ ဘယ်လိုမေးခွန်းတွေ ပြောင်း ပါစေ စစ်ဆေးမယ့် ဦးတည်ချက်ကတော့ တူကြ ပါတယ်။ ပုံကြမ်း၊ အရောင်နဲ့ ဒီဇိုင်းတွေကို မင်းတို့ လေ့ကျင့်ပြီးသားဖြစ်တယ်။ အထူးသဖြင့် ဒီဇိုင်းသင်ခန်းစာကို စိတ်အေးအေးထားပြီး စစ်ဆေး ပါ။ မင်းတို့ လေ့ကျင့်ခဲ့တဲ့ အရာတွေကို ကောင်းကောင်းအသုံးချနိုင်ရင် ပြဿနာမရှိပါဘူး။

နောက်ဆုံးအနေနဲ့၊ မင်းတို့ မေဂျာအောင် လက်မှတ်ရခဲ့ရင် ဆရာ တို့ကျောင်းကို လာရောက်လျှောက်ထားနိုင်ပါတယ်။ လအနည်းငယ်ကြာရင် ဆရာတို့ တက္ကသိုလ်ပရဝဏ်မှာ ပြန်ဆုံကြမယ်လို့ မျှော်လင့်ပါတယ်”

သင်ကြားပေးခဲ့ကြသည့် အခြားဆရာအချို့လည်း နှုတ်ဆက်ရန် ရောက်လာကြသည်။

စာသင်ခန်းထဲတွင် လက်ခုပ်သံများ ဆူညံသွားသည်။

ခွဲခွာချိန်ရောက်လာသောအခါ ကျောင်းသားအချို့က တစ်ဦးကိုတစ်ဦး အဆက်အသွယ်အချို့ ဖလှယ်ကြပြီး ကျန်သူများကတော့ တဖြည်းဖြည်း ထွက်သွားကြသည်။

ကျန်းကျဲ့က ပန်းချီပစ္စည်းသေတ္တာကို သယ်ယူ ပြီး ချန်းယန်နှင့်အတူ ပန်းချီခန်းမှ ထွက်လာသည်။

ချန်းယန်နှင့် ကျန်းကျဲ့တို့သည် လျှောက်လွှာအတူတူ တင်ကြရန် သဘောတူ လိုက်ကြ သည်။

အဆောက်အအုံမှ ထွက်လာပြီးနောက် ကျန်းကျဲ့ ခြေလှမ်းရပ်လိုက်ကာ - “ချန်းယန်၊ ငါ ခွေးကလေးကို နောက်ဆုံးတစ်ခေါက် သွားကြည့်ချင်တယ်။ ဒီနေရာကို နောက်တစ်ခါ လာဖို့မဖြစ်နိုင် တော့ဘူး” အချိန်အတိုင်းအတာတစ်ခုအထိ စားစရာ ကျွေးခဲ့သဖြင့် ထိုခွေးလေးအပေါ် အနည်းငယ် ခင်တွယ်နေမိပြီး စားစရာ ပင် သေချာယူလာသည်။

ချန်းယန်က ကျန်းကျဲ့၏ စားစရာ ဘူးကို မြင်လိုက်သောအခါ ရယ်မောပြီး “ရှင် က ခွေးလေးကို တကယ်မွေးချင်နေတာလား” ဟု မေးသည်။

ကျန်းကျဲ့က ခေါင်းညိတ်ကာ - “ဟုတ်တယ်။ ဒါပေမဲ့ ဒီခွေးလေးမှာ ပိုင်ရှင်ရှိတယ်။ မွေးစားလိုက်ရင် ငါ အိမ်မှာမရှိတဲ့အချိန် သူ့ကို ဂရုစိုက်ပေးမယ့်လူ မရှိဘူး”

ချန်းယန်က “ခွေးလေးရဲ့ ပိုင်ရှင်က သူ့ကို ပေးချင်နေတယ်ဆိုရင် ရှင် မွေးစားမှာလား” ဟု မေးလိုက်သည်။

