← Chapters

အပိုင်း ၁၉၇-၂၀၀

Vol. 10 Ch. 197-200

အပိုင်း ၁၉၇-၂၀၀

Vol. 10 Ch. 197-200

အပိုင်း(၁၉၇)

ပိုက်ဆံရဲ့ဆွဲဆောင်မှု

ကျုံးဟိုင်ဆိုင်ခွဲ၏မန်နေဂျာမှာ ယဲ့ဖန်အား ဆိုင်၏ VIP နေရာသို့ ခေါ်သွားကာ မီးခံသေတ္တာအား ဂရုတစိုက်ဖွင့်လိုက်သည်။

“ဆရာ၊ ဒီကကျောက်စိမ်းတွေက ကျွန်တော်တို့ဆိုင်ရဲ့ရတနာတွေပါ။ ဒါတွေကို သဘောမကျသေးဘူးဆိုရင် မျိုးရိုးစဉ်ဆက် ဆင်းသက်လာတဲ့ အထူးကျောက်စိမ်းတွေကို ပြပေးပါမယ်”

ယဲ့ဖန်ကတော့ သူ့စကားတွေကို လျစ်လျူရှုထားကာ ကျောက်စိမ်းတွေကိုသာ ကြည့်လိုက်သည်။

ယွီရှန်းယန်၏ကျောက်စိမ်းအဆင်တန်ဆာများက တကယ်ပြိုင်ဘက်ကင်းတာကိုတော့ သူဝန်ခံရပေမည်။

ထိုကျောက်စိမ်းရုပ်တုများဟာ တကယ်ကို အရည်အသွေးကောင်းမွန်ပြီး ထွင်းထုထားသည့်လက်ရာမှာလည်း အလွန်သေသပ်လှသည်။

ယဲ့ဖန် ဂေါ်ဖီထုပ်ပုံကျောက်စိမ်းကို ကောက်ယူကာ သေချာကြည့်နေလိုက်သည်။

“ဆရာက တကယ်အမြင်စူးရှတာပဲ။ ဒီကွမ်းယင်ကျောက်စိမ်းက…”

“ပါးစပ်ပိတ်ထားပေးလို့ရမလား?”

သူပွစိပွစိပြောနေတာကြောင့် ယဲ့ဖန် ခေါင်းကိုက်လာတာကြောင့် ချက်ချင်း ဆူပူလိုက်မိသည်။

ကော်ဖီခွက်သယ်လာသည့် နံပါတ် 81 အရောင်းဝန်ထမ်းမလေးမှာ ကော်ဖီခွက် လွတ်ကျလုမတတ်ဖြစ်သွားရသည်။

ဆိုင်မန်နေဂျာမှာ သူမတို့ရှေ့တွင်ဆို အမြဲရုပ်တည်ကာ တင်းကြပ်သောလူ တစ်ယောက်ဖြစ်သည်။

သူ့ရှေ့မှာဆို သူမတို့မှာ အသက်ပင် ပြင်းပြင်းမရှူရဲပေ။

အခုဒီလူက သူ့ကိုတကယ်ကြီး ဆူလိုက်တာလား?

နံပါတ် 81 မှာ မန်နေဂျာအား ချက်ချင်း စိတ်လှုပ်ရှားစွာကြည့်လိုက်မိသည်။

မန်နေဂျာရဲ့စိတ်နဲ့သာဆို ထိုဈေးဝယ်သူနဲ့ ရန်ထဖြစ်မှာတော့ မဟုတ်ဘူးမလား?

သို့သော် မန်နေဂျာမှာ ဘာမှလုပ်မည့်ပုံ မပြသလို သူ့အားအပြုံးတစ်ပွင့်ဖြင့် “တောင်းပန်ပါတယ် ဆရာ။ ကျွန်တော် ချက်ချင်းပါးစပ်ပိတ်လိုက်ပါမယ်!”

တကယ်တော့ သူဒေါသမထွက်ရုံတင် မဟုတ်ပဲ ပျော်ပင်ပျော်နေသေးသည်။

ဈေးဝယ်သူတွေစိတ်မရှည်လေ သူတို့တွေက ပိုတတ်နိုင်လေပဲ။

သူမပျော်ပဲနေပါ့မလား။

သူကဘာလို့ဒေါသထွက်ရမှာလဲ?

နံပါတ် 81 မှာ သက်ပြင်းအသာချလိုက်မိသည်။

တကယ်ကို ပိုက်ဆံကစကားပြောတာပဲ။

သူမတို့မန်နေဂျာကို နိုင်သည်မှာ ပိုက်ဆံသာရှိသည်။

ဒါမျိုးက ငွေရဲ့ဆွဲဆောင်မှုပဲ။

ယဲ့ဖန် ထိုကျောက်စိမ်းပုံထဲမှ လက်ကောက်တစ်ခုကိုယူလိုက်သည်။

လက်ကောက်မှာ ကျောက်စိမ်းရောင် တောက်ပနေပြီး ကြည်လင်နေကာ အလွန်လှပလေသည်။

“ဒီလက်ကောက်လေးထုပ်ပေးပါ”

ထိုလက်ကောက်ကိုယူကာ ဘေးရှိ မိန်းကလေးအရောင်းဝန်ထမ်းကို ပေးလိုက်သည်။

မိန်းကလေးအရောင်းဝန်ထမ်းမှာ ထိုလက်ကောက်ကိုကြည့်ကာ အံ့ဩသွားရသည်။ “ဆရာ၊ ဒီလက်ကောက်က ယွမ် 1.68 မီလီယံ တန်ပါတယ်။ ပြန်စဉ်းစားကြည့်ဦးမလား?”

မန်နေဂျာဖြစ်သူမှာ သွေးအန်လုနီးပါး ဖြစ်သွားရသည်။

သူ့မှာဘယ်လိုလုပ် ဒီလောက်တုံးအတဲ့ ဝန်ထမ်းမျိုးရှိနေရတာလဲ?

တခြားလူတွေဆို သူတို့ဖောက်သည်တွေကို ရိုက်စားလုပ်ဖို့ ဦးနှောက်ခြောက်အောင် စဉ်းစားနေကြမှာ။

ဝယ်မယ့်သူကတောင် ဈေးမမေးတာကို သူက ဘာကိစ္စနဲ့ဝင်အကြံပေးနေရတာလဲ။

သူထိုမိန်းကလေးအား လည်ပင်းညှစ်ပြီးသာ သတ်ပစ်လိုက်ချင်သည်။

ယဲ့ဖန်ကတော့ ဂရုမစိုက်ဟန်ဖြင့်ပြုံးကာ “ကိုယ့်အဘွားပျော်ရင် ဘယ်လောက်ကုန်ကုန် ကိစ္စမရှိပါဘူး”

နံပါတ် 81 ကတော့ ဆက်ပြောချင်နေဟန်ပင်။

မန်နေဂျာမှာ သူမအားအမြန်တွန်းထုတ်ကာ ယဲ့ဖန်အ အပြုံးတစ်ပွင့်ဖြင့် နှုတ်ဆက်လာသည်။ “လူကြီးမင်းရဲ့ မိဘတွေအပေါ်သိတတ်မှုက တကယ်ထိရှစရာပါဗျာ။ ကျွန်တော်အခုပဲ ကုန်ကျစရိတ်တွက်လာပေးပါမယ်။ ဒီလမ်းပါဗျ”

ယဲ့ဖန်သူ့နောက်မှနေ ငွေရှင်းကောင်တာသို့ လိုက်လာကာ ကတ်ထုတ်လိုက်ပြီး ကိုယ်တိုင်ဘေလ်ရှင်းလိုက်သည်။

