← Chapters

အပိုင်း ၁၆၁-၁၆၄

Vol. 9 Ch. 161-164

အပိုင်း ၁၆၁-၁၆၄

Vol. 9 Ch. 161-164

အပိုင်း (၁၆၁)

ထူးခြားတဲ့ရေစက်ဖြစ်ရမယ်။

'သစ်သားသစ်ရွက်'ကော်ဖီဆိုင်သို့သွားသည့်လမ်းပေါ်တွင် လုရှောင်ရက ယဲ့ဖန်ပေးသည့် လိပ်ပြာပုံဆွဲသီးလေးကို တစ်လမ်းလုံးကိုင်နေခဲ့ကာ သူမမျက်နှာပေါ်တွင် အပြုံးချိုချိုလေးလည်းရှိနေခဲ့သည်။

" ကိုယ်တို့ရောက်ပြီ "

ယဲ့ဖန်က ကားကိုရပ်ပြီး အရှေ့ကဆိုင်ကို ညွှန်ပြလိုက်သည်။

'သစ်သားသစ်ရွက်'ဟုခေါ်သည့်ကော်ဖီဆိုင်က အပြင်ကကြည့်လျှင် အတော်လေးအိုဟောင်းနေ၏။

ဆိုင်၏ဆိုင်းဘုတ်နှင့် အပြင်အဆင်တွေကိုကြည့်ပါက ၁၉၇၀၊ ၁၉၈၀ ဝန်းကျင်လောက်က ဟောင်ကောင်ရုပ်ရှင်ပုံစံတွေနှင့် အတော်လေးဆင်တူသည်။

" ဒီနေရာဆိုတာသေချာလို့လား "

ယဲ့ဖန်က လုရှောင်ရကိုလှည့်ကြည့်လိုက်သည်။ သူမက ဘာလို့ ဒီလိုအိုဟောင်းနေတဲ့နေရာမှာ စားဖို့အတွက်နဲ့ အဝေးကြီးလာရသလဲဆိုတာကို သူ နားမလည်ပေ။

" အင်း၊ ဒီကအချိုပွဲတွေက အရမ်းအရသာရှိတယ်။ သွားကြစို့၊ ကျွန်မ ကျွေးမှာပါ "

လုရှောင်ရကပြောပြီး ကားထဲက အရင်ထွက်လိုက်သည်။

ယဲ့ဖန်လည်း ဘာမှမတတ်နိုင်ဘဲ အနောက်မှ လိုက်ခဲ့ရ‌တော့သည်။

လုရှောင်ရ ပထမထပ်ရှိ အပြင်ခုံတစ်ခုတွင် ဝင်ထိုင်လိုက်သည်။

ထို့နောက် သူမက ကျွမ်းကျင်စွာဖြင့် ဟင်းပွဲတစ်ချို့ကိုမှာလိုက်၏။

ထို့နောက် ယဲ့ဖန်နှင့်စကားစမြည်စပြောတော့သည်။

" ယဲ့ဖန်၊ အဲ့ဒီအစ်မကြီးရဲ့သမီးလေးကို ကုလို့ရမယ်ထင်လား "

" ရမှာပါ "

" ဟုတ်တယ်၊ ရမယ်လို့ထင်တယ်။ အဲ့အစ်မကြီးပုံစံက ကံကောင်းတတ်တဲ့သူလို့ထင်ရတယ် "

" ............ "

" ယဲ့ဖန် အချိုပွဲတွေ စားကောင်းရဲ့လား? "

" အဆင်ပြေပါတယ် "

" ကျွန်မလည်း အဆင်ပြေတယ်လို့ထင်တယ်။ ကျွန်မကတော့ ဒီက ပုစွန်ဖက်ထုပ်၊ ဖီးနစ်ခြေထောက်နဲ့ ရွှေသဲပုစွန်အမြီးနီထမင်းတွေကို ကြိုက်တယ် "

" ......... "

" ကျုံးဟိုင်တက္ကသိုလ်က ကျောင်းအုပ်မှာ သမီးရှိတယ်လို့ကြားတယ်၊ ဟုတ်လား? "

" မသိဘူး "

" ကျွန်မလည်းတစ်ယောက်ယောက်ဆီကကြားလာတာ။ သူမက အတော်လေးထူးချွန်တယ်ကြားတယ် "

" ........... "

လုရှောင်ရက ပြောစရာစကားရှာပြီး တစ်ခုပြီးတစ်ခုပြောနေခဲ့သည်။

သို့ပေမဲ့ သူမကိုယ်တိုင်ကလည်း ထိုအကြောင်းတွေကို စိတ်ဝင်စားမနေမှန်းသိသာသည်။ သူမက နေရခက်နေသည့်ပတ်ဝန်းကျင်လေထုကို လျှော့နည်းစေချင်တာကြောင့်သာဖြစ်သည်။

သူမက စကားပြောနေရင်း လက်ကောက်ဝတ်ပေါ်ရှိ ပန်းရောင်နာရီကို တကြည့်ကြည့်လုပ်နေမှန်း ယဲ့ဖန်တွေ့လိုက်သည်။

ထို့အပြင် အပြင်ဘက်ကိုလည်း ဆက်တိုက်လှမ်းကြည့်နေသေးသည်။

သူမ တစ်စုံတစ်ယောက်ကို စောင့်နေပုံရသည်။

ထိုပုံစံကိုသတိထားမိတဲ့အခါ ယဲ့ဖန် အနည်းငယ်စိတ်ရှုပ်ထွေးသွားရ၏။

သို့ပေမဲ့ ပိုပြီးစိတ်ရှုပ်ထွေးစရာကောင်းသည့်အချက်က ဆိုင်ထဲရှိလူတွေအများစုကလည်း အပြင်ကို ဆက်တိုက်လှမ်းကြည့်နေကြသည်။

သူတို့က ဒီကိုစားဖို့လာတာမဟုတ်ဘဲ တစ်ယောက်ယောက်ကိုလာစောင့်နေကြပုံရသည်။

" မင်း တစ်ယောက်ယောက်ကိုစောင့်နေတာလား "

အချက်အလက်တော်တော်များများကို သတိထားမိပြီးတဲ့နောက် ယဲ့ဖန် မထိန်းနိုင်ဘဲမေးလိုက်သည်။

" အာ၊ မဟုတ်ပါဘူး "

လုရှောင်ရက ချက်ချင်းငြင်းသည်။

" ဒါဆို ငါတို့ အရေးကြီးတဲ့ကိစ္စပြောကြတော့မလား "

သူမက ပြောမပြချင်နေတဲ့အတွက် ယဲ့ဖန်ကလည်း ဆက်မမေးတော့ဘဲ လိုရင်းကိုသာမေးလိုက်တော့သည်။

" အရေးကြီးတဲ့ကိစ္စလား။ ဘာအရေးကြီးတဲ့ကိစ္စလဲ "

လုရှောင်ရက အနည်းငယ်နားမလည်ဖြစ်သွားသည်။

" မနေ့ညကပြောတော့ ဒီနေ့တွေ့ပြီးအရေးကြီးတဲ့ကိစ္စပြောမလို့ဆို "

သူမက မမှတ်မိနေတာကြောင့် ယဲ့ဖန် မျက်လုံးဝေ့လိုက်သည်။

" အိုး ...... ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်။ ကျွန်မ ရှင့်ကို အရေးကြီးပြောစရာကိစ္စရှိတယ်။ ဘာပါလိမ့် "

လုရှောင်ရက ခေါင်းလေးကိုစောင်းပြီး စဉ်းစားနေသည်။

ယဲ့ဖန်ကတော့ သူမလုပ်နေတဲ့ပုံစံကြောင့် ပြောစရာစကားပျောက်သွားရတော့သည်။

ဒီလိုပုံစံနဲ့ ဘာဖြစ်နေမှန်းမသိဘဲ သူ့ကိုတွေ့ဖို့ခေါ်ထုတ်လာတာလား။

" ကျွန်မပြောမယ့်ကိစ္စက ........ "

လုရှောင်ရပြောတော့မယ့်အချိန်မှာဘဲ ကော်ဖီဆိုင်၏တံခါးက ရုတ်တရက်တွန်းပွင့်လာသည်။

တောက်ပသည့် ကိုယ်ရောင်ဝါနှင့် လူအိုကြီးတစ်ယောက် ကိုယ်ရံတော်တစ်ချို့ဝန်းရံကာ ဆိုင်ထဲသို့လျှောက်ဝင်လာသည်။

လုရှောင်ရ၏မျက်လုံးတို့ တောက်ပသွားသည်။ သူမစောင့်နေခဲ့သည့်သူက နောက်ဆုံးတော့ရောက်လာပြီဖြစ်သည်။

ယဲ့ဖန်လှည့်ကြည့်လိုက်တဲ့အခါ အံ့ဩသွားသည်။

ထိုလူအိုကြီးက တခြားသူမဟုတ်ဘဲ ထန်းပေါဟုန်ဖြစ်နေခဲ့သည်။

အကြီးအကဲထန်းက ဆိုင်ထဲကိုဝင်လာတဲ့အခါ ဆိုင်ထဲရှိလူတိုင်းက သူ့အနားတွင် ဝိုင်းအုံလာကြတော့သည်။

