← Chapters

အပိုင်း ၁၆၉-၁၇၂

Vol. 9 Ch. 169-172

အပိုင်း ၁၆၉-၁၇၂

Vol. 9 Ch. 169-172

အပိုင်း (၁၆၉)

အကြီးစားလူလိမ်ကောင်။

ကျုံးဟိုင်၏ နာမည်ကြီး ပထမနှစ် ယဲ့ဖန်၏ အရှုပ်တော်ပုံကိစ္စနောက်ဆက်တွဲအနေနဲ့ နောက်တစ်နေ့အထိ ဘာအရိပ်ယောင်မှမပြပေ။

ကျုံးဟိုင်တက္ကသိုလ်က ကျောင်းသားတွေတိုင်းက သူတို့အားလပ်ချိန်တွေမှာ ထိုအကြောင်းကိုသာပြောကြသည်။

ကျောင်းက ဆရာ၊ ဆရာမတွေကတောင် အတင်းတုပ်တဲ့ထဲပါကြသည်။

လူတိုင်းက နာမည်ကြီးယဲ့ဖန်ရဲ့သတင်းအကြောင်းကို အတော်လေးစိတ်ဝင်စားကြသည်။

" မနေ့ညက ဖိုရမ်ကို မင်းတို့တွေ တွေ့ကြတယ်မလား။ ငါကတော့ ယဲ့ဖန်ကို အဲ့လိုလူမျိုးဖြစ်နေမယ်လို့ ထင်မထားဘူး "

" ဘာမထင်စရာရှိလို့လဲ။ ယောက်ျားတွေက ပိုက်ဆံရှိတာနဲ့ ဆိုးကုန်ကြရော။ အဲ့ဒါက မပြောင်းလဲတဲ့နိယာမဘဲ "

" ကျုံးဟိုင်တက္ကသိုလ်ရဲ့အလှဆုံးလေးရှန်းပိုင်ထျန်းကတော့ သနားစရာပဲ။ သူမက တကယ်ကောင်းတဲ့မိန်းကလေးဆိုပေမယ့် ယဲ့ဖန်လို လူလိမ်အမှိုက်ကောင်နဲ့မှ ဆုံရတယ်လို့ "

" ဟုတ်တယ်၊ ငါလည်း ရှန်းပိုင်ထျန်းကို ကိုယ်ချင်းစာသနားတယ်။ အခု အရမ်းဝမ်းနည်းနေလောက်တယ်၊ဟုတ်တယ်မလား "

" ဘယ်လိုလုပ်ပြီး ဝမ်းမနည်းဘဲနေမှာလဲ။ သစ္စာဖောက်ခံရတဲ့မိန်းကလေးတိုင်းက သူတို့ကောင်လေးအတွက် ပျော်ပေးနိုင်ပါ့မလား "

ကျုံးဟိုင်တက္ကသိုလ်ဝန်းထဲတွင် လူတိုင်းက ထိုအကြောင်းကိုသာပြောနေကြသည်။

အနက်ရောင် Mercedes-Benz MPV ကားတစ်စီးက ကျောင်းဝန်းထဲသို့ ဖြည်းဖြည်းချင်းမောင်းဝင်လာသည်။

တခြားအချိန်သာဖြစ်ပါက လူတိုင်းက ထိုဇိမ်ခံကားကြီးကို စပ်စုကြမှာဖြစ်ပေမယ့် ဒီနေ့မှာတော့ လူတိုင်းရဲ့အာရုံက ယဲ့ဖန်သတင်းအကြောင်းပေါ်သာဖြစ်နေသည်။

ထိုကားကို ဘယ်သူကမှ အာရုံမထားကြပေ။

အဲ့အချိန်မှာဘဲ ယဲ့ဖန်က Mercedes-Benz MPV ကားပေါ်မှ ဆင်းလာတဲ့အခါ လူတိုင်းအကြည့်က သူ့ဆီချက်ချင်းရောက်သွားတော့သည်။

" ယဲ့ဖန်လား။ သူက ကျောင်းကို လာရဲသေးတယ်ပေါ့။ ရှန်းပိုင်ထျန်းရဲ့ပရိတ်သတ်တွေက သူ့ကိုသတ်မှာ မကြောက်ဘူးလား "

" ဝေါ့၊ အမှိုက်ကောင်။ မင်းက ကျောင်းကိုလာပြီး မျက်နှာပြရဲသေးတဲ့သတ္တိရှိတာလား။ မတားကြနဲ့။ ငါ သူ့ကို သေအောင်ရိုက်ပစ်မယ် "

" ဘယ်သူမှမတားပါဘူး။ မြန်မြန်သွားပြီး ငါ့အစားပါးနှစ်ချက်လောက်ရိုက်ပေး "

" အာ ...... ငါက ဘာလို့သွားရမှာလဲ။ နင်သွားလေ "

" နင်က ရှန်းပိုင်ထျန်းရဲ့အမာခံပရိတ်သတ်မဟုတ်ဘူးလား။ ဒေါသထွက်တယ်ဆို။ နင့်ရဲ့နတ်ဘုရားမလေးအတွက် ခုခံမပေးချင်ဘူးလား "

" ဒေါသထွက်တယ်လေ။ ငါ့နတ်ဘုရားမအတွက် မခုခံပေးဘူးလို့ ဘယ်သူပြောလဲ။ ငါ သူ့ကို မနေ့ညက အင်တာနက်ပေါ်မှာ သေအောင်ဆဲထားတာ "

" .............. "

ယဲ့ဖန်ကတော့ ထိုလူတွေရဲ့စကားကို မသိချင်ယောင်သာဆောင်နေလိုက်သည်။

အိတ်ကပ်ထဲကို လက်ထည့်ပြီး ကားကိုမှီကာ တစ်စုံတစ်ယောက်ကို စောင့်နေပုံရသည်။

ယဲ့ဖန်က ချောတဲ့အပြင် ဒီနေ့ သန့်ပြန့်နေတဲ့အဖြူရောင်ဝတ်စံကိုဝတ်ထားတာကြောင့် ပို၍တောင်ချောမောပြီးကြည့်ကောင်းစေသည်။

ထိုပုံစံကြောင့် မိန်းကလေးတော်တော်များများက မသိလိုက်ပါဘဲ စိတ်လှုပ်ရှားလာကြသည်၊

" တကယ်တော့ ....... သူက တအားချောတာဘဲ။ နင်တို့ ဘယ်လိုထင်လဲ "

" လူလိမ်ကောင်က ချောနေတော့ ဘာလုပ်လို့ရမှာလဲ။ လူလိမ်ကောင်ဖြစ်နေတုန်းပဲ။ နံစော်နေတဲ့ မကောင်းတဲ့အမှိုက်သရိုက်ကောင် "

" ချောတဲ့သူတွေကဘဲ လိမ်စားလို့ရတာလေ။ ရုပ်ကြည့်မကောင်းရင် ဘယ်သူကလိုချင်မှာလဲ "

" နင်ပြောတာ အဓိပ္ပာယ်ရှိလွန်းလို့ ဘာမှမပြောနိုင်တော့ဘူး "

" တကယ်တော့ ယဲ့ဖန်လို ချောပြီး ချမ်းသာငယ်ရွယ်တဲ့သူက တစ်ခါတလေ ဆိုးတာလောက်က လက်ခံပေးလို့ရပါတယ်၊ ဟုတ်တယ်မလား "

" ထင်တဲ့အတိုင်းပဲ လူတွေက မျက်နှာကြည့်ပြီး ပြောင်းလဲကြတယ်ဆိုတာ။ မိန်းမတွေက မကောင်းတဲ့ယောက်ျားတွေကို ကြိုက်ကြတာလား "

" နင် ဘယ်လိုတွေပြောနေတာလဲ။ ရှန်းပိုင်ထျန်းရဲ့ ခံစားချက်ကိုရော နည်းနည်းလောက်စာနာပေးပါဦးလား "

" ဟုတ်တယ်။ ရှန်းပိုင်ထျန်း ဘယ်လောက်လောက်ခံစားနေရလိုက်မလဲ "

" ရှန်းပိုင်ထျန်းအစား ရင်နာလိုက်တာ "

လူတိုင်းက ယဲ့ဖန်ကို စောင်းကြည့်နေကြတုန်းမှာဘဲ ရှန်းပိုင်ထျန်းက အဝေးကနေလျှောက်လာတာကိုတွေ့လိုက်ကြသည်။

" ရှန်းပိုင်ထျန်းရောက်လာပြီ "

" ကြည့်ကောင်းတော့မှာပဲ။ မကောင်းတဲ့ကောင်ကို သူမက ဆဲဆိုမယ်ထင်လား "