သူကျောက်စိမ်းဆိုင်၌ နှစ်အတော်ကြာအလုပ်လုပ်ခဲ့တာပင်။

သို့သော် ဒေါ်လာမီလီယံတန်သည့် အော်ဒါမျိုးမှာရှားပါးလှသည်။

ယဲ့ဖန် လျှို့ဝှက်နံပါတ်နှိပ်နေသည့် တတီတီ အသံကပင် သူ့နှလုံးခုန်သံအား မြန်လာစေသည်။

သူတို့စကားမှားသွားတာကြောင့် တစ်ဖက်လူပြန်သွားမှာကို သူအလွန်စိုးရိမ်နေခဲ့တာဖြစ်သည်။

ယဲ့ဖန် လျှို့ဝှက်နံပါတ်နှိပ်‌ပြီးနောက် ငွေပေးချေမှုအောင်မြင်ကြောင်း အသံထွက်လာသည်။

ထိုအခါမှ လည်ပင်းထိရောက်နေသော မန်နေဂျာ၏နှလုံးမှာ အောက်သို့ပြန်ကျသွားတော့သည်။

ထို့နောက် နဖူးထက်ရှိချွေးများကိုပင် မသုတ်အားပဲ ယဲ့ဖန်လက်ထဲသို့ ဘဏ်ကဒ်ကို ပြန်ထည့်ပေးလိုက်သည်။

တစ်ချိန်ထဲမှာပဲ သူ့အိတ်ကပ်ထဲမှ ရွှေရောင်ကတ်တစ်ခုကိုထုတ်လိုက်ကာ “ဆရာ၊ ဒါကကျွန်တော်တို့ဆိုင်ရဲ့ VIP ကတ်ပါ။ နောက်တစ်ခါဒီဆိုင်ကိုလာခဲ့ရင် 20% Discount ရပါမယ်ဗျ”

မိန်းကလေးအရောင်းဝန်ထမ်းမှာ ယခုထိ ကြောင်အနေဆဲပင်။

ပိုက်ဆံကိုရေလိုသုံးတဲ့ ဒီလိုသူဌေးမျိုးကို သူမတစ်ခါမှမမြင်ဖူးပေ။

ဒါက 1.68 မီလီယံတောင်လေ!

သာမန်မိသားစုတစ်စုဆို အဲ့လိုပိုက်ဆံမျိုးကို တစ်သက်နေရင်တောင် မစုနိုင်ဘူး။

ဒါပေမယ့် သူ့လိုလူချမ်းသာအတွက်ကတော့ အရမ်းကိုလွယ်ကူနေတာပဲ!

ယဲ့ဖန် ဘဏ်ကဒ်နှင့် VIP ကတ်ကို သိမ်းလိုက်ကာ သူမအားလှည့်ကြည့်လာသည်။

သူမအမူအရာကိုမြင်တော့ ရုတ်တရက်ကြီး ပျော်ဖို့ကောင်းသည်ဟု သူ ခံစားမိသွားသည်။

ထို့နောက် ဆိုင်မန်နေဂျာဘက်လှည့်ကာ “ဒီဝန်ထမ်းလေးကမဆိုးဘူးပဲ။ အနည်းဆုံးတော့ရိုးသားတယ်။ မင်းသူ့ကို ကောင်းကောင်းလေ့ကျင့်ပေးဖို့ မျှော်လင့်မိတယ်။ ငါနောက်တစ်ခါထပ်လာဖြစ်ရင် သူဝန်ဆောင်မှုပေးတာလိုချင်တယ်”

မန်နေဂျာလည်း သူမကိုအမြန်တွန်းလိုက်ကာ “ဘာလုပ်နေတာလဲ? အမြန်ကျေးဇူးတင်လိုက်လေ”

တကယ်တော့ သူထိုမိန်းကလေးအရောင်း ဝန်ထမ်းကို နည်းနည်းစိတ်ပျက်မိသည်။

သူသာဒီနေ့‌ဒီနေရာမှာပေါ်မလာရင် သူမကြောင့်နဲ့ အကြီးစားဈေးဝယ်သူကြီးကို လွတ်သွားတော့မလို့။

ထိုလူပြန်သွားလျှင် သူမကို အလုပ်ဖြုတ်ပစ်ဖို့တောင်စဉ်းစားနေတာ ဖြစ်သည်။

သို့သော်ယခုတော့ ယဲ့ဖန်၏စကားကြောင့် သူ့အတွေးတွေ ချက်ချင်းလွင့်ပြယ်သွားတော့သည်။

ဒီလိုငတုံးမက တကယ့်သူဌေးကြီးကို ဖမ်းမိသွားလိမ့်မယ်လို့ သူ မထင်ထားမိပေ။

သူမဘိုးဘေးတွေရဲ့စောင်မမှုကြောင့်ပင် ဖြစ်လိမ့်မည်။

မန်နေဂျာသတိပေးလိုက်ပြီးနောက် မိန်းကလေးအရောင်းဝန်ထမ်းမှာလည်း နောက်ဆုံး၌ပြန်တုံ့ပြန်လာသည်။

“ကျေး… ကျေးဇူးတင်ပါတယ် ဆရာ”

ယဲ့ဖန်သူမအားပြုံးပြကာ “မင်းက အရမ်း ကြင်နာတတ်လွန်းတယ်။ အဲ့တာလေးကို ထိန်းသိမ်းထားပါ၊ လမ်းမှားကို ရောက်မသွားစေနဲ့”

နံပါတ် 81 လည်းခေါင်းညိတ်ပြလိုက်သည်။

ယဲ့ဖန်ဘာမှထပ်မပြောတော့ပေ။

ထို့နောက် ထုပ်ပိုးပြီးသည့်လက်ကောက်ကို ယူကာ ထွက်လာလိုက်သည်။

ဆိုင်မန်နေဂျာလည်း ထိုဝန်ထမ်း၏ အင်္ကျီစကိုဆွဲကာ ယဲ့ဖန်ကို ဆိုင်အပြင်သို့ လိုက်ပို့လိုက်သည်။

အစောကယဲ့ဖန်အား အထင်သေးနေခဲ့ကြသော မိန်းကလေး အရောင်းဝန်ထမ်းအနည်းငယ်မှာ ဆိုင်မန်နေဂျာကိုယ်တိုင် သူ့ကိုလိုက်ပို့နေသည်ကိုမြင်တော့ အံ့ဩသွားကြသည်။

အရင်တုန်းက မန်နေဂျာကသူတို့ကို ယွမ်‌တစ်သောင်းလောက်သုံးသည့် ဈေးဝယ်သူဆိုလျှင် လိုက်ပို့ဖို့ပြောထားတာ ဖြစ်သည်။

အခုမန်နေဂျာကိုယ်တိုင်လိုက်ပို့ရတယ် ဆိုတော့ ထိုလူကအနည်းဆုံး ယွမ်သိန်းချီသုံးသွားတာဖြစ်ရမည်။

သူမတို့အားလုံး စပ်စုလိုတာကြောင့် အနောက်မှလိုက်သွားကြသည်။

ထို့နောက် ယဲ့ဖန်အလွန်လန်းသည့် ပြိုင်ကားပေါ်၌ထိုင်နေသည်ကို မြင်လိုက်ရသည်။

“ဘုရားရေ! အဲ့ကားကအရမ်းမိုက်တာပဲ! ငါအဲ့လိုပြိုင်ကားမျိုး တစ်ခါမှမမြင်ဖူဘူး!”

“ငါအဲ့ကားကို ငါ့ကောင်လေးဝယ်လာတဲ့ မဂ္ဂဇင်းမှာမြင်ဖူးတယ်။ ငါ့အထင် အဲ့တာကို …Lykan လို့ခေါ်တယ်ထင်တယ်?”

“Lykan? အဲ့ကားကသေချာပေါက် ဈေးမနည်းလောက်ဘူး။ အနည်းဆုံး တစ်မီလီယံလောက်ရှိမယ်ထင်တယ်?”

