← Chapters

အပိုင်း ၁၉၃-၁၉၆

Vol. 10 Ch. 193-196

အပိုင်း ၁၉၃-၁၉၆

Vol. 10 Ch. 193-196

အပိုင်း (၁၉၃)

တစ်ကျောင်းလုံးက ထိတ်လန့်သွားတယ်။

လေလမ်းကြောင်းက ပြောင်းသွားပြီ။

အတော်ကြာပြီးတဲ့နောက် ဟူဒုန်းဟိုင်က ရယ်လိုက်သည်။

" ဒီကလေးဖြစ်နေမယ်လို့ထင်မထားဘူး "

ဖန်းကူးနန်နှင့် ကျောက်ယန်တို့က တစ်ယောက်နဲ့တစ်ယောက်ကြည့်ပြီး အံ့ဩသွားကြသည်။

" ကျောင်းအုပ်ကြီး၊ ယဲ့ဖန်ကိုသိတာလား "

ဟူဒုန်းဟိုင်က ချက်ချင်းခေါင်းငြိမ့်ပြသည်။

" သိတာပေါ့။ ဟိုတလောက ငါ့မိန်းမကို ဆေးရုံပို့ရင်း လမ်းမှာ ကားပျက်တာလေ။ အကူအညီတောင်းပေမဲ့ ဘယ်သူကမှ မကူကြဘူး "

" အဲ့အချိန် ကျောင်းသားယဲ့ဖန်က ဖြတ်သွားတာနဲ့ကြုံရင်း ငါနဲ့ ငါ့မိန်းမကို ဆေးရုံလိုက်ပို့ပေးတာ ........ "

ဖန်းကူးနန်နှင့် ကျောက်ယန်တို့က ဟူဒုန်းဟိုင်ရဲ့ပြောတဲ့စကားကိုကြားပြီးနောက် ယဲ့ဖန်ကို ပိုပြီးလေးစားသွားကြသည်။

" ယဲ့ဖန်က စီးပွားရေးပညာရှင်ကြီးဖြစ်တဲ့အပြင် ကိစ္စလေးသေးသေးတွေမှာတောင် ကောင်းမွန်တဲ့ကလေးဖြစ်လိမ့်မယ်လို့ ထင်မထားဘူး "

" သူ့ရဲ့စီးပွားရေးဉာဏ်ထက် အမူအကျင့်ကို ပိုပြီးလေးစားတန်ဖိုးထားတယ်။ ဒီလို ထူးချွန်တဲ့ကျောင်းသားမျိုးက အားလုံးအတွက်စံပြဖြစ်သင့်တယ် "

" ကျောင်းအုပ်ကြီး ယဲ့ဖန်ကို စံပြကျောင်းသားအဖြစ်သတ်မှတ်ပြီး ကျုံးဟိုင်တက္ကသိုလ်ကကျောင်းသားတွေကို သင်ယူစေချင်ပါတယ် "

" သဘောတူတယ်။ ယဲ့ဖန်လို အကျင့်စာရိတ္တရော၊ သင်ကြားရေးမှာတော်တဲ့၊ မျိုးစေ့ကောင်းတဲ့ကျောင်းသားတွေကို ပြုစုပျိုးမထောင်ဘူးဆိုရင် အကျိုးအကြောင်းမသင့်လှပါဘူး "

သူတို့ရဲ့အကြံပြုချက်ကိုနားထောင်ပြီး ဟူဒုန်းဟိုင်က တစ်ခဏမျက်မှောင်ကြုတ်လိုက်သည်။

" အကြံပြုချက်ကိုလက်ခံပေမယ့် ဒီကိစ္စကို ခဏတော့ရပ်ဆိုင်းထားသင့်တယ်လို့ထင်တယ် "

" ဘာလို့လဲ "

ဖန်းကူးနန်နှင့် ကျောက်ယန်တို့ နှစ်ယောက်လုံး ကြောင်သွားကြသည်။

သူတို့က ယဲ့ဖန်ကို အတော်လေးသဘောကျတာဖြစ်သည်။

တစ်ကျောင်းလုံးကို ယဲ့ဖန်ဆီကနေ အတုယူသင်ကြားစေချင်သည်။

" ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှုအရ ယဲ့ဖန်က အားလုံးရဲ့စိတ်ဝင်စားမှုခံနေရတာ။ သူ့ကို ချက်ချင်းကြီး စံပြကျောင်းသားအရာထားလိုက်မယ်ဆိုရင် သူ့ကို ဒုက္ခပေးသလိုဘဲဖြစ်သွားမှာ။ အပင်မြင့်လေ၊ လေတိုက်လေဆိုသလိုဘဲ။ ဒီမျိုးစေ့ကောင်းကို သေသေချာချာကာကွယ်ရမယ် "

ဟူဒုန်းဟိုင်က သူ့အတွေးကိုပြောပြသည်။

ဖန်းကူးနန်နှင့် ကျောက်ယန်တို့ကလည်း သဘောတူခေါင်းငြိမ့်ကြသည်။

ကျောင်းအုပ်ကြီးက ယဲ့ဖန်အတွက် တွေးပေးလိမ့်မည်ဟုထင်မထားပေ။

အမှန်တကယ်ပင် ဒီနေ့ထုတ်လွှင့်မှုကြောင့် ယဲ့ဖန်က အဓိကဇာတ်ဆောင်ဖြစ်နေသည်။

သူ့ကို ဒီအချိန်မှာ ချက်ချင်းစံပြကျောင်းသားအဖြစ်ကောက်ထားလိုက်ရင် အပိုလုပ်ပြရာရောက်သွားလိမ့်မည်။

မုန်တိုင်းငြိမ်သည့်အချိန်ကိုစောင့်ပြီးမှ ရှေ့ဆက်တိုးသင့်သည်။

...….......................

ကျုံးထျန်းကန်သာယာစံအိမ်နံပါတ်(၁)။

" ဒီနေ့အပိုင်းကို ကြည့်ရှုပေးတဲ့အတွက် အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ ဒီနေ့အပိုင်းက ဒီမှာဘဲရပ်နားပါပြီ။ တာ့တာ "

ကျန်းချန်းဟန်က အပိတ်စကားပြောပြီးမှ သက်ပြင်းချလိုက်သည်။

ဒီနေ့အပိုင်းက အခြားအပိုင်းတွေထက် အများကြီးပိုပင်ပန်းသည်။

ဒါပေမဲ့လည်း သူမ အကျိုးအမြတ်အများကြီးရလိုက်သည်။

ကြည့်ရှုသူအမြင့်ဆုံး ၃သောင်းထိရောက်သွားပြီး လက်ဆောင်တွေသီးသန့်တင် ယွမ် ၁သန်းနီးပါးရလိုက်သည်။

သူတို့ ဘယ်တုန်းကမှ အိက်မက်တောင်မမက်ဘူးတဲ့ပမာဏဖြစ်သည်။

" လူတိုင်းအလုပ်ကြိုးစားခဲ့တော့ ဂုဏ်ပြုညစာစားကြရအောင် "

ကျန်းချန်းဟန်က ပြုံးလျက်ပြောလိုက်ပြီး ကျန်တဲ့သူတွေက အားပေးကြသည်။

ထိုအချိန်တွင် မြောင်ချန်းချန်းက ရုတ်တရက်အကြံတစ်ခုပေးလာသည်။

" ယဲ့ဖန်ကိုရော မခေါ်သင့်ဘူးလား။ သူက ဒီနေ့ပေါ်မလာပေမဲ့ သူ့ကြောင့်ဒီလိုဖြစ်ခဲ့တာဆိုတော့ သူ့ကို ကျေးဇူးအတင်သင့်ဆုံးလို့ထင်တယ် "

" ဟုတ်တယ်၊ ဒီတစ်ခါတော့ ငါတို့ ယဲ့ဖန်ကို တကယ်ကျေးဇူးတင်ရမှာ။ သူ့ကြောင့်သာမဟုတ်ရင် ငါတို့အစီအစဉ် ဒီလောက်အောင်မြင်မှာမဟုတ်ဘူး "

ကျန်းချန်းဟန်ကလည်း သဘောတူခေါင်းငြိမ့်သည်။

မြောင်ချန်းချန်းက တက်ကြွနေသည်။

" တကယ်တော့ ငါ ဂျူနီယာယဲ့ဖန်ကို အတော်လေးတွေ့ချင်နေတာ "