ကျန်းကျဲ့၏ မျက်လုံးများ တောက်ပသွားပြီး “တကယ်လား” ဟု မေးသည်။

ချန်ယန်က ခေါင်းညိတ်ကာ - “တကယ်။ ဒါပေမဲ့ ရှင် က ကောင်းကောင်းစဉ်းစားရမယ် ။ ရှင် ခွေးကလေးကို မွေးစားလိုက်ရင် ဂရုစိုက်ပေးရမှာ။ မဟုတ်ရင် ကျွန်မ ပဲ မွေးစားလိုက်မှာ”

ကျန်းကျဲ့သည် မိမိသည် အမှန်တကယ် စိတ်ဝင်စားမှုမရှိဘဲ ချက်ချင်း စိတ်ပြောင်းသွားတတ်သူ ဟုတ်မဟုတ်ကို စဉ်းစားနေသည်။ ခဏကြာပြီးနောက် သူ ဆုံးဖြတ်ချက်ချလိုက်ကာ - “စဉ်းစားပြီးပြီ။ ငါ မွေးမယ်”

“လာ၊ ကျွန်မ နောက် လိုက်ခဲ့” ချန်းယန်က ကျန်းကျဲ့ကို နောက်ဖေးခြံဝင်းသို့ ခေါ်သွားသည်။

သူမက လမ်းလျှောက်ရင်း ရှင်းပြသည်- “ရှင် မနက်ပိုင်းက ဒီမှာမရှိဘူးလေ။ ခွေးလေးကို မွေးထားတဲ့သူက ဒီမှာ အလုပ်သမားအဖြစ် လုပ်တယ်။

သူက အလုပ်အသစ်ရလို့ ပြောင်းသွားတော့မလို့။ ငါ သူ့စကားကို ကြားတော့ ခွေးလေးကို ပေးမယ်ပြောတယ်။ ရှင် မမွေးစားဘူးဆိုရင် ကျွန်မက အိမ်ခေါ်သွားမယ်လို့ သူ့ကို ပြောထားတယ်”

ကျန်းကျဲ့သည် အိမ်သေးသေးလေး ကို မြင်လိုက်ရပြီး တံခါးတစ်ချပ်က ပွင့်နေသည်။

“ဦးလေး၊ ရှိလား” ချန်းယန်က တံခါးအတွင်းဘက်သို့ အော်ခေါ်လိုက်သည်။

“ရှိတယ်” အမျိုးသားတစ်ဦးက ပြန်ထူးသည်။ အသံမဆုံးခင်မှာပင် တံခါးထဲမှ ခွေးကလေးတစ်ကောင် ပြေးထွက်လာသည်။ ထိုခွေးကလေးမှာ သူတို့ ပုံမှန် အစာကျွေးနေကျ ခွေးလေးပင် ဖြစ်သည်။

ခွေးကလေးက ကျန်းကျဲ့နှင့် ချန်းယန်ကို မြင်သောအခါ အမြီးလှုပ်လျက် အနားသို့ ပြေးလာသည်။

တံခါးထဲမှ ခေတ်ဟောင်း လုပ်ငန်းဝတ်စုံနှင့် ရော်ဘာဖိနပ်စိမ်း ဝတ်ထားသည့် အသက်လတ်ပိုင်း အမျိုးသားတစ်ဦး ထွက်လာသည်။

ထိုအမျိုးသားက ချန်းယန်ကို မြင်သောအခါ “မင်းပဲလား။ စဉ်းစားပြီးပြီလား” ဟု မေးလိုက်သည်။

ချန်းယန်က ခေါင်းညိတ်ကာ- “ကျွန်မရဲ့ ဒီသူငယ်ချင်းက ခွေးလေးကို မွေးစားမလို့တဲ့ ”

ကျန်းကျဲ့သည် ထိုအမျိုးသားကို နှုတ်ဆက်လိုက်သည်။

အမျိုးသားက “မင်းတို့ ကြည့်ပါဦး။ ကျွန်တော့် ပစ္စည်းတွေ အားလုံး သိမ်းဆည်းပြီးပြီ။ မင်းတို့ မလာရင် တခြားလူတစ်ယောက်ကို ပေးဖို့ပဲ” ဟု ပြောလိုက်သည်။

