အပိုင်း ၁၈၉-၁၉၂
Vol. 10 Ch. 189-192
အပိုင်း (၁၈၉)
သေနတ်ပြောင်းဝကို သွားရိုက်မိတာနဲ့ အတူတူဘဲမဟုတ်လား။
အခုအစီအစဉ်ကိုကြည့်နေကြတဲ့ ကျုံးဟိုင်ကျောင်းသားကျောင်းသူအများစုက ယဲ့ဖန်ရဲ့ပရိတ်သတ်တွေဖြစ်လာပြီး ယဲ့ဖန်ကို စံပြပုဂ္ဂိုလ်အဖြစ်ထားကြသည်။
ထိုအကောင့်နာမည်နဲ့မှတ်ချက်က ထပ်ထွက်လာတဲ့အခါ ကျောင်းသားကျောင်းသူတို့က တိုက်ခိုက်ကြတော့သည်။
[ ဘဏ္ဍာရေးနှင့်စီးပွားရေးတက္ကသိုလ်က ခွေးကောင်တွေ၊ မျက်စိနောက်တယ်ကွာ။ လစ်ကြစမ်းပါ ]
[ ပေါ်လာရဲသေးတယ်ပေါ့။ ပါမောက္ခကျောက်ယန်ရဲ့အတည်ပြုချက်ကြောင့် ခွေးပြေးဝက်ပြေးပြေးသွားပြီထင်နေတာ ]
[ ကြားဖူးသမျှ အရယ်ရဆုံးဟာသတဲ့လား။ နင့်ကိုနင် ဘယ်သူထင်နေလဲ။ ရယ်သေလေ ]
[ ဘဏ္ဍာရေးနှင့်စီးပွားရေးတက္ကသိုလ်က ခွေးကောင်တွေရဲ့စိတ်ဓာတ်က ဒီလိုတွေလား ]
[ နင်က ဘာမလို့လဲ။ ဘာလုပ်ပိုင်ခွင်နဲ့ ယဲ့ဖန်ကို မေးခွန်းထုတ်နေရတာလဲ ]
[ ............. ]
ကျုံးဟိုင်တက္ကသိုလ်ကကျောင်းသားတွေက သူ့ကို တိုက်ခိုက်နေတာကို ဝမ်ချီရှန်းက မြင်လိုက်တဲ့အခါ သူ့နှုတ်ခမ်းထောင့်က ချက်ချင်း အပေါ်ကိုကွေးတက်သွားသည်။
ထို့နောက် သူက နောက်ထပ်ထိပ်တန်းမှတ်ချက်တစ်ခုကို ချက်ချင်းတင်လိုက်သည်။
[ ငါ့မှာ ဘာအခွင့်အရေးရှိလဲ၊ ဟုတ်လား။ ငါက ကျုံးဟိုင်တိုက်ကွန်းကလပ်ပိုင်ရှင် ဝမ်ထင်းကွမ်းရဲ့သား ဝမ်ချီရှန်းဘဲ။ မင်းတို့မှာ ပြန်ပြီးမေးခွန်းထုတ်ပိုင်ခွင့်ရှိတယ်လို့ ထင်နေလား ]
[ ကျုံးဟိုင်တိုက်ကွန်းကလပ်က ယဲ့ဖန်ဟာမဟုတ်ကြောင်း မင်းတို့ကို တာဝန်ယူပြီး ပြောနိုင်တယ် ]
[ ပြီးတော့ ကျုံးဟိုင်တိုက်ကွန်းကလပ်ရဲ့ရှယ်ယာလွှဲပြောင်းမှုသဘောတူညီချက်စာချုပ်က အတုမလို့ ကျန်တဲ့ကုမ္ပဏီရှယ်ယာတွေကလည်း အစစ်မဟုတ်နိုင်ဘူး။ အဲ့တာကြောင့် ယဲ့ဖန်ရဲ့ အခြားရှယ်ယာလွှဲပြောင်းရေးစာရွက်စာတမ်းတွေကလည်း အတုတွေလို့ သံသယရှိတာ၊ ဖြစ်သင့်တယ်မလား ]
[ ကျုံးဟိုင်တိုက်ကွန်းကလပ်ရဲ့သူဌေးက ဝမ်ထင်းကွမ်းလို့ခေါ်တာလား။ ယဲ့ဖန် မဟုတ်ဘူးလား ]
[ မဖြစ်နိုင်တာ။ စာချုပ်က အဖြူအမည်းနဲ့ရေးထားတာဘဲလေ။ ဘယ်လိုလုပ် အတုဖြစ်နိုင်မှာလဲ ]
[ ဒါပေမဲ့ သူက အဲ့ကလပ်ပိုင်ရှင်ရဲ့သားဆိုရင်တော့ ပြောရခက်သွားပြီ ]
ထိုအချိန်တွင် ဘဏ္ဍာရေးနှင့်စီးပွားရေးတက္ကသိုလ်က ကျောင်းသားတွေက ပြန်တိုက်ခိုက်ကြတော့သည်။
[ ဟားဟားဟား၊ စာချုပ်ပုံးကြီးက အတုကြီး မဟုတ်လား ]
[ သိသားဘဲ။ ပထမနှစ်ကျောင်းသားက ဘယ်လိုလုပ်အဲ့လောက်စာချုပ်တွေအများကြီးပိုင်မှာလဲ ]
[ သရဲလေးက သရဲကြီးနဲ့တွေ့သွားတာဘဲ။ ယဲ့ဖန်က ကျုံးဟိုင်တိုက်ကွန်းကလပ်ရဲ့သူဌေးနဲ့တွေ့မယ်လို့ ထင်ထားမှာမဟုတ်ဘူး ]
[ ကျုံးဟိုင်တက္ကသိုလ်ကကျောင်းသားတွေက အလိမ်အညာတွေချည်းဘဲ ]
[ ကျုံးဟိုင်တက္ကသိုလ်ကခွေးတွေ ဘယ်မှာလဲ။ ဘာလို့ဆက်မဟောင်တော့တာလဲ။ ဟောင်လေ ]
ရုတ်တရက် ဘဏ္ဍာရေးနှင့်စီးပွားရေးတက္ကသိုလ်နှင့် ကျုံးဟိုင်တက္ကသိုလ်တို့၏အခြေအနေက ပြောင်းပြန်ဖြစ်သွားတော့သည်။
ကျုံးဟိုင်တက္ကသိုလ်ကကျောင်းသားတွေက ပြောစရာပျောက်သွားကြသည်။
ရုတ်တရက်ကြီး ကျုံးဟိုင်တိုက်ကွန်းကလပ်ပိုင်ရှင်၏သူဌေးသားက ငြင်းလိုက်မှတော့ သူတို့က ဘာလုပ်နိုင်မှာမလို့လဲ။
ထိုအခါ ဌာနမှူးဖန်းက ထိပ်ဆုံးမှတ်ချက်ရေးလာသည်။
[ ကျောင်းသားဝမ်၊ နားလည်မှုလွဲတာများလား။ ငါကတော့ ရှယ်ယာစာချုပ်တွေက အတုလို့မထင်ဘူး ]
ဝမ်ချီရှန်းက ထိုမှတ်ချက်ကိုမြင်တဲ့အခါ ချက်ချင်းစာပြန်သည်။
[ ဌာနမှူးဖန်း၊ ဌာနမှူးကို အတော်လေးစားပါတယ်။ ဒါပေမဲ့ အမှန်ကိုပြောရမှာပါဘဲ။ အဖေက ကလပ်ကိုရောင်းလိုက်တယ်လို့ မကြားမိဘူး။ ယဲ့ဖန်က အကွက်ဆင်လိမ်နေတာဖြစ်မယ်။ အသေအချာစုံစမ်းပေးပါ ]
[ ယဲ့ဖန်က စာချုပ်တွေအတုလုပ်ပြီး လူတိုင်းကိုလှည့်စားခဲ့တာကြောင့် ကျောင်းကိုတိုင်ကြားစာတင်ရပါမယ်။ ဒါပေမဲ့ ဌာနမှူးက အတည်ပြုပြီးရှင်းလင်းအောင်လုပ်ပေးရပါတယ်။ ပြီးရင် သက်ဆိုင်ရာကို အကြောင်းကြားမှာပါ ]
ဝမ်ချီရှန်းက ထိုမှတ်ချက်ကိုပေးပြီးတဲ့နောက် ဖုန်းကိုထုတ်ပြီး သူ့အဖေကိုခေါ်လိုက်သည်။
ဖုန်းမြည်ပြီးတဲ့နောက် တစ်ဖက်က ဖုန်းကိုင်သည်။
ဝမ်ထင်းကွမ်း၏ပင်ပန်းနေတဲ့အသံက ဖုန်းထဲကနေထွက်လာသည်။