" မင်္ဂလာပါ၊ လူကြီးမင်းထန်း။ ကျွန်တော်က ချန်းမန်းအိမ်ခြံမြေက သူဌေးပါ။ တွေ့ရတာ ဝမ်းသာပါတယ် ...... "

" လူကြီးမင်းထန်း၊ ကျွန်တော် ဒီနှစ်တွေအတွင်းမှာ လူကြီးမင်းကို အရမ်းလေးစားခဲ့ရတာ။ ကျွန်တော် လူကြီးမင်းရဲ့ လက်မှတ်လေး ရနိုင်မလား "

" မင်္ဂလာပါ၊ အကြီးအကဲထန်း။ ကျွန်တော့်ကို မှတ်မိပါသေးရဲ့လား။ နောက်ဆုံးတစ်ခေါက် ချန်းဖန်းဆောက်လုပ်ရေးဧည့်ကြိုကောင်တာမှာ ကျွန်တော်တို့စကားတောင်ပြောဖူးခဲ့ကြသေးတယ် ......... "

လူအုပ်ကြီးက အထပ်လိုက်ဖြင့် အကြီးအကဲထန်းနားမှာဝိုင်းနေကြသည်။

" မင်းကလည်း ဒီကို အကြီးအကဲထန်းကြောင့်လာတာလား "

ယဲ့ဖန်က လုရှောင်ရ ဒီကော်ဖီဆိုင်ကိုလာရသည့်ရည်ရွယ်ချက်ကို သဘောပေါက်သွားသည်။

" ဟုတ်တယ် "

လုရှောင်ရ ရှက်ရှက်ဖြင့် ခေါင်းကုတ်လိုက်မိသည်။

" အကြီးအကဲထန်းဆီက အကူအညီတောင်းချင်တာမျိုးရှိလို့လား "

ယဲ့ဖန်က ဆက်မေးသည်။

" အာ၊ ကျွန်မက ...... "

လုရှောင်ရ လန့်ပြီး ငြင်းဖို့လုပ်နေချိန်မှာဘဲ ယဲ့ဖန်က သူမရဲ့လက်ကို ဆွဲလိုက်သည်။

" အဲ့တာဆိုလာလေ၊ မိတ်ဆက်ပေးမယ် "

ယဲ့ဖန်က လုရှောင်ရနှင့်အတူ လူအုပ်ထဲသို့တိုးဝင်လိုက်သည်။

ထန်းပေါဟုန်မှာတော့ စိတ်မရှည်ဖြစ်လာရသည်။

သူသည် နေ့လယ်ခင်းတိုင်း အလေ့အကျင့်တစ်ခုအနေဖြင့် ဒီကော်ဖီဆိုင်သို့လာပြီး နေ့လယ်ခင်းရေနွေးကြမ်းလာသောက်လေ့ရှိသည်။

သူ့ရဲ့အကျင့်ကို လူတော်တော်များများက သေချာစောင့်ကြည့်ထားကြပြီး မိတ်ဆွေဖွဲ့ဖို့အတွက် သူ့ကိုလာစောင့်ကြသည်။ အဲ့တာက သူ့ကို အတော်လေးစိတ်ရှုပ်စေသည်။

ဒီနေ့မှာလည်း စောင့်နေတဲ့သူတွေကြောင့်စိတ်ရှုပ်ပြီး တစ်ချက်ပြုံးပြီးနောက် လှည့်ပြန်ဖို့ပြင်သည်။ ထိုအချိန်မှာဘဲ စကားသံတစ်ချို့ကိုထပ်ကြားလိုက်ရသည်။

" အကြီးအကဲထန်း၊ ကျွန်တော် ........ "

ထိုတစ်ယောက်ရဲ့စကားမဆုံးသေးခင်မှာဘဲ အကြီးအကဲထန်း၏သက်တော်စောင့်တွေက သူ့ကိုတွန်းထုတ်လိုက်ကြသည်။

ထန်းပေါဟုန်သည် သက်တော်စောင့်တွေဝန်းရံလျက်ပြန်ဖို့ပြင်နေချိန်မှာဘဲ ရင်းနှီးတဲ့အသံကိုကြားလိုက်ရတာကြောင့် အမြန်လှည့်ကြည့်လိုက်သည်။

ထို့နောက် သက်တော်စောင့်တွေတွန်းထုတ်တာခံနေရတဲ့ယဲ့ဖန်ကို တွေ့လိုက်ရသည်။

" မိတ်ဆွေလေးယဲ့လား "

ထန်းပေါဟုန်က သက်တော်စောင့်တွေကို အလျင်အမြန်တားလိုက်ပြီး ယဲ့ဖန်ကို လာဖို့ခေါ်လိုက်သည်။

ထို့နောက် ယဲ့ဖန်ဘေးတွင်ရပ်နေသော လုရှောင်ရကိုလည်းတွေ့လိုက်ရသည်။

ထန်းပေါဟုန်က ချက်ချင်းပင်အံ့ဩသွားရတော့သည်။

ယဲ့ဖန်ကတော့ ထန်းပေါဟုန်၏အမူအရာကို သတိမထားမိပေ။

" အကြီးအကဲထန်း၊ ကျွန်တော် ......... "

ယဲ့ဖန်သည် လုရှောင်ရကို အကြီးအကဲထန်းနှင့်မိတ်ဆက်ပေးဖို့လုပ်နေချိန်မှာဘဲ လုရှောင်ရ၏ခေါ်သံကိုကြားလိုက်ရသည်။

" အဘိုး "

" အဘိုး ........... "

ယဲ့ဖန်က သူမကို တအံ့တဩကြည့်လိုက်သည်။

အခု သူမက ထန်းပေါဟုန်ကို ........ အဘိုးလို့ခေါ်လိုက်တာလား။

ဘာတွေဖြစ်နေတာလဲ။

ထန်းပေါဟုန်က လုရှောင်ရရဲ့နှာခေါင်းကို ချစ်စနိုးဆွဲညှစ်လိုက်သည်။

" ကောင်မလေး၊ မင်း ဒီကို ဘာလို့ရောက်နေတာလဲ "

လုရှောင်ရက ထန်းပေါဟုန်ရဲ့လက်မောင်းကိုဆွဲပြီး ချစ်စရာကောင်းစွာ လှုပ်ယမ်းနေသည်။

" သမီးက လွမ်းလို့လာတွေ့တာလေ။ လာတွေ့လို့မရဘူးလား "

ထန်းပေါဟုန်က ရယ်လိုက်သည်။

" လိုချင်ရှိ‌နေတာကို ဖုံးကွယ်နေတာလား။ အဘိုးကိုတောင်းစရာမရှိရင် ငါ့မြေးက ဒီအဘိုးရှေ့ပေါ်လာမှာ မဟုတ်ဘူးကို "

လုရှောင်ရက ချွဲချွဲနွဲ့နွဲ့ဖြင့်ပြောသည်။

" အဘိုး၊ သမီးကို ဘာလို့အဲ့လိုပြောနိုင်ရတာလဲ။ သမီးကဖြင့် အဘိုးကို အမြဲဂရုစိုက်စဉ်းစားပေးနေတာကို "

ထန်းပေါဟုန်က မျက်နှာထားတည်လိုက်တော့သည်။

" ဟုတ်ပါပြီ၊ ပြောပါဦး။ ဘာကိစ္စလဲ "

လုရှောင်ရကလည်း တည်တည်ကြည်ကြည်ဖြစ်သွားသည်။

" အဘိုးကို တစ်ယောက်ယောက်နဲ့မိတ်ဆက်ပေးမလို့။ သူက လာမယ့်နှစ်ရက်အတွင်းပြဿနာတက်တော့မှာ။ အဘိုးသူ့ကို ကူပေးလို့ရမလား "

ထိုစကားကိုကြားတဲ့အခါ ထန်းပေါဟုန်က ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။

ယဲ့ဖန်က သူ့ကို ထူးဆန်းတဲ့အမူအရာဖြင့်ကြည့်နေသည်။

ထိုအချိန်တွင် ကော်ဖီဆိုင်ထဲမှ သီချင်းဟောင်းလေးတစ်ပုဒ်ပျံ့လွင့်လာခဲ့သည်။

~ ငါတို့ကို မိသားစုတစ်စုတည်းဖြစ်စေတာက ထူးခြားတဲ့ရေစက်ဘဲဖြစ်ရမယ် ~

အပိုင်း (၁၆၂)

နည်းနည်းလေးချောတာကလွဲရင် သူက ဒီအတိုင်းသာမန်ပါဘဲ။

" မိတ်ဆွေလေးယဲ့၊ မင်းက ရှောင်ရလေးကိုသိတာလား "

" ယဲ့ဖန်၊ ရှင် ကျွန်မအဘိုးကိုသိတာလား "

" ရှောင်ရ၊ မင်းက အကြီးအကဲထန်းရဲ့မြေးလား "

ယဲ့ဖန်၊ လုရှောင်ရနှင့် ထန်းပေါဟုန်တို့က အချင်းချင်းကြည့်လိုက်ကြကာ မထိန်းနိုင်ဘဲရယ်မောလိုက်ကြသည်။

" ကျွန်မက ရှင့်ကို ကျွန်မအဘိုးနဲ့မိတ်ဆက်ပေးမလို့ဆိုပေမယ့် မလိုတော့ဘူးနဲ့တူတယ် "