ကျန်းကျဲ့သည် အခန်းထဲသို့ ကြည့်လိုက်သောအခါ မသပ်မရပ်သော အခန်းထဲတွင် ပစ္စည်းအထုပ်ကြီးများ သိမ်းဆည်းထားသည်ကို တွေ့လိုက်ရသည်။

“ငါ့ရွာသားက အလုပ်အသစ် ရှာပေးလို့ အလုပ်ခွင်ကို ပြောင်းသွားတော့မယ်။ အဲဒီမှာ ခွေးမခေါ်လာရဘူး”

“ဦးလေး၊ ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ သေချာပေါက် ဂရုစိုက်ပေးပါ့မယ်” ချန်းယန်က ခွေးလေးကို ပွေ့ချီလိုက်သည်။

ကျန်းကျဲ့ကလည်း ကျေးဇူးတင်စကားများ ပြောပြီး ယွမ် ၃၀ ကို ခွေးပိုင်ရှင်ဟောင်း၏ လက်ထဲသို့ အတင်းအကျပ် ထည့်ပေးလိုက်သည်။

“ဟာ၊ ဒါက ဘာလုပ်တာလဲ” အမျိုးသားက ပါးစပ်မှ ငြင်းကာ - “ငါက သူ့ကို ပေးချင်လို့ပါ ။ မင်းတို့ သူ့ကို ကောင်းကောင်းမွေးထားရင် ရပါပြီ”

“ဦးလေး မငြင်းပါနဲ့။ ဦးလေး ခွေးလေးကို မွေးဖို့လည်း မလွယ်ပါဘူး။ ကျွန်တော်တို့ရဲ့ လက်ဆောင်လေးပါ။ စိတ်ချပါ။ ကျွန်တော်တို့က အိမ်မွေးတိရစ္ဆာန်လို မွေးမှာဆိုတော့ သေချာ ဂရုစိုက်ပေးပါ့မယ်” ပိုက်ဆံပေးခြင်းသည် ပို၍ စိတ်ချရသည်ဟု ကျန်းကျဲ့က ယူဆသည်။

“အော်၊ ဒီလိုကိုး” အမျိုးသားက ပိုက်ဆံကို အိတ်ထဲထည့်ပြီး ကြိုးတစ်ချောင်းကို ခွေးလေးလည်ပင်းတွင် ချည်ကာ ကြိုးကို ကျန်းကျဲ့အား ပေးလိုက်သည်။

ခွေးလေးက ကြိုးကိုဆွဲပြီး ပြန်ပြေးရန် ကြိုးစားသည်။

ပိုင်ရှင်ဟောင်းက လက်ဝေ့ယမ်းပြီး “သွားတော့၊ ကောင်းတဲ့ဘဝကို သွား ပါ” ဟု ပြောလိုက်သည်။

ထိုအချိန်တွင် အမျိုးသား၏ ပစ္စည်းများကို ကူညီသယ်ပေးမည့် လူအချို့ ရောက်လာကြသည်။

ကျန်းကျဲ့နှင့် ချန်းယန်တို့ အလျင်အမြန်ပင် နှုတ်ဆက်ပြီး ထွက်သွားကြ သည်။

ခွေးလေးက တုန်ရီနေသည်။

ကျန်းကျဲ့နှင့် ချန်းယန်တို့က အဆက်မပြတ် နှစ်သိမ့်ပေးသဖြင့် နောက်ဆုံးတွင် ခွေးလေးက ငြိမ်သွားသည်။

ချန်းယန်တွင်လည်း အတွေ့အကြုံမရှိသဖြင့် “ငါတို့ ကားလ်ကို ခွေးစာ လေးတွေ အရင်ဝယ်ပေးရမလား” ဟု မေးလိုက်သည်။

ကျန်းကျဲ့က စဉ်းစားပြီး “နန်ရှန်းစျေးကို အရင်သွားရအောင်။ ကျွမ်းကျင်သူ ကို ရှာပြီး ဆေးထိုးဖို့ လို၊ မလို စစ်ဆေးပြီး ဘယ်လိုမွေးရမလဲ မေးကြတာပေါ့” ဟု ပြောသည်။