“ငါမေ့သွားပြီ။ ငါ့အထင်တော့… မီလီယံနဲ့ ချီမယ်ထင်တယ်”

“ငါ့မှာပိုက်ဆံရှိလာရင် သေချာပေါက်ကို ဝယ်ဦးမယ်”

“အိပ်မက်မက်မနေနဲ့။ နင်ရတာမှ မီလီယံနည်းနည်းကို နောက်ဘဝမှဖြစ်နိုင်မှာ”

“ငါတော့နောင်တရတယ်။ သူဒီလောက် ကောင်းတဲ့ကားကိုစီးလာမှန်းသိရင် ငါအရင် ဝန်ဆောင်မှုသွားပေးပါတယ်!”

“ထပ်မပြောနဲ့တော့။ သာမန်အဝတ်အစားပဲ ဝတ်ထားတော့ ချမ်းသာတယ်လို့ ဘယ်သူကထင်မှာလဲ?!”

ထိုမိန်းကလေးများ ဆွေးနွေးနေစဉ်မှာ ယဲ့ဖန်၏ကားဟာတော့ လှပစွာ ကွေ့ပတ်မောင်းသွားကာ ထွက်ခွာသွားတော့သည်။

ထို့နောက်တွင်တော့ မန်နေဂျာနှင့် နံပါတ် 81 အရောင်းဝန်ထမ်းတို့ ဆိုင်ထဲပြန်ဝင်လာကြသည်။

ထို့နောက် ထိုဝန်ထမ်းအုပ်စုအား အေးစက်စွာ စိုက်ကြည့်လာသည်။

“ငတုံးမတွေ!”

အပိုင်း (၁၉၈)

တစ်ခါသာလာသောအခွင့်အရေး။

ကျံးဟိုင်၏ ယွီရှန်းယန်ရုံးခွဲတွင် အရောင်းဝန်ထမ်းကောင်မလေးတွေက သူတို့မန်နေဂျာက ဆူနေတာကြောင့် ကြောင်အနေကြသည်။

" မန်နေဂျာ၊ ကျွန်မတို့မှားမှန်းသိပါပြီ။ ဒါပေမဲ့ ဆူဖို့ လိုလို့လား။ အရမ်းဆူနေတာဘဲ "

" ဆူတယ်ဟုတ်လား။ သတ်တာသာ တရားဝင်ရင် နင်တို့နှစ်ယောက်ကို ဓားနဲ့ထိုးပြီးနေပြီ။ နင်တို့က ဝယ်သူကောင်းကို လက်လွှတ်လိုက်တာလေ "

မန်နေဂျာကပြောရင်းဒေါသပိုထွက်လာသည်။

အခြားဝယ်ယူသူတွေကိုပါ ဂရုမစိုက်နိုင်တော့ပေ။

" မန်နေဂျာ၊ သူလာတုန်းက စုတ်တီးစုတ်ပြတ်နဲ့ဆိုတော့ ငွေမတတ်နိုင်တဲ့ဝယ်သူထင်လို့ပါ "

" ငွေမတတ်နိုင်တာဟုတ်လား။ နင်တို့မှာ အတွန့်တက်ခွင့်ရှိတယ်ထင်နေလား။ သာမန်အင်္ကျီဘဲဝတ်ထားပေမဲ့ သူ့လက်မှာ သန်းချီတန်တဲ့ Cyrus Klepgys နာရီဝတ်ထားတယ်လေ "

ဆိုင်မန်နေဂျာသည် အလွန်ဒေါသထွက်ကာ ဦးနှောက်သွေးယိုမတတ်ဖြစ်နေခဲ့သည်။

" လက်ပတ်နာရီတစ်လုံးက သန်းပေါင်းများစွာ တန်မှာလား။ အို ဘုရားရေ၊ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ "

" သန်းချီတန်တဲ့ နာရီတစ်လုံးလား။ ဒါကို ပထမဆုံးအကြိမ်ကြားဖူးတာဘဲ "

" လမ်းဘေးဆိုင်ကလို့ ထင်ခဲ့တာ။ သန်းချီတန်တယ်ဆိုတာသိခဲ့မယ်ဆိုရင် သူ့ကို အရင်ဆုံးကြိုဆိုရမယ့် ငါဘဲ "

ဆိုင်မန်နေဂျာသည် သူတို့၏ တီးတိုးစကားသံကိုကြားပြီး သွေးအန်လုမတတ် ဖြစ်သွားသည်။

" လမ်းဘေးဈေးဆိုင်ကဟာတဲ့လား။ သန်းဆယ်ချီတန်တဲ့ ပြိုင်ကားကို မောင်းတဲ့သူက လမ်းဘေးဆိုင်က ဝယ်ထားတဲ့ ပစ္စည်းတစ်ခုခုကို ဘာလို့ ဝတ်ရမှာလဲ "

သူ့စကားကိုကြားတော့ အရောင်းအမျိုးသမီးတွေက အံ့သြသွားကြပြန်သည်။

" သန်းဆယ်ချီတန်တဲ့ ပြိုင်ကားလား။ အဲဒီကားက သန်းဆယ်ချီလောက် တန်တာလား။ မန်နေဂျာ၊ ရှင် မှားတာများလား။ ဒီလောက်စျေးကြီးတဲ့ ပြိုင်ကားတစ်စီး ဘယ်လိုလုပ်ရှိနိုင်မှာလဲ "

မန်နေဂျာက ခေါင်းငြိမ့်လိုက်သည်။

" အဲဒါက Lykan စူပါကားဘဲ။ အခု စျေးကွက်မှာ အနည်းဆုံး ယွမ် သန်း ၇၀ တန်ကြေးရှိပြီးတော့ အခုဆို စျေးကွက်မှာလည်း မရှိတော့ဘူး "

အရောင်းအမျိုးသမီးများသည် ထိုစကားကို ကြားသောအခါ မြေပေါ် လဲကျမတတ် ဖြစ်သွားသည်။

" အို ဘုရားရေ၊ သန်း ၇၀ ကျော်တန်တဲ့ ပြိုင်ကားတစ်စီးလား။ သူ့မိသားစုက ဘယ်လောက်ချမ်းသာတာလဲ "

" သူ့မိသားစုရဲ့ ချမ်းသာမှုက အနည်းဆုံး ဘီလီယံနဲ့ချီပြီး ရှိနေမှာ၊ မဟုတ်လား။ သူက အလွန်ချမ်းသာတဲ့ ဒုတိယမျိုးဆက်သူဌေးသားဖြစ်မယ် "

" အာ၊ ဘီလီယံနဲ့ချီတဲ့ စူပါသူဌေးတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ် "

" ငါ့ကိုမတားနဲ့ ငါသေပါရစေတော့ "

အရောင်းအမျိုးသမီးတို့သည် အမှန်တကယ် ငိုချင်သော်လည်း မျက်ရည်မကျပါ။

ဆိုင်မန်နေဂျာ၏ဒေါသက ပြေလျော့သွားပြီး အရောင်းလက်ထောက် နံပါတ် ၈၁ ကို လှည့်ကြည့်လိုက်သည်။

နံပါတ် ၈၁ က ကြောက်ရွံ့စွာဖြင့် ချက်ချင်းခေါင်းငြိမ့်ပြလိုက်သည်။

ဆိုင်မန်နေဂျာက သူမကို ခဏလောက် စိုက်ကြည့်ရင်း ရုတ်တရက် သူ့အမူအရာ ပြောင်းသွားကာ သူမကို ကြင်နာစွာ ပြုံးပြလိုက်သည်။

" ရှောင်ဖန်းဆီက သင်ယူသင့်တယ်။ သူမက ဆိုင်ကိုရောက်တာ တစ်လခွဲသာ ရှိသေးပေမဲ့ ဖောက်သည်ကြီးတစ်ဦးကို လက်ခံရရှိနေပြီ။ သူမက မင်းတို့ထက် အများကြီး တော်တယ် "