လုရှောင်ရက ပြောရင်းဖြင့် ယဲ့ဖန်ကို စိတ်ဝင်တစားကြည့်လိုက်သည်။

ဒီတစ်ယောက်က တကယ်ကိုမရိုးရှင်းဘူးပဲ။

သူက အဘိုးနဲ့ တကယ်ပဲ သိနေတာလား။

သူမအဘိုးက သာမန်လူတွေသိနိုင်တဲ့လူမျိုးမဟုတ်မှန်း လုရှောင်ရကောင်းကောင်းကြီးသိသည်။

အကယ်၍ သူမနဲ့ ထန်းပေါဟုန်နဲ့က သွေးသားကြောင့်ရင်းနှီးတာသာမဟုတ်ရင် သူ့လိုလူမျိုးနဲ့ သိဖို့ဆိုတာ မဖြစ်နိုင်ပေ။

ယဲ့ဖန်ကတော့ ထန်းပေါဟုန်နဲ့သိရုံသာမက ကောင်းမွန်ရင်းနှီးတဲ့ဆက်ဆံရေးလည်းရှိပုံရသည်။

ထို့ကြောင့် သူမ မအံ့ဩဘဲမနေနိုင်ပေ။

" ကိုယ်က မင်း အကြီးအကဲထန်းကို မေးစရာရှိတယ်ထင်ပြီး မိတ်ဆက်ပေးဖို့လုပ်နေတာ "

ယဲ့ဖန်က ခေါင်းကိုခါပြီး ခါးသက်သက်ပြုံးလိုက်သည်။

သူ ဒီလိုအမှားကြီးလုပ်မိလိမ့်မယ်လို့မထင်ထားပေ။

လုရှောင်ရနဲ့ထန်းပေါဟုန်နဲ့က ဒီလိုဆက်ဆံရေးရှိလိမ့်မယ်ဆိုတာကို ဘယ်သူကတွေးမိမှာလဲ။

ထန်းပေါဟုန်က ပြုံးပြီး လုရှောင်ရကိုကြည့်လိုက်သည်။

" အခုဘာပြောလိုက်တာလဲ။ ယဲ့လူငယ်လေးက ဒုက္ခရောက်နေတာလား။ ဘယ်လိုပြဿနာမျိုးလဲ "

လုရှောင်ရက သူမအဘိုးကို ရှင်းပြဖို့လုပ်နေချိန်မှာဘဲ ယဲ့ဖန်က သူမကို ဖြတ်ပြောလိုက်သည်။

" ကိစ္စသေးသေးလေးတင်ပါ။ အကြီးအကဲထန်းကို ဒုက္ခပေးဖို့မလိုပါဘူး။ ကျွန်တော့်ဘာသာဖြေရှင်းနိုင်ပါတယ် "

ထန်းပေါဟုန်ကလည်း အတင်းမတိုက်တွန်းပေ။

" ယဲ့လူငယ်လေးဖြေရှင်းလို့မရတဲ့ပြဿနာမျိုးကြုံရရင် ငါ့ဆီလာဖို့ သတိရလို့ရပါတယ်။ တခြားကိစ္စတွေတော့ သေချာမပြောနိုင်ပေမဲ့ ကျုံးဟိုင်မှာဆိုရင်တော့ ငါ့စကားတွေက အာဏာတစ်ချို့ရှိပါတယ် "

ထန်းပေါဟုန်ကို မျက်နှာသာလုပ်ချင်နေတဲ့သူတိုင်းက ယဲ့ဖန်ကို အားကျသည့်အကြည့်ဖြင့်ကြည့်ကြသည်။

ထန်းပေါဟုန်၏ကာကွယ်မှုနှင့်သာဆိုလျှင် ယဲ့ဖန်သည် ကျုံးဟိုင်မြို့တွင် သေချာပေါက် ဘာမဆိုလုပ်နိုင်မှာဖြစ်သည်။

ထို့ကြောင့် လူအများစုက ယဲ့ဖန်ကိုချဉ်းကပ်ချင်သွားကြသည်။

ထန်းပေါဟုန်နဲ့မိတ်ဆွေမဖွဲ့နိုင်ပေမဲ့ ဒီလူငယ်လေးနဲ့မိတ်ဆွေဖွဲ့ထားတာကလည်း အကြံကောင်းဖြစ်နိုင်သည်။

" ကျွန်တော် အကြီးအကဲဆီကနေ အကူအညီတောင်းဆိုရတဲ့နေ့မျိုး မရောက်လာဖို့ပဲမျှော်လင့်ပါတယ် "

ယဲ့ဖန်က ထန်းပေါဟုန်၏ကတိစကားကြောင့် ဂုဏ်ယူမိတာမျိုး မဖြစ်ပေ။ ထိုအစား ခါးသက်သက်သာပြုံးလိုက်သည်။

ထန်းပေါဟုန်က ယဲ့ဖန်စကား၏ဆိုလိုရင်းကို သဘောပေါက်သည်။

အကယ်၍ တစ်နေ့မှာ ယဲ့ဖန်ဟာ သူ့ကို အကူအညီတောင်းရမည်ဆိုလျှင် ယဲ့ဖန်က သေချာပေါက်အကြီးအကျယ် ဒုက္ခရောက်နေလို့သာဖြစ်လိမ့်မည်။

မျက်နှာသာပေးသည့် အကူအညီမျိုးဆိုတာ တောင်းဆိုပြီးတာနဲ့ ပြီးသွားမှာဖြစ်သည်။

ထို့ကြောင့် အလွန်အရေးကြီးသည့်အချိန်မျိုးမှာသာ သုံးသင့်တာဖြစ်သည်။

ယဲ့ဖန်က ငယ်သေးပေမယ့်လည်း ဤသို့သောအခြေအနေမျိုးကို သေချာနားလည် သဘောပေါက်သည်။

ဤသို့သောလူမျိုးမှာ ရှားပါးလွန်းလှသည်။

ထို့ကြောင့် ထန်းပေါဟုန် ယဲ့ဖန်ကို ယခင်ထက်ပိုပြီးအထင်ကြီးမိသွားသည်။

ထိုအတွေးကြောင့် ထန်းပေါဟုန် လုရှောင်ရဘက်ကိုလှည့်ပြောလိုက်၏။

" နောက်ဆိုရင် အဲ့ဒီထူးဆန်းတဲ့သူငယ်ချင်းတွေနဲ့မပေါင်းနဲ့တော့။ ယဲ့ဖန်လို ငယ်ရွယ်တဲ့ပါရမီရှင်တွေနဲ့ပဲ အဆက်အဆံလုပ်၊ ကြားလား "

" ဟုတ် "

လုရှောင်ရက စိတ်မပါလက်မပါဖြင့်ဖြေကာ နှုတ်ခမ်းဆူလိုက်သည်။

ထူးဆန်းတဲ့သူငယ်ချင်းဆိုတာ ဘာကိုပြောချင်တာလဲ။

သူတို့က သာမန်ထက်ထူးခြားပြီး အသွင်ဆန်းသစ်ကြတာပါ။

ဘယ်လိုကြောင့်များ ထူးဆန်းတယ်လို့ခေါ်နိုင်ရတာလဲ။

ပြီးတော့ 'အဆက်အဆံ'လုပ်ရမယ်ဆိုတာ ဘာကိုပြောတာလဲ။

အဘိုး၊ အဘိုးကတော့ စကားလုံးအမှားတွေကိုသုံးနေတာပဲ။

" ကောင်းပြီ၊ မင်းတို့နှစ်ယောက်ပျော်လိုက်ကြဦး။ ငါအပေါ်တက်ပြီး ရေနွေးကြမ်းသောက်လိုက်ဦးမယ် "

ထန်းပေါဟုန်က သူတို့နှစ်ယောက်ကို လက်ယမ်းပြပြီးနောက် ဒုတိယထပ်ကိုတက်သွားခဲ့သည်။

" ရှင် ကျွန်မရဲ့အဘိုးကို ဘယ်လိုလုပ်ပြီးသိတာလဲ "

ထန်းပေါဟုန်ထွက်သွားတဲ့အခါ လုရှောင်ရက ယဲ့ဖန်ကို စပ်စုသည့်အကြည့်ဖြင့်ကြည့်ကာမေးလာသည်။

" အဲ့တာက တိုက်ဆိုင်သွားတာပါ။ အဲ့တုန်းက မင်းရဲ့အဘိုးက လက်စွပ်ပျောက်သွားတာလေ ......... "

ယဲ့ဖန်က ထန်းပေါဟုန်နှင့်တွေ့ဆုံသည့်နေ့ကအကြောင်းကို လုရှောင်ရအား ပြောပြလိုက်သည်။

လုရှောင်ရ အတော်လေး အံ့သြမှင်သက်မိသွားရသည်။

" အဲ့တာကြီးက တိုက်ဆိုင်လွန်းမနေဘူးလား။ ရှင်က အဲ့လောက်သေးတဲ့လက်စွပ်လေးကို တကယ်ကြီးကောက်ရခဲ့တာလား။ ဒါ တကယ်ကို ကံပါလို့ဘဲဖြစ်ရမယ်၊ ကံကလည်း ရှေးကံနေမှာ "

ယဲ့ဖန်လည်း သဘောတူဟန် ခေါင်းငြိမ့်ပြလိုက်သည်။

" ပြောရမယ်ဆိုမှ ကိုယ်တို့က အတော်လေးကံစပ်တာပဲ။ အကြီးအကဲထန်းက မင်းအဘိုးဖြစ်နေလိမ့်မယ်လို့ထင်မထားဘူး "

