← Chapters

အပိုင်း ၂၀၅-၂၀၈

Vol. 11 Ch. 205-208

အပိုင်း ၂၀၅-၂၀၈

Vol. 11 Ch. 205-208

အပိုင်း (၂၀၅)

ဒီနာရီက Rolex လား။

ယဲ့ဖန် ထို ဝဝနဲ့ အဘိုးကြီးကိုသိသည်။

ထိုလူကို 'ဝူပေါလိုင်'လို့ခေါ်သည်။

သူပြောပုံအရ သူက ဝူဆန်းကွေ့ရဲ့ မျိုးဆက်ဖြစ်သည်။

သို့ပေမဲ့ ထိုအကြောင်းအရာကို အတည်ပြုနိုင်တဲ့အရာမရှိဘဲ သူ့ပြောစကားသာဖြစ်သည်။

ဝူဆန်းကွေ့သည် သစ္စာဖောက်တစ်ယောက်ဖြစ်တာကြောင့် သူ့မျိုးဆက်ဖြစ်ရတာ ဂုဏ်ယူစရာတော့မဟုတ်ပေ။

ဒီအဘိုးကြီးက အမြဲတမ်း သူ့အဘိုးနဲ့ အမြင်မကြည်ကြတဲ့သူတွေဖြစ်သည်။

ယဲ့ဖန်ရဲ့မှတ်ဉာဏ်တွေအရ ဒီလူက သူ့အဘိုးနဲ့ရန်တောင်ဖြစ်ခဲ့ဖူးသည်။

သူ့အဘိုးရဲ့ ပြင်းထန်တဲ့ကိုယ်ခံအားကြောင့် တစ်ယောက်ယောက်ကသာ မတားခဲ့ဖူးဆိုပါက ထိုအဘိုးကြီးက သူ့ဘိုးဘေး ဝူဆန်းကွေ့နဲ့ တွေ့ပြီးနေလောက်ပြီဖြစ်သည်။

ဝူပေါလိုင်၏ လှောင်ပြောင်တဲ့စကားကိုကြားတဲ့အခါ ယဲ့ပေါက်ကောမျက်နှာပျက်သွားသည်။

" ဝူဆိုတဲ့အကောင်၊ ဘာလာပြီး ချီးပေါက်နေတာလဲ "

ဝူပေါလိုင်က မတ်မတ်ထိုင်လိုက်သည်။

" အမှန်ပြောနေတာလေ၊ ယွမ်ရာဂဏန်းလောက်ဘဲတန်တဲ့နာရီက အမှိုက်ဘဲမဟုတ်ဘူးလား။ ငါ့သားက အရင်တစ်ခါကဆို ထောင်ချီတန်တဲ့ဟာဝယ်လာပေးတာ။ ငါကတော့ မင်းလိုဟာကို ဝတ်ဖို့ရှက်လွန်းလို့ပါ၊ ရှက်လွန်းလို့ "

ယဲ့ပေါက်ကောက အမြန်လှည့်ပြီး သူ့မြေး ယဲ့ဖန်ကို ကြည့်လိုက်သည်။

သူ့မြေးလေးရဲ့စိတ် ထိခိုက်သွားမှာကို စိုးရိမ်နေရှာသည်။

ကံကောင်းစွာနဲ့ ယဲ့ဖန်ရဲ့အမူအရာက တည်ငြိမ်နေပြီး ဘာအပြောင်းအလဲမှုမရှိပေ။

ထိုအခါမှ ယဲ့ပေါက်ကော စိတ်အေးသွားရသည်။ ထို့နောက် ဝူပေါလိုင်ဆီသို့လျှောက်သွားသည်။

" ထပ်ပြောရဲရင် ထပ်ပြောလိုက်စမ်း "

ဝူပေါလိုင်က ကြောက်သွားပြီး နောက်ကိုဆုတ်လိုက်သည်။

" အဘိုးကြီးယဲ့၊ မင်း ..... မင်း လုပ်ရဲလား။ ငါ ...... ငါ သတိပေးထားမယ်၊ အခု ငါ့သားက ရဲအရာရှိဘဲ။ ငါ့ကို ထိရဲရင်ထိကြည့် "

မားရှန်းလန်နှင့် ယဲ့ဖန်က ယဲ့ပေါက်ကောကို အမြန်ဆွဲလိုက်ကြသည်။

" အဘိုး၊ အခုက ပွဲတော်ရက်ကြီးလေ။ ဒီလိုလူအတွက်နဲ့ ပြဿနာမဖြစ်ပါနဲ့ "

ယဲ့ဖန်က အမြန်နားချသည်။

ယဲ့ပေါက်ကောက ဒေါသထွက်နေဆဲဖြစ်သည်။

" ရှောင်ဖန်၊ ဒီလူပြောတာ နားထောင်မနေနဲ့။ သူ့သားကဖြင့် ကပ်စေးနည်း။ ဘာလို့ သူ့ကို ထောင်ချီတဲ့ဟာဝယ်ပေးမှာလဲ။ သူက မနာလိုနေတာ "

ဝူပေါလိုင်က ထိုစကားကြားတဲ့အခါ နှာခေါင်းမှ လေမှုတ်ထုတ်လိုက်သည်။

" ငါကလား မနာလိုမှာ။ သေချာလို့လား။ ငါ့လက်ကောက်ကို မြင်ဖူးချင်လား။ အဲ့တာက အနီရောင်နံ့သာဖြူသားဘဲ။ ထောင်ချီတန်တာ။ တတ်နိုင်ရင် မင်းမြေးကို ဝယ်ခိုင်းလိုက်လေ "

ထိုသို့ပြောပြီး သူ့လက်ကောက်ကို ယဲ့ပေါက်ကောရှေ့တွင် တမင်တကာဝှေ့ယမ်းပြလိုက်သည်။

ထိုအဘိုးကြီးက သူ့အဘိုးကို ဆက်တိုက် ပြဿနာရှာနေတာကြောင့် ယဲ့ဖန် နည်းနည်းစိတ်တိုလာသည်။

" အဘိုးကြီးဝူ၊ ခင်ဗျားပြီးပြီးလား။ အရိုက်ခံချင်နေတာလား "

ထိုကလေးက သူ့ကို ရိုင်းပြတဲ့အခါ သူက ဒေါသထွက်ပေမဲ့ ရယ်လိုက်သည်။

" အမလေး၊ အကြီးကပြီးတော့ အငယ်က ဇပြနေတာဘဲ။ ခွေးကောင်လေး၊ မင်းကိုယ်မင်း ဘာထင်နေလဲ "

ယဲ့ပေါက်ကောသည် သူ့မြေးကို ဆူနေတာမြင်တဲ့အခါ လုံးဝဒေါသငယ်ထိပ်ရောက်လာတော့သည်။

" ဝူပေါလိုင်၊ မင်းကို ရိုက်မသတ်ရရင် ငါ့နာမည်ကို ပြောင်းပစ်မယ် "

ထိုသို့ပြောပြီး အင်္ကျီိကိုခေါက်တင်လိုက်ကာ ရှေ့ကိုပြေးသွားသည်။

ထိုအချိန်တွင် ဘေးကလူတစ်ယောက်ရဲ့ပြောသံကို ကြားလိုက်ရသည်။

" နေပါဦး၊ ယဲ့လူကြီး။ ခင်ဗျားနာရီက ယွမ်ထောင်ဂဏန်းဘဲပေးရတာ သေချာလို့လား "

ယဲ့ပေါက်ကောက ထိုလူကို လှည့်ကြည့်လိုက်သည်။

" ဆရာကျိန်း၊ ကျုပ်မြေးကတော့ ယွမ်ရာချီလောက်ဘဲပေးရတယ်ပြောတယ် "

ထိုသို့ပြောတဲ့သူက အသက် ၆၀အရွယ်ဖြစ်ပြီး အနက်ရောင်ကိုင်းမျက်မှန်ကို တပ်ထားသည်။

သူ့နာမည်က ကျိန်းရန်ရှန်းဖြစ်ပြီး ဖန်းမြို့အလယ်တန်းကျောင်း၏အင်္ဂလိပ်စာဆရာတစ်ယောက်ဖြစ်သည်။

ယဲ့ဖန် အလယ်တန်းတုန်းက ဆရာကျိန်းက စာသင်ပေးခဲ့ဖူးသေးသည်။

ကျိန်းရန်ရှန်းက ထပြီး လျှောက်လာသည်။

ထို့နောက် နာရီကိုကြည့်ကာပြောသည်။

" Rolex လား။ ဒါက Rolex မဟုတ်ဘူးလား။ ဘယ်လိုလုပ် ယွမ်ရာချီဘဲရှိရမှာလဲ "