" ဆဲဆိုတာက တော်တော်လေးပျော့တဲ့အပြစ်ဒဏ်ပဲ။ ရှန်းပိုင်ထျန်းက သူ့ကိုရိုက်မယ်လို့ ငါထင်တယ် "

" ငါတော့မထင်ဘူး။ ရှန်းပိုင်ထျန်းရဲ့အကျင့်နဲ့သာဆို သူမက သူ့ကို ရိုက်လည်းမရိုက်လောက်ဘူး၊ ဆဲလည်း မဆဲလောက်ဘူး။ တိတ်တိတ်ကလေးပဲ ငိုနေလောက်မှာ "

" တိတ်တိတ်ကလေးငိုနေလောက်မှာမလား။ ဘာပဲဖြစ်ဖြစ်၊ ဒါက သူမရဲ့ပထမဆုံးအချစ်လေ။ ပြီးတော့ သူမက ဒီလောက်နာမည်ကြီးတဲ့ဟာ "

လူတိုင်းက ရှန်းပိုင်ထျန်း ဘယ်လောက်အသည်းကွဲနေမလဲဆိုတာကိုတွေးနေတုန်းမှာပဲ ရှန်းပိုင်ထျန်းက ယဲ့ဖန်ဆီကို အမြန်လျှောက်လာပြီး ချိုသာစွာပြုံးပြသည်။

" အချစ်လေး၊ ဘာလို့ ဒီကိုရောက်နေတာလဲ "

ယဲ့ဖန်ကတော့ သူမ နှာခေါင်းလေးကို ချစ်စနိုးဖြင့်တောက်လိုက်သည်။

" ကိုယ်က မင်းကို လွမ်းလို့ပေါ့။ အပြင်သွားပြီး တစ်ခုခုကောင်းတာစားကြရအောင် "

လူတိုင်း ပါးစပ်အဟောင်းသားဖြစ်ကုန်ကြတော့သည်။

ရှန်းပိုင်ထျန်းက ဘယ်လိုငိုပြီး ဘယ်လိုဆဲဆို ရိုက်နှက်မလဲဆိုတာကို ခန့်မှန်းနေခဲ့ကြပေမဲ့ သူတို့က အစကိုရော အဆုံးသတ်ကိုရော မခန့်မှန်းနိုင်ခဲ့ကြပေ။

ရှန်းပိုင်ထျန်းက ဘာမှမဖြစ်သလိုပဲနေပြီး ယဲ့ဖန်ကို ဆက်ချစ်ပြနေသည်။

သူမ၏ချစ်ခြင်းက ရုတ်တရက်ဆန်လွန်းလို့ လူတိုင်းအား သေမတတ်ဖြစ်သွားစေသည်။

ရှန်းပိုင်ထျန်းရဲ့သစ္စာရှိပရိတ်သတ်တွေက အောင့်မထားနိုင်တော့ဘဲ တစ်ယောက်ပြီးတစ်ယောက်ပြောလာကြတော့သည်။

" အလှလေးရှန်း၊ ဒီလူလိမ်ကောင်က မင်းကိုလှည့်စားနေတာတောင် သူ့ကို ခွင့်လွှတ်ပေးမလို့လား "

" သူ့ကို ခွင့်လွှတ်မပေးနဲ့။ ဖောက်ပြန်တယ်ဆိုတာ တစ်ခါလုပ်ပြီးဆက်လုပ်တာနဲ့ လုံးဝမလုပ်တာ နှစ်ခုပဲရှိတာ။ သူ့ကို ခွင့်လွှတ်မပေးသင့်ဘူး "

" ဟုတ်တယ်။ ငါတို့ထောက်ခံတယ်။ သူ့ကို ခွင့်မလွှတ်နဲ့ "

" အလှလေးကိုကာကွယ် လူလိမ်ကောင်ကို ချေမှုန်း "

လူအုပ်ကြီးရဲ့ဒေါသတကြီးအော်သံတွေကိုကြားတဲ့အခါ ရှန်းပိုင်ထျန်းက ယဲ့ဖန်လက်ကို တင်းကျပ်စွာကိုင်လိုက်သည်။

" ဒါက ကျွန်မနဲ့ ကျွန်မကောင်လေးကြားက ကိစ္စပါ။ ရှင်တို့က ဘာမလို့ စွက်ဖက်နေကြတာလဲ "

" ဖူး ........... "

ရှန်းပိုင်ထျန်းရဲ့အမာခံခွေးတွေက သွေးကို ပုံးလိုက်အန်မတတ်ဖြစ်သွားရသည်။

ဒါပေမဲ့ သူတို့က ဆက်ပြီး သူမကို အားပေးနေကြသည်။

အဆုံးမှာတော့ သူမက သူတို့ကို လက်မခံတဲ့အပြင် 'လင်မယား'အသွင်ဖြင့် သူတို့ကို အပြင်လူသဖွယ် သေနတ်ပြောင်းလှည့်လိုက်သည်။

ဒါကြီးက ဘယ်လိုကြီးလဲ။

လူတိုင်းက စိတ်ဓာတ်ကျနေပြီး သွေးပွက်ပွက်အန်ချင်နေချိန်မှာဘဲ Mercedes-Benz MPV ကားတံခါးက ပွင့်လာကာ ရှန်းပိုင်ထျန်းလို လှပလွန်းတဲ့ကောင်မလေးတစ်ယောက်က ကားပေါ်မှဆင်းလာခဲ့သည်။

" ရှင်တို့နှစ်ယောက်သွားဦးမှာလား "

ထိုကောင်မလေးကိုတွေ့တဲ့အခါ လူတိုင်းက မယုံကြည်နိုင်မှုကြောင့် မျက်လုံးတွေပြူးကျယ်ကုန်သည်။

ထိုကောင်မလေးက အခြားသူမဟုတ်ဘဲ လုရှောင်ရဖြစ်သည်။ သူမက မနေ့ညက သတင်းထူး၏ဇာတ်လိုက်ကောင်မလေးဖြစ်သည်။

" ဒီယဲ့ဖန်က မျက်နှာပြောင်လွန်းတယ်၊ မဟုတ်ဘူးလား။ သူက အဲ့မိန်းမကိုခေါ်ပြီး ရှန်းပိုင်ထျန်းကို လာတွေ့ရဲသေးတယ်ပေါ့ "

" ဒါပေမဲ့ အမှန်တိုင်းပြောရရင် ဒီကောင်မလေးကလည်း တကယ်လှတာပဲ။ သူရော ရှန်းပိုင်ထျန်းရောက အလှကိုယ်စီနဲ့ "

" လှတော့ ဘာဖြစ်လဲ။ သူမက တတိယလူလေ။ အဲ့လိုလူတွေကို အမုန်းဆုံးပဲ "

" ကြည့်ကောင်းတော့မှာပဲ။ သူတို့ ချကျတော့မှာထင်တယ် "

" သေချာပေါက်ပဲ။ အလှလေးရှန်းက ပါးနှစ်ချက်လောက်တော့ရိုက်လောက်တယ် "

လူတိုင်းက ကောင်မလေးနှစ်ယောက်ရန်ဖြစ်ကြမှာကိုစောင့်နေတုန်းမှာပဲ ဆက်ဖြစ်သွားတဲ့အဖြစ်အပျက်က သူတို့အားလုံးကို အံ့ဩလွန်းလို့ ပါးစပ်အဟောင်းသားဖြစ်သွားစေသည်။

လုရှောင်ရက ယဲ့ဖန်ဘေးကို ဖြည်းဖြည်းချင်းလျှောက်လာပြီး သူ့နောက်လက်တစ်ဖက်ကို နီးကပ်စွာဆွဲကိုင်လိုက်သည်။

" အချစ်ကလေး၊ ကျွန်မတို့ ဘာသွားစားကြမှာလဲ။ ဗိုက်ဆာနေပြီလို့ "

အပိုင်း (၁၇၀)

ကျုံးဟိုင်တက္ကသိုလ်က အထူးဆန်းဆုံးကျောင်းသား။

ထိပ်တန်းအလှလေးနှစ်ယောက်က ယဲ့ဖန်ရဲ့လက်နှစ်ဖက်ကိုဆွဲထားတဲ့အခါ ကျောင်းသားတွေအားလုံးက အံ့ဩသွားကြတော့သည်။