" ရှောင်ရှန်း၊ ဘာကိစ္စလဲ "
ဝမ်ချီရှန်းက ချက်ချင်းအဓိကအချက်ကိုပြောလိုက်သည်။
" အဖေ၊ ကျွန်တော် မေးစရာရှိတယ်။ ယဲ့ဖန်ဆိုတဲ့သူကိုသိလား "
ဝမ်ထင်းကွမ်းရဲ့အသံက အံ့ဩမှုအပြည့်ဖြစ်သွားသည်။
" ဘာလို့မေးတာလဲ "
ဝမ်ချီရှန်းက တိုက်ရိုက်ထုတ်လွှင့်မှုမှာဖြစ်တဲ့အရာကို အကြမ်းဖျင်းပြောပြလိုက်သည်။
" အဲ့ဒီငတုံးက ရှယ်ယာစာချုပ်တွေအတုလုပ်ထားတာလေ။ ကျွန်တော်တို့ကလပ်ကိုတောင်ပိုင်တယ်လုပ်သေးတာ။ သူက သေနတ်ပြောင်းဝမှာရပ်ပြီး စိန်ခေါ်နေတာနဲ့မတူဘူးလား "
သူစကားပြောပြီးတာနဲ့တစ်ဖက်က လုံးဝတိတ်ဆိတ်သွားတော့သည်။
" အဖေ၊ ဖုန်းကျသွားတာလား ....... "
သူ့စကားမဆုံးခင်မှာဘဲ ဝမ်ထင်းကွမ်း၏စိတ်တိုနေတဲ့အသံကထွက်လာသည်။
" ခွေးကောင်၊ မင်း ယဲ့လူကြီးမင်းကို တကယ်ကြီး ပြဿနာရှာခဲ့တာလား။ ငါတို့တစ်မိသားစုလုံးကို သေအောင်သတ်မလို့လားကွ "
ဝမ်ချီရှန်းက သူ့အဖေရဲ့အော်သံကိုကြားလိုက်တဲ့အခါ တော်တော်လေးလန့်သွားသည်။
" အဖေ၊ ဘာတွေဖြစ်နေတာလဲ။ အဲ့ဒီယဲ့ဖန်က ...... တကယ်ကြီးကျွန်တော်တို့ကလပ်ကိုဝယ်လိုက်တာလား "
ဝမ်ထင်းကွမ်းက စိတ်ထဲကဒေါသကို မနည်းထိန်းချုပ်လိုက်ရသည်။
" ဟိုတလောတုန်းက ရင်းနှီးမြှုပ်နှံမှုတစ်ခုအရှုံးပေါ်သွားလို့ ယဲ့လူကြီးမင်းဆီကို ပိုင်ဆိုင်မှုလွှဲပြောင်းလိုက်ရတာ။ မပြောခဲ့ဘူးဆိုတာက စိတ်မပူစေချင်လို့ ..... "
ဝမ်ချီရှန်၏မျက်လုံးက မယုံနိုင်မှုကြောင့် ပြူးကျယ်သွားရသည်။
" အဲ့တာဆို ...... ကျန်တဲ့ရှယ်ယာပိုင်ဆိုင်မှုတွေကရော အစစ်တွေလား "
ထိုသို့ပြောပြီးတာနဲ့ ဝမ်ထင်းကွမ်းရဲ့ဒေါသက တစ်ဖန်ပြန်ထွက်လာတော့သည်။
" အဲ့လိုပြောရဲသေးတာလား။ မြန်မြန် ယဲ့လူကြီးမင်းကို တရားဝင်တောင်းပန်လိုက် "
ဝမ်ချီရှန်းက နည်းနည်းတွန့်ဆုတ်နေသည်။
" အဖေ၊ မတောင်းပန်လို့မရဘူးလား "
သူ့အဖေက သူ့ကို လူတွေအများကြီးရှေ့၊ အထူးသဖြင့် ကျုံးဟိုင်တက္ကသိုလ်ကျောင်းသားတွေအရှေ့မှာ တောင်းပန်စေချင်နေတာလား။
သူ အရှက်ကွဲ မျက်နှာပျက်ရမှာဖြစ်သည်။
သူ့စကားကြောင့် ဝမ်ထင်းကွမ်းက ဒေါသငယ်ထိပ်ရောက်သွားသည်။
" မကောင်းတဲ့ခွေးကောင်၊ မင်းသေချင်ရင်တောင် မင်းအမေနဲ့ငါ့ကို ဆွဲမချနဲ့ "
" ယဲ့လူကြီးမင်းက ဘယ်သူလဲဆိုတာ မင်းသိလား "
" မြန်မြန်သွားတောင်းပန်လိုက်။ အခုချက်ချင်း။ဂချက်ချင်းတောင်းပန်ဂ"
ဝမ်ချီရှန်းက အနည်းငယ်အံ့ဩသွားသည်။
" ယဲ့ဖန်က ပထမနှစ်တင်ဘဲ မဟုတ်ဘူးလား "
ဝမ်ထင်းကွမ်းက အတတ်နိုင်ဆုံး အသံထိန်းပြောနေရသည်။
" ယဲ့လူကြီးမင်းက ငါတို့ကလပ်ကိုဝယ်တော့ သူ့နောက်ကြောင်းနည်းနည်းစုံစမ်းလိုက်တယ်။ သူ့ဝင်ငွေက ဘီလီယံနဲ့ချီတဲ့အပြင် သူက လူနှစ်ယောက်နဲ့လည်း အနီးကပ်ပတ်သက်နေတယ် "
ဝမ်ချီရှန်းက အနည်းငယ်နားမလည်ဖြစ်သွားသည်။
" ဘယ်နှစ်ယောက်လဲ "
" ရှန်းကွမ်းလင်းနဲ့ ထန်းပေါဟုန် "
ဝမ်ထင်းကွမ်းက နာမည်နှစ်ခုကို ဖြည်းဖြည်းချင်းပြောလာသည်။
ထိုနာမည်နှစ်ခုကို ဝမ်ချီရှန်ကကြားတဲ့အခါ ခေါင်းတစ်ခုလုံးထုံသွားသလိုခံစားရပြီး တစ်ကိုယ်လုံးကြက်သီးတွေထလာသည်။
ထို့နောက် မျက်နှာက သွေးမရှိတော့သလိုဖြူဖျော့သွားပြီး မြေပေါ်လဲကျသွားတော့သည်။
အပိုင်း (၁၉၀)
ထုံထိုင်းသွားတဲ့ဦးခေါင်း။
ကျုံးဟိုင်မြို့တွင် အဆက်အသွယ်ရှိသူအားလုံးက ရှန်းကွမ်းလင်းနှင့် ထန်းပေါဟုန်တို့၏နာမည်ကို မကြားဖူးတဲ့သူမရှိပေ။
ရှန်းကွမ်းလင်းသည် အောက်ခြေမှစတင်ခဲ့သူဖြစ်ပြီး ရှန်းမိသားစုကို တည်ထောင်ခဲ့သည်။ ကျုံးဟိုင်မြို့၏စီးပွားရေးလောကမှာတည်ရှိနေတာ နှစ်ပေါင်းဆယ်ချီနေပြီဖြစ်သည်။ အခု သူက ကျုံးဟိုင်မြို့၏အချမ်းသာဆုံးမိသားစုတွေထဲကတစ်ခုဖြစ်သည်။
သူ့ကြွယ်ဝမှုက လန့်စရာကောင်းရုံသာမက သူ့အင်အားကလည်း ယှဉ်လို့မရအောင်ကြီးမားသည်။
ရှန်းကွမ်းလင်းခြေချလိုက်တာနဲ့ ကျုံးဟိုင်မြို့ကနေရာတိုင်းရဲ့မြေလှုပ်ခတ်သွားတယ်လို့ပြောရင်တောင် လွန်ရာကျမည်မဟုတ်ပေ။
ထန်းပေါဟုန်ကလည်း ပြောဖို့တောင်မလိုပေ။
နေရာတိုင်းမှာ မျက်စိတွေနားတွေရှိသူတစ်ယောက်ဖြစ်ပြီး အစိုးရပိုင်းမှာလည်း ထိပ်သီးတွေနဲ့ နက်နဲတဲ့ဆက်ဆံရေးရှိသူဖြစ်သည်။