တကယ်ဘဲ ပညာတတ်တွေက ကွဲပြားသည်။

ချက်ချင်းအမှတ်တံဆိပ်ကိုတွေ့သွားသည်။

လေညှင်းခံနေတဲ့ အဘိုးကြီး အဘွားကြီးတွေက ကြောင်သွားသည်။

" ဆရာကျိန်း၊ ရိုလက်ဆိုတာ ဘာလဲ "

" Rolex ဆိုတာ နိုင်ငံခြားနာရီအမှတ်တံဆိပ်လေ။ အရအရမ်းဈေးကြီးတာ "

" နာရီအတွက် အမှတ်တံဆိပ်တွေရှိတာလား။ နိုင်ငံခြားကမှာထားတာလား။ အရမ်းဈေးကြီးမယ်ထင်တယ် "

လူအုပ်ကြီးရဲ့အမေးစကားတွေကြောင့် ဆရာကျိန်းက အနေကြပ်သွားသည်။

" ကျုပ်ကို မမေးနဲ့လေ၊ မသိဘူး။ တော်တော်လေးတော့ဈေးကြီးတယ်။ ဈေးကြီးတာဆို ယွမ်သိန်းချီပြီး ဈေးပေါရင်တော့ သောင်းချီရှိတယ် "

လူတိုင်းက သူ့စကားကြောင့် အံ့ဩကုန်ကြသည်။

" ဘာ။ ဒီနာရီအပျက်က သောင်းချီ သိန်းချီရှိတယ်တဲ့လား။ ဓားပြတိုက်နေတာမဟုတ်ဘူးလား "

" ဆရာကျိန်း၊ နောက်နေတာလား။ ယွမ်သိန်းချီတန်တဲ့နာရီမျိုးရှိတယ်လို့ မကြားဖူးပါဘူး "

" ငါကတော့ ဆရာကျိန်းကိုယုံတယ်။ သူက အားထားရတဲ့သူတစ်ယောက်ဘဲ။ မတွေးဘဲ လျှောက်ပြောမှာမဟုတ်ဘူး "

" ဘုရားရေ၊ ရှောင်ဖန် ဘဏ်ကို ဓားပြတိုက်လာတာလား။ သိန်းချီတန်တဲ့နာရီဝယ်နိုင်တယ်ပေါ့လေ "

" ဆရာကျိန်းပြောတာ မကြားဘူးလား။ ဈေးအကြီးဆုံးက သိန်းချီကျော်ပြီးတော့ ဈေးအပေါဆုံးကတောင် သောင်းချီတန်တယ်တဲ့ "

" သောင်းချီတန်တဲ့ဟာဝယ်ရင်တောင် တော်တော်လေးကြောက်စရာကောင်းနေပါပြီ။ အဲ့လောက်ပိုက်ဆံနဲ့ဆို ဂေါ်ဖီထုပ်တွေ ဘယ်လောက်တောင်ရမလဲ "

" ရှောင်ဖန်လေး ထီတွေများပေါက်လာလို့လား "

" စာသင်သွားတာ နှစ်ဝက်ဘဲရှိသေးတယ်လေ။ ဘယ်လိုလုပ်ချမ်းသာဦးမှာလဲ "

" နာရီကို ယွမ်သောင်းချီတန် ဝယ်နိုင်တယ်ဆိုမှတော့ ချမ်းသာလာလို့ပေါ့ "

ယဲ့ပေါက်ကောသည်လည်း အနည်းငယ် ကြောင်အ နေသည်။

သူ့လက်ကောက်ဝတ်ပေါ်က နာရီကို ငေးကြည့်နေသည်။

သူ့မြေးက ယွမ်ရာဂဏန်းလောက်ဘဲပေးရတာလို့ ပြောတယ်မဟုတ်ဘူးလား။

ဘယ်လိုလုပ်ပြီး သောင်းချီပေးရတာဖြစ်နေတာလဲ။

သူက ယွမ်သောင်းချီတန်တဲ့ဟာကို ဝတ်ထားတာလား။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

မားရှန်းလန်ကလည်း အံ့ဩသွားပြီး ယဲ့ဖန်ဘက်ကို လှည့်လိုက်သည်။

" မြေးလေး၊ အဘွားကို အမှန်တိုင်းပြော။ ဒီနာရီဝယ်ဖို့ ဘယ်လောက်သုံးခဲ့လဲ "

ယဲ့ဖန်က နည်းနည်းပြောရခက်နေသည်။

ဘယ်လိုဖြေရမလဲမသိပေ။

ထိုအချိန်တွင် ဝူပေါလိုင်က လှောင်ပြောင်ရယ်လိုက်သည်။

" ဟားဟားဟား၊ အရူးတွေ။ ဒီနာရီက တကယ်သိန်းချီတန်မယ်ထင်နေလား "

ကျိန်းရန်ရှန်းက မျက်မှောင်ကြုတ်ပြီး ဝူပေါလိုင်ကို ကြည့်လိုက်သည်။

" Rolex က တကယ်ဘဲ သိန်းချီတန်တာတွေရှိတယ် "

ဝူပေါလိုင်က သဘောတူခေါင်းငြိမ့်သည်။

" သိတယ်။ အဲ့တာက အစစ်ဆို တကယ်သိန်းချီရှိနိုင်တယ်။ ဒါပေမဲ့ ဒါက အစစ်ဆိုတာ သေချာလား "

ကျိန်းရန်ရှန်းက ပြောစရာစကားမဲ့သွားသည်။

" မင်းပြောချင်တာ ...... ဒါက အတုလို့ဆိုလိုတာလား "

ဝူပေါလိုင်က ယဲ့ဖန်က အထင်သေးသလိုကြည့်လိုက်သည်၊

" ဒီကလေးက ကျုံးဟိုင်တက္ကသိုလ်မှာကျောင်းတက်နေတာ နှစ်ဝက်ဘဲရှိသေးတည။ ဘယ်လိုလုပ် အဲ့လောက်တန်တဲ့နာရီဝယ်နိုင်မှာလဲ။ မင်းတို့က ယုံတယ်လား။ ငါကတော့ မယုံဘူး "

သူပြောတာကိုကြားတဲ့အခါ လူတိုင်းက အဓိပ္ပာယ်ရှိသည်ဟုထင်ကြသည်။

" အဘိုးကြီးဝူပြောတာမှန်တယ်။ ဒီခေတ်မှာ ငွေရှာဖို့က ဒီလောက်ခက်တာ။ ဘယ်လိုလုပ် နှစ်ဝက်တည်းနဲ့ သိန်းချီရှာနိုင်မှာလဲ "

" ငါ့သားတောင် ယွမ်သောင်းချီမရဘူး "

" အဲ့တာဆို အတုပေါ့။ ရှောင်ဖန်၊ အဘိုးကျိန်းက မင်းကိုဝေဖန်ချင်လို့တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘာလို့အတုကြီးဝယ်လာတာလဲ "

" သူက သူ့အဘိုးကို မျက်နှာရစေချင်လို့နေမှာပေါ့ "

" ကောင်းရော၊ အဘိုးကြီးယဲ့ကတော့ အခု မျက်နှာပျက်ကုန်ပြီ "

" ........ "

အပိုင်း (၂၀၆)

ဘယ်လောက်၊ ယွမ် ၂သိန်းကျော်။

လူအုပ်ကြီးက သူ့မြေးအကြောင်း အတင်းပြောနေတာကိုကြားတဲ့အခါ ယဲ့ပေါက်ကောဒေါသထွက်သွားသည်။

" မင်းတို့ ဘာတွေပြောနေကြတာလဲ။ ရှောင်ဖန်က ဒါကို တကယ့် Rolex အစစ်လို့ ဘယ်တုန်းက ပြောလို့လဲ။ သူက ယွမ်ရာဂဏန်းပဲသုံးခဲ့တယ်လို့ ပြောထားတာ။ မင်းတို့ကဘဲ Rolex အစစ်လို့ ပြောနေတာ။ ငါ့မြေးကို ဘာကိစ္စ လာပြီး အပြစ်တင်နေကြတာလဲ "

လူအုပ်ကြီးက ယဲ့ပေါက်ကောရဲ့ စကားကို ကြားတဲ့အခါ ဘာအမှားမှမပါဘူးဟု ခံစားရသည်။

ယဲ့ဖန်က ဒါကို တကယ့် Rolex အစစ်လို့ မပြောခဲ့ချေ။

နာရီက သောင်းသိန်းချီတန်သည်ဟု ဆရာကျိန်းကပြောတဲ့အခါတွင် သူတို့က အလေးအနက်ထားလိုက်ကြသည်။