ဒါက ဘာကြီးလဲ။

သူက မိန်းမနှစ်ယောက်ကို တစ်ပြိုင်နက်တည်းတွဲတာကိုတောင် ပေါ်တင်လုပ်မလို့လား။

ရှန်းပိုင်ထျန်းက ကျုံးဟိုင်တက္ကသိုလ်မှာ အလှဆုံးဖြစ်သည်။

တစ်ဖက်မိန်းကလေးကလည်း အသွင်အပြင်အရရော အရှိန်အဝါအရပါ ရှန်းပိုင်ထျန်းထက်မနိမ့်ကျပေ။

ဒီလိုအလှလေးနှစ်ယောက်ကို သူတို့သိက္ခာကိုတောင် မငဲ့အောင် ဘယ်လိုများလုပ်နိုင်ရတာလဲ။

ဒါပေမဲ့ ဆက်ဖြစ်သွားတဲ့အခြေအနေက သူတိို့ကို ပိုလို့တောင် အံ့အားသင့်မှင်သက်သွားရစေသည်။

လုရှောင်ရက ယဲ့ဖန်ရဲ့လက်မောင်းကိုဆွဲထားသည်ကိုကြည့်ကာ ရှန်းပိုင်ထျန်းက ဒေါသထွက်လာသည်။

သူမတို့အချင်းချင်းယှဉ်ပြိုင်နေသည့်အလား ရှန်းပိုင်ထျန်း ချက်ချင်းပင် ခြေဖျားထောက်လိုက်ကာ ယဲ့ဖန်ရဲ့ ညာဘက်ပါးကို နမ်းလိုက်သည်။

ထို့နောက် လုရှောင်ရကို စိန်ခေါ်သလိုကြည့်လိုက်သည်။

လုရှောင်ရကလည်း ခြေဖျားထောက်ပြီး ယဲ့ဖန်၏ဘယ်ဘက်ပါးကို နမ်းလိုက်သည်။

ထိုမြင်ကွင်းကြောင့် ရှန်းပိုင်ထျန်း၏ပရိတ်သတ်တွေက နာကျင်လွန်းလို့ ရင်ဘတ်ကို ထုရိုက်နေကြသည်။

သူမက သူတို့ရဲ့နတ်ဘုရားမဖြစ်သည်။

သူမ၏ဖြစ်တည်မှုက သူတို့ အဝေးကသာကြည့်နေနိုင်သည့်ဖြစ်တည်မှုမျိုးဖြစ်သည်။

သို့ပေမယ့် ယဲ့ဖန်အရှေ့မှာတော့ သူမက နှိမ့်ချလွန်းသည်။

သူမရဲ့ကိုယ်ပိုင်သိက္ခာကိုတောင်ချနင်းပြီး ယဲ့ဖန်ရဲ့အချစ်ကို အခြားမိန်းမတစ်ယောက်နဲ့ ပြိုင်ယူနေရသည်။

သူတို့ရဲ့သစ္စာစောင့်သိမှုတွေပြိုလဲရပြီး သူတို့ကမ္ဘာပျက်သုဉ်းသွားသည်ဟုခံစားနေကြရသည်။

တစ်ဖက်မှာလည်း ကောင်မလေးနှစ်ယောက်က သူတို့ရဲ့ချစ်ခြင်းကို အပြိုင်အဆိုင်ထုတ်ပြနေကြတာကြောင့် ယဲ့ဖန်လည်း ဒီအတိုင်း ငြိမ်နေလို့မရတော့ပေ။

ထို့ကြောင့် ယဲ့ဖန်က သူတို့နှစ်ယောက်ရဲ့နူးညံ့တဲ့ပါးပြင်လေးတွေပေါ်သို့ ပြန်ပြီးအနမ်းပေးလိုက်တော့သည်။

ထို့နောက် တစ်ယောက်ကို လက်တစ်ဖက်စီတွဲပြီး လှည့်ထွက်ကာ Mercedes-Benz MPV ကားပေါ်သို့ ပြန်တက်သွားခဲ့သည်။

ကားအင်ဂျင်နှိုးပြီးတဲ့နောက် မောင်းထွက်သွားတော့သည်။

ကျောင်းဝန်းထဲမှ ထိုမြင်ကွင်းကိုမြင်လိုက်ရတဲ့ကျောင်းသားတွေက နေရာမှာပဲ ကြောင်ကြောင်ကြီးရပ်ကျန်နေခဲ့ကြကာ အတော်ကြာမှ အသိစိတ်ပြန်ဝင်လာကြတော့သည်။

ကျောင်းဖိုရမ်စာမျက်နှာမှာလည်း သူတို့သုံးယောက်နဲ့ပတ်သက်တဲ့ပို့စ်တွေက အများကြီးထပ်တက်လာတော့သည်။

ကျောင်းသတင်းစာမျက်နှာ ထပ်ပြီးပျက်ကျမတတ်ဖြစ်သွားရပြန်သည်။

[ ရှန်းပိုင်ထျန်း၊ ငါ့ရဲ့နတ်ဘုရားမလေးရယ်။ ဘယ်လိုလုပ်ပြီး ကိုယ့်သိက္ခာကိုတောင် မငဲ့ရတာလဲ။ ယောက်ျားတစ်ယောက်ကို အခြားမိန်းမတစ်ယောက်နဲ့ တကယ်ပဲမျှသုံးဖို့ လက်ခံတာလား ]

[ ဒီနေ့ခေတ်ကြီးရဲ့လူ့ကျင့်ဝတ်တွေက တစ်နေ့ထက်တစ်နေ့ပိုပိုဆိုးလာတာပဲ။ ပြီးတော့ လူတွေရဲ့နှလုံးသားက အရင်လိုမဟုတ်ကြတော့ဘူး။ ဘယ်လိုလုပ်ပြီး ဒီလိုအရှက်မဲ့တဲ့ကိစ္စက ကျုံးဟိုင်တက္ကသိုလ်မှာဖြစ်နေရတာလဲ။ တကယ်အရှက်မရှိလိုက်တာ ]

[ .......... အပေါ်ကတစ်ယောက်ရေ၊ မင်းဆိုလိုချင်တာကိုသိပေမဲ့ မင်းရွေးပြောတဲ့စကားလုံးတွေက ရင့်လှချည်လား။ အရင်ခေတ်တွေတုန်းကရော မိဖုရားတွေ ကိုယ်လုပ်တော်တွေအများကြီးရှိခဲ့ကြတာဘဲမဟုတ်ဘူးလား။ လူတွေရဲ့နှလုံးသားတွေက အရင်လိုမဟုတ်တော့ဘူးဆိုတာ ဘာကိုပြောတာလဲ ]

[ အဲ့တာက အဓိကအချက်မဟုတ်ဘူးလေ။ ယဲ့ဖန်ရဲ့မကောင်းတဲ့အကျင့်တွေကို ထောက်ပြနေတာမဟုတ်ဘူးလား။ သူက ဘယ်လိုလုပ်ပြီး လူရှေ့သူရှေ့မှာ မိန်းကလေးနှစ်ယောက်ကို ဖက်နိုင်ရတာလဲ ]

[ ချမ်းသာလို့ပေါ့ ]

[ ရှန်းပိုင်ထျန်းရောဘဲ။ အဲ့လိုမကောင်းတဲ့ကောင်ကို ဘယ်လိုလုပ်ပြီး ခွင့်လွှတ်ပေးနိုင်ရတာလဲ။ ခွင့်လွှတ်ပေးရင်ထားဦး၊ သူ့အရှေ့မှာ တခြားမိန်းမနဲ့ ကြည်နူးနေတာကိုတောင် ရပ်ကြည့်ပြီး ခွင့်ပြုနိုင်ရတာလဲ ]

[ ချမ်းသာလို့ပေါ့ ]

[ ချမ်းသာတာနဲ့ လုပ်ချင်ရာလုပ်လို့ရတယ်လား ]

[ ဘာလို့ မရရမှာလဲ ]

[ ငါ ....... မင်းပြောတာအဓိပ္ပာယ်ရှိတယ်ဆိုတာ ငါလက်ခံပါတယ်။ ဒါ ...... ဒါပေမယ့် သိုသိုဝှက်ဝှက်လုပ်လေ။ လူမြင်ကွင်းကြီးမှာကတော့ မကောင်းဘူးမဟုတ်လား ]

[ ချမ်းသာလို့ပေါ့ ]

[ .............. ]

ကျုံးဟိုင်တက္ကသိုလ်အွန်လိုင်းသတင်းစာမျက်နှာတွင် ပို့စ်တွေက အလင်းရဲ့အလျင်နှုန်းဖြင့် တောက်လျှောက်တက်နေသည်။

အများစုက ယဲ့ဖန်ကို တိုက်ခိုက်ပြောဆိုနေကြတာဖြစ်ပြီး သူ့လုပ်ရပ်က ကျောင်းသားတစ်ယောက်နဲ့မကိုက်ညီဘူးဟု လူတိုင်းက တွေးကြသည်။