လုရှောင်ရမျက်နှာနီရဲသွားရသည်။

" ရှင် ဘာပေါက်တက်ကရတွေ လျှောက်ပြောနေတာလဲ။ ဘယ်သူက ရှင်နဲ့ကံစပ်နေလို့လဲ "

ယဲ့ဖန်က ဆက်ပြီးစနောက်သည်။

" အရင်ဘဝက အခါ ၅၀၀ လောက်မြင်ဖူးကြည့်ဖူးမှ လက်ရှိဘဝမှာ တစ်ခါလောက် ပုခုံးချင်းတိုက်မိရုံလေး ဆုံတွေ့ကြတာတဲ့။ ကိုယ်တို့ ဒီလိုနက်နဲတဲ့ဆက်နွယ်မှုရှိနေတာက မင်း အရင်ဘဝက ကိုယ့်ကို ခဏခဏခိုးကြည့်ခဲ့တာဖြစ်မယ်၊ ဟုတ်တယ်မလား "

လုရှောင်ရက လက်မခံပ။

" ဘာလို့ ကျွန်မက ရှင်ကိုကြည့်တဲ့သူဖြစ်ရမှာလဲ။ ရှင်ကသာ ကျွန်မကိုလိုက်ချောင်းပြီး ခိုးကြည့်တဲ့သူဖြစ်မနေနိုင်ဘူးလား "

ယဲ့ဖန်က အလျင်အမြန်ခေါင်းငြိမ့်လိုက်သည်။

" ဟုတ်တယ်၊ ကိုယ်ကသာ မင်းကို လိုက်ကြည့်တဲ့သူပါ။ အိပ်နေရင်ရော၊ ရေချိုးနေရင်ရော ဒါမှမဟုတ် အိမ်သာသွားရင်ရော လိုက်ကြည့်ခဲ့တာ၊ ဟုတ်ပြီလား "

လုရှောင်ရက ယဲ့ဖန်ပုခုံးကိုပုတ်လိုက်သည်။

" ဒါဆို ရှင်က အရင်ဘဝကတည်းက နှာဘူးပေါ့။ အခုလက်ရှိမှာ ရှင် ဘာလို့ တဏှာများနေလဲဆိုတာ မထူးဆန်းတော့ပါဘူး "

ယဲ့ဖန်က ချက်ချင်းခွန်းတုန့်ပြန်လိုက်သည်။

" ရိုးရိုးသားသားဖြေရမယ်ဆိုရင် ကိုယ်ဘယ်တုန်းကများ တဏှာများဖူးလို့လဲ "

လုရှောင်ရက ဟွန်းခနဲလုပ်လိုက်သည်။

" ရှင်က တဏှာမများဘူးလို့ပြောရဲသေးတယ်ပေါ့။ ရှင် ဒီနေ့ အကြာကြီး ကျွန်မပေါင်ကိုလိုက်ကြည့်နေတာ ကျွန်မ မသိဘူးမထင်နဲ့ "

" အဟွတ်၊ အဟွတ် ....... "

ယဲ့ဖန် တံတွေးသီးပြီး သေမတတ်ဖြစ်သွားရသည်။

" ကိုယ်က ........ အဲ့တာက ကြည်နူးခြင်းလို့ခေါ်တယ်လေ။ လှပတဲ့အရာတွေအတွက်ဖြစ်ပေါ်လာတဲ့ သဘာဝအလျောက်တုန့်ပြန်မှုဘဲ။ ဘယ်လိုလုပ်ပြီး တဏှာလို့ခေါ်နိုင်ရတာလဲ "

လုရှောင်ရက သူ့ကို မျက်စောင်းထိုးလိုက်သည်။

" ရှင်က စကားကိုလှည့်ပတ်ပြောနေတာပဲ "

သူတို့နှစ်ဦးဟာ အခြားသူတွေအရှေ့မှာ တုံ့ဆိုင်းခြင်းမရှိ အီစီကလီလုပ်နေခဲ့ကြသည်။

သူတို့နားတစ်ဝိုက်ကယောကျာ်းလေးတွေမှာ မနာလိုစိတ်ကြောင့်ရူးမတတ်ဖြစ်နေကြရသည်။

သူမက ထန်းပေါဟုန်၏မြေးဖြစ်သည်။

ထို့အပြင် လုရှောင်ရက ငယ်ရွယ်ပြီးလှပသည်။

သူတို့ကကျတော့ ဘာကြောင့်များ သူမကို လိုက်ပိုးလို့မရတာလဲ။

နည်းနည်းလေးပိုချောတာကလွဲရင် အဲ့ကလေးက သာမန်ပါဘဲ။

သူမက သူ့ရဲ့သာမန်ရုပ်ရည်နဲ့ ယုံကြည်မှုရှိတဲ့ပုံစံကိုနှစ်သက်တာများလား။

လုရှောင်ရက အတော်ကြာရယ်မောနေပြီးနောက် ရုတ်တရက် တည်သွားသည်။

" ယဲ့ဖန်၊ ရှင် တကယ်ပဲ ကျွန်မအဘိုးရဲ့အကူအညီကို မလိုဘူးလား။ အဲ့ဒီ မိုချောင်းရှန်းဆိုတဲ့သူက ရှင့်ကို သေချာပေါက်ပြဿနာရှာမှာနော် "

ယဲ့ဖန်က အေးဆေးစွာပြုံးလိုက်သည်။

" မိုချောင်းရှန်းလိုလူတစ်ယောက်အတွက်နဲ့ အကြီးအကဲထန်းအချိန်တွေကို ဒုက္ခပေးအပူကပ်ဖို့တန်လို့လား။ အဲ့ဒါက သူ့ကိုမျက်နှာသာပေးလွန်းရာကျနေပြီလေ "

ယဲ့ဖန်၏ အလေးအနက်မထားသည့်ပုံစံကိုတွေ့ပြီး လုရှောင်ရစိတ်ပူလာသည်။

" ရှင် လျှော့မတွက်သင့်ဘူး။ ရဲတင်းသန်မာတဲ့နဂါးက မြစ်ကိုမဖြတ်ဘူးလို့ ပြောလို့မှမရပဲ။ အဲ့ဒီမိုချောင်းရှန်းက ကျုံးဟိုင်ကို တစ်ယောက်ထဲလာရဲမှတော့ သေချာပေါက်သာမန်မဟုတ်လောက်ဘူး "

ယဲ့ဖန်က ယုံကြည်ချက်ရှိရှိပြုံးလိုက်သည်။

" သန်မာတဲ့နဂါးက နယ်ခံမြွေကို မနိုင်ဘူးဆိုတဲ့စကားဘဲကြားဖူးတယ်။ သူက ရဲတင်းသန်မာတဲ့နဂါးဖြစ်နေရင်တောင်မှ သူ့အစွယ်တွေကို ထုတ်ပြလာရင် အဲ့အစွယ်တွေကို ချိုးပစ်လိုက်ဖို့ဝန်မလေးဘူး "

လုရှောင်ရက ယဲ့ဖန်၏သူရဲကောင်းဆန်ဆန် အမူအရာကိုတွေ့ပြီး အနည်းငယ်တွေဝေသွားသည်။

ထိုကဲ့သို့သော မာနမျိုးကို သူမအဖေဆီမှာပဲ မြင်ဖူးခဲ့တာဖြစ်သည်။

သူမရဲ့အဖေကသာ အနိုင်ယူရန်ခက်ခဲပြီး ယှဉ်ပြိုင်သူကင်းတဲ့တစ်ဦးတည်းသောသူဟု သူမ အမြဲထင်ခဲ့တာဖြစ်သည်။

ယခုတော့ သူမစိတ်ထဲမှာ ထိုကဲ့သို့သောသူနောက်တစ်ယောက်ပေါ်လာခဲ့လေသည်။

ထိုအချိန်တွင် ယဲ့ဖန်ဖုန်းက ရုတ်တရက်မြည်လာသည်။

ဖုန်းနံပါတ်စိမ်းဖြစ်နေခဲ့သည်။

ယဲ့ဖန်ဖုန်းကိုင်လိုက်တဲ့အခါ တစ်ဖက်မှ အနည်းငယ်တိုးလျတဲ့ခပ်အုပ်အုပ်အသံကိုကြားလိုက်ရသည်။

" မင်းကယဲ့ဖန်လား။ ငါက မိုချောင်းရှန်း "

အပိုင်း (၁၆၃)

မိုချောင်းရှန်း၏ဖိတ်ခေါ်ချက်။

ယဲ့ဖန်က ထိုနာမည်ကိုကြားတဲ့အခါ သူ့မျက်နှာမှာထူးဆန်းတဲ့အပြုံးတစ်ခုပေါ်လာသည်။

" မိုလူကြီးမင်းလား။ ကျွန်တော် ဘာများကူညီပေးစရာရှိလို့လဲ "

မိုချောင်းရှန်းက ချက်ချင်းရယ်လိုက်သည်။

" ယဲ့လူကြီးမင်းလေးရဲ့နာမည်ကို ကြားဖူးတာကြာပြီဆိုပေမယ့် တစ်ခါမှတွေ့ဖို့အခွင့်အရေးမရှိခဲ့ဘူး။ ဒီနေ့တော့ လူကြီးမင်းလေး အားမလားလို့ပါ။ တွေ့ကြမလား "