သာမန်လူတွေရဲ့အမြင်မှာတော့ ဝမ်မိသားစုက အထင်ကြီးစရာကောင်းနေပေမဲ့ ထိုထိပ်တန်းအဆင့်ရှိမိသားစုကြီးနှစ်ခုနဲ့ယှဉ်ပါက ခြေမှုန်တောင်မမှီပေ။
သူတို့က ဝမ်မိသားစုကို အမြစ်ဖြတ်လိုက်ချင်ပါက လက်ချောင်းလေးတောင်လှုပ်စရာမလိုဘဲလုပ်နိုင်မှာဖြစ်သည်။
ထို့ကြောင့် ယဲ့ဖန်က ထိုနှစ်ယောက်နဲ့ ရင်းနှီးတယ်ဆိုတဲ့အကြောင်းသိလိုက်ရတဲ့အခါ ဝမ်ချီရှန်း သေးထွက်မတတ်ကြောက်သွားသည်။
" အဖေ ....... ကျွန်တော် ယဲ့ဖ ..... ယဲ့လူကြီးမင်းကို တောင်းပန်လိုက်ပါ့မယ် "
ဝမ်ချီရှန်းက ဖုန်းချလိုက်တဲ့အခါ ခန္ဓာကိုယ်ကတုန်လှုပ်နေပြီး ဖုန်းကိုတောင် ကောင်းကောင်းမကိုင်နိုင်ပေ၊
သူ့သူငယ်ချင်းက စိတ်ပူစွာဖြင့်လာမေးသည်။
" ချီရှန်း၊ မင်း အဆင်ပြေလား "
" ငါ ...... ငါ ပြေတယ် "
ဝမ်ချီရှန်း၏မျက်နှာက ဖြူဖျော့လျက် လက်တွေကလည်းတုန်လှုပ်စွာ ကီးဘုတ်မှ စာတစ်ချို့ရိုက်နေသည်။
ထိုအချိန်တွင် ဘဏ္ဍာရေးဘဏ္ဍာရေးနှင့်စီးပွားရေးတက္ကသိုလ်မှ ကျောင်းသားများက ကျုံးဟိုင်တက္ကသိုလ်ကို တိုက်ခိုက်နေကြဆဲဖြစ်သည်။
[ ကျုံးဟိုင်တက္ကသိုလ်ကခွေးတွေ၊ မင်းတို့လည်ပင်းကို သခင်လေးဝမ်က ကြိုးတပ်ပေးလိမ့်မယ်။ စောင့်နေလိုက်ကြ ]
[ သခင်လေးဝမ်၊ အရမ်းမိုက်တာဘဲ။ ကျုံးဟိုင်တက္ကသိုလ်ကကောင်တွေကို လုံးဝသက်ညှာမပေးနဲ့ ]
[ ငါသာ ကျုံးဟိုင်တက္ကသိုလ်ကကျောင်းသားဆိုရင် ဘဏ္ဍာရေးဘဏ္ဍာရေးနှင့်စီးပွားရေးတက္ကသိုလ်ကကျောင်းသားတွေနဲ့တွေ့လို့ကတော့ ခေါင်းဖော်ရဲမှာတောင်မဟုတ်ဘူး ]
[ ကျုံးဟိုင်တက္ကသိုလ်ကကောင်တွေ ငါတို့ကိုရိုင်းတယ်မပြောနဲ့။ မင်းတို့အပြစ်တင်ချင်ရင် ယဲ့ဖန်ကိုပြော။ သူက မင်းတို့ကို မျက်နှာပျက်အောင်လုပ်ခဲ့တဲ့သူဘဲ ]
[ သခင်လေးဝမ်က သူ့အဖေကိုမေးပြီးတာနဲ့ မင်းတို့ကျုံးဟိုင်တက္ကသိုလ်ကဟာတွေ ဘယ်လောက်အရှက်ကွဲလဲဆိုတာသိစေရမယ် ]
ဖန်းကူးနန်၊ ကျောက်ယန်နှင့် ကျုံးဟိုင်တက္ကသိုလ်ကျောင်းသားများက ဘဏ္ဍာရေးဘဏ္ဍာရေးနှင့်စီးပွားရေးတက္ကသိုလ်ရဲ့ကျောင်းသားတွေတိုက်ခိုက်မှုကို အကြီးအကျယ်ခံနေရသည်။
တစ်ဖက်သူဘက်က လက်ပူးလက်ကြပ်မိသွားတာကို ခံလိုက်ရလေသည်။
အဖြေကပေါ်နေပြီဖြစ်တာကြောင့် ဘာမှပြန်မပြောနိုင်ကြပေ။
ဝမ်ချီရှန်း၏အတည်ပြုရလဒ်ကို အားလုံးကစောင့်နေကြဆဲမှာဘဲ ထိပ်ဆုံးမှတ်ချက်တစ်ခုက ရုတ်တရက်တက်လာသည်။
[ ငါ့အဖေကိုမေးပြီး သိခဲ့ရပါပြီ။ ယဲ့ဖန်လူကြီးမင်းက တကယ်ဘဲ ငါတို့ကျုံးဟိုင်တိုက်ကွန်းကလပ်ကိုဝယ်သွားခဲ့တာပါ ]
ထိုမှတ်ချက်ပေါ်လာတာနဲ့ အားလုံးတိတ်ဆိတ်သွားကြတော့သည်။
အတော်ကြာတိတ်ဆိတ်ပြီးတဲ့နောက်မှာတော့ ပေါက်ကွဲမှုကြီးတစ်ခုဖြစ်လာသည်။
အဖိနှိပ်ခံထားရတဲ့ကျုံးဟိုင်တက္ကသိုလ်ကျောင်းသားတွေက မီးတောင်ပေါက်ကွဲထွက်သလို ဒေါသထွက်သွားကြသည်။
[ ဟားဟားဟား၊ လတ်ဆတ်သွားတာဘဲ။ ပါးရိုက်ခံလိုက်ရတဲ့ခံစားချက်က ဘယ်လိုလဲ ]
[ သူဌေးကြီးရဲ့သားတောင် ပါးရိုက်ခံလိုက်ရတာဘဲ။ နတ်ဘုရားယဲ့ကတော့ အမှိုက်စားဘဲ ]
[ ဟုတ်တယ်၊ ယဲ့ဖန်က ဒီကရှေ့လျှောက် ငါတို့နှလုံးသားထဲက နတ်ဘုရားဘဲ။ နတ်ဘုရားယဲ့က အံ့ဩစရာကောင်းလိုက်တာ ]
[ ဘဏ္ဍာရေးဘဏ္ဍာရေးနှင့်စီးပွားရေးတက္ကသိုလ်ကခွေးတွေ မျက်လုံးကိုဖွင့်ပြီးကြည့်လိုက် ဘယ်သူက ပါးရိုက်ခံရလဲဆိုတာကို ]
[ သေချင်ယောင်ဆောင်မနေကြနဲ့။ ထွက်လာကြစမ်းပါ၊ ပျော်ပျော်နေကြမယ်လေ ]
[ ဘာလို့ ဘာမှမပြောကြတာလဲ။ ဆွံ့အနေတာလား။ ကန်းနေတာလား ]
ထိုအချိန်တွင် ဝမ်ချီရှန်းက မှတ်ချက်ထပ်ရေးသည်။
[ ယဲ့ဖန်လူကြီးမင်းကို တကယ်ဘဲတောင်းပန်ပါတယ်။ ဒီကိစ္စမှာ ကျွန်တော်မှားသွားပါတယ်။ ယဲ့ဖန်လူကြီးမင်းက ကျွန်တော့်ရဲ့ရူးမိုက်တဲ့အမူအရာကို ခွင့်လွှတ်ပေးဖို့မျှော်လင့်ပါတယ် ]
[ ယဲ့ဖန်လူကြီးမင်းက ယဲ့လူကြီးမင်းနဲ့ ကျုံးဟိုင်တက္ကသိုလ်ရဲ့ပုံရိပ်ကို ထိခိုက်စေတဲ့အတွက် ခွင့်လွှတ်ဖို့ ငြင်းဆန်မယ်ဆိုရင် ကျုံးဟိုင်တက္ကသိုလ်အပေါက်ဝမှာ သုံးရက်သုံးညလာပြီးဒူးထောက်တောင်းပန်ပါ့မယ် ]
[ ပြီးတော့ ယဲ့ဖန်လူကြီးမင်းက ကျွန်တော့်ရဲ့အဖေကို အပြစ်မတင်ဖို့မျှော်လင့်ပါတယ်။ ကျွန်တော့်အဖေက ဘာမှမသိပါဘူး။ ဒါက ကျွန်တော့်အပြစ်မလို့ အပြစ်ရဲ့အကျိုးဆက်အားလုံးကို ကျွန်တော်ဘဲခံယူပါ့မယ် ]