တစ်ချို့တွေက တိုင်ကြားဖို့တောင် လူစုနေကြသည်။

သူတို့က ယဲ့ဖန်ကို ပြင်းပြင်းထန်ထန်တိုက်ခိုက်ချင်နေကြတာဖြစ်သည်။

တစ်ချိန်တည်းမှာဘဲ ဒီလောကကြီးမှာ အာဏာရှိရင် ဘာမဆိုလုပ်နိုင်သည်ဟု ယုံကြည်ကြသူတွေလည်းရှိသည်။

အင်အားရှိသူတွေက လုပ်နိုင်စွမ်းရှိသည်။

သူတို့လုပ်နိုင်စွမ်းက ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်နိုင်ခြင်းလည်း အပါအဝင်ဖြစ်သည်။

ထို့အပြင် သူတို့သုံးယောက်လုံးကဆန္ဒရှိမှတော့ သူတို့သဘောမတူလည်း ဘာအကျိုးရှိမှာမလို့လဲ။

သို့ပေမယ့် ထိုသဘောတရားကို လက်ခံသူက အနည်းငယ်သာရှိတာကြောင့် တစ်ဖက်အင်အားစုကြီးကို ယှဉ်ပြောလို့မရပေ။

ဒီနှစ်ဖွဲ့အပြင် ဘာမှဝင်မပြောတဲ့တစ်ဖွဲ့လည်းရှိသေးသည်။

သူတို့က ဘာမှဝင်မပြောပေမဲ့ 'ထူးဆန်းထွေလာကျောင်းသားကမ္ဘာ'ဆိုတဲ့ အဖွဲ့အောက်မှာ ယဲ့ဖန်အကြောင်းတွေကို ပို့ပေးလေသည်။

ထိုအဖွဲ့ဆွေးနွေးမှု အွန်လိုင်းစကားဝိုင်းက ကျုံးဟိုင်တက္ကသိုလ်က ရွေးချယ်ထားတဲ့ ကျောင်းသားတွေရဲ့ နေထိုင်မှုကို တိုက်ရိုက်လွှင့်ပြသခြင်းအစီအစဉ်တစ်ခုဖြစ်သည်။

သူတို့က ထိုကဲ့သို့ထူးခြားဆန်းပြားတဲ့ကျောင်းသားတွေရဲ့ အိမ် သို့မဟုတ် အဆောင်ကိုသွားပြီး သူတို့ရဲ့ နေထိုင်မှုဘဝပုံစံကို ရိုက်ပြတာဖြစ်သည်။

ထိုအစီအစဉ်ကိုကြေညာလိုက်ကတည်းက ကျုံးဟိုင်တက္ကသိုလ်မှကျောင်းသားတော်တော်များများက လက်ခံကြသည်။

ရလဒ်အနေဖြင့် ကျောင်းကဆရာ၊ ဆရာမတွေကတောင် ကြည့်ကြသည်။

ဖြစ်သွားတဲ့အခြေအနေတွေကြောင့် ထိုအစီအစဉ်မှာ ယဲ့ဖန်ကိုထည့်ပေးရန် တောင်းဆိုလာကြတော့သည်။

လူတိုင်းက ထိုအစီအစဉ်ရိုက်သည့် ကျန်းလင်းအုပ်စုကို ယဲ့ဖန်အကြောင်းရိုက်ပြရန်တောင်းဆိုကြသည်။ တောင်းဆိုမှုက အတော်လေးကိုများပြားသည်။

[ ဟုတ်တယ်။ သူက ထူးဆန်းတာပဲလေ။ ဒါကိုမှ ထူးဆန်းတယ်လို့မခေါ်ရင် ဘာကိုသွားခေါ်မှာလဲ။ ကျန်းလင်းအုပ်စု ငါတို့အတွက် စီစဉ်ပေးစမ်းပါ ]

[ ယဲ့ဖန်က ဘာတွေများရှိနေလို့ အဲ့လိုအလှထိပ်ခေါင်လေးနှစ်ယောက်လုံးကတောင် တစ်ပြိုင်တည်းတွဲဖို့ သဘောတူရတာလဲ၊ သူက ငါတို့အတွက် စံပြပဲဟေး ]

[ ကျန်းလင်းအုပ်စုရေ၊ မင်းတို့ ယဲ့ဖန်အိမ်ကို ရိုက်ပြမယ်ဆို တိုက်ရိုက်ထုတ်လွှင့်မှုလုပ်တဲ့အခါ ငါ ယွမ် ၁၀၀၀ ဆုချမယ် ]

[ ငါလည်း Air Jordans ဖိနပ်မဝယ်ဘဲ ၃၀၀၀ ဆုချမယ်ကွာ ]

[ တစ်နှစ်လုံးစာ ခေါက်ဆွဲမစားပဲ ယွမ် ၁၀၀၀၀ ဆုချမယ်ကွ ]

[ ........... ]

အချိန်ကြာလာတာနဲ့အမျှ တောင်းဆိုသူတွေရော ဆုကြေးငွေတွေရော တိုးလာတော့သည်။

ထို တောင်းဆိုတဲ့ပို့စ်တွေက ယဲ့ဖန်အကြောင်းတင်ထားသည့် မူလပို့စ်ကိုတောင် ဖုံးသွားတော့သည်။

ကျန်းလင်းအုပ်စုက အဖွဲ့ဝင်တွေကလည်း 'ထူးဆန်းထွေလာကျောင်းသားကမ္ဘာ' ဆိုတဲ့ အစီအစဉ်အတွက် အကြိတ်အနယ်ဆွေးနွေးကြရတော့သည်။

ထိုအစီအစဉ်ကို တည်ထောင်ခဲ့တဲ့သူတွေက သတင်းဂျာနယ်ဌာနက လူတွေဖြစ်ကြတာကြောင့် ပါဝင်တဲ့အဖွဲ့သားတွေကလည်း သတင်းဂျာနယ်ဌာနကကျောင်းသားတွေသာဖြစ်ကြသည်။

" လူတိုင်းမြင်ပြီးကြပြီမလား။ နင်တို့ရဲ့အတွေးတွေကို ပြောပါဦး "

ကျန်းချန်းဟန်သည် သတင်းဂျာနယ်ဌာနမှ နာမည်ကြီး ထူးချွန်သော ကျောင်းသူတစ်ယောက်ဖြစ်ကာ ကျန်းလင်းအုပ်စုရဲ့ စီစဉ်သူဖြစ်ပြီး အစည်းအဝေးပွဲ၏တာဝန်ရှိသူဖြစ်သည်။

" ငါတို့ကျန်းလင်းအုပ်စုရဲ့ မူလရည်ရွယ်ချက်က အဲ့လိုထူးဆန်းတဲ့ကျောင်းသားတွေနဲ့ အဖြစ်အပျက်တွေကို ရိုက်ကူးဖို့ပဲလေ။ ယဲ့ဖန်ကိစ္စက ငါတို့အစီအစဉ်ရဲ့ရည်ရွယ်ချက်နဲ့တစ်ထပ်တည်းကျနေတယ် "

" ဟုတ်တယ်။ ငါတို့အုပ်စုရဲ့မှတ်ချက်တွေမှာ ယဲ့ဖန်အကြောင်းရိုက်ဖို့ ပြောထားတာတွေချည်းပဲ။ ဒါက လူတွေရဲ့ဆန္ဒပဲဆိုတော့ မျက်ကွယ်ပြုထားဖို့ မသင့်တော်ဘူးလို့ထင်တယ် "

" ငါလည်း လုံးဝထောက်ခံတယ်။ ယဲ့ဖန်ကိစ္စက သူ့ရဲ့သီးသန့်ကိစ္စမဟုတ်တော့ဘူး။ ငါတို့ကျောင်းရဲ့သိက္ခာကိုပါ ထိပါးနိုင်နေတာဆိုတော့ ငါတို့ ဒီအစီအစဉ်ကို လုပ်မှရမယ် "

ကျန်းချန်းဟန်က အဓိကအဖွဲ့ဝင်တွေရဲ့ ထောက်ခံဆွေးနွေးမှုကိုကြားပြီးတဲ့အခါ အနည်းငယ်အံ့ဩသွားရသည်။

အရင်တုန်းက သူတို့အစီအစဉ်အတွက် အကြံဉာဏ်အသစ်ကိုဆွေးနွေးတိုင်း မျက်နှာတွေနီရဲပေါက်ကွဲထွက်မတတ် ရန်တွေဖြစ်ကြရသည်။

ဒီလိုတစ်လေသံတည်းထွက်လာပြီး သဘောတူကြတာက ပထမဆုံးအကြိမ်ဖြစ်သည်။

" အားလုံးကသဘောတူမှတော့ ဆုံးဖြတ်လိုက်ကြတာပေါ့။ နောက်တစ်ပိုင်းအတွက် ယဲ့ဖန်အိမ်ကိုသွားကြမယ် "