သူမရဲ့စကားကြောင့် ဘေးမှာရပ်နေတဲ့ရှန်းပိုင်ထျန်းက ရုတ်တရက်သတိကြပ်သွားသည်။

စီနီယာမြောင်က လှသည့်အပြင် စီးပွားရေးမှာလည်း အလွန်တော်သည်။

သူမကသာ ယဲ့ဖန်ကိုစိတ်ဝင်စားပါက အားကောင်းတဲ့ပြိုင်ဘက်ဖြစ်လာလိမ့်မည်။

ကျန်းချန်းဟန်က သူမကိုလှည့်ကြည့်လာသည်။

" ပိုင်ထျန်း၊ ယဲ့ဖန်ကိုခေါ်လိုက်လေ။ ညစာစားဖို့အားလားမေးလိုက်၊ အတူတူစားကြရအောင် "

ရှန်းပိုင်ထျန်းက မဆက်ချင်ပေ။

ဒါပေမဲ့ လူတိုင်းကစောင့်စားနေတာမလို့ ငြင်းလို့လည်းမရချေ။

ဖုန်းကိုထုတ်ပြီး ယဲ့ဖန်ကိုခေါ်လိုက်သည်။

" ယဲ့ဖန်၊ နင် အခု ဘယ်မှာလဲ "

" သူငယ်ချင်းတစ်ယောက်နဲ့စကားပြောနေတာ။ အစီအစဉ်ကပြီးပြီလား "

" အင်း၊ အခုလေးတင်ပြီးတာ။ ကြည့်လိုက်သေးလား "

" မကြည့်ဖြစ်ဘူး။ လူတွေအများကြီးဆဲနေကြသေးလား "

" တခြားစီဘဲ၊ တော်တော်များများက နင့်ကို စံပြပုဂ္ဂိုလ်အဖြစ်တောင်သတ်မှတ်နေကြပြီ။ တစ်ချို့ကဆို နတ်ဘုရားယဲ့ဖန်လို့တောင်ခေါ်နေတာ။ နင်အခုလုံးဝရှယ်ဘဲ မီးတဟုန်းဟုန်းတောက်နေတာ "

" အဲ့တာမကောင်းဘူး။ ကိုယ်က ယဲ့ဖန်ဆိုတော့ သစ်သားဘဝလို့ ဆိုလိုတယ်လေ။ မီးနဲ့သစ်သားတွေ့တာ မကောင်းဘူး "

" ဟားဟားဟား ....... ထားပါတော့။ ငါတို့ ညစာစားမလို့ နင်အားလား။ လူတိုင်းက လာစေချင်နေတယ် "

" ကိုယ့်ကိုလား ...... မလိုဘူး မဟုတ်လား။ သူတို့နဲ့မှမသိတာ "

" အင်းပါ ..... သိပါပြီ "

ရှန်းပိုင်ထျန်းက ချက်ချင်းဖုန်းချလိုက်သည်။

ထို့နောက် ကျန်တဲ့သူတွေဘက်ကို လှည့်ပြီးပြောသည်။

" တောင်းပန်ပါတယ်။ ယဲ့ဖန်က လာလို့မရလို့ပါတဲ့ "

သူမစကားကြောင့် မြောင်ချန်းချန်း၏မျက်နှာမှ စိတ်ပျက်မှုတစ်ချို့ဖြတ်ပြေးသွားသည်။

စီးပွားရေးကျောင်းက ထက်မြက်တဲ့ကောင်မလေးအနေနဲ့ သူမရဲ့ဉာဏ်ရည်ကြောင့်အမြဲဂုဏ်ယူခဲ့ရသည်။

ဒီနေ့မှာတော့ သူမထက် တော်တဲ့သူကို တွေ့ခဲ့တာကြောင့် သူနဲ့တွေ့ကြည့်ချင်တာဖြစ်ပေမဲ့ ယဲ့ဖန်က မအားလို့ မလာနိုင်၍ သူမ အနည်းငယ်စိတ်ပျက်သွားရသည်။

..........................

တစ်ဖက်တွင် ကျုံးဟိုင်သတင်းဖိုရမ်က ရုတ်တရက်ပြောင်းလဲသွားသည်။

ယဲ့ဖန်ကို တိုက်ခိုက်တဲ့သူတွေလုံးဝမရှိတော့ဘဲ သူ့ကို မြှောက်ပင့်နေသူတွေသာရှိတော့သည်။

[ ယဲ့နတ်ဘုရား၊ ကျွန်တော်မှားသွားပါတယ်။ မကောင်းတာပြောမိတဲ့အတွက် အဲ့တာတွေကို ဗွေမယူပါနဲ့။ စိတ်ထဲကနေ တောင်းပန်တာပါ ]

[ ငါဆုံးဖြတ်ပြီးပြီ။ အခုကစပြီး ယဲ့နတ်ဘုရားက ငါ့စံပြပုဂ္ဂိုလ်ဘဲ။ ငါ့ အိုင်ဒေါကို ထိရဲထိကြည့် သေအောင်ချပစ်မယ် ]

[ ငါ့ ဒီအတိုင်းလျှောက်ခန့်မှန်းတာဆိုပေမဲ့ ယဲ့နတ်ဘုရားရဲ့အနာဂတ်က အဆုံးမရှိဘူး။ သူ့နာမည်က သေချာပေါက်ဟူရန်လူချမ်းသာစာရင်းထဲမှာပါလိမ့်မယ် ]

[ အပေါ်ကတစ်ယောက်ရေ၊ ဘာကို လျှောက်ခန့်မှန်းတာလဲ။ သူ့လက်ရှိကြွယ်ဝမှုနဲ့ဆို ပါရုံတင်မကဘူး၊ ထိပ်ဆုံးစာရင်းထဲတောင်ဝင်နေလောက်ပြီ။ သူက လူထုကို ချပြမလား မချပြဘူးလားဆိုတဲ့အပေါ်ဘဲ မူတည်တာ ]

[ အသက် ၂၀ တည်းနဲ့ ဘီလီယံနာတဲ့။ အတိတ်မှာရော အနာဂတ်မှာရော သူ့လိုလူရှိမှာတောင်မဟုတ်ဘူး ]

[ ယဲ့ဖန်က အလှလေးရှန်းအတွက် မသင့်တော်ဘူးလို့ခံစားခဲ့ရပေမဲ့ အခုတော့ ရှန်းပိုင်ထျန်းက ယဲ့ဖန်နဲ့တောင် မသင့်တော်ဘူးလို့ ခံစားလာရပြီ ]

[ ရှန်းပိုင်ထျန်းကလည်း အဲ့တာကိုနားလည်တယ်ထင်တယ်။ အဲ့တာကြောင့်တစ်ခြားမိန်းကလေးထားတာကို ခွင့်ပြုတာပေါ့ ]

[ ငါသာမိန်းကလေးဆိုလည်း ခွင့်ပြုမှာဘဲ။ အဲ့တော့ မေးခွန်းက အခုချက်ချင်း ထိုင်းသွားပြီး ဖြတ်ဖောက်ချုပ်လုပ်မယ်ဆိုရင် အချိန်မီသေးလား ]

[ အပေါ်ကတစ်ယောက်ရေ၊ အတူတူသွားကြမလား ]

[ အေးကွာ၊ လာ အတူတူလက်မှတ်ဖြတ်ကြစို့ ]

[ ယဲ့နတ်ဘုရားရေ၊ ငါတို့ပြန်လာတာကိုစောင့်နေပါ .... ]

အပိုင်း (၁၉၄)

ငါ့ကို ဆွဲဆောင်ဖို့လုပ်နေတာလား။

" ဒါနဲ့ ငါတို့ပြောတာ ဘယ်ရောက်သွားပြီလဲ "

ယဲ့ဖန်က ဖုန်းထဲမှ စာတစ်ချို့ကိုဖတ်ပြီးနောက် ဖုန်းကိုပြန်ချကာ ကျိုးရှုယောင်းကိုကြည့်လိုက်သည်။

" လမုန့်ပွဲတော်ကျ အိမ်ပြန်ဖို့ပြောနေတာ "

ကျိုးရှုယောင်းက သတိပေးလိုက်သည်။

" ဟုတ်သားဘဲ၊ အကူအညီတောင်းစရာရှိတယ်ဆို။ ဘာကိစ္စလဲ "