ထိုတောင်းပန်စာမှတ်ချက်သုံးခုတက်လာပြီးတဲ့နောက် ကြည့်ရှုသူတွေရော ထုတ်လွှင့်သူတွေပါ အံ့အားသင့်သွားရသည်။
[ ဘုရားရေ၊ တောင်းပန်စာကြီးက ကြောက်စရာမကောင်းလွန်းဘူးလား။ သုံးရက်သုံးညတောင် ဒူးထောက်တောင်းပန်မှာတဲ့။ အဲ့လောက်ကြီးထိ မလိုဘူးလေ၊ ဟုတ်တယ်မလား ]
[ ခေါင်းတွေတောင်မူးလာပြီ ]
[ ဒါပေမဲ့ ....... ]
[ သခင်လေးဝမ်ဆိုတဲ့တစ်ယောက်က ယဲ့ဖန်ကို ဘယ်လောက်ကြောက်လဲဆိုတာ သူ့စကားတွေကနေ သတိထားမိလား ]
[ ဟုတ်တယ်၊ အထူးသဖြင့် နောက်ဆုံးနေရာဘဲ။ သူ့အဖေကိုအပြစ်မတင်ဘဲ သူကဘဲ အကျိုးဆက်တွေအားလုံးကို ခံယူသွားပါမယ်တဲ့ ]
[ ဘာလို့ လူဆိုးဂိုဏ်းကားကြည့်နေတယ်လို့ ခံစားရတာပါလိမ့်။ ယဲ့ဖန်က ဂိုဏ်းရဲ့ခေါင်းကိုင်ဖခင်ကြီးလေ။ အခြားသူတွေရဲ့ သေခြင်းရှင်ခြင်းကို ထိန်းချုပ်နိုင်တဲ့သူပေါ့ ]
[ အမှန်ဘဲ၊ ငါ့ခေါင်းတွေတောင်ကြိမ်းလာပြီ။ ယဲ့ဖန်က .......တကယ်ကြီးအဲ့လိုကြောက်စရာကောင်းတာလား ]
[ ဒီ ဝမ်ချီရှန်းဆိုတဲ့တစ်ယောက်က အရမ်းချမ်းသာတဲ့သူဌေးသားဆိုပေမဲ့ သူက ယဲ့ဖန်ကိုတောင်ကြောက်ရမှတော့ ယဲ့ဖန် ဘယ်လောက်အင်အားရှိလဲဆိုတာ သိနိုင်တာဘဲ ]
[ မင်းတို့ကလည်း အဲ့လောက်ကြီးကျမလွန်ဘူးလား။ ဘာဘဲဖြစ်ဖြစ် ယဲ့ဖန်က ပထမနှစ်လေ။ သူ့ကို ဘာလို့
လူမိုက်ဂိုဏ်းခေါင်းဆောင်လိုကြီးပြောနေကြတာလဲ ]
[ ပုံမှန်ပထမနှစ်ကျောင်းသားတစ်ယောက်က လူချမ်းသာရဲ့သားတစ်ယောက်ကို တရားဝင်တောင်းပန်ပြီး သူ့မိသားစုကိုပါ အလွှတ်ပေးဖို့ပြောတာ သာမန်ဖြစ်ပါ့မလား ]
[ ယဲ့ဖန်က လှေလှံနှစ်ဖက်နင်းနိုင်တာ မထူးဆန်းတော့ပါဘူး။ သူ့အရည်အချင်းနဲ့သာဆို ရှစ်ဖက်လောက်နင်းလည်း ပြဿနာရှိမှာမဟုတ်ဘူး ]
[ ငါသိသားဘဲ။ ရှန်းပိုင်ထျန်းက အမြင်ရှိတယ်ဆိုတာသိသားဘဲ၊ ဘယ်လိုလုပ် ယောက်ျားတစ်ယောက်ကို အခြားမိန်းမနဲ့မျှမှာလဲ။ ယဲ့ဖန်က ဒီလောက်အင်အားကြီးမှန်းမသိခဲ့ဘူး ]
[ ငါသာဆိုလည်း အကြိမ်တစ်ရာမက လက်ခံမိမှာဘဲ ]
[ နင်ဆန္ဒရှိရင်တောင် ယဲ့ဖန်ကတော့ ဆန္ဒမရှိဘူးတဲ့။ အဲ့လိုဖြစ်ဖို့ဆို ရှန်းပိုင်ထျန်းလိုလှမှဖြစ်မှာပေါ့ ]
ကြည့်ရှုသူတွေတင်မဟုတ်ဘဲ ထုတ်လွှင့်နေသူတွေပါ ထိတ်လန့်ကုန်ကြသည်။
ယဲ့ဖန်က ဘယ်လောက်တောင်အံ့ဩစရာကောင်းလဲ။
ကျန်းချန်ဟန်က ရှန်းပိုင်ထျန်းကို လှည့်ကြည့်လိုက်သည်။
" ပိုင်ထျန်း၊ ယဲ့ဖန်မှာ ဖွက်ထားတဲ့ ဘယ်လိုနိုင်ဖဲတွေရှိသေးလဲ "
ရှန်းပိုင်ထျန်းကလည်း သူတို့ထက်မနည်းထိတ်လန့်နေသည်။
တကယ်တော့ သူမလည်း စာရွက်စာတမ်းတွေကိုတွေ့တဲ့အခါ လူတိုင်းလိုဘဲ အံ့ဩနေရသည်။
ယဲ့ဖန်က ဒီအကြောင်းတွေ သူမကို မပြောဖူးပေ။
သူ့မှာ ဒီလောက်ကြီးမားတဲ့ကြွယ်ဝမှုရှိနေပြီး ဘာမှမပြောဘဲ လျှိုထားမယ်ဟု ထင်မထားချေ။
တစ်ချိန်တည်းမှာဘဲ စိတ်ထဲမှာ တစ်မျိုးတမည်နေရခက်လာသည်။
ယဲ့ဖန်နှင့်ယှဉ်ပါက သူမက အတော်လေးအသုံးမကျဖြစ်နေသည်။
သူမရဲ့မိသားစုနောက်ခံကို ဖယ်လိုက်ပါက သူမမှာ ဘာမှမကျန်ပေ။
ယဲ့ဖန်က သူမ မျှော်သာကြည့်နိုင်တဲ့အရာတွေကို ပိုင်ဆိုင်နေပြီဖြစ်သည်။
သူမသာ အလုပ်မကြိုးစားပါက ယဲ့ဖန်၏နောက်တွင် ကျန်နေခဲ့မည်ဖြစ်သည်။
သူမလည်း ကြိုးစားရတော့မည်ဖြစ်သည်။
ထိုအခါမှသာ ယဲ့ဖန်ရဲ့အရှိန်ကို မီရုံလေးလိုက်နိုင်မှာဖြစ်သည်။
အပိုင်း (၁၉၁)
ဘီလီယံဆယ်ချီဝင်ငွေရှိတဲ့ ပထမနှစ်တက္ကသိုလ်ကျောင်းသား။
[ ကျောင်းသားယဲ့ဖန်က ငါတွေ့ဖူးသမျှထဲ အတော်ဆုံး၊ အရည်အချင်းအရှိဆုံးစီးပွားရေးသမားဘဲ။ သူသာ ကျုံးဟိုင်တက္ကသိုလ်ရဲ့စီးပွားရေးကျောင်းကိုလာမယ်ဆို လေ့ကျင့်ပေးဖို့ ငါအကောင်းဆုံးလုပ်ပေးသွားမှာ ]
ကြည့်ရှုသူတွေက ရှယ်ယာလွှဲပြောင်းရေးစာချုပ်တွေအကြောင်းနှင့် ဝမ်ချီရှန်းရဲ့တောင်းပန်မှုကိုပြောနေကြစဉ်မှာဘဲ ပါမောက္ခကျောက်ယန်က ရုတ်တရတ်မှတ်ချက်တစ်ခုပေးလိုက်သည်။
မှတ်ချက်ထဲတွင် သူမက ယဲ့ဖန်ကို အထင်ကြီးနေကြောင်းလည်း ရေးသားဖော်ပြထားသည်။
စံအိမ်(၁)ထဲက မြောင်ချန်းချန်းကတော့ ကျောက်ယန်ရဲ့စကားလုံးတွေကြောင့် စိတ်ထဲမှာ အနည်းငယ်မနာလိုဖြစ်သွားရသည်။
သူမက စီးပွားရေးကျောင်းရဲ့ထိပ်ဆုံးဉာဏ်ကြီးရှင်ဖြစ်ပြီး ကျောက်ယန်ရဲ့အချစ်ဆုံးတပည့်ဖြစ်သည်။
ဒါပေမဲ့ အခုမှာတော့ ယဲ့ဖန်ပေါ်ထွက်လာမှုကြောင့် သူမရဲ့ဆရာမက တပည့်သစ်ရသွားတော့မှာဖြစ်သည်။