လူတိုင်းက ငြင်းဆိုခြင်းမရှိခေါင်းငြိမ့်ကြသည်။

ထိုအချိန်တွင် အသံတိုးတိုးလေးတစ်ခုကထွက်လာသည်။

" ယဲ့ဖန်က သဘောတူပါ့မလား "

ထိုမေးခွန်းပြောပြီးတဲ့အခါ လူတိုင်းက တိတ်ဆိတ်သွားကြတော့သည်။

အပိုင်း (၁၇၁)

သူမက ဒီကို ငါနဲ့အိပ်ဖို့ ရောက်လာတာဖြစ်နိုင်မလား။

ကျန်းလင်းအုပ်စုက ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ 'ထူးဆန်းထွေလာကျောင်းသားကမ္ဘာ' အစီအစဉ်၏ အရင်အပိုင်းတွေမှာ ပါဝင်ခဲ့တဲ့ကျောင်းသားတွေက ဆက်ဆံရလွယ်ကူသူတွေဖြစ်ကြသည်။ ပုံမှန်အားဖြင့် သူတို့ဘက်မှ သဘောမတူစရာအနေအထားမျိုး မရှိခဲ့ကြပေ။

သို့ပေမယ့် ယဲ့ဖန်ကတော့ သူတို့လည်း မေးဖို့ လွယ်ကူတဲ့အနေအထားမျိုးမရှိဖြစ်နေကြသည်။

ယဲ့ဖန်သည် ကျုံးဟိုင်တက္ကသိုလ်၏လူ့ဂွစာအဖြစ်နာမည်ကြီးလေသည်။

ယဲ့ဖန်ကို စော်ကားခဲ့တာကြောင့် ကျုံးဟိုင်တက္ကသိုလ်၏ ကျောင်းသားရေးရာဌာန စည်းကမ်းကြီးကြပ်ရေးဥက္ကဌ တုမင်းကတောင် သူ့ရာထူးပြုတ်သွားရုံမက ကျောင်းရဲ့ဟားတိုက်စရာဖြစ်လာခဲ့သည်။

အဆုံးမှာတော့ တုမင်းလည်း ကျောင်းမှာဆက်မနေရဲတော့ပဲ ကျောင်းထွက်စာပါတင်ခဲ့ရသည်။

ဟိုတစ်လောက ယဲ့ဖန်ကို ပေါ်တင်ပြဿနာရှာပြီး ရှန်းပိုင်ထျန်းကို လိုက်မည်ဟုပြောခဲ့တဲ့ မိုကုန်းသည်လည်း ယဲ့ဖန်ရိုက်တာခံလိုက်ရသည်ဟု သတင်းထွက်လာပြီး ကျောင်းမလာတာလည်း အတော်ကြာပြီဖြစ်သည်။

အဲ့လိုအဆိပ်ပြင်းတဲ့ဦးချွန်နဲ့သူကို ဘယ်သူကများသွားပြီး စကားပြောရဲမှာလဲ။

အဖွဲ့ဝင်တွေက တစ်ယောက်နဲ့တစ်ယောက်ကြည့်နေကြပေမဲ့ ဘယ်သူကမှ လက်မထောင်ရဲကြပေ။

ထိုအခါ ကျန်းချန်းဟန်က ကူကယ်ရာမဲ့စွာသက်ပြင်းချလိုက်သည်။

" ဟူး၊ ငါသွားမယ် "

" ဟုတ်တယ်၊ နင်နဲ့ ရှန်းပိုင်ထျန်းနဲ့က အခင်ဆုံးသူငယ်ချင်းတွေမဟုတ်လား။ အဲ့လိုဆက်ဆံရေးမျိုးကို ဘယ်လိုလုပ်ပြီး မေ့ထားလို့ရမှာလဲ "

ကျန်းချန်းဟန်က ခေါင်းခါပြီး ခါးသက်သက်ပြုံးလိုက်သည်။

" အကောင်းဆုံးကြိုးစားကြည့်ပေးမယ်။ ဒါပေမဲ့ အများကြီးတော့ မျှော်လင့်မထားကြနဲ့ "

ထိုသို့ပြောပြီးနောက် ထရပ်ကာ အပြင်သို့လျှောက်ထွက်သွားခဲ့သည်။

...........................

" ဘာ။ နင်က ယဲ့ဖန်အိမ်ကို ရိုက်ချင်လို့လား "

ရှန်းပိုင်ထျန်းသည် သူမ၏စံအိမ်ထဲမှာ စာအုပ်ဖတ်နေရင်း မျက်နှာပေါင်းတင်နေသည်။

ရုတ်တရက် သူမ၏အချစ်ဆုံးသူငယ်ချင်းဖြစ်သူ ကျန်းချန်းဟန်ဆီမှ ဖုန်းဝင်လာလေသည်။

သူမက ယဲ့ဖန်အိမ်ကို တိုက်ရိုက်ထုတ်လွှင့်မှုအတွက် ရိုက်ကူးချင်ကြောင်းပြောလာသည်။

" ဟုတ်တယ်။ ဒါပေမဲ့ ငါကမှ ယဲ့ဖန်ကို မသိတာ။ အဲ့တာကြောင့် နင့်ဆီပဲလာရတာပေါ့ "

" ငါ့ကိုလာရှာလည်း အလကားပဲ။ ငါက သူနဲ့နေနေတာမှမဟုတ်တာ "

" ဟမ်၊ နင်တို့အတူနေနေတာမဟုတ်ဘူးလား။ နင်ပြောတော့ ကျုံးထျန်းကန်သာယာစံအိမ်မှာပြောင်းနေနေပြီဆို "

" ငါ့ဟာငါ အိမ်ငှားနေတာပါဟာ "

" ငါက နင်တို့အတူနေနေပြီထင်တာ ..... "

" ဘာ ပေါက်တက်ကရတွေပြောနေတာလဲ "

" အဟွတ်အဟွတ် ........ ဒါဆို သူနဲ့ပြောပေးလို့ရမလား။ ငါတို့ သူ့အိမ်ကို မပျက်စီးစေရပါဘူး "

" သူက သေချာပေါက်သဘောတူမှာမဟုတ်ဘူး "

" အဲ့တာဆို ငါတို့ဘာလုပ်သင့်လဲ။ အခု ကျောင်းသားတွေအားလုံးက ယဲ့ဖန်ရဲ့ဘဝကို သိချင်နေကြတာဆိုတော့ ငါတို့တစ်နည်းနည်းစဉ်းစားမှရမယ် "

" ဘယ်လိုနည်းရှိမှာမလို့လဲ "

" ဒီလိုဆိုရင်ရော ....... သူ့သော့တွေယူထားပြီးတော့ နည်းလမ်းရှာပြီး သူ့ကို အပြင်ပို့လိုက်လေ။ ငါတို့ပြီးတာနဲ့ တန်းပြန်မှာဘဲကို "

" သူ့ကို လိမ်စေချင်တာလား။ မရဘူးနော်၊ လုံးဝမရဘူး "

ရှန်းပိုင်ထျန်းသည် သူမသူငယ်ချင်း၏အကြံဆိုးကို နားထောင်ပြီးတဲ့နောက် ခေါင်းကို တသွင်သွင်ခါလိုက်သည်။

သူမ ဘာလို့အဲ့လိုကိစ္စမျိုးကို လုပ်နိုင်ရမှာလဲ။

ယဲ့ဖန်သိပါက ဒေါသထွက်လိမ့်မည်။

" ပိုင်ထျန်း၊ နင်ဘာလို့ သူ့အတွက် အမြဲတမ်းတွေးပေးနေရတာလဲ။ နင့်အတွက်နင်ရော ဘာလို့မတွေးရတာလဲ "

ရှန်းပိုင်ထျန်း၏ငြင်းဆိုသံကိုကြားပြီးတဲ့နောက် ကျန်းချန်းဟန်က သူမကို စိတ်ရှည်ရှည်နဲ့ နားချပြောပေးသည်၊

" ဘာလို့အဲ့လိုထင်တာလဲ "

ရှန်းပိုင်ထျန်းက အနည်းငယ်စိတ်ရှုပ်ထွေးသွားသည်။

" ယဲ့ဖန်က ဒီနေ့ကျောင်းမှာ အဲ့လိုလုပ်ဖို့ နင့်ကို ပြောထားတာမဟုတ်လား "

" ဟားဟား၊ နင်ကတော့ ငါ့ကို ဖောက်ထွင်းမြင်တတ်တာပဲ "

" ငါနင့်ကို မသိဘူးများထင်နေလား။ နင်က အဲ့လိုလူမျိုးမှမဟုတ်တာ။ အခုတော့ကြည့်ဦး လူတွေအများကြီးက နင့်ကို ဆူဆဲနေကြပြီ "