ဝူပေါလိုင်က ခပ်မဲ့မဲ့ ပြုံးလိုက်သည်။

သူသည် ယဲ့ပေါက်ကောရှေ့တွင် အမြဲတမ်းသိမ်ငယ်နေခဲ့သည်။

ယဲ့ပေါက်ကောကို သူက ရိုက်နှက်ဆုံးမခြင်းလည်းမပြုနိုင်ပေ။

တစ်ဖက်သားကို အရှက်ရစေမယ့် ဒီလိုအခွင့်အရေးကို ရဖို့အတွက် မလွယ်လှချေ။

ဒီလိုခံစားချက်မျိုးက တကယ်ကို ကောင်းလွန်းသည်။

ထိုအချိန်တွင် ကျောကုန်းကုန်းနှင့် အဘိုးကြီးတစ်ယောက်က လမ်းလျှောက်လာသည်။

" မင်းတို့ဘာတွေပြောနေကြတာလဲ။ ဘာမလို့ဒီလောက်တောင် စည်ကားနေတာလဲ "

ထိုအဘိုးအိုကိုတွေ့သောအခါ ဆရာကျိန်း၏ မျက်လုံးများ တောက်ပလာသည်။

" အဘိုးကြီးဟူ၊ အဘိုးကြီးယဲ့ရဲ့မြေးဖြစ်သူက Rolex အတုကို ဝယ်လာတာ။ ဒါပေမဲ့ ကြည့်ရတာ တကယ့်အစစ်လိုဘဲ "

ယဲ့ဖန်သည် ထိုအဘိုးအိုကို မှတ်မိသည်။

ထိုလူရဲ့အမည်မှာ ဟူဆန်းသောက်ဖြစ်ပြီး လမ်းဘေးတွင် နာရီပြုပြင်ရေးဆိုင်တစ်ခုတည်ထောင်ထားသည်။

သူမှတ်မိသလောက် ဟူဆန်းသောက်သည် နာရီများကို လည်း ကိုယ်တိုင်ပြုပြင်ပုံရသည်။

သူ့အဘိုးက လက်ပတ်နာရီတွေကို အမြဲစိတ်ဝင်စားခဲ့တာကြောင့် သူတို့နှစ်ယောက်က မကြာခဏဆိုသလို တွေ့ဆုံတတ်ကြသည်။

ထိုစကားကိုကြားတော့ ဟူဆန်းသောက်က ချက်ချင်း လျှောက်သွားသည်။

ယဲ့ပေါက်ကောသည် သူ့မြေးကို နောက်ထပ် အရှက်မရစေချင်တာကြောင့် နာရီကို မပြချင်ပေ။

သို့သော် ဟူဆန်းသောက်နှင့် သူ၏ဆက်ဆံရေးသည် ကောင်းမွန်တာကြောင့် သူ့ကို ငြင်းလိုက်ဖို့ မကောင်းပေ။

ထို့ကြောင့် သူ့ကို စစ်ဆေးဖို့ ခွင့်ပြုရုံသာ တတ်နိုင်ခဲ့သည်။

ဟူဆန်းသောက်သည် နာရီကို အချိန်အကြာကြီးစိုက်ကြည့်နေခဲ့ပြီး သူ၏အမူအရာက ပို၍ပို၍ အံ့သြလာပုံပေါ်သည်။

" အဘိုးကြီး၊ အဲဒါကို ချွတ်ပြီး ငါ့ကို ကြည့်ခွင့်ပေးလို့ ရမလား "

ယဲ့ပေါက်ကောသည် အဲ့ဒါကို ဖြုတ်ပြီး သူ့ဆီ ပေးလိုက်ရုံကလွဲလို့ ရွေးချယ်စရာမရှိပေ။

ဟူဆန်းသောက်သည် နာရီကို အထပ်ထပ်အခါခါ ကြည့်ကာ အသေးစိတ်အချက်တိုင်းကို မလွဲမသွေ ကြည့်သည်။

သူ့မျက်နှာပေါ်က အမူအရာက ပိုပိုပြီး ထိတ်လန့်သွားပုံပေါ်သည်။

အဆုံးတွင် သူနည်းနည်းလေးတောင် ကြောက်သွားပုံရသည်။

ဝူပေါလိုင်က အခွင့်အရေးယူပြီး လှောင်ဖို့ မမေ့ပေ။

သူက ချက်ချင်း ရှေ့ကို ထွက်လာသည်။

" ဘယ်လိုလဲ၊ အဘိုးကြီးဟူ။ ဒီလက်ပတ်နာရီက အတုမဟုတ်လား။ အဘိုးကြီးယဲ့က အဲ့ဒါကို ရတနာတစ်ခုလို သဘောထားနေတာလေ။ အရမ်းရူးတာဘဲ။ ရယ်ရတယ်၊ ဟားဟား ........ "

ဟူဆန်းသောက်က ခေါင်းကိုလှည့်ပြီး သူ့ကို စိုက်ကြည့်လိုက်သည်။

"မင်းကမှ ရူးနေတာလို့ ငါထင်တယ်။ ဒါကို အတုလို့ ဘယ်သူပြောလဲ "

" အို ........ "

ဝူပေါလိုင်၏ရယ်သံသည် လည်ပင်းညှစ်ခံထားရသော ဘဲတစ်ကောင်ကဲ့သို့ ရုတ်ခြည်းအဆုံးသတ်သွားရသည်။

" မင်း ...... အဲဒါ ဘာကိုဆိုလိုတာလဲ "

ဟူဆန်းသောက်က သူ့ကိုပြန်မဖြေဘဲ ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။

" ရှောင်ဖန်လေး၊ အဘိုးဟူကို ရိုးရိုးသားသားပြော။ ဒီနာရီက ဈေးမပေါဘူး၊ မဟုတ်လား "

ယဲ့ဖန်သည် သူ့မေးခွန်းကို ကြားသောအခါ တုံ့ဆိုင်းသွားသည်။

" အဆင်ပြေပါတယ် ....... "

" ဘယ်လောက်လဲ "

" ငွေတော်တော်တော့များတယ် "

" သောင်းချီလား "

" အဲ့လောက်ဝန်းကျင်ပါဘဲ "

" မင်းငါ့ကို ပဟေဠိတွေ ဖွက်ကစားနေရင် ငါ မင်းကို ရိုက်တော့မယ်။ အတိအကျဘယ်လောက်လဲ "

ဟူဆန်းသောက်သည် စိတ်ရှည်သည်းခံမှုပျောက်ဆုံးသွားပြီး ချက်ချင်း ယဲ့ဖန်ကို စိုက်ကြည့်လိုက်သည်။

ယဲ့ဖန်မှာ ရွေးချယ်စရာမရှိသလိုဖြင့် လက်နှစ်ချောင်းသာထောင်ပြလိုက်တော့သည်။

" နှစ် ........ "

ဟူဆန်းသောက်၏ မျက်လုံးများ ပြူးကျယ်သွားသည်။

" ၂ သိန်းလား "

" ဘယ်လောက် ..... ဘယ်လောက်။ ၂ သိန်းလား "

" ဟုတ်ကဲ့ "

ယဲ့ဖန်၏အသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း ထိုအသံသည် ရှိနေသူတိုင်း၏နားထဲတွင် မိုးခြိမ်းသံကဲ့သို့ကြားလိုက်ရသည်။

" ဘယ်လောက် ...... ဘယ်လောက်။ နှစ် ...... နှစ်သိန်းလား။ ငါ ........ အိပ်မက်မက်နေတာတော့ မဟုတ်ဘူးမလား "

" ဘယ်လိုလုပ် ၂သိန်းဖြစ်နိုင်မှာလဲ။ မင်းငါ့ကို သေအောင်ရိုက်ရင်တောင် ငါမယုံဘူး "

" ရှောင်ဖန်က တစ်နှစ်ခွဲလောက် အပြင်မှာနေပြီး လိမ်ဖို့ သင်ယူခဲ့တာလား "

" ဟုတ်တယ်။ သူထွက်သွားတာမှ နှစ်တစ်ဝက်ပဲရှိသေးတယ်။ ၂ သိန်းကို ဘယ်ကနေရမှာလဲ "

" သူ့မှာ ယွမ် ၂သိန်း တကယ်ရှိတယ်ဆိုရင်တောင် ဘာလို့ နာရီတစ်လုံးဝယ်ဖို့ သုံးတာလဲ။ ဒါ မရူးမိုက်ဘူးလား "

" .......... "

ထိုအချိန်တွင် ယဲ့ပေါက်ကောလည်း အနည်းငယ် အံသြသွားပြီး ယဲ့ဖန်ကို စိုက်ကြည့်လိုက်သည်။

" ရှောင်ဖန်၊ ဒီနာရီက ဘယ်လောက်လဲ "