အရောင်းအမျိုးသမီးအချို့သည် ထိုစကားကိုကြားသောအခါ အနည်းငယ် ဒေါသဖြစ်သွားကြသည်။

" သူမက ကံကောင်းတာလေ။ ငါတို့ကသာ သူမကိုမပေးရင် သူမက ရနိုင်ပါ့မလား "

" မှန်တယ်။ ဧည့်သည်တွေနဲ့ အတူရှိနေချိန်မှာတောင် စကားကောင်းကောင်း မပြောတတ်တဲ့သူ့ဆီက ဘာသင်ယူစရာရှိလို့လဲ "

" သူမက တစ်ယောက်လောက်ဘဲရခဲ့တာမလား။ ကြီးကြီးမားမားကိစ္စကရှိမှာလဲ။ ဝန်ဆောင်ခက ယွမ်ထောင်ဂဏန်းပဲရှိတာလေ။ အဲ့လောက်တော့ ဂရုမစိုက်ပါဘူး "

ဆိုင်မန်နေဂျာက သူတို့ရဲ့ ရွဲ့စောင်းပြောနေတဲ့ စကားတွေကိုကြားပြီး ချက်ချင်းကဲ့ရဲ့လိုက်သည်။

" ဝန်ဆောင်ခက ယွမ်ထောင်ဂဏန်းပဲတဲ့လား။ အဲ့ဒါကြောင့် မင်းတို့က အမြင်ကျဉ်းတယ်လို့ ပြောတာ။ မင်းတို့ ဝမ်းနည်းမှာ စိုးရိမ်ပေမဲ့ ရှောင်ဖန်းရဲ့ဝန်ဆောင်ခက ယွမ် ၁သိန်းဘဲ "

" ဖူး ....... "

အရောင်းအမျိုးသမီးများသည် ထိုသတင်းကို ကြားသောအခါ သွေးများအန်ထွက်မတတ်ဖြစ်သွားသည်။

" ဘယ်လောက်။ ၁သိန်း။ မန်နေဂျာ မှားများသွားပြီလား "

" ဟုတ်တယ်၊ အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ "

"သူမရဲ့ဝန်ဆောင်ခက ၂ ရာခိုင်နှုန်းပဲ မဟုတ်လား။ ဒီဝန်ဆောင်ခက ယွမ်ငွေ ၁သိန်းထိ ဘယ်လိုလုပ်ရမှာလဲ "

သူတို့တင်မကဘဲ ရှောင်ဖန်းဟုခေါ်သော အရောင်းအမျိုးသမီးကပင်အနည်းငယ် အံသြသွားသည်။

" မန်နေဂျာ၊ ဒီလောက်တော့ရှိမယ်မထင်ဘူး "

" အဲဒီဖောက်သည်က ဒီတစ်ခေါက် ၁.၆၈ သန်းဖိုး ဝယ်သုံးသွားတယ်တယ်။ သူမရဲ့ ၂% ဝန်ဆောင်ခကို တွက်လိုက်ရင် ယွမ် ၃သောင်းလောက်ဘဲရှိတယ် ...... "

ထိုစကားကိုကြားတော့ အရောင်းကောင်မလေးတွေရဲ့ မျက်လုံးတွေက ပြူးထွက်မတတ် ဖြစ်သွားသည်။

ယဲ့ဖန်သည် သန်းပေါင်းများစွာတန်တဲ့ နာရီကို ဝတ်ဆင်ပြီး သန်းဆယ်ချီတန်တဲ့ ပြိုင်ကားတစ်စီးကို မောင်းနှင်တယ်လို့ ကြားရတာထက် ပိုအံ့သြစရာကောင်းနေသည်။

သူတို့ အရမ်း အံ့သြသွားရသည်။

ဖောက်သည်သုံးစွဲသည့်ငွေပမာဏသည် သူတို့၏ဝန်ဆောင်ခနှင့် တိုက်ရိုက်သက်ဆိုင်သည်။

ဝန်ဆောင်ခက ၂%ဘဲဖြစ်လျှင် ယွမ် ၃သောင်းလောက်သာရှိရမှာဖြစ်သည်။

လပေါင်းများစွာလုပ်တဲ့ သူတို့ရဲ့လစာနဲ့ ညီမျှသည်။

အရောင်းအမျိုးသမီးတစ်ဦးက ပြောသည်။

" မန်နေဂျာ၊ အဲဒါ မမှန်ဘူး။ ဖောက်သည်က ယွမ် ၁.၆၈ သန်း သုံးစွဲထားရင်တောင် ရှောင်ဖန်းရဲ့ဝန်ဆောင်ခက အများကြီးမရသင့်ဘူး "

ဆိုင်မန်နေဂျာက ခေါင်းငြိမ့်ပြီး ဆက်ရှင်းပြသည်။

" ဒါပေါ့ အလုပ်သင်တစ်ယောက်ရဲ့ ဝန်ဆောင်ခက အဲ့လောက်မများပေမဲ့ ရှောင်ဖန်းရဲ့ ထူးချွန်တဲ့လုပ်ဆောင်မှုကြောင့် အလုပ်သင်ကာလကို စောစောပြီးပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ပုံမှန်ဝန်ထမ်းရဲ့ဝန်ဆောင်ခက ၆%ဆိုတော့ ယွမ် ၁သိန်း မကျော်ဘူးလား "

သူ့ရဲ့ရှင်းပြချက်ကြောင့် ထိုဝန်ထမ်းကောင်မလေးတွေရဲ့အမြင်တွေဝါးလာပြီး မေ့လဲမတတ်ဖြစ်သွားကြသည်။

အမှားလေးတစ်ခုက သူတို့ကို ယွမ်သိန်းချီလွဲချော်သွားစေခဲ့သည်။

ယွမ်တစ်သိန်းတောင်။

တစ်နှစ်လုံးကြိုးစားရင်တောင်မှ အဲ့လောက်ရမှာမဟုတ်ပေ၊

ရှောင်ဖန်းကတော့ နည်းနည်းလေးအားစိုက်လိုက်တာနဲ့ရသွားခဲ့သည်။

နောင်တရလွန်းလို့ နံရံနဲ့ခေါင်းပြေးဆောင့်ချင်နေသည်။

သို့ပေမဲ့ ဆိုင်မန်နေဂျာရဲ့ ရိုက်နှက်ချက်ကမပြီးသေးပေ။

“ အဲ့ဒီဝယ်သူကပြောသွားသေးတယ်။ နောက်ဆို သူက ငါတို့ဆိုင်မှာ လာဝယ်ရင်တောင် ရှောင်ဖန်းကဘဲ သူ့ကိုဝန်ဆောင်မှုပေးရမယ်တဲ့။ အဲ့တာကြောင့် ရှောင်ဖန်းကို ငါ့လက်ထောက်အဖြစ်ထားဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့ကို အကောင်းဆုံးသင်ကြားပေးမှာ။ မင်းတို့ကလည်း သူမကို လေးစားကြဖို့မျှော်လင့်တယ်။ ဘယ်သူသိမှာလဲ တစ်နေ့မှာ သူမက နင်တို့ရဲ့အထက်လူကြီးတောင်ဖြစ်လာနိုင်တယ် ”

ထိုစကားကိုကြားတဲ့အခါ အရောင်းစာရင်းကူတွေက မြေပေါ်လဲကျသွားတော့သည်။

သူတို့ ယဲ့ဖန်ကို အထင်သေးခဲ့မိတာကြောင့်ဖြစ်သည်။

အကောင်းစားဝယ်သူကို ဆုံးရှုံးလိုက်ရရုံသာမက ယွမ်တစ်သိန်းလည်း ဆုံးရှုံးလိုက်ရသည်။

အထူးသဖြင့် သူတို့ဘဝကိုပြောင်းလဲနိုင်မည့်အခွင့်အရေးကို ဆုံးရှုံးသွားတာဖြစ်သည်။

သို့ပေမဲ့ သူတို့အထင်သေးခဲ့တဲ့အလုပ်သင်လေးကတော့ တစ်လအတွင်းမှာဘဲ သူတို့ကိုကျော်တက်သွားသည်။