" ဘာလို့ ငါ့ကိုဆူဆဲကြတာလဲ "

" တစ်ချို့က နင်က အရှက်မရှိဘူးလို့ပြောတယ်။ တစ်ချို့ကျ ယောက်ျားတစ်ယောက်ကို ဇွတ်ဖက်တွယ်နေတာတဲ့ ........ ဘယ်လိုဘဲဖြစ်ဖြစ် ကျန်တဲ့ဟာတွေကတော့ ငါ့ပါးစပ်နဲ့ပြောမထွက်ဘူး "

" သူတို့ပြောချင်တာ ပြောပါစေပေါ့ "

" နင်ရူးနေတာလား။ မိန်းကလေးတစ်ယောက်ရဲ့ဂုဏ်သိက္ခာက ဘယ်လောက်တောင် အရေးကြီးလိုက်လဲ။ အဲ့လိုကြီးပဲ ဆက်နေသွားမှာလား "

" အဲ့တာဆို ....... ငါဘာလုပ်သင့်လဲ "

" အခု နင်က 'ယောက်ျားတစ်ယောက်ကို တစ်ခြားမိန်းမနဲ့မျှစားတယ်'ဆိုတဲ့နာမည်ကြီးကို ဖျောက်လို့မရလောက်တော့မှာကို စိုးရိမ်ရတယ်။ ပြီးတော့ ယဲ့ဖန်နဲ့အတူ နင်နဲ့အဲ့ဒီမိန်းကလေးကို အားလုံးကတွေ့လိုက်ရတယ်လေ "

" အင်း၊ ငါနားလည်ပါတယ် "

" အခု ငါတို့က ယဲ့ဖန်ရဲ့အင်အားကိုပြပြီး သူတို့ပါးစပ်ပိတ်သွားအောင်လုပ်ရမှာပေါ့ "

" နင်ပြောတာ အဓိပ္ပာယ်တော့ရှိပါတယ်။ ဒါပေမဲ့ ယဲ့ဖန်သိရင် စိတ်ဆိုးမှာကြောက်တယ် "

" သူက နင့်ကိုတကယ်ချစ်ရင် လုံးဝအပြစ်တင်မှာမဟုတ်ဘူး။ နင်က မှန်တဲ့အလုပ်လုပ်နေတာလို့ပဲထင်မှာ "

" အင်းပါ ....... ငါစဉ်းစားလိုက်ပါ့မယ် "

ထို့နောက် ရှန်းပိုင်ထျန်းဖုန်းချလိုက်ပြီး အနည်းငယ်တွန့်ဆုတ်နေသည်။

မသိလိုက်ပါဘဲ ကျုံးဟိုင်သတင်းစာမျက်နှာထဲ ဝင်ကြည့်လိုက်တဲ့အခါ ကျန်းချန်းဟန်ပြောသလိုဘဲ လူတော်တော်များများက သူမကို ဆဲဆိိုထားကြသည်။

ထိုလူတွေသုံးထားတဲ့စကားတွေက မြင်ဖို့တောင် မသင့်တော်ပေ။

နှစ်ခုလောက်ဖတ်ပြီးတာနဲ့ ဒေါသတဟုန်းဟုန်းထွက်လာတော့သည်။

ရှန်းပိုင်ထျန်းသည် ကျန်းချန်ဟန်ကို သဘောတူကြောင်း စာပို့လိုက်တော့သည်။

[ ငါလုပ်မယ် ]

ဖုန်းကိုသိမ်းပြီးတဲ့နောက် ယဲ့ဖန်၏စံအိမ်သို့လျှောက်လာခဲ့သည်။

ထိုအချိန်တွင် ယဲ့ဖန်ဆီသို့ ကျိုးရှုယောင်းဆီမှ ဖုန်းဝင်လာသည်။

" ယဲ့ဖန်၊ နင်မနက်ဖြန်အားလား "

" အားပါတယ်၊ ဘာလို့လဲ "

" မနက်ဖြန် ထမင်းလိုက်ကျွေးမယ်လေ၊ အဆင်ပြေလား "

" ဘာလို့ ရုတ်တရက်ကြီး ထမင်းကျွေးချင်ရတာလဲ "

" လမုန့်ပွဲတော်က ရောက်တော့မှာမလား။ နင် မွေးရပ်မြေမပြန်ဘူးလား "

" ငါလည်း ထွက်လာတာနှစ်ဝက်လောက်ရှိပြီလေ။ သေချာပေါက်ပြန်မှာပေါ့။ ဒီတစ်ခေါက်ပြန်ရင် ငါလည်း လုပ်စရာလေးရှိသေးတယ် "

" အဲ့တာဆို ငါတို့ အတူတူပြန်ကြတာပေါ့။ ပြီးတော့ ...... ငါနင့်ကို အကူအညီတောင်းစရာလည်းရှိသေးတယ် "

" ဘာအကူအညီလဲ "

" ဖုန်းထဲကနေ သေချာရှင်းပြလို့မရဘူး။ မနက်ဖြန်တွေ့ပြီးပြောကြမယ်လေ "

" အိုခေ၊ အချိန်နဲ့ လိပ်စာပို့ထားလိုက် "

ယဲ့ဖန် သဘောတူလိုက်ပြီးတဲ့နောက် ဖုန်းချလိုက်သည်။

ထိုအခါ စံအိမ်တံခါးခေါင်းလောင်းကမြည်လာသည်။

သွားဖွင့်လိုက်တဲ့အခါ ရှန်းပိုင်ထျန်းဖြစ်နေသည်။

" ဘာလို့ ညလယ်ကြီးရောက်လာတာလဲ။ ကိုယ့်ကို အိပ်ရာပေါ်မှာ ဝန်ဆောင်မှုပေးမလို့လား "

" သေလိုက်လေ "

ရှန်းပိုင်ထျန်းက သူ့ကို မျက်စောင်းထိုးကြည့်လိုက်သည်။

" အထဲဝင်ခဲ့လေ "

ယဲ့ဖန်က သူမကို အိမ်ထဲသို့ဖိတ်လိုက်သည်။

" ဘာသောက်မလဲ "

" ရေဆိုရင်ရပါတယ် "

ရှန်းပိုင်ထျန်း ဆိုဖာပေါ်မှာထိုင်လိုက်ပြီး ယဲ့ဖန်ကို ဘယ်လိုပြောရမလဲဆိုတာ စဉ်းစားနေလိုက်သည်။

" ဘာတွေတွေးနေတာလဲ "

ယဲ့ဖန်က ရေခပ်လာပြီး ဧည့်ခန်းထဲပြန်ဝင်လာတဲ့အခါ သူမက စိတ်ထဲမှာတစ်ခုခုရှိနေပုံရတာကြောင့် မေးလိုက်သည်။

" ယဲ့ဖန်၊ ငါ နင့်အိမ်ကို တစ်ယောက်ယောက်ခေါ်လာရင် နင် အဆင်ပြေလား "

" အာ "

ယဲ့ဖန်က သူမရဲ့ ရယ်စရာကောင်းတဲ့မေးခွန်းကိုကြားတဲ့အခါ ကြောင်သွားသည်။

ထိုမေးခွန်းက အတော်လေးတည့်တိုးဆန်သည်ဟု ရှန်းပိုင်ထျန်းလည်းထင်မိသည်။ အဲ့တာကြောင့် ဆက်ပြီး အမြန်ရှင်းပြသည်။

" ဒီလိုလေ။ သူငယ်ချင်းတစ်ချို့က ငါ့အိမ်မှာ လာကစားချင်တယ်လို့ပြောပေမဲ့ ငါက အိမ်ပြောင်းလာခါစဆိုတော့ ဘာမှသိပ်မရှိလို့ နင့်အိမ်ကို ခဏငှားချင်လို့ပါ။ ........ အဆင်မပြေဘူးဆို သေချာပေါက် မငှားပါဘူး။ အာ ဒီအတိုင်း မေ့လိုက်ပါတော့ "

ထိုသို့ပြောပြီးနောက် သူမ စိတ်မလုံတာကြောင့် ထွက်ပြေးဖို့လုပ်နေတုန်းမှာပဲ ယဲ့ဖန်က ရယ်လိုက်သည်။

" ဘာအဆင်မပြေစရာရှိလို့လဲ။ လိုသလိုသုံးလို့ရပါတယ်။ ပြီးတော့ ငါ့မှာအိမ်တွေအများကြီးရှိတာပဲ။ ဘယ်မှာအိပ်အိပ်ရတယ်မဟုတ်လား "