ယဲ့ဖန်က သက်ပြင်းချလိုက်သည်။

" အဘိုး၊ ကျွန်တော် အမှန်အတိုင်းပြောပြပါ့မယ်။ ဒီနာရီက ယွမ် ၂သိန်း ၁သောင်း တန်တယ်။ အဘိုး မပျော်မှာကြောက်လို့ အဘိုးကိုမပြောရဲခဲ့တာပါ "

ယဲ့ပေါက်ကော၏ခြေထောက်များသည် ပျော့ခွေသွားကာ လဲကျမတတ်ဖြစ်သွားသည်။

ယဲ့ဖန်က ချက်ချင်းသွားပြီး သူ့ကို လဲမကျအောင် အမြန်ထိန်းထားလိုက်သည်။

သူ့ဘေးမှာ ရပ်နေတဲ့ မားရှန်လန်က သူ့လက်ကို လှမ်းဆွဲလိုက်သည်။

" ရှောင်ဖန်၊ ဒီလောက်ပိုက်ဆံအများကြီး ဘယ်ကရလာတာလဲ "

ယဲ့ဖန် ခေါင်းကိုကုတ်လိုက်သည်။

" ကျွန်တော့်လုပ်ငန်းကနေ ပိုက်ဆံနည်းနည်းရှာထားတာပါ "

ထိုစကားကိုကြားသောအခါ မားရှန်လန်၏ခြေထောက်များသည် ဂျယ်လီများကဲ့သို့ပျော့ခွေသွားသည်။

ယဲ့ဖန်က သူမကိုထိန်းဖို့ သူ့လက်တစ်ဖက်ကို အမြန်လှမ်းလိုက်ရသည်။

အခု သူ့လက်တစ်ဖက်စီမှာ နှစ်ယောက်လုံးကို ထိန်းထားရသည်။

ယဲ့ဖန်စိတ်ဓာတ်ကျသွားသည်။

ဒီလိုအဖြစ်အပျက်မျိုးဖြစ်မှာကို သူ စိုးရိမ်နေခဲ့လို့ အမှန်အတိုင်းမပြောရဲခဲ့ပေ။

နောက်ဆုံးတော့ သူ မလွတ်မြောက်နိုင်တာကို ဘယ်သူသိမှာလဲ။

ဝူပေါလိုင်သည် အလွန်တုန်လှုပ်သွားပြီး စကားမပြောနိုင်တော့ပေ။

ယွမ် ၂သိန်းတန်နာရီလား။

အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

ဒါက မဖြစ်နိုင်ဘူး။

" အဘိုးကြီးဟူ၊ အနီးကပ်ကြည့်ပါဦး။ ဒီနာရီက အစစ်ဆိုတာ သေချာရဲ့လား "

ဝူပေါလိုင်မယုံနိုင်အောင်ဖြစ်နေသည်။

ယဲ့ဖန်သည် လွန်ခဲ့သော နှစ်ဝက်ခန့်ကပင် ဖိနပ်တစ်ရံထဲကို ပါးလျပ်တဲ့အထိ၀တ်ရတဲ့ ဆင်းရဲနွမ်းပါးသော ကောင်လေးတစ်ယောက်ဖြစ်သည်။

နှစ်ဝက်လောက် ကျောင်သွားတက်ပြီး ပြန်လာတဲ့အခါ ချမ်းသာသွားတာလား။

ဒါက ရယ်စရာကောင်းလွန်းသည်။

ဟူဆန်းသောက်က ဝူပေါလိုင်၏သံသယတွေကို ကြားပြီးနောက် ချက်ချင်းပြောသည်။

" ငါ့ဘဝရဲ့ တစ်ဝက်လောက်ကို နာရီတွေ ပြင်လာခဲ့တာ။ အစစ်လား၊ အတုလားတောင် မပြောနိုင်ရင် ငါက ခွေးလို ဘဝမှာ နေခဲ့ရတာဘဲ "

ဝူပေါလိုင်က အရှုံးမပေးသေးပေ။

" စကားလုံးတွေနဲ့ သက်သေပြလို့မရဘူး။ မင်း ငါတို့ကို သက်သေပြရမယ် "

ဟူဆန်းသောက်က လှောင်ရယ်လိုက်ပြီး Rolex ကို သူ့ရှေ့သို့ ယူလာခဲ့သည်။

" အတုဆိုရင် လက်ရာက အရမ်းကြမ်းတယ်။ ဒါပေမယ့် ဒီ Rolex က အရမ်းလက်ရာမြောက်တယ်။ ငါ့လက်ထဲမှာ ကျောက်စိမ်းတွေလို ချောမွေ့နေတယ် ........ "

ဝူပေါလိုင်က မထီမဲ့မြင် ရယ်မောလိုက်သည်။

" အဲ့ဒါ ဘာကိုဆိုလိုတာလဲ။ သပ်သပ်ရပ်ရပ်လုပ်ထားတဲ့ အတုတွေလည်း ရှိတာဘဲ။ အဲ့ဒါလောက်နဲ့ တကယ့်အစစ်လို့ ပြောလို့မရဘူး "

ဟူဆန်းသောက်သည် ဝူပေါလိုင်က အရှုံးမပေးသေးတာကို မြင်တဲ့အခါ ဆက်ရှင်းပြခဲ့သည်။

" နောက်တစ်နည်းရှိတယ်။ အဲ့ဒါက ၆ နာရီ လမ်းကြောင်းကိုကြည့်ရမယ်။ အဲ့နေရာမှာ စတုရန်းပုံလေးတွေစုထားတဲ့ သရဖူပုံသဏ္ဍာန် အတုနဲ့ခွဲနိုင်တဲ့အမှတ်အသားတစ်ခုရှိတယ်။ နာရီလက်တံမှာ ၇ မှတ်ရှိပြီး စက်ဝိုင်းပတ်လည်မှာ ၁၄ မှတ်ရှိတယ်။ မရှိရင် နာရီအတုဘဲ "

ထိုအခါ လူအုပ်ကြီးက ချက်ချင်းဝိုင်းအုံလာသည်။

" မဟုတ်ဘူး၊ ဘာလို့ မတွေ့ရတာလဲ "

"ဟုတ်တယ်၊ ငါလည်း မတွေ့ဘူး "

" မမြင်ရဘူးဆိုရင် ဒီနာရီက အတုလို့ ဆိုလိုတာလား "

လူတိုင်းက အချိန်အကြာကြီးကြည့်နေပေမယ့် ဟူဆန်းသောက်ပြောတဲ့ သရဖူသင်္ကေတကို ရှာမတွေ့ကြပေ။

ဟူဆန်းသောက်က ချက်ချင်းရှင်းပြခဲ့သည်။

" ဒီအတုအပခွဲခြားတဲ့အမှတ်အသားကို တိကျထောင့်တစ်ခုကဘဲ မြင်နိုင်တာ။ ပကတိမျက်စိနဲ့ မြင်ဖို့ အတော်လေးခက်တယ်။ ရှင်းရှင်းလင်းလင်းမြင်နိုင်ဖို့ဆို မှန်ဘီလူးကို သုံးရပမယ် "

" ငါ့မှာ မှန်ဘီလူးတစ်ခုရှိတယ် "

အဘိုးကြီးတစ်ယောက်က သူ့စာအုပ်ထဲက မှန်ဘီလူးကိုထုတ်လိုက်သည်။

ထို့နောက် သူက လမ်းလျှောက်လာကာ သေသေချာချာကြည့်သည်။

အပိုင်း (၂၀၇)

ယဲ့ဖန်နဲ့တူတဲ့ကလေးလေးမွေးခြင်း။

အဘိုးအိုက မှန်ဘီလူးဖြင့် အချိန်အကြာကြီးကြည့်ကာ ရုတ်တရက်ထပြောသည်။

" တကယ်ပဲ သရဖူရှိတယ် "

" ကြည့်ပါရစေ၊ ကြည့်ခွင့်ပေးကြပါ "

" ငါလည်း ကြည့်မယ်။ ဘယ်မှာလဲ သရဖူက "

" အားလုံး တန်းစီပါ။ မတွန်းနဲ့၊ မတွန်းနဲ့ "

လူအုပ်ကြီးက စစ်ဆေးဖို့ ရှေ့ကိုပြေးလာပြီး အော်ဟစ်နေကြသည်။

" တကယ်ဘဲ သရဖူလေးတစ်ခုရှိနေတယ်။ သေသေချာချာ မကြည့်ရင် သတိမထားမိလောက်ဘူး "

" ငါရေကြည့်ပြီးပြီ။ တစ်ကယ်ဘဲ လက်တံရဲ့အပေါ်မှာ အစက် ၇ ခုရှိပြီး စက်ဝိုင်းအောက်ခြေမှာ အစက် ၁၄ ခုရှိတယ် "