ယဲ့ဖန်က စားပွဲပေါ်က ခွက်ကိုယူပြီး တစ်ငုံသောက်လိုက်သည်၊

" ငါ့မိဘတွေက ....... လမုန့်ပွဲတော်အတွင်း ကြင်ဖက်တွေ့ခိုင်းနေတယ် ..... "

ကျိုးရှုယောင်းမျက်နှာက အတော်လေးစိတ်ဓာတ်ကျနေပုံပေါ်သည်။

" အဲ့တော့ သူ့ကို ကြည့်ပေးစေချင်တာလား "

ယဲ့ဖန်က ခပ်နောက်နောက်ဖြင့်ပြောလိုက်သည်။

" မဟုတ်ပါဘူး၊ ငါနင့်ကိုကူစေချင်တာက ..... ဝင်နှောင့်ယှက်ပေးဖို့ "

ကျိုးရှုယောင်းက တောင်းဆိုနေသည့်မျက်နှာပေးလေးလုပ်နေသည်။

" အဲ့တာ ...... မကောင်းဘူးထင်တယ်၊ ဟုတ်တယ်မလား။ နင့်မိဘတွေသိရင် ငါ့ကိုသေအောင်ရိုက်လိမ့်မယ် "

" နင်ကလည်း ကူညီပါဟာ။ တခြားနည်းလမ်း တကယ်မရှိတော့ဘူး "

ကျိုးရှုယောင်းက ယဲ့ဖန်ရဲ့လက်ကို အသက်ကယ်ပိုက်အားကိုင်ထားသကဲ့သို့ ဆုပ်ကိုင်လိုက်သည်။

" အဲ့တာဆို ဘယ်လိုကူပေးရမှာလဲ "

ယဲ့ဖန်က သူမရဲ့တောင်းဆိုနေသည့်အမူအရာလေးကို ခံနိုင်ရည်မရှိတော့ပေ။

" နင် ........ ငါ့ကောင်လေးအဖြစ် ဟန်ဆောင်ပေးလို့ရမလား "

တောင်းဆိုမှုက နည်းနည်း သာမန်မဆန်တာကြောင့် ကျိုးရှုယောင်း နေရခက်နေသည်။

" အဲ့တာဘဲလား။ ကောင်လေးအဖြစ်ဟန်ဆောင်ပေးရင် နင့်မိဘတွေက ကြင်ဖက်သွားမတွေ့ခိုင်းတော့ဘူးပေါ့ "

ယဲ့ဖန်က အနည်းငယ် မသေမချာဖြစ်နေသည်။

" ငါ့မိဘတွေက လူချမ်းသာကို လက်ထပ်စေချင်နေတာ။ ပြီးတော့ နင်က ...... "

" ငါက ချမ်းသာနေတာနဲ့ကြုံနေလို့လား "

ယဲ့ဖန်က သူမအစားဖြေလိုက်သည်။

" နင်က ချမ်းသာရုံတင်မဟုတ်ဘူးလေ၊ အရမ်းချမ်းသာနေတာကို။ ငါ့မိဘတွေသိရင် သေချာပေါက်ငဘောတူမှာ "

ကျိုးရှုယောင်းက ယဲ့ဖန်လက်ကို ပိုတင်းအောင်ကိုင်လိုက်သည်။

နောက်လက်တစ်ဖက်ကနေ ယဲ့ဖန်လက်ဖဝါးကို လက်ချောင်းလေးနဲ့တို့ထိနေသည်။

" ဒါက ချိုမြိန်တဲ့ပျားရည်ထောင်ချောက်လား "

ယဲ့ဖန်က သူမကြောင့် နှလုံးသားထဲက ယားကျိကျိဖြစ်လာရသည်။

" အဲ့တော့ နင်က ထောင်ချောက်ထဲကျသွားရဲ့လား "

ကျိုးရှုယောင်းရဲ့မျက်လုံးလှလှလေးတွေက သူ့ကိုစိုက်ကြည့်နေသည်။

သူမက အတော်လေးဆွဲဆောင်မှုရှိသည်ဟုပြောရမည်။

သူမက လှပြီးသားအပြင် ဒီနေ့အပြင်ထွက်တာကြောင့် ကောင်းကောင်းမွန်မွန်ဝတ်စားထားသေးသည်။

အခု သူမရဲ့ကိုယ်ရောင်ဝါက ရှောင်လွှဲမရနိုင်အောင် ပြင်းထန်လွန်းနေသည်။

ယဲ့ဖန်က အခွင့်အရေးယူပြီး သူမ၏လက်လေးတွေကို ကိုင်လိုက်သည်။

" ကူပေးဖို့က မခက်ပါဘူး။ ဒါပေမဲ့ ငါက ငါ့ဘက်က အရှုံးပေါ်မယ့်ကိစ္စကိုတော့မလုပ်ဘူး။ ဘယ်လို ကျေးဇူးပြန်တင်မှာလဲ "

ကျိုးရှုယောင်းက လန့်သွားပြီး လက်ကို ချက်ချင်းပြန်ရုတ်လိုက်သည်။

သို့ပေမဲ့ ယဲ့ဖန်က တင်းတင်းကိုင်ထားတာကြောင့် ရုန်းမရပေ။

သူမ မျက်နှာက သနားစရာလေးဖြစ်လာသည်။

" အဲ့တာဆို ဘယ်လိုကျေးဇူးတင်ရမလဲဟင် "

ယဲ့ဖန်က သူမကို မျက်လုံးကစားကာကြည့်လိုက်သည်။

" အဲ့တာဆို ........ "

ကျိုးရှုယောင်းက အနည်းငယ်စိတ်လှုပ်ရှားခဲ့သည်။

" ဒါကို ငါအရင်ကြိုပြောထားမယ်။ အရမ်းလွန်ရင် ငါသဘောတူမှာ မဟုတ်ဘူး "

ယဲ့ဖန်၏နှုတ်ခမ်းများက အနည်းငယ် ကော့တက်သွားသည်။

" နင် အရမ်းမ၏အတွေးလွန်နေတာ။ ငါပြောချင်တာက နင်ဒီနေ့အတွက် ငွေပေးချေသင့်တယ်ဆိုတာတင်ပါဘဲ "

ပြောပြီးသည်နှင့်ယဲ့ဖန်က မတ်တပ်ရပ်ကာ ထွက်ခွာသွားခဲ့သည်။

ကျိုးရှုယောင်းက သူ့နောက်ကျောကို ကြောင်အအကြည့်နေသည်။

ဘာကြောင့်မှန်း သူမ မသိပေမဲ့ ယဲ့ဖန်က အလွန်အကျွံတောင်းဆိုမှုကို မပြုလုပ်ခဲ့ပေ။

ထို့ကြောင့် သူမ အနည်းငယ် စိတ်ပျက်သွားခဲ့သည်။

သူက သူမဆီက လိုချင်တာ ဘာတစ်ခုမှ မရှိခဲ့တာ ဖြစ်နေမလား။

ဘယ်လောက်ဝမ်းနည်းစရာကောင်းလဲ။

.................