သို့ပေမဲ့ ယဲ့ဖန်ရဲ့အောင်မြင်မှုတွေအကြောင်းတွေးမိတဲ့အခါ သူမ စိတ်မညစ်တော့ပေ။
ဘယ်လိုဘဲဖြစ်ဖြစ် ဒီလိုရှယ်ယာစာချုပ်တွေနဲ့ ပိုင်ဆိုင်မှုတွေအများကြီးရှိနေမှတော့ ယဲ့ဖန်၏စီးပွားရေးပညာအရည်အချင်းက မေးခွန်းထုတ်စရာမလိုအောင် ပြောင်မြောက်နေပြီးသားဖြစ်သည်။
ကျုံးဟိုင်တက္ကသိုလ်မှာတင်မပြောနဲ့ တစ်နိုင်ငံလုံးကကျောင်းသားတွေထဲမှာတောင် ဒီလိုအောင်မြင်မှုမျိုးတွေရထားတဲ့သူ ဘယ်နှစ်ယောက်များရှိလို့လဲ။
ကျောက်ယန်ရဲ့မှတ်ချက်ပြီးတဲ့နောက် ဌာနမှူးဖန်းကူးနန်ကလည်း နောက်ထပ်ထိပ်ဆုံးမှတ်ချက်တစ်ခုကို ရေးတင်လိုက်သည်။
[ ယဲ့ဖန်လို လူငယ်ပညာရှင်လေးက ကျုံးဟိုင်ကကျောင်းသားတွေအတွက် စံပြပုဂ္ဂိုလ်ဖြစ်သင့်တယ်။ ယဲ့ဖန်ကို နမူနာထားပြီး သူ့ဆီကသင်ယူနိုင်ဖို့ ကျောင်းကိုလျှောက်ထားကြည့်လိုက်မယ် ]
ထိုမှတ်ချက်နှစ်ခုကြောင့် ကြည့်ရှုသူတွေက ထပ်ပြီးပွဲဆူသွားပြန်သည်။
[ ပါမောက္ခကျောက်ယန်က ယဲ့ဖန်အတွက် အတန်းသီးသန့်စီစဉ်ပေးမလို့လား။ ငါ အိပ်မက်မက်နေတော့ မဟုတ်ဘူးလို့ ပြောပေးကြစမ်းပါ ]
[ အမှန်ဘဲ၊ ပါမောက္ခကျောက်ယန်လိုလူကတောင် ဖိတ်ခေါ်ခံရမှတော့ ယဲ့ဖန်က အရမ်းကိုထူးချွန်တဲ့သူဖြစ်ရမယ် ]
[ စီနီယာမြောင်ချန်းချန်းကတော့ တုန်လှုပ်နေလောက်ပြီ ]
[ ယဲ့ဖန်ရောက်လာမှတော့ သူမရဲ့ စီးပွားရေးကျောင်းကဉာဏ်ကြီးရှင်ဆိုတဲ့ဂုဏ်ပုဒ်က အစားထိုးခံရတော့မှာလေ ]
[ ယဲ့ဖန်၊ ငါတို့ စီးပွားရေးကျောင်းကိုမလာပါနဲ့။ ငါတို့ရဲ့စီနီယာမြောင်က သူ့ဆွဲဆောင်မှုမှာမြောပါသွားမှာစိုးရိမ်လို့ပါ ]
[ သူက ငါတို့စီးပွားရေးဌာနက တစ်ဦးတည်းသောအလှလေးကွ။ သူမကိုတော့ချန်ထားပေးပါကွာ ]
[ ဌာနမှူးဖန်းရဲ့မှတ်ချက်က ပိုတောင်ကြောက်စရာကောင်းသေးတယ်။ သူက ယဲ့ဖန်ကို လက်ထောက်သင်ကြားရေးမှူးလုပ်ခိုင်းပြီး ငါတို့ကိုသင်ခိုင်းတော့မလို့လား ]
[ ဘာဖြစ်လဲ။ ယဲ့ဖန်က ငယ်ငယ်လေးနဲ့ ဒါတွေရထားတာလေ။ သင်ယူဖို့ထိုက်တန်တယ်မဟုတ်ဘူးလား ]
[ ဟားဟားဟား၊ သင်ချင်တာပေါ့ဟိတ်ကောင်ရ။ ပြဿနာက ငါသင်နိုင်ပါ့မလားဆိုတာဘဲဟေး ]
[ ဘာလို့မသင်နိုင်ရမှာလဲ။ ယဲ့ဖန်ကလည်းလူ၊ ငါတို့လည်းလူဘဲလေ။ သူတောင်လုပ်နိုင်မှတော့ ငါတို့လည်းသေချာပေါက်လုပ်နိုင်တာပေါ့။ ကမ္ဘာကြီးမှာ မဖြစ်နိုင်တာဆိုတာမရှိဘူး။ လုပ်ရဲတဲ့သတ္တိမရှိတာကြောင့်ဘဲ မဖြစ်သေးတာ ]
[ မင်းကတော့ စာအဖတ်လွန်နေတာဘဲဖြစ်ရမယ်။ ငါတို့အကုန်လုံးက လူတွေဖြစ်နေရင်တောင်မှ တစ်ခါတလေ လူတွေကြားမှာ နတ်ဘုရားအဆင့်လိုလူတွေရှိနေတတ်တာက ကွာခြားချက်ဘဲ။ သူက အငယသက်၂၀ မှာ ဘီလီယံနဲ့ချီပိုင်ဆိုင်နေပြီ။ မင်းကတော့ တစ်သက်လုံးနေမှ သန်းချီပိုင်ရင်တောင် တော်တော်လေးကောင်းတယ်ပြောရမယ် ]
[ မင်းပြောတာမှန်တယ်။ ငါတော့ပြောစရာစကားပျောက်သွားပြီ ]
[ ရှန်းပိုင်ထျန်းကို ငါနားလည်နိုင်သွားပြီ။ ဘယ်လိုမိန်းမမျိုးက ယဲ့ဖန်ကို မကြိုက်ဘဲနေနိုင်မှာလဲ ]
[ ထူးချွန်တဲ့ယောက်ျားမျိုးက ရှားပါးသယဇာတဘဲ။ သေချာပေါက် မိန်းကလေးတွေက သူ့ကိုရဖို့ပြိုင်ကြမှာ။ ရှန်းပိုင်ထျန်းလုပ်တာ မမှားဘူးလို့ငါထင်တယ် ]
[ ငါက ရှန်းပိုင်ထျန်းလောက်မလှတာ နှမြောစရာဘဲ။ ယဲ့ဖန်က ငါ့လိုလူကိုစိတ်ဝင်စားမှာမဟုတ်လောက်ဘူး။ သူ့ကောင်မလေးက ငါဖြစ်သင့်တာ ]
[ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိစမ်းပါ။ 'ဖြစ်သင့်တာ'မဟုတ်ဘူး။ 'လုံးဝကိုမဖြစ်နိုင်တာ'ဆိုတဲ့စကားလုံးကိုသုံး ]
[ ........... ]
ကြည့်ရှုသူ၊ ထုတ်လွှင့်သူ အားလုံးက စိတ်ထဲတစ်မျိုးတမည်ခံစားနေကြရသည်။
ယဲ့ဖန်က ငယ်ငယ်လေးနဲ့ ငွေကြေးများစွာပိုင်ဆိုင်နေသူဖြစ်သည်။
သူသာ သင်ကြားရေးလက်ထောက်ဖြစ်လာမယ်ဆိုရင်လည်း ကျုံးဟိုင်တက္ကသိုလ်ရဲ့သမိုင်းဝင်ဖြစ်လာပြီး ဂျူနီယာညီလေး၊ ညီမလေးတွေတိုင်းက သူ့ကို လေးစားကြလိမ့်မည်။
ထိူအတွေးက သူတို့ကို အနည်းငယ် မနာလိုဖြစ်စေသည်။
သို့ပေမဲ့ သူတို့ မနာလိုလို့ရတဲ့အနေအထားမဟုတ်မှန်း လူတိုင်းက သေချာသိသည်။
စစ်မှန်တဲ့ဉာဏ်ကြီးရှင်တွေကို အားကျရုံသာတတ်နိုင်သည်။
သူတို့က အဆင့်အတန်းတစ်ခုတည်းမှာရှိနေကြတဲ့သူတွေမဟုတ်ပေ။
ကျန်းချန်းဟန်က ကင်မရာရှေ့မှာရပ်ပြီး အားလုံးကို အကျဉ်းချုပ်ပြောသည်။