ထိုသို့ပြောပြီး အိမ်သော့တွေကို သူမစီသို့ပစ်ပေးလိုက်သည်။

အပိုင်း (၁၇၂)

အခွင့်အရေးရှိတာတောင်မှ မင်းကအသုံးမကျဘူးပဲ။

ရှန်းပိုင်ထျန်းက ယဲ့ဖန် ပစ်ပေးလိုက်တဲ့သော့တွေကိုကြည့်ပြီး အနည်းငယ်အံ့ဩသွားသည်။

" နင် ငါ့ကို အဲ့လောက်တောင် ယုံတယ်လား "

ယဲ့ဖန်ကတော့ သူမပြောတာကို ရယ်စရာကောင်းသည်ဟုထင်သည်။

" ယုံတယ်၊ မယုံဘူးဆိုတာရှိလို့လား။ မင်းက ကိုယ့်အိမ်ကြီးကို ခိုးသွားလို့လည်းမရဘူးလေ "

သူမကို ယဲ့ဖန်က အလွန်ယုံကြည်ကြောင်း ရှန်းပိုင်ထျန်းသိလိုက်ရတဲ့အခါ ရုတ်တရက် အပြစ်မကင်းစိတ်ဖြစ်လာတော့သည်။

" ယဲ့ဖန်၊ ငါအမှန်တိုင်းပြောပြမယ်။ တကယ်တော့ ....... "

သူမက သူ့ကို ကျန်းလင်းအုပ်စုရဲ့တိုက်ရိုက်အသံလွှင့်တင်ဆက်မှုအကြောင်း အကုန်ပြောပြလိုက်သည်။

" ဒီမှာ အစီအစဉ်ထုတ်လွှင့်ဖို့ ရိုက်ကူးရုံတင်ပဲမဟုတ်လား။ ကိစ္စသိပ်မရှိပါဘူး "

" အာ ...... "

ရှန်းပိုင်ထျန်း၏မျက်လုံးလေးများက ဝိုင်းစက်သွားသည်။

" နင် ဘယ်လိုလုပ်ပြီးသိတာလဲ "

ယဲ့ဖန်က ဆိုဖာပေါ်ကိုမှီပြီး ခြေထောက်ကို ချိတ်ထားသည်။

" ကျောင်းစာမျက်နှာမှာ ကိုယ့်ကိုဖိတ်ဖို့ပြောထားတဲ့စာတွေအများကြီးရှိနေတာပဲလေ။ ကိုယ်မကန်းပါဘူး၊ မြင်နေရတာပဲ။ ပြီးတော့ အဲ့ဒီအစီအစဉ်က တာဝန်ရှိသူက မင်းနဲ့အရင်ကအဆောင်တစ်ခန်းထဲနေခဲ့ဖူးတယ်လို့ကြားထားတယ်။ ပြီးတော့ မင်းရောက်လာကတည်းက စိတ်လွတ်နေတာလေ။ ကိုယ်ဘယ်လောက်ဘဲ တုံးအပါစေ၊ အဲ့လောက်တော့ ခန့်မှန်းနိုင်ပါသေးတယ် "

ရှန်းပိုင်ထျန်းသည် ယဲ့ဖန်၏သုံးသပ်ချက်ကိုကြားပြီးတဲ့နောက် မျက်လုံးများနီရဲလာတော့သည်။

" ရှင်သိနေတာတောင် ဘာလို့ အိမ်ကို သုံးခွင့်ပြုတာလဲ "

ယဲ့ဖန်က ထရပ်ပြီး သူမဆီသို့လျှောက်လာကာ မျက်ရည်များကို သုတ်ပေးလိုက်သည်။

" တောင်းပန်ပါတယ်။ ကိုယ် မင်း အဲ့လိုခံစားသွားရမယ်မှန်းမသိလိုက်လို့ပါ "

ရှန်းပိုင်ထျန်းဆက်မထိန်းထားနိုင်တော့ဘဲ ယဲ့ဖန်လက်မောင်းထဲသို့ ပစ်ဝင်လာကာ ငိုတော့သည်။

ယဲ့ဖန်သည် သူ့လက်မောင်းထဲရှိ လှပဖျော့တော့သောပုံရိပ်လေးကို ခံစားမိသည်။

သူမက ဝမ်းပန်းတနည်းငိုနေသည်။

ညလယ်ခေါင်မှာ အားနည်းပြီးလှပတဲ့မိန်းကလေးက သူမဘက်ကစပြီး သူ့ရင်ခွင်ထဲကို ပစ်ဝင်လာသည်။

သူ ဘာလုပ်သင့်လဲ။

လူကြီးမင်းကို စောင့်နေပါသည်။

အရေးကြီးနေပါသည်။

သားရဲကောင်ကြီးဖြစ်ရမလား၊ သားရဲကောင်ထက်ပိုဆိုးတဲ့ကောင်ကြီးဖြစ်ရမလား တွေးနေစဉ်မှာဘဲ ရှန်းပိုင်ထျန်းက သူ့ကို တွန်းထုတ်လိုက်တော့သည်။

" အဲ့တာဆို အရင်ပြန်နှင့်တော့မယ် "

ယဲ့ဖန် သူမ၏နှလုံးသားမဲ့တဲ့ နောက်ကျောပြင်ကိုကြည့်ပြီး သူ့ကိုယ်သူ ပါးနှစ်ချက်လောက်ရိုက်ချပစ်လိုက်ချင်သည်။

ငါ မင်းကို အခွင့်အရေးပေးတယ်နော်။ မင်းဘာသာမင်း မသုံးတာပဲ၊ ယဲ့ဖန်ရ။

ယဲ့ဖန် ခေါင်းလှည့်ပြီး ဗလာကျင်းနေတဲ့အခန်းကိုကြည့်လိုက်သည်။

ထို့နောက် ကျန်းလင်းအုပ်စုအကြောင်းကိုတွေးလိုက်သည်။

' မင်းတို့က လာလည်ချင်တာလား '

' ညတာကရှည်တယ်လေ။ ငါလည်း မအိပ်ချင်သေးတော့ မင်းတို့အတွက် ခက်ခဲအောင်လုပ်ပေးရမှာပေါ့ '

ထိုအတွေးနဲ့အတူ ယဲ့ဖန် သူ့အိမ်ထဲက ရှိသမျှအဖိုးတန်ပစ္စည်းတွေအားလုံးကို ထုတ်ပြီး ဖွက်ထားလိုက်သည်။

ထို့နောက် နတ်ဆိုးသဖွယ်ပြုံးလိုက်ပြီး အိပ်ရာဝင်ခဲ့တော့သည်။

......................

နောက်တစ်နေ့ မနက်တွင် ယဲ့ဖန်သည် ကျိုးရှုယောင်းနဲ့တွေ့ရန် ထွက်သွားခဲ့သည်။

တစ်ဖက်မှာ ရှန်းပိုင်ထျန်းကတော့ လှလှပပလေးဝတ်ဆင်ထားပြီး ကျန်းလင်းအုပ်စုလာမှာဖြစ်သည့်အတွက် စံအိမ်ဝန်းပေါက်အရှေ့မှထွက်စောင့်နေသည်။

မနက် ကိုးနာရီထိုးတွင် အဖြူရောင်ဗန်ကားတစ်စီးက ဖြည်းဖြည်းချင်းမောင်းလာသည်။

ကျန်းလင်းအုပ်စုရောက်လောက်ပြီဖြစ်၍ ရှန်းပိုင်ထျန်းက ချက်ချင်းသွားကြိုသည်။

ဗန်ကားက ရပ်သွားပြီး ကားထဲမှ လူ ၇ယောက်၊ ၈ယောက်လောက်ထွက်လာသည်။

ပထမဆုံးထွက်လာသူက သူမ၏အချစ်ဆုံးသူငယ်ချင်း ကျန်းချန်းဟန်ဖြစ်သည်။

" ပိုင်ထျန်း၊ နင် ဒီနေ့အရမ်းလှနေတာပဲ "

ကျန်းချန်းဟန်က သူမရဲ့လက်ကိုဆွဲပြီး စိတ်ထဲကနေလိုလိုလားလား ချီးကျူးလိုက်သည်။

ရှန်းပိုင်ထျန်းသည် ကျောင်းတွင် ပုံမှန်အားဖြင့် မိတ်ကပ်မလိမ်းပေ။ အလွန်ဆုံးမှ ကူရှင် ပါးပါးလေးပဲပုတ်သွားတတ်သည်။