သူတို့အခု သေပါသေလိုက်ချင်ကြသည်။

အခွင့်အရေးကတစ်ခါဘဲလာပြီး သူမက ဆွဲဖမ်းလိုက်နိုင်ပေမဲ့ သူတို့ကတော့ လျစ်လျူရှုခဲ့မိသည်၊

သူတို့တစ်ဘဝလုံးနောင်တရနေကြတော့မည်ဖြစ်သည်။

အပိုင်း (၁၉၉)

ငါ့ခွင့်ပြုချက်ရလို့လား။

ယဲ့ဖန်ကတော့ တစ်ဖက်က ရတနာဆိုင်မှာ ဘာတွေဖြစ်နေလဲဆိုတာမသိပေ။

အခု သူ့အဘွားအတွက် လက်ဆောင်ဝယ်ပြီးပြီဖြစ်၍ သူ့အဘိုးအတွက်သာကျန်တော့သည်။

တိုက်တိုက်ဆိုင်ဆိုင် ထန်းဂူဈေးဝယ်စင်တာက အနားမှာရှိနေ၍ ယဲ့ဖန်လည်း အခြားနေရာကိုသွားရမှာပျင်းတာကြောင့် ထန်းဂူစင်တာထဲကိုသာဝင်ခဲ့သည်။

ထိုစင်တာထဲတွင် အရင်တစ်ခေါက်က ဝယ်တုန်းက နာရီကောင်းတာတစ်ချို့ရှိကြောင်းမှတ်မိလေသည်။

" ကောင်းမွန်တဲ့နေ့လယ်ခင်းပါအချစ်ကလေးတို့။ ငါအခု ဘယ်မှာလဲဆိုတာကို ခန့်မှန်းနိုင်ကြလား။ ဟုတ်ပါတယ်၊ နာမည်ကြီးထန်းဂူဈေးဝယ်စင်တာမှာပါ "

ထန်းဂူဈေးဝယ်စင်တာအတွင်းတွင် ဆံပင်ကို ချစ်စရာကောင်းအောင် ထုံးချည်ထားသော ကောင်မလေးသည် လက်ထဲတွင် မိုက်ခရိုဖုန်းကိုကိုင်ကာ ဖုန်းဖြင့် တိုက်ရိုက်ထုတ်လွှင့်နေသည်။

တိုက်ရိုက်ထုတ်လွှင့်မှု စတင်နေပါပြီ။

တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်ရှုနေသူအရေအတွက်သည် လျင်မြန်စွာပင် မြင့်တက်လာခဲ့သည်။

အလွန်လျင်မြန်စွာဖြင့် လူပေါင်း ၁သိန်းကျော်ဖြစ်လာခဲ့သည်။

မှတ်ချက်များသည်လည်း လျင်မြန်စွာ တက်လာနေသည်။

[ ရိပေါင်းလေး၊ နောက်ဆုံးတော့ လိုက်လွှင့်ပြီပေါ့။ ငါနို့ မင်းကို အရမ်းလွမ်းနေကြတာ ]

[ ရိပေါင်းလေးက ဒီနေ့ အရမ်းလှတာဘဲ။ ချစ်တယ်နော် ]

[ ဘာပြောလိုက်တာလဲ။ ရိပေါင်းမလှတဲ့နေ့က ဘယ်နေ့ရှိလို့လဲ။ တစ်နေ့ထက်တစ်နေ့ပိုလှလာတာဘဲရှိတာ ]

[ အဲ့တာက ထန်းဂူဈေးဝယ်စင်တာလား။ ဖြတ်သွားဖူးပေမဲ့ အထဲကို မဝင်ရဲဘူး ]

[ အဲ့ဒီကဈေးတွေက အရမ်းမြင့်တာတဲ့။ အဲ့ဒီမှာ ဈေးဝယ်နိုင်တဲ့သူတွေက အိမ်မှာ ရွှေတွင်းတွေရှိတယ်လို့တောင်ပြောကြတယ် ]

[ ငါ့ကောင်မလေးကို ဒီတိုက်ရိုက်ထုတ်လွှင့်တာပြလို့မဖြစ်ဘူး။ မဟုတ်ရင် ငါ နောက်လ ငတ်သွားလိမ့်မယ် ]

[ ............. ]

ဆံထုံးလေးနဲ့ကောင်မလေးက စိတ်အားထက်သန်နေတဲ့မှတ်ချက်တွေကိုတွေ့တဲ့အခါ ချိုချိုသာသာလေးပြုံးသည်။

" ထန်းဂူဈေးဝယ်စင်တာကိုလာဖို့ ဘယ်လိုလူတွေမှရလဲဆိုတာကို သူငယ်ချင်းလေးတို့က သိချင်နေကြတယ်မလား "

" ဒီနေ့ ရိပေါင်းက အားလုံးရဲ့သိချင်စိတ်ကို ဖြေရှင်းပေးသွားပါမယ်။ စင်တာထဲကလူတစ်ချို့ကို အင်တာဗျူးကြည့်ရအောင် "

" လာပါ အတူတူ အင်တာဗျူးကြမယ် "

ထို့နောက် သူမရဲ့ဖုန်းကိုကိုင်ရင်း လူရှာတော့သည်။

ထိုအချိန် အဝေးတစ်နေရာတွင် သာမန်အဝတ်အစားတွေကိုဝတ်ထားတဲ့ ခပ်ချောချောကောင်လေးတစ်ယောက်က လျှောက်လာသည်။

မှတ်ချက်တွေအများကြီး ချက်ချင်းတက်လာသည်။

[ အဲ့တစ်ယောက်ချောလိုက်တာ။ သူ့ကို အင်တာဗျူးခိုင်းကြမလား ]

[ ဒါပေမဲ့ သူ့အင်္ကျီကိုကြည့်ပါဦး။ ချမ်းသာပုံမရဘူးနော်။ အဲ့လိုပုံစံနဲ့ သူက ထန်းဂူဈေးဝယ်စင်တာကို လာရဲသေးတာလား ]

ကောင်မလေးအတွက် လက်ဆောင်လာဝယ်ပေးတာဖြစ်မယ်။ လနဲ့ချီပြီး ခေါက်ဆွဲဘဲစားပြီးမှလာဝယ်ပေးတာလေ ]

[ မတတ်နိုင်ရင်လည်း မဝယ်နဲ့ပေါ့။ ဘာလို့ ကိုယ့်ကိုယ်ကိုယ် အဲ့လိုဖြစ်အောင်လုပ်နေတာလဲ ]

[ မင်းတို့နားမလည်ပါဘူး။ ဒီနေ့ခေတ်မိန်းကလေးတွေက အလိုလိုက်ဖို့ အရမ်းခက်တယ်။ မဝယ်ပေးတာနဲ့ ဝယ်ပေးတဲ့သူဆီချက်ချင်းရောက်သွားမှာ ]

[ အရင်းရှင်ဝါဒက အချစ်ပေါ်လည်းသက်ရောက်တာဘဲလား ]

[ ပစ္စည်းမပါတဲ့အချစ်က ချက်ချင်းပြိုကွဲလိမ့်မယ် ]

[ မင်းပြောတာ အဓိပ္ပာယ်ရှိတယ် ..... ]

ထိုမှတ်ချက်တွေကိုကြည့်ပြီး ရိပေါင်းဆိုတဲ့ဆံထုံးနဲ့ကောင်မလေးက ထိုကောင်လေးကိုစိတ်ဝင်စားသွားသည်။

ထို့ကြောင့် သူ့ဆီကို လျှောက်သွားလိုက်သည်။

" မင်္ဂလာပါအချောလေး။ ဒီနေ့ လမ်းပေါ်ကအင်တာဗျူးကဏ္ဍလုပ်နေတာပါ။ အင်တာဗျူးလို့ရမလား "