"တကယ်ဘဲ အစစ်လား။ ဒီနာရီက တကယ်ကို ၂သိန်းတန်တာလား "

" အားလုံးသတိထားဦး။ မြေပေါ်ပြုတ်ကျရင် မင်းတို့ရဲ့ တစ်သက်လုံးစာနဲ့ ပေးဆပ်ရင်တောင် ကျေမှာမဟုတ်ဘူး "

လူအုပ်ကြီးပြောသည်ကို ကြားရသောအခါ ဝူပေါလိုင်၏ နှလုံးသားသည် ပိုပိုပြီးအေးစက်လာသည်။

ဒီနာရီက တကယ်အစစ်လား။

တကယ်ဘဲ ၂သိန်းတန်လား။

ဒါက သူ့ဘဝကို ချက်ချင်း ပြန်သုံးသပ်မိစေသည်။

ဘာလို့လဲဆိုတော့ ၂သိန်းတန် နာရီတစ်လုံးကို မပြောနှင့် တစ်ဘဝလုံးမှာတောင် ယွမ် ၂သိန်းကို တစ်ခါမှမမြင်ဖူးပေ။

ထိုအရာသည် သူ့တွေးနိုင်တဲ့နယ်ပယ်ကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။

ဟူဆန်းသောက်ကလည်း လူအုပ်ကြီးက နာရီကိုဖျက်ဆီးမိမှာကို ကြောက်တဲ့အတွက် အမြန်ပြန်ယူလိုက်သည်။

" သေချာပေါက် ဒီနာရီကို အစစ်လားဆိုတာ စစ်ဆေးဖို့ နည်းလမ်းအများကြီး ရှိပါသေးတယ်။ ဥပမာ- လက်ပတ်ပေါ်မှာ ထွင်းထုတာ၊ ဘူးပုံသဏ္ဍာန်၊ ပြက္ခဒိန်၊ အူတိုင်၊ ဒါမှမဟုတ် နောက်ဖုံးကို ဖွင့်စစ်ဆေးဖို့ နည်းလမ်းတွေလည်းရှိသေးတယ်။ ဒါပေမယ့် မလိုအပ်ဘူးလို့ ထင်တယ်။ ဒီနာရီဟာ လုံးဝအစစ်ဖြစ်ကြောင်းကို ငါ့ဘဝနဲ့ရင်းပြီး အာမခံနိုင်တယ် "

သူပြောတာကို ကြားပြီးတဲ့အခါ ဘယ်သူမှ သံသယမရှိတော့ပေ။

သူတို့အားလုံးထဲတွင် ဟူဆန်းသောက်သာလျှင် နာရီလုပ်ငန်းတွင် ပညာရှင်တစ်ယောက်ဖြစ်သည်။

သေသေချာချာရှင်းပြပြီး သူ့ဘဝကိုတောင် တိုင်တည်နေမှတော့ သူတို့က ဘာသံသယရှိကြတော့မှာလဲ။

အားလုံးက ယဲ့ဖန်ကို မယုံကြည်နိုင်စွာကြည့်နေလိုက်ကြသည်။

" ယဲ့ဖန်၊ မင်းက တကယ်ကို တစ်ခုခုပဲ။ ယွမ် ၂သိန်းတန် လက်ပတ်နာရီတစ်လုံးကို တကယ်ကြီးတတ်နိုင်တာလား။ တွေးတောင်မတွေးရဲတော့ဘူး "

"အဲ့တာအပြင် သူက အဘိုးကို အဲ့ဒီလက်ပတ်နာရီကို ပေးခဲ့တာ။ သူ့ ရဲ့ သိတတ်မှုက တကယ်ကို ထိတ်လန့်စရာကောင်းတာဘဲ "

" ရှောင်ဖန်၊ မင်း အပြင်မှာ ဘယ်လိုစီးပွားရေးလုပ်တာလဲ။ နှစ်ဝက်ဘဲရှိသေးတာကို ပိုက်ဆံတွေ အများကြီးရနေပြီလား "

" ဟုတ်တယ်၊ ယွမ် ၂သိန်းတန်တဲ့ နာရီကို မင်း ဝယ်နိုင်ရင်တော့ မင်းမှာ ပိုက်ဆံတွေ အများကြီးရှိရမယ် မဟုတ်လား "

"မင်းမှာ အမြတ်များတဲ့လုပ်ငန်းရှိရင်လည်း မင်းရဲ့အစ်ကိုယွမ်ကို ခေါ်ပြီးတော့ မင်းကို ကူညီခိုင်းလေ "

" မင်းရဲ့ညီမလေးလီလီက အထက်တန်းကျောင်းဆင်းတော့မှာ။ သူမကို မင်းဆီ လာဖို့ ဘာလို့ မခေါ်တာလဲ။ မင်းတို့အတူရှိနေချိန်မှာ မင်းတို့ရဲ့ ဆက်ဆံရေးကိုလည်း မြှင့်တင်နိုင်တယ်လေ ........... "

" ရှောင်ဖန်၊ မင်းမှာ ရည်းစားမရှိသေးဘူးမလား။ ငါတို့ ရှောင်ဖေးက မင်းထက် သုံးနှစ်ပဲကြီးတာ။ မင်းထက် သုံးနှစ်ကြီးတဲ့မိန်းကလေးမျိုးကိုရတာက ရွှေခဲကို ပွေ့ဖက်ထားသလိုဘဲဖြစ်နေလိမ့်မယ် "

" မင်းရဲ့ ရှောင်ဖေးအကြောင်းပြောဖို့ အာရုံရှိတုန်းဘဲလား။ သူမက ကွာရှင်းထားတဲ့မိန်းမလေ။ သူမက ရှောင်ဖန်နဲ့ ဘယ်လိုလုပ်ထိုက်တန်မှာလဲ "

" အဲ့တော့ သူမက ကွာရှင်းထားရင်တောင် ဘာဖြစ်လဲ။ အခုခေတ်မှာ ကွာရှင်းတာက ပုံမှန်ဘဲ မဟုတ်ဘူးလား။ ရှောင်ဖန်ကတောင် ဘာမှမပြောတာ မင်းက ဘာလို့ ဒီလောက်ဝင်ပြောနေတာလဲ "

" ရှောင်ဖန်၊ သူ့စကားနားမထောင်နဲ့။ ငါ့ရဲ့ ဒုတိယသမီးက မင်းနဲ့အသက်တူတူဘဲ။ သူမကအပျိုလေးဖြစ်နေတုန်းဘဲ "

" ........... "

လူအုပ်ကြီးက မြေးသမက်အတွက် တိုက်ပွဲဝင်သည့်ပုံစံဖြစ်သွားသည်။

မြေးမရှိတဲ့သူတွေကတော့ စိုးရိမ်စိတ်ကြောင့် ပူလောင်နေကြသည်။

သူတို့သားသမီးတွေကို အချိန်ပိုအလုပ်ဆင်းပြီး မြန်မြန်ဖန်တီးခိုင်းရမည်။

ယဲ့ပေါက်ကောသည် အခု မြေးချွေးမကို ရှာရန် ရည်ရွယ်ချက်မရှိပေ။ အဲဒီအစား သူ့မြေးကို ဒေါသတကြီးကြည့်လိုက်သည်။

" ယဲ့ဖန်၊ မင်းက အရမ်းလွန်တယ်။ ဒီလောက်စျေးကြီးတဲ့ နာရီတစ်လုံးဝယ်ခဲ့တာလို့ အဘိုးကို ဘာလို့မပြောတာလဲ။ ငါတို့ ပြန်ပေးလို့ရနိုင်သေးလား "

ယဲ့ဖန်က ချက်ချင်း ခေါင်းခါလိုက်သည်။

" အဘိုး ဘူးထဲကထုတ်ပြီး ဝတ်ထားတာ တော်တော်ကြာနေပြီ။ ပြန်ပေးလို့ မရနိုင်တော့ဘူး "

ယဲ့ပေါက်ကော အနည်းငယ် စိတ်ဆိုးသွားသည်။

" ဘာလို့ စောစောက မပြောတာလဲ။ ဒီလောက်စျေးကြီးတဲ့ နာရီကို ငါက ဘယ်လိုဝတ်ရမှာလဲ "

ယဲ့ဖန်က သူ့အဘိုးစိတ်ဆိုးတာကို စိတ်ထဲမထားပေ။

" ဒီနာရီက လူတွေဝတ်ဖို့ လုပ်ထားတာမဟုတ်ဘူးလား။ တခြားလူတွေတောင် ဝတ်နိုင်တာ အဘိုးက ဘာလို့ ဝတ်လို့မရမှာလဲ "