ယဲ့ဖန်သည် သူ့ရဲ့ Lykan စူပါကားကို ကျုံးထျန်းကန်သာယာစံအိမ်သို့ မောင်းနှင်နေသည်။

သူ့နောက်မှာ ကားတစ်စီးရှိနေတာကို ယဲ့ဖန် လျင်မြန်စွာသတိထားမိလိုက်သည်။

စားသောက်ဆိုင်မှ ထွက်လာကတည်းက သူ့နောက်ကို လိုက်လာတာဖြစ်သည်။

သို့သော်လည်း တစ်ဖက်သားကို ကျွမ်းကျင်စွာ ဖုံးကွယ်ထားနိုင်ခဲ့သည်။ သူတို့ကြားတွင် ကားအစီးရေအနည်းငယ်ရှိနေသည်။

ယဲ့ဖန်သာ သေချာသတိမထားမိပါက မသိနိုင်ပေ။

ထိုအတွေးကြောင် ကားမောင်းနေတဲ့လမ်းကြောင်းကို ချက်ချင်းပြောင်းလိုက်သည်။

ဝေးလံသောနေရာသို့ ကားကိုမျှားခေါ်သွားကာ တစ်ဖက်လူက ဘာအတွက်လိုက်လာဆိုတာကို ပြောပြဖို့ အတင်းအကြပ်လုပ်ရန်စီစဉ်ထားသည်။

သို့သော် ကားပေါ်ရှိလူကလည်း အလွန်သတိရှိသည်။

အချိန်ခဏကြာအောင် အနောက်မှလိုက်ပြီးတဲ့နောက် တစ်ခုခုမှားနေပြီဆိုတာ သိလိုက်ပြီး ချက်ချင်း လှည့်ပြန်သွားသည်။

ယဲ့ဖန်သည် ထွက်သွားသည့်ကား၏ ဦးတည်ရာကို ကြည့်ကာ စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

ပြေးတာကလည်း မြန်လိုက်တာ။

ယဲ့ဖန်နောက်ကလိုက်ခဲ့တဲ့ကားက အဝေးကိုမောင်းပြေးသွားပြီး ယဲ့ဖန်လိုက်မမီတော့ပေ။

မောင်းပြေးသွားတဲ့ ကတုံးနဲ့လူက သက်ပြင်းတစ်ချက်ချလိုက်သည်။

ထိုကလေးက အဲ့လောက်တောင် ဉာဏ်ကောင်းမယ်လို့ မမျှော်လင့်ထားပေ။

ချောင်ပိတ်ဖမ်းမိလုနီးပါပဲ။

မောင်းပြေးသွားတဲ့ ကတုံးနဲ့လူက ခဏငြိမ်သက်သွားပြီးနောက် ဖုန်းကို အမြန်ထုတ်ကာ ဖုန်းဆက်လိုက်သည်။

" မိုလူကြီးမင်း၊ တောင်းပန်ပါတယ်။ အဲဒီကလေးက ဉာဏ်ကောင်းလွန်းတယ်။ သူသိသွားပြီ… "

ကျုံးဟိုင်မြို့ရှိ အိမ်ကြီးတစ်ခုတွင် မိုချောင်းရှန်း ဖုန်းချလိုက်ပြီးနောက် ချက်ချင်း အသေအချာ တွေးနေမိသည်။

ထိုပုံစံမြင်တော့ မိုကုန်းက စိုးရိမ်တကြီးဖြင့်မေးသည်။

" ဘာဖြစ်တာလဲ အဖေ "

မိုချောင်းရှန်းသည် အာရုံများ ပြန်ကပ်လာပြီးပြောသည်။

" ယဲ့ဖန်ရဲ့နောက်ကို လိုက်ဖို့ ငါလွှတ်ခဲ့တဲ့လူကို သူက ရိပ်မိသွားတယ် "

မိုကုန်းက အံ့ဩသွားသည်။

" အဲ့ဒီအကောင်က အရမ်းတွေကိုသတ္တိရှိနေတာလား။ အဖေပို့တဲ့လူကိုတောင် ဖော်ထုတ်ခဲ့တာလား "

မိုချောင်းရှန်းက ခေါင်းညိတ်လိုက်သည်။

" ဒီကောင်က ငါထင်ထားတာထက် ဆက်ဆံရတာ ပိုခက်တယ်။ ငါတို့ရဲ့ နည်းဗျူဟာကို ပြောင်းလဲဖို့ လိုပုံရတယ် "

" အဖေဘာလုပ်ချင်လို့လဲ "

မိုကုန်းက စိုးရိမ်တကြီး မေးလိုက်သည်။

မိုချောင်းရှန်းက သူ့မေးစေ့ကို ထိလိုက်သည်။

" လောလောဆယ် သူ့ကို မနှောင့်ယှက်နဲ့ဦး။ ရှန်းပိုင်ထျန်းဆီက ရှန်းဘုရင်ရဲ့လျှို့ဝှက်ရတနာမြေပုံအပိုင်းအစကိုရဖို့ နည်းလမ်းကိုစဉ်းစားကြည့်။ ပြီးမှ အဲ့ဒီကောင်ရဲ့ နောက်ခံကို ဖော်ထုတ်ဖို့ အခွင့်အရေးတွေရှိလာမှာပါ .......... "

မိုကုန်းက ရုတ်တရက်စိတ်လှုပ်ရှားလာသည်။

" အဖေ၊ အဲ့ကောင်ကို လွှတ်ထားမလို့လား။ ဘယ်လိုလုပ်ပြီးဖြစ်မှာလဲ။ သူ့လက်ထဲမှာ ကျွန်တော့်သက်သေရှိနေတာ။ ကျွန်တော့်အသက်ကို ...... "

" ခွေးကောင်၊ မင်းပါးစပ်ပိတ်ထား "

မိုချောင်းရှန်းက အော်လိုက်သည်။

" ငါတို့က ရှန်းဘုရင်ရဲ့လျှို့ဝှက်ရတနာမြေပုံအပိုင်းအစကို လူကြီးမင်းနျုံအတွက်ရအောင် ကူပေးဖို့ဘဲ။ ဒီကိစ္စကို ပြီးအောင်မလုပ်နိုင်ရင် ငါတို့အကုန်သေလိမ့်မယ် "

မိုကုန်းက 'လူကြီးမင်းနျုံ'ရဲ့နာမည်ကိုကြားတဲ့အခါ မျက်နှာက ဖြူဖျော့သွားသည်။

သူဘာမှ ထပ်မပြောရဲတော့ပေ။

မိုချောင်းရှန်းက သက်ပြင်းချလိုက်ပြီး သူ့ပခုံးကို ပုတ်လိုက်သည်။

" စိတ်မပူပါနဲ့ ကုန်းလေး။ ဒီကောင်ကို နောက်တစ်ရက်လောက်တော့ ပြေးခွင့်ပေးလိုက်မယ်။ ရှန်းဘုရင်ရဲ့လျှို့ဝှက်ရတနာမြေပုံအပိုင်းအစကို အောင်အောင်မြင်မြင်ရပြီးတဲ့အခါ မင်း အဲ့ကောင်ကို ရှင်းပစ်ဖို့ အဖေက သေချာပေါက် ကူညီပေးမှာပါ "

မိုကုန်းက လေးလေးနက်နက် ခေါင်းညိတ်လိုက်ပြီး သူ့မျက်နှာတွင် ပြင်းထန်တဲ့ အမူအရာ ပေါ်လာသည်။

" ကျွန်တော် သူ့ကို အပိုင်းတစ်ထောင်တောင် ဆွဲဖြဲထုတ်ချင်တာ "

အပိုင်း (၁၉၅)

အလှလေး မင်းချမ်းသာတော့မှာဆိုတာကိုရော သိရဲ့လား

Lykan စူပါကားပေါ်၌ ယဲ့ဖန်ကားမောင်းရင်း အစောကဖြစ်ခဲ့တာကို ပြန်တွေးနေမိသည်။

အခုတစ်လော သူ့ကိုလိုက်စုံစမ်းနေတဲ့ လူတွေနဲ့ပက်သက်ပြီး သူသံသယရှိနေတဲ့လူမှာ မိုချောင်းရှန်းနှင့် သူ့သားဖြစ်သည်။

ထိုနှစ်ယောက်မှလွဲ၍ သူဘယ်အင်အားကြီး ရန်သူကိုမှအပြစ်မပြုမိပေ။

ထိုသို့တွေးမိတော့ ယဲ့ဖန်စိတ်အေးသွားရသည်။

အဲ့သားအဖနှစ်ယောက်က သူ့ရန်သူ ဖြစ်ချင်နေတာလား?

သူတို့အဲ့အတွေးကို တတ်နိုင်သမျှ မြန်မြန် လက်လျှော့လိုက်တာကောင်းမည်။ မဟုတ်လျှင် ကျုံးဟိုင်က သူတို့ရဲ့ သင်္ချိုင်းမြေဖြစ်သွားလိမ့်မည်။

သူဗီလာထဲသို့မောင်းဝင်လာချိန်၌ လင်းကျွင်းကျွင်း အိမ်ခြံမြေစီမံခန့်ခွဲရေး အဆောက်အဦးထဲမှ ထွက်လာသည်ကို မြင်လိုက်ရသည်။

လင်းကျွင်းကျွင်းလည်း ယဲ့ဖန်ကို လှမ်းမြင်လိုက်သည်။

သို့သော် မမြင်ချင်ယောင်ဆောင်ကာ အဝေးသို့လျှောက်သွား၏။

ယဲ့ဖန်လည်း အရှိန်တင်လိုက်ကာ သူမရှေ့တွင် ကားကိုထိုးရပ်လိုက်သည်။

“မင်းကိုယ့်ကို မမြင်ဘူးလား?”