" ကောင်းပြီ၊ ဒီနေ့အစီအစဉ်ကို နိဂုံးချုပ်ကြရအောင်။ ဒီနေ့ ဘာတွေတွေ့ခဲ့လဲဆိုတော့ ....... "
" အရင်ဆုံး ကျွန်မတို့ ယဲ့ဖန်ရဲ့အိမ်ရှေ့မှာ တော်ဝင်ကျောက်စိမ်းတုံးကြီးကိုတွေ့ခဲ့ပါတယ်။ အဲ့တာကို ယွမ်သန်း ၆၀၀လို့ ဈေးခေါ်ခဲ့ကြပါတယ် "
" အိမ်ပိုင်ဆိုင်မှုစာချုပ်တွေလည်းတွေ့ခဲ့သေးပါတယ်။ တစ်ချို့ကန့်သတ်ချက်တွေကြောင့် တန်ဖိုးအတိအကျကိုတွက်လို့မရပေမဲ့ အနည်းဆုံးတော့ ၃ ဘီလီယံလောက်ရှိမယ်လို့ထင်ရပါတယ် "
" ရှယ်ယာလွှဲပြောင်းရေးစာချုပ်တွေကတော့ လျှို့ဝှက်လွှဲပြောင်းရေးတွေဖြစ်တာကြောင့် ရှယ်ယာရာခိုင်နှုန်းအတိအကျကို ဖော်ပြပေးလို့မရပေမဲ့ စုစုပေါင်းတန်ဖိုးက ၆ဘီလီယံ ၊ ၇ဘီလီယံဝန်းကျင်လောက်လို့ တွက်ချက်ရရှိပါတယ် ...... "
ကျန်းချန်းဟန်က ယဲ့ဖန်ရဲ့ပိုင်ဆိုင်မှုတွေကို တွက်ပြနေချိန်တွင် တစ်ဖက်မှ ကျောက်ယန်နှင့် ဖန်းကူးနန်တို့က ကျောင်းအုပ်ကြီးရုံးခန်းသို့ရောက်လာကြသည်။
ထိုအချိန်တွင် ကျောင်းအုပ်ကြီးဟူဒုန်းဟိုင်က သူ့စားပွဲမှာ အလုပ်လုပ်နေတာဖြစ်သည်။
သူတို့နှစ်ယောက်အတူဝင်လာတာကိုတွေ့တဲ့အခါ ဟူဒုန်းဟိုင်က အံ့ဩသွားသည်။
" မင်းတို့နှစ်ယောက်က ပုံမှန်ဆို ရှုပ်ယှက်ခတ်နေပြီး တွေ့ဖို့တောင်မလွယ်တာ။ ဒီနေ့တော့ နှစ်ယောက်လုံးတစ်ပြိုင်နက်တည်းရောက်လာကြပါလား။ နေက အနောက်ကနေ ထွက်လာလို့များလား "
ကျောင်းအုပ်ကြီးဟူ၏စနောက်သည့်စကားကြောင့် ဖန်းကူးနန်နှင့် ကျောက်ယန်တို့က အချင်းချင်းကြည့်ပြီး ပြုံးလိုက်ကြသည်။
" ကျောင်းအုပ်ကြီး၊ ဒီနေ့လာတာက တင်ပြစရာလေးရှိလို့ပါ "
ဖန်းကူးနန်က ချက်ချင်း အဓိကအကြောင်းအရာကို ပြောလိုက်သည်။
" အို၊ မင်းတို့နှစ်ယောက်လုံးကို ပျာယာစေတာ ဘာများဖြစ်နိုင်မလဲ "
ဟူဒုန်းဟိုင်က အနည်းငယ်သိချင်စိတ်ပြင်းပြသွားသည်။
" ဌာနမှူးဖန်းနဲ့ကျွန်မနဲ့က 'ထူးဆန်းထွေလာကျောင်းသားကမ္ဘာ'အစီအစဉ်ကိုကြည့်နေရင်း အရမ်းထူးချွန်တဲ့ကျောင်းသားတစ်ယောက်ကို ရှာတွေ့သွားလို့ပါ "
ကျောက်ယန်က အရင်ဖြေလိုက်သည်။
" 'ထူးဆန်းထွေလာကျောင်းသားကမ္ဘာ' အစီအစဉ်လား။ အဲ့တာက ငါတို့ကျောင်းရဲ့ သတင်းစာနဲ့ဂျာနယ်ဌာနကလုပ်တဲ့ ထုတ်လွှင့်မှုအစီအစဉ်မလား "
ထိုနာမည်ကိုကြားတဲ့အခါ ကျောင်းအုပ်ကြီးဟူက သူတို့ပြောမည့်စကားကို စိတ်မဝင်စားတော့ပေ။
ထိုအစီအစဉ်ကို သူသိသည်။ ဂျာနယ်ဌာနကကျောင်းသားတွေဖန်တီးထားတဲ့ တက္ကသိုလ်ကျောင်းသားတစ်ချို့ရဲ့ထူးဆန်းတဲ့ဘဝကို ရိုက်ပြတာဖြစ်သည်။
ထိုအစီအစဉ် စတင်ရိုက်ကူးတုန်းက သူသွားကြည့်ခဲ့သေးသည်။
အစီအစဉ်က ဖန်တီးထားမှုကောင်းမွန်ပေမဲ့ ဘာမှအကျိုးမရှိပေ။ အလွန်ဆုံးမှ ကျောင်းသားတွေကို အပျင်းပြေစေတာလောက်သာရှိမည်။
သို့ပေမဲ့ အစီအစဉ်က အကျိုးမရှိသလို ဆိုးကျိုးလည်းမရှိတာကြောင့် ဟူဒုန်းဟိုင်လွှတ်ထားလိုက်သည်။
ဒီလိုသာမန်ရှာဖွေရေးအစီအစဉ်က ဘယ်လိုတန်ဖိုးရှိတဲ့ကျောင်းသားတွေကိုရှာနိုင်မှာမလို့လဲ။
ဖန်းကူးနန်က ကျောင်းအုပ်ကြီး၏စိတ်မဝင်စားတဲ့အမူအရာကိုတွေ့ပြီး ချက်ချင်းရှင်းပြသည်၊
" ဒီကျောင်းသားကတော့ တကယ်ထူးဆန်းပါတယ်။ သူက ပထမနှစ်ဘဲရှိသေးပေမဲ့ သူ့ပိုင်ဆိုင်မှုတွေက ၁၀ ဘီလီယံကျော်ပါတယ် ...... "
" ဘာ "
ထိုစကားကိုကြားပြီးတဲ့အခါ ဟူဒုန်းဟိုင် ထိုင်ခုံမှ ငေါက်ခနဲထရပ်လိုက်တော့သည်။
ပထမနှစ်ကျောင်းသားကလား။
ဝင်ငွေ ၁၀ဘီလီယံကျော်ရှိတယ်တဲ့လား။
နေပါဦး၊ စဉ်းစားချိန်လေးပေးကြပါဦး။
အပိုင်း (၁၉၂)
အဲ့ဒီကျောင်းသားနာမည်က ဘာတဲ့လဲ။
ဟူဒုန်းဟိုင် ငြိမ်ငြိမ်လေးထိုင်မနေနိုင်တော့ပေ။
" အခြေအနေကဘာလဲ "
ကျောင်းအုပ်ကြီးက အတော်စိတ်လှုပ်ရှားနေတာကို ဖန်းကူးနန်နှင့်ကျောက်ယန်တို့ကမြင်ပေမဲ့ သူတို့ကတော့စိတ်မလှုပ်ရှားကြပေ။
သူတို့က ပုံမှန်အတိုင်း ဆိုဖာပေါ်မှာထိုင်လိုက်ပြီး ရေနွေးကြမ်းကို ဖြည်းဖြည်းချင်းသောက်လိုက်ကြသည်။
ဟူဒုန်းဟိုင်က ဧည့်ခန်းစားပွဲဆီကို စိတ်မရှည်စွာဖြင့်လမ်းလျှောက်လာသည်။
" ဘာတွေဖြစ်နေလဲဆိုတာ ပြောကြပါဦး "
ကျောက်ယန်ကလည်း ကျောင်းအုပ်ကြီးက အသက်ကြီးရင့်သူဖြစ်ပြီး စိတ်လှုပ်ရှားလွန်မှာကိုစိုးရိမ်တာကြောင့် ရှင်းပြဖို့လုပ်တော့သည်။