သူမက သူမရဲ့ရုပ်ရည်အပေါ်ယုံကြည်ချက်ရှိလေသည်။

အရင်က သူမ အင်တာဗျူးသမျှလူတိုင်းက လက်ခံကြသည်။

အထူးသဖြင့်ယောက်ျားလေးတွေအတွက် ပိုအလုပ်ဖြစ်သည်။ တစ်ယောက်ကမှ သူမကို မငြင်းဖူးကြပေ။

သို့ပေမဲ့ ဒီအင်တာဗျူးကတော့ သူမဘဝရဲ့ပထမဆုံးရိုက်နှက်ချက်ကြီးဖြစ်သည်။

ထိုကောင်လေးကို မိုက်ကရိုဖုန်းလှမ်းပေးလိုက်တဲ့အခါ သူက တိုက်ချသွားပြီး မျက်နှာသေကြီးနဲ့ ထွက်သွားသည်။

" တောင်းပန်ပါတယ်၊ မအားလို့ပါ "

ဆံထုံးနဲ့ကောင်မလေးက အံ့ဩသွားသည်။

အတော်ကြာ အသိပြန်မကပ်တော့ပေ။

ယောက်ျားလေးဘက်ကို သူမကိုငြင်းတာ ဘဝမှာ ပထမဆုံးဖြစ်သည်။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

သူမရဲ့ နတ်ဘုရားလိုလှတဲ့အလှကို သူ မမြင်သွားဘူးလား။

မြင်ရင် ဘာလို့ အဲ့လောက်နှလုံးသားမဲ့ရတာလဲ။

ထိုကောင်မလေးတင်မဟုတ်ဘဲ သူမ ပရိတ်သတ်တွေကလည်း စိတ်တိုသွားကြတော့သည်။

[ အဲ့တစ်ယောက်က နည်းနည်းလေးမရိုင်းဘူးလား။ ဘယ်သူလဲ ]

[ ဟုတ်တယ်၊ ရိပေါင်းက အင်တာဗျူးရင် သူကတောင် ဂုဏ်ယူရဦးမှာကို ဘယ်လိုစိတ်ထားကြီးလဲ ]

[ ဘေးမှာမရှိနေလို့ပေါ့ကွာ။ ရှိလို့ကတော့ လှမ်းဆွဲပြီး ဘာလို့ ရိပေါင်းမေးတာမဖြေတာလဲဆိုပြီး မေးပစ်မှာ ]

[ ငါတို့ရိပေါင်းက ပရိတ်သတ်တစ်သိန်းတောင်ရှိတာ။ ဘယ်လိုဖြစ်ပြီး အဲ့လိုဆက်ဆံခံရတာလဲ ]

ဆံထုံးနဲ့ကောင်မလေးက ပရိတ်သတ်ထောင်သောင်းချီရှေ့တွင် ကောင်လေးတစ်ယောက်က ငြင်းတာကို ခံလိုက်ရသည်။

မှတ်ချပ်တွေကိုတွေ့တဲ့အခါ ပိုတောင်ရှက်သွားသည်။

မခံမရပ်ဖြစ်ပြီး အနောက်ကပြေးလိုက်ကာ ထိုကောင်လေးသွားတဲ့လမ်းကို ပိတ်ရပ်လိုက်သည်။

" အချောလေး၊ အင်တာဗျူးချင်ရုံပါ။ အချိန်အများကြီးမယူပါဘူး "

ထိုကောင်လေးက ယဲ့ဖန်ဖြစ်သည်။

ဆံထုံးနဲ့ကောင်မလေးက မိုက်ခရိုဖုန်းကိုထိုးပေးပြီး ဖုန်းနဲ့ရိုက်ကူးနေသည်။

ထိုအခါ ယဲ့ဖန် စိတ်ရှုပ်သွားသည်။

" ဘာလို့ရိုက်နေတာလား။ ငါ့ခွင့်ပြုချက်ရလို့လား "

ထိုသို့ပြောပြီး ဖုန်းကင်မရာကို လှမ်းကာလိုက်သည်။

ထိုကောင်မလေးက သေချာမကာထားတာကြောင့် ဖုန်းပြုတ်ကျသွားသည်။

တိုက်ရိုက်ထုတ်လွှင့်မှုက ချက်ချင်းပိတ်သွားခဲ့သည်။

ဆံထုံးနဲ့ကောင်မလေးက ဘာလုပ်ရမှန်းမသိ ကြောင်သွားကာ ထိုနေရာတွင် ရပ်နေသည်။

ထိုနေရာတွင် သူမရဲ့ ပရိတ်သတ်တွေလည်း အများကြီးရှိနေခဲ့သည်။

သူတို့က ချက်ချင်း ယဲ့ဖန််ကို ဝေဖန်ကြတော့သည်။

[ ဘာလို့ အဲ့လိုလုပ်ရတာလဲ။ သေချာလေး ပြောလည်းရနေတာဘဲကို ]

[ မင်း တခြားသူတွေရဲ့ ပစ္စည်းကို ဖျက်ဆီးနေတာ။ အဲဒါ တရားမဝင်ဘူးဆိုတာ မင်းသိလား ]

[ ဒါကို ဆင်းရဲသားတွေရဲ့ ယုတ္တိမရှိမှုလို့ ခေါ်တယ်မဟုတ်လား။ သူက ဆင်းရဲပြီး ကျိုးကြောင်းမဆီလျော်ဘူး။ မင်းမှာ ပိုက်ဆံအများကြီးမရှိပေမယ့် မင်းမှာ ဒေါသအကြီးကြီး‌တော့ရှိတယ် ]

[ ဟုတ်တယ်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ သူက ဆင်းရဲတယ်ဆိုတာ ပြောလို့ရတယ်။ ဘာလို့ ဟန်ဆောင်နေတာလဲ ]

ဆံထုံးနဲ့ကောင်မလေးက ပြန်ပြီးအသိကပ်လာသည်။

သူမက ဖုန်းကို အမြန်ကောက်ကိုင်လိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို ပြန်စလိုက်သည်။

ထို့နောက် သူမက ယဲ့ဖန်ကို ဒေါသတကြီးစိုက်ကြည့်လာသည်။

" ဘာလို့အဲ့လိုလုပ်ရတာလဲ။ ကြမ်းတမ်းလိုက်တာ "

ယဲ့ဖန်လည်း သူ့လုပ်ရပ်က နည်းနည်းလွန်သွားသည်ဟု ခံစားမိသည်။

မရည်ရွယ်ပေမဲ့ တောင်းပန်ဖို့လိုလေသည်။

" ထပ်ပြောမယ်၊ ငါ့ကို ခွင့်ပြုချက်မရှိဘဲ ရိုက်ကူးရေးလုပ်တာမကြိုက်ဘူး။ မင်းဖုန်းကွဲသွားရင် အသစ်ပြန်လျော်ပေးမယ် "

မတောင်းပန်လိုက်လျှင်တောင်ပိုကောင်းဦးမည်။

ထိုကောင်မလေးက မျက်ရည်တွေဝိုင်းလာသည်။

သူမ ဘဝမှာ ဒီလိုမျိုး ဘယ်တုန်းကမှမကြုံဖူးပေ။

ကြည့်နေကြသူတွေက မှတ်ချက်ထဲမှာ ပေါက်ကွဲကုန်ကြသည်။

[ အဲ့တစ်ယောက်က ရူးနေတာလား။ ရိပေါင်းကို ဘာလို့အဲ့လို မာမာကြောကြောဆက်ဆံရတာလဲ။ အဲ့နားက ညီအစ်ကိုတွေ၊ ညီအစ်မတွေ ငါ့အစားရိုက်ပေးကြစမ်းပါ ]