ယဲ့ဖန် ကားပြတင်းပေါက်ကိုမှီရင်း သူမကို အပြုံးတစ်ပွင့်ဖြင့်ကြည့်ကာ မေးလိုက်သည်။

“မြင်တယ်လေ”

လင်းကျွင်းကျွင်းကတော့ သူ့ကိုပြန်ကြည့် မလာပဲ ဟိုဟိုသည်သည်အကြည့်လွှဲနေ၏။

“ဘာလို့ကိုယ့်ကို လျစ်လျူရှုနေတာလဲ?”

ယဲ့ဖန်အနည်းငယ် ပဟေဠိဖြစ်နေရသည်။

“ကျွန်မကရှင့်ကို ဘာလို့ဂရုစိုက်ရမှာလဲ?”

လင်းကျွင်းကျွင်း၏မျက်နှာမှာ တည်တံ့နေကာ ချဉ်းကပ်လို့မရနိုင်သည့် အကြည့်မျိုးသူမမျက်နှာထက်၌ တည်ရှိနေသည်။

“ကိုယ်မင်းကိုစိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ထားမိလို့လား?”

သူမပုံကိုမြင်တော့ ယဲ့ဖန်အနည်းငယ် ရှုပ်ထွေးလာရသည်။

“ကျွန်မက ဒီတိုင်းအိမ်ခြံမြေမန်နေဂျာ ပေါက်စလေးပါ။ ရှင်က အိမ်ခြံမြေပိုင်ရှင်လေ။ ကျွန်မတို့ကသာ ရှင့်ကိုကောင်းကောင်းဝန်ဆောင်မှုမပေးမိတဲ့ လူတွေပါ။ ရှင်ကဘယ်အချိန်တုန်းကများ ကျွန်မတို့ကို အပြစ်ပြုမိလို့လဲ?”

လင်းကျွင်းကျွင်း၏စကားများမှာ ဆူးအပြည့်နှင့်ဖြစ်နေကာ ထွက်သွားရန် ပြင်လိုက်သည်။

ယဲ့ဖန်လည်း ကားပေါ်မှချက်ချင်းဆင်းကာ သူမရှေ့တွင် ပိတ်ရပ်လိုက်ရင်း “ကိုယ့်ကို ရှင်းရှင်းလင်းလင်းပြောပြ၊ ဘာဖြစ်နေတာလဲ?”

လင်းကျွင်းကျွင်း ခြေတစ်လှမ်းနောက်ဆုတ်ကာ အကွာအဝေး တစ်ခုခြားပြီးမှ “မစ္စတာယဲ့၊ ကျွန်မ အခု အလုပ်လုပ်နေတာပါ။ တကယ်လို့ ဘာမှ ပြောစရာမရှိဘူးဆိုရင် ကျေးဇူးပြုပြီး မနှောင့်ယှက်ပါနဲ့လား”

သူမ ထပ်ထွက်သွားမလို့လုပ်နေသည်ကို မြင်တော့ ယဲ့ဖန် သူမလက်မောင်းကို လှမ်းဆွဲလိုက်ကာ “ကိစ္စမရှိဘူးလို့ ဘယ်သူပြောလဲ? ကိုယ်မင်းကို မြေပိုင်ရှင် တစ်ယောက်အနေနဲ့ပြောနေတာ။ အဲ့တာကြောင့်အမှန်အတိုင်းဖြေ”

လင်းကျွင်းကျွင်းမှာ ရွေးချယ်စရာမရှိပဲ ရပ်လိုက်ရတော့သည်။

“ဘာမေးချင်တာလဲ?”

ယဲ့ဖန် သူမမျက်လုံးတွေကို စိုက်ကြည့်လျက် “ကိုယ်မင်းကိုဘယ်လိုအပြစ်ပြုထားမိလို့လဲ? ဘာလို့ကိုယ့်ကိုစိတ်ဆိုးနေတာလဲ?”

လင်းကျွင်းကျွင်း အတင်းလုပ်ယူကာ ပြုံးလိုက်ပြီး “ရှင်ကျွန်မအ‌ပေါ်မှာ ဘာအပြစ်မှ မလုပ်ထားပါဘူး။ ကျွန်မလည်း ရှင့်ကိုစိတ်မဆိုးဘူး”

ယဲ့ဖန်လည်း ခေါင်းညိတ်ပြလိုက်သည်။

“အိုကေ၊ မင်းစိတ်မဆိုးဘူးဆိုရင် ငါမင်းဆီက အကူအညီလိုတယ်”

“ဆောင်းဦးလယ်ပွဲတော်ကျရင် ကိုယ့်မွေးရပ်မြေကိုပြန်မလို့။ အဲ့နေ့မှာ ကိုယ့်အဘိုးရဲ့မွေးနေ့ရှိတယ်လေ။ အဲ့တာ သူ့ကိုဘာလက်ဆောင်ပေးရင်ကောင်းမလဲ ဆိုတာ ကူစဉ်းစားပေးပါလား?”

လင်းကျွင်းကျွင်း မပျော်ရွှင်စွာ နှုတ်ခမ်းစူလိုက်မိသည်။ “အဲ့တာ ရှင့်ကောင်မလေးကိုသွားမေးလေ”

ယဲ့ဖန် ချက်ချင်းနားလည်သွားတော့သည်။

“မင်းသဝန်‌တိုနေတာလား?”

သူရိပ်မိသွားသည်ကိုမြင်တော့ လင်းကျွင်းကျွင်း အနည်းငယ်ရှက်ရွံ့ သွားရသည်။

“ဘယ်သူက သဝန်တိုနေလို့လဲ? ကျွန်မ သဝန်မတိုပါဘူးနော်!”

သူမထိုသို့ပြောနေပေမယ့်လည်း သူမ အမူအရာကတော့ ထိုသို့ဟုတ်မနေပေ။

ယနေ့မနက်တုန်းက ရှန်းပိုင်ထျန်း ယဲ့ဖန်၏ အိမ်ကို လူတစ်အုပ်ခေါ်လာတာ သူမ တွေ့လိုက်သည်။

သူမပုံစံမှာ အိမ်ကြီးရှင်သခင်မလိုပင်။

၎င်းပုံစံဟာ သူမအား ချက်ချင်းဆိုသလို အနည်းငယ်မသက်မသာဖြစ်စေသည်။

သူနဲ့ရှန်းပိုင်ထျန်းတို့က ရိုးရိုးအတန်းဖော် တွေပါလို့ ယဲ့ဖန်အရင်ကပြောခဲ့ဖူးသည်။

သို့သော် သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက ထိုမျှလောက် မရိုးရှင်းနိုင်ပေ။

လင်းကျွင်းကျွင်း ရုတ်တရက် သူမ လှည့်ဖြားခံလိုက်ရသလို ခံစားလိုက်ရသည်။

ယဲ့ဖန်လည်း ဆွံ့အသွားရသည်။

“ငါတို့နှစ်ယောက်ကြားကဆက်ဆံရေးက စကားနည်းနည်းနဲ့ရှင်းပြလို့မရဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မင်းထင်နေတဲ့ အဲ့လိုဆက်ဆံရေးမျိုးတော့ မဟုတ်ဘူး”

“တကယ်လား?”