နန်ရှန်းစျေးသည် ပင်းဟိုင်တွင် အကြီးဆုံး အိမ်မွေးတိရစ္ဆာန်စျေးနှင့် ဆေးရုံလည်း ရှိသည်။

ကျန်းကျဲ့သည် သင့်တော်သည့် တိရစ္ဆာန်ဆေးရုံသို့ သွားကာ ခွေးကလေးကို စစ်ဆေးခြင်းနှင့် အကြံဉာဏ်များ ရယူသည်။

တိရစ္ဆာန်ဆရာဝန်က ခွေးလေးကို စစ်ဆေးပြီး ဆေးထိုးပေးပြီးနောက် ကျန်းကျဲ့ကို မွေးပုံနှင့် အလေ့အကျင့် များအကြောင်း ပြောပြသည်။

ဆရာဝန်၏ အဆိုအရ ဤခွေးကလေးက ဒေသခံခွေးအမျိုးအစားဖြစ်ပြီး ကြီးမားသည့် ခွေးကြီးမျိုးစိတ် မဟုတ်သဖြင့် ပုံမှန်အတိုင်း မွေးနိုင်သည်။ ဖောက်သည်များရရှိရန်အတွက် မွေးပုံအမျိုးမျိုးကိုလည်း ပြောပြပေးသည်။

ကျန်းကျဲ့သည် တိရစ္ဆာန်ဆေးရုံတွင် ခွေးလေးအတွက် လိုအပ်သည့် ပစ္စည်းများအားလုံး ဝယ်ယူခဲ့ပြီး နောက်ထပ် ဆေးထိုးရမည့် ရက်ကိုလည်း ချိန်းဆိုခဲ့သည်။

လမ်း တစ်လျှောက်လုံးတွင် ခွေးလေးက စကားနားထောင်ပြီး တစ်ခါတရံ တုန်ရီနေသည်။

ကျန်းကျဲ့နှင့် ချန်းယန်တို့သည် တက္ကစီဖြင့် ခွေးကလေးနှင့် ပစ္စည်းများကို ကျန်းကျဲ့၏ ပန်းချီခန်းသို့ သယ်လာကြ သည်။

ခွေးလေးက ပတ်ဝန်းကျင်အသစ်တွင် မရင်းနှီးသဖြင့် အနည်းငယ် စိမ်းနေသည်။

ကျန်းကျဲ့က အချိန်ကိုကြည့်ပြီး ချန်းယန်ကို “အချိန်နောက်ကျသွားပြီ။ ငါတို့ အတူတူ ညစာစားပြီး ငါ မင်းကို ပြန်လိုက်ပို့ပေးရမလား” ဟု ပြောလိုက်သည်။

“ကောင်းပါပြီ”

သူတို့နှစ်ဦးသည် ပန်းချီခန်းတွင် ညစာစားပြီးနောက် ကျန်းကျဲ့က တက္ကစီဖြင့် ချန်းယန်ကို အိမ်ပြန်လိုက်ပို့ပေး သည်။ ခွေးလေး က အိမ်အသစ်နှင့် မရင်းနှီးမှာကို စိုးရိမ်သဖြင့် ခွေးလေးကိုပါ အတူတူ ခေါ်သွားသည်။

ချန်းယန် ကားပေါ်မှ ဆင်းသောအခါ “ကားလ်ကို ကျွန်မတို့ အတူတူမွေးဖို့ သဘောတူထားတယ်နော်” ဟု သတိပေးလိုက်သည်။

“စိတ်ချ၊ မင်း အတွက်လည်း တစ်ဝက်ပါတယ်”

ကျန်းကျဲ့သည် ခွေးလေးနှင့်အတူ ပန်းချီခန်းသို့ ပြန်ရောက်သောအခါ ခွေးလေး၏ ခေါင်းကို ဖြည်းညှင်းစွာ ပွတ်သပ်ပြီး “အခုစပြီး ဒါက မင်းရဲ့အိမ်အသစ်ပဲ” ဟု ပြောလိုက်သည်။

All Chapters