စတိုင်တစ်မျိုးတည်းသာဝတ်ဆင်လေ့ရှိပြီး ပေါ်ပေါ်ထင်ထင်မနေပေ။

သို့ပေမယ့် ဒီနေ့မှာတော့ ရိုက်ကူးရေးရှိတာကြောင့် ပုခုံးကျ အဖြူရောင်ဂါဝန်လေးဝတ်ထားကာ ဆံပင်ရှည်လေးကိုလည်း ဖြန့်ချထားပြီး ပြေပြစ်သွယ်လျတဲ့ခြေတံလေးကိုဖော်ထားသည်။ ထို့အပြင် အဖြူရောင်မက်ရှ်လေဒီရှူးဖိနပ်အမြင့်လေးကိုလည်း ဝတ်ထားသေးသည်။

ထို့အပြင် မိတ်ကပ်ပါးပါးလေးပဲ လိမ်းထားတာတောင်သူမ၏အလှက အသက်ရှူမှားစေနိုင်သည်။

ကားပေါ်ကဆင်းလာတဲ့ ကျန်းလင်းအုပ်စုအဖွဲ့သားတွေကလည်း မှင်သက်နေပြီး မျက်လုံးကျွတ်မတတ်ကြည့်နေကြသည်။

" ကဲကဲ၊ အချိန်မဖြုန်းကြနဲ့။ ဒီကနေ ရိုက်ကူးရေးစကြစို့ "

ကျန်းချန်းဟန်က ရိုက်ကူးရေးကိရိယာတွေအဆင်သင့်ဖြစ်အောင်စောင့်ပြီးတဲ့နောက် အမိန့်ပေးလိုက်သည်။

" သုံး၊ နှစ်၊ တစ်။ စမယ် "

" မင်္ဂလာပါ၊ ကျောင်းသူ၊ ကျောင်းသားတို့။ 'ထူးဆန်းထွေလာကျောင်းသားကမ္ဘာ'ကနေ ကြိုဆိုလိုက်ပါတယ်။ ကျွန်မကတော့ ရှင်တို့ရဲ့ရှာဖွေသူ ကျန်းချန်းဟန်ဖြစ်ပါတယ် "

ကျန်းချန်းဟန်က မိုက်ခရိုဖုန်းကိုယူပြီး ကင်မရာကိုကြည့်ကာ လမ်းလျှောက်ပြီး ထုတ်လွှင့်မှုကို စတင်လိုက်သည်။

ထိုအခါ အွန်လိုင်းကနေ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသူအရေအတွက်က ချက်ချင်းဆိုသလို အယောက် ၃၀၀၀ ကျော်သွားတော့သည်။

[ လာပါပြီ၊ လာပါပြီ ]

[ မင်္ဂလာပါမနက်ခင်းပါ၊ စီနီယာအစ်မကျန်း ]

[ ဒီနေ့ ယဲ့ဖန်အိမ်ကိုသွားနေတာလား ]

[ စောင့်နေပါပြီနော် ]

[ ပွဲကြည့်ဖို့ ရှေ့တန်းကနေ ကွာစေ့တွေရမယ်၊ ရေဘူးတွေရမယ်၊ မြေပဲတွေရမယ်ဟေး ........ ]

တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်စလိုက်တာနဲ့ မှတ်ချက်တွေက တန်းစီတက်လာတော့သည်။

" ဒီနေ့ ဘယ်ကို သွားနေတာလဲဟုတ်လား။ မှန်ပါတယ်၊ ဒီနေ့မှာတော့ လူတိုင်းစောင့်မျှော်နေကြတဲ့ ယဲ့ဖန်ရဲ့စံအိမ်ကိုသွားမှာပါ "

ကျန်းချန်းဟန်၏နှုတ်ဆက်စကားပြီးတဲ့နောက် ကင်မရာသမားက ကျုံးထျန်းကန်သာယာအိမ်ရာစံဝန်း၏ ဝင်ပေါက်ကို ရိုက်ပြလိုက်သည်။

တံခါးကပင် လေးမီတာ၊ ငါးမီတာကျော်လောက်မြင့်ပြီး ကျောက်အမာသားဖြင့်လုပ်ထားသည်။

ကြည့်ရတာ ခမ်းနားလိုက်တာ။

တံခါးနဲ့တင် ကြည့်ရှုသူတွေကို ပွက်ပွက်ဆူသွားစေသည်။

[ ဟျောင့်ရေ၊ တံခါးကြီးက ကြီးလွန်းမနေဘူးလား။ ငါတို့ကျောင်းတံခါးပေါက်ထက်တောင်ကြီးသေးတယ် ]

[ ဒါပေါ့ဟ။ ဒါက ကျုံးထျန်းကန်သာယာအိမ်ရာလေ။ ကျုံးဟိုင်မှာ အဆင့်အမြင့်ဆုံးကွ ]

[ ဆင်းရဲမှုက ငါ့ရဲ့အမြင်ကို ဘောင်ကျဉ်းထားတာပဲ။ ဒီလိုနေနိုင်ဖို့ဆို ဘယ်လိုဘဝမျိုးရှိရမှာလဲ ]

[ ဟားဟားဟား။ သူက စံအိမ်မှာနေတော့ရော ဘာဖြစ်လဲ။ ငါတို့ လူငယ်တွေက လွတ်လပ်မှုနဲ့ စိတ်ကူးစိတ်သန်းတွေလုပ်ဆောင်သင့်တာ။ ဒီလိုပစ္စည်းတွေနဲ့ ချုပ်နှောင်ခံသင့်တာမျိုးမဟုတ်ဘူး ]

[ အပေါ်က ပါးစပ်ရှိတိုင်းလျှောက်ပြောနေတဲ့ကောင်၊ ချီးကျူးပါတယ် ]

[ ဟုတ်တယ်၊ မြန်မြန် လေးစားကြစမ်း ]

[ ............... ]

ငါးမိနစ်တောင်မကြာလိုက်ဘဲ ကြည့်ရှုသူက တစ်သောင်းကျော်သွားတော့သည်။

သူတို့အစီအစဉ်ရဲ့ နဂိုစံနှုန်းကိုတောင် ကျော်သွားတော့သည်။

သူတို့ရဲ့အမြင့်ဆုံးစံနှုန်းက ကြည့်ရှုသူ ၈သောင်းဘဲရှိဖူးတာဖြစ်သည်။

လူတိုင်းက ယဲ့ဖန်ဘဝကို ဘယ်လောက်တောင်သိချင်နေလဲဆိုတာ သိသာသည်။

" ယဲ့ဖန်နဲ့ ရှန်းပိုင်ထျန်းက အရင်နေ့တွေတုန်းက မုန်တိုင်းနှုတ်ခမ်းဝကို ရောက်ခဲ့ရပြီး လူတစ်ချို့က သူတို့ကိုဝေဖန်ကြပေမယ့် တစ်ချို့ကတော့ သူတို့လွတ်လပ်ခွင့်လို့ဆိုကြပါတယ်။ ဒီနေ့မှာတော့ အဲ့ဒီအဖြစ်အပျက်ရဲ့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ ရှန်းပိုင်ထျန်းကို ခေါ်ထားပါတယ်။ သူမက ယဲ့ဖန်ရဲ့စံအိမ်ကို လိုက်ပို့ပေးမှာပါ "

ကျန်းချန်းဟန်က ပြောပြီးတဲ့နောက် ရှန်းပိုင်ထျန်းကို လှည့်ကြည့်လိုက်သည်။

" ပိုင်ထျန်း၊ လာလေ။ လူတိုင်းကို လာနှုတ်ဆက်လိုက်ပါဦး "

ရှန်းပိုင်ထျန်းက အနည်းငယ်တွန့်ဆုတ်နေပေမဲ့ ကင်မရာရှေ့သို့ရောက်လာကာ နေရခက်စွာပြုံးလိုက်သည်။

" မင်္ဂလာပါ၊ ကျုံးဟိုင်တက္ကသိုလ်က ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူတို့။ ရှန်းပိုင်ထျန်းပါ "

[ အမလေး၊ ရှန်းပိုင်ထျန်းပဲ။ သူမက ဒီနေ့ တကယ်ကို လှနေလိုက်တာ ]

[ ဓာတ်ပုံအရိုက်ခံလူတန်းစားပဲ။ ပုံမှန်ထက်တောင် ပိုလှနေသေးတယ် ]

[ အရင်ကတော့ သူမရုပ်ရည်ကြောင့် ဘယ်လိုမှမနေခဲ့ဖူးပေမယ့် ဒီနေ့တော့ လုံးဝကို ကြွေဆင်းသွားပြီ ]

[ ဒီမိန်းမက ကောင်းကင်မှာရှိနေရမှာလေ။ လူ့ကမ္ဘာမှာ ဘယ်နှစ်ခါလောက် တွေ့နေရမလဲ ]

[ ယဲ့ဖန်ရဲ့ ပျော်ရွှင်မှုကို နားလည်လာပြီထင်တယ် ...... ]

All Chapters