" ငါတို့မိသားစုအခြေအနေက ဘယ်လိုရှိလဲ မင်းသိပါတယ်။ မင်းက သူတို့နဲ့ ယှဉ်နေသေးလား။ ဒီပိုက်ဆံကို သိမ်းထားပြီး မင်းမိန်းမရတဲ့အခါ သုံးဖို့ စုထား "

ယဲ့ဖန်သည် သူ့အဘိုးစကားကို သဘောကျသွားသည်။

" အဘိုး၊ ကျွန်တော်မိန်းမယူ၊ အိမ်ထောင်ပြုဖို့ ငွေအလုံအလောက် စုဆောင်းထားတယ်။ ကျေးဇူးပြုပြီး၊ ယုံကြည်ပေးပါ။ ကျွန်တော်တို့မိသားစုက အနာဂတ်မှာ ပိုပြီးတဲ့ အဆင့်အတန်းမြင့်မားလာမှာ။ နာရီတင်မကဘူး၊ စံအိမ်ကြီးတွေ၊ ကားတွေ၊ အလှ......ဘာကိုမှလက်မလွတ်စေရဘူး "

'အလှလေးတွေ'လို့ ပြောထွက်တော့မည်ကို အချိန်မီထိန်းလိုက်ရသည်။

မားရှန်းလန်သည် သူမ၏မြေးကို မျက်ရည်များဝဲလျက် ကြည့်လိုက်သည်။

" ငါ့မြေးက နောက်ဆုံးတော့ အောင်မြင်တဲ့သူဖြစ်ပြီ။ အခုသေရင်တောင် စိတ်ချနိုင်ပါပြီ "

ယဲ့ဖန်က သူမရဲ့မျက်ရည်တွေကို အမြန်သုတ်ပေးလိုက်သည်။

" အဘွား၊ ဒီနှစ်တွေအတွင်းမှာ ကျွန်တော့်အတွက် အများကြီးလုပ်ပေးခဲ့တာ။ နောင်ဆိုရင် ကျွန်တော်ကဘဲ အဘွားကို ဂရုစိုက်ပေးပါရစေ "

မားရှန်းလန်သည် ခေါင်းကို အထပ်ထပ်အခါခါငြိမ့်ပြပြီး သူမ၏မျက်နှာမှာလည်း စိတ်ချသည့်အရိပ်အယောင်တွေရှိနေသည်။

အိမ်နီးနားချင်းတွေက မိသားစုသုံးယောက်သားကို မနာလိုစွာ ကြည့်နေကြသည်။

" အဘိုးကြီးယဲ့က ဒီလိုမြေးကောင်းတစ်ယောက်ရထားတာ အရမ်းကံကောင်းတယ်။ သူက သိတတ်တဲ့မြေးကောင်းလေးတစ်ယောက်ဘဲ "

" ငါ့မှာ ဒီလိုမြေးတစ်ယောက်ရှိရင် နောင်တမရှိဘဲ သေနိုင်လိမ့်မယ် "

" ငါတို့ရဲ့ သုံးစားမရတဲ့သားစဉ်မြေးဆက်တွေကတော့ ရှောင်ဖန်ရဲ့လက်တစ်ချောင်းစာတောင်မနှိုင်းယှဉ်နိုင်တာ သနားစရာဘဲ "

" ကလေးတွေက ယဲ့ဖန်နဲ့တူသင့်တယ်။ သူ့လို ကလေးမျိုးမွေးရမှာ "

ယဲ့ပေါက်ကောသည် သူ့မြေးကို ချီးကျူးနေသည့်စကားကိုကြားတဲ့အခါ ဝူပေါလိုင်အား ဂုဏ်ယူသည့်မျက်နှာပေးဖြင့် လှမ်းကြည့်လိုက်သည်။

" ဝူဆိုတဲ့တစ်ယောက်၊ မင်းရဲ့ခွေးလိုမျက်လုံးကိုဖွင့်ပြီး ကြည့်လိုက်။ ငါ့မြေးက လက်ပတ်နာရီတစ်လုံးကို ယွမ်၂သိန်းပေးဝယ်ခဲ့တာ၊ မင်းမှာရှိလား။ မင်းရဲ့သားနဲ့မြေးကို ရောင်းရင်တောင် မင်း ဝယ်ဖို့ တတ်နိုင်မှာ မဟုတ်ဘူး "

ဝူပေါလိုင်သည် သူ၏နှလုံးသားထဲတွင် ကြီးမားသောထိုးနှက်ချက်ကို ခံစားလိုက်ရသည်။

သို့သော်လည်း ရှုံးနိမ့်မှုလက်ခံဖို့ ငြင်းဆန်နေခဲ့သည်။

" ဒါဟာ ယွမ် ၂သိန်းတန်တဲ့ နာရီတစ်ခုဖြစ်တော့ရော ဘယ်သူကလိုချင်နေလို့လဲ "

ထို့နောက် သူက မားရှန်းလန်ဘက်လှည့်လိုက်သည်။

" မရီး၊ မင်းရဲ့မြေးဖြစ်သူက အဘိုးကြီးယဲ့ကို ယွမ် ၂သိန်းတန် နာရီတစ်လုံးပေးတယ်။ သူက မင်းကို ဘာမှမပေးဘူးလား "

မားရှန်းလန်သည် သူမလက်ထဲကလက်ကောက်ကို ခါယမ်းပြလိုက်သည်။

" ငါ့ကို မပေးဘူးလို့ ဘယ်သူပြောလဲ။ ဒီလက်ကောက်ကို ငါ့မြေးက ပေးခဲ့တာ "

ဝူပေါလိုင်က မုန်းတီးစွာ ပြုံးလိုက်သည်။

" နာရီက ယွမ် ၂သိန်းဆိုမှတော့ ဒီလက်ကောက်က ၁သန်းလောက်တန်မယ်ထင်တယ်၊ ဟုတ်တယ်မလား "

မားရှန်းလန်သည် ပြောစရာစကားပျောက်သွားသည်။

" ဘယ်လောက်ပဲရှိရှိ၊ ဒါက ငါ့မြေးရဲ့ သိတတ်မှု သင်္ကေတပဲ။ ငွေနဲ့ တိုင်းတာလို့ မရဘူး "

ဝူပေါလိုင်က သူမက စကားကိုဝေ့ဝိုက်ပြောနေမှန်း သိလိုက်သည်။

" အတိအကျဆို ဘယ်လောက်လဲ " လို့ ဆက်မေးလိုက်သည်။

"တစ်ထောင်ကျော် "

“ဟားဟား…”

ဝူပေါလိုင်သည် ထိုစကားကိုကြားသောအခါ ချက်ချင်းခေါင်းမော့ပြီး ရယ်သည်။

"မရီး၊ မင်းမြေးရဲ့ နှလုံးသားထဲမှာ မင်းရဲ့ အနေအထားက အဘိုးကြီးယဲ့ထက် အဆပေါင်းများစွာ နိမ့်ပုံရတယ် "

မားရှန်းလန်သည် ထိုစကားကိုကြားသောအခါ အနည်းငယ် စိတ်ပျက်သွားသည်။

သူမသည် မြေးကို အမြဲတမ်းကြည့်ရှုစောင့်ရှောက်ပေးခဲ့တာဖြစ်သည်။

ဒါပေမယ့် အခုတော့ သူမမြေးဖြစ်သူက ချမ်းသာလာတဲ့အတွက် သူမခင်ပွန်းဖြစ်သူကို ယွမ် ၂သိန်းတန် နာရီတစ်လုံးပေးခဲ့သည်။

သို့သော် သူမကို ယွမ်တစ်ထောင်ထက် အနည်းငယ်ပိုသောလက်ကောက်တစ်ခုကိုသာ ပေးခဲ့သည်။

ကွာခြားချက်က ကြီးလွန်းနေသည် မဟုတ်လား။

အပိုင်း (၂၀၈)

မူးလဲတော့မယ်။

ဝူပေါလိုင်၏စကားကြောင့် ယဲ့ပေါက်ကော ချက်ချင်းဒေါသထွက်သွားသည်။

" ဝူပေါလိုင်၊ မင်း ငါတို့မိသားစုကို စိတ်သဘောထားကွဲလွဲအောင် သွေးခွဲနေတာလား။ မင်းက မင်းသေတွင်းမင်းတူးနေတာဘဲ "

ယဲ့ပေါက်ကောက သူ့ကို ရိုက်ဖို့လုပ်သည်။

ထိုပုံစံကိုမြင်တဲ့အခါ အိမ်နီးနားချင်းတွေက ချက်ချင်းတားကြသည်။

" အဘိုးကြီးယဲ့၊ စိတ်အေးအေးထားပါ ။ အဘိုးကြီးဝူက ရည်ရွယ်ချက်ရှိရှိလုပ်တာမဟုတ်ပါဘူး "