ယဲ့ဖန်နှုတ်ခမ်းက အပေါ်သို့အနည်းငယ်ကွေးညွတ်တက်သွားရသည်။

" ရတာပေါ့၊ နေရာကရော "

" ကျုံးဟိုင်တိုက်ကွန်းကလပ် "

" ခဏနေတွေ့ကြတာပေါ့ "

" ကောင်းပြီ "

ယဲ့ဖန်ဖုန်းချလိုက်ပြီးနောက် စဉ်းစားလိုက်သည်။

အငယ်နဲ့မနိုင်တော့ ပိုကြီးတဲ့သူကရောက်လာတာလား။

စိတ်ဝင်စားစရာပဲ။

ပြီးတော့ တွေ့မည့်နေရာက ကျုံးဟိုင်တိုက်ကွန်းကလပ်ဖြစ်နေသည်။

အဲ့ကလပ်က စနစ်ကသူ့ကိုပေးထားတဲ့ဆု မဟုတ်လား။

အဲ့ဒီကိုသွားပြီး စာရွက်စာတမ်းလွှဲပြောင်းရေးပါ တစ်ခါတည်းလုပ်ခဲ့လို့ရသည်။

လုရှောင်ရသည် ယဲ့ဖန်၏ထူးဆန်းတဲ့အမူအရာကြောင့် ချက်ချင်းမေးလိုက်သည်။

" ဘယ်သူလဲ "

ယဲ့ဖန်က ဖုန်းကို အိတ်ကပ်ထဲသို့ထည့်လိုက်သည်။

" မိုချောင်းရှန်း "

လုရှောင်ရ ချက်ချင်းစိတ်ပူပန်လာရသည်။

" ဘာလို့သူက ရှင့်ကိုခေါ်တာလဲ "

ယဲ့ဖန် စားပွဲပေါ်ကအချိုပွဲကိုဆွဲယူပြီး အနည်းငယ်ကော်စားလိုက်သည်။

" သူက ကိုယ်နဲ့တွေ့ဖို့မေးတာ "

လုရှောင်ရ ရုတ်တရက်ထရပ်လိုက်မိ၏။

" ရှင်သွားလို့မဖြစ်ဘူး "

ယဲ့ဖန် သူမစကားကို အနည်းငယ်ရယ်ရသည်ဟုထင်မိသည်။

" ဘာလို့မသွားရမှာလဲ "

လုရှောင်ရ စိတ်လှုပ်ရှားနေသည်။

" ဒါကြီးက သိသာနေတဲ့ထောင်ချောက်ကြီးလေ။ ရှင်သွားရင် အန္တရာယ်တွင်းထဲကျသွားမှာပေါ့ "

ယဲ့ဖန်ကတော့ အေးစက်စက်သာပြုံးလိုက်သည်။

" လှည့်စားထားတဲ့ဇာတ်လမ်းဆို ပိုလို့တောင်ကောင်းသေးတာပေါ့။ လုဘန်းနဲ့ ရှန်းယွီတို့ဆို နောက်ဆုံးမှာ လုဘန်းကဘဲ ရယ်နိုင်ခဲ့တာလေ "

လုရှောင်ရ မျက်လုံးဝေ့ကြည့်လိုက်သည်။

" ရှင်နဲ့ သမိုင်းအကြောင်းပြောနေတာမဟုတ်ဘူး။ ကျွန်မ အတည်ပြောနေတာ။ သူက အမှောင်ထဲမှာ လှည့်ကွက်တွေဆင်ထားပြီး ရှင့်ကို ထောက်ချောက်ထဲကျလာအောင်စောင့်နေတာ "

ယဲ့ဖန်က သူမ စကားတွေကို ရယ်လိုက်သည်။

" မင်း လူမိုက်ဂန်းစတားဇာတ်ကားတွေအကြည့်များနေတာလား။ မိုချောင်းရှန်းက ကိုယ့်ကိုရှင်းထုတ်ချင်တယ်ဆို ချောင်းလုပ်မှာပေါ့။ ဘယ်လိုလုပ်ပြီးပေါ်ပေါ်ထင်ထင်လုပ်ရဲမှာလဲ "

ယဲ့ဖန်၏ခေါင်းမာနေပုံကြောင့် လုရှောင်ရ သက်ပြင်းချရတော့သည်။

" ရှင်သွားမယ်ဆို ကျွန်မလည်းလိုက်မယ်။ ကျွန်မက ထန်းပေါဟုန်ရဲ့မြေးဆိုတာသိရင် သူနည်းနည်းတော့ထိန်းလောက်မှာပါ "

ယဲ့ဖန် အနည်းငယ်တွန့်ဆုတ်နေခဲ့သည်။

" ဘာလို့ဒီအတိုင်းပဲမနေခဲ့တာလဲ "

လုရှောင်ရက ယဲ့ဖန်ကို စူးစိုက်ကြည့်လိုက်သည်။

" ရှင်ပဲပြောတော့ အန္တရာယ်မရှိဘူးဆို။ အန္တရာယ်မရှိမှတော့ ကျွန်မက ဘာလို့ မလိုက်ပဲနေရမှာလဲ "

ယဲ့ဖန်ခေါင်းကိုက်လာရသည်။

" အန္တရာယ်မရှိဘူးဆိုပေမဲ့ သေနတ်ယမ်းနံ့က တော်တော်လေးပြင်းနေတာနော်။ မင်းသွားရင် မသင့်တော်လောက်ဘူး "

" ကျွန်မ ဂရုမစိုက်ဘူး။ ရှင် ကျွန်မကိုခေါ်မသွားဘူးဆိုရင် ကျွန်မလည်း ရှင့်ကို မသွားခိုင်းဘူး "

လုရှောင်ရက ပြောနေရင်းဖြင့် ယဲ့ဖန်လက်ကို တင်းကျပ်စွာဆုပ်ကိုင်ထားလေသည်။

ယဲ့ဖန် ဘာလုပ်ရမယ်မှန်းမသိဖြစ်သွားရကာ ခါးသက်သက်ပြုံးရင်း ခေါင်းငြိမ့်လိုက်ရသည်။

" ကောင်းပြီ၊ မင်းကိုပါခေါ်သွားမယ်။ ဟုတ်ပြီလား "

" အဲ့လိုမှပေါ့ "

" မင်း ကိုယ့်လက်ကို အခုလွှတ်ပေးလို့ရပြီလား "

" ........ "

လုရှောင်ရ ရှက်သွေးဖြန်းသွားပြီး လက်ကိုလွှတ်ပေးလိုက်သည်။

လက်လွှတ်ပြီးတဲ့အခါ သူမ၏နှလုံးခုန်နှုန်း အတော်လေးမြန်နေတာကို ခံစားမိလိုက်သည်။

ယဲ့ဖန်ကတော့ သူမရဲ့အမူအရာကိုသတိမထားမိပဲ ငွေရှင်းရန် အရင်ထွက်သွားခဲ့သည်။

ထို့နောက် သူနဲ့လုရှောင်ရတို့အတူ ကျုံးဟိုင်တိုက်ကွန်းကလပ်ဆီသို့မောင်းသွားခဲ့ကြသည်။

ကလပ်အဆောက်အဦးတွင် အထပ်ငါးထပ်ရှိသည်။

Silver Brilliance အဆောက်အဦးလောက်မမြင့်သော်လည်း အပြင်အဆင်တို့က အတော်လေးအထက်တန်းဆန်ပြီး အဆင့်မြင့်သည်။

ဝင်ပေါက်တွင် ဇိမ်ခံကားများစွာရပ်ထားပြီး ယွမ်သန်းချီတန်တဲ့ကားတွေချည်းပဲဖြစ်သည်။

ကလပ်ထဲသို့ဝင်ထွက်နေသည့် ယောက်ျားမိန်းမအားလုံးက အကောင်းစားတွေဝတ်ဆင်ထားကြပြီး ချမ်းသာကာ အာဏာရှိကြသူများဖြစ်သည်။

ယဲ့ဖန်နှင့်လုရှောင်ရတို့သည် ၃မီတာလောက်မြင့်သော ဝင်ပေါက်ကြီးမှတစ်ဆင့် အထဲသို့လျှောက်ဝင်လာခဲ့ကြသည်။

ထို့‌နောက် ချက်ချင်းဆိုသလိုပင် စားပွဲထိုးတစ်ဦးရောက်လာပြီး တရိုတသေမေးလာ၏။

" လူကြီးမင်းတို့နှစ်ယောက်ကို ဘာများကူညီပေးရပါမလဲ "

ယဲ့ဖန် အနားတစ်ဝိုက်ကိုလှည့်ပတ်ကြည့်လိုက်သည်။

" မိုချောင်းရှန်းဘယ်မှာလဲ "

ထိုစားပွဲထိုး၏ပုံစံမှာ ပို၍ပင်တရိုတသေဖြစ်သွားသည်။

" မိုလူကြီးမင်းက အခန်း၉မှာပါ။ ကျွန်တော် လူကြီးမင်းတို့ကို အခန်းထဲခေါ်သွားပေးပါ့မယ် "

ထိုသို့ပြောပြီးနောက် စားပွဲထိုးဦးဆောင်ရာနောက်သို့ ယဲ့ဖန်နှင့် လုရှောင်ရတို့ လိုက်လာခဲ့ကြသည်။