[ ဆင်းရဲသားက ထန်းဂူဈေးဝယ်စင်တာမှာ ဘာလုပ်နေတာလဲ။ ငါတို့ ရိပေါင်းကို ထိရဲတဲ့ သတ္တိရှိတယ်လား ]

[ညီအစ်ကို၊ မောင်နှမတွေ ငါ့အစား ရိုက်ပေးမယ့်သူကို ယွမ် ၁၀,၀၀ ပေးမယ် ]

[ ငါလည်း ၁၀,၀၀၀ ပေးမယ်။ အားလုံးအတူတူစုလိုက်ကြရအောင် ]

[ ဟုတ်တယ်။ ငါတို့ ရိမိသားစုက ချမ်းသာတယ်။ ငါ ၁၀,၀၀၀ ပေးမယ် ]

[ ၃၀၀၀ ပေးမယ် ]

[ ၂၀၀၀ ပေးပါမယ် ..... ]

အပိုင်း (၂၀၀)

အဲ့လောက်ပိုက်ဆံအများကြီး ဘယ်လိုလုပ်သုံးနိုင်မှာလဲ။

ယဲ့ဖန်က ဘယ်လိုဖြေရှင်းရမလဲဆိုတာကို စဉ်းစားနေဆဲမှာဘဲ ရိပေါင်းရဲ့ဖန်တွေက ထန်းဂူဈေးဝယ်စင်တာ၏ လုံခြုံရေးနှစ်ယောက်ကို ခေါ်လာသည်။

" အဲ့ဒီလူရမ်းကားဘဲ။ သူက ငါတို့ရဲ့ရိပေါင်းကိုတိုက်ခိုက်တာ။ သူမဖုန်းကိုတောင် တိုက်ချသေးတယ်။ သူ့ကို မြန်မြန်ဖမ်းလိုက် "

ကောင်မလေးပရိတ်သတ်တွေက ယဲ့ဖန်ကို ညွှန်ပြကြပြီး လုံခြုံရေးတွေကို တိုင်သည်။

ကြည့်ရှုနေတဲ့ပရိတ်သတ်တွေက ကျေနပ်အားရသွားကြသည်။

[ အဲ့နားက ညီအစ်ကို၊ ညီအစ်မတို့ အရမ်းတော်တာဘဲ။ လုံခြုံရေးတွေနဲ့ အဲ့လို အကျင့်ပျက်လူတွေကို ဖယ်ထုတ်ခိုင်းသင့်တယ် ]

[ ဖယ်ထုတ်ခိုင်းတာက သက်ညှာလွန်းရာရောက်နေပြီ။ ရိပေါင်းဖုန်းဖိုးအရင်ပေးခိုင်းလိုက် ]

[ ရိပေါင်းက iPhone 12 သုံးနေတာ။ သူဝတ်ထားတာလည်းကြည့်ဦး။ သာမန်ဘဲလေ။ လျော်ဖို့ တတ်နိုင်ပါ့မလား ]

[ မပေးနိုင်ရင် ရဲအပ်လိုက်။ ရက်နည်းနည်းကြာရင် ပေးလာလိမ့်မယ် ]

[ ဟားဟားဟား၊ ဟန်ဆောင်နေလိုက် ငမွဲကောင်။ မင်းကို မောင်းထုတ်ကြတော့မှာ ..... ]

ပရိတ်သတ်တွေက မျှော်လင့်တကြီးဖြစ်နေပေမဲ့ ဆက်ဖြစ်သွားတဲ့မြင်ကွင်းက သူတို့ကို အံ့ဩသွားစေသည်။

ထိုလုံခြုံရေးနှစ်ယောက်က ယဲ့ဖန်ဆီလျှောက်လာပြီး တရိုတသေ ခါးညွတ်နှုတ်ဆက်သည်။

" ယဲ့လူကြီးမင်း၊ အချိန်မီ မကာကွယ်နိုင်ခဲ့တာ ကျွန်တော်တို့အမှားပါ။ လန့်သွားစေမိလို့တောင်းပန်ပါတယ် "

သူတို့မျက်နှာက ကြောက်ရွံ့မှုအပြည့်ဖြစ်နေသည်။

ယဲ့ဖန်က လုံခြုံရေးတွေကိုကြည့်လိုက်သည်။

" ငါ့ကိုသိတာလား "

လုံခြုံရေးထဲကတစ်ယောက်က အမြန်ပြုံးပြီးပြောသည်။

" ယဲ့လူကြီးမင်း၊ အရင်တစ်ခေါက်လာတုန်းက ကျွန်တော်တို့ အဝေးကနေ စောင့်ကြပ်ခဲ့ရပါတယ်။ အဲ့ကတည်းက လူကြီးမင်းရဲ့ပုံရိပ်ကို ကျွန်တော်တို့က အမြဲလေးစားအမှတ်ရနေပါတယ် "

ယဲ့ဖန်က သူတို့ကိုကြည့်လိုက်သည်။

နောက်ထပ်လုံခြုံရေးကလည်းထောက်ခံသည်။

ဒီလူငယ်လေးက တောက်ပတဲ့အနာဂတ်ရှိသူဖြစ်သည်။

နေရာမှလူတွေက ထိုပုံစံကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားရသည်။

[ ဘာတွေဖြစ်နေတာလဲ။ လုံခြုံရေးတွေက သူ့ကို ဘာလို့တောင်းပန်နေတာလဲ ]

[ ဟုတ်တယ်၊ သူက အကြမ်းဖက်တာလေ။ ဘာလို့သူ့ကို နှင်မထုတ်ဘဲ တောင်းပန်နေတာလဲ ]

[ အဲ့ကောင်လေးက ထန်းဂူဈေးဝယ်စင်တာက အကြီးအကဲတစ်ယောက်ရဲ့သားမလို့လား ]

[ လုံခြုံရေးတွေကလည်း မမိုက်လိုက်တာ။ ဘက်လိုက်နေတယ် ]

[ ထန်းဂူဈေးယ်စင်တာက ငါတိို့ကို ဖြေရှင်းချက်မပေးရင် ငါတို့ အဲ့ကို ဘယ်တော့မှ ဈေးသွားမဝယ်ဘူး။ ဆန္ဒပြကြမယ် ]

[ ဟုတ်တယ်။ သူတို့ခေါင်းဆောင်ကိုခေါ်ပြီး ဘယ်လိုလုံခြုံရေးတွေခေါ်ထားလဲဆိုတာပြလိုက်ကြစမ်းပါ ]

[ .......... ]

ပရိတ်သတ်တွေက မတရားခံရတယ်လို့ထင်နေကြချိန်မှာဘဲ ဝတ်စုံပြည့်နဲ့လူတစ်စုက သူတို့နားကိုလျှောက်လာသည်။

အလယ်ကလူက ထန်းဂူဈေးဝယ်စင်တာ၏ဥက္ကဌ ကွမ်းကျန်ရှန်းဖြစ်သည်။

ထိုနေရာကလူတွေနဲ့ ကြည့်ရှုနေတဲ့ပရိတ်သတ်တွေက ရုတ်ရုတ်သဲသဲဖြစ်သွားတော့သည်။

[ ဘုရားရေ၊ ထန်းဂူက ဥက္ကဌပါ သတင်းရောက်သွားမယ်လို့ထင်မထားဘူး ]

[ ကြည့်လိုက်တာနဲ့ ငါတို့ရိပေါင်းက ဘယ်လောက်အင်အားရှိလဲဆိုတာသိသာတယ်။ ဥက္ကဌကတောင် ကိုယ်တိုင်ဆင်းလာပြီးဖြေရှင်းပေးတာ ]

[ အမှန်ဘဲ။ ငါတို့ရိပေါင်းက ပရိတ်သတ်တစ်သိန်းမကတဲ့ နာမည်ကြီးဘဲ။ ထန်းဂူဈေးဝယ်စင်တာက အရေးမပေးရင် သူတို့ဒုက္ခရောက်သွားမှာပေါ့ ]