" ဒီနေ့ အဲ့ဒီအစီအစဉ်ကနေ ကျောင်းသားတစ်ယောက်ရဲ့အိမ်ကို စူးစမ်းရှာဖွေဖို့သွားပါတယ်။ သူတို့ အိမ်ကိုရောက်တာနဲ့ ကျောက်စိမ်းအရိုင်းတုံးတစ်တုံးကိုရှာတွေ့ပါတယ် ...... "
ဟူဒုန်းဟိုင်က အနည်းငယ်စိတ်ရှုပ်ထွေးသွားသည်။
" အဲ့ဒီကျောက်စိမ်းရိုင်းတုံးက ဘာများထူးခြားနေလို့လဲ "
ကျောက်ယန်က ခေါင်းငြိမ့်ပြသည်၊
" အဲ့တာက သာမန်ကျောက်စိမ်းရိုင်းတုံးဖြစ်နေမယ်ဆိုရင်တော့သေချာပေါက်မထူးဆန်းပေမဲ့ ဒီကျောက်စိမ်းရိုင်းတုံးက သာမန်မဟုတ်ခဲ့ပါဘူး ........ "
" ဘာများထူးခြားလို့လဲ "
" ကျောင်းအုပ်ကြီး၊ ကျွန်မပြောတာကို ဖြတ်ဖြတ်မမေးနဲ့လေ "
" အေးပါ၊ အေးပါ၊ အေးပါ။ ဖြတ်မပြောတော့ပါဘူး။ မြန်မြန်ပြောပါတော့ "
ကျောက်ယန်က ထိုင်နေတဲ့အနေအထားကိုပြောင်းလိုက်သည်။
" အဲ့တာက တော်ဝင်ကျောက်စိမ်းရိုင်းတုံးဖြစ်နေတာပါ။ ပြီးတော့ ကီလိုတော်တော်လေးလောက်ပါတယ်။ ၁၂ ကီလိုနဲ့အထက်မှာရှိမှာပါ ....... "
" ဘာ "
ဟူဒုန်းဟိုင် မျက်လုံးပြူးသွားပြီး သူမကို မယုံကြည်နိုင်စွာကြည့်လိုက်သည်။
" အဲ့တာက တော်ဝင်ကျောက်စိမ်းဆိုတာသေချာရဲ့လား။ ပြီးတော့ ၁၂ ကီလိုနဲ့အထက်လေးတာလား "
သူ ကျောက်စိမ်းအကြောင်းကိုမသိပေမဲ့ တော်ဝင်ကျောက်စိမ်းက အမြင့်ဆုံးအရည်အသွေးရှိတာကိုတော့သိသည်။
မြကျောက်အဖြစ်လည်းသိကြသည်။
ကီလိုဆယ်ချီတာကိုမပြောနှင့် လက်သန်းတစ်မျှစာလောက်ကတောင် အတော်လေးဈေးကြီးကာတန်ဖိုးမြင့်သည်။
ဘာ်လောက်များတန်လိုက်မလဲ။
ကျောက်ယန်က အသေအချာခေါင်းငြိမ့်ပြသည်။
" သေချာပါတယ် တော်ဝင်ကျောက်စိမ်းဆိုတာ။ ကျွန်မ ကျောက်စိမ်းတွေကို လေ့လာဖူးပါတယ် "
ဟူဒုန်းဟိုင်က သူမပြောတာကိုနားလည်သည်။
ကျောက်ယန်က ကျောက်စိမ်းကို လေ့လာဖူးရုံတင်မကဘဲ သုသေသနတွေလည်းအများကြီးလုပ်ဖူးသည်၊
ကျောက်မြတ်ရတနာကုမ္ပဏီတွေအများကြီးက သူမကို အလုပ်လုပ်ဖို့ကမ်းလှမ်းတာကိုလည်းခံရသည်။
သူမက ဟုတ်တယ်လို့ပြောမှတော့ အစစ်ဘဲဖြစ်ရမည်။
" ဆယ်ကီလိုမကတဲ့ တော်ဝင်ကျောက်စိမ်းတဲ့လား။ ဘယ်လောက်များတန်လိုက်မလဲ "
ဟူဒုန်းဟိုင် သက်ပြင်းချလိုက်သည်။
" ကျောက်မျက်ရတနာလောကက သူငယ်ချင်းတစ်ယောက်က သန်း ၅၈၀ နဲ့ပေးပြီး ဝယ်ချင်ခဲ့ပါတယ် ....... "
ကျောက်ယန်က နောက်ထပ်သတင်းအချက်အလက်တစ်ခုကိုပြောလိုက်သည်။
" သန်း ၅၈၀ "
ဟူဒုန်းဟိုင် အံ့ဩလွန်းလို့ ထရပ်လိုက်ပြန်သည်။
ဒီကျောင်းသားက ဘယ်လိုမျိုးအဆင့်ရှိတာမလို့ အိမ်မှာ ယွမ် သန်း ၅၈၀ တန် တော်ဝင်ကျောက်စိမ်းကြီးရှိနေတာလဲ။
" ဒါပေမဲ့ ကျွန်မဈေးခေါ်ပြီးမကြာခင်မှာဘဲ တစ်စုံတစ်ယောက်က သန်း ၆၀၀ နဲ့ ဈေးခေါ်လိုက်ပါတယ် "
" နေပါဦး၊ ငါ့ကို အချိန်လေးပေးဦး "
ဟူဒုန်းဟိုင် ဖြည်းဖြည်းချင်းပြန်ထိုင်ပြီး ရေငှဲ့လိုက်သည်။
" ဘာဆက်ဖြစ်လဲ "
" အဆုံးမှာတော့ ကျောင်းသားက သန်း ၆၀၀ ကိုငြင်းလိုက်ပါတယ်။ အဲ့လောက်ငွေနည်းနည်းလေးလောက်ကတော့ ပြတ်လပ်မနေဘူးလို့ ဆိုပါတယ် "
" ဖူး .......... "
ဟူဒုန်းဟိုင် ပါးစပ်ထဲပရေတွေ ထွက်ကျသွားသည်။
၆ ထောင်လည်းမဟုတ်
၆ သောင်းလည်းမဟုတ်
သန်း ၆၀၀ ဖြစ်သည်။
အဲ့တာကို 'ပိုက်ဆံနည်းနည်းလေး'လို့ခေါ်သလား။
" ပြီးတော့ရော "
" အဲ့တာပြီးတော့ ကျန်းလင်းအုပ်စုက စတိုခန်းထဲရှာတဲ့အခါ လက်ရှိနေတဲ့အိမ်ပိုင်ဆိုင်မှုစာချုပ်တွေ့ပါတယ်။ အိမ်က ယွမ် သန်း ၁၀၀ တန်ဖိုးရှိပါတယ် "
ကျောက်ယန်က ဆက်ပြီး ဖြစ်သမျှကို တင်ပြသည်။
" သန်း ၁၀၀ တန်အိမ်တဲ့လား။ ဘယ်လိုစံအိမ်မျိုးမလို့လဲ "
ဘယ်လိုအိမ်ပုံစံဖြစ်မလဲဆိုတာကို ကျောင်းအုပ်ကြီးဟူ မစဉ်းစားနိုင်ပေ။
" အဲ့တာက ဘာမှမဟုတ်သေးပါဘူး။ ကျန်းလင်းအုပ်စုက ဆက်ရှာတဲ့အခါ အံဆွဲအပြည့် အိမ်ပိုင်ဆိုင်မှုစာချုပ်တွေ အထပ်လိုက်ကြီးတွေ့ပါတယ် "
" အံဆွဲအပြည့်လား "
ကျောင်းအုပ်ကြီးဟူ မယုံနိုင်ဖြစ်သွားရပြန်သည်။
အိမ်စာချုပ်တွေနှင့် 'အံဆွဲအပြည့်'ဆိုတဲ့ စကားလုံးနဲ့တွဲပြီးသုံးခြင်းကို အခုမှ ပထမဆုံးကြားဖူးတာဖြစ်သည်။
" အဲ့တုန်းက ကျွန်မလည်း ကျောင်းအုပ်ကြီးလိုပါဘဲ။ မယုံကြည်နိုင်ဖြစ်ရလွန်းပါတယ်။ ပြီးတော့ သူတို့ ပိုင်ဆိုင်မှုစာချုပ်တွေကို ပုံးလိုက်ကြီးရှာတွေ့ခဲ့ပါတယ်။ အကြည့်နဲ့ ခန့်မှန်းခြေအရ စာချုပ်တွေက အရွက်ရေ ထောင်နဲ့ချီပြီးတောင်ရှိလောက်ပါတယ် ........ "