" ဝူအဘိုးကြီး၊ မင်းအရမ်းလွန်တယ်။ စကားကို ဘယ်လိုပြောရမလဲ မသိရင် လျှော့ပြောလို့ မရဘူးလား "

" ဟုတ်တယ်။ ဘယ်လောက်ဘဲဖြစ်ဖြစ် ဒါက ကလေးရဲ့ကြင်နာတဲ့စေတနာနဲ့ရည်ရွယ်ချက်ဘဲလေ "

" အရိုက်ခံရတာ ဘယ်လိုခံစားရလဲ မသိဘူးထင်တယ်။ အဘိုးကြီးယဲ့က မင်းကို ဘယ်လိုရိုက်ခဲ့လဲဆိုတာ မင်းမေ့သွားပြီလား "

ဝူပေါလိုင်သည် လူအုပ်ကြီး၏ဝေဖန်သံကိုကြားရသော်လည်း မားရှန်းလန်ကို အပြုံးမပျက်ကြည့်နေဆဲဖြစ်သည်။

" ဟုတ်တယ် မရီး။ ယွမ်တစ်ထောင်ကျော်ဆိုတာက သေးတဲ့ပမာဏတော့မဟုတ်ဘူး။ အဘိုးကြီးယဲ့ထက် နည်းရုံလေးတင်ပါ ........ အဆ၂၀၀ လောက်ပါဘဲ။ အဲ့ဒါက မင်းမြေးရဲ့နှလုံးသားထဲမှာ မင်းဘယ်လောက်အရေးပါလဲဆိုတာကို သိရတာဘဲ။ ဟားဟားဟား ....... "

ထိုလူက သူတို့မိသားစုကြား သဘောထားကွဲလွဲအောင် ကြိုးစားနေသေးတာကို တွေ့လိုက်ရတဲ့အခါ ယဲ့ဖန်ဆက်ပြီး မထိန်းနိုင်တော့ပေ။

သူ့ကို နှစ်ချက်လောက် ထိုးလိုက်တော့မည့်အချိန်မှာဘဲ အမျိုးသမီးတစ်ဦး၏ ခပ်မာမာအသံကို ရုတ်တရက်ကြားလိုက်ရသည်။

" ရှင်တို့အားလုံး လုပ်စရာမရှိဘူးလား "

အားလုံးလှည့်ကြည့်လိုက်တဲ့အခါ လက်မောင်းတွင် လက်ပတ်နီပတ်ထားတဲ့ လူလတ်ပိုင်းအရွယ်အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။ သူမက အဘွားအိုတစ်ယောက်ကို တွဲရင်း လမ်းလျှောက်လာသည်။

ထိုအမျိုးသမီး၏အမည်မှာ လင်းပင်းပင်းဖြစ်ပြီး သူမက ရပ်ကွက်လမ်းရုံးခန်း၏တာဝန်ရှိသူဖြစ်သည်။

အဘွားကြီးက သူမအမေဖြစ်ပြီး တက္ကသိုလ်တစ်ခုမှ အငြိမ်းစားပါမောက္ခတစ်ဦးဖြစ်ကာ ဝေ့ဖုန်းလို့ခေါ်သည်။

လူအုပ်ကြီးက လင်းပင်းပင်းကိုတွေ့တဲ့အခါ ချက်ချင်းရပ်သွားကြသည်။

" ဘာတွေဖြစ်နေတာလဲ "

လင်းပင်းပင်းသည် လူအုပ်ကြီးကို အေးစက်စွာ ကြည့်လိုက်သည်။

တစ်စုံတစ်ယောက်က ဖြစ်ပျက်ခဲ့တာတွေကို ချက်ချင်းပြောပြသည်။

လင်းပင်းပင်းက အဲ့တာကိုကြားပြီးတဲ့နောက် သူမက ယဲ့ပေါက်ကောနှင့် ဝူပေါလိုင်ကို စိတ်ဆိုးစွာဖြင့် ကြည့်လိုက်သည်။

" ကိစ္စကြီးကြီးမားမားလို့ ထင်ခဲ့တာ။ ဒါပေမယ့် ရှင်တို့က အသေးအဖွဲကိစ္စအတွက်နဲ့ ရန်ဖြစ်နေတာလား။ ရှင်တို့က အခု အဘိုးအရွယ်တွေပါ။ ဘာလို့ ကလေးတွေလို လုပ်နေကြသေးတာလဲ "

ဝူပေါလိုင်က လက်မခံဘဲ အတွန့်တက်သည်။

" သူက အရင် စတာ "

လင်းပင်းပင်းက သူ့ကို အေးစက်စွာ ကြည့်လိုက်သည်။

" ပါးစပ်ပိတ်ထား။ ရှင်က အဘိုးကြီးယဲ့ကို မနှောင့်ယှက်ရင် သူက ရှင့်ကို ရိုက်မှာတဲ့လား။ သူတို့လက်ကောက်တွေက ဘယ်လောက်တန်ဖိုးရှိလဲဆိုတာ ရှင်နဲ့ ဘာဆိုင်လဲ "

ဝူပေါလိုင်သည် ချက်ချင်း ပါးစပ်ပိတ်သွားရသည်။

ထိုအခါမှ လင်းပင်းပင်း၏မျက်နှာအမူအရာက ပိုကောင်းလာသည်။

" ကောင်းပြီ၊ သွားကြတော့။ ဘာမှမဟုတ်ဘဲ ပြဿနာမရှာကြနဲ့ "

သူကပြောပြီးတာနဲ့ သူမအမေကို ကူတွဲပြီး ထွက်သွားဖို့ပြင်သည်။

ထိုအချိန်တွင်သူ့အမေ ဝေ့ဖုန်းက ရုတ်တရက်ပြောသည်။

" ခဏနေပါဦး၊ ရှောင်မား။ နင့် လက်ကောက်ကို ခဏလောက် ပြလို့ရမလား "

သူမရည်ညွှန်းသော ' ရှောင်မား ' သည် မားရှန်းလန်ဖြစ်သည်။

သူမသည် အသက်(၈၀)ကျော်နေပြီဖြစ်သောကြောင့် အသက်(၇၀)ခန့်သာရှိသေးသော မားရှန်းလန်ကို ရှောင်မားဟုခေါ်ဆိုခြင်းက မမှားပေ။

အနီးနားရှိလူတိုင်းသည် ပါမောက္ခဝေ့ကို လေးစားကြသည်။

မားရှန်းလန်သည်လည်း အပါအဝင်ဖြစ်သည်။

သူမရဲ့စကားကိုကြားတဲ့အခါ လက်ကောက်ကို အမြန်ချွတ်ပြီး လက်နှစ်ဖက်ဖြင့်ပေးလိုက်သည်။

ဝေ့ဖုန်းက လက်ကောက်ကိုကိုင်လိုက်ပြီး ဘာမှမဖြစ်သလို လုပ်လိုက်သည်။

သို့ပေမဲ့ လက်ကောက်ကို ပြတ်ပြတ်သားသားမြင်လိုက်တဲ့အခါမှာတော့ သူမရဲ့အမူအရာက တောင့်ခဲသွားသည်။

" ဒီ ......... "

လင်းပင်းပင်းက သူမအမေရဲ့ ထူးဆန်းတဲ့အမူအရာကို မြင်ပြီး မေးသည်။

" အမေ၊ ဘာဖြစ်တာလဲ။ ဘယ်နေရာက အဆင်မပြေလို့လဲ ...... "

ဝေ့ဖုန်းက သူမကို ပြန်မဖြေပေ။

ထိုအစား သူမက မားရှန်းလန်ကို မော့ကြည့်လိုက်သည်။

" ရှောင်မား၊ ဒီလက်ကောက်ကို ယွမ် ၁၀၀၀ နဲ့ ဝယ်ခဲ့တာလား "

မားရှန်းလန်က ခေါင်းငြိမ့်သည်။

" ကျွန်မမြေးက ကျွန်မကိုပေးထားတာပါ။ ယွမ် တစ်ထောင်ကျော်လောက် ပေးရတယ်လို့ သူက ပြောတယ် "

ဝေ့ဖုန်းသည် ယဲ့ဖန်ကို တစ်ချက်ကြည့်လိုက်သည်။

သူမ ဘာမှပြန်မပြောသော်လည်း ယဲ့ဖန်သည် သူ့အတွေးတွေကို သူမက ဖောက်မြင်သွားသလို ခံစားလိုက်ရသည်။