“မင်းကိုယ့်ကိုမယုံလည်း ကိစ္စမရှိဘူး။ ကိုယ်တခြားတစ်ယောက်ကိုပဲ သွားမေးလိုက်တော့မယ်” ယဲ့ဖန် ထိုသို့ပြောကာ ထွက်သွားရန်ပြင်လိုက်သည်။

“ယုံပါတယ် ကျွန်မရှင့်ကိုယုံပါတယ်”

လင်းကျွင်းကျွင်း သူ့ကိုအမြန်ပြန်ဆွဲလိုက်ကာ ခဏလောက် စဉ်းစားကြည့်လိုက်သည်။

“လူကြီးတွေကို လက်ဆောင်ပေးမယ်ဆိုရင် ပထမဆုံး သူတို့ဝါသနာကို အရင်စဉ်းစား ရမယ်။ ဒုတိယအနေနဲ့ လူကြီးတွေက ချိုးခြံချွေတာတတ်တယ်။ အဲ့တာကြောင့် ဈေးကြီးတာမျိုးတွေ မဝယ်ပေးနဲ့။ အနည်းဆုံးတော့ သူတို့ဘက်က ဈေးကြီးတယ်လို့ မတွေးမိသွားစေနဲ့…”

ယဲ့ဖန် သူမခွဲခြမ်းစိတ်ဖြာပြတာကို နားထောင်ရင်း သူ့အတွေးတွေလည်း တဖြည်းဖြည်းချင်းရှင်းလင်းလာသည်။

“ကိုယ့်အဘိုးက နာရီတွေကြိုက်တယ်၊ အဘွားကတော့ ကျောက်စိမ်းကို သဘောကျတယ်။ ကိုယ်သိရသလောက် တော့ သူ့ဘိုးဘေးတွေဆီကနေ အမွေရထားတဲ့ကျောက်စိမ်းတစ်ပိုင်းကို သူရောင်းဖူးသေးတယ်။ အဲ့တုန်းက သူ တိတ်တိတ်လေးငိုနေတာ ကိုယ်မြင်ဖူးတယ်…”

လင်းကျွင်းကျွင်း အမြန်ခေါင်းညိတ်ပြလိုက်ကာ “ဒါဆို ရှင့်အဘိုးကို နာရီလက်ဆောင်ပေးပြီး အဘွားကို ကျောက်စိမ်းပေးလိုက်လေ။ ကျွန်မသိတဲ့ ကျောက်စိမ်းဆိုင်တစ်ဆိုင် ရှိတယ်။ အဲ့ဆိုင်က နိုင်ငံတော်ပိုင်ဆိုတော့ ကျောက်စိမ်းကောင်းတွေ အများကြီး ရှိတယ်”

ယဲ့ဖန်ခေါင်းညိတ်ပြကာ သူမအား အကဲဖြတ်လိုက်သည်။

“မင်း ‘အဘိုး’ ‘အဘွား’ နဲ့ခေါ်နေပုံက သူတို့မြေးအရင်းဖြစ်တဲ့ ငါ့ထက်တောင် ပိုရင်းနှီးနေသေးတယ်”

လင်းကျွင်းကျွင်း၏မျက်နှာ နီရဲသွားကာ “ရှင်ကဘာလဲ? ကျွန်မကရှင့်ကို အကြံကူစဉ်းစားပေးထားတာကိုတောင် လာစနေသေးတယ်? ရှင်နဲ့စကားထပ်မပြော တော့ဘူး”

ထိုသို့ပြောပြီးနောက် သူမ အမြန် ထွက်သွားတော့သည်။

သူမအလွန်မြန်မြန်လျှောက်လိုက်ခြင်းကြောင့် ခြေချင်းလိမ်ကာ ချော်လဲမလိုဖြစ်သွားသည်။

ယဲ့ဖန် သူမပြာယာခတ်နေသည်ကို မြင်တော့ ရယ်လိုက်မိသည်။

လင်းကျွင်းကျွင်း ယဲ့ဖန်အား ဒေါသတကြီး လှည့်ကြည့်လာသည်။

ယဲ့ဖန် သက်ပြင်းတစ်ချက်ချကာ သူ့ပြိုင်ကားရှိရာဆီ ပြန်သွားလိုက်သည်။

ကားပေါ်သို့ရောက်တော့ ယဲ့ဖန် အိမ်ပြန်ဖို့ အလျင်လိုမနေပေ။ ထိုအစား လင်းကျွင်းကျွင်းပြောလိုက်သည့် ကျောက်စိမ်းဆိုင်သို့ မောင်းသွားလိုက်သည်။

ကျောက်စိမ်းဆိုင်၏နာမည်မှာ ‘ယွီရှန်းယန်’ ဖြစ်ပြီး ကျုံးဟိုင်၏ လူချမ်းသာတွေရှိသည့် လမ်းထဲတွင်တည်ရှိတာဖြစ်သည်။

ထိုဆိုင်ဟာ ကျုံးဟိုင်ရှိ ထိုက်ကုဈေးဝယ်စင်တာအခွဲနှင့် မိုင်တစ်ရာအကွာတွင်တည်ရှိကာ ကျုံးဟိုင်ရှိ အဆင့်အတန်းအမြင့်ဆုံး ကျောက်စိမ်းဆိုင် ဖြစ်သည်။

ယဲ့ဖန်ဆိုင်ထဲသို့ဝင်သွားချိန်၌ မိန်းကလေး အရောင်းဝန်ထမ်းများမှာ အစုစုရပ်ကာ စကားပြောနေကြသည်။

သို့သော်သူဝင်လာသည်ကိုမြင်တော့ အကုန် ပြန်ထိုင်သွားကြသည်။

ဘာကြောင့်ဆို ယဲ့ဖန်ဝတ်ထားသည့် Branded အနောက်တိုင်းဝတ်စုံမှာ မနက်တုန်းက ညစ်ပတ်သည့်ရေတွေဖြင့် ပေကျံနေတာကြောင့် လမ်းပေါ်က ဆိုင်သေးသေးလေးတစ်ခုမှ ယွမ်နှစ်ရာတန် ဝတ်စုံကိုဝယ်ယူကာ လဲလှယ်ခဲ့တာကြောင့် သူ့ပုံစံမှာ လူချမ်းသာတစ်ယောက်နှင့် တူမနေပေ။

ယခု ယဲ့ဖန်ဆိုင်ဝန်ထမ်းများထံမှ လျစ်လျူရှု ခံလိုက်ရတာကြောင့် သူအနည်းငယ် ကသိကအောက်ဖြစ်သွားရသည်။

ထိုအချိန်မှာပဲ အနည်းငယ်နေမကောင်းဖြစ်နေပုံပေါ်သည့် မိန်းကလေးဝန်ထမ်းတစ်ယောက် သူ့ထံ လျှောက်လာသည်။

“ဆရာ, ဘာများကူညီပေးရမလဲရှင့်?”

သူမကိုတစ်ချက်ကြည့်လိုက်ရုံဖြင့် လူသစ်လေးမှန်းသိသာနေသည်။

“မင်းကော်မရှင်ခဘယ်လောက်ရလဲ သိခွင့်ရှိမလား?”

သူမအဖြေကို ယဲ့ဖန် အလျင်မလိုပေ။

“ကျွန်မကအခုမှရောက်လာတဲ့ ဝန်ထမ်းသစ် ဆိုတော့ 2% ပဲရပါတယ်” ထိုမိန်းကလေးက ရိုးသားစွာပြန်ဖြေလာ၏။

ယဲ့ဖန်၏နှုတ်ခမ်းတွေတွန့်ကွေးသွားကာ လှပသောအပြုံးတစ်ပွင့် ထွက်ပေါ်လာသည်။

“အလှလေး မင်းချမ်းသာတော့မယ်ဆိုတာကို သိရဲ့လား?”

အပိုင်း (၁၉၆)

ဖွက်ထားတဲ့ရွှေငါးကြီး

ယဲ့ဖန်၏ထူးဆန်းသည့်စကားကိုကြားတော့ ထိုဝန်ထမ်းမလေး အနည်းငယ်ကြောင်အ သွားပေမယ့် ခေါင်းတော့ညိတ်ပြလာသည်။

“လူကြီးမင်းရဲ့ကြင်နာတဲ့စကားအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မက ဒီဆိုင်ရဲ့ 81 ယောက်မြောက် ဝန်ထမ်းပါ။ ကျွန်မ ဘာများကူညီပေးနိုင်မလဲရှင့်?”

သို့သော် သူမယဲ့ဖန်၏စကားတွေကို အတည်မယူပေ။

တကယ်တော့ သူမကအသစ်ဝင်လာတဲ့သူ ဖြစ်နေရင်တောင် သူမမျက်လုံးတွေ ကောင်းသေးသည်။

သူမရှေ့ရှိဈေးဝယ်သူ၏အဝတ်အစားတွေကို ကြည့်လိုက်သည်နှင့် သူကချမ်းသာသည့်လူ တစ်ယောက်မဟုတ်မှန်း အတပ်ပြောနိုင်သည်။

ဆိုင်ထဲကမြေခွေးအိုကြီးတွေ သူမကို လွှတ်လိုက်တာကို သူ မမြင်ဘူးလား?