ဤနေရာ၏အထက်တန်းဆန်မှုကြောင့် သူတို့နှစ်ယောက်သား အတော်လေးအံ့ဩနေရသည်။

ကလပ်ထဲရှိအပြင်အဆင်များကို အတော်လေး သုံးဖြုန်းထားပြီး အလှဆင်ထားကြောင်းသိနိုင်သည်။

စင်္ကြံလမ်းတစ်လျှောက်တွင်ချိတ်ဆွဲထားသောပန်းချီကားတစ်ချို့မှာ အလွန်နာမည်ကြီးသောပညာရှင်တစ်ချို့၏လက်ရာများဖြစ်ပြီး ဈေးကွက်တန်ဖိုးဆိုလျှင် ယွမ်သိန်းချီမကရှိသည်။

နံရံရှိပန်းချီကားများမှာ တစ်ဒါဇင်ကျော်လောက်ရှိသည်။

ထိုပန်းချီကားတွေကိုမြင်လိုက်တာနဲ့ ဒီကလပ်ဟာ ဘယ်လောက်အဆင့်မြင့်တဲ့ဇိမ်ခံကလပ်လည်းဆိုတာကိုသိနိုင်သည်။

စနစ်က ဒီကလပ်အတွက် ၂.၅ဘီလီယံပေးခဲ့သည် ဆိုသည်မှာ မထူးဆန်းတော့ချေ။

အကြောင်းအရင်းသင့်လျော်လှသည်။

စားပွဲထိုးက သူတို့ကို အခန်း ၉ သို့ခေါ်သွားပြီး တံခါးခေါက်လိုက်သည်။

" မိုလူကြီးမင်း၊ လူကြီးမင်းရဲ့ဧည့်သည်တွေရောက်နေပါပြီ "

ထို့နောက် အထဲမှ ခပ်အုပ်အုပ်အသံထွက်လာသည်။

" ဝင်ခိုင်းလိုက် "

ယဲ့ဖန်က အိတ်ကပ်ထဲမှ ပိုက်ဆံတစ်ထပ်ကိုထုတ်လိုက်ပြီး စားပွဲထိုးကိုပေးလိုက်သည်။

စားပွဲထိုးက ယဲ့ဖန်ကို ချက်ချင်းတရိုတသေခါးကိုင်းညွှတ်ကာ ကျေးဇူးတင်လိုက်ပြီး ဖြည်းဖြည်းချင်းထွက်သွားခဲ့သည်။

လုရှောင်ရက သိသာစွာပင် အနည်းငယ်စိတ်လှုပ်ရှားနေတာကြောင့် ခန္ဓာကိုယ်က တုန်လှုပ်နေသည်။

ယဲ့ဖန် သူမလက်ကိုဆုပ်ကိုင်လိုက်သည်။

ထိုအခါမှ သူမ အနည်းငယ်စိတ်ပြေလျော့သွားတော့သည်။

ထို့နောက် ယဲ့ဖန် သူမကိုခေါ်ပြီး အခန်းထဲသို့ဝင်လာလိုက်သည်။

သီးသန့်ခန်းမှာ အတော်လေးကျယ်၀န်းပြီး မီတာ ၂၀ပတ်လည် အကျယ်ရှိသည်။

အခန်းအပြင်အဆင်ကိုတော့ ဂျပန်စတိုင်လ်ပြင်ထားသည်။

အခန်းထဲတွင်‌တော့ ကော်ဖီစားပွဲအသေးလေးတစ်ခုသာ အလယ်မှာရှိ၏။

သက်လတ်ပိုင်းလူတစ်ယောက် ထိုကော်ဖီစားပွဲရှေ့၌ ဒူးတုပ်ပြီးထိုင်နေကာ ရေနွေးကြမ်းကို ဖြည်းဖြည်းချင်းမွှေနေသည်။

ထိုလူက မိုကုန်း၏အဖေ မိုချောင်းရှန်းမှန်း ယဲ့ဖန်သိလိုက်သည်။

" မိုလူကြီးမင်း၊ ခင်ဗျား အတော်လေးစိတ်ကောင်းဝင်နေပုံပဲ”

မိုချောင်းရှန်းက ထမနှုတ်ဆက်ပဲ သူတို့နှစ်ယောက်ကို ခေါင်းသာငြိမ့်ပြသည်။

" မင်္ဂလာပါ၊ ယဲ့လူကြီးမင်း။ ထိုင်ပါ "

ယဲ့ဖန်က လုရှောင်ရကိုဆွဲပြီး မိုချောင်းရှန်းနဲ့မျက်နှာချင်းဆိုင်၌ ဝင်ထိုင်လိုက်သည်။

" ဒါက ....... "

မိုချောင်းရှန်း လုရှောင်ရကိုတစ်ချက်ကြည့်ပြီး အနည်းငယ်စိတ်ရှုပ်ထွေးသွားရသည်။

" သူငယ်ချင်းပါ "

ယဲ့ဖန်က အများကြီးရှင်းပြမနေပေ။

" အို၊ ဟားဟား၊ ယဲ့လူကြီးမင်းက တကယ်ကို ကစားတတ်တဲ့ကောင်လေးပဲ။ မင်းနဲ့ ရှန်းမိသားစုကမိန်းကလေးနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်လို့ ငါကြားထားတာ "

မိုချောင်းရှန်းက ခပ်နောက်နောက်အသံဖြင့်ပြောပြီး သူတို့နှစ်ယောက်ကို ရေနွေးကြမ်းပန်းကန်နှစ်ခွက်ကမ်းပေးသည်။

" အဲ့တာက မိုလူကြီးမင်းနဲ့ ဘာမှမဆိုင်ဘူးလို့ကျွန်တော်ထင်တယ်။ ဟုတ်တယ်မလား "

မိုချောင်းရှန်းက ရှန်းပိုင်ထျန်းအကြောင်းထည့်ပြောလာတဲ့အခါ ရုတ်တရက် ယဲ့ဖန်အနည်းငယ်မပျော်မရွှင်ဖြစ်သွားရသည်။

" ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ ငါ စကားများမိသွားတာပဲ"

မိုချောင်းရှန်းက အမြန်တောင်းပန်လိုက်ပြီးနောက် သူ့အိတ်ကပ်ထဲမှ ဘဏ်ကတ်တစ်ကတ်ကိုထုတ်ကာ ယဲ့ဖန်ရှိရာသို့ တွန်းပို့လိုက်သည်။

" ဒီကတ်ထဲမှာ ယွမ်၁၀သန်းရှိပါတယ်။ ကျေးဇူးပြုပြီး လက်ခံပေးပါ၊ ယဲ့လူကြီးမင်း "

ယဲ့ဖန်က ဘဏ်ကတ်ကို ကြည့်ရုံသာကြည့်လိုက်ပြီး မယူလိုက်ပေ။

" မိုလူကြီးမင်းက ဘာကိုဆိုလိုချင်တာလဲ "

မိုချောင်းရှန်းက အမြန်ရှင်းပြသည်။

" ယဲ့လူကြီးမင်းအထင်မလွဲပါနဲ့။ ယဲ့လူကြီးမင်းကို ငါ့သားက အပြစ်ပြုမိခဲ့တာကြောင့် သူ့အစားတောင်းပန်နေတာပါ။ ဒါက ပိုက်ဆံပမာဏသေးသေးလေးပါပဲ "

ယဲ့ဖန် ကတ်ကိုယူလိုက်ပြီး တစ်ခဏကြာအောင် လက်ထဲမှာကိုင်ကြည့်နေလိုက်သည်။

" ကျစ်ကျစ်ကျစ်၊ ယွမ်၁၀သန်းက ပမာဏနည်းနည်းလေးတဲ့လား။ မိုလူကြီးမင်းက တကယ်ကိုချမ်းသာပြီးကိန်းကြီးခမ်းကြီးနိုင်တာပဲ "

မိုချောင်းရှန်းက ပြုံးလိုက်သည်။

" ငါက များသောအားဖြင့် အသုံးကြီးတော့ ဆယ်သန်းလောက်က ဘာမှမဟုတ်ပါဘူး။ လွန်ခဲ့တဲ့နှစ်ရက်တုန်းကတောင် ယွမ်သန်း၂၀၀ကျော် ရွက်လှေတစ်စင်းဝယ်လိုက်သေးတယ်။ ရွက်လှေရောက်လာရင် ယဲ့လူကြီးမင်းကို ပင်လယ်ထဲထွက်ဖို့ ၂ရက်လောက်ဖိတ်ပါဦးမယ် "

ယဲ့ဖန်က ဘဏ်ကတ်ကို စားပွဲပေါ်ပြန်ပစ်တင်လိုက်ပြီး ပြုံးလိုက်သည်။

" မိုလူကြီးမင်းရဲ့သင်္ဘောရွက်လှေကို မစီးရဲပါဘူး။ ဘာလို့လဲဆိုတော့ သေမှာကြောက်လို့လေ "

ထိုစကားပြောပြီးတာနဲ့ အခန်းတွင်းရှိ ပတ်ဝန်းကျင်လေထုအပူချိန်က ရေခဲအမှတ်သို့ရောက်သွားသည့်အလား အေးစက်သွားတော့သည်။

အပိုင်း (၁၆၄)

အဖေရောသားရော ကြွက်တွေပဲ။

" ယဲ့လူကြီးမင်း၊ ဘာကိုဆိုလိုတာပါလဲ "