[ ထန်းဂူက ဥက္ကဌက ဒီရောက်နေမှတော့ ရိပေါင်းကို ဖြေရှင်းချက်ပေးမှာပါ။ မဟုတ်ရင် ရိမိသားစုက အလွှတ်ပေးမယ် မထင်နဲ့ ]

[ ဟုတ်တယ်။ လုံခြုံရေးတွေကို ဖြုတ်လိုက်။ ပြီးတော့ ဟိုလူရမ်းကားကို တောင်းပန်ခိုင်းပြီး ဖုန်းဖိုးလျော်ခိုင်းရမှာ ]

[ ထန်းဂူဥက္ကဌက ဉာဏ်ပြေးရင်တော့ ရိပေါင်းကို ကူညီမှာပါ ]

သူတို့က ကွမ်းကျန်ရှန်းရဲ့အကူအညီကို မျှော်နေပေမဲ့ ကွမ်းကျန်ရှန်းက ယဲ့ဖန်ဆီကိုလျှောက်သွားကာ ကြောက်နေတဲ့အသံဖြင့်ပြောလိုက်သည်။

" ယဲ့လူကြီးမင်း ရောက်လာတာကျွန်တော့်ကို မပြောထားဘူး။ ကြိုသိရင် ကြိုဆိုဖို့ပြင်ထားပါတယ်ဗျာ "

သူ အဲ့လိုပြောလိုက်တာနဲ့ လူတိုင်းက အံ့ဩသွားကြသည်။

[ ဘာတွေဖြစ်နေတာလဲ။ ဘာလို့ ဥက္ကဌက လူရမ်းကားကို ယဉ်ကျေးနေတာလဲ ]

[ အဲ့လိုမဖြစ်သင့်ဘူးလေ။ အဲ့လူရမ်းကားက ဝတ်ထားတာ သာမန်ဘဲ။ ရာထူးကြီးမဖြစ်နိုင်ဘူး ]

[ ဒါပေမဲ့ ဥက္ကဌကွမ်းရဲ့အမူအရာက တော်တော်လေးကြောက်နေပုံရတယ် ]

[ သူက အရမ်းချမ်းသာတဲ့ သူဌေးသားမလို့လား ]

[ သူက အရမ်းချမ်းသာတဲ့သူဌေးသားဆိုရင်တောင် ဥက္ကဌကွမ်းက လေးစားနေစရာမလိုဘူးလေ ]

[ ဒီကောင်လေးက ထန်းဂူဈေးဝယ်စင်တာကို နောက်ကွယ်ကနေ ကြိုးကိုင်ထားလို့လား ]

[ ဖြစ်နိုင်တယ်ထင်တယ် ]

ဆံထုံးနဲ့ကောင်မလေးက ယဲ့ဖန်ကို မယုံကြည်နိုင်စွာကြည့်လိုက်သည်။

လုံခြုံရေးနှစ်ယောက်ကလည်း သူ့ကိုလေးစားသည်။

ဥက္ကဌကွမ်းကတောင် သူ့ကို အလေးထားလွန်းသည်။

သူမ အတော်အံ့ဩနေရသည်။

ဒီကောင်လေးနောက်ခံကဘာလဲ။

ယဲ့ဖန်က ကွမ်းကျန်ရှန်းရဲ့စိတ်အားထက်သန်မှုကို ပြုံးပြလိုက်သည်။

" ဒီနေ့ မိသားစုထဲက လူကြီးတွေအတွက် လက်ဆောင်လာဝယ်ရုံတင်ပါ။ ခင်ဗျားကို မနှောင့်ယှက်ချင်ပါဘူး "

" ယဲ့လူကြီးမင်းက ယဉ်ကျေးလွန်းနေပါပြီ။ လူကြီးမင်းကမှ ထန်းဂူဈေးဝယ်စင်တာရဲ့ပိုင်ရှင်အစစ်ပါ။ ကျွန်တော်က အထိန်းတော်သာသာပါဘဲ "

သူ့စကားတွေကြောင့် ဆံထုံးနဲ့ကောင်မလေးက ပါးစပ်ကို အုပ်လိုက်သည်။

ဘာပြောတာလဲ။

သူမ နားမလည်ဖြစ်သွားသည်။

ဒီလို စုတ်တီးစုတ်ပြတ်ဝတ်ထားတဲ့လူငယ်လေးက တကယ်ဘဲထန်းဂူဈေးဝယ်စင်တာရဲ့သူဌေးကြီးလား။

မယုံကြည်နိုင်စရာကောင်းလွန်းတယ်၊ မဟုတ်လား။

မဖြစ်နိုင်ဘူး။

လုံးဝမဖြစ်နိုင်ဘူး။

ကွမ်းကျန်ရှန်းက သူမကိုကြည့်ပြီး ယဲ့ဖန်ဘက်ကိုလှည့်လိုက်သည်။

" ယဲ့လူကြီးမင်း၊ ဒီမှာ ဘာကူပေးရမလဲ "

ယဲ့ဖန် ခေါင်းခါလိုက်သည်။

" ကိုယ့်ဟာကိုယ်ရှင်းလိုက်ပါ့မယ် "

ထို့နောက် ဆံထုံးနဲ့ကောင်မလေးဘက်ကို လှည့်လိုက်သည်။

" ထပ်ပြောမယ်။ ခွင့်ပြုချက်မယူဘဲရိုက်တာက အရမ်းရိုင်းတယ် "

" ဒါပေမဲ့ ငါမင်းကို လန့်သွားစေမိတယ် "

" အလျော်အနေနဲ့ မင်းမေးခွန်းသုံးခုကိုဖြေပေးမယ် "

ဆံထုံးနဲ့ကောင်မလေးက အသိပြန်ကပ်လာပြီးတော့ မေးလိုက်သည်။

" ကောင်မလေးရှိလား "

" မရှိဘူး "

" ကောင်မလေးရှာမယ်ဆို ဘယ်လိုပုံစံလိုချင်လဲ "

" ပိုက်ဆံဖြုန်းပေးမယ့်သူမျိုး "

" ဘာလို့လဲ "

" ငါ့မှာရှိတဲ့ပိုက်ဆံတွေကများလွန်းတော့ တစ်ယောက်တည်း သုံးမကုန်ဘူး "

ယဲ့ဖန်က ဖြေပြီးတဲ့နောက် ဘာမှဆက်မပြောတော့ပေ။

လှည့်ပြီး Rolex နာရီဆိုင်ထဲဝင်သွားသည်။

ကွမ်းကျန်ရှန်းနဲ့ အကြီးအကဲတွေက အနောက်ကလိုက်သွားပြသည်။

ဆံထုံးနဲ့ကောင်မလေးက အချိန်မီသတိပြန်ကပ်မလာပေ။

[ ဘုရားရေ၊ သူ့အဖြေတွေက မိုက်လိုက်တာ ]

[ မိန်းကလေးတိုင်း အိပ်မက်မက်တဲ့ကောင်လေးမျိုးမဟုတ်လား။ နင်က ပန်းလေးလိုလှပေးရုံဘဲ သူက အကုန်လုပ်ပေးမှာ ]

[ သူက ကြွားနေတာထင်တယ်။ အဲ့လောက်ပိုက်ဆံအများကြီးသုံးမလို့လား။ ချဲ့ကားလွန်းမနေဘူးလား ]

[ ထန်းဂူဥက္ကဌကတောင် လေးစားရတဲ့သူက ကြွားမယ်ထင်နေလား ]

[ ...... ထင်ရလို့လေ ]

[ အချောလေး၊ ပိုက်ဆံဘယ်လိုသုံးရမလဲမသိပေမဲ့ ကောင်မလေးဖြစ်ချင်လို့ရမလား ]

[ အပေါ်ကတစ်ယောက်၊ တန်းစီ ]

All Chapters