ထိုမြေခွေးအို‌ကြီးတွေ တခြားဘာတွေတတ်သေးလဲတော့ သူမ မသိပေမယ့် လူတစ်ယောက်ကိုကြည့်တဲ့ နေရာမှာတော့ အတော်တိကျကြသည်။

ဈေးဝယ်သူရဲ့အဝတ်အစားကိုကြည့်လိုက်တာနဲ့ တစ်ဖက်လူရဲ့တန်ဖိုးကို သူတို့ အတိအကျခန့်မှန်းနိုင်ကြသည်။

တကယ်လို့ ချမ်းသာတဲ့ဈေးဝယ်သူသာ ရောက်လာလျှင် သူမလိုအသစ်ကလေးကို

လွှတ်မည်မဟုတ်ပေ။

သိပ်မတတ်နိုင်သည့်ဈေးဝယ်သူတွေကသာ သူတို့အတွက် “ပိုက်ကွန်ထဲကလွတ်သွားတဲ့ ငါးတွေ” ဖြစ်ပေလိမ့်မည်။

တကယ်တော့ ယွမ်တစ်ရာ‌ကျော် ကျသင့်သည့် အရည်အသွေးနိမ့်သည့် ကျောက်စိမ်းတစ်ခု ရောင်းထွက်မှ ဆယ်ယွမ်ကနေ ယွမ်နှစ်ဆယ်လောက်သာ ကော်မရှင်ခရတာဖြစ်သည်။

ထို့အပြင် ထိုသို့သောဈေးဝယ်သူမျိုးဟာ သူတို့ရဲ့ငွေရေးကြေးရေးအခြေအနေကြောင့် အနည်းငယ်တုံ့ဆိုင်းတတ်ကြသည်။

ထိုမြေခွေးအိုကြီးတွေက ယွမ်နည်းနည်းလေးအတွက်နဲ့ သူတို့ အချိန်ကို မဖြုန်းလိုကြပေ။

ထင်တဲ့အတိုင်းပဲ…

ဆိုင်ရဲ့ ၈၁ ယောက်မြောက် ဝန်ထမ်းလေး အတွေးလွန်နေချိန်မှာ တခြားဈေးဝယ်သူ တစ်ယောက်ဆိုင်ထဲဝင်လာ၏။

ထိုယောကျာ်းသားဈေးဝယ်သူဝတ်ထားသည့် အဝတ်အစားများမှာ အနည်းဆုံး ယွမ်တစ်ထောင်တန်လေသည်။ သူဟာ သေချာပေါက် အဆင့်မြင့်ဈေးဝယ်သူ ဖြစ်ရမည်။

အစောကယဲ့ဖန်ကို မတူမတန်ဆက်ဆံ နေကြသည့် အမျိုးသမီးဝန်ထမ်းတစ်အုပ်မှာ ယခုတော့ အသားတွေ့သွားသည့် ဝံပုလွေ အုပ်ကြီးလို ထိုလူအနား၌ဝိုင်းအုံနေတော့သည်။

ထိုအရာကို ယဲ့ဖန်မြင်တော့ သူတစ်ချက် ပြုံးလိုက်ကာ ခေါင်းအသာယမ်းရင်း “သွားကြတော့မလား?”

ဆိုင်ရဲ့ 81 ယောက်မြောက် ဝန်ထမ်းမှာ သူမအားကျနေသည့်အကြည့်တွေကို ပြန်ရုပ်သိမ်းလိုက်ပြီး “ဆရာ ကျွန်မနောက်က လိုက်ခဲ့ပေးပါ”

ကျောက်စိမ်းဆိုင်မှာ အတော်ကြီးကာ စတုရန်းမီတာနှစ်ထောင်ကျော်လောက် ကျယ်ဝန်းသည်။

ဆိုင်ထဲ၌ကောင်တာများလည်း အများအပြားရှိပြီး ကောင်တာတစ်ခုစီ၌ တောက်ပနေသည့် ကျောက်စိမ်းအသုံးအဆောင်များရှိသည်။

ဆိုင်ရဲ့ 81 ယောက်မြောက် ဝန်ထမ်းက ယဲ့ဖန်အား ကောင်တာတစ်ခုထံ ခေါ်ဆောင်သွားပေးသည်။

“ဆရာ, ကျောက်စိမ်းကို လက်ဆောင်ပေးဖို့ အတွက်လားဆိုတာကို သိပါရစေရှင်?”

“ဟုတ်တယ်”

“ဘယ်သူ့အတွက်ပေးမလို့ပါလဲ?”

“အဘွားကိုပါ”

“ဒါဆို ဒီလက်ကောက်လေးကို တစ်ချက် ကြည့်ကြည့်ပါ။ အဘွားဖြစ်သူ သေချာပေါက်ကြိုက်လောက်မှာပါ”

ယဲ့ဖန် သူမပြသည်ကိုတစ်ချက်ကြည့်ကာ ပြုံးလိုက်မိသည်။

သူမပြနေသည့်လက်ကောက်များမှာ ယွမ်တစ်ရာမှ ငါးရာအတွင်းသာရှိသည်။

ဘယ်သူ့ကိုလာအထင်သေးနေတာလဲ?

တကယ်ဆို သူကကျုံးဟိုင်မြို့ရဲ့ အချမ်းသာဆုံးစာရင်းဝင်ဆယ်ယောက်ထဲက တစ်ယောက်ကို။

ငါ့လိုလူကို ယွမ်ရာတန်လက်ကောက်လေးတွေ လာပြနေတယ်ပေါ့?

မင်းမှာသတ္တိရှိရင် ယွမ်ထောင်ချီလောက်တဲ့ ဟာမျိုးလာပြစမ်းပါ!

“ဒီလက်ကောက်က သိပ်အရည်အသွေး ကောင်းတဲ့ပုံမပေါ်ဘူး။ တခြား အရည်အသွေးကောင်းတာ မရှိတော့ဘူးလား?”

ယဲ့ဖန်အကောင်းဆုံးကြိုးစားကာ ယဉ်ကျေးသည့်အပြုံးကို ထိန်းထားလိုက်သည်။

“အိုး ကောင်းပါပြီ။ ကျွန်မနောက်ကို လိုက်ခဲ့ပေးပါ”

ဆိုင်ရဲ့ 81 ယောက်မြောက် ဝန်ထမ်းမှာ ရွေးချယ်စရာမရှိတော့ပဲ သူ့အား အခြားကောင်တာတစ်ခုသို့ ခေါ်သွားပေးလိုက်ရသည်။ “ဒီကောင်တာက လက်ကောက်တွေက ဟိုဘက်ကောင်တာကထက် ပိုပြီးအရည်အ‌သွေးကောင်းပါတယ်။ ဒါပေမယ့် ဈေးလည်းနည်းနည်းပိုများတယ်”

ယဲ့ဖန် ထိုကောင်တာသို့‌သွားကာ ဈေးကို တစ်ချက်ကြည့်လိုက်သည်။

လုံလောက်ပြီ။ ဟိုဘက်ကောင်တာကထက်တော့ နည်းနည်း ဈေးပိုများသားပဲ။

ဒါပေါ့, နည်းနည်းပဲပိုများတာ။

ဈေးနှုန်းက ငါးရာကနေ တစ်ထောင်ဝန်းကျင်ပဲရှိသေးတယ်။

ဒီမိန်းကလေး သူ့လို ‘အဆင့်အတန်းနိမ့်’ တဲ့ ဈေးဝယ်သူမျိုးပဲရတာ မဆန်းပါဘူး။

ငါမင်းကိုအခွင့်အရေးပေးနေပေမယ့် မင်းက အသုံးမချတတ်ဘူးပဲ!

“ဒီထက်ပိုကောင်းတာ မရှိတော့ဘူးလား?”