မိုချောင်းရှန်းကပြောပြီးနောက် အသံမထွက်ဘဲ ရေနွေးကြမ်းကို တစ်ငုံအပြည့်သောက်လိုက်သည်။

" မိုလူကြီးမင်းရဲ့နာမည်က ချောင်းရှန်းဆိုတော့ လှေပေါ်ရောက်တဲ့အခါ ခင်ဗျားအကြောက်ဆုံးက လေလို့အဓိပ္ပာယ်ရတယ်လေ။ ခင်ဗျားသာဂရုမစိုက်ရင် လှေမှောက်ပြီး လူတွေသေကုန်မှာပေါ့ "

ယဲ့ဖန်က စနောက်တဲ့လေသံဖြင့်ပြောသည်။

" ဟားဟားဟား၊ ယဲ့လူကြီးမင်းက တကယ်နောက်တတ်တာပဲ "

မိုချောင်းရှန်းက ခေါင်းမော့ကာရယ်လိုက်သည်။

လုရှောင်ရကတော့ သူတို့နှစ်ဦး စကားပြောလိုက်ရယ်လိုက် လုပ်နေတာကိုကြည့်ပြီး နားမလည်နိုင်ဖြစ်လာရသည်။

သူတို့နှစ်ယောက်ကြားမှာ အငြှိုးအာဃာတတရားတွေရှိနေမှန်း သူမ မသိပါက သူတို့က အတော်ကြာခင်မင်ခဲ့ကြတဲ့မိတ်ဆွေအရင်းအချာကြီးတွေဟု လုရှောင်ရထင်မိမှာဖြစ်သည်။

သေနတ်ယမ်းနံ့မရတဲ့အပြင် သူတို့က ပျော်ပါပျော်နေကြတာလား။

ယောက်ျားတွေရဲ့လောကကို နားလည်ဖို့ တကယ်ခက်ခဲတာပဲ။

" မိုလူကြီးမင်းက ချမ်းသာပေမယ့်လည်း ကျွန်တော် ဒီပိုက်ဆံကို လက်မခံနိုင်ပါဘူး။ ကျွန်တော်လည်း ရွှေငွေတွေကြိုက်ပေမယ့် ကိုယ်ပိုင်တဲ့ဟာကိုပဲ ကိုယ်ကြိုက်တာပါ။ ဘယ်လောက်ပဲများနေပါစေ တခြားသူတွေရဲ့ချမ်းသာကြွယ်ဝမှုကိုတော့ မတပ်မက်ပါဘူး "

ယဲ့ဖန်က ထိုသို့ပြောပြီး ဘဏ်ကတ်ကို ပြန်တွန်းပေးလိုက်သည်။

မိုချောင်းရှန်း၏မျက်နှာထားက ချက်ချင်းသုန်မှုန်သွားတော့သည်။

သူတို့နှစ်ယောက်က အချင်းချင်း အသံမထွက်ပဲ တစ်ချီတိုက်ခိုက်ပြီးသွားပြီဖြစ်သည်။

မိုချောင်းရှန်းသည် မိုကုန်းကို အလွှတ်ပေးစေရန် ယဲ့ဖန်ကို ယွမ် ၁၀သန်းပေးလိုက်သည်။

ပြီးတော့ ယွမ် သန်း ၂၀၀ တန် သဘော်ရွက်လှေကိုလည်း ဝယ်ထားကြောင်း တမင်တကာပြောကာ သူ့အင်အားကိုထုတ်ဖော်ပြခဲ့သည်။

တစ်ချက်တည်းနဲ့ ကြင်နာမှုရော ထိုးနှက်မှုရောပါ ပြသလိုက်သည့်သဘောဖြစ်သည်။

သို့ပေမဲ့ ယဲ့ဖန်ကတော့ သူ့ခြိမ်းခြောက်မှုကို စိတ်ထဲပင်မထားချေ။

ယဲ့ဖန်က သူပေးတဲ့ပိုက်ဆံကိုပြန်ပေးပြီး သူ့ကိုတောင် စကားဖြင့် ပြန်ထိုးနှက်လိုက်သေးသည်။

ယဲ့ဖန်က သူ့ကို အခြားသူရဲ့ပိုင်ဆိုင်မှုကို စိတ်မဝင်စားနဲ့ဟုပြောသည်။

ယဲ့ဖန်က တကယ့်ကို မြေခွေးပေါက်စဘဲ။

အစမှာတော့ မိုချောင်းရှန်းသည် ယဲ့ဖန်၏အနေအထားကို စိတ်ထဲပင်မထည့်ပေ။

ယဲ့ဖန်ကို ဉာဏ်များတဲ့မြေခွေးဟု သူ့သားကပြောခဲ့ပေမယ့် မိုချောင်းရှန်းစိတ်ထဲမှာတော့ အသက်၂၀ဝန်းကျင်သာရှိသေးသည့် ယဲ့ဖန်က ဘယ်လောက်များ ထောင်လွှားနိုင်မှာမလို့လဲဟု သူတွေးထင်ခဲ့သည်။

အနည်းငယ် စမ်းသပ်ပြီးတဲ့နောက် ယဲ့ဖန်ကလည်း မရိုးရှင်းမှန်း ချက်ချင်းသိလိုက်ရသည်။

ယဲ့ဖန်က ငယ်ရွယ်သော်လည်း တိုက်ပွဲများစွာကျော်ဖြတ်ဖူးတဲ့ ဉာဏ်များတဲ့မြေခွေးအိုတစ်ကောင်နှင့်တူသည်။

" ယဲ့လူကြီးမင်း၊ မင်းက တကယ်ကိုရည်မှန်းချက်ကြီးတာပဲ။ ဒီလောက်ငယ်ငယ်လေးနဲ့ အောင်မြင်မှုတွေအများကြီးရထားတာ မထူးဆန်းတော့ပါဘူး။ ငါ့ရဲ့ စိတ်ပျက်စရာကောင်းတဲ့သားက မင်းနဲ့ယှဉ်ရင် အမှိုက်သာသာပါပဲ "

မိုချောင်းရှန်းက ယဲ့ဖန်ကို လက်မထောင်ပြလိုက်သည်။

ယဲ့ဖန် ရိုကျိုးစွာဖြင့် လက်ယမ်းပြလိုက်၏။

" မိုလူကြီးမင်း အဲ့လိုမပြောပါနဲ့။ မိုသခင်လေးက ကျွန်တော်နဲ့ယှဉ်ရင် တစ်ချို့နေရာတွေမှာ ပိုသာပါတယ် "

ဘယ်လိုအချို့နေရာတွေလဲဆိုတာကို ယဲ့ဖန်က ဆက်ရှင်းပြမနေပေ။

မိုချောင်းရှန်း စိတ်ထဲနှလုံးထဲမှ ရွံမုန်းနေပေမဲ့ ယဲ့ဖန်ကိုတော့ ပြုံးပြလိုက်သည်။

" ငါ့ရဲ့စိတ်ပျက်စရာကောင်းတဲ့သားက လွန်ခဲ့တဲ့နှစ်ရက်တုန်းက ဖုန်းပျောက်သွားတယ်ကြားတယ်။ ယဲ့လူကြီးမင်းကောက်ရထားတယ်မလား။ ယဲ့လူကြီးမင်း ပြန်ပေးဖို့ အဆင်ပြေမလား သိချင်ပါတယ်။ ငါ့သားအစား ကောက်ထားပေးလို့လည်း ကျေးဇူးတင်ပါတယ် "

သူတို့နောက်ဆုံးမှာတော့ အဓိကအကြောင်းအရာကိုရောက်လာတော့သည်။

ကြည့်ရတာ ဒီလူအိုကြီးက ဆက်ပြီးဟန်မဆောင်နိုင်တော့ပုံရသည်။

ယဲ့ဖန်စိတ်ထဲမှ ကြိတ်ရယ်လိုက်ပေမဲ့ ဆက်ပြီး မသိချင်ယောင်ဆောင်နေလိုက်သည်။

" အိုး၊ ဖုန်းလား။ အဲ့နေ့က ဝိုင်နည်းနည်းသောက်ပြီး ဘယ်နားထားလိုက်မိလဲမမှတ်မိတော့ဘူး။ အသစ်ဝယ်ပြီး လျော်ပေးရမလား "

မိုချောင်းရှန်းက ဆက်ပြီး သရုပ်ဆောင်မနေနိုင်တော့ပဲ မျက်နှာထားပြောင်းသွားတော့သည်။

" ယဲ့ဖန်၊ မင်း ငါနဲ့ လာကစားမနေနဲ့။ ပြောစမ်း၊ မင်းဆီက ဖုန်းရဖို့ ဘာလုပ်ရမလဲ "

မိုချောင်းရှန်းက နောက်ဆုံးမှာ သူ့ရဲ့သရုပ်မှန်ပေါ်လာတော့တာကြောင့် ယဲ့ဖန်က ရယ်လိုက်သည်။

" ခင်ဗျားကို ဖုန်းပြန်ပေးလိုက်ရင်တောင် ကျုပ်မှာ နောက်ထပ်ပွားထားတာတွေမရှိဘူးလို့ ခင်ဗျားသေချာနိုင်ပါ့မလား "