" ပုံးနဲ့အပြည့်လား *
ဟူဒုန်းဟိုင် သူ့နှလုံးကို လက်ဖြင့်ဖိထားလိုက်ရသည်။
ဆက်နားမထောင်နိုင်တော့ဘဲ နှလုံးဖောက်တော့မည်ဟုခံစားနေရသည်။
ပြောနေတဲ့သူက ကျောက်ယန်သာမဟုတ်ပါက သူမ အိပ်နေရင်းယောင်နေတယ်လို့ထင်မိမှာဖြစ်သည်။
ပိုင်ဆိုင်မှုစာချုပ်တွေကို ...... 'အံဆွဲလိုက်' ၊ 'ပုံးလိုက်' ဆိုပြီး သုံးနှုန်းတာမျိုးရှိလို့လား။
ကျောက်ယန်က ကျုံးဟိုင်တက္ကသိုလ်၏စီးပွားရေးကျောင်းမှာ ထိပ်တန်းအဆင့်ရှိပါမောက္ခတစ်ယောက်ဖြစ်ပြီး သူမက မဟုတ်တာမပြောမှန်း ဟူဒုန်းဟိုင်သိသည်။
အဲ့တာကြောင့် လက်ခံဖို့ ပိုခက်ခဲနေလေသည်။
ပိုင်ဆိုင်မှုစာချုပ်တွေ အရွက်ရေထောင်နဲ့ချီပြီရှိတယ်တဲ့။
လုံးဝကို ယုံကြည်စရာမှမကောင်းဘဲ။
ဒါပေမဲ့ အဲ့တာက အဆုံးသတ်မဟုတ်သေးပေ။
ဖန်းကူးနန်က အခွင့်အရေးယူပြီး စတင် ဝင်ပြောလာသည်။
" အဲ့ဒီအချိန်မှာ ကျွန်တော်လည်း တိုက်ရိုက်ထုတ်လွှင့်တာကို ဖွင့်လိုက်တာပါ။ အဲ့လိုနဲ့ ကျွန်တော့်ဘဝရဲ့ ထိတ်လန့်စရာအကောင်းဆုံးမြင်ကွင်းကိုမြင်လိုက်ရပါတယ် "
ဟူဒုန်းဟိုင်က သူ့ကို သံသယဖြင့်ကြည့်လိုက်သည်။
" ပိုပြီးထိတ်လန့်စရာရှိသေးတာလား "
" အရှေ့ကဖြစ်သွားတာတွေနဲ့ယှဉ်မယ်ဆို အဲ့တာတွေက ဘာမှမဟုတ်ဘူးလို့တောင် ပြောလို့ရပါတယ် "
" ဖူး ..... ဘာမှမပြောပလောက်ဘူးတဲ့လား "
" ပြီးတော့ ကျန်းလင်းအုပ်စုက အိမ်အကူအခန်းထဲကိုရှာတဲ့အခါ ဖိနပ်ဘူးတစ်ခုကိုတွေ့ပါတယ်။ အဲ့ဘူးထဲမှာယွမ်းဖန်ဝမ်းချန် (ကျုံးဟိုင်ယဉ်ကျေးမှုနှင့်မြေစုပေါင်းကုမ္ပဏီ) ရှယ်ယာလွှဲပြောင်းရေးစာချုပ်ရှိနေတာပါ "
" ရှယ်ယာလွှဲပြောင်းရေးစာချုပ်လား "
ဟူဒုန်းဟိုင် သုံးစက္ကန့်လောက်ငြိမ်သွားသည်။ တကယ်ဘဲ ရှယ်ယာလွှဲပြောင်းရေးစာချုပ်ရှိနေတာလား။
" ဟုတ်ပါတယ်။ စာချုပ်အရ အဲ့ဒီကျောင်းသားက ယွမ်းဖန်ဝမ်းချန် (ကျုံးဟိုင်ယဉ်ကျေးမှုနှင့်မြေစုပေါင်းကုမ္ပဏီ)ရဲ့ ရှယ်ယာ ၆၀%ကို ပိုင်ပါတယ်။ သန်း ၆၀၀ လောက်တန်ဖိုးရှိပါတယ် "
" အဲ့တာ ....... အဲ့တာက အတုကြီးတော့မဟုတ်ဘူးမလား "
မဖြစ်နိုင်ဘဲ ချဲ့ကားနေသည်ဟု ဟူဒုန်းဟိုင်ခံစားနေရသည်။
ပထမနှစ်ကျောင်းသားက အိမ်ခြံမြေကုမ္ပဏီရဲ့ ၆၀%ကို ပိုင်တာတဲ့လေ။
ဘယ်လောက်ရယ်စရာကောင်းလဲ။
" ယွမ်းဖန်ဝမ်းချန် (ကျုံးဟိုင်ယဉ်ကျေးမှုနှင့်မြေစုပေါင်းကုမ္ပဏီ)က ဥက္ကဌဟွမ်းနဲ့ ရင်းနှီးတာကြောင့် သူ့ကို ဖုန်းဆက်ပြီးမေးလိုက်ပါတယ်။ သူက အဲ့စာချုပ်က အစစ်ဖြစ်ကြောင်း အတည်ပြုပေးခဲ့ပါတယ် "
ကျောက်ယန်က ရှင်းပြသည်။
ဟူဒုန်းဟိုင်ဦးနှောက်က ဒါတွေကို လက်ခံဖို့ ခံနိုင်ရည်မရှိတော့ပေ။
ဖန်းကူးနန်က ဆက်ပြောသည်။
" အဲ့လောက်နဲ့ရပ်သွားမယ်လို့ထင်ခဲ့ပေမဲ့ နောက်ထပ်ဖိနပ်ဘူးတစ်ခုထဲမှာ ရှယ်ယာစာချုပ်တွေ အများကြီးကို ထပ်တွေ့ပါသေးတယ် ........... "
" အများကြီးလား "
ဟူဒုန်းဟိုင် သူ့ကို ကြောင်ကြောင်ကြီးကြည့်နေသည်။
" ဟုတ်ပါတယ်။ လင်းယွမ်အိမ်ခြံမြေ၊ Silver Brillianceအဆောက်အဦး၊ ထျန်းဟော်ဟိုတယ်၊ ထန်းဂူဈေးဝယ်စင်တာ နဲ့ တခြားအဆင့်မြင့်ကုမ္ပဏီကြီးတွေပါ။ စုစုပေါင်းတွက်ရရင် အနည်းဆုံး ယွမ် ၈ဘီလီယံလောက်ရှိပါတယ် "
ဟူဒုန်းဟိုင် ခေါင်းတွေပါကိုက်လာတော့သည်။
တော်ဝင်ကျောက်စိမ်းနဲ့ အိမ်စာချုပ်ကတင် သူ့ကို တော်တော်လေး လန့်သွားစေခဲ့တာဖြစ်သည်။
သို့ပေမဲ့ ထိုရှယ်ယာစာချုပ်တွေနဲ့ယှဉ်ပါက အသေးအမွှားသာဖြစ်သည်။
ပထမနှစ်ကျောင်းသားတစ်ယောက်က ကုမ္ပဏီတွေအများကြီးပိုင်တယ်ဆိုတာ တွေးကြည့်ဖို့တောင်ခက်သည်။
ကျောင်းတက်ခါစဘဲရှိသေးပေမဲ့ စီးပွားရေးလောကမှာသူဌေးကြီးဖြစ်နေပြီဖြစ်သညိ။
ကျုံးဟိုင်တက္ကသိုလ်တည်ထောင်ကတည်းက ဒီလိုဉာဏ်ကြီးရှင်မျိုးမရှိခဲ့ဖူးတာဖြစ်သည်။
ကျုံးဟိုင်တက္ကသိုလ်ရဲ့ ကျောင်းအုပ်တစ်ယောက်ဖြစ်ပေမဲ့ ဒီလိုကျောင်းသားမျိုးကို တစ်ခါမှမကြားဖူးခဲ့ချေ။
ဒါက အတော်လေးအရှက်ရစရာကောင်းသည်။
" ဒီကျောင်းသားနာမည်က ဘာတဲ့လဲ "
သူက ဖန်းကူးနန်နှင့် ကျောက်ယန်တို့ဘက်ကို လှည့်မေးလိုက်သည်။
" ယဲ့ဖန်ပါ "
" ယဲ့ ........ ယဲ့ဖန်လား "
ကျောင်းအုပ်ကြီးဟူက လန့်သွားတော့သည်။