ယဲ့ဖန်သူမအားသေချာအောင် ထပ်မေးလိုက်သည်။

“ဆရာ၊ ဒီကောင်တာနှစ်ခုက ကျောက်စိမ်းတွေက ဈေးအသင့်ဆုံးတွေပါ။ တခြားကောင်‌တာက‌ဟာတွေက ယွမ်ထောင်ချီပါတယ်။ လူကြီးတစ်ယောက် အတွက်ဆို ဒီလောက်တန်လေးတွေက အသင့်တော်ဆုံးလို့ထင်ပါတယ်…”

ဆိုင်ရဲ့ 81 ယောက်မြောက် ဝန်ထမ်းမှာ သူစိတ်လှုပ်ရှားလွန်ပြီး ပိုက်ဆံ အလွန်အကျွံသုံးမိသွားမှာ ကြောက်တာကြောင့် ကြိုးစား‌ကာ ဖြောင်းဖျနေလေသည်။

ယဲ့ဖန်မှာ မျက်လုံးသာလှိမ့်လိုက်မိတော့သည်။

သူဒီနေ့စိတ်အခြေအနေကောင်းနေတာကြောင့် သူမကိုကံကောင်းအောင် လုပ်ပေးမလို့ပင်။

သို့သော် သူမခေါင်းက ကြေးနဲ့လုပ်ထားသလားဟု ထင်မှတ်ရလောက်အောင် ခေါင်းမာလွန်းသည်။

“ဈေးနှုန်းကို စိတ်ပူစရာမလိုပါဘူး။ ဒီက အကောင်းဆုံးအရည်အသွေးရှိတဲ့ ကျောက်စိမ်းကိုသာပြပေးပါ”

ယဲ့ဖန် သူမနဲ့စကားဆက်ပြောဖို့ အလွန်ပျင်းရိလာတာကြောင့် အမှန်အတိုင်းသာပြောလိုက်တော့သည်။

နံပါတ် 81 ဟာတော့ ခေါင်းကုတ်လျက် သူ့အားစိတ်ညစ်နေဟန်ဖြင့် ကြည့်လာသည်။

“ဆရာ ကျွန်မတို့ဆိုင်က အရည်အသွေးမြင့် ကျောက်စိမ်းအဆင်တန်ဆာတွေကိုက အထူးဧည့်သည်တွေ ဒါမှမဟုတ် မန်နေဂျာရဲ့ ခွင့်ပြုချက်ပါမှ ကြည့်လို့ရတာပါ…”

“ဒါဆို မင်းရဲ့မန်နေဂျာကို သွားခေါ်ပေးပါလား”

ယဲ့ဖန်မှာ သူမနှင့်စကားအနည်းငယ် ထပ်ပြောမိလျှင် သွေးအန်သည်အထိ ဒေါသထွက်ကာ ဤနေရာမှာတင် သေသွားတော့မလိုပင် ခံစားမိလာရသည်။

“ကျွန်မ ဝန်ဆောင်မှုပေးတာ မကောင်းလို့များလား? လူကြီးမင်း လိုချင်တဲ့ပုံစံကိုပြောရင် ကျွန်မရှာပေးနိုင်ပါတယ်”

နံပါတ် 81မှာ သူမန်နေဂျာကို တိုင်မည်စိုးသဖြင့် အလွန်ကြောက်လန့်လာကာ ငိုတော့မလိုပင် ဖြစ်လာသည်။

“ငါ…”

ယဲ့ဖန် အနည်းငယ်ဒေါသထွက်လာရသည်။

မိုချောင်းရှန်းလို အရိုင်းအစိုင်းနဲ့ရင်ဆိုင် ရတာတောင် သူတည်တည်ငြိမ်ငြိမ် နေနိုင်ခဲ့သေးသည်။

သို့သော် ဤဝန်ထမ်းနဲ့မှ သူ့မှာသွေးအန်မိလုနီးနီးဖြစ်နေရသည်။

ထိုအချိန်တွင် အနောက်တိုင်းဝတ်စုံ ဝတ်ထားသည့်လူတစ်ယောက် ထိုအခြေအနေကိုသတိပြုမိသွားကာ အမြန်ရောက်လာသည်။

“ဟယ်လိုဆရာ၊ ကျွန်တော်က ဒီဆိုင်ရဲ့ မန်နေဂျာ ယွီရှန်းယန်ပါ။ ဘာများကူညီပေးရမလဲ?”

ယဲ့ဖန် သူ၏ဆူပွက်နေသည့် သွေးတွေကို တည်ငြိမ်အောင်လုပ်လိုက်ကာ “ကျွန်တော် ဒီနေရာက အကောင်းဆုံးအရည်အသွေးရှိတဲ့ ကျောက်စိမ်းတွေကို ကြည့်ချင်တယ်”

ဆိုင်မန်နေဂျာ သူ့အဝတ်အစားတွေကို ကြည့်လိုက်သည်။

အစက‌တော့ သူလည်း ထိုလူကို အထင်သေးခဲ့တာဖြစ်သည်။

သို့သော် မျက်လုံးထောင့်ကနေ သူ၏ ဈေးပေါသည့်အဝတ်အစားတွေအောက်၌ ဖုံးကွယ်နေသည့် နာရီကို သတိထားလိုက်မိကာ သူ့မျက်လုံးထဲ၌ အလင်းတစ်ချက်လက်သွားသည်။

သူ့အထင်သာမမှားရင် ထိုနာရီက ဝယ်ယူသူ စိတ်တိုင်းကျပြုလုပ်ထားသည့် Cyrus Klepgys နာရီဖြစ်ကာ ဈေးကွက်တန်ဖိုး တစ်မီလီယံလောက်တန်လေသည်။

ဤမျှရိုးရှင်းစွာဝတ်ဆင်ထားသည့် ဈေးဝယ်သူက ထိုသို့သောရွှေငါးကြီး ဖြစ်နေလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

သူလွတ်သွားတော့မလိုပင် ဖြစ်သွားသည်။

“ဒါပေါ့ ရတာပေါ့ဗျာ။ ကျွန်တော့်နောက် လိုက်ခဲ့ပါ”

ဆိုင်မန်နေဂျာလည်း ရိုသေစွာ ဖိတ်ကြားဟန် ပြုလိုက်သည်။

ထိုမြင်ကွင်းကိုမြင်တော့ နံပါတ် 81 မှာ ဘေး၌ကြောင်အစွာရပ်နေမိသည်။

သူမမန်နေဂျာ၏စရိုက်ကို နားမလည်နိုင် ဖြစ်သွားရသည်။

သူကအမြဲတမ်း သူမြင်သည့်ဟင်းပွဲတွေကိုသာ စားတော်တည်တတ်တာဖြစ်သည်။

ထိုလူက အမြဲတမ်းအဆင့်အတန်းမြင့်တဲ့ ဈေးဝယ်သူတွေကိုသာ အောက်ကျို့တတ်တာဖြစ်သည်။

သို့သော် ယခုလိုဈေးဝယ်သူတွေဆိုရင် စကားအနည်းငယ်နဲ့ပထုတ်နေကျဖြစ်သည်။

ယခုယဲ့ဖန်အပေါ်သူ့သဘောထားမှာ ‘နှိမ့်ချလွန်းတယ်’ လို့တောင် ပြောလို့မရပေ။

သူ့ပုံစံမှာ ယခုချက်ချင်းပင် ကြမ်းပြင်ပေါ် ဒူးထောက်ပြီး “ဘိုးဘိုး” ဟုခေါ်တော့မည့်ပုံ

ပေါက်နေသည်။

နံပါတ် 81 ၏ မန်နေဂျာအပေါ် နားလည်ရသလောက်ဆိုရင် ယခုအမူအရာမှာ အနည်းဆုံးဆယ်မီလီယံလောက်သုံးမည့် ဈေးဝယ်သူကို ဆက်ဆံပုံနှင့်တူနေသည်။

ဒီလူကြီးမင်းက….

သူမကြောင်နေချိန်မှာ မန်နေဂျာ သူမအား လှည့်ဆူလာသည်။

“ဒီမှာဘာရပ်လုပ်နေသေးတာလဲ? အမြန်သွားပြီး ဒီကဧည့်သည်တော်အတွက် လက်ဖက်ရည်တစ်ခွက် သွားထည့်လာခဲ့။ ကိုယ့်ရှေ့ရောက်လာတဲ့ အခွင့်အရေးကို ဘယ်လိုဖမ်းဆုပ်ရမလဲတောင် မသိဘူး”

ဝန်ထမ်းလေးမှာလည်း ထိတ်လန့်သွားကာ ကော်ဖီဖျော်ရန် အမြန်ပြေးသွားတော့သည်။

All Chapters