မိုချောင်းရှန်း သူ့စိတ်ထဲက လူသတ်ချင်စိတ်ကို မနည်းထိန်းလိုက်ရသည်။

" မင်း ငါ့သားကို အလွှတ်ပေးဖို့ ဘာလိုချင်တာလဲ။ မင်း သူ့ကို လွှတ်ပေးသ၍ မင်းလိုချင်သမျှပြောလို့ရတယ် "

ယဲ့ဖန်က လုရှောင်ရလက်ကိုဆွဲပြီး ဖြည်းဖြည်းချင်းထရပ်လိုက်သည်။

" သူ့ကို အလွှတ်ပေးမလား၊ မပေးဘူးလားဆိုတာက ကျွန်တော့် သည်းခံနိုင်မှုအပေါ်မူတည်တယ်။ ကျွန်တော့်ကို လာထိရင်တော့ သည်းခံနေမှာမဟုတ်ဘူး "

သူတို့ထွက်သွားတော့မှာကိုတွေ့တဲ့အခါ မိုချောင်းရှန်းလည်း ချက်ချင်းထရပ်လိုက်သည်။

" ယဲ့ဖန်၊ အဖေတစ်ယောက်က သားအတွက် ဘာမဆိုလုပ်ပေးနိုင်တယ်။ ငါ့ကို တွန်းအားမပေးနဲ့ "

ယဲ့ဖန်က သူ့ကို အကြောက်အလန့်မရှိကြည့်လိုက်သည်။

" အဲ့တော့ ခင်ဗျားက ဘာလုပ်ချင်လို့လဲ "

မိုချောင်းရှန်းက ချက်ချင်း သူ့လက်ထဲက ရေနွေးခွက်ကို မြေပေါ်သို့ပေါက်ခွဲလိုက်သည်။

ဘန်း။

အနက်ရောင်ဝတ်စုံပြည့်နဲ့လူကြီးနှစ်ယောက်က တံခါးကို တွန်းဖွင့်ပြီး ဝင်လာသည်။

ယဲ့ဖန် မတုန့်ပြန်နိုင်ခင်မှာဘဲ သေနတ်နှစ်လက်က သူ့နားထင်ကို ချိန်ရွယ်ထားခံလိုက်ရသည်။

ထိုမြင်ကွင်းကြောင့် လုရှောင်ရကပြောလိုက်သည်။

" မိုချောင်းရှန်း၊ ရှင်ရူးနေလား "

မိုချောင်းရှန်းက သူမကို လျစ်လျူရှုလိုက်ပြီး ယဲ့ဖန်ကိုသာစိုက်ကြည့်နေလိုက်သည်။

" ငါ မင်းကိုစုံစမ်းပြီးသွားပြီ။ မင်းက ကိုယ်ခံပညာတစ်ချို့တတ်ထားတယ်။ အဲ့တာကြောင့် လုံခြုံအောင် ငါ့ဘက်ကလည်း ထူးခြားတဲ့နည်းလမ်းလေးတွေသုံးလိုက်ရတယ်လေ "

ယဲ့ဖန် သူ့ခေါင်းကို သေနတ်ဖြင့်ချိန်ခံရတာ ပထမဆုံးဖြစ်သည်။

အမှန်တိုင်းပြောရလျှင် ခံစားချက်က အတော်လေးမသက်မသာဖြစ်စေသည်။

" မိုချောင်းရှန်း၊ ဒါ ဘာကိုဆိုလိုချင်နေတာလဲ "

" မင်းက ငါ့သားကို အသေသတ်ဖို့ကြံနေတာပဲ။ ငါ့သားမရှိမှတော့ ငါလည်း ဘာလုပ်ရမှာလဲ။ အတူတူသေလိုက်ကြတာ ပိုကောင်းတာပေါ့ "

မိုချောင်းရှန်းမျက်နှာတွင် ရူးသွပ်နေတဲ့အမူအရာပေါ်လာသည်။

" ငါမင်းကို နောက်ဆုံးအခွင့်အရေးပေးမယ်။ ဖုန်းပြန်ပေး၊ ပြီးရင် မင်းလိုချင်တာပြော။ မဟုတ်ရင် ဒီနေ့က မင်းရဲ့သေနေ့ပဲ"

လုရှောင်ရက ယဲ့ဖန်၏အင်္ကျီလက်ကိုဆွဲလိုက်သည်။

" ယဲ့ဖန်၊ သူ့ကို ဖုန်းပြန်ပေးလိုက်လေ "

ယဲ့ဖန်မျက်နှာမှာ ကြောက်သည့်အရိပ်အယောင် တစ်စက်မှမရှိပေ။

ယဲ့ဖန်က မိုချောင်းရှန်းကို ပြုံးပြီးကြည့်လိုက်သည်။

" ခင်ဗျားသေနတ်ထဲမှာ ကျည်မပါဘူးမလား။ ဒီနေ့ခေတ်လို အစိုးရကြီးကြပ်ရေးပြင်းထန်တဲ့ပတ်ဝန်းကျင်မှာ သေနတ်သုံးရဲမယ်လို့ ကျွန်တော်‌တော့မထင်ဘူး "

" ခင်ဗျားက အရာရာကို သေနတ်နဲ့ သုံးပြီးဖြေရှင်းမယ်ဆိုရင် ကျွန်တော်ကတောင် ခင်ဗျားနဲ့ ရှင်းဖို့လိုမနေဘူး။ အရာရှိတွေက ခင်ဗျားကို ဘယ်လိုပြုမူရမလဲဆိုတာ သင်ပြပေးလိမ့်မယ် "

မိုချောင်းရှန်းဒေါသထွက်လွန်းလို့ သွေးအန်မတတ်ဖြစ်သွားရသည်။

" ကောင်းပြီလေ၊ မင်းက သေချင်နေမှတော့ ငါကလည်း မင်းဆုတောင်းကို ဖြည့်ပေးရမှာပေါ့ "

ထို့နောက် သူ့လက်အောက်ငယ်သားဆီမှ ပစ္စတိုသေနတ်တစ်လက်ကိုဆွဲယူလိုက်ပြီး မောင်းတင်တော့မည့်အချိန်မှာပဲ လုရှောင်ရ အော်ပြီး ယဲ့ဖန်အရှေ့တွင်ဝင်ရပ်လိုက်သည်။

ထိုအချိန်တွင် စင်္ကြံလမ်းမှ အခန်းထဲသို့ အော်သံတစ်ခုကိုကြားလိုက်ရသည်။

" ရပ်လိုက် "

ထိုအခါမှ ယဲ့ဖန်၏ တောင့်တင်းနေတဲ့ သွေးကြောတွေ ချက်ချင်းပြေလျော့သွားတော့သည်။

ယဲ့ဖန်လှည့်ကြည့်လိုက်တဲ့အခါ ရုပ်ရည်ပြေပြစ်တဲ့ သက်လတ်ပိုင်းလူတစ်ယောက် အမြန်လျှောက်ဝင်လာပြီး မိုချောင်းရှန်းကို အေးစက်စွာကြည့်လာသည်။

" မိုလူကြီးမင်း၊ ခင်ဗျားက သေနတ်သုံးရဲနေတာလား။ သေချင်နေတာလား "

မိုချောင်းရှန်း ထိုလူကြီးကိုတွေ့တဲ့အခါ ချက်ချင်းသေနတ်ကို ဘေးချလိုက်သည်။

" ကုန်းလူကြီးမင်း၊ ကျွန်တော် ........ ကျွန်တော်က သူနဲ့ စနောက်ကစားနေတာပါ "

လူကြီးမင်းကုန်းရဲ့မျက်နှာက ဒေါသအရိပ်အယောင်အပြည့်ဖြစ်နေသည်။

" မင်းက သေနတ်သုံးနေတာတောင်မှ ကစားနေတယ်လို့ခေါ်သေးတာလား "

မိုချောင်းရှန်းက ချက်ချင်း ကျည်ဆန်အကန့်ကိုထုတ်ပြလာသည်။

" ဒါက အရုပ်သေနတ်တုပါ။ ကျွန်တော်က သူ့ကို လန့်အောင်ခြောက်ရုံတင်ပါ "

မိုချောင်းရှန်းလက်ထဲက ကျည်ကတ်ထဲတွင် ပလတ်စတစ်ကျည်ဆံတွေသာရှိသည်။

ယဲ့ဖန် ထိုကျည်ကတ်ကိုတွေ့တဲ့အခါ မျက်လုံးဝေ့လိုက်မိသည်။

မိုချောင်းရှန်းသာ သူ့ကို အမှန်တကယ်တိုက်ခိုက်လာပါက သူ့ကို အနည်းငယ်လောက် လေးစားဦးမည်ဖြစ်သည်။

ထိုလူကြီးက သေနတ်အတုသုံးလိမ့်မည်ဟု ယဲ့ဖန်ထင်မထားချေ။

သူ့မှာ ဘာလို့ အဲ့လောက်အသုံးမကျတဲ့သားရှိနေလဲဆိုတာ လုံးဝအထူးအဆန်းမဟုတ်ပေ။

ရှေးဆိုရိုးအရ နဂါးက နဂါးကိုမွေးပြီး ဇာမဏီက ဇာမဏီကိုမွေးတယ်။

ကြွက်ရဲ့သားက ဘယ်လိုမြေတူးရမလဲဆိုတာကို သိတာပဲ။

အဖေရော သားရောက အစုံလိုက်ကြွက်တွေအတိုင်းပဲ။

All Chapters