သူ နည်းနည်းအဆင်မပြေသလို ခံစားရသည်။

" လူငယ်လေး၊ အမှန်အတိုင်းပြောပါဦး။ ဒီလက်ကောက်ကို ဝယ်ဖို့ ဘယ်လောက်သုံးခဲ့လဲ "

ဝေ့ဖုန်း၏မျက်လုံးများသည် ဉာဏ်ပညာကြောင့် တောက်ပနေကာ အခြားသူများက သူမကို မကြည့်ဝံ့ကြပေ။

" မြင်ပြီးပြီဆိုတော့ ကျွန်တော့်ကို မေးစရာလိုသေးလို့လား "

ယဲ့ဖန်သည် ခါးသီးစွာ ပြုံးလိုက်သည်။

မားရှန်းလန်စိတ်ရှုပ်သွားသည်။

" ပါမောက္ခဝေ့၊ ရှင်ဆိုလိုတာက ဒီလက်စွပ်က ယွမ်တစ်ထောင်ကျော် တန်တယ်ပေါ့ "

ဝေ့ဖုန်းက ကျယ်လောင်စွာ ရယ်လိုက်သည်။

" ဒီလက်ကောက်ကိုထည့်ထားတဲ့တဲ့ဘူးကတောင် ယွမ်တစ်ထောင်ကျော်တန်ဖိုးရှိမှာကို ငါစိုးရိမ်မိတယ်။ ထပ်ပြီး ခန့်မှန်းကြည့်ပါဦး "

မားရှန်းလန် အနည်းငယ်အံ့သြသွားသည်။

လက်ကောက်ကိုထည့်ထားတဲ့တဲ့ဘူးကတောင် ယွမ်တစ်ထောင်ကျော်တန်ဖိုးရှိနေတာလား။

ဘူးလေးက အရမ်းလက်ရာမြောက်တယ်လို့ သူမခံစားရတာ အံ့သြစရာမရှိတော့ချေ။

ရနံ့မွှေးမွှေးလေးလည်း ရှိနေခဲ့သည်။

ဖြစ်နိုင်ပါ့မလား။

" ၁ သောင်းလား "

သူမသည် မဝံ့မရဲဖြင့် နံပါတ်တစ်ခုကို ပြောလိုက်သည်။

" ထပ်ပြီး ခန့်မှန်းကြည့်ပါဦး "

" ၂ သောင်း "

" အဝေးကြီးလိုနေသေးတယ်။ သတ္တိရှိရှိ မှန်းကြည့် "

" ၁ .... ၁ သိန်းလား "

" အို၊ ဒီလောက်ဘဲ သတ္တိရှိတာလား။ ဆက်ပြီး ခန့်မှန်းပါဦး "

" ၂ သိန်းဖြစ်နိုင်မလား "

မားရှန်းလန်သည် တုန်ယင်နေတဲ့အသံဖြင့် နံပါတ်ကို ပြောလိုက်သည်။

သူမ၏ခြေထောက်များသည် အထိန်းအကွပ်မဲ့စွာ တုန်ခါနေပြီဖြစ်သည်။

သို့ပေမဲ့ စျေးနှုန်းက သင့်လျော်နေခဲ့သည်။

ယဲ့ဖန်က သူ့အဘိုးကို ပေးခဲ့တဲ့နာရီက ယွမ် ၂ သိန်းကျော်တန်သည်။

အဲ့တာကြောင့် သူမကိုလည်း ၂ သိန်းတန်တဲ့ လက်ကောက်ကိုပေးခြင်းက မျှတသည်။

ဝေ့ဖုန်းက ခေါင်းယမ်းလိုက်သည် သူမ သည်းမခံနိုင်တော့ပေ။

" ငါသာ မမှားရင် ဒီလက်ကောက်က အနည်းဆုံး ယွမ် ၁ သန်း ....... ယွမ် ၂ သန်းထိတောင်တန်နိုင်တယ် "

သူမစကားကိုကြားပြီးနောက် နေရာရှိလူတိုင်းက ချက်ချင်း တိတ်ဆိတ်ငြိမ်သက်သွားကြသည်။

အားလုံးက မှင်သက်စွာဖြင့် ရပ်နေကြသည်။

ရုပ်ထုတွေလိုပင်။

သူတို့ရဲ့ ဦးနှောက်တွေက အဲ့တန်ဖိုးကို ချက်ချင်းမတွက်ချက်နိုင်ကြချေ။

ဆယ်စက္ကန့်ပြည့်ပြီးနောက်မှ တစ်စုံတစ်ယောက်က ခက်ခက်ခဲခဲဖြင့် စကားပြောလာခဲ့သည်။

" ငါနားကြားတာ မမှားဘူး မဟုတ်လား။ ပါမောက္ခဝေ့က ဒီလက်ကောက်ကို ယွမ် ၁ သန်းကျော်တန်ကြေးရှိတယ်လို့ ပြောလိုက်တယ်မလား။ တကယ်ကြီး ၁သန်းကျော်လား "

“မင်း ကြားတာ မမှားဘူး။ ငါ ကြားလိုက်တာ ၁ သန်းကျော်မကဘူး၊ ၂ သန်းလောက်တောင် ရှိနိုင်တယ်တဲ့ "

" အို ဘုရား၊ ၂ သန်းလား။ ပါမောက္ခဝေ့ပြောတာ မှားတာတော့ မဖြစ်နိုင်ဘူး မဟုတ်လား "

" မဖြစ်နိုင်ဘူး။ ပါမောက္ခဝေ့က တက္ကသိုလ်မှာ ပထဝီမေဂျာပါမောက္ခဖြစ်ပြီးတော့ ဒီလိုကျောက်တွေကို အထူးပြုလေ့လာထားတာ။ သူမက ဘယ်လိုလုပ်မှားနိုင်မှာလဲ "

" ငါ မခံနိုင်တော့ဘူး။ ငါ့နှလုံးသားက မခံနိုင်တော့ဘူး။ နင်တို့ထဲက တစ်ယောက်ယောက်က နှလုံးအသက်ကယ်တဲ့ဆေး ယူလာကြသေးလား "

ဘယ်သူကမှ သည်းမခံနိုင်ခဲ့ကြပေ။

သူတို့က အသီးအရွက်ရောင်းသူများဖြစ်ပြီး နေ့တိုင်း ယွမ် ၁၀ ယွမ် သို့မဟုတ် ယွမ် ၂၀ သာရရှိကြသည်။

၁ သန်း ဆိုတဲ့ ပမာဏသည် သူတို့စိတ်ကူးယဉ်ဖူးတာထက် ကျော်လွန်နေခဲ့သည်။

အထူးသဖြင့် ယဲ့ဖန်က လက်ကောက်တစ်ခုအတွက်ဖြင့် ၁ သန်းကျော် အကုန်အကျခံခဲ့သည်။

ယွမ် ၁ သန်းကျော် တန်တဲ့ လက်ကောက်လား။

အဲ့တာကို သူတို့ တစ်ခါမှ မကြားဖူးပေ။

နှလုံးအားနည်းသူအချို့က ရင်ဘတ်ကိုပင် ဖိထားကြသည်။

မားရှန်းလန်လည်း ပြောမပြတတ်အောင် ထိတ်လန့်သွားသည်။ သူမက သူမခင်ပွန်းကို မျက်လုံးသေကြီးများဖြင့်ကြည့်နေသည်။

" ပါမောက္ခဝေ့က ဘာပြောလိုက်တာလဲ "

ယဲ့ပေါက်ကောလည်း သိပ်မသေချာဖြစ်နေသည်။

" သူမပြောတာ ....... ရှောင်ဖန် မင်းကိုပေးခဲ့တဲ့ လက်ကောက်က ၁ သန်းကျော်တန်တယ်တဲ့ "

" ၁ သန်းက ဘယ်လောက်လဲ "

" ၁ သန်းက ၁ သန်းပေါ့။ မင်းစိတ်လွတ်သွားပြီလား "

" နောက်မှာ သုညဘယ်နှစ်လုံးလောက်ရှိလဲ "

" ခဏ ငါတွက်ကြည့်ပေးမယ်။ တစ်၊ တစ်ဆယ်၊ တစ်ထောင်၊ တစ်သောင်း၊ တစ်သိန်း၊ တစ်သန်း ........ "

"အို ၊ အဘိုးကြီးယဲ့ ........ ကျွန်မ ..... ကျွန်မ နှလုံး နည်းနည်းနေလို့ အဆင်မပြေဘူး။ ကျွန်မ မူးလဲတော့မယ်ထင်တယ် ........ "

" မိန်းမ၊ မင်းအဆင်ပြေရဲ့လား။ ရှန်းလန်၊ ထပါဦး ...... "